"မင်း အချစ်က အလကားပဲ Sehun......"
အဖြူရောင်ဆိုဖာပေါ်တွင် အိပ်ပျော်နေသော Sehun အလန့်တကြား ထထိုင်လိုက်ကာ နံရံထက်က ဓာတ်ပုံများကို ကြည့်လိုက်မိသည်။
အခုချိန်ထိ သူ့အား ရိုက်ခတ်နေဆဲ စကားလုံးတွေ.......။
Sehun ခပ်ဟဟရယ်ရင်း ပြင်းထန်နေသော အသက်ရှူသံကို ပြန်ထိန်းလိုက်သည်။
ဘေးက ဖုန်းကို ဖွင့်ကြည့်သော ည ရှစ်နာရီ ရှိပြီဖြစ်ကြောင်းနှင့် missed callများစွာ......။
"Hello..... မေမေ....."
"Sehun-ah! ဘာလို့ဖုန်းမကိုင်တာလဲ...သားရယ်..... အများကြီးပဲ ခေါ်ထားတာကို....."
"ကျွန်တော် အိပ်ပျော်သွားလို့ မေမေ..... ပြောစရာရှိလို့လား......"
အမေဖြစ်သူမှာ သက်ပြင်းသာချရင်း
"အိမ်ကို လာပါဦး သားရယ်....... သားကို မတွေ့ရတာ ကြာလှပြီ...... မင်းဖေဖေလည်း မင်းကို တွေ့ချင်နေရှာတာ........"
"ဟုတ်....... အချိန်ရရင် လာခဲ့ပါ့မယ်"
ဖုန်းချရင်း နံရံပေါ်က ဓာတ်ပုံများထံသို့ အကြည့်ပြန်ရောက်သွားခဲ့ပြန်သည်။
အခန်းထဲတွင် မီးမဖွင့်ထားသော်လည်း ချိတ်ဆွဲထားသော မီးကြိုးလေးများမှ အလင်းရောင်
ကြောင့် ဓာတ်ပုံများမှ တစ်ယောက်ထဲသောသူအား တောက်ပစွာ မြင်နေရဆဲဖြစ်သည်။••••••••••••••••••••••••••••••••••••••••••••••••••
Jonginအား ရိုက်ပေးသော ဓာတ်ပုံများမှာ charity တစ်ခုအတွက်ဖြစ်သည်မို့ စီစဉ်သူ သူဌေးက Sehunကိုပါ ညစာစားပွဲသို့ ဖိတ်ကြားခဲ့ကာ ဒီနေရာတွင် သူရောက်ရှိနေခြင်းဖြစ်သည်။
ကင်မရာမီးရောင်များအောက်တွင် တောက်ပနေသည့် သူ့အား Sehun တစ်ခဏလောက် မမှိတ်မသုန် လိုက်ကြည့်နေမိသည်။
ထို့နောက် သူ့မျက်လုံးများကို နေရာရွှေ့ကာ ထိုနေရာမှ ထွက်လာခဲ့ပြီး လူရှင်းနည်းနည်းရှင်းသောနေရာတွင် ထိုင်နေခဲ့လိုက်သည်။
YOU ARE READING
The Spell Of Black Swan
Fanfictionကိုယ့်အခန်းနံရံမှာ မင်းရယ်သံတွေ ပဲ့တင်နေဆဲ ကိုယ့်အိပ်မက်ထဲမှာ မင်းမျက်ဝန်းတွေ စိုးမိုးနေဆဲ ကိုယ့်အာရုံမှာ မင်းအရိပ်တွေ စွဲထင်နေဆဲ #Kaihun #Sekai #OhSehun #KimJongin