လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင...

By iggie_27

15.4K 1.1K 142

Credit to Original from AFF! More

Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11

Chapter-1

2.9K 127 10
By iggie_27

"အဆင်​​ပြေရဲ့လား~အရှင့်​သမီး??"

ဝံပု​လွေကြီးကို​မောင်းထုတ်​နိုင်​လိုက်​ပြီးတဲ့​နောက်​ သစ်​ပင်​အ​ကြီးကြီးအ​နောက်​မှာပုန်း
နေတဲ့တိုင်းပြည်​ရဲ့အနာဂတ်​ဘုရင်​မ​လျောင်းလျာ​လေးကို ​ယောကျာ်း​လေးတစ်​​ယောက်​လိုဝတ်​စားဆင်​ယင်​ထားတဲ့ ​ကောင်​မ​လေးကစိတ်​ပူပင်​မှု​တွေနဲ့အပြည့်​နဲ့
မေးသည်​။သူတို့နှစ်​​ယောက်​ နန်း​တော်​ထဲက​နေတိတ်​တိတ်​​လေးခိုးထွက်​​လာပြီး
တောအုပ်​ထဲမှာလာကစား​နေတုန်းဝံပု​လွေကြီးနဲ့ပက်​ပင်းတိုးမိသွားခြင်းဖြစ်
သည်​။မင်းသမီး​ငယ်​​လေး ​ကြောက်​လန့်​​နေပြီးအနည်းငယ်​လဲတုန်​ရီ​နေရှာ၏

"အင်း~အဆင်​​ပြေပါတယ်​!​ကျေးဇူးပါပဲ~TaeTae!နင်​ကငါတကယ်​အားကိုးရတဲ့ သူငယ်​ချင်း​ကောင်းပဲ"

မင်းသမီး​လေးက ​ကောင်​​လေးတစ်​​ယောက်​ပုံ​ပေါ်​နေတဲ့ ​ကောင်​မ​လေးပါးကို​​ကျေးဇူးတင်​တဲ့အ​နေနဲ့အနမ်းတစ်​ပွင့်​​ပေး​တော့ ထို​ကောင်​မ​လေးခမျာမျက်​နှာကြီးရဲတက်​သွားပြီးရှက်​​နေရှာ၏။ကောင်​မ​လေးက သူတို့ပထမဆုံးစ​တွေ့တဲ့ အချိန်​ကထဲက မင်းသမီး​လေးကိုတိတ်​တခိုးချစ်​​နေခဲ့ရရှာတာ။ချစ်​ရတဲ့သူနဲ့သူငယ်​ချင်း​တွေဖြစ်​ခွင့်​ရတာကိုပဲ သူ့ခမျာဝမ်းသာမဆုံးဖြစ်​​နေရရှာတာ။

"အရှင့်​သမီးနဲ့​ဟောဒီတိုင်းပြည်​ကိုလူဆိုး​တွေရန်​က​နေကာကွယ်​ဖို့ ကျွနု​ပ်​ ရဲ့ဖခင်​လိုပဲ စစ်​သူကြီးတစ်​​ယောက်​ဖြစ်​​အောင်​ကျွန်ုပ်​ကြိုးစားမှာ"

၉ နှစ်​အရွယ်​​ကောင်​မ​လေးက သူ့ရဲ့ခိုင်​မာတဲ့ဆုံးဖြတ်​ချက်​ကို​ပြောပြသည်

"ဒါ​ပေမယ့်​ နင်​ကမိန်းက​လေး​လေ TaeTae ရဲ့!တိုင်းပြည်​ကိုကာကွယ်​တာက ​ယောကျာ်း​လေး​တွေအလုပ်​ပါ"

"ကိစ္စမရှိပါဘူး အရှင့်​သမီးရဲ့!စစ်​​လေ့ကျင့်​ခန်းမှာ အဲ့ဒီ​ယောကျာ်း​လေး​တွေအကုန်​လုံးကိုကျွန်​​တော်​မျိုးမအနိုင်​တိုက်​နိုင်​တာပဲ​လေ!ကျွန်​​တော်​မျိုးမကအရှင့်​သမီး ဂုဏ်​ယူရတဲ့သူရဲ​ကောင်း
တစ်​​ယောက်​ဖြစ်​လာမှာပါ"

"နင်​ဘာပဲ​ဖြစ်​လာပါ​စေ~ငါအမြဲအားထားရတဲ့ငါ့သူငယ်​ချင်း​လေးအတွက်​ငါအမြဲဂုဏ်​ယူ​နေမှာပါ TaeTae ရယ်​!ငါ​က​တော့ နင့်​ကိုငါ့အနားမှာအမြဲရှိ​နေ​စေချင်​ရုံပဲ"

"ကျွန်​​တော်​မျိုးအသက်​နဲ့ရင်းပြီးကျိန်​ပါတယ်​~ကျွန်​​တော်​မျိုးမ Kim TaeYeon ဟာ အရှင့်​သမီး Hwang Miyoung အ​ပေါ်မှာအမြဲသစ္စာ​စောင့်​သိပါ့မယ်​လို့ကျိန်​ဆိုပါတယ်​"

ဒူး​လေးတစ်​​ဖက်​​ထောက်​ပြီး မင်းသမီး​လေးကိုသစ္စာဆို​လေရဲ့!
_______________

ဒီလိုနဲ့ ၁၀ နှစ်​ကြာလာပြီးတဲ့​နောက်​မှာ
Taeyeon ကလူအများ​လေးစားဂုဏ်​ယူရတဲ့ တိုက်​ရည်​ခိုက်​ရည်​​တွေအပြည့်​နဲ့
သေနာပတိတစ်​​ယောက်​ဖြစ်​လာ၏။Taeyeon ကဒီရာထူးကိုဖခင့်​​ကြောင့်​နဲ့အသိုင်းအဝိုင်း​ကြောင့်​ရလာခဲ့တာမဟုတ်​ပါ။စစ်​တပ်​ထဲမှာထူးချွန်​တဲ့အရည်​အချင်း​တွေနဲ့ကြိုးစားမှု​တွေကိုသက်​​သေပြပြီးရလာခဲ့တာပါ။ခန္ဓာကိုယ်​​သေး​သေး​လေး​ပေမယ့်​ တပ်​ထဲမှာမည်​သူ့ကိုမဆိုလက်​ရုံးရည်​ချင်းယှဉ်​ပြီးအနိုင်​ချနိုင်​သည်​အထိအစွမ်းထက်​လွန်း
လှသည်​။တိုင်းပြည်​ကိုရန်​သူ​တွေလက်​က​နေအခါခါကာကွယ်​ထား၍လဲ ပြည့်​ရှင်​၏ယုံကြည်​ကိုးစားမှုကိုအပြည့်​အဝရထားသည်​။

"ဗိုလ်​ချုပ်​ Kim သက်​​တော်​ရာ​ကျော်​ရှည်​ပါ​စေ!!"

Taeyeon အခုပဲစစ်​ပွဲကိုအနိုင်​ယူလာပြီး တပ်​သား​တွေနဲ့အတူမြို့​တော်​ကိုပြန်​​ရောက်​လာ၏။နန်း​တော်​ကိုသွားရာလမ်း
တစ်​​လျှောက်​မှာပြည်​သူ​တွေက​သောင်း​သောင်းဖျဖျ ​ကောင်းချီး​သြဘာ​ပေး​နေကြသည်​။

"သူတို့ကိုကြည့်​လိုက်​ပါဦး Taeng!ပြည်​သူ​တွေနင့်​ကိုတကယ်​​လေးစားကြတယ်​!နင်​မိန်းက​လေးမှန်းသိ​နေတာ​တောင်​ ​ကောင်​မ​လေး​တွေနင့်​ကို​ကြွေ​နေကြတာ"

အချစ်​ဆုံးသူငယ်​ချင်းတဖြစ်​လဲ Taeyeon အားကိုးရတဲ့စစ်​သူကြီး Kwon က​ဘေးချင်းလျက်​မြင်း​ပေါ်က​နေလှမ်း​ပြောသည်​။

"အနည်းဆုံး​တော့ သူတို့နဲ့တစ်​​ခါ​လောက်​​တော့အိပ်​ဖြစ်​​အောင်​နင်​ကြိုးစားသင့်​တယ်​ Taeng ရာ!အရမ်းခံစားလို့​ကောင်း
တာဟ"

"ပါးစပ်​ ပိတ်​ Yul!နင်​သိတဲ့အတိုင်းပဲ ငါကအရှင့်​သမီးတစ်​​ယောက်​ထဲကိုပဲချစ်​တာဟ"

"နင်​နဲ့နင့်​စိတ်​ကူးယဉ်​ဇာတ်​​လမ်းနဲ့​က​တော့​နော်​!အမှန်​ကိုအမှန်​အတိုင်းမြင်​စမ်းပါ Taeng ရာ!"

Taeyeon ပြန်​မ​ဖြေ​ပေမယ့်​ စိတ်​ထဲမှာ​​တော့

*နင်​နားမလည်​ပါဘူး Yul ရာ*
_____________

ညီလာခံမှာပြည့်​ရှင်​ထံစစ်​ပွဲသတင်းအ​ကြောင်း​လျှောက်​တင်​လို့ပြီးသွားတာနဲ့ ဒီကမ္ဘာ​ပေါ်မှာသူအရမ်းလွမ်း​နေရတဲ့
ကောင်​မ​လေးနဲ့​တွေ့ဖို့ Taeyeon မ​စောင့်
နိုင်​​တော့​လောက်​​အောင်​ဖြစ်​​နေရှာ၏။သူမရဲ့နတ်​ဘုရားမ​လေး စံ​နေတဲ့ပန်းဥယျာဉ်​ထဲကို Taeyeon တစ်​​ယောက်​​ရောက်​လာသည်​။

*အရှင့်​သမီးကဒီပန်း​တွေထက်​​တောင်​အများကြီးပိုလှတယ်​*

"ကျွန်​​တော်​မျိုးမ ပြန်​​ရောက်​ပါပြီ အရှင့်​သမီး"

အရှင့်​သမီး​ရှေ့ဒူး​ထောက်​ခစားရင်း Taeyeon ​လျှောက်​တင်၏

"Omo!!!နင်​ပြန်​​ရောက်​လာပြီပဲ TaeTae"

သူ့ကို​တွေ့လိုက်​​ရတော့အရမ်း​ပျော်​သွားပုံ​ပေါ်တဲ့မင်းသမီး​လေး ဒူး​ထောက်​​နေတဲ့ Taeyeon ကိုအမြန်​ဆွဲထူပြီး ညစ်​ပတ်​​နေတဲ့ချပ်​ဝတ်​တန်​ဆာကိုဂရုမထားဖက်​လိုက်​သည်​။ဗိုလ်​ချုပ်​ Kim ခမျာ​တော့ ​ဆောက်​တည်​ရာမရဖြစ်​သွား​သည်​အထိ ရင်​တွေတဒုန်းဒုန်းခုန်​​နေရ၏

"နင်​ဒဏ်​ရာ​တွေရလာ​သေးလား??"

Taeyeon တစ်​​ယောက်​စွံ့အ​နေတာ​ကြောင့်

"ဗိုလ်​ချုပ်​ Kim~အဆင်​​ပြေရဲ့လား??"

ရာထူးနဲ့နာမည်​တပ်​ပြီး​ခေါ်လိုက်​သံ​ကြောင့်
Taeyeon သတိပြန်​ဝင်​သွား၏။

"ကျွန်​​တော်​မျိုး ​တောင်းပန်​ပါတယ်​ အရှင့်​သမီး!ဟုတ်​ကဲ့~အရှင့်​သမီးဆု​တောင်း​ပေး​တဲ့​ကျေးဇူး​ကြောင့်​ ကျွန်​​တော်​မျိုးထိခိုက်​ဒဏ်​ရာမရပါဘူး!စိတ်​မပူပါနဲ့ အရှင့်​သမီး"

"နင်​ဘာမှမဖြစ်​လို့ ငါဝမ်းသာတယ်​ TaeTae"

Taeyeon တစ်​​ယောက် အရှင့်​သမီးအတွက်​​သူယူလာခဲ့တဲ့လက်​​ဆောင်​​လေးကိုအမှတ်​ရသွား၏

"အာ..ဟုတ်​သားပဲ!အရှင့်​သမီးအတွက်
ဒါ​လေးယူလာခဲ့တယ်​!အရှင့်​သမီးကြိုက်​​လောက်​မယ်​ထင်​တာပဲ"

အိတ်​ထဲက​နေထုတ်​ပြီးမင်းသမီး​လေးကို​ပေးလိုက်​သည်​။

"WOW!~အရမ်းလှတာပဲ Taetae!အရမ်း
ကြိုက်​တယ်​~​ကျေးဇူးပါပဲ"

သစ်​သားဘူး​လေးထဲကအရာ​လေးကိုမြင်​လိုက်​ပြီး မင်းသမီးအံ့အားသင့်​သွားရှာ၏

"ငါ့ကိုကူပြီးပန်​​ပေးပါ့လား??"

"ကျွန်​​တော်​မျိုး.....?"

"အင်း​လေ~ရှင့်​ကို​ပြောတာ!ဗိုလ်​ချုပ်​ Kim ရဲ့!ဘာလဲ~မကူညီချင်​ဘူးလား??"

"မဟုတ်​ရပါဘူး!ကျွန်​​တော်​မျိုး ကူညီပါ့မယ်​~အရှင့်​သမီး"

Taeyeon သစ်​သားဘူး​လေးထဲကဆံထိုး
လေးကိုတယုတယထုတ်​ယူလိုက်​ရင်း​ဖြေသည်​။အဲ့ဒီ​နောက်​ အသက်​ပြင်းပြင်း
ရှူလိုက်​ပြီး အရှင့်​သမီးရဲ့ဆံနွယ်​ထက်​မှာ အမြတ်​တနိုးနဲ့ဆင်​​ပေးသည်​။နတ်​သမီးတမျှလှပ​နေတဲ့လူသားမိန်းက​လေးကို Taeyeon တစ်​​ယောက်​ ပါးစပ်​အ​ဟောင်း​သား​လေးနဲ့​ငေး​နေရှာ၏။

"ငါဘယ်​လို​နေလဲ?မှန်​​ယူ​ပေးပါဦး"

ဘေးက အပျို​တော်​တစ်​​ယောက်​ထံ
မှန်​​တောင်းပြီးကြည့်​သည်

"အရှင့်​သမီး အရမ်းကျက်​သ​ရေရှိတာပဲ"

အပျို​တော်​​တွေအားလုံး ​ခေတ္တမျှ​မော်​ဖူးပြီးတာနဲ့မျက်​လွှာချပြီးပြန်​​ဖြေကြသည်​။

"နင်​​ရော ဘယ်​လိုထင်​လဲ TaeTae?"

"အရမ်းလှပါတယ်​....အရှင့်​သမီး!ပြီး​တော့...အဲ့ဒီဆံထိုး​လေး...နဲ့လဲအရမ်း​...လိုက်​ဖက်​ပါတယ်​"

စစ်​ပွဲ​တွေအပွဲပွဲနွှဲလာတဲ့ဗိုလ်​ချုပ်​တစ်​​ယောက်​ စကား​တွေထစ်​​နေရှာ၏

"ဘာ​တွေဖြစ်​​နေတာလဲ Taetae?ကြည့်​ရတာ စစ်​ပွဲ​ကြောင့်​နင်​အရမ်းပင်​ပန်း​နေပြီထင်​တယ်​!အိမ်​​တော်​ပြန်​ပြီးအနားယူလိုက်​ပါဦး!ငါတို့​နောက်​မှစကားဆက်​​ပြောကြတာ​ပေါ့"

"​တောင်းပန်​ပါတယ်​ အရှင့်​သမီး!ကျွန်​​တော်​မျိုးမပြန်​လိုက်​ပါဦးမယ်​~အရှင့်​သမီး
လဲအနားယူလိုက်​ပါဦး"

Taeyeon သက်​ပြင်း​လေးချပြီးနန်း​တော်
အနီးက သူတို့အိမ်​​တော်​ကိုပြန်​ခဲ့သည်​။

"အရှင်​ ပြန်​​ရောက်​လာပြီပဲ"

သူ့ရဲ့ အ​စေခံ​ပျော်​ရွှင်​စွာနဲ့နှုတ်​ဆက်​​တော့
Taeyeon ​ခေါင်းပဲအသာငြိမ့်​ပြသည်​။

"အရှင်​ဘာမှမဖြစ်​တာ ကျွန်​တော်​မျိုးမ
ဝမ်းသာပါတယ်​!အရှင့်​အတွက်​ ​ချိုး​ရေ​နွေး​နွေး​လေးကျွန်​​တော်​မျိုးပြင်​လိုက်​ပါ့မယ်​"

"​ကျေးဇူးပဲ Seolhyun"

Taeyeon လဲအခန်းထဲဝင်​သွားပြီးချပ်​ဝတ်​တန်​ဆာ​တွေချွတ်​လိုက်​ကာ ​ရေချိုးဖို့
စောင့်​​နေ၏

"အရှင့်​ ​ကျောကိုသန့်​ရှင်း​ရေးလုပ်​​ပေးလို့ရလား??"

သူ​ရေကန်​ထဲ​ရောက်​​တော့ ​ရေချိုး​ဆောင်​ထဲဝင်​လာတဲ့ Seolhyun ​ကြောင့်​ Taeyeon နည်းနည်းလန့်​သွား၏။

"ရတယ်​​လေ"

Taeyeon ခပ်​တိုတိုပဲ​ဖြေပြီး အခွင့်​​ပေးလိုက်​သည်

"အရှင်​ပင်​ပန်း​နေရင်​ ကျွန်​​တော်​မျိုးမနှိပ်​​ပေးမယ်​​လေ"

"အင်း"

ကိုက်​ခဲ​နေတဲ့ပုခုံးနဲ့လက်​​တွေကိုနှိပ်​နယ်​​ပေးတာကိုမျက်​လုံး​လေးမှိတ်​ပြီးဇိမ်​ခံ​​နေ၏။ပင်​ပန်းလွန်း​တော့ Taeyeon တစ်​​ယောက်​အိပ်​​ပျော်​သွားသည်​။ဒါ​ပေမယ့်​ သူမသိလိုက်​တာက သူ့ရဲ့အ​စေခံ​ကောင်​မ​လေးညင်​သာစွာနဲ့သူ့နှုတ်​ခမ်းကိုအသာ​လေးနမ်းလိုက်ပြီးတိုးတိုး​လေး​ပြောလိုက်​တဲ့စကားကိုပဲ။

"အရှင့်​ကိုသိပ်​ချစ်​တယ်​......."

_______________________

Continue Reading

You'll Also Like

466K 7.2K 82
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
343K 12.5K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
985K 24.7K 23
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...
444K 13.4K 96
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...