"Saesaeng fan၏ ပြန်ပေးဆွဲခံရသော အဆိုတော်Jiminအား မင်းသားJungkookမှ အချိန်မှီကယ်ဆယ်ခဲ့ခြင်း"
All K Stars Page တွင်တက်လာသော ခေါင်းစီးမဲမဲကြီးကို မျက်လုံးပြူးနေအောင်ဖတ်လိုက်သည်။ ထို့နောက်တချိုးတည်း တဖက်ကCafeဆီသို့ပြေးလေတော့သည်။
"Hyungရေ....Hyung"
"ဘာဖြစ်လာတာလဲ ဝင်တိုက်ကုန်တော့မှာပဲ....JeWarရာ"
"Hyung ဒီမှာ ဒီမှာကြည့်ပါဦး"
"ဘာတုန်း"
JeWarပြသောအရာကို Hoseokသေချာစူးစိုက်ကာကြည့်လိုက်သည်။
"ဟင်....Jiminလား သူပြောတာ Hyungတို့Jiminလား"
Hoseokတို့နှစ်ယောက်လုံး ပူထူသွားသည်။ ဘုရား တရားမ,လို့ နှစ်ယောက်လုံးဘာမှမဖြစ်ကြပါစေနဲ့။
"ဟုတ်တယ်Hyung...Fan Meetingမှာဖြစ်သွားတာတဲ့...ဘယ်လိုလုပ်မလဲ Jimin Hyungအဆင်ပြေရဲ့လားမသိဘူး"
"အခု ဘယ်မှာတဲ့လဲ"
".....ဆေးရုံမှာလို့ပြောတယ်"
"ဟုတ်လား...ဒါဆို လိုက်သွားရအောင်လာ"
Hoseokလည်း ဧည့်သည်တွေကို အနူးအညွှတ်တောင်းပန်ကာ ဆိုင်အမြန်ပိတ်ပြီး Jiminရှိရာဆေးရုံသို့အမြန်ပြေးကြလေသည်။
"ဘုရားရေ...ဒါ ဘာဖြစ်တာလဲ"
မြင်လိုက်ရတဲ့သတင်းကြောင့် Siခေါင်းကိုလက်နဲ့ဖိလိုက်ရသည်။ ဘယ့်နှယ်....လူစွမ်းကောင်းကြီးဝင်လုပ်ရတာတုန်း။ ဒီကလေးနဲ့တော့။
"အမြန်အခန်းထဲဝင်ခဲ့စမ်း"
ဆက်သွယ်လိုက်ပြီးမကြာခင်မှာပဲ Staffလေးရောက်လာသည်။
"ငါ့အတွက်သံပုရာရည်အမြန်ဖျော်ခဲ့စမ်း...သွား"
"ဟုတ်ကဲ့ရှင့်"
ထို့နောက်ဖုန်းကိုဆွဲယူလိုက်ပြီး တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်သည်။
"ငါနော် ဖုန်းမကိုင်ပြန်ဘူး အမလေး ရူးတော့မှာပဲ"
"ဖုန်းကိုင်စမ်းပါဟဲ့"
"Hello"
တဖက်မှ ဖုန်းကိုင်လိုက်သောကြောင့်Si အပူလုံးကြီးကျသွားကာ တရစပ်မေးပါတော့သည်။
"Jungkook မင်းဘာတွေထိခိုက်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး noonaရဲ့ မစိုးရိမ်ပါနဲ့"
"မစိုးရိမ်လို့ရမလား မင်းကလူစွမ်းကောင်းဝင်လုပ်တာလေ အဲ့ဒါထက်ဆိုးတာက ငါအခု ဝင်လာမဲ့Phone Callsတွေကို ဘယ်လိုလုပ်ရမလဲ"
တဖက်မှ Jungkookက ခပ်ဟဟရယ်လာသည်။
"ရယ်မနေနဲ့ငါ့မောင်ရေ မင်းဘွားလေးဆီကဖုန်းကိုငါအကြောက်ဆုံးပဲ"
တကယ်တော့ပြောသာပြောရတာ Jungkookရယ်သံကြားမှ Siလည်းစိတ်ပေါ့သွားရသည်။ တစ်ဦးတည်းသောမောင်လေးမို့ အထိအခိုက်မခံနိုင်ပေါင်။
လာချသွားသော သံပုရာရည်ကိုတစ်ငုံမော့လိုက်ပြီး
"Noonaခုပဲလိုက်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ"
"တကယ့်လူဆိုးကောင်ပဲ!"
Siရေရွတ်လိုက်ပြီး အခန်းထဲက အမြန်ထွက်ခဲ့တော့သည်။
"သူဘယ်ချိန်လောက်သတိရမလဲဗျာ့"
အိပ်ပျော်နေဆဲဖြစ်တဲ့ Jiminကိုကြည့်လိုက်ပြီး Jungkookဘေးကနားက ဆရာဝန်ကိုမေးလိုက်သည်။
"သူပေးတဲ့မေ့ဆေးကတော်တော်ပြင်းတဲ့အပြင် သက်ရောက်မှုတော်တော်များတယ် ဒါပေမဲ့ မစိုးရိမ်ပါနဲ့ သိပ်မကြာခင်သူနိုးလာပါလိမ့်မယ်"
"ဟုတ်ကဲ့ဗျ ကျေးဇူးပါပဲ"
ဆရာဝန်နဲ့အတူပါလာတဲ့ သူနာပြုလေးက သူ့ဆီက Signတောင်တောင်းသွားပါသေးသည်။
သူတို့ထွက်သွားတော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ဆေးရုံဝတ်စုံနဲ့ကောင်လေးကိုငေးကြည့်နေမိသည်။မင်းနိုးလာလို့ တခုခုမေးလာခဲ့ရင် ကိုယ်ဘယ်လိုဖြေရပါ့မလဲ။ ကိုယ်တိုင်တောင်အဖြေရှာမတွေ့တာ သူများမေးတာဖြေဖို့ဆိုပြောမနေပါနဲ့တော့။
Jungkookထိုကောင်လေးကို စူးစိုက်နေအောင်ကြည့်နေမိသည်။ ကြည့်နေတုန်းမှာပင် Jiminရဲ့မျက်ခွံလေးတွေလှုပ်ရှားလာသည်။ ထို့နောက် ဖျတ်ခနဲဆိုသလို မျက်လုံးလေးပွင့်လာသည်။
"မင်း သတိရလာပြီလား"
"ဟင်...Jeon Jungkook"
"ဟုတ်ပါတယ် ကိုယ်Jeon Jungkookပါ မင်းဘယ်လိုနေသေးလဲ"
သိတယ်လေ သိတယ် Jungkookမှန်းသိတာပေါ့သေချာအောင်မေးကြည့်တာလေ။ အိမ်မက်မက်နေတာမဟုတ်ဘူးပဲ။
Jiminဆတ်ခနဲထထိုင်လိုက်သောအခါ Jungkookကဘေးကိုချက်ချင်းရောက်လာသည်။
"ရပါတယ် ကျွန်တော်ထနိုင်ပါတယ်"
"မင်းအဆင်ပြေရင်ပြီးတာပါပဲ"
"ဒါနဲ့ ခင်ဗျားရော ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး ဒါပေမဲ့...."
ဒါပေမဲ့ရဲ့နောက်က ဆက်လာမဲ့ စကားကို Jiminမသိမသာစောင့်မျှော်နေမိသည်
နောက်ကျောပေးလျက်ပြတင်းပေါက်မှန်နားကပ်သွားကာအောက်ကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး Jungkookဆက်ပြောလိုက်သည်။
"ငါတို့သတင်းစာရှင်းလင်းပွဲလုပ်ရမယ်နဲ့တူတယ်"
"သြော်...."
တစ်လုံးတည်းသာပြောလိုက်နိုင်သည်။ အင်းပေါ့ လုပ်ရမှာပေါ့ သာမန်လူတွေမှမဟုတ်ကြတာပဲ။
"ဒါဖြင့် သူတို့မေးလာရင်ဘယ်လိုဖြေကြမလဲ ပြီးတော့ Jungkookက ကျွန်တော့်ဆီဘယ်လို.."
တရစပ်ထွက်လာတဲ့ စကားတွေကို ထပ်ပြောရန်ကြိုးစားနေတုန်း Jungkookရှိရာကိုခေါင်းလေးစောင်းလိုက်မိသည်။
"ကျွန်တော့်ဆီကို ဘယ်လိုလုပ်ပြီး?"
"ငါပစ္စည်းဝယ်စရာရှိလို့ လာခဲ့တာ Car Parkingမှာ မင်းကို သူခေါ်လာတာတွေ့လို့ "
ထိုမင်းသားသည်ကျွန်တော့်ကို တစ်ချက်လေးတောင်လှည့်မကြည့်ပါဘဲ နောက်ကျောပေးလျက်သာ အေးစက်စက်စကားနှင့်တုံ့ပြန်လေသည်။
"သြော်"
ဘယ်နှကြိမ်မြောက်ရေရွတ်နေမိမှန်းမသိတော့။
"ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်"
နောက်ဆုံးတွင်အသံတိမ်ဝင်သွားတဲ့ ကျွန်တော့်ကို သူသတိထားမိသွားတယ်ထင်ပါရဲ့။ မင်းသားက လှည့်ကြည့်လာသည်။
"မင်း တကယ်အဆင်ပြေရဲ့လား"
အနားနားကပ်လာကာ စိုးရိမ်တဲ့မျက်ဝန်းလေးတွေနဲ့မေးလာတဲ့ သူ့ကြောင့်ကျွန်တော်ဝမ်းသာပီတိဂွမ်းဆီထိကာ ရင်တလှပ်လှပ်ဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။
Jungkookတခုခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် တံခါးဖွင့်သံနဲ့အတူ Jungkookအမဖြစ်သူHoonSiဝင်လာလေသည်။
"မောင်လေး "
"Noonaမြန်သားပဲ "
"မင်းဘာမှမဖြစ်ပါဘူးနော် noonaဖြင့်စိတ်ပူလိုက်ရတာ"
ဟိုစမ်းဒီစမ်းလုပ်နေတဲ့ သူ့noonaကြောင့် Jiminက ပြုံးနေလေသည်။ နာမည်ကြီးမင်းသားတစ်ယောက်ကို ကလေးလိုပြုမူနေသော Noonaလက်တွေကို ဆွဲချလိုက်ပြီး
"ဘာမှမဖြစ်ပါဘူးဆို...."
"အေးပါ စိတ်ပူမိလို့ပါ"
Jiminထပ်ပြုံးလိုက်မိသည်။ Hoseok Hyungလိုပါပဲလား hyungဆိုရင်လည်း သူ့ကိုစိတ်အရမ်းပူတတ်တာလေ။
"ဒါနဲ့ ဒီက Jiminရော အဆင်ပြေရဲ့လား"
နာမည်တပ်မေးလာတာကြောင့် အထူးအဆန်းမဖြစ်တော့ပါ။ Segullရဲ့အခွဲလည်းဖြစ် အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့ သူ့ကိုမသိဘဲမဖြစ်နိုင်။
"ကျွန်တော်အဆင်ပြေပါတယ်"
"အင်း အောက်မှာ သတင်းထောက်တွေက ကြိုရောက်နေတယ် ဘယ်လိုလုပ်မယ်တွေးထားကြလဲ"
"ကျွန်တော်တို့ နာရီဝက်လောက်နေရင်ပွဲစကြတာပေါ့ noonaသွားစီစဉ်ထားလိုက်လေ"
"ဩော် အင်းအင်း ဒါဆိုnoonaသွားစီစဉ်လိုက်မယ်နော် အဆင်သင့်ဖြစ်ရင်ထွက်ခဲ့ကြ"
နှစ်ယောက်လုံးကို အသာအယာပြုံးပြလိုက်ပြီး သူမထွက်သွားသည်။ Jiminလည်း ကုတင်ပေါ်ကချက်ချင်းဆင်းလိုက်သည်။
ဖုန်းသံတဒီးဒီးကြောင့် ဝေ့ဝဲကြည့်လိုက်တော့ Jungkookဆီကဖုန်းဖြစ်သည်။ ဘယ်သူဘယ်ဝါမှန်းသေချာမသိပေမဲ့ မိန်းကလေးများလားဆိုတဲ့အတွေးက သူ့ကိုမူးမိုက်စေသည်။
"အင်း ကိုယ်ဘာမှမဖြစ်ပါဘူး စိတ်ချ"
"......"
"အင်းပါ မစိုးရိမ်ပါနဲ့ နောက်မှပြန်ဆက်လိုက်မယ်နော်"
ဖုန်းချသွားတဲ့အထိ Jiminတောင့်တောင့်ကြီးရပ်နေမိသည်။ သူ့အသံတွေက ဘာလို့ ပုံမှန်ထက်နူးညံ့နေရတာတုန်း?
မဟုတ်လောက်ပါဘူး။
အသိတစ်ယောက်ဖြစ်မှာပါ။
မိမိကိုယ်ကိုဖြေသိမ့်ရင်း မျက်နှာချင်းဆိုင်က Jungkookကိုပြုံးပြကာ Jiminခြေလှမ်းလိုက်သည်။
"အခုချက်ချင်းသွားမှာလား"
"ဗျာ ဟုတ်"
အယောင်ယောင်နဲ့ သူဖြေလိုက်တော့ Jungkookကပြုံးသည်။
"အိုကေလေ "
"ခဏလေး"
Jiminဟန့်လိုက်တော့ Jungkookရပ်တန့်သွားသည်။တစ်လှမ်းချင်းသူ့ဆီတိုးလာတဲ့ Jiminကြောင့်Jungkookကြောင်နေမိသည်။
ဗုဒ္ဓေါ ရင်ခွင်ထဲလာနေတာတော့ မဟုတ်လောက်ပါဘူးနော်။
"အ!"
ရုတ်တရက်လက်တစ်ဖက်က ဝဲဘက်ရင်အုံကိုလာထိတာကြောင့် ဆစ်ခနဲကျင်သွားကာအော်လိုက်မိသည်။ သူအော်မှ Jiminကပိုဖိလေသည်။
"အ နာတယ် ဘေးဖယ်"
"ခင်ဗျား ဒဏ်ရာရထားတာပဲ ဘာလို့ဘာမှမလုပ်တာလဲ ကိုယ့်ကိုကိုယ်ဂရုစိုက်ရမှာမဟုတ်ဘူးလား ဒါလေးတောင်မတွေးတတ်ဘူးလား"
ဆက်တိုက်ပြောကာ အသံတွေတုန်မျက်ရည်လားဘာလားမသဲကွဲသော အရည်ကြည်တစ်ချို့ဝေ့နေတဲ့ ထိုကောင်လေးကြောင့် သူဘာတစ်ခွန်းမှမဟနိုင်။ ရင်ဘတ်ပေါ်ဖိကပ်ထားတဲ့ လက်လေးကလည်း တုန်ရီနေတာများလား။
"အဲ့လောက်ထိစိုးရိမ်စရာမလိုပါဘူး ဒါလောက်ကအရေးမကြီးပါဘူး"
ဖျတ်ခနဲ့မော့ကြည့်လာတဲ့ မျက်ဝန်းတွေထဲမှာ ဘာသာမဲ့အရိပ်တစ်ချို့ပြေးလွှားနေသည်။ ဘာတွေလဲတော့ သူသေချာမသိပေမဲ့ ထိုအရောင်တွေက နာကျင်မှုန်မှိုင်းနေသလိုပင်။
ဝဲဘက်ရင်အုံပေါ်က လက်ကလေးဟာ အလိုလိုပြုတ်ချသွားသည်။
"Sorry ကျွန်တော်အရေးမပါတာတွေလုပ်မိပြီ
ဟုတ်တယ် ခင်ဗျားပြောတာမှန်ပါတယ်
ဒါပေမဲ့ ပရိတ်သတ်တွေအတွက်ဖြစ်ဖြစ် သေချာဂရုစိုက်ပေးရမယ်လေ သူတို့ချစ်တဲ့ idolတစ်ယောက်များထိခိုက်ခဲ့ရင် သူတို့အသားထိတာထက်မချိမဆန့်ခံစားရတတ်လို့ ခင်ဗျားဂရုစိုက်ပေးပါ"
ဟုတ်တယ်ကျွန်တော်က ခင်ဗျားနဲ့ပတ်သတ်ရင်အရူးလို အဓိပ္ပါယ်မရှိတာတွေဘာတွေမသိဘဲ လုပ်မိတတ်တဲ့ ပရိတ်သတ်တစ်ယောက်သာသာပဲ။
ထိုကောင်လေးရဲ့ ချက်ကျလက်ကျစကားတွေကို သူတုံ့ပြန်ရန်သင့်တော်သော စကားလုံးတို့က ရှာမတွေ့။
"မင်း ငါ့ဒဏ်ရာကိုဆေးစည်းပေးလို့ရမလား"
"ဗျာ?"
ရှီးတဲ့မှ ဘာတွေသွားပြောနေမိတာလဲ Jeon Jungkookရေ!
ဘယ်ကဘယ်လိုပြောလိုက်မိမှန်းမသိတဲ့ သူ့စကားကြောင့် သူကိုယ်တိုင်ပင်မယုံနိုင်ဖြစ်ရသလို ထိုကောင်လေးကလည်း မျက်လုံးလေးဝိုင်းကာမော့ကြည့်နေသည်။
"ဟို..ဟို ကိုယ်ပြောချင်တာက"
သေစမ်း Jeon Jungkookရေ ဘာဆက်ပြောရတော့မတုန်း။
"ခင်ဗျား ဒဏ်ရာကိုဆေးထည့်ပေးစေချင်တာလား?"
"အင်း"
ထပ်လုပ်ပြန်ပြီ နည်းနည်းပါးပါးငြင်းမယ်ကြံထားတာကို။ သွားပြီ အခု သူ့ပုံစံက ထိုကောင်လေးဆီကဆေးစည်းခံဖို့တောင်းဆိုနေတဲ့လူနာတစ်ယောက်လိုများလား။
"ခဏလေးဆေးခြင်းရှိတယ် ကျွန်တော်စည်းပေးမယ်ထိုင်နေ"
မထူးစိတ်ပိုက်ကာ Jiminပြောတဲ့အတိုင်း ဆိုဖာပေါ်မှာထိုင်နေလိုက်သည်။ တကယ်တမ်း ဒဏ်ရာကပြောသလောက်လည်းမကြီးမားတဲ့အပြင် မလိုဘူးထင်လို့ သူတမင်မေ့ထားခဲ့တာ ။
ဒါကိုထိုကောင်လေးက ဘယ်လိုသိတာပါလိမ့်?
"အင်္ကျီချွတ်"
"ဟမ်"
Jiminစကားကြောင့် သူအိမ်မက်ကနေ လန့်နိုးလာတဲ့လူတစ်ယောက်လို လန့်ဖျတ်သွားသည်။ ထိုကောင်လေးကိုကြည့်လိုက်တော့ ပါးလေးတွေရဲနေသယောင်။
"မချွတ်ဘဲ ဘယ်လိုဆေးထည့်မှာလဲ"
ဟုတ်သား ခက်တော့ခက်နေပြီ ။
ဘာကိစ္စရင်ဘတ်ကိုထိရတာလဲဆိုပြီး Saesaeng fanကိုလှမ်းအပြစ်တင်ရမဲ့ကိန်း။
မတတ်နိုင်ဘူး ယောကျာ်းချင်းပဲဆိုတဲ့အတွေးနဲ့အတူ အပေါ်အင်္ကျီတစ်ထပ်ကိုချွတ်ကာ အောက်ကအဖြူရောင်ရှပ်ကို ကြယ်သီးတွေဖြုတ်လိုက်သည်။
အခုJungkookပုံက အဖြုရောင်အင်္ကျီမှာ ကြယ်သီးမတပ်ဘဲ အလွတ်ဖြစ်နေသည်သာ။ လှိုက်ခနဲ ခုန်သွားတဲ့ ရင်အစုံကြောင့် Jiminကိုယ့်ကိုကိုယ်စိတ်ထဲကပင်မေတ္တာပို့လိုက်သည်။
ဘေးကခုံပုလေးကိုဆွဲယူကာ မျက်နှာချင်းဆိုင်ထိုင်လိုက်သောအခါ ဆိုဖာအမြင့်ပေါ်မှာထိုင်နေတဲ့ သူ့ရင်ခွင်နဲ့ကိုယ်နဲ့ဟာဖြောင့်တန်းနေသည်။
ကျစ်လစ်တောင့်တင်းနေတဲ့ကြွက်သားတွေနဲ့ အနီးကပ်မြင်နေရတဲ့ အသားစိုင်တွေကြောင့် သူအငွေ့တောင်ပျံချင်လာသည်။
အရင်ဆုံး အနာကိုဆေးရန်အရက်ပြန်ယူလိုက်ကာ ဂွမ်းနဲ့တို့လိုက်ပြီး အနာကိုတို့လိုက်သည်။ ဒဏ်ရာကသိပ်မကြီးတာကြောင့် စိုးရိမ်စိတ်ကိုအနည်းငယ်လျော့စေသည်။
"အာ အမေရေ"
အော်သံကြောင့်လန့်ဖျတ်ကာ လက်ထဲကဂွမ်းစလေးတောင်ပြုတ်ကျသွားရသည်။
သူ့ကိုပြူးကြောင်ကြောင်ကြည့်နေတဲ့ Jiminကြောင့်Jungkookရှက်သွားကာ ဟီးခနဲနေအောင်ရယ်ပြလိုက်သည်။
"ဟို ကိုယ်ကဆေးဆို အကုန်ကြောက်တတ်တယ် အာ့ကြောင့်ငယ်ငယ်တည်းက ဒဏ်ရာမရအောင်နေခဲ့တာ ကိုယ်ကpharamacyနဲ့ပတ်သတ်ရင် အကုန်ကြောက်တတ်လို့"
သူ့ရှေ့မှာ ကလေးတစ်ယောက်လိုပြောကာရယ်မောနေတဲ့ မင်းသားကြောင့်Jiminလည်း အားရပါးရရယ်လိုက်မိသည်။
စောစောက အပေါ်ပိုင်းကိုယ်ကိုမြင်လို့ နှစ်ဦးလုံးရှက်နေတာတွေလည်းမရှိတော့။ သိပ်ကိုချစ်ဖို့ကောင်းတဲ့ အချိန်ကာလလေးပါလား~
"ကဲ ဆေးပြန်ထည့်မယ် နည်းနည်းစပ်မယ် ဒီလောက်တော့ခံနိုင်မှာပါ ဟုတ်တယ်မလား"
အကဲစမ်းသလိုပြောလာတဲ့ Jiminကြောင့်သူရှုံ့မဲ့ကာ ပြုံးပြလိုက်သည်။ သူတခါဆေးတို့လိုက်တိုင်း တုန်တုန်သွားတဲ့ မင်းသားကြောင့်Jiminကြိတ်ခွီနေမိသည်။
အဲ့လောက်တောင်ကလေးဆန်ရသလား မင်းသားရယ်။
အခုဆိုရင်ဖြင့် ကောင်လေးတစ်ယောက်ရဲ့ဗလာကျင်းနေတဲ့ ရင်ဘတ်ရှေ့တည့်တည့်မှာ ဆေးထည့်ပေးနေတဲ့ကောင်လေးတစ်ယောက်ရှိနေပါတယ်လေ။
အပေါ်စီးကနေမြင်နေရတဲ့ မျက်တောင်ကော့ကော့လေးတွေရယ်။
လေမှုတ်ပေးနေတဲ့ နှုတ်ခမ်းထူအမ်းအမ်းလေးတွေရယ်။
ရင်ခွင်ထဲမြှုပ်လုမတတ်ဖြစ်နေတဲ့ ထိုကောင်လေးကြောင့် Jungkookအသက်တောင်မရှူနိုင်ဘဲ တောင့်တောင့်ကြီးမျက်လုံးပြူးနေမိသည်။
"ကဲ ဒါထည့်ပြီးရင်ပြီးပြီ ငြိမ်ငြိမ်နေ မကြောက်နဲ့"
သူ့ကိုကလေးလို ချော့မော့နေတဲ့ကောင်လေးကြောင့်Jungkookခမျာ ငိုရမလို ရယ်ရမလိုနဲ့သာ။
"ဒါနဲ့ မင်းက ကိုယ်ဒဏ်ရာရမှန်းဘယ်လိုသိတာလဲ"
သူ့အမေးကြောင့်မျက်လုံးလေးပင့်ကြည့်လာတဲ့သူ။
"ခံစားလို့ရတယ်လေ"
"ဘယ်လို?"
Jiminရဲ့စကားက သူ့ကိုနားလည်နိုင်စွမ်းမပေးနိုင်။
"နီးစပ်နေတဲ့လူနှစ်ယောက်မှာ ပြင်းပြတဲ့လူက တခြားတစ်ယောက်ရဲ့ နာကျင်ခြင်းပျော်ရွှင်ခြင်းတွေအကုန်လုံးကို နှုတ်က မပြောပြပါဘဲ အလိုအလျောက်သိနိုင်တယ်"
"ဟင်"
လာပြန်ပြီ ဒီစကားလုံးတွေ ကြားဖူးနေတာလား တနေရာမှာ ကြားခဲ့ဖူးတာလား ဘာတွေလား။
"အား...!"
Jiminဖိသိပ်လိုက်တာကြောင့်Jungkookအသံထွက်အောင်အော်လိုက်သည်။
"ရရဲ့လား အရမ်းနာသွားလား"
မျက်ပြူးဆန်ပြာဖြစ်သွားတဲ့Jiminကြောင့် သူ့ရင်ထဲ အမျိုးအမည်မသိတဲ့လှိုင်းလေးဖြတ်ပြေးသွားသည်။
"ရပါတယ် ပြီးပြီမလား"
"ဩော် အင်း ရပြီ ပြန်ဝတ်လိုက်တော့"
Jiminကလည်းဆေးခြင်းကိုသိမ်းကာ တဖက်လှည့်သွားချိန် သူအင်္ကျီအမြန်ကောက်စွပ်လိုက်ရသည်။
ဟူး သူ့ရဲ့ဒီပုံစံကိုမြင်ဖူးတာ ထိုကောင်လေးက ပထမဦးဆုံးဆိုတာသိပါ့မလား!
"သွားကြရအောင်လေ"
"အင်း"
သူတို့နှစ်ဦးလုံး ရှင်းလင်းပွဲလုပ်မဲ့နေရာကို ဆင်းခဲ့ကြသည်။
ဘုရား ဘုရား အဲ့သလောက်တောင်လူတွေကများရသလား။ အေးလေ အရမ်းကျော်ကြားတဲ့ မင်းသားနဲ့အဆိုတော်ပဲ ဒီလောက်တော့ရှိရမှာပေါ့
ငါနဲ့သူသာတချိန်မှာ Dating Confirmခဲ့ရင်ဒီလိုပဲဖြစ်လာမှာလားဆိုတဲ့အတွေးကြောင့်ဒိတ်ခနဲရင်ခုန်သွားရသည်။
ထိုင်ခုံမှာဝင်ထိုင်လိုက်တော့ ကင်မရာမီးတွေက ရပ်တန့်ခြင်းမရှိအောင်လက်လက်ထသွားသည်။ သူတို့မေးသမျှမေးခွန်းတိုင်းကို Jungkookကသာ ဒိုင်ခံပြီးဖြေရှင်းသွားလေသည်။
သို့သော်Jungkookရဲ့ထိုနေ့က စကားတစ်ခွန်းသည်သူ့ရင်ကိုကိုင်လှုပ်သွားခဲ့ပါသည်။
"ကျွန်တော်တို့က တစ်မြို့တည်းသားတွေပါ Jiminကိုကျွန်တော်က ဂရုစိုက်ဖို့တာဝန်ရှိတယ်လို့ထင်မိပါတယ်"
ဘာစကားလဲ တမြို့တည်းသားတွေမှန်း သူဘယ်လိုလုပ်သိတာလဲ။
သူ သူ ငါ့ကိုသိနေခဲ့တာများလား
ဒါမှမဟုတ်။
Thanks for reading and voting.
Zawgyi Version
"Saesaeng fan၏ ျပန္ေပးဆြဲခံရေသာ အဆိုေတာ္Jiminအား မင္းသားJungkookမွ အခ်ိန္မွီကယ္ဆယ္ခဲ့ျခင္း"
All K Stars Page တြင္တက္လာေသာ ေခါင္းစီးမဲမဲႀကီးကို မ်က္လံုးျပဴးေနေအာင္ဖတ္လိုက္သည္။ ထို႔ေနာက္တခ်ိဳးတည္း တဖက္ကCafeဆီသို႔ေျပးေလေတာ့သည္။
"Hyungေရ....Hyung"
"ဘာျဖစ္လာတာလဲ ဝင္တိုက္ကုန္ေတာ့မွာပဲ....JeWarရာ"
"Hyung ဒီမွာ ဒီမွာၾကၫ့္ပါဦး"
"ဘာတုန္း"
JeWarျပေသာအရာကို Hoseokေသခ်ာစူးစိုက္ကာၾကၫ့္လိုက္သည္။
"ဟင္....Jiminလား သူေျပာတာ Hyungတို႔Jiminလား"
Hoseokတို႔ႏွစ္ေယာက္လံုး ပူထူသြားသည္။ ဘုရား တရားမ,လို႔ ႏွစ္ေယာက္လံုးဘာမွမျဖစ္ၾကပါေစနဲ႔။
"ဟုတ္တယ္Hyung...Fan Meetingမွာျဖစ္သြားတာတဲ့...ဘယ္လိုလုပ္မလဲ Jimin Hyungအဆင္ေျပရဲ့လားမသိဘူး"
"အခု ဘယ္မွာတဲ့လဲ"
".....ေဆးရံုမွာလို႔ေျပာတယ္"
"ဟုတ္လား...ဒါဆို လိုက္သြားရေအာင္လာ"
Hoseokလည္း ဧၫ့္သည္ေတြကို အႏူးအၫႊတ္ေတာင္းပန္ကာ ဆိုင္အျမန္ပိတ္ၿပီး Jiminရိွရာေဆးရံုသို႔အျမန္ေျပးၾကေလသည္။
"ဘုရားေရ...ဒါ ဘာျဖစ္တာလဲ"
ျမင္လိုက္ရတဲ့သတင္းေၾကာင့္ Siေခါင္းကိုလက္နဲ႔ဖိလိုက္ရသည္။ ဘယ့္ႏွယ္....လူစြမ္းေကာင္းႀကီးဝင္လုပ္ရတာတုန္း။ ဒီကေလးနဲ႔ေတာ့။
"အျမန္အခန္းထဲဝင္ခဲ့စမ္း"
ဆက္သြယ္လိုက္ၿပီးမၾကာခင္မွာပဲ Staffေလးေရာက္လာသည္။
"ငါ့အတြက္သံပုရာရည္အျမန္ေဖ်ာ္ခဲ့စမ္း...သြား"
"ဟုတ္ကဲ့ရွင့္"
ထို႔ေနာက္ဖုန္းကိုဆြဲယူလိုက္ၿပီး တစ္စံုတစ္ေယာက္ကိုဖုန္းေခၚလိုက္သည္။
"ငါေနာ္ ဖုန္းမကိုင္ျပန္ဘူး အမေလး ရူးေတာ့မွာပဲ"
"ဖုန္းကိုင္စမ္းပါဟဲ့"
"Hello"
တဖက္မွ ဖုန္းကိုင္လိုက္ေသာေၾကာင့္Si အပူလံုးႀကီးက်သြားကာ တရစပ္ေမးပါေတာ့သည္။
"Jungkook မင္းဘာေတြထိခိုက္သြားေသးလဲ"
"ဘာမွမျဖစ္ပါဘူး noonaရဲ့ မစိုးရိမ္ပါနဲ႔"
"မစိုးရိမ္လို႔ရမလား မင္းကလူစြမ္းေကာင္းဝင္လုပ္တာေလ အဲ့ဒါထက္ဆိုးတာက ငါအခု ဝင္လာမဲ့Phone Callsေတြကို ဘယ္လိုလုပ္ရမလဲ"
တဖက္မွ Jungkookက ခပ္ဟဟရယ္လာသည္။
"ရယ္မေနနဲ႔ငါ့ေမာင္ေရ မင္းဘြားေလးဆီကဖုန္းကိုငါအေၾကာက္ဆံုးပဲ"
တကယ္ေတာ့ေျပာသာေျပာရတာ Jungkookရယ္သံၾကားမွ Siလည္းစိတ္ေပါ့သြားရသည္။ တစ္ဦးတည္းေသာေမာင္ေလးမို႔ အထိအခိုက္မခံႏိုင္ေပါင္။
လာခ်သြားေသာ သံပုရာရည္ကိုတစ္ငံုေမာ့လိုက္ၿပီး
"Noonaခုပဲလိုက္လာခဲ့မယ္"
"ဟုတ္ကဲ့ပါ"
"တကယ့္လူဆိုးေကာင္ပဲ!"
Siေရရြတ္လိုက္ၿပီး အခန္းထဲက အျမန္ထြက္ခဲ့ေတာ့သည္။
"သူဘယ္ခ်ိန္ေလာက္သတိရမလဲဗ်ာ့"
အိပ္ေပ်ာ္ေနဆဲျဖစ္တဲ့ Jiminကိုၾကၫ့္လိုက္ၿပီး Jungkookေဘးကနားက ဆရာဝန္ကိုေမးလိုက္သည္။
"သူေပးတဲ့ေမ့ေဆးကေတာ္ေတာ္ျပင္းတဲ့အျပင္ သက္ေရာက္မႈေတာ္ေတာ္မ်ားတယ္ ဒါေပမဲ့ မစိုးရိမ္ပါနဲ႔ သိပ္မၾကာခင္သူႏိုးလာပါလိမ့္မယ္"
"ဟုတ္ကဲ့ဗ် ေက်းဇူးပါပဲ"
ဆရာဝန္နဲ႔အတူပါလာတဲ့ သူနာျပဳေလးက သူ႔ဆီက Signေတာင္ေတာင္းသြားပါေသးသည္။
သူတို႔ထြက္သြားေတာ့ ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ေဆးရံုဝတ္စံုနဲ႔ေကာင္ေလးကိုေငးၾကၫ့္ေနမိသည္။မင္းႏိုးလာလို႔ တခုခုေမးလာခဲ့ရင္ ကိုယ္ဘယ္လိုေျဖရပါ့မလဲ။ ကိုယ္တိုင္ေတာင္အေျဖရွာမေတြ့တာ သူမ်ားေမးတာေျဖဖို႔ဆိုေျပာမေနပါနဲ႔ေတာ့။
Jungkookထိုေကာင္ေလးကို စူးစိုက္ေနေအာင္ၾကၫ့္ေနမိသည္။ ၾကၫ့္ေနတုန္းမွာပင္ Jiminရဲ့မ်က္ခြံေလးေတြလႈပ္ရွားလာသည္။ ထို႔ေနာက္ ဖ်တ္ခနဲဆိုသလို မ်က္လံုးေလးပြင့္လာသည္။
"မင္း သတိရလာၿပီလား"
"ဟင္...Jeon Jungkook"
"ဟုတ္ပါတယ္ ကိုယ္Jeon Jungkookပါ မင္းဘယ္လိုေနေသးလဲ"
သိတယ္ေလ သိတယ္ Jungkookမွန္းသိတာေပါ့ေသခ်ာေအာင္ေမးၾကၫ့္တာေလ။ အိမ္မက္မက္ေနတာမဟုတ္ဘူးပဲ။
Jiminဆတ္ခနဲထထိုင္လိုက္ေသာအခါ Jungkookကေဘးကိုခ်က္ခ်င္းေရာက္လာသည္။
"ရပါတယ္ ကြၽန္ေတာ္ထႏိုင္ပါတယ္"
"မင္းအဆင္ေျပရင္ၿပီးတာပါပဲ"
"ဒါနဲ႔ ခင္ဗ်ားေရာ ဘာျဖစ္သြားေသးလဲ"
"ဘာမွမျဖစ္ပါဘူး ဒါေပမဲ့...."
ဒါေပမဲ့ရဲ့ေနာက္က ဆက္လာမဲ့ စကားကို Jiminမသိမသာေစာင့္ေမ်ွာ္ေနမိသည္
ေနာက္ေက်ာေပးလ်က္ျပတင္းေပါက္မွန္နားကပ္သြားကာေအာက္ကိုတစ္ခ်က္ငံု႔ၾကၫ့္လိုက္ၿပီး Jungkookဆက္ေျပာလိုက္သည္။
"ငါတို႔သတင္းစာရွင္းလင္းပြဲလုပ္ရမယ္နဲ႔တူတယ္"
"ေၾသာ္...."
တစ္လံုးတည္းသာေျပာလိုက္ႏိုင္သည္။ အင္းေပါ့ လုပ္ရမွာေပါ့ သာမန္လူေတြမွမဟုတ္ၾကတာပဲ။
"ဒါျဖင့္ သူတို႔ေမးလာရင္ဘယ္လိုေျဖၾကမလဲ ၿပီးေတာ့ Jungkookက ကြၽန္ေတာ့္ဆီဘယ္လို.."
တရစပ္ထြက္လာတဲ့ စကားေတြကို ထပ္ေျပာရန္ႀကိဳးစားေနတုန္း Jungkookရိွရာကိုေခါင္းေလးေစာင္းလိုက္မိသည္။
"ကြၽန္ေတာ့္ဆီကို ဘယ္လိုလုပ္ၿပီး?"
"ငါပစၥည္းဝယ္စရာရိွလို႔ လာခဲ့တာ Car Parkingမွာ မင္းကို သူေခၚလာတာေတြ့လို႔ "
ထိုမင္းသားသည္ကြၽန္ေတာ့္ကို တစ္ခ်က္ေလးေတာင္လွၫ့္မၾကၫ့္ပါဘဲ ေနာက္ေက်ာေပးလ်က္သာ ေအးစက္စက္စကားႏွင့္တံု႔ျပန္ေလသည္။
"ေၾသာ္"
ဘယ္ႏွႀကိမ္ေျမာက္ေရရြတ္ေနမိမွန္းမသိေတာ့။
"ဘာပဲျဖစ္ျဖစ္ေက်းဇူးတင္ပါတယ္"
ေနာက္ဆံုးတြင္အသံတိမ္ဝင္သြားတဲ့ ကြၽန္ေတာ့္ကို သူသတိထားမိသြားတယ္ထင္ပါရဲ့။ မင္းသားက လွၫ့္ၾကၫ့္လာသည္။
"မင္း တကယ္အဆင္ေျပရဲ့လား"
အနားနားကပ္လာကာ စိုးရိမ္တဲ့မ်က္ဝန္းေလးေတြနဲ႔ေမးလာတဲ့ သူ႔ေၾကာင့္ကြၽန္ေတာ္ဝမ္းသာပီတိဂြမ္းဆီထိကာ ရင္တလွပ္လွပ္ျဖင့္ေခါင္းၿငိမ့္ျပလိုက္သည္။
Jungkookတခုခုေျပာရန္ ဟန္ျပင္လိုက္စဉ္မွာပင္ တံခါးဖြင့္သံနဲ႔အတူ Jungkookအမျဖစ္သူHoonSiဝင္လာေလသည္။
"ေမာင္ေလး "
"Noonaျမန္သားပဲ "
"မင္းဘာမွမျဖစ္ပါဘူးေနာ္ noonaျဖင့္စိတ္ပူလိုက္ရတာ"
ဟိုစမ္းဒီစမ္းလုပ္ေနတဲ့ သူ႔noonaေၾကာင့္ Jiminက ၿပံဳးေနေလသည္။ နာမည္ႀကီးမင္းသားတစ္ေယာက္ကို ကေလးလိုျပဳမူေနေသာ Noonaလက္ေတြကို ဆြဲခ်လိုက္ၿပီး
"ဘာမွမျဖစ္ပါဘူးဆို...."
"ေအးပါ စိတ္ပူမိလို႔ပါ"
Jiminထပ္ၿပံဳးလိုက္မိသည္။ Hoseok Hyungလိုပါပဲလား hyungဆိုရင္လည္း သူ႔ကိုစိတ္အရမ္းပူတတ္တာေလ။
"ဒါနဲ႔ ဒီက Jiminေရာ အဆင္ေျပရဲ့လား"
နာမည္တပ္ေမးလာတာေၾကာင့္ အထူးအဆန္းမျဖစ္ေတာ့ပါ။ Segullရဲ့အခြဲလည္းျဖစ္ ေအာင္ျမင္တဲ့အဆိုရွင္တစ္ေယာက္ျဖစ္တဲ့ သူ႔ကိုမသိဘဲမျဖစ္ႏိုင္။
"ကြၽန္ေတာ္အဆင္ေျပပါတယ္"
"အင္း ေအာက္မွာ သတင္းေထာက္ေတြက ႀကိဳေရာက္ေနတယ္ ဘယ္လိုလုပ္မယ္ေတြးထားၾကလဲ"
"ကြၽန္ေတာ္တို႔ နာရီဝက္ေလာက္ေနရင္ပြဲစၾကတာေပါ့ noonaသြားစီစဉ္ထားလိုက္ေလ"
"ေဩာ္ အင္းအင္း ဒါဆိုnoonaသြားစီစဉ္လိုက္မယ္ေနာ္ အဆင္သင့္ျဖစ္ရင္ထြက္ခဲ့ၾက"
ႏွစ္ေယာက္လံုးကို အသာအယာၿပံဳးျပလိုက္ၿပီး သူမထြက္သြားသည္။ Jiminလည္း ကုတင္ေပၚကခ်က္ခ်င္းဆင္းလိုက္သည္။
ဖုန္းသံတဒီးဒီးေၾကာင့္ ေဝ့ဝဲၾကည့္လိုက္ေတာ့ Jungkookဆီကဖုန္းျဖစ္သည္။ ဘယ္သူဘယ္ဝါမွန္းေသခ်ာမသိေပမဲ့ မိန္းကေလးမ်ားလားဆိုတဲ့အေတြးက သူ႔ကိုမူးမိုက္ေစသည္။
"အင္း ကိုယ္ဘာမွမျဖစ္ပါဘူး စိတ္ခ်"
"......"
"အင္းပါ မစိုးရိမ္ပါနဲ႔ ေနာက္မျွပန္ဆက္လိုက္မယ္ေနာ္"
ဖုန္းခ်သြားတဲ့အထိ Jiminေတာင့္ေတာင့္ႀကီးရပ္ေနမိသည္။ သူ႔အသံေတြက ဘာလို႔ ပံုမွန္ထက္ႏူးညံ့ေနရတာတုန္း?
မဟုတ္ေလာက္ပါဘူး။
အသိတစ္ေယာက္ျဖစ္မွာပါ။
မိမိကိုယ္ကိုေျဖသိမ့္ရင္း မ်က္ႏွာခ်င္းဆိုင္က Jungkookကိုၿပံဳးျပကာ Jiminေျခလွမ္းလိုက္သည္။
"အခုခ်က္ခ်င္းသြားမွာလား"
"ဗ်ာ ဟုတ္"
အေယာင္ေယာင္နဲ႔ သူေျဖလိုက္ေတာ့ Jungkookကၿပံဳးသည္။
"အိုေကေလ "
"ခဏေလး"
Jiminဟန႔္လိုက္ေတာ့ Jungkookရပ္တန႔္သြားသည္။တစ္လွမ္းခ်င္းသူ႔ဆီတိုးလာတဲ့ Jiminေၾကာင့္Jungkookေၾကာင္ေနမိသည္။
ဗုဒၶေါ ရင္ခြင္ထဲလာေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။
"အ!"
ရုတ္တရက္လက္တစ္ဖက္က ဝဲဘက္ရင္အံုကိုလာထိတာေၾကာင့္ ဆစ္ခနဲက်င္သြားကာေအာ္လိုက္မိသည္။ သူေအာ္မွ Jiminကပိုဖိေလသည္။
"အ နာတယ္ ေဘးဖယ္"
"ခင္ဗ်ား ဒဏ္ရာရထားတာပဲ ဘာလို႔ဘာမွမလုပ္တာလဲ ကိုယ့္ကိုကိုယ္ဂရုစိုက္ရမွာမဟုတ္ဘူးလား ဒါေလးေတာင္မေတြးတတ္ဘူးလား"
ဆက္တိုက္ေျပာကာ အသံေတြတုန္မ်က္ရည္လားဘာလားမသဲကြဲေသာ အရည္ၾကည္တစ္ခ်ိဳ႕ေဝ့ေနတဲ့ ထိုေကာင္ေလးေၾကာင့္ သူဘာတစ္ခြန္းမွမဟႏိုင္။ ရင္ဘတ္ေပၚဖိကပ္ထားတဲ့ လက္ေလးကလည္း တုန္ရီေနတာမ်ားလား။
"အဲ့ေလာက္ထိစိုးရိမ္စရာမလိုပါဘူး ဒါေလာက္ကအေရးမႀကီးပါဘူး"
ဖ်တ္ခနဲ႔ေမာ့ၾကၫ့္လာတဲ့ မ်က္ဝန္းေတြထဲမွာ ဘာသာမဲ့အရိပ္တစ္ခ်ိဳ႕ေျပးလႊားေနသည္။ ဘာေတြလဲေတာ့ သူေသခ်ာမသိေပမဲ့ ထိုအေရာင္ေတြက နာက်င္မႈန္မိႈင္းေနသလိုပင္။
ဝဲဘက္ရင္အံုေပၚက လက္ကေလးဟာ အလိုလိုျပဳတ္ခ်သြားသည္။
"Sorry ကြၽန္ေတာ္အေရးမပါတာေတြလုပ္မိၿပီ
ဟုတ္တယ္ ခင္ဗ်ားေျပာတာမွန္ပါတယ္
ဒါေပမဲ့ ပရိတ္သတ္ေတြအတြက္ျဖစ္ျဖစ္ ေသခ်ာဂရုစိုက္ေပးရမယ္ေလ သူတို႔ခ်စ္တဲ့ idolတစ္ေယာက္မ်ားထိခိုက္ခဲ့ရင္ သူတို႔အသားထိတာထက္မခ်ိမဆန႔္ခံစားရတတ္လို႔ ခင္ဗ်ားဂရုစိုက္ေပးပါ"
ဟုတ္တယ္ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ပတ္သတ္ရင္အရူးလို အဓိပၸါယ္မရိွတာေတြဘာေတြမသိဘဲ လုပ္မိတတ္တဲ့ ပရိတ္သတ္တစ္ေယာက္သာသာပဲ။
ထိုေကာင္ေလးရဲ့ ခ်က္က်လက္က်စကားေတြကို သူတံု႔ျပန္ရန္သင့္ေတာ္ေသာ စကားလံုးတို႔က ရွာမေတြ့။
"မင္း ငါ့ဒဏ္ရာကိုေဆးစည္းေပးလို႔ရမလား"
"ဗ်ာ?"
ရွီးတဲ့မွ ဘာေတြသြားေျပာေနမိတာလဲ Jeon Jungkookေရ!
ဘယ္ကဘယ္လိုေျပာလိုက္မိမွန္းမသိတဲ့ သူ႔စကားေၾကာင့္ သူကိုယ္တိုင္ပင္မယံုႏိုင္ျဖစ္ရသလို ထိုေကာင္ေလးကလည္း မ်က္လံုးေလးဝိုင္းကာေမာ့ၾကၫ့္ေနသည္။
"ဟို..ဟို ကိုယ္ေျပာခ်င္တာက"
ေသစမ္း Jeon Jungkookေရ ဘာဆက္ေျပာရေတာ့မတုန္း။
"ခင္ဗ်ား ဒဏ္ရာကိုေဆးထၫ့္ေပးေစခ်င္တာလား?"
"အင္း"
ထပ္လုပ္ျပန္ၿပီ နည္းနည္းပါးပါးျငင္းမယ္ႀကံထားတာကို။ သြားၿပီ အခု သူ႔ပံုစံက ထိုေကာင္ေလးဆီကေဆးစည္းခံဖို႔ေတာင္းဆိုေနတဲ့လူနာတစ္ေယာက္လိုမ်ားလား။
"ခဏေလးေဆးျခင္းရိွတယ္ ကြၽန္ေတာ္စည္းေပးမယ္ထိုင္ေန"
မထူးစိတ္ပိုက္ကာ Jiminေျပာတဲ့အတိုင္း ဆိုဖာေပၚမွာထိုင္ေနလိုက္သည္။ တကယ္တမ္း ဒဏ္ရာကေျပာသေလာက္လည္းမႀကီးမားတဲ့အျပင္ မလိုဘူးထင္လို႔ သူတမင္ေမ့ထားခဲ့တာ ။
ဒါကိုထိုေကာင္ေလးက ဘယ္လိုသိတာပါလိမ့္?
"အက်ႌခြၽတ္"
"ဟမ္"
Jiminစကားေၾကာင့္ သူအိမ္မက္ကေန လန႔္ႏိုးလာတဲ့လူတစ္ေယာက္လို လန႔္ဖ်တ္သြားသည္။ ထိုေကာင္ေလးကိုၾကၫ့္လိုက္ေတာ့ ပါးေလးေတြရဲေနသေယာင္။
"မခြၽတ္ဘဲ ဘယ္လိုေဆးထၫ့္မွာလဲ"
ဟုတ္သား ခက္ေတာ့ခက္ေနၿပီ ။
ဘာကိစၥရင္ဘတ္ကိုထိရတာလဲဆိုၿပီး Saesaeng fanကိုလွမ္းအျပစ္တင္ရမဲ့ကိန္း။
မတတ္ႏိုင္ဘူး ေယာက်ာ္းခ်င္းပဲဆိုတဲ့အေတြးနဲ႔အတူ အေပၚအက်ႌတစ္ထပ္ကိုခြၽတ္ကာ ေအာက္ကအျဖဴေရာင္ရွပ္ကို ၾကယ္သီးေတျြဖဳတ္လိုက္သည္။
အခုJungkookပံုက အျဖဳေရာင္အက်ႌမွာ ၾကယ္သီးမတပ္ဘဲ အလြတ္ျဖစ္ေနသည္သာ။ လိႈက္ခနဲ ခုန္သြားတဲ့ ရင္အစံုေၾကာင့္ Jiminကိုယ့္ကိုကိုယ္စိတ္ထဲကပင္ေမတၲာပို႔လိုက္သည္။
ေဘးကခံုပုေလးကိုဆြဲယူကာ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ေသာအခါ ဆိုဖာအျမင့္ေပၚမွာထိုင္ေနတဲ့ သူ႔ရင္ခြင္နဲ႔ကိုယ္နဲ႔ဟာေျဖာင့္တန္းေနသည္။
က်စ္လစ္ေတာင့္တင္းေနတဲ့ႂကြက္သားေတြနဲ႔ အနီးကပ္ျမင္ေနရတဲ့ အသားစိုင္ေတြေၾကာင့္ သူအေငြ့ေတာင္ပ်ံခ်င္လာသည္။
အရင္ဆံုး အနာကိုေဆးရန္အရက္ျပန္ယူလိုက္ကာ ဂြမ္းနဲ႔တို႔လိုက္ၿပီး အနာကိုတို႔လိုက္သည္။ ဒဏ္ရာကသိပ္မႀကီးတာေၾကာင့္ စိုးရိမ္စိတ္ကိုအနည္းငယ္ေလ်ာ့ေစသည္။
"အာ အေမေရ"
ေအာ္သံေၾကာင့္လန႔္ဖ်တ္ကာ လက္ထဲကဂြမ္းစေလးေတာင္ျပဳတ္က်သြားရသည္။
သူ႔ကိုျပဴးေၾကာင္ေၾကာင္ၾကၫ့္ေနတဲ့ Jiminေၾကာင့္Jungkookရွက္သြားကာ ဟီးခနဲေနေအာင္ရယ္ျပလိုက္သည္။
"ဟို ကိုယ္ကေဆးဆို အကုန္ေၾကာက္တတ္တယ္ အာ့ေၾကာင့္ငယ္ငယ္တည္းက ဒဏ္ရာမရေအာင္ေနခဲ့တာ ကိုယ္ကpharamacyနဲ႔ပတ္သတ္ရင္ အကုန္ေၾကာက္တတ္လို႔"
သူ႔ေရ႔ွမွာ ကေလးတစ္ေယာက္လိုေျပာကာရယ္ေမာေနတဲ့ မင္းသားေၾကာင့္Jiminလည္း အားရပါးရရယ္လိုက္မိသည္။
ေစာေစာက အေပၚပိုင္းကိုယ္ကိုျမင္လို႔ ႏွစ္ဦးလံုးရွက္ေနတာေတြလည္းမရိွေတာ့။ သိပ္ကိုခ်စ္ဖို႔ေကာင္းတဲ့ အခ်ိန္ကာလေလးပါလား~
"ကဲ ေဆးျပန္ထၫ့္မယ္ နည္းနည္းစပ္မယ္ ဒီေလာက္ေတာ့ခံႏိုင္မွာပါ ဟုတ္တယ္မလား"
အကဲစမ္းသလိုေျပာလာတဲ့ Jiminေၾကာင့္သူရႈံ႔မဲ့ကာ ၿပံဳးျပလိုက္သည္။ သူတခါေဆးတို႔လိုက္တိုင္း တုန္တုန္သြားတဲ့ မင္းသားေၾကာင့္Jiminႀကိတ္ခြီေနမိသည္။
အဲ့ေလာက္ေတာင္ကေလးဆန္ရသလား မင္းသားရယ္။
အခုဆိုရင္ျဖင့္ ေကာင္ေလးတစ္ေယာက္ရဲ့ဗလာက်င္းေနတဲ့ ရင္ဘတ္ေရ႔ွတၫ့္တၫ့္မွာ ေဆးထၫ့္ေပးေနတဲ့ေကာင္ေလးတစ္ေယာက္ရိွေနပါတယ္ေလ။
အေပၚစီးကေနျမင္ေနရတဲ့ မ်က္ေတာင္ေကာ့ေကာ့ေလးေတြရယ္။
ေလမႈတ္ေပးေနတဲ့ ႏႈတ္ခမ္းထူအမ္းအမ္းေလးေတြရယ္။
ရင္ခြင္ထဲျမႇဳပ္လုမတတ္ျဖစ္ေနတဲ့ ထိုေကာင္ေလးေၾကာင့္ Jungkookအသက္ေတာင္မရႉႏိုင္ဘဲ ေတာင့္ေတာင့္ႀကီးမ်က္လံုးျပဴးေနမိသည္။
"ကဲ ဒါထၫ့္ၿပီးရင္ၿပီးၿပီ ၿငိမ္ၿငိမ္ေန မေၾကာက္နဲ႔"
သူ႔ကိုကေလးလို ေခ်ာ့ေမာ့ေနတဲ့ေကာင္ေလးေၾကာင့္Jungkookခမ်ာ ငိုရမလို ရယ္ရမလိုနဲ႔သာ။
"ဒါနဲ႔ မင္းက ကိုယ္ဒဏ္ရာရမွန္းဘယ္လိုသိတာလဲ"
သူ႔အေမးေၾကာင့္မ်က္လံုးေလးပင့္ၾကၫ့္လာတဲ့သူ။
"ခံစားလို႔ရတယ္ေလ"
"ဘယ္လို?"
Jiminရဲ့စကားက သူ႔ကိုနားလည္ႏိုင္စြမ္းမေပးႏိုင္။
"နီးစပ္ေနတဲ့လူႏွစ္ေယာက္မွာ ျပင္းျပတဲ့လူက တျခားတစ္ေယာက္ရဲ့ နာက်င္ျခင္းေပ်ာ္ရႊင္ျခင္းေတြအကုန္လံုးကို ႏႈတ္က မေျပာျပပါဘဲ အလိုအေလ်ာက္သိႏိုင္တယ္"
"ဟင္"
လာျပန္ၿပီ ဒီစကားလံုးေတြ ၾကားဖူးေနတာလား တေနရာမွာ ၾကားခဲ့ဖူးတာလား ဘာေတြလား။
"အား...!"
Jiminဖိသိပ္လိုက္တာေၾကာင့္Jungkookအသံထြက္ေအာင္ေအာ္လိုက္သည္။
"ရရဲ့လား အရမ္းနာသြားလား"
မ်က္ျပဴးဆန္ျပာျဖစ္သြားတဲ့Jiminေၾကာင့္ သူ႔ရင္ထဲ အမ်ိဳးအမည္မသိတဲ့လိႈင္းေလးျဖတ္ေျပးသြားသည္။
"ရပါတယ္ ၿပီးၿပီမလား"
"ေဩာ္ အင္း ရၿပီ ျပန္ဝတ္လိုက္ေတာ့"
Jiminကလည္းေဆးျခင္းကိုသိမ္းကာ တဖက္လွၫ့္သြားခ်ိန္ သူအက်ႌအျမန္ေကာက္စြပ္လိုက္ရသည္။
ဟူး သူ႔ရဲ့ဒီပံုစံကိုျမင္ဖူးတာ ထိုေကာင္ေလးက ပထမဦးဆံုးဆိုတာသိပါ့မလား!
"သြားၾကရေအာင္ေလ"
"အင္း"
သူတို႔ႏွစ္ဦးလံုး ရွင္းလင္းပြဲလုပ္မဲ့ေနရာကို ဆင္းခဲ့ၾကသည္။
ဘုရား ဘုရား အဲ့သေလာက္ေတာင္လူေတြကမ်ားရသလား။ ေအးေလ အရမ္းေက်ာ္ၾကားတဲ့ မင္းသားနဲ႔အဆိုေတာ္ပဲ ဒီေလာက္ေတာ့ရိွရမွာေပါ့
ငါနဲ႔သူသာတခ်ိန္မွာ Dating Confirmခဲ့ရင္ဒီလိုပဲျဖစ္လာမွာလားဆိုတဲ့အေတြးေၾကာင့္ဒိတ္ခနဲရင္ခုန္သြားရသည္။
ထိုင္ခံုမွာဝင္ထိုင္လိုက္ေတာ့ ကင္မရာမီးေတြက ရပ္တန႔္ျခင္းမရိွေအာင္လက္လက္ထသြားသည္။ သူတို႔ေမးသမ်ွေမးခြန္းတိုင္းကို Jungkookကသာ ဒိုင္ခံၿပီးေျဖရွင္းသြားေလသည္။
သို႔ေသာ္Jungkookရဲ့ထိုေန့က စကားတစ္ခြန္းသည္သူ႔ရင္ကိုကိုင္လႈပ္သြားခဲ့ပါသည္။
"ကြၽန္ေတာ္တို႔က တစ္ၿမိဳ႔တည္းသားေတြပါ Jiminကိုကြၽန္ေတာ္က ဂရုစိုက္ဖို႔တာဝန္ရိွတယ္လို႔ထင္မိပါတယ္"
ဘာစကားလဲ တၿမိဳ႔တည္းသားေတြမွန္း သူဘယ္လိုလုပ္သိတာလဲ။
သူ သူ ငါ့ကိုသိေနခဲ့တာမ်ားလား
ဒါမွမဟုတ္။
Thanks for reading and voting.