Chapter-7

1.1K 101 20
                                    

"အသင့်​ဖြစ်​ပါပြီ အရှင့်​သမီး"

အရှင့်​သမီး​တော်​ကို အလှပြင်​​ပေးပြီးတာနဲ့
ရံ​ရွေ​တော်​တစ်​သိုက်​ မျက်​လွှာ​လေးချကာ ​လျှောက်​တင်​သည်​။Miyoung လဲ ​ကြေးမုံပြင်​​ပေါ်က မိမိရုပ်​သွင်​ကိုမြင်​ပြီး ​ကျေနပ်​မိတယ်​။

*ပြီးပြည့်​စုံပြီ!Taetae ​သ​ဘောကျမယ်​ထင်​ပါရဲ့*

"ကဲ သွားကြစို့"

ကိုယ်​ရံ​တော်​များ ရံ​ရွေ​တော်​များခြံရံကာအရှင့်​သမီးနန်း​ဆောင်​ထဲကထွက်​​လာ​ခဲ့၏။ဒီ​နေ့အရှင့်​သမီးမှာ ချစ်​ရတဲ့ ဗိုလ်​ချုပ်​ Kim ကိုအံ့သြ​အောင်​လုပ်​ဖို့အစီအစဉ်​ရှိတယ်​~

အရှင့်​သမီး ​သေနာပတိ Kim အိမ်​​တော်​ကို​ရောက်​လာ​တော့ အိမ်​​တော်​ဝန်​ထမ်းနှစ်​​ယောက်​က ပြာပြာသလဲကြိုဆိုရှာ၏။

"အရှင့်​သမီး......."

မနက်​​စော​စော ကြွလာတဲ့သူမ​ကြောင့်​ အိမ်​​တော်​ဝန်​ထမ်း​တွေအနည်းငယ်​လန့်​​နေတယ်

"ငါဗိုလ်​ချုပ်​ Kim နဲ့​တွေ့ချင်​တယ်​"

"ကျွန်​​တော်​မျိုးမတို့ ​တောင်းပန်​ပါတယ်​~
အရှင့်​သမီး!သို့​သော်​ အရှင်​​ Kim ကအခုထိအိပ်​စက်​​နေတုန်းပါ!ကျွန်​​တော်​မျိုးမ တို့အခုပဲ အသိ​ပေးလိုက်​ပါ့မယ်​...အရှင့်​သမီး ​ကျေးဇူးပြု...."

Taeyeon ရဲ့အ​စေခံလို့ သူမသိထားတဲ့ အရပ်​ရှည်​ရှည်​နဲ့ မိန်းမလှ​လေးက ​ဖြေ​တော့ Miyoung စကားဖြတ်​​ပြောတယ်

"ငါ့ကို သူ့အခန်း​ဆောင်​ဆီ​ခေါ်သွားလို့ရလား??"

Seolhyun အနည်းငယ်​ ​ကြောင်​သွား​ပေမယ့်​ အရှင့်​သမီးရဲ့အမိန့်​ကို ဖယ်​ရှားခွင့်
မရှိဘူးမလား

"ဟုတ်​ကဲ့ပါ..အရှင့်​သမီး!ကျွန်​​တော်​မျိုးမ​နောက်​က​နေလိုက်​ခဲ့ပါ..."

သူတို့အခန်း​ဆောင်​ဆီ​ရောက်​​တော့

"အရှင့်​ကိုကျွန်​​တော်​မျိုးမ နှိုးလိုက်​ပါ့မယ်​.."

"မလိုဘူး!ငါနှိုးလိုက်​မယ်​!မင်းသွားလို့ရပြီ"

တော်​ဝင်​မင်းသမီးတစ်​ပါးက အဲ့ဒီလိုလုပ်​ဖို့ဆန္ဒရှိ​နေ​တာကိုမြင်​​တော့ အားလုံးအံ့သြသွားရတယ်​!

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Where stories live. Discover now