""ကြည်နူးနေနိုင် ခြောက်သွားမှာ သိပ်စိတ်မပူပါနဲ့ .. အခြောက်ပိုးက လေထဲကတဆင့် အပေါ်ယံထိတွေ့မှု့လောက်နဲ့ ကူးစက်တတ်တဲ့ ဗိုင်းရပ်မဟုက်ဘူး .. သွေးသားချင်း နှီးနှောလို့ အရသာတွေ့သွားရင်တော့....""
""အော် .. အင်း""
ကြောင်ပေါက်ကြောင့် ရတီ့ကို သူဂရုမစိုက်နိုင်ပေါင်းများပြီ။
---------------
""ပြီးရင်လည်း ပြီးပြီပြော.. နောက်ပိုစ့်တစ်ခုပြောင်းရအောင် .. သေချာရိုက်ပေး""
""မိုက်လား .. ""
WTF! ဒါဘာကြီးလဲ ..
""ဘာ! မင်းတော့...""
""မင်း!""
""အယုတ်တမာကောင် .. သောက်ကျင့်တစ်စက်မှ မကောင်းတဲ့ကောင် .. ""
""အံမယ် ... င့ါဖုန်းကင်မရာ တော်တော်ကောင်းပါ့လား ...""
---------
ဧည့်ခန်းရှေ့မှအဖြတ် ..
""စောသီဟ!""
""ဖြောင်း!""
""ယောကျာ်းဆို အသံလုံးဝမထွက်နဲ့ .. မဟုက်ရင် ဒီ့ထက်ပိုနာမယ်""
""trip လိုက်သွားတာကို အပြစ်ပြောနေတာမဟုက်ဘူး .. မင်းကလန်ကဆန်နဲ့မိဘတွေမသိပဲ ခိုးကြောင်ခိုးဝှက်လုပ်နေတာကို ငါမကြိုက်တာ""
""ခွင့်တောင်းခဲ့တယ်လေ .. တောင်းဆိုခဲ့တယ်လေ .. အမေတို့ဘယ်နခါများ သားပြောတာ သားလိုချင်တာ သားဖြစ်ချင်တာကို လက်ခံပေးခဲ့လို့လဲ .. အမြဲ .. အမြဲတမ်း အမေတို့ရဲ့ ဆန္ဒတွေကိုပဲ သား လိုက်လျှောခဲ့ရတာ.. အမေသာ သားပြောတုန်း လက်ခံပေးခဲ့ရင် သားလဲ နှစ်ထပ်တိုတ် ၀ရန်တာပေါ်က ခုန်ချစရာအကြောင်းမရှိဘူး.. ဒီနေ့ပျက်ကွက်သွားတဲ့ အချိန်တွေအတွက် ကျွန်တော်ပိုကြိုးစားရမယ် .. ရေကူးကျင့်ဖို့ နေရာနဲ့ training ပေးဖို့ ဆရာတစ်ယောက်ကို စုံစမ်းပေးပါ... ကျပန်းက နောက်တစ်ပတ်ထဲမှာမလား .. သားအသင့်ပြင်ထားပါ့မယ်""
----------
စပ်လိုက်တာ...
............
"" ကျေးဇူးပါပဲကြည်နူးလေးရယ်... ကြီးကြီးခါးနာနေလို့.. အလုပ်သမားကောင်လေးတွေကလည်း ထမင်းစားနေတယ်လေ.. ဒါကြီးရှိနေရင် အလုပ်သမားတွေနှိုက်သွားမှာစိုးလို့ ဂိုဒေါင်မှာသွားသိမ်းမလို့""
""ဟုက် .. ဟုက် .. ""
""ဒီမှာသော့ .. ""
ဒီနားမှာ စာသင်ခန်းမရှိတာကြောင့် ကျောင်းတတ်ချိန်မှာ လူရှင်းနေသည်။
---------
ပထမသချာင်္ချိန်ပြီး .. သမိုင်းဆရာမ၀င်လာသည်။
စာသင်နေချိန်တွင်
နေလင်းရဲ့စကားကြောင့် White Board တွင် စာရေးနေသော ဆရာမက နေလင်းညွှန်ပြရာကို လှမ်း ကြည့်သည်။
""ဟေ! ဟုက်သားပဲ""
""ဘယ်သွားမလို့လဲ ရတီ .. အဲ့လောက် လန့်စရာမလိုပါဘူး .. ငါတို့နေရာနဲ့ ဝေးပါတယ်.. မီးမကူးနိုင်ပါဘူး.. ""
---------
မီးညွှန့်မကျိုးသေး။ လူများက ရေပိုက်နှင့်တစ်မျိုး၊ မီးသက်ဆေးဗူးတစ်လှည့်၊ ရေပုံးများနှင့်တစ်ဖန်၊ သဲများနှင့်တစ်ခါ အလုအယက် မီးငြှိမ်းနေကြသည်။
""မောင် .. ဒီအောက်ထပ်မှာ ကြည်နူးရှိနေတာ .. ဘယ်လိုလုပ်မလဲ .. မီးလောင်နေတာ .. သူ .. သူ သေသွားပြီလား မသိဘူး .. ဆူး ထောင်ကျတော့မှာလားဟင် ..ဆူး မရည်ရွယ်ပါဘူး မောင်ရယ် .. ဆူးကို ကယ်ပါဦး..""
မင်းမြတ်က သူ့ကို ဖက်တွယ်ကာ ငိုနေသော ဆူးလက်တို့ကို ဖြုတ်ချလိုက်သည်။ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချပြီးသော မင်းမြတ်ကို ဆူးမယုံကြည်နိုင်စွာ ကြည့်ရင်း
မင်းမြတ်ဆောင့်တွန်းလိုက်တာကြောင့် လဲကျသွားသော ရတီက မီးထဲတိုးဝင်သွားသော မင်းမြတ်ကိုကြည့်ပြီး ခေါင်းတရမ်းရမ်းနှင့် ငိုတော့သည်။
""အင်း .. ငါနင့်အနားမှာပဲ နေပေးမယ် .. နင်ဘာမှမဖြစ်စေရဘူး .. ငါနင်နဲ့ပတ်သက်တာ အားလုံးကို တာဝန်ယူမယ်.. ""
""ဘယ်လိုဖြစ်ပြီး....""
မျှော်လင့်ထားကြသလို မင်းမြတ်က Hero ဆန်ဆန် မီးထဲမှာ ကူကယ်ရာမဲ့နေသော ကြည်နူးနေနိုင်ကို Bridal style ပွေ့ချီမလာ ကယ်ထုတ်လာခြင်းမျိုးမဟုက်။
""ငါမင်းအနားမှာ ရှိတယ် .. ဘာမှမဖြစ်တော့ဘူး.. ငါမင်းကို စောင့်ရှောက်ပေးမယ်""
""မင်းဘယ်အချိန်ထိ ထမီကြားထဲကနေ လက်သီးပုန်းပြနေမှာလဲ .. မင်းယောက်ျားမဟုက်ဘူးလား .. ယောကျာ်းအချင်းချင်း ပေါ်တင်ဖိုက်ရအောင် .. အခုလို ခိုးကြောင်ခိုးဝှက် လက်နက်ပုန်းတွေနဲ့ မဟုက်ပဲ ကွင်းပြင်မှာပဲ ဖြစ်ဖြစ် နပမ်းလုံးမလား .. မင်းသတ္တိရှိရှိ ချိန်းဆိုခဲ့ရင် ကြည်နူးနေနိုင်တို့က အချိန်မရွေး ပုဆိုးခါးတောင်းကျိုက်ပြီး လာခဲ့မယ်.. နောက်ပြီး""
ရတုရင်ခွင်ထဲက ရတီ့ကိုတွန်းဖယ်ကာ ရတုရဲ့ အင်္ကျီလည်ပင်းစကို ဆွဲချလိုက်သည်။ ရတုအောက်ကိုငုံ့လာတော့ မျက်နှာချင်းဆိုင်ကပ်ကာ
""ငါတို့နှစ်ယောက်ရဲ့ ကိစ္စကို ငါတို့နှစ်ယောက်ပဲ ဒဲ့ ရှင်းမယ်.. အခြားလူတွေ ဆွဲမထည့်နဲ့ .. ငါနဲ့ပတ်သက်ပြီး မင်းကြောင့် မဆိုင်တဲ့လူ ထိခိုက်သွားခဲ့ရင် မင်းကိုသတ်ပြီး ငါထောင်ထဲဝင်ဖို့ ဝန်မလေးဘူး.. ငါစကားသက်သက်ပြောတာမဟုက်ဘူး .. အခုမင်းမြတ်တစ်ခုခုဖြစ်သွားရင် သွားဆိုသွား .. မျက်လုံးဆိုမျက်လုံး ပြန်ပေးဆပ်ဖို့ ပြင်ထား""
""ငါ့ကြောင့်နင်အပြောခံလိုက်ရတာ .. ငါစိတ်မကောင်းပါဘူး""
ရတုရဲ့ရတီ အဖြစ် နင်ပြောင်းလဲသွားပြီလား .... မဖြစ်ရဘူးနော် ... ငါ နင်မရှိပဲ မရပ်တည်နိုင်သေးဘူး ..
_____________
ေ
ပါပေါ့့ပါးပါးလေးပါပဲဗျ .. ဘာမှအခါးတွေမကျွေးဘူး ... စိတ်အေးအေးထား.. Ending ဖို့အဝေးကြီးလိုသေးတယ် .. မထင်မှတ်ထားတာတွေ အများကြီးဖြစ်လာနိုင်သေးတယ် .. ဘယ် OTPမှာ အတည်မဟုက်သေးဘူး.. Roတွေ Sweetတွေ ပိုးစိုးပက်ဆက်ကို ပါတော့မှာ။ ဘယ်သူ့ဖက်ကပဲ ကြည့်ကြည့် SE မဟုက်တာတော့ သေချာတယ် (အဲ့လိုပဲ ဂျင်းထည့်ရမှာပဲ 😝)
အဲ့လိုလေးတွေကြောင့် ကျွန်တော်မျိုးက မUpပဲ မနေနိုင်တာ😘
8.35PM , 11-Dec-17💌
""ကြည်နူးနေနိုင် ခြောက်သွားမှာ သိပ်စိတ်မပူပါနဲ့ .. အခြောက်ပိုးက လေထဲကတဆင့် အပေါ်ယံထိတွေ့မှု့လောက်နဲ့ ကူးစက်တတ်တဲ့ ဗိုင်းရပ်မဟုက်ဘူး .. သွေးသားချငး် နှီးနှောလို့ အရသာတွေ့သွားရင်တော့....""
မင်းမြတ်ပြောစကားကို နားထဲထပ်တလဲလဲ ကြားမိပြီး ရတုလက်တန်းဘောင်ကို ခပ်တင်းတင်းဆုပ်ကိုင်မိသည်။ ဘေးကိုစောငး်ကြည့်စဉ် ကြည်နူးနေနိုင်ရဲ့ပခုံးကို ခေါင်းတင်ကာ အိပ်နေသော မငး်မြတ်ကို ဒေါသထွက်ဖွယ်တွေ့ရသည်။
မန္တလေးကအပြန် မင်းမြတ်က ကြောင်ပေါက်ဘေးမှာ ဆက်ထိုင်သည်။ ကြောင်ပေါက်ကလညး် ဧည့်၀တ်ပျူငှာနေတာ မြင်မကောငး်။
ကြောင်ပေါက် .. မင်းကြောင့် .. မင်းကြောင့် င့ါမှာ ဒေါသတွေထွက်နေရတာ။ မင်းအနေအထိုင်မဆင်ခြင်လို့ ငါ့မှာ လိုက်ကြီးကြပ်နေရတာ။ ငါသာမကယ်ရင် မင်းတော့ မငး်မြတ်ရဲ့သမီးဖြစ်မှာ သေချာတယ်။
""ဒီပါ .. ငါခေါင်းကိုက်လို့ နှိပ်ပေးပါဦး""
""အော် .. အင်း""
ရတီ့ပခုံးကို ဒီပါ နှိပ်ပေးလိုက်သည်။
ကြောင်ပေါက်ကြောင့် ရတီ့ကို သူဂရုမစိုက်နို်င်ပေါင်းများပြီ။
---------------
မန်းလေး၊ပြင်ဦးလွင် တောင်တတ်လမ်း Night View မှာ အရမ်းလှသည်။ ပုံရိုက်ဝါသနာရှင်တို့က တောင်းဆိုတော့ ခဏရပ်ပေးရသည်။
ရတီနှင့်အာရာရားမောင်နှမနှစ်ယောက်က ကျန်တဲ့အချိန်တွေသာ မတည့်ရင်မတည့်မယ်။ အပြန်အလှန်ပုံရိုက်ပေးတဲ့အချိန်၊ Shopping ထွက်တဲ့အချိန် မှာတော့ ညီသည်။ နောက်မှ နင်ရိုက်ပေးတာ မလှဘူး .. ငါရိုက်ပေးတာ ဘယ်လိုနဲ့ အသံတွေထွက်လာလိမ့်မယ်။
ရတုက ကျောက်တုံးပေါ်တတ်ပြီး Backgroundကောင်းကောငး် နှင့် မိမိပုံကို ရရန် တစ်ကိုယ်တည်းကြိုးစားနေသည်။ Selfie Stickမပါ၊ ပုံရိုက်ခိုင်းဖို့လူလည်းမရှိ။ ေ၀ယံနှင့်နေလင်းနှစ်ယောက်လည်း အတွဲညီနေသည်။
အများတကာက ကိုယ့်ဖုန်းနှင့်ကိုယ့်ကင်မရာနှင့် အပြိုင်အဆိုင် ဓာက်ဖမ်းနေကြသည်။ ဘာမှမရှိသော ကြည်နူးက ဆွယ်တာအင်္ကီျထဲကို လက်ထည့်လျှက် ခပ်ကုပ်ကုပ်နှင့် ဟိုကြည့်ဒီကြည့် ယောင်တောင်တောင် လုပ်နေသည်။ မင်းမြတ်က ကားပေါ်ကမဆင်း။
ကြည်နူးက ထိုင်ရပါများပြီး ညောငး်လွန်းလို့ အညောငး်ပြေအညာပြေ အောက်ကို ဆင်းလာခြငး်ဖြစ်သည်။ သူများတွေပုံရိုက်တာကြည့်ပြီး ဝါသနာပိုးကို ကြိတ်သတ်နေရသည်။
""ဟိုကောင် .. ကြောင်ပေါက် .. ဒီကိုလာစမ်း .. ငါ့ကို ပုံရိုက်ပေး""
ကြည်နူးကားပေါ်ပြန်တတ်ရန်ပြင်စဉ် ရတုက ကျောက်တုံးပေါ်ကနေ လွှားခနဲ ခုန်ဆင်းလာပြီး ကြည်နူးလက်ထဲကို သူ့ဖုန်းအတင်းထိုးထည့်ပေးသွားသည်။ သူကကျောက်တုံးပေါ် ပြန်တတ်လျှက် ပိုစ့်အကြမ်းကြီးတွေ ပေးနေသည်။
""ပြီးရင်လညး် ပြီးပြီပြော.. နောက်ပိုစ့်တစ်ခုပြောငး်ရအောင် .. သေချာရိုက်ပေး""
""မိုက်လား .. ""
""ဘယ်လိုပိုစ့်ပေးရဦးမလဲ""
""3D ရိုက်မယ် .. အိုကေ .. ပုံထွက်ကောင်းလား""
ရတုက အမျိူးမျိူး လှမ်းအော်ပြောသည်။ ကြည်နူးနေနိုင်က လက်ထဲကဖုန်းကို Position အမျိူးမျိူးပြောင်းလျှက် အင်းမလုပ်၊အဲမလုပ် ခပ်တည်တည်။ အချိန်ခဏအကြာ ရတုပြန်ဆင်းလာပြီး
""မှန်းစမ်း .. ဘယ်နပုံရလဲ .. တော်တော်မှမိုက်ရဲ့လား""
ပုံကောင်းကောငး်ရဖို့ ပိုစ့်ပေးရတာမလွယ်။ နဖူးမှာ ဇောချေွးစို့သည်။ ရတု ကြိုးစားပမ်းစားဖြင့် ပိုစ့်ပေးပြီးနောက် ကြည်နူးလက်ထဲက ဖုန်းကို ယူပြီး ကြိုးစားမှု့ရလာဒ်ကို စစ်ဆေးလိုက်သည်။
WTF! ဒါဘာကြီးလဲ ..
ရတုပုံတစ်ပုံမှမရှိ။ ကြည်နူးနေနိုင်ရဲ့ဆယ်ဖီပုံတွေသာ ရာကျော်လောက်သည်။ ရတု သူ့ပုံများ ပါဦးမလားလို့ ရှာကြည့်ပေမဲ့ တစ်ပုံဆို တစ်ပုံမှမရှိ။
""မင်းကွာ! မရိုက်ရင်လဲမရိုက်ဘူးပေါ့ .. အခုတော့ ကျောက်တုံးပေါ် တတ်ပြီး ခြေကားယား လက်ကားယားလုပ်နေတဲ့ ငါက သောက်ရူးလား''''
""ငါပုံမရိုက်ပေးမှ မင်းက သောက်ရူးဖြစ်တာမဟုက်ဘူး.. နဂိုထဲက အော်ရီဂျင်နယ်သောက်ရူး""
""ဘာ! မင်းတော့...""
""Kyinuunaynaing@gmail.com ကိုပို့လိုက်""
""မင်း!""
""သြ .... မင်းမြတ်ဆင်းလာပါ့လား .. မင်းမြတ် .. ပုံရိုက်ပေးမယ်လေ""
ဒေါသတွေအတုံးလိုက်အတစ်လိုက် ထွက်နေသော ရတုကိုတစ်ချက်ပြန်မကြည့်။ မင်းမြတ်အနားကို နွားသိုးကြိုးပျက် နှာတရူးရူးမမှုက်ရုံတမယ် ပြေးသွားသည်။
""အယုတ်တမာကောင် .. သောက်ကျင့်တစ်စက်မှ မကောငး်တဲ့ကောင် .. ""
ရတု ဒေါသထွက်ထွက်နှင့် ကြည်နူးပုံတွေအားလုံးကို ပြန်ဖျတ်ရန် ဖုန်းကိုပြန်ကြည့်သည်။ Phone Screen အပြည့် မျက်နှာဖောင်းဖောငး်ကားကား မျက်လုံးပြူးပြူးပုံကို သေချာကြည့်ပြီး
""အံမယ် ... င့ါဖုနး်ကင်မရာ တော်တော်ကောင်းပါ့လား ...""
ပုံတွေကို တစ်ပုံမှ မဖျတ်ဖြစ်ခဲ့။
---------
ခြံအပြင်မှာ ရပ်နေခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီ။
Fighting! မင်းမြတ် .. မင်းလုပ်နိုင်ပါတယ် .. အဖေနဲ့အမေ ဘယ်လောက် စိတ်ဆိုးပါစေ သားဖြစ်သူ ငာ့ကိုတော့ အသေမသတ်နိုင်ပါဘူး..
မင်းမြတ်သက်ပြင်းငွေ့ငွေ့ချပြီး ဘဲလ်တီးလိုက်သည်။ ပွင့်သွားသော ခြံတံခါးမှ လေးလံသောခြေလှမ်းတို့ သယ်ဆောင်ရင်း အိမ်အတွင်းသို့...
မင်းမြတ် ခပ်တည်တည် ခပ်တင်းတင်း အိမ်ထဲကို၀င်ခဲ့သည်။ သူတို့မတငး်ခင် ကိုယ်အရင် တင်းပြထားမှ တော်ရာကျမှ ..
ဧည့်ခန်းရှေ့မှအဖြတ် ..
""စောသီဟ!""
အသံနှင့်အတူ မင်းမြတ်ခြေဖဝါးအနားသို့ ကျရောက်လာသော ကြွေပန်းအိုးက တစ်စစီဖြစ်သွားသည်။ မင်းမြတ်စိတ်ထဲ ကြောက်ရွံ့သွားပေမဲ့ မျက်နှာမှာ အပြုံးနှင့်။ ကြွေစတွေကို ရှောင်ကာ မေမေရှိရာ ဧည့်ခန်းသို့ လျှောက်လာသည်။
""ဖြောင်း!""
မျက်နှာပေါ် ခပ်ပြငး်ပြင်းကျလာသော လက်ဝါးတစ်ချက်။ အနားမှာအသင့်ပြင်ထားသော ကြက်မွှေးကြိမ်လုံးဖြင့် ကျောပြင်ကို intro သုံးချက်တိတိ လွဲှရိုက်လာသည်။ မင်းမြတ်အံတင်းတင်းကြိတ်ခံထားရင်း
""ယောကျား်ဆို အသံလုံး၀မထွက်နဲ့ .. မဟုက်ရင် ဒီ့ထက်ပိုနာမယ်""
ကျွန်တော်အော်မငိုတတ်ခဲ့တာ ကြာပြီလေ...
မင်းမြတ် အောက်နှုတ်ခမ်းကို ဖိကိုက်ထားသည်။ ဒေါ်စောမြသီတာက ကြိမ်လုံးတုတ်တစ်ချောငး်လုံးစုတ်ပြတ်သွားသည်အထိ အားရအောင် ရိုက်ပြီးမှ ခြေကုန်လက်ပန်းကျဟန် ထိုင်ခုံမှာ ပစ်လဲှထိုင်ချသည်။
အမေက မင်းမြတ်ကိုရိုက်လျှင် ကျောပြင်ကိုပဲ ရိုက်လေ့ရှိသည်။ ဘာကြောင့် ကျောပြင်ကိုပဲ ရွေးရိုက်လဲ မငး်မြတ်မသိပေမဲ့ ခြေသလုံးထက်ကျောပြင်က ပိုနာတာကိုတော့ မင်းမြတ်သိသည်။
ရယ်တော့ရယ်ရတယ်.. အသက်၁၈နှစ်ကျော် အထက်တန်းနောက်ဆုံးကျောငး်သားတစ်ယောက်က အခုထိ အမေ့ရဲ့ကြိမ်လုံးနဲ့ ရိုက်တာကို ခံရတုန်းပဲ။ အမေတစ်ချက်ဟောက်လိုက်ရင် လန့်တတ်တုန်းပဲ။ အမေဒေါသထွက်ရင် ကြောက်တတ်တုန်းပဲ။
ငယ်ငယ်က အရိုက်ခံရရင် ပတ်ပြေးသည်။ ဒီ့ထက်အရွယ်ရောက်လာတေ့ာ ပတ်ပြေးလေ ပိုရိုက်လေ ပိုနာလေ သိလာသည်။ ပတ်မပြေးပဲ ရိုက်ချက်ကို လက်ဖြင့်ကာကာ မရိုက်တော့ဖို့ အော်ငိုတောင်းပန်ခဲ့သည်။
ဒီ့ထက်ဒီ့ထက် အရွယ်ရောက်လာတော့ တောင်းပန်လဲအလကား၊ လက်ဖြင့်ကာလျှင် လက်ကိုရိုက်မိသောဒဏ်က ပိုနာမှန်းသိလာတော့ ရိုက်ချက်ကိုပဲ ကြိတ်ခံတတ်လာသည်။ အသံမထွက်ပေမဲ့ မျက်ရည်က တားစီးမရ။ ဒီ့ထက်ဒီ့ထက် အရွယ်ရောက်လာတော့ မျက်ရည်လည်းမကျလာ အသံလဲမထွက် နှုတ်ခမ်းပေါက်ထွက်အောင် ဖိကိုက်ကာ တင်းခံလာနိုင်သည်။
ကျောပြင်က နာကျင်မှု့ထက် ရင်ထဲကတဆစ်ဆစ်နဲ့ နာကျင့်မှု့က ပိုလာသည်။ တစ်ခုခု အလိုမကျတိုငး် ဒေါသဖြစ်တိုငး် ဖြစ်ချင်တာမဖြစ်ရတိုင်း ပေါက်ကွဲအော်ဟစ်ဖို့ထက် ကိုယ့်အသားကို နာကျင်အောင်လုပ်ပြီး ဖြေသိမ့်နိုင်ခဲ့သည်။ နာကျင်မှု့နှင့်မင်းမြတ်က တစ်သားထဲဖြစ်ခဲ့သည်။ ဒါကြောင့်လဲ Suicide လုပ်ဖို့ ကိုယ့်လက်ကောက်၀တ်ကို ကိုယ်လှီးဖြတ်နိုင်တဲ့ သတ္တိတွေ ရှိလာသည်။
""ဘာလို့သွားခဲ့တာလဲ .. အမေမသွားရဘူးလို့ ပြောနေတဲ့ ကြားထဲက စွန့်စွန့်စားစားနဲ့ မင်းသွားခဲ့တာ ဘာကြောင့်လဲ""
""သွားချင်လို့ပါ.. တစ်ခါလောက်တော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လူငယ်ပီပီ ခရီးထွက်ချင်လို့ပါ""
""အဲ့ဒီ့တော့ ပျော်ခဲ့လား""
""အမေ့ခွင့်ပြုချက်နဲ့ သွားခွင့်ရခဲ့ရင် သားပိုပျော်မိမှာပါ""
""trip လိုက်သွားတာကို အပြစ်ပြောနေတာမဟုက်ဘူး .. မငး်ကလန်ကဆန်နဲ့မိဘတွေမသိပဲ ခိုးကြောင်ခိုး၀ှက်လုပ်နေတာကို ငါမကြိုက်တာ""
""ခွင့်တောင်းခဲ့တယ်လေ .. တောင်းဆိုခဲ့တယ်လေ .. အမေတို့ဘယ်နခါများ သားပြောတာ သားလိုချင်တာ သားဖြစ်ချင်တာကို လက်ခံပေးခဲ့လို့လဲ .. အမြဲ .. အမြဲတမ်း အမေတို့ရဲ့ ဆန္ဒတွေကိုပဲ သား လိုက်လျှောခဲ့ရတာ.. အမေသာ သားပြောတုန်း လက်ခံပေးခဲ့ရင် သားလဲ နှစ်ထပ်တိုတ် ၀ရန်တာပေါ်က ခုန်ချစရာအကြောငး်မရှိဘူး.. ဒီနေ့ပျက်ကွက်သွားတဲ့ အချိန်တွေအတွက် ကျွန်တေ်ာပိုကြိုးစားရမယ် .. ရေကူးကျင့်ဖို့ နေရာနဲ့ training ပေးဖို့ ဆရာတစ်ယောက်ကို စုံစမ်းပေးပါ... ကျပန်းက နောက်တစ်ပတ်ထဲမှာမလား .. သားအသင့်ပြင်ထားပါ့မယ်""
မင်းမြတ် ကျောခိုင်းလှည့်ထွက်သွားသည်။
""မေမေစိုးရိမ်သလို သားထပ်မဖြစ်တော့ပာဘူးနော် .. အဲ့လိုထပ်ဖြစ်လာခဲ့ရင် သားကို မေမေ မကယ်တော့ဘူး .. သားနဲ့အတူ အမေပါ လိုက်သေမှာ""
မင်းမြတ်လွယ်အိတ်ကြိုးကိုခပ်တင်းတင်း တစ်ချက် ဆုပ်ကိုင်လိုက်သည်။
""သားကြောက်သွားပါပြီ မေမေ...""
အပေါ်ထပ်ကို တတ်သွားသော သားကို ကြည့်ပြီး ဒေါ်စောမြသီတာ မျက်ရည်ကျမိသည်။ ဒေါ်စောမြသီတာတစ်ယောက် နှလုံးခုန်မြန်နေသော ရင်ကို အသာဖိရင်း သောကကို ဖြေသိမ့်လိုက်သည်။
----------
စောင်တွေကိုချည်ကြိုးလုပ် ဝရန်တာက တွဲလောင်းခို ဆင်းခဲ့ပြီး မြေပြင်ပေါ် ခုန်ချခဲ့သည်။ ထို့ကြောင့် ရသွားသော ဒူးက ပွန်းပဲ့ဒဏ်ရာတွေကို ဆေးလိမ်းနေရသည်။
စပ်လိုက်တာ...
တစ်နေ့လုံး ဒူးကကွေးလို့မရ၊ တဆစ်ဆစ် နာ နေသည်။
ကျောပိုးအိတ်ထဲမှ ကင်မရာကို ဖွင့်ပြီး ဒီနေ့တစ်နေ့ ရိုက်မိသော ဓာက်ပုံများကို ကြည့်လိုက်သည်။ ဖုန်းတစ်လုံးနှင့်စကားများနေသော ဒီပါ နဲ့ ကြည်နူး ပုံများ၊ မသိအောင်ခိုးရိုက်ထားသော ကောင်လေးတစ်ယောက်ရဲ့ လှုပ်ရှားမှု့ ပုံရိပ်များ။
မင်းမြတ်ပုံများကို တစ်ပုံချင်းစီသေချာကြည့်ုပြီး ပြုံးလိုက်သည်။
............
စားဖိုချောင်က ကြီးကြီးက ကြက်သွန်အိတ်ကြီးကို မနိုင်မနင်းမလာသည်။
""ကြီးကြီး ကျွန်တော်ကူညီမယ်""
"" ကျေးဇူးပါပဲကြည်နူးလေးရယ်... ကြီးကြီးခါးနာနေလို့.. အလုပ်သမားကောင်လေးတွေကလညး် ထမင်းစားနေတယ်လေ.. ဒါကြီးရှိနေရင် အလုပ်သမားတွေနှိုက်သွားမှာစိုးလို့ ဂိုဒေါင်မှာသွားသိမ်းမလို့""
""ဟုက်ကဲ့ ဟုက်ကဲ့ .. ဂိုဒေါင်ထိ ကျွန်တော်ပဲ သွားပို့ပေးမယ်.""
""သားနိုင်ရဲ့လား ကြီးကြီးနဲ့နှစ်ယောက် ကူသယ်သွားမယ်လေ""
""ရတယ်.. တစ်ယောက်ထဲနိုင်တယ်.. ကြီးကြီးခါးကိုသာ ဂရုစိုက်..ဘယ်နားက ဂိုဒေါင်လဲ""
""Laboratory အဆောင်ရဲ့ အောက်ထပ်က""
""ဟုက် .. ဟုက် .. ""
""ဒီမှာသော့ .. ""
""ဟုက် ..ဟုက် ပြီးရင် သော့ပြန်လာပေးမယ်""
ကျောင်းတတ်ဘဲလ်တီးသံ ကြားလိုက်ပေမဲ့ ကြီးကြီးကိစ္စက အရေးကြီးနေတာကြောင့် ကြည်နူးအထွေအထူး မစဉ်းစားတော့။
ကြက်သွန်အိတ်ကြီးကို ပခုံးထက် သယ်ပိုးပြီး ကြားဖူးနား၀ ခြေဦးမလှည့်မိသော laboratoryဖက်သို့ လျှောက်လာသည်။
ဒီနားမှာ စာသင်ခန်းမရှိတာကြောင့် ကျောငး်တတ်ချိန်မှာ လူရှင်းနေသည်။
ကြည်နူးပခုံးမှာ ထမ်းထားသော ကြက်သွန်အိတ်ကြီးကို ခဏဘေးချ။ အဒေါ်ပေးလိုက်သော သော့တံဖြင့် ဂိုဒေါင်တံခါးကိုဖွင့်ကာ ကြည်သွန်အိတ်ကို ဆွဲပြီး အခန်းထဲ၀င်ခဲ့သည်။
အခန်းထဲရောက် ဟောဟဲစိုက်ကာ အသက်ရှုနေတုန်း အပြင်မှတံခါးကို သော့ခတ်လိုက်သံကြားလိုက်သည်။
""ဟေ့..ဟေ့.. အထဲမှာ လူရှိတယ်လေ""
ပြေးထွက်သွားသော ခြေသံကြောင့် ကြည်နူး စိတ်ရှုပ်စွာ ဆံပင်ဆွဲဖွလိုက်သည်။
ကောင်ရှင်းတို့ကတော့ ထကြွလာပြန်ပြီ....
---------
""ငါအိမ်သာက ပြန်လာတဲ့ လမ်းမှာ ကြုံကြိုက်လို့ ကြည်နူးနေနိုင်ကို ဂိုဒေါင်မှာ သော့ခတ်ထားခဲ့တယ် .. သမိုင်းအချိန်ပြီးမှ ပြန်ဖွင့်ပေးလိုက်မယ်လေ""
အနားကိုကပ်ပြောလာသော ရတနာအောင်စကားကြောင့် ရတီကြိတ်ကျေနပ်မိသည်။ နောက်အချိန်က သမိုင်းအချိန်။ ကြည်နူးနေနိုင်ကို သမိုငး်ဆရာမက သူ့ဘာသာကျလို့ မကြည်။ ကြည်နူးနေနိုင်ကို အထူးသတိထားမိသူဖြစ်ပြီး စာသင်ချိန်မှာ ကြည်နူးနေနိုင်ကို အမြဲပြသနာရှာတတ်သော ဆရာမဖြစ်သည်။ သူ့အချိန်မှာ ကြည်နူးနေနိုင်မရှိရင်တော့ အမျက်တော်ရှပေလိမ့်မည်။ နောက်အချိန်အထိသာ ကြည်နူးနေနိုင်ကို ပိတ်ထားလိုက်ရင် ရပြီ။
ပထမသချာၤချိန်ပြီး .. သမိုင်းဆရာမ၀င်လာသည်။
ထင်ထားသည့်အတိုင်းပင် သမိုငး်ဆရာမက ကြည်နူးနေနိုင်ကို သတိတရ ဦးဦးဖျားဖျား မေးသည်။ သိသူမရှိတော့ တမင်သူ့အချိန်မှာ လစ်သည်ထင်ကာ ကြည်နူးနေနိုင်ကို ကြိမ်းထားသည်။ တွက်ချက်ထားသလို ဖြစ်လာတာကြောင့် ရတီအားရမိသည်။
စာသင်နေချိန်တွင်
""တီချယ် .. ဟိုးက မီးခိုးတွေလား""
နေလင်းရဲ့စကားကြောင့် White Board တွင် စာရေးနေသော ဆရာမက နေလငး်ညွှန်ပြရာကို လှမ်း ကြည့်သည်။
""ဟုက်သားပဲ .. မီးလောင်နေတာလားမသိဘူး .. ""
""အဲ့ဖက်က Laboratory အဆောင်ဖက်မလား""
""ဟေ! ဟုက်သားပဲ""
ရတီလက်ထဲက ဘောပင်အောက်ကို ပြုတ်ကျသွားသည်။ ရတနာအောင်နှင့်ရတီ ချက်ချင်းပင် အကြည့်ဆုံမိသည်။ အချင်းချင်း အဓိပ္ပာယ်နားလည်ပြီးနောက် ရတီနှင့်ရတနာအောင် နေရာမှ ၀ုန်းခနဲ ထရပ်လိုက်သည်။
""ဘယ်သွားမလို့လဲ ရတီ .. အဲ့လောက် လန့်စရာမလိုပါဘူး .. ငါတို့နေရာနဲ့ ေ၀းပါတယ်.. မီးမကူးနိုင်ပါဘူး.. ""
တုန်လှုပ်နေသော ရတီလက်မောင်းကို ရတုလှမ်းဆွဲတားလိုက်သည်။
""မဟုက်ဘူး .. အဲ့မှာ .. ငါသွားမှဖြစ်မယ်""
""ပြေးဖို့မလိုပါဘူး .. ငာတို့အခန်းနဲ့ဝေးပါတယ်ဆို..""
""ဂိုဒေါင်မှာ ကြည်နူးနေနိုင် ပိတ်မိနေတယ် ရတု""
""ဘာ! ကြည်နူးနေနိုင်က .. ဂိုဒေါင်မှာ ဘာလို့ ....""
ရတု ဇေ၀ဇဝါဖြစ်နေစဉ် မင်းမြတ်က ရုတ်တရက် ထိုင်ရာမှထကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အခန်းပြင်ကို ပြေးထွက်သွားပြီးမှ အခန်းထဲကို ပြန်၀င်လာကာ ရတုဆွဲထားသည့် ရတီ့လက်ကို ဆွဲဆောင့်ယူပြီး ရတီ့ကို တပါတည်း ခေါ်သည်။
""ဟဲ့ ဘာတွေဖြစ်နေကြတာလဲ .. ကြည်နူးနေနိုင်က အခု ဂိုဒေါင်မှာတဲ့လား .. အဲ့ဒါဆို Laboratoryနဲ့ နီးတယ်လေ . .အောက်ထပ်ပဲ မဟုက်ဘူးလား""
ဆရာမက အထိတ်ထိတ်အပြာပြာဖြင့် မင်းမြတ်တို့အနောက်မှ အမြန် လိုက်သွားသည်။ ရတုက နေရာမှာပင် တုပ်တုပ်မလှုပ် ကြောင် ရပ်နေသည်။
""ကြောင်ပေါက်က .. ဘယ်လိုလုပ်ပြီး....""
ရတနာအောင်လည်း အခန်းထဲမှ ထွက်သွားတော့ ရတု ဂယောင်ခြောက်ခြားဖြင့် Laboratory ဖက်ကို ပြေးတော့သည်။
---------
ရတုက လမ်းမှာရှိသော လူများအားလုံးကို ကျော်တတ်ပြီး မီးလောင်ရာ Laboratory ရှေ့ကို အရင်ရောက်သွားသည်။
မီးညွှန့်မကျိူးသေး။ လူများက ရေပိုက်နှင့်တစ်မျိူး၊ မီးသက်ဆေးဗူးတစ်လှည့်၊ ရေပုံးများနှင့်တစ်ဖန်၊ သဲများနှင့်တစ်ခါ အလုအယက် မီးငြှိိမ်းနေကြသည်။
အဲ့ဒီ့အရှေ့မှာ မင်းမြတ်နှင့်ရတီက မတ်မတ်ကြီး ရပ်နေသည်။ ရတီက ငိုယိုလျှက် မင်းမြတ်လက်မောင်းကို လှုပ်ခါရမ်းနေသည်။
""မောင် .. ဒီအောက်ထပ်မှာ ကြည်နူးရှိနေတာ .. ဘယ်လိုလုပ်မလဲ .. မီးလောင်ေနတာ .. သူ .. သူ သေသွားပြီလား မသိဘူး .. ဆူး ထောင်ကျတော့မှာလားဟင် ..ဆူး မရည်ရွယ်ပါဘူး မောင်ရယ် .. ဆူးကို ကယ်ပါဦး..""
မီးအပူရှိန်က မင်းမြတ်တို့ကို လာဟပ်နေသည်။ မင်းမြတ်က တစတစ လောင်ကျွမ်းနေသော မီးကို ကြည့်ကာ
""ကြည်နူးနေနိုင် .. အထဲမှာ ရှိတာ သေချာလား .. ""
""သေချာတယ် .. ရတနာအောင် ပြောတယ် .. သူကိုယ်တိုင် ကြည်နူးနေနိုင်ကိုအပြင်က သော့ခတ်ခဲ့တာတဲ့ .. ဆူး .. ဆူး လုပ်တာမဟုက်တော့ .. ဆူး... ဆူးနဲ့ လွတ်ပါတယ်နော် .. ရတနာအောင်လုပ်တာလေ .. အဲ့တော့ အပြစ်ခံရလဲ ရတနာအောင်ပဲ ခံရမှာပေါ့ .. ဟုက်တယ်နော် ... မောင်""
မငး်မြတ်က သူ့ကို ဖက်တွယ်ကာ ငိုနေသော ဆူးလက်တို့ကို ဖြုတ်ချလိုက်သည်။ ဆုံးဖြတ်ချက်တစ်ခုကို အခို်င်အမာချပြီးသော မင်းမြတ်ကို ဆူးမယုံကြည်နိုင်စွာ ကြည့်ရင်း
""မသွား .. မသွားရဘူးနော် .. မောင် .. မောင် မသွားရဘူး""
မငး်မြတ်ခါးကိုဖက်လျှက် ရတီတားမိသည်။ မင်းမြတ်က ခါးကိုဖက်ထားသော ရတီ့လက်ကို အကြမ်းပတမ်း ရုန်းဖယ်ပြီး ရတီ့ကို ဆောင့်တွန်းလိုက်သည်။ ရတီလဲကျသွားတာကို မင်းမြတ်ဂရုမစိုက်။ အရှေ့ကို ဆက် လျှောက်ကာ ရေပုံးထဲမှ ရေတွေအားလုံးကို တစ်ကိုယ်လုံးပေါ် လောင်းချပြီး မီးထဲကို တိုး၀င်သွားသည်။
""ဟေ့ .. ကျောင်းသား .. အန္တရာယ်များတယ် ..""
မင်းမြတ်ဆောင့်တွန်းလိုက်တာကြောင့် လဲကျသွားသော ရတီက မီးထဲတိုး၀င်သွားသော မငး်မြတ်ကိုကြည့်ပြီး ခေါင်းတရမ်းရမ်းနှင့် ငိုတော့သည်။
ရတု ယောင်တောင်တောင်နှင့် ဘာလုပ်ရမှန်းမသိဖြစ်ေ်နသည်။ ရတီက ရတုကို မြင်တော့ ကုန်းထလာကာ ရတုရင်ခွင်ထဲတိုး၀င်လာသည်။
""ငါ ... ငါ အကုန် ကြားပြီးသွားပြီ .. ငါ အထဲကို ၀င်သွားပြီး ကြည်နူးနေနိုင်ကို ကယ် လိုက်မယ်""
""မသွားပါနဲ့ .. ဒီပါ .. ငါ ကြောက်လို့ပါ .. မသွားပါနဲ့ .. ငါ့ကို တစ်ယောက်ထဲ မထားသွားပါနဲ့""
ဒီပါကို ဆွဲဖက်ကာ ငိုနေသော ရတီ့ကြောင့် ဒီပါတွေေ၀သွားသည်။ ရှေ့သို့လှမ်းရန် ပြင်နေသည့် ခြေလှမ်းများကို နောက်ပြန်ဆုတ်လိုက်သည်။
""အငး် .. ငါနင့်အနားမှာပဲ နေပေးမယ် .. နင်ဘာမှမဖြစ်စေရဘူး .. ငါနင်နဲ့ပတ်သက်တာ အားလုံးကို တာ၀န်ယူမယ်.. ""
မီးဟုန်းဟုန်းတောတ်နေသော အဆောက်အအုံကို ငေးကြည့်ရင်း ရင်ခွင်ထဲမှ ရတီ့ကို သိမ်းကြုံးဖက်ထားလိုက်သည်။
မင်းမြတ်က မီးထဲကို ၀င်သွားတာကြောင့် လူတွေအားလုံး ဟာခနဲ ဟင်ခနဲ ပြာယာခတ်သွားကြသည်။
""ဟဲ့ .. မီးကို မြန်မြန်ငြှိမ်းပါဟဲ့ .. မီးသတ်က မလာသေးဘူးလား""
ဆူညံ့ပွက်လောရို်က်သွားသည်။ မီးငြိမ်သွားစဉ် အထဲမှ ထွက်လာသော အရိပ်ကြောင့် အားလုံး အံ့သြသွားသည်။ ငိုနေသော ရတီလည်း ဆက်မငိုနိုင်တော့သလို ရတု လညး် မျက်လုံးပြူးသွားသည်။
""ဘယ်လိုဖြစ်ပြီး....""
မျှော်လင့်ထားကြသလို မင်းမြတ်က Hero ဆန်ဆန် မီးထဲမှာ ကူကယ်ရာမဲ့နေသော ကြည်နူးနေနိုင်ကို Bridal style ပွေ့ချီမလာ ကယ်ထုတ်လာခြင်းမျိူးမဟုက်။
မျက်နှာမှာ မဲညစ်ပေတလူးနေသော ကြည်နူးက သတိလစ်မေ့မျောနေသော ကြီးကောင်ကြီးမား မင်းမြတ်ကိုယ်ကြီးကို ကျောထက်မှာ ပွေ့ထမ်းလာခြင်းဖြစ်သည်။ ကြည်နူးထက် အဆပြန်ရှည်နေသော ခြေတံရှည်ရှည်နှင့် မင်းမြတ်က ကြည်နူးပခုံးထက် ခေါငး်မှီတင်ကာ ကြည်နူးပခုံးကို လက်ဖြင့်ပိုက်ဖက်ထားသည်။
ကြည်နူးထမ်းပိုးလာသော မင်းမြတ်ကို ၀ိုင်း၀န်ကူသယ်ပေးလိုက်ကြသည်။ မင်းမြတ်ကကြည်နူးကို အတင်းဖက်ထားတာကြောင့် မနည်းဆွဲယူခွာလိုက်ရသည်။ မေ့မျောနေသော မင်းမြတ်ရဲ့လက်ကို ကြည်နူးဆုပ်ကိုင်လျှက် နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။
""ငါမင်းအနားမှာ ရှိတယ် .. ဘာမှမဖြစ်တော့ဘူး.. ငါမငး်ကို စောင့်ရှောက်ပေးမယ်""
မင်းမြတ်ကို ပွေ့ခေါ်သွားသောသူရဲ့ အနောက်ကို လိုက်ရန် ပြင်လိုက်စဉ် အနားမှာ ရှိနေသော ရတုနှင့်ရတီကို မြင်လိုက်သည်။ ရတုအနား လျှောက်သွားပြီး
""မင်းဘယ်အချိန်ထိ ထမီကြားထဲကနေ လက်သီးပုန်းြပနေမှာလဲ .. မင်းယောက်ျားမဟုက်ဘူးလား .. ယောကျား်အချငး်ချငး် ပေါ်တင်ဖိုက်ရအောင် .. အခုလို ခိုးကြောင်ခိုး၀ှက် လက်နက်ပုန်းတွေနဲ့ မဟုက်ပဲ ကွင်းပြင်မှာပဲ ဖြစ်ဖြစ် နပမ်းလုံးမလား .. မင်းသတိ္တရှိရှိ ချိန်းဆိုခဲ့ရင် ကြည်နူးနေနိုင်တို့က အချိန်မရွေး ပုဆိုးခါးတောငး်ကျိူက်ပြီး လာခဲ့မယ်.. နောက်ပြီး""
ရတုရင်ခွင်ထဲက ရတီ့ကိုတွန်းဖယ်ကာ ရတုရဲ့ အကျႌလည်ပင်းစကို ဆွဲချလိုက်သည်။ ရတုအောက်ကိုငုံ့လာတော့ မျက်နှာချငး်ဆိုင်ကပ်ကာ
""ငါတို့နှစ်ယောက်ရဲ့ ကိစ္စကို ငါတို့နှစ်ယောက်ပဲ ဒဲ့ ရှင်းမယ်.. အခြားလူတွေ ဆွဲမထည့်နဲ့ .. ငါနဲ့ပတ်သက်ပြီး မင်းကြောင့် မဆိုင်တဲ့လူ ထိခိုက်သွားခဲ့ရင် မင်းကိုသတ်ပြီး ငါထောင်ထဲ၀င်ဖို့ ဝန်မလေးဘူး.. ငါစကားသက်သက်ပြောတာမဟုက်ဘူး .. အခုမငး်မြတ်တစ်ခုခုဖြစ်သွားရင် သွားဆိုသွား .. မျက်လုံးဆိုမျက်လုံး ပြန်ပေးဆပ်ဖို့ ပြင်ထား""
ကြည်နူးနေနိုင်ရဲ့ အခုလိုပုံစံကို ရတုတစ်ခါမှ မမြင်ဖူး။ မျက်စံရဲတတ်လာကာ မျက်တောင် မခတ်ပါပဲ မျက်ရည်ကြည်တို့ အိုင်ထွန်းနေသည်။ မျက်ရည်မကျအောင် အံကြိတ်တင်းခံထားသည်။
ကြောင်ပေါက် .. ငါ့ကို စိတ်နာသွားပြီလား ..
အတွေးနှင့် ရတု ရင်ထဲဆစ်ခနဲ။
ငါလုပ်တာမဟုက်ဘူး .. ကြောင်ပေါက်.. အဲ့ဒါကြောင့် မင်းငါ့ကို အထင်လွဲလို့မရဘူး ..
ကြောင်ပေါက်အနားမှာ မရှိတော့မှ ရတီက ရတုခါးကို ဖက်လာသည်။
""ငါ့ကြောင့်နင်အပြောခံလိုက်ရတာ .. ငါစိတ်မကောငး်ပါဘူး""
""နောက်တစ်ခါ .. မင်းသဘောအတိုင်း ကြည်နူးနေနိုင်ကို ဘာမှ မလုပ်ပါနဲ့ .. နင့်အနားမှာ အမြဲရှိပေးခဲ့တဲ့ င့ါမျက်နှာကို ထောက်ထားပြီးတော့ပဲ ဖြစ်ဖြစ် နောက်တစ်ခါ ထပ်မဖြစ်ပါစေနဲ့ လင်း""
ရတု ရင်ခွင်ထဲကနေ ရတီက ရတုမျက်နှာကို မော့ကြည့်လာသည်။ ရတုက သူမကို လငး် တဲ့လား ..
အမြဲ ရတု ရဲ့ ရတီ လို့ ဖွဲ့နွဲ့ပြခဲ့သည့် ရတုရှင်းဒီပါက အခုတော့ သူမကို တစ်ခါမှ မသုံးဖူးတဲ့ လင်း တဲ့လားးးး
ရတုရဲ့ရတီ အဖြစ် နင်ပြောငး်လဲသွားပြီလား .... မဖြစ်ရဘူးနော် ... ငါ နင်မရှိပဲ မရပ်တည်နိုင်သေးဘူး ..
_____________
ေ
ပါေ့ပါ့ပါးပါးလေးပါပဲဗျ .. ဘာမှအခါးတွေမကျေွးဘူး ... စိတ်အေးအေးထား.. Ending ဖို့အေ၀းကြီးလိုသေးတယ် .. မထင်မှတ်ထားတာတွေ အများကြီးဖြစ်လာနိုင်သေးတယ် .. ဘယ် OTPမှာ အတည်မဟုက်သေးဘူး.. Roတွေ Sweetတွေ ပိုးစိုးပက်ဆက်ကို ပါတော့မှာ။ ဘယ်သူ့ဖက်ကပဲ ကြည့်ကြည့် SE မဟုက်တာတော့ သေချာတယ် (အဲ့လိုပဲ ဂျငး်ထည့်ရမှာပဲ 😝)
Seme,Ukeက မင်္ဂလာဦးညမှ ထင်းခနဲ လင်းခနဲ သိစေရမယ် 😌
နောက်တစ်ပိုင်းမှာ မင်းမြတ်နဲ့ကြည်နူး မီးထဲမှာ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ပြန်ရှင်းပေးမယ်😉
Mail Box မှာ ပို့ထားတာတွေ Feedbackတွေအတွက် ကျေးဇူးတင်ပါတယ် 💘😍
အဲ့လောက် အဖက်လုပ်ပေးမယ်လို့ မထင်ထားမိဘူး ❤
ပီတိတွေမဟာတရားကို ဖြာထွက်နေတာ 😋
အဲ့လိုလေးတွေကြောင့် ကျွန်တော်မျိူးက မUpပဲ မနေနိုင်တာ😘
Update ပစ်ထားမိရင် တာဝန်မကျေသလို ခံစားရလို့ 😁
ကျွန်တော်တတ်နိုင်သမျှ အားရင်အားသလို ကျန်းမာရေးကောင်းရင် ကောင်းသလို Updateလုပ်ပေးမယ်နော်😊
ကျွန်တော်လုံးဝမတတ်နိုင်တဲ့ အချိန်မှာ ပျက်ကွက်ခဲ့ရင်လည်း နားလည်ပေးပါ ❤
Ficနဲ့ပတ်သက်ပြီး အဆင်မပြေတာရှိရင် ပြောချင်တာရှိရင် ကျွန်တော့ကို လာပြောနိုင်ပါတယ် 😊
စာလုံးပေါင်း မှားတာတွေပါခဲ့ရင် တစ်ချက်ပြောပေးပါဗျ .. editပေးပါ့မယ်❤
8.35PM , 11-Dec-17💌