Chapter-2

1.3K 120 6
                                    

ပြီးခဲ့တဲ့စစ်​ပွဲ​အောင်​မြင်​မှုအတွက်​ စစ်​တပ်​က​အောင်​ပွဲခံအခမ်းအနားကျင်းပသည်​။အဓိပ္ပါယ်​ကတပ်​သား​တွေအတွက်​​သေရည်​အရက်​နဲ့မိန်းမ​လှ​လေး​တွေအလျှံအပယ်​ပဲ​ပေါ့~Taeyeon က​တော့ဒီလိုပွဲမျိုးကိုသ​ဘောမကြပါ။သို့​သော်​​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​အ​နေနဲ့စစ်​​မြေပြင်​မှာသူနဲ့အတူ​တူတိုက်​ခိုက်​ခဲ့ကြတဲ့ရဲ​ဘော်​ရဲဘက်​​တွေကို​လေးစားသမှုပြတဲ့အ​နေနဲ့ သူဒီပွဲမှာရှိ​နေမှဖြစ်​မှာပါ။သူ့ကိုလာပြီးဆွဲ​ဆောင်​တဲ့အ​ပျော်​မယ်​​တွေကိုငြင်းရတာဘယ်​နှစ်​ကြိမ်​ရှိ​နေမှန်းမသိ​တော့~အဲ့ဒီ​ကောင်​မ​လေး​တွေက သူကမိန်းက​လေးတစ်​​ယောက်​ဆိုတာဂရုမစိုက်​ကြပါ။တိုင်းပြည်​ရဲ့စစ်​​သေနာပတိ Kim Taeyeon နဲ့တစ်​ညလုံးအချိန်​တူတူကုန်​ဆုံးပြီး အတူတူအိပ်​ခွင့်​ရဖို့ကိုပဲစိတ်​အားထက်​သန်​​နေကြသည်

"လာပါ Taeng!​ပျော်​လိုက်​စမ်းပါ~နင်​သူတို့နဲ့မကစားချင်​ရင်​​တောင်​အနည်းဆုံး​တော့ ​သောက်​စမ်းပါဟ!"

အ​ပျော်​မယ်​နှစ်​​ယောက်​ဘယ်​ညာရံထားတဲ့ အချစ်​ဆုံးသူငယ်​ချင်း Yul လှမ်း​အော်​​ပြောသည်​​​။သေရည်​​တွေအများကြီး​သောက်​ထားတာ​ကြောင့်​ Yul မျက်​နှာခရမ်းချဉ်​သီးလိုနီရဲ​နေ၏။

"Hey~မင်း!သွား~ငါတို့ဗိုလ်​ချုပ်​ကိုခစား​ချေ!သူ​ပျော်​​အောင်​လုပ်​​ပေးလိုက်​"

အသားညိုညိုနဲ့​စစ်​သူကြီး အနားကအ​ပျော်​မယ်​တစ်​​ယောက်​ကိုအမိန့်​​ပေးပြီး
တွန်းလွှတ်​သည်​။ထိုအ​ပျော်​မယ်​​ကောင်​မ​လေးလဲကျမသွားခင်​ Taeyeon အမြန်​ဆီးဖမ်းလိုက်​ရ၏

"Hey..အဆင်​​ပြေရဲ့လား??"

"ဟုတ်​ကဲ့!​ကျေးဇူးပါပဲ အရှင်​"

အ​ပျော်​မယ်​​ကောင်​မ​လေးရှက်​​သွေးဖြာ​တဲ့မျက်​နှာ​လေးနဲ့ပြန်​​ဖြေ၏။

"အရှင့်​အတွက်​​သေရည်​ငှဲ့​ပေးလို့ရမလား??"

Taeyeon ​ဘေးမှာဝင်​ထိုင်​ပြီးတာနဲ့ အ​ပျော်​မယ်​​လေးက ​သေရည်​တ​ကောင်းကို
ကိုင်​ကာ​မေးသည်​။အခြားသူ​တွေလိုဒီ​ကောင်​မ​လေးကသူ့ကိုဆွဲ​ဆောင်​ဖို့မကြိုးစားတာကို Taeyeon သတိထားမိပြီး အခွင့်​​ပေးလိုက်​၏။

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Dove le storie prendono vita. Scoprilo ora