Chapter-5

1.2K 99 10
                                    

"Eww..အဲ့ပြုံးဖြီးဖြီးမျက်​နှာကြီးကဘာဖြစ်​​တာလဲ Taeng?နင့်​ကိုကြည့်​ရတာ ငါ့အိမ်​​ရှေ့မှာ​နေ​နေတဲ့အရူးကြီးနဲ့တူ​နေတယ်​"

Taeyeon သူရဲ့အပုသူငယ်​ချင်း​​ရန်​စ​နေတာကိုမကြားချင်​​ယောင်​​ဆောင်​ပြီး အရှင့်
သမီး​ပေးခဲ့တဲ့ပါး​ပေါ်ကအနမ်းကိုသာ အာရုံ​ရောက်​​နေ၏

"နင်​နဲ့အရှင့်​သမီးတစ်​ခုခုဖြစ်​ခဲ့ကြတာလား?"

ဒီတစ်​ခါမှာ​​တော့ Soonkyu အသံတိုးတိုးနဲ့​မေးပြန်​တယ်​!ထို​မေးခွန်း​ကြောင့်​ Taeyeon လန့်​သွားကာ

"ပါးစပ်​ပိတ်​ Lee Soonkyu!ငါတို့​ရောက်​​နေတာ ​တော်​ဝင်​မြင်း​ဇောင်း​နော်​!နံရံ​တွေမှာနား​တွေပါတယ်​"

Taeyeon ​ဘေးဘီဝဲယာကိုအသာကြည့်​ရင်း
သူငယ်​ချင်းကိုဆူ၏

"Oops~​တောင်းပန်​ပါတယ်​ဟာ~ငါ​မေ့သွားတယ်​"

"ငါတို့ဘာမှမဖြစ်​ပါဘူး"

Taeyeon သူငယ်​ချင်းကိုလိမ်​ကာ
မြင်း​ဇောင်းထဲက​နေထွက်ဖို့ဟန်​ပြင်​၏

"ငါသွား​တော့မယ်​~Soonkyu!အရှင့်​သမီး ​စောင့်​​နေတယ်​!​နောက်​မှစကားဆက်​​ပြောကြတာ​ပေါ့"

Taeyeon ချက်​ချင်းဆိုသလိုပဲ
အရှင့်​သမီးစံရာနန်း​ဆောင်​ဆီကိုထွက်​လာခဲ့သည်​!

"Kim Taeyeon အခစား​ရောက်​ပါပြီ အရှင့်
သမီး!အမှု​တော်​ထမ်းရန်​အသင့်​ပါ
အရှင့်​သမီး"

နန်း​ဆောင်​ထဲမှာစံ​နေတဲ့​တော်​ဝင်​မင်းသမီးကို
ဦးညွတ်​အရိုအ​သေ​ပေးရင်း Taeyeon ​မေးသည်

"Ah..Taetae~ပြန်​လာပြီပဲ!နင်​ငါ့ကိုကူညီ​ပေးလို့ရလား?ငါဝတ်​လဲ​တော်​လဲချင်​တယ်​"

အရှင့်​သမီးရဲ့စကား​ကြောင့်​ Taeyeon လန့်
ဖြန့်​သွားရသလို နန်း​ဆောင်​ထဲမှာလဲ သူတို့နှစ်​​ယောက်​ကလွဲပြီးအခြားဘယ်​သူမှမရှိတာကိုလဲသတိထားမိလိုက်​တယ်​!ပုံမှန်​အတိုင်းဆိုရင်​ အရှင့်​သမီးနားခစား​နေကျဖြစ်​တဲ့ရံ​ရွေ​တော်​တစ်​သိုက်​အနားနားမှာရှိ​နေရမှာ​လေ

"ကျွန်​​တော်​မျိုးအရှင့်​သမီးရဲ့ရံ​ရွေ​တော်​​တွေကို​ခေါ်လိုက်​ပါ့မယ်​!ခွင့်​ပြု..."

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Where stories live. Discover now