လူတစ်ယောက်ကို မေ့ရန်မှာ လွယ်ကူသော အရာတစ်ခု မဟုတ်ပေ.....။
ကိုယ်ဘေးမှာ ရှိတဲ့အရာ.... ကိုယ်လုပ်နေတဲ့ အလုပ်.... အားလုံးက ကိုယ် မေ့ဖို့ ကြိုးစားနေသူကို သတိရစေသည့်အခါ ပိုပြီးပင်ပန်းလှသည်။
နှိုးဆက်မြည်တိုင်း မနက်တိုင်း အချိန်မှန်မှန် ဖုန်းဆက်တတ်သော သူ့ကို သတိရသည်။
အကခန်းမရဲ့ မှန်ရှေ့မှာရပ်လိုက်တိုင်း ကျောင်းလစ်ကာ အကလေ့ကျင့်တာကို လာကြည့်တတ်သော သူ့ကို သတိရသည်။
ပျော်နေကြတဲ့ အတွဲလေးတွေတွေ့တိုင်း ချစ်ခဲ့ဖူးသော သူ့ကို သတိရသည်။
သတိရတိုင်း ရင်နာရသည်။
ရင်နာရတိုင်း သူ့ကို ပိုမုန်းခဲ့သည်။
"Jongin......"
မန်နေဂျာ ဖြစ်သူရဲ့ ခေါ်သံကြောင့် လေဆိပ်ရဲ့ မှန်ပြတင်းတွေကတဆင့် အပြင်ကို ငေးနေရာက လှည့်ကြည့်လိုက်သည်။
"လေယာဉ်က နောက်ဆယ်မိနစ်ဆို ထွက်တော့မှာ..... သွားကြစို့....."
ခေါင်းငြိမ့်ရင်း မန်နေဂျာ ဦးဆောင်ရာနောက်ကို လိုက်ရင်း စောစောက အတွေးကို ဆက်လိုက်မိသည်။
ဘာဖြစ်ဖြစ်ပေါ့.....သုံးနှစ်ဆိုသော အချိန်ကာလက သူ့ကို အများကြီးသင်ကြားပေးခဲ့သည်။
သုံးနှစ်ဆိုတဲ့ ကာလအတွင်း Jongin ဖြစ်ချင်သော ballet dancerတစ်ယောက် ဖြစ်အောင်
ကြိုးစားနိုင်ခဲ့သည်။ Korea National Ballet Company မှ တက်သစ်စ dancerတစ်ယောက်အဖြစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် အနိုင်ရကာ နာမည်ရလာခဲ့သည်။
ထို့အတူ တကယ်မမေ့ပဲနဲ့လဲ မေ့ချင်ယောင်ဆောင်တတ်ခဲ့အောင် ထိုသုံးနှစ်ဆိုသော အချိန်ကပင် သင်ပေးသွားခဲ့ခြင်းဖြစ်သည်။
နှလုံးသားထဲက ဒဏ်ရာတစ်ခုကတော့ အနာမကျက်သေးခဲ့ပေ။
........................................................................
အချစ်မြို့လို့ တင်စားကြသော Parisမြို့ကြီးသည် တကယ်ကို ချစ်သူစုံတွဲများက လက်ညှိုးထိုးမလွဲပင်......။
Parisကို Workshopတစ်ခုအတွက်
ရောက်နေခြင်းဖြစ်သော်လည်း workshopမှာ မနေ့က ပြီးသွားပြီမို့ ဒီနေ့ တစ်ယောက်တည်း လမ်းလျှောက်ကာ လျှောက်သွားနေခြင်း ဖြစ်သည်။
ဖွဲဖွဲကျလာသော မိုးကြောင့် Jongin လက်ထဲကိုင်လာသည့် ထီးအနက်ကလေး ဆောင်းကာ TROCADÉRO ရင်ပြင်ရှိရာကို ဆက်လျှောက်ခဲ့လိုက်သည်။
မိုးရွာနေပေမဲ့လည်း ရင်ပြင်မှာတော့ လူတွေက ရှိနေဆဲပင် ဖြစ်သည်။ ညနေစောင်းကာ အတော်မှောင်နေပြီမို့ မီးရောင်တို့နှင့် လှပနေသည့် Eiffle Towerကြီးကို လှမ်းမြင်နေရသည်။
ဒီအချိန် ချစ်သူသာ ရှိခဲ့ဆိုသည့်အတွေးတို့ ပိုဆိုးမလာခင် နေရာကလှည့်ထွက်ဖို့ ပြင်လိုက်သည်။
သို့သော် သူ့အနောက်ဘက် ခြေလှမ်းငါးလှမ်းလောက် အကွာတွင် ရပ်နေသည့် ထီးတစ်လက်နဲ့ လူတစ်ယောက်ကြောင့် Jonginခြေလှမ်းများ တုံ့သွားခဲ့သည်။
ဘာကြောင့်များလဲ........။
........................................................................
အရာအားလုံးကို မေ့သွားခဲ့ရင်တောင် Sehun ဘယ်တော့မှ မေ့မည်မဟုတ်တဲ့ ကျောပြင်လေး။
သူ့ကို ကျောပေးကာ ရပ်နေသည့် အနက်ရောင် ထီးအောက်က ကျောပြင်ကလေးကြောင့် သူ နေရာမှာပင် အေးခဲကာ ရပ်နေခဲ့မိသည်။
မကြာပါဘူး နောက်ကိုလှည့်လာတဲ့ သူလေး Sehunကို မြင်တော့ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။
Sehunကို မြင်လိုက်ရလို့ ရုတ်တရက် အံ့ဩသွားသော သူ့မျက်ဝန်းများက တဖြည်းဖြည်း အေးစက်လာခဲ့သည်။ ထိုအေးစက်စက်မျက်ဝန်းများကို Sehun ရင်မဆိုင်ရဲစွာပင် အကြည့်တို့
အောက်ချလိုက်ကာ စုံချရပ်နေသည့် ခြေတစ်စုံကိုသာ ငေးကြည့်နေခဲ့မိသည်။
သူ ဘယ်လောက်ကြာကြာ ငေးကြည့်နေခဲ့မိမှန်းမသိ......။
သူ့မျက်စိရှေ့က အနက်ရောင်သားရေဖိနပ်လေးနဲ့ ခြေတစ်စုံ သူ့ဘေးက ဖြတ်လျှောက်သွားတော့မှ အသားကျသလိုရှိနေသည့် ရင်ထဲက
ကွက်လပ်ကလေးက ပိုပြီးလစ်ဟာသွားခဲ့သည်။
တဖြည်းဖြည်း ဝေးသွားတော့မည့် သူ့ နောက်ကနေပြေးလိုက်ပြီး ဖမ်းဆုပ်ထားချင်စိတ်တို့ကို အံကြိတ်က သိမ်းထားခဲ့လိုက်သည်။
Sehunက သူ့အတွက်တော့ အပြစ်ရှိသူတစ်ယောက်ပါပဲ......။
...........................................................
ထပ်ပြီးမထားခဲ့ပါနဲ့လို့ .....
မင်းလက်တို့ကို ဖမ်းဆုပ်လိုက်ဖို့.....
ကိုယ့်မှာ သတ္တိမရှိခဲ့ဘူး အချစ်ရေ......။
...........................................................
A/n-😁😁😁မေ့နေကြပြီထင်တယ်😄 ဒီအပိုင်းလေးက နောက်အပိုင်းတွေအတွက် အဖြည့်သဘောမျိုးလေးပါပဲ.....😁 အရှေ့က အပိုင်းနှစ်ပိုင်းကို သေချာဖတ်မိရင် Sehunဆီမှာ လျှို့ဝှက်ထားတာတစ်ခုခုရှိတယ်ဆိုတာ သတိထားမိမှာပါ...😄 ဘာလဲဆိုတာတော့....
ခန့်မှန်းမိတဲ့သူလည်း ရှိကောင်းရှိမှာပါ😁
အခုတော့ See you in next chapter ပေါ့😄 thank you and love you all❤❤❤