"ရူးတော့မှာပဲ"
Jiminတစ်ယောက်တည်းအော်ဟစ်လိုက်ပြီး အိပ်ရာကနေလူးလဲထလိုက်သည်။
"ရူးနေလား ရူးနေလား ဘာကိစ္စတကယ်မဟုတ်ဘဲ Dating Confirmကြတာလဲ"
တစ်ယောက်တည်းကုတင်ပေါ်မှာ ငုတ်တုတ်ကြီးစကားပြောနေသောသူ့အား တခြားလူသာမြင်ရင် ခေါင်းထိသွားပြီလို့ထင်မှာမလွဲပေ။
"ဟီးဟီးဟီး..."
ဟော ကြည့် အခုရယ်ပြန်ပြီ။ ရူးများနေပြီလားPark Jiminရေ။
"ဒါဖြင့် ငါထင်ထားသလို သူတို့ကတကယ်အတွဲမဟုတ်ဘူးပေါ့ ဟူး တော်ပါသေးရဲ့..."
ရင်ဘတ်ကိုဖိကာ ကိုယ်တစ်ပိုင်းဖုံးနေသောစောင်ကိုပါဆွဲယူလိုက်ပြီး အိပ်ရာပေါ်ဘုန်းခနဲ ပြန်လှဲချလိုက်သည်။
"ထွက်သွားစမ်း ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကိုလိမ်တာပဲသေတောင်ပြန်မချစ်ဘူး Jeon Jungkook"
စောင်ခေါင်းမြီးခြုံကာ ဟိုကန်ဒီကန်နဲ့လူးလိမ့်နေသောကောင်လေးရဲ့ပုံစံကိုသာမြင်ခဲ့ရင် Jeon Jungkookဘယ်လိုနေမလဲသိချင်မိပါသည်။
......
"ဟင် Joon?"
ထောင့်ကွယ်ကလူရိပ်ကြောင့် Siဘေးကပ်လိုက်သည်။တပ်ထားတဲ့မျက်မှန်ကိုချွတ်ကာ Joonတကယ်ဟုတ်မဟုတ် ပြန်ကြည့်လိုက်သည်။
"ဟုတ်တယ် NamJoonပဲ ဒါနဲ့သူနဲ့စကားပြောနေတဲ့လူကရောဘယ်သူလဲ"
တစ်ယောက်တည်းရေရွတ်လိုက်ပြီး စဉ်းစားနေမိသည်။ ဒီကိုယ်လုံးကိုယ်ပေါက်မျိုးကို တနေရာရာမှာတွေ့ဖူးနေသလိုပဲ။
မိန်းကလေးလား? သို့ပေမဲ့ဆံပင်ရှည်ပုံလည်းမရပါ။ ဆံပင်အတိုနဲ့ဆိုတော့ ယောကျာ်းလေးများလား။ ခက်တာက မျက်နှာကိုမမြင်ရ။
အဲ..သွားပြီ Joonကသူ့ကိုမြင်သွားသည်။ စကားရပ်ပြောနေတဲ့တစ်ယောက်ကို ဘာပြောလိုက်လဲမသိပါ။ချက်ချင်းထွက်သွားသည်။
"Si ဘာလုပ်နေတာလဲ"
"ဒီတိုင်း....ဒါနဲ့စောစောကလူကဘယ်သူလဲ"
"အာ အသိတစ်ယောက်ပါ သူကအလုပ်လာလျှောက်ရင်းနဲ့တွေ့တာ..."
"အော် အင်းပါ သူကဘာလာလျှောက်တာလဲ?"
"BitHitမှာလွတ်တဲ့နေရာလေးတစ်နေရာလောက် ရမလားဆိုပြီး လာမေးတာပါ"
"BitHit? ဒါပေမဲ့ သူအခုရောက်နေတာ Segullလေ"
Namjoonပြန်မဖြေပါ။ Siပိုလို့ပင်သံသယတွေဝင်လာသည်။
"ဒီ...ဒီလက်ကောက်လေးကရော?ဒါမောင်လေးရဲ့ပစ္စည်းမလား!"
Siမယုံကြည်နိုင်စွာနဲ့ Namjoonလက်ထဲကလက်ကောက်လေးကိုယူလိုက်သည်။
"Joonဘာတွေလုပ်နေတာလဲ!"
"မဟုတ်ဘူးSi ဒါလေးက ဂျပန်မှာ Jungkook ဖြစ်တုန်းက ကိုယ်သိမ်းထားခဲ့တာ အဲ့ဒါလေးကျကျန်ခဲ့လို့စောစောကကောင်လေးက ပြန်လိုက်ပေးတာ ပြီးမှ သူကအလုပ်လာရှာကြောင်းပြောဖြစ်တာ"
NamJoonရှင်းပြသမျှကို Siဘာမှပြန်မပြောတော့ဘဲ လှည့်ထွက်ခဲ့လိုက်သည်။
ဟင့်အင်း ဒီချိန်မှာ ဘယ်သူ့ကိုမှယုံကြည်လို့မရဘူး။ပြောလို့ရမလား...သူလည်း တခုခုကြံစည်နေတာမဖြစ်နိုင်ပါဘူးလို့။
ဘယ်သူ့မှမယုံဘူး ကိုယ့်ကိုကိုယ်ကလွဲရင်မောင်လေးအတွက်ဘယ့်သူကိုမှမယုံနိုင်ဘူး ။
ဒါပေမဲ့...Joonက ဒီကိစ္စကိုမသိခဲ့ဘူးမလား?ဟုတ်ပါရဲ့။ ဒါတွေကိုသူမသိခဲ့ဘူးလေ။
အို မှားကုန်ပြီ သံသယတွေပြည့်နေတာနဲ့ Joonကိုတောင်ယုံကြည်မှုပျက်ပြားကုန်ပါလား။ တောင်ခနဲဝင်လာခဲ့ မက်ဆေ့ချ်တစ်စောင်ကြောင့် Siချက်ချင်းဖွင့်ကြည့်လိုက်သည်။
"နောက်ဆုံးတော့ Jeon Jungkookရဲ့အလှည့်ရောက်လာပြီ...စောင့်နေနော် အကုန်လုံးဆီလာခဲ့မှာမို့"
"ရူးနေလား ဘာတွေလာပြောနေတာလဲ!"
ကယောင်ကတန်းရေရွတ်လိုက်ပြီး ဖုန်းကိုဆိုဖာပေါ်လွှတ်ချလိုက်ပါတော့သည်။
"ဘွားလေး!"
"အလို အလန့်တကြားနဲ့ ဒီထိဘာလာလုပ်တာလဲ?"
"ဘွားလေး သမီးဘယ်လိုလုပ်သင့်လဲဟင်"
ပြောကာ ချုံးပွဲချငိုချလိုက်သော Jeon HoonSiကြောင့် ဘွားလေးဖြစ်သူအံ့ဩသွားရသည်။
"ဘာဖြစ်လာတာလဲပြောစမ်း မင်းတို့မောင်နှမနှစ်ယောက်ဟာလေ တစ်ယောက်တမျိုးမရိုးနိုင်အောင်လုပ်တတ်တယ် ကဲ အခုဘာဖြစ်လာတာလဲပြော"
"ဘယ်လိုလုပ်မလဲဟင် သူ သးမောင်လေးကိုဒုက္ခပေးတော့မယ်"
ဘွားလေးဖြစ်သူ နားထင်ကိုလက်နဲထောက်လိုက်ပြီး
"နေ နေစမ်းပါဦး ဘယ်သူလဲ ညည်းဘယ်သူ့ကိုပြောနေတာလဲ"
"သူ သူလေ Siကြောက်တယ် ဘွားလေး သူမောင်လေးကိုဒုက္ခပေးတော့မှာ ဟုတ်တယ်"
"တိတ်စမ်း Jeon HoonSi ငါရှိနေသရွေ့ ငါ့မြေးဘာမှမဖြစ်ရဘူး အခုပဲ Seoulမှာ လိုက်နေမယ် ညည်းသာဟန်မပျက်စေနဲ့"
ဘွားလေးရဲ့ပြတ်သားတဲ့စကားအဆုံးမှာ HoonSi ဘာမှထပ်မပြောတော့ချေ။
.....
"အော် တွေ့ပြန်ပြီနော်"
သိသားပဲ။တွေ့တယ်လေ တမင်ကိုမမြင်ချင်ယောင်ဆောင်ထားတာ။
"အော် Jeon JungKookပဲ တွေ့ရတာ ဝမ်းသာပါတယ် Shimoရောမပါဘူးလားဗျ"
သူ့စကားကြောင့် Jungkookမျက်နှာကွက်ခနဲပျက်သွားသည်။
"သူကဘာလို့ပါရမှာလဲ"
"ဗျာ ဟို ဒီနေရာက သမီးရည်းစားတွေလာတဲ့နေရာလေ"
"တစ်ယောက်တည်းလည်း လာလို့ရတာပဲ"
"ဟုတ်ပါတယ်"
Jiminမသိချင်ယောင်ဆောင်လိုက်ပြီးခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ ပြီးနောက် တစ်ယောက်တည်း အမှတ်တရပစ္စည်းတွေရှိတဲ့ဘက်ကို ထွက်လာခဲ့သည်။
အနောက်ကိုမသိမသာအကဲခတ်လိုက်တော့မျှော်လင့်ထားသလို Jungkookကပါလာခြင်းမရှိချေ။
"အေးလေ ငါကဘာကိုမျှော်လင့်နေတာလဲ"
တစ်ယောက်တည်းရေရွတ်လိုက်ပြီး Taehyungလှမ်းမှာတဲ့ ပစ္စည်းလေးကိုရှာနေလိုက်သည်။
"ဒါလား?မဟုတ်သေးပါဘူး ဘယ်မှာပါလိမ့်"
စင်ပေါ်မှာတင်ထားတဲ့ အရုပ်လေးတစ်ခုကိုခြေထောက်ထောက်ကာ လှမ်းယူလိုက်တော့ တစ်ဖက်ခြမ်းမှာရှိနေတဲ့လူရဲ့မျက်နှာက ဘွားခနဲပေါ်လာသည်။
"အွန့်"
JeonJungKook ဒါဖြင့်သူက အလယ်က ပစ္စည်းတွေတင်တဲ့စင်တစ်လျှောက်ဘေးက ပါလာတာလား?
Jiminခြေဖျားထောက်လျက် ကြောင်ကြည့်နေတာကို မမြင်ဟန်ပြုကာ ပစ္စည်းတွေကိုသာ ကြည့်နေသောပုံစံက မသိရင်ကလေးတစ်ယောက်လို။
Jiminလည်း လက်ထဲက ပစ္စည်းကိုပြန်ချလိုက်ပြီးနောက်ကိုပြန်လှည့်လာခဲ့သည်။
တကယ်ကိုချစ်စရာလေး။ ထိုကောင်လေးပြောတဲ့စကားမှန်သမျှကိုလည်း အလယ်စင်ခြားပြီး အကုန်ကြားနေရသည်။
မျက်နှာလေးပေါ်လာတော့လည်း ရင်ခုန်လွန်းလို့ မသိချင်ယောင်ဆောင်ခဲ့ရတာ။ အလိုမကျဟန် မျက်ခုံးတွန့်သွားတာလေးလည်းချစ်တယ်။
ဘယ်ပျောက်သွားမှန်းမသိလိုက်၍ဝေ့ဝဲရှာလိုက်တော့ မတွေ့တော့။ ပြန်များသွားပြီလား?
"အင်း Taehyung ငါမတွေ့ဘူး"
ဟော အသံလေးကြားလိုက်ရပြီ။ သေချာတယ်အဲ့လှုပ်စိလှုပ်စိနဲ့ချောင်ကြားကကောင်လေးပဲ။
"အေး အာ့ဆို ငါမဝယ်ခဲ့တော့ဘူးနော်"
Jungkookရပ်ပြီးနားထောင်နေလိုက်သည်။ အော်သူက ဟိုတစ်ယောက်နဲ့ဖုန်းပြောနေတာပဲ။
"အင်းပါ စိတ်အရမ်းမပူပါနဲ့ကွာ ငါကလေးမဟုတ်ပါဘူး လူကြားရင်ရယ်စရာဖြစ်နေဦးမယ်"
မရယ်ရပါဘူး....နည်းနည်းသဝန်တိုရုံလေးပါ။
"အင်း ပြန်တော့မယ် ဒါပဲ "
အကွယ်မှာမသိမသာရပ်လိုက်ပြီး ဆက်စောင့်ကြည့်နေလိုက်တော့ Jiminက တကယ်ပဲ ဆိုင်ထဲကထွက်သွားပါတော့သည်။
ထို့နောက်တွင်တော့Jiminကိုသူမျက်ခြေပြတ်သွားခဲ့သည်။ ရှိစေတော့ ဒီနေ့တော့ဒီလောက်ပဲပေါ့ တကယ်ပဲကောင်လေးက သူနဲ့Shimoကို သမီးရည်းစားတွေလို့တွေးနေလေသလား?
ရှိစေတော့ ရှိစေတော့။
Jungkookလည်း ကိစ္စတစ်ခုချိန်းထားတာရှိ၍ ထိုနေရာမှထွက်ခဲ့လိုက်တော့သည်။ ဘာလိုလိုနဲ့ ညနေတောင်စောင်းနေပြီပဲ
"ဝါး မိုက်လိုက်တာ သွားချင်လိုက်တာ"
Clubတဲ့မဖြစ်သေးပါဘူး တစ်ယောက်တည်းရယ် ပြီးတော့ သူကသာမန်လူလည်းမဟုတ်ဘူး။ဒါပေမဲ့ ဒီလိုclubမျိုးက တကယ့်လူတွေချည်းတက်ရောက်ကြတာချည်းလို့ Taehyungပြောပြလို့ကြားခဲ့ဖူးသည်။
တကယ်ဆို Taehyungကအတူသွားမယ်လို့ပြောထားတာကိ။ ခုတော့ သူကပြန်သွားတော့ တစ်ယောက်တည်းဝင်ရမလား မဟင်ရဘူးလားတွေးလို့မရ။
ဝင်ချင်တာကလည်း တပိုင်းကိုသေနေလေပြီ။ နောက်ဆုံး အတွေ့အကြုံပဲဆိုကာ Clubထဲကိုဝင်ခဲ့တော့သည်။ Securityအပြည့်နဲ့ အမိုက်စားclubမျိုးထဲတစ်ယောက်တည်းသွားရသော်လည်း စိတ်ထဲလုံခြုံမှုရှိနေသည်။
တမင်ကိုလွတ်လပ်ချင်လို့ တစ်ယောက်တည်းထွက်ခဲ့တာလည်း မဆိုးပါဘူးလို့တွေးမိလာသယောင်။
ဘုရား ဘုရား အရမ်းကိုလှပလွန်းနေသော ခန်းမကြီးထဲမှာ လူတွေကရောင်စုံကွန့်မြူးနေသည်။ လူသတိမထားမိစေရန် ခေါင်းဆောင်းကိုဆောင်းလိုက်ပြီး လူကြားထဲတိုးဝှေ့လာခဲ့လိုက်သည်။
အလန်းစား Beatတွေကြောင့် လူတစ်ကိုယ်လုံးသွေးတွေပင်ကြွလာသလို။ ဖန်ခွက်လှလှလေးတွေထဲမှာ မီးရောင်ကြောင့်အရောင်စုံဖြစ်နေတဲ့ ဝိုင်တွေကိုမြင်တော့ မနေနိုင်မထိုင်နိုင်ယူသောက်လိုက်သည်။
"အီး.....ကောင်းလိုက်တာ"
လူကိုအငြိမ်မနေချင်လောက်အောင် မြူးကြွစေတဲ့ beatတွေကြားမှာ Jiminတစ်ယောက်တွန့်လိမ်နေအောင်ကနေလိုက်သည်။
မောလာတာနဲ့ ကတာကိုရပ်လိုက်ပြီးတော့ ဝိုင်လေးမော့လိုက်နဲ့ Park Jiminတစ်ယောက် တော်တော်လေးကိုအရှိန်တော်တော်လေးကောင်းနေလေသည်။
"ဟေး.ဟူး...ဟိုး..."
တစ်ယောက်တည်းထကြွသောင်းကျန်းနေလိုက်ပုံများ သူများထက်ပင်ပိုနေသည်။ လူတွေကလည်း ခန်းမနဲ့အပြည့်လူးလွန့်နေကြသည်မှာ ကာလာစုံ။
ပေါက်တတ်ကရတွေဆိုတာ လူတွေအလယ်မှာ ကွေးနေအောင်ကနေတဲ့ကောင်လေးကို Jungkook အကြောင်သားကြည့်နေမိသည်။
ပုံစံကလည်းခွေခေါက်ပြီးယိုင်ကျတော့မဲ့ဒီဇိုင်းနဲ့။ ဒင်းလေးက ဒီကိုဘာလာလုပ်တာလဲ။ ထင်တဲ့အတိုင်းပဲပျောက်သွားလို့ ခန့်မှန်းပြီးလိုက်လာတာ တန်းတိုးတော့တာပဲ။
ကြည့်ပါဦး ကြည့်ပါဦး ဘာတွေအော်ပြီး ဘာတွေသဘောကျနေလဲမသိ။
Jiminရဲ့ အူကြောင်ကြားပုံစံကြောင့် Jungkook ဟက်ခနဲ တစ်ချက်ရယ်သွမ်းသွေးလိုက်သည်။ ပြီးနောက် ခေါင်းကိုဖြေးဖြေးချင်းခါယမ်းလိုက်ပြီး Barမှာ ဝိုင်တစ်ခွက်ယူသောက်လိုက်ပြီး ထိုကောင်လေးကို စောင့်ကြည့်နေလိုက်သည်။
ကိုယ်တော်ချောက အခုထိကလို့ ဆိုလို့ကောင်းတုန်းရှိသေးသည်။ Jungkookလည်း Jiminကိုစောင့်ကြည့်နေရင်း အတူကနေသူတစ်ယောက်က Jiminဘေးကပ်သွားတာကိုမြင်လိုက်သည်။
ဟိုငနဲကတော့ ဘာမှမသိ။မူးလို့ရူးလို့ကောင်းနေတုန်း။
ကျစ် အဲ့ဒါတွေကြောင့်မင်းကိုငါစိတ်မချတာ Park Jimin!
အနားကို လူတစ်ယောက်တိုးကပ်လာတာကိုသိလိုက်ပေမဲ့ လူကဝိုင်အရှိန်ကြောင့် သိပ်မဟန်လှ။ တွန်းထိုးပြီးထွက်ဖို့ပြင်လိုက်ပေမဲ့ လူတွေကပိုကြပ်ညှပ်လာသလို။ ခါးကနေ ဆွဲဖက်ကာ ရင်ချင်းကပ်လိုက်တဲ့လူကြောင့်အမူးပင်ပြေသွားသယောင်။
လန့်ဖျတ်ကာမော့ကြည့်လိုက်တော့ မီးရောင်အောက်မှာ အနီးကပ်မြင်တွေ့လိုက်ရတဲ့ Jungkookကြောင့်နဂိုခပ်မှေးမှေးမျက်လုံးတို့တောင် ပြူးကျယ်သွားသလိုပင်။
"အင့်.."
ခပ်ငြီးငြီးအသံကလွဲပြီး ဘာမှထွက်ကျမလာတော့။ Jungkookသည်သူ၏ခါးကို သန်မာသောလက်တစ်ဖက်နှင့်အတင်းဖက်လိုက်၍ ရင်ဘတ်ချင်းထိကပ်ကာ Jiminခမျာ ခါးလေးပင်ကော့သွားသယောင်။
"ဘာလုပ်တာလဲ Jeon Jungkook!"
အသိပြန်ဝင်ကာ ရုန်းတော့ Jungkookကလွတ်မပေး။
"ငြိမ်ငြိမ်နေ"
Jungkookရဲ့အမိန့်အောက်မှာ Jiminဘာစကားတစ်ခွန်းမှထပ်ထွက်မလာ။ Jungkookရဲ့လက်တစ်ဖက်သည်Jiminခါးကိုဖက်ထားကာ တစ်ဖက်က လူတွေကိုဖြေးဖြေးချင်းတွန်းကာ အပြင်ထွက်နေသည်။Jiminမှာတော့ ကန့်လန့်ကန့်လန့်နဲ့ ပါလာရသည်။
"ဖယ်ပေး!"
"အာ sorry မင်းမူးနေတယ်ထင်တယ်"
Jungkookမေးလိုက်တော့ Jiminဘာမှပြန်မဖြေ။ခပ်ယိုင်ယိုင်နဲ့ အပြင်ကိုထွက်လာလိုက်သည်။
"နေလည်းမရှိတော့ဘူး"
မူးမူးရူးရူးနဲ့ဘာတွေပြောနေတာလဲ Jiminရယ် ညတောင်အတော်နက်နေတာတောင် မသိတော့ပါလား။နောက်ပြီး သူ့ကိုတောင် နှုတ်ခမ်းဆူကာမိုက်ကြည့်ကြည့်နေသေးသည်။
"Jeon Jungkookကဘာလာလုပ်တာလဲ ကျနော့်ကိုရော ဘာလို့ခေါ်ထုတ်လာတာလဲ"
မေးခွန်းတွေနဲ့ Jiminစကားစလာတော့ Jungkookအဖြေကအဆင်သင့်ရှိမနေ။
"မဖြေဘူးလား မဖြေလည်းနေ သွားပြီ"
တစ်ယောက်တည်းငိုက်စိုက်စိုက်နဲ့ ထွက်သွားသော Jiminကိုကြည့်ပြီး Jungkookဘာမှမပြောနိုင်။ တော်ပါသေးရဲ့ လုံခြုံမှုရှိတဲ့နေရာမို့ပေပဲ နို့မို့ဆို သူတို့လို နာမည်ကြီးတွေအတွက် ပြဿနာရှိနိုင်သည်။
"Park Jimin နေဦး..."
Jungkookလှမ်းခေါ်လိုက်သော်လည်း Jiminကမကြား။ ရှေ့ကိုသာဆက်သွားနေသည်။ တဖြည်းဖြည်းနဲ့ အဆောက်အဦးထဲက အလှပန်းခြံနားရောက်လာသည်။
"ဟေ့ နေဦးလို့"
Jungkookအပြေးသွားကာ လှမ်းဆွဲလိုက်တော့ Jiminပါလာသည်။
"ဘာလဲ အိမ်ပြန်မလို့လား ကိုယ့်ဘာကိုယ်မပြန်တတ်ဘူးလား? လိုက်မပို့ဘူးနော်"
တကယ်ပဲ မူးနေတာလား?ဘာတွေပြောနေမှန်းလည်း Jungkookမသိ။
"မဟုတ်ဘူး ငါမင်းကိုပြန်လိုက်ပို့ပေးမလို့!"
"အာ မလိုပါဘူး ကျွန်တော်ပြန်တတ်ပါတယ် ကောင်မလေးရော မပါလာဘူးလား"
"ကျစ် Shimoနဲ့ ငါနဲ့က ဘာဆိုင်လို့လဲ"
"ဟင်"
Jiminမော့ကြည့်လာမှJungkookလည်းစကားမှားသွားမှန်းသိလိုက်သည်။
"ဟို မဟုတ်..."
"ဘာကိုလဲ"
Jiminမသိချင်ယောင်ဆောင်ကာ ဆက်မေးလိုက်သည်။ ဖြေလိုက်စမ်းပါ Jeon Jungkookရယ်။
"ကိုယ်နဲ့Shimoက တကယ်တွဲနေတာမဟုတ်ဘူး"
"အော် အင်းအင်း ဖြစ်တတ်ပါတယ်Taehyung ဖုန်းခေါ်ထားလားမသိဘူး ခဏလေးနော်"
ကျစ် ကြည့်ဦး လူကိုစိတ်တိုအောင် တမင်ဆွနေတာလားပဲ။ တကယ်ဆို သူနဲ့Shimoတွဲနေတာမဟုတ်မှန်းသိရင်အံ့သြသွားရမှာမဟုတ်ဘူးလား?
အခုတော့ ဘာမှမဖြစ်သလိုနဲ့ Taehyungဆီဖုန်းတောင်ဆက်လိုက်သေးသည်။
"ဟင် ဘာလုပ်"
လက်ထဲက ဖုန်းကိုဆွဲလုခံလိုက်ရကာ ကိုယ်ကိုဆွဲဖက်လိုက်တာကြောင့် Jiminမျက်လုံးပြူးသွားရသည်။
"အို.."
ဘုရားရေ Jungkookက အခု သူ့ကိုနမ်းတာလား?
တကယ်ပဲလား! Jiminရုန်းဖို့ကြိုးစားသည်။ သို့သော်အချည်းနှီးသာဖြစ်နေသည်။Jungkookသည်သန်မာသောလက်များနဲ့ သူ့ကိုယ်လေးကိုဆွဲချုပ်ကာ အနမ်းတွေသာပေးနေမြဲ။
ထိုချိန် ပန်းခြံလေးထဲတွင် အမည်မသိပန်းမျိုးစိတ်လေးတွေ ဖူးပွင့်လာသလိုပင်။
"ငါမင်းကိုချစ်တယ် Park Jimin"
Jungkookရဲ့စကားအဆုံးမှာ Jiminမျက်လုံးမှေးမှေးလေးတွေ ဝိုင်းစက်သွားရလေသည်။ ထို့နောက် ပူနွေးသော နှုတ်ခမ်းတစ်စုံသည် သူ့နှုတ်ခမ်းပေါ်သို့ ထပ်မံကျရောက်ခဲ့လေတော့သည်။
ထောင့်ကွယ်မှ လူတစ်ဦး၏ ကင်မရာတစ်လုံးကိုသာ တားဆီးနိုင်ခဲ့မယ်ဆိုလျှင်။
.......
Thanks for reading and voting.
Zawgyi Version
"ရူးေတာ့မွာပဲ"
Jiminတစ္ေယာက္တည္းေအာ္ဟစ္လိုက္ၿပီး အိပ္ရာကေနလူးလဲထလိုက္သည္။
"ရူးေနလား ရူးေနလား ဘာကိစၥတကယ္မဟုတ္ဘဲ Dating Confirmၾကတာလဲ"
တစ္ေယာက္တည္းကုတင္ေပၚမွာ ငုတ္တုတ္ႀကီးစကားေျပာေနေသာသူ႔အား တျခားလူသာျမင္ရင္ ေခါင္းထိသြားၿပီလို႔ထင္မွာမလြဲေပ။
"ဟီးဟီးဟီး..."
ေဟာ ၾကၫ့္ အခုရယ္ျပန္ၿပီ။ ရူးမ်ားေနၿပီလားPark Jiminေရ။
"ဒါျဖင့္ ငါထင္ထားသလို သူတို႔ကတကယ္အတြဲမဟုတ္ဘူးေပါ့ ဟူးေတာ္ပါေသးရဲ့..."
ရင္ဘတ္ကိုဖိကာ ကိုယ္တစ္ပိုင္းဖံုးေနေသာေစာင္ကိုပါဆြဲယူလိုက္ၿပီး အိပ္ရာေပၚဘုန္းခနဲ ျပန္လွဲခ်လိုက္သည္။
"ထြက္သြားစမ္း ဘာပဲျဖစ္ျဖစ္ ပရိသတ္ေတြကိုလိမ္တာပဲေသေတာင္ျပန္မခ်စ္ဘူး Jeon Jungkook"
ေစာင္ေခါင္းၿမီးၿခံဳကာ ဟိုကန္ဒီကန္နဲ႔လူးလိမ့္ေနေသာေကာင္ေလးရဲ့ပံုစံကိုသာျမင္ခဲ့ရင္ Jeon Jungkookဘယ္လိုေနမလဲသိခ်င္မိပါသည္။
......
"ဟင္ Joon?"
ေထာင့္ကြယ္ကလူရိပ္ေၾကာင့္ Siေဘးကပ္လိုက္သည္။တပ္ထားတဲ့မ်က္မွန္ကိုခြၽတ္ကာ Joonတကယ္ဟုတ္မဟုတ္ ျပန္ၾကၫ့္လိုက္သည္။
"ဟုတ္တယ္ NamJoonပဲ ဒါနဲ႔သူနဲ႔စကားေျပာေနတဲ့လူကေရာဘယ္သူလဲ"
တစ္ေယာက္တည္းေရရြတ္လိုက္ၿပီး စဉ္းစားေနမိသည္။ ဒီကိုယ္လံုးကိုယ္ေပါက္မ်ိဳးကို တေနရာရာမွာေတြ့ဖူးေနသလိုပဲ။
မိန္းကေလးလား? သို႔ေပမဲ့ဆံပင္ရွည္ပံုလည္းမရပါ။ ဆံပင္အတိုနဲ႔ဆိုေတာ့ ေယာက်ာ္းေလးမ်ားလား။ ခက္တာက မ်က္ႏွာကိုမျမင္ရ။
အဲ..သြားၿပီ Joonကသူ႔ကိုျမင္သြားသည္။ စကားရပ္ေျပာေနတဲ့တစ္ေယာက္ကို ဘာေျပာလိုက္လဲမသိပါ။ခ်က္ခ်င္းထြက္သြားသည္။
"Si ဘာလုပ္ေနတာလဲ"
"ဒီတိုင္း....ဒါနဲ႔ေစာေစာကလူကဘယ္သူလဲ"
"အာ အသိတစ္ေယာက္ပါ သူကအလုပ္လာေလ်ွာက္ရင္းနဲ႔ေတြ့တာ..."
"ေအာ္ အင္းပါ သူကဘာလာေလ်ွာက္တာလဲ?"
"BitHitမွာလြတ္တဲ့ေနရာေလးတစ္ေနရာေလာက္ ရမလားဆိုၿပီး လာေမးတာပါ"
"BitHit? ဒါေပမဲ့ သူအခုေရာက္ေနတာ Segullေလ"
Namjoonျပန္မေျဖပါ။ Siပိုလို႔ပင္သံသယေတြဝင္လာသည္။
"ဒီ...ဒီလက္ေကာက္ေလးကေရာ?ဒါေမာင္ေလးရဲ့ပစၥည္းမလား!"
Siမယံုၾကည္ႏိုင္စြာနဲ႔ Namjoonလက္ထဲကလက္ေကာက္ေလးကိုယူလိုက္သည္။
"Joonဘာေတြလုပ္ေနတာလဲ!"
"မဟုတ္ဘူးSi ဒါေလးက ဂ်ပန္မွာ Jungkook ျဖစ္တုန္းက ကိုယ္သိမ္းထားခဲ့တာ အဲ့ဒါေလးက်က်န္ခဲ့လို႔ေစာေစာကေကာင္ေလးက ျပန္လိုက္ေပးတာ ၿပီးမွ သူကအလုပ္လာရွာေၾကာင္းေျပာျဖစ္တာ"
NamJoonရွင္းျပသမ်ွကို Siဘာမျွပန္မေျပာေတာ့ဘဲ လွၫ့္ထြက္ခဲ့လိုက္သည္။
ဟင့္အင္း ဒီခ်ိန္မွာ ဘယ္သူ႔ကိုမွယံုၾကည္လို႔မရဘူး။ေျပာလို႔ရမလား...သူလည္း တခုခုႀကံစည္ေနတာမျဖစ္ႏိုင္ပါဘူးလို႔။
ဘယ္သူ႔မွမယံုဘူး ကိုယ့္ကိုကိုယ္ကလြဲရင္ေမာင္ေလးအတြက္ဘယ့္သူကိုမွမယံုႏိုင္ဘူး ။
ဒါေပမဲ့...Joonက ဒီကိစၥကိုမသိခဲ့ဘူးမလား?ဟုတ္ပါရဲ့။ ဒါေတြကိုသူမသိခဲ့ဘူးေလ။
အို မွားကုန္ၿပီ သံသယေတျြပၫ့္ေနတာနဲ႔ Joonကိုေတာင္ယံုၾကည္မႈပ်က္ျပားကုန္ပါလား။ ေတာင္ခနဲဝင္လာခဲ့ မက္ေဆ့ခ်္တစ္ေစာင္ေၾကာင့္ Siခ်က္ခ်င္းဖြင့္ၾကၫ့္လိုက္သည္။
"ေနာက္ဆံုးေတာ့ Jeon Jungkookရဲ့အလွၫ့္ေရာက္လာၿပီ...ေစာင့္ေနေနာ္ အကုန္လံုးဆီလာခဲ့မွာမို႔"
"ရူးေနလား ဘာေတြလာေျပာေနတာလဲ!"
ကေယာင္ကတန္းေရရြတ္လိုက္ၿပီး ဖုန္းကိုဆိုဖာေပၚလႊတ္ခ်လိုက္ပါေတာ့သည္။
"ဘြားေလး!"
"အလို အလန႔္တၾကားနဲ႔ ဒီထိဘာလာလုပ္တာလဲ?"
"ဘြားေလး သမီးဘယ္လိုလုပ္သင့္လဲဟင္"
ေျပာကာ ခ်ံဳးပြဲခ်ငိုခ်လိုက္ေသာ Jeon HoonSiေၾကာင့္ ဘြားေလးျဖစ္သူအံ့ဩသြားရသည္။
"ဘာျဖစ္လာတာလဲေျပာစမ္း မင္းတို႔ေမာင္ႏွမႏွစ္ေယာက္ဟာေလ တစ္ေယာက္တမ်ိဳးမရိုးႏိုင္ေအာင္လုပ္တတ္တယ္ ကဲ အခုဘာျဖစ္လာတာလဲေျပာ"
"ဘယ္လိုလုပ္မလဲဟင္ သူ သးေမာင္ေလးကိုဒုကၡေပးေတာ့မယ္"
ဘြားေလးျဖစ္သူ နားထင္ကိုလက္နဲေထာက္လိုက္ၿပီး
"ေန ေနစမ္းပါဦး ဘယ္သူလဲ ညည္းဘယ္သူ႔ကိုေျပာေနတာလဲ"
"သူ သူေလ Siေၾကာက္တယ္ ဘြားေလး သူေမာင္ေလးကိုဒုကၡေပးေတာ့မွာ ဟုတ္တယ္"
"တိတ္စမ္း Jeon HoonSi ငါရိွေနသေရြ့ ငါ့ေျမးဘာမွမျဖစ္ရဘူး အခုပဲ Seoulမွာ လိုက္ေနမယ္ ညည္းသာဟန္မပ်က္ေစနဲ႔"
ဘြားေလးရဲ့ျပတ္သားတဲ့စကားအဆံုးမွာ HoonSi ဘာမွထပ္မေျပာေတာ့ေခ်။
.....
"ေအာ္ ေတြ့ျပန္ၿပီေနာ္"
သိသားပဲ။ေတြ့တယ္ေလ တမင္ကိုမျမင္ခ်င္ေယာင္ေဆာင္ထားတာ။
"ေအာ္ Jeon JungKookပဲ ေတြ့ရတာ ဝမ္းသာပါတယ္ Shimoေရာမပါဘူးလားဗ်"
သူ႔စကားေၾကာင့္ Jungkookမ်က္ႏွာကြက္ခနဲပ်က္သြားသည္။
"သူကဘာလို႔ပါရမွာလဲ"
"ဗ်ာ ဟို ဒီေနရာက သမီးရည္းစားေတြလာတဲ့ေနရာေလ"
"တစ္ေယာက္တည္းလည္း လာလို႔ရတာပဲ"
"ဟုတ္ပါတယ္"
Jiminမသိခ်င္ေယာင္ေဆာင္လိုက္ၿပီးေခါင္းတဆတ္ဆတ္ၿငိမ့္ျပလိုက္သည္။ ၿပီးေနာက္ တစ္ေယာက္တည္း အမွတ္တရပစၥည္းေတြရိွတဲ့ဘက္ကို ထြက္လာခဲ့သည္။
အေနာက္ကိုမသိမသာအကဲခတ္လိုက္ေတာ့ေမ်ွာ္လင့္ထားသလို Jungkookကပါလာျခင္းမရိွေခ်။
"ေအးေလ ငါကဘာကိုေမ်ွာ္လင့္ေနတာလဲ"
တစ္ေယာက္တည္းေရရြတ္လိုက္ၿပီး Taehyungလွမ္းမွာတဲ့ ပစၥည္းေလးကိုရွာေနလိုက္သည္။
"ဒါလား?မဟုတ္ေသးပါဘူး ဘယ္မွာပါလိမ့္"
စင္ေပၚမွာတင္ထားတဲ့ အရုပ္ေလးတစ္ခုကိုေျခေထာက္ေထာက္ကာ လွမ္းယူလိုက္ေတာ့ တစ္ဖက္ျခမ္းမွာရိွေနတဲ့လူရဲ့မ်က္ႏွာက ဘြားခနဲေပၚလာသည္။
"အြန႔္"
JeonJungKook ဒါျဖင့္သူက အလယ္က ပစၥည္းေတြတင္တဲ့စင္တစ္ေလ်ွာက္ေဘးက ပါလာတာလား?
Jiminေျခဖ်ားေထာက္လ်က္ ေၾကာင္ၾကၫ့္ေနတာကို မျမင္ဟန္ျပဳကာ ပစၥည္းေတြကိုသာ ၾကၫ့္ေနေသာပံုစံက မသိရင္ကေလးတစ္ေယာက္လို။
Jiminလည္း လက္ထဲက ပစၥည္းကိုျပန္ခ်လိုက္ၿပီးေနာက္ကိုျပန္လွၫ့္လာခဲ့သည္။
တကယ္ကိုခ်စ္စရာေလး။ ထိုေကာင္ေလးေျပာတဲ့စကားမွန္သမ်ွကိုလည္း အလယ္စင္ျခားၿပီး အကုန္ၾကားေနရသည္။
မ်က္ႏွာေလးေပၚလာေတာ့လည္း ရင္ခုန္လြန္းလို႔ မသိခ်င္ေယာင္ေဆာင္ခဲ့ရတာ။ အလိုမက်ဟန္ မ်က္ခံုးတြန႔္သြားတာေလးလည္းခ်စ္တယ္။
ဘယ္ေပ်ာက္သြားမွန္းမသိလိုက္၍ေဝ့ဝဲရွာလိုက္ေတာ့ မေတြ့ေတာ့။ ျပန္မ်ားသြားၿပီလား?
"အင္း Taehyung ငါမေတြ့ဘူး"
ေဟာ အသံေလးၾကားလိုက္ရၿပီ။ ေသခ်ာတယ္အဲ့လႈပ္စိလႈပ္စိနဲ႔ေခ်ာင္ၾကားကေကာင္ေလးပဲ။
"ေအး အာ့ဆို ငါမဝယ္ခဲ့ေတာ့ဘူးေနာ္"
Jungkookရပ္ၿပီးနားေထာင္ေနလိုက္သည္။ ေအာ္သူက ဟိုတစ္ေယာက္နဲ႔ဖုန္းေျပာေနတာပဲ။
"အင္းပါ စိတ္အရမ္းမပူပါနဲ႔ကြာ ငါကေလးမဟုတ္ပါဘူး လူၾကားရင္ရယ္စရာျဖစ္ေနဦးမယ္"
မရယ္ရပါဘူး....နည္းနည္းသဝန္တိုရံုေလးပါ။
"အင္း ျပန္ေတာ့မယ္ ဒါပဲ "
အကြယ္မွာမသိမသာရပ္လိုက္ၿပီး ဆက္ေစာင့္ၾကၫ့္ေနလိုက္ေတာ့ Jiminက တကယ္ပဲ ဆိုင္ထဲကထြက္သြားပါေတာ့သည္။
ထို႔ေနာက္တြင္ေတာ့Jiminကိုသူမ်က္ေျချပတ္သြားခဲ့သည္။ ရိွေစေတာ့ ဒီေန့ေတာ့ဒီေလာက္ပဲေပါ့ တကယ္ပဲေကာင္ေလးက သူနဲ႔Shimoကို သမီးရည္းစားေတြလို႔ေတြးေနေလသလား?
ရိွေစေတာ့ ရိွေစေတာ့။
Jungkookလည္း ကိစၥတစ္ခုခ်ိန္းထားတာရိွ၍ ထိုေနရာမွထြက္ခဲ့လိုက္ေတာ့သည္။ ဘာလိုလိုနဲ႔ ညေနေတာင္ေစာင္းေနၿပီပဲ
"ဝါး မိုက္လိုက္တာ သြားခ်င္လိုက္တာ"
Clubတဲ့မျဖစ္ေသးပါဘူး တစ္ေယာက္တည္းရယ္ ၿပီးေတာ့ သူကသာမန္လူလည္းမဟုတ္ဘူး။ဒါေပမဲ့ ဒီလိုclubမ်ိဳးက တကယ့္လူေတြခ်ည္းတက္ေရာက္ၾကတာခ်ည္းလို႔ Taehyungေျပာျပလို႔ၾကားခဲ့ဖူးသည္။
တကယ္ဆို Taehyungကအတူသြားမယ္လို႔ေျပာထားတာကိ။ ခုေတာ့ သူကျပန္သြားေတာ့ တစ္ေယာက္တည္းဝင္ရမလား မဟင္ရဘူးလားေတြးလို႔မရ။
ဝင္ခ်င္တာကလည္း တပိုင္းကိုေသေနေလၿပီ။ ေနာက္ဆံုး အေတြ့အႀကံဳပဲဆိုကာ Clubထဲကိုဝင္ခဲ့ေတာ့သည္။ Securityအျပၫ့္နဲ႔ အမိုက္စားclubမ်ိဳးထဲတစ္ေယာက္တည္းသြားရေသာ္လည္း စိတ္ထဲလံုၿခံဳမႈရိွေနသည္။
တမင္ကိုလြတ္လပ္ခ်င္လို႔ တစ္ေယာက္တည္းထြက္ခဲ့တာလည္း မဆိုးပါဘူးလို႔ေတြးမိလာသေယာင္။
ဘုရား ဘုရား အရမ္းကိုလွပလြန္းေနေသာ ခန္းမႀကီးထဲမွာ လူေတြကေရာင္စံုကြန႔္ျမဴးေနသည္။ လူသတိမထားမိေစရန္ ေခါင္းေဆာင္းကိုေဆာင္းလိုက္ၿပီး လူၾကားထဲတိုးေဝ႔ွလာခဲ့လိုက္သည္။
အလန္းစား Beatေတြေၾကာင့္ လူတစ္ကိုယ္လံုးေသြးေတြပင္ႂကြလာသလို။ ဖန္ခြက္လွလွေလးေတြထဲမွာ မီးေရာင္ေၾကာင့္အေရာင္စံုျဖစ္ေနတဲ့ ဝိုင္ေတြကိုျမင္ေတာ့ မေနႏိုင္မထိုင္ႏိုင္ယူေသာက္လိုက္သည္။
"အီး.....ေကာင္းလိုက္တာ"
လူကိုအၿငိမ္မေနခ်င္ေလာက္ေအာင္ ျမဴးႂကြေစတဲ့ beatေတြၾကားမွာ Jiminတစ္ေယာက္တြန႔္လိမ္ေနေအာင္ကေနလိုက္သည္။
ေမာလာတာနဲ႔ ကတာကိုရပ္လိုက္ၿပီးေတာ့ ဝိုင္ေလးေမာ့လိုက္နဲ႔ Park Jiminတစ္ေယာက္ ေတာ္ေတာ္ေလးကိုအရိွန္ေတာ္ေတာ္ေလးေကာင္းေနေလသည္။
"ေဟး.ဟူး...ဟိုး..."
တစ္ေယာက္တည္းထႂကြေသာင္းက်န္းေနလိုက္ပံုမ်ား သူမ်ားထက္ပင္ပိုေနသည္။ လူေတြကလည္း ခန္းမနဲ႔အျပၫ့္လူးလြန႔္ေနၾကသည္မွာ ကာလာစံု။
ေပါက္တတ္ကရေတြဆိုတာ လူေတြအလယ္မွာ ေကြးေနေအာင္ကေနတဲ့ေကာင္ေလးကို Jungkook အေၾကာင္သားၾကၫ့္ေနမိသည္။
ပံုစံကလည္းေခြေခါက္ၿပီးယိုင္က်ေတာ့မဲ့ဒီဇိုင္းနဲ႔။ ဒင္းေလးက ဒီကိုဘာလာလုပ္တာလဲ။ ထင္တဲ့အတိုင္းပဲေပ်ာက္သြားလို႔ ခန႔္မွန္းၿပီးလိုက္လာတာ တန္းတိုးေတာ့တာပဲ။
ၾကၫ့္ပါဦး ၾကၫ့္ပါဦး ဘာေတြေအာ္ၿပီး ဘာေတြသေဘာက်ေနလဲမသိ။
Jiminရဲ့ အူေၾကာင္ၾကားပံုစံေၾကာင့္ Jungkook ဟက္ခနဲ တစ္ခ်က္ရယ္သြမ္းေသြးလိုက္သည္။ ၿပီးေနာက္ ေခါင္းကိုေျဖးေျဖးခ်င္းခါယမ္းလိုက္ၿပီး Barမွာ ဝိုင္တစ္ခြက္ယူေသာက္လိုက္ၿပီး ထိုေကာင္ေလးကို ေစာင့္ၾကၫ့္ေနလိုက္သည္။
ကိုယ္ေတာ္ေခ်ာက အခုထိကလို႔ ဆိုလို႔ေကာင္းတုန္းရိွေသးသည္။ Jungkookလည္း Jiminကိုေစာင့္ၾကၫ့္ေနရင္း အတူကေနသူတစ္ေယာက္က Jiminေဘးကပ္သြားတာကိုျမင္လိုက္သည္။
ဟိုငနဲကေတာ့ ဘာမွမသိ။မူးလို႔ရူးလို႔ေကာင္းေနတုန္း။
က်စ္ အဲ့ဒါေတြေၾကာင့္မင္းကိုငါစိတ္မခ်တာ Park Jimin!
အနားကို လူတစ္ေယာက္တိုးကပ္လာတာကိုသိလိုက္ေပမဲ့ လူကဝိုင္အရိွန္ေၾကာင့္ သိပ္မဟန္လွ။ တြန္းထိုးၿပီးထြက္ဖို႔ျပင္လိုက္ေပမဲ့ လူေတြကပိုၾကပ္ၫွပ္လာသလို။ ခါးကေန ဆြဲဖက္ကာ ရင္ခ်င္းကပ္လိုက္တဲ့လူေၾကာင့္အမူးပင္ေျပသြားသေယာင္။
လန႔္ဖ်တ္ကာေမာ့ၾကၫ့္လိုက္ေတာ့ မီးေရာင္ေအာက္မွာ အနီးကပ္ျမင္ေတြ့လိုက္ရတဲ့ Jungkookေၾကာင့္နဂိုခပ္ေမွးေမွးမ်က္လံုးတို႔ေတာင္ ျပဴးက်ယ္သြားသလိုပင္။
"အင့္.."
ခပ္ၿငီးၿငီးအသံကလြဲၿပီး ဘာမွထြက္က်မလာေတာ့။ Jungkookသည္သူ၏ခါးကို သန္မာေသာလက္တစ္ဖက္ႏွင့္အတင္းဖက္လိုက္၍ ရင္ဘတ္ခ်င္းထိကပ္ကာ Jiminခမ်ာ ခါးေလးပင္ေကာ့သြားသေယာင္။
"ဘာလုပ္တာလဲ Jeon Jungkook!"
အသိျပန္ဝင္ကာ ရုန္းေတာ့ Jungkookကလြတ္မေပး။
"ၿငိမ္ၿငိမ္ေန"
Jungkookရဲ့အမိန႔္ေအာက္မွာ Jiminဘာစကားတစ္ခြန္းမွထပ္ထြက္မလာ။ Jungkookရဲ့လက္တစ္ဖက္သည္Jiminခါးကိုဖက္ထားကာ တစ္ဖက္က လူေတြကိုေျဖးေျဖးခ်င္းတြန္းကာ အျပင္ထြက္ေနသည္။Jiminမွာေတာ့ ကန႔္လန႔္ကန႔္လန႔္နဲ႔ ပါလာရသည္။
"ဖယ္ေပး!"
"အာ sorry မင္းမူးေနတယ္ထင္တယ္"
Jungkookေမးလိုက္ေတာ့ Jiminဘာမျွပန္မေျဖ။ခပ္ယိုင္ယိုင္နဲ႔ အျပင္ကိုထြက္လာလိုက္သည္။
"ေနလည္းမရိွေတာ့ဘူး"
မူးမူးရူးရူးနဲ႔ဘာေတြေျပာေနတာလဲ Jiminရယ္ ညေတာင္အေတာ္နက္ေနတာေတာင္ မသိေတာ့ပါလား။ေနာက္ၿပီး သူ႔ကိုေတာင္ ႏႈတ္ခမ္းဆူကာမိုက္ၾကၫ့္ၾကၫ့္ေနေသးသည္။
"Jeon Jungkookကဘာလာလုပ္တာလဲ က်ေနာ့္ကိုေရာ ဘာလို႔ေခၚထုတ္လာတာလဲ"
ေမးခြန္းေတြနဲ႔ Jiminစကားစလာေတာ့ Jungkookအေျဖကအဆင္သင့္ရိွမေန။
"မေျဖဘူးလား မေျဖလည္းေန သြားၿပီ"
တစ္ေယာက္တည္းငိုက္စိုက္စိုက္နဲ႔ ထြက္သြားေသာ Jiminကိုၾကၫ့္ၿပီး Jungkookဘာမွမေျပာႏိုင္။ ေတာ္ပါေသးရဲ့ လံုၿခံဳမႈရိွတဲ့ေနရာမို႔ေပပဲ ႏို႔မို႔ဆို သူတို႔လို နာမည္ႀကီးေတြအတြက္ ျပႆနာရိွႏိုင္သည္။
"Park Jimin ေနဦး..."
Jungkookလွမ္းေခၚလိုက္ေသာ္လည္း Jiminကမၾကား။ ေရ႔ွကိုသာဆက္သြားေနသည္။ တျဖည္းျဖည္းနဲ႔ အေဆာက္အဦးထဲက အလွပန္းၿခံနားေရာက္လာသည္။
"ေဟ့ ေနဦးလို႔"
Jungkookအေျပးသြားကာ လွမ္းဆြဲလိုက္ေတာ့ Jiminပါလာသည္။
"ဘာလဲ အိမ္ျပန္မလို႔လား ကိုယ့္ဘာကိုယ္မျပန္တတ္ဘူးလား? လိုက္မပို႔ဘူးေနာ္"
တကယ္ပဲ မူးေနတာလား?ဘာေတြေျပာေနမွန္းလည္း Jungkookမသိ။
"မဟုတ္ဘူး ငါမင္းကိုျပန္လိုက္ပို႔ေပးမလို႔!"
"အာ မလိုပါဘူး ကြၽန္ေတာ္ျပန္တတ္ပါတယ္ ေကာင္မေလးေရာ မပါလာဘူးလား"
"က်စ္ Shimoနဲ႔ ငါနဲ႔က ဘာဆိုင္လို႔လဲ"
"ဟင္"
Jiminေမာ့ၾကၫ့္လာမွJungkookလည္းစကားမွားသြားမွန္းသိလိုက္သည္။
"ဟို မဟုတ္..."
"ဘာကိုလဲ"
Jiminမသိခ်င္ေယာင္ေဆာင္ကာ ဆက္ေမးလိုက္သည္။ ေျဖလိုက္စမ္းပါ Jeon Jungkookရယ္။
"ကိုယ္နဲ႔Shimoက တကယ္တြဲေနတာမဟုတ္ဘူး"
"ေအာ္ အင္းအင္း ျဖစ္တတ္ပါတယ္Taehyung ဖုန္းေခၚထားလားမသိဘူး ခဏေလးေနာ္"
က်စ္ ၾကၫ့္ဦး လူကိုစိတ္တိုေအာင္ တမင္ဆြေနတာလားပဲ။ တကယ္ဆို သူနဲ႔Shimoတြဲေနတာမဟုတ္မွန္းသိရင္အံ့ၾသသြားရမွာမဟုတ္ဘူးလား?
အခုေတာ့ ဘာမွမျဖစ္သလိုနဲ႔ Taehyungဆီဖုန္းေတာင္ဆက္လိုက္ေသးသည္။
"ဟင္ ဘာလုပ္"
လက္ထဲက ဖုန္းကိုဆြဲလုခံလိုက္ရကာ ကိုယ္ကိုဆြဲဖက္လိုက္တာေၾကာင့္ Jiminမ်က္လံုးျပဴးသြားရသည္။
"အို.."
ဘုရားေရ Jungkookက အခု သူ႔ကိုနမ္းတာလား?
တကယ္ပဲလား! Jiminရုန္းဖို႔ႀကိဳးစားသည္။ သို႔ေသာ္အခ်ည္းႏွီးသာျဖစ္ေနသည္။Jungkookသည္သန္မာေသာလက္မ်ားနဲ႔ သူ႔ကိုယ္ေလးကိုဆြဲခ်ဳပ္ကာ အနမ္းေတြသာေပးေနၿမဲ။
ထိုခ်ိန္ ပန္းၿခံေလးထဲတြင္ အမည္မသိပန္းမ်ိဳးစိတ္ေလးေတြ ဖူးပြင့္လာသလိုပင္။
"ငါမင္းကိုခ်စ္တယ္ Park Jimin"
Jungkookရဲ့စကားအဆံုးမွာ Jiminမ်က္လံုးေမွးေမွးေလးေတြ ဝိုင္းစက္သြားရေလသည္။ ထို႔ေနာက္ ပူေနြးေသာ ႏႈတ္ခမ္းတစ္စံုသည္ သူ႔ႏႈတ္ခမ္းေပၚသို႔ ထပ္မံက်ေရာက္ခဲ့ေလေတာ့သည္။
ေထာင့္ကြယ္မွ လူတစ္ဦး၏ ကင္မရာတစ္လံုးကိုသာ တားဆီးႏိုင္ခဲ့မယ္ဆိုလ်ွင္။
.......
Thanks for reading and voting.