Chapter-8

1.3K 109 28
                                    

"​ဝေါယာဉ်​အသင့်​ဖြစ်​ပါပြီ အရှင့်​သမီး"

Kim အိမ်​​တော်​​ရှေ့မှာရပ်​ထားတဲ့​ဝေါယာဉ်​တံခါးကို ကိုယ်​ရံ​တော်​တစ်​​ယောက်​ကအသင့်​ ဖွင့်​​ပေးထားကာ ​စောင့်​​နေ၏၊

"​သေနာပတိ Kim ရဲ့ ဧည့်​ဝတ်​​ကျေပွန်​မှုအတွက်​​ကျေးဇူးတင်​ပါတယ်​!ကဲ ကျွနု​ပ်​သွားလိုက်​ပါဦးမယ်​"

သူမကိုဦးညွတ်​ထားတဲ့အသက်​လတ်​ပိုင်း
အရွယ်​ ​သေနာပတိ Kim ကို Miyoung နှုတ်​ဆက်​စကားဆိုသည်​။အဲ့ဒီ​နောက်​ သူမရဲ့
တိတ်​တခိုးချစ်​သူ​လေးရဲ့အကူအညီနဲ့ ​ဝေါယာဉ်​​ပေါ်တက်​လိုက်​တယ်​!သူမရဲ့သစ္စာရှိ
ရံ​ရွေ​တော်​ နှစ်​​ယောက်​အပါအဝင်​ ဗို်​လ်​ချုပ်​ Kim ရဲ့အ​စေခံ ​ကောင်​မ​လေးပါ သူမနဲ့အတူ ​ဝေါယာဉ်​ထဲဝင်​ထိုင်လိုက်​ကြတယ်​!သူမ
မယ်​​တော်​​နေတဲ့​နေရာက မြို့​တော်​နဲ့အ​တော်​​လေး​ဝေးလို့ ​ဝေါယာဉ်​ကိုအသုံးပြုရတာပါ

"ကဲ သွားကြစို့"

အနက်​​ရောင်​ စစ်​မြင်းကြီးကိုစီးကာ ​နောက်​လိုက်​​နောက်​ပါ​တွေကိုအမိန့်​​ပေး​လိုက်​တဲ့ Taeyeon အသံကို သူမကြားလိုက်​ရတယ်​!
ခဏ​နေ​တော့ Miyoung ဘာရယ်​မဟုတ်​ သူမ​ရှေ့မှာ​ခေါင်း​လေးငုံ့ကာ ထိုင်​​နေတဲ့ ​ကောင်​မ​လေးကိုအကဲခတ်​မိတယ်​!!အဲ့ဒီ
အ​စေခံ​ကောင်​မ​လေးက​တော်​​တော်​​လေးလဲလှသလို သူမထက်​လဲ ငယ်​မယ့်​ပုံပဲလို့ ​တွေးမိ၏။ဘာ​ကြောင့်​မှန်းမသိ​ပေမယ့်​ ဒီလို ငယ်​ငယ်​​ချော​ချော​ကောင်​မ​လေးက သူမ
ချစ်​ရသူ ဗိုလ်​ချုပ်​ Kim နဲ့အိမ်​​တော်​တစ်​ခုထဲမှာအတူတူရှိ​နေတယ်​ဆိုတဲ့အ​တွေးက သူမကိုစိတ်​မသက်​မသာဖြစ်​မိ​စေတယ်​!သို့​သော်​လဲ Miyoung သူမရဲ့ဗို်လ်​ချုပ်​ Kim ကိုယုံပါတယ်

"မင်းသခင်​ဆီမှာခစားတာ ဘယ်​​လောက်​ကြာ​နေပြီလဲ?"

ရုတ်​တရက်​​မေးလိုက်​တဲ့ Miyoung ​မေးခွန်း
ကြောင့်​ ​ကောင်​မ​လေးလန့်​သွားပြီး ​ခေါင်း​မော့ကာ သူမကိုကြည့်​မိတယ်​!အဲ့ဒီ​နောက်​ ချက်​ချင်းပဲ ​ခေါင်းပြန်​ငုံ့သွားပြီး ​တောင်းပန်​​တော့သည်

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Where stories live. Discover now