Chapter-3

1.3K 135 8
                                    

"ဝင်​လာခဲ့ပါ"

Taeyeon ဖတ်​​နေတဲ့စာအုပ်​ဆီကအကြည့်​မလွှဲပဲ တံခါး​ခေါက်​​နေသူကိုဝင်​လာဖို့အခွင့်​​ပေးသည်

"ခွင့်​ပြုပါ~အရှင်​"

သူရဲ့အ​စေခံ​ကောင်​မ​လေးအခန်းထဲဝင်​လာပြီးအရိုအ​သေ​ပေးသည်​။

"အင်း??"

"အိမ်​​ရှေ့စံကိုယ်​​တော်​~အရှင့်​ကိုအခုချက်​ချင်းအခစားလာဝင်​ဖို့ဆက်​သားလွှတ်​လိုက်​ပါတယ်​~အရှင်​"

"ဟုတ်​ပြီ​လေ~​ကျေးဇူးပဲ Seolhyun!ငါအခုပဲအသင့်​ပြင်​လိုက်
မယ်​"

ဖတ်​​နေတဲ့စာအုပ်​အထူကြီးကိုပိတ်​လိုက်​ပြီး
Taeyeon ထရပ်​သည်

"​အာ..ခ​ဏ​လေးပါ!အရှင်​~အရှင့်​နှုတ်​ခမ်း
နားမှာ​ပေ​နေတယ်​"

"အို.."

Taeyeon ဝတ်​ရုံရဲ့အင်္ကျီလက်​နဲ့နှုတ်​ခမ်း
တစ်​ဝိုက်​ကိုသုတ်​ပစ်​သည်

"​ပြောင်​သွားပြီလား?"

"နည်းနည်းကျန်​​နေ​သေးတယ်​~Umm...ကျွန်​​တော်​မျိုးမ သုတ်​ပေးမယ်​​နော်​..အရှင်​!ခွင့်​ပြုပါ"

"ရတယ်​​လေ"

Seolhyun တစ်​​ယောက်​နီရဲ​နေတဲ့ပါး​လေးနှစ်​ဖက်​နဲ့ လက်​ကိုင်​ပဝါ​လေးကိုထုတ်​ကာ ​သေချာသုတ်​​ပေး၏

"မရှိ​တော့ပါဘူး..အရှင်​"

Taeyeon တစ်​​ယောက်​ Seolhyun ကိုခပ်​ပြုံးပြုံး​လေးကြည့်​ကာ

"​ကျေးဇူးပါပဲ!!!ကဲ အိမ်​​ရှေ့စံကိုယ်​​တော်​ရဲ့ တပည့်​​တွေငါ့ကိုလာဆွဲမ​ခေါ်ခင်​ သွားလိုက်​ဦးမယ်​"

Seolhyun ခမျာ​တော့နီနီ​ထွေး​ထွေးနှုတ်​ခမ်း​လေးနဲ့ အဲ့ဒီနှုတ်​ခမ်း​လေးကိုနမ်းရှိုက်
ခွင့်​ရ​ရေးတို့ကိုစိတ်​ကူးယဉ်​ပြီးစဉ်းစားခန်း
ဖွင့်​ကာကျန်​ခဲ့သည်

"Kim TaeYeon အခစား​ရောက်​ပါပြီ~အရှင့်​သား!အရှင့်​သားအတွက်​ ဘာများထမ်း​ဆောင်​​ပေးရပါမလဲ??"

အိမ်​​ရှေ့စံကိုယ်​​တော်​စံ​နေတဲ့ အိမ်​​ရှေ့နန်း​ဆောင်​ကို​ရောက်​​တော့ Taeyeon ဒူး​ထောက်​ပြီးအရိုအ​သေ​ပေးသည်​၊

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Where stories live. Discover now