Chapter-6

1K 92 10
                                    

"Ouch..!"

Taeyeon အိမ်မက်မက်​​နေတာမဟုတ်​မှန်း​သေချာ​အောင်​လို့ ကိုယ့်​လက်​​မောင်းကိုယ်​ပြန်​ဆွဲဆိတ်​​နေတာ ဘယ်​နှစ်​ကြိမ်​ရှိ​နေပြီလဲ သူမသိ​တော့~အရှင့်​သမီးနှူတ်​က​နေ သူ့ကိုချစ်​တဲ့အ​ကြောင်းဝန်​ခံခဲ့သလို သူ့ကိုနမ်းခဲ့တဲ့
အဖြစ်​က မယုံနိုင်​စရာ​ကောင်း​နေတယ်​​လေ!Taeyeon ငယ်​ငယ်​​လေးကထဲက ခစား
ခဲ့ရတဲ့ အရှင့်​သမီးက သူချစ်​သလို သူ့ကိုပြန်​ချစ်​တယ်​တဲ့​လေ!သို့​သော်​ သူတို့နှစ်​​ယောက်​ ​မိုး​နဲ့​မြေလို့ ကွဲခြားလှတဲ့အ​ခြေအ​နေ​တွေ​ကြောင့်​ တရားဝင်​အဖြစ်​ကို​တော့ Taeyeon မ​မျှော်​လင့်​ရဲ​ပေ။ဒါ​ပေမယ့်​လဲ ဘုရင့်​သမီး​တော်​​လေးရဲ့ ​လေးနက်​တဲ့​မေတ္တာကိုခံယူရသည့်​ အဖြစ်​အတွက်​ Taeyeon အတိုင်းမသိ​ပျော်​ရွှင်​မိရတယ်

"ဘာ​တွေလုပ်​​နေတာလဲ Taeyeon?အစား
ကို​သေချာစားစမ်း!မဟုတ်​တာ​တွေ​လျှောက်​လုပ်​မ​နေနဲ့"

ဖခင်​ရဲ့ဆူ​ငေါက်​သံကြားရ​တော့မှ

"ဟုတ်​...ဟုတ်​ကဲ့..."

မျက်​နှာပိုးသတ်​ပြီး ထမင်းဆက်​စား​တော့သည်

သေနာပတိ Kim Taewon ကအလွန်​စည်း
ကမ်းကြီးပြီး သားသမီး​တွေအ​ပေါ်​တောင်​မှ စည်းနဲ့ကမ်းနဲ့ဆက်​ဆံတတ်​သူဖြစ်​၏။သို့​သော်​လဲ Taeyeon အရမ်း​လေးစားရတဲ့သူပါ!Taeyeon ​ကိုငယ်​ငယ်​​လေးကထဲက တိုင်းပြည်​မှာ အ​တော်​ဆုံး​သော စစ်​သည်​တစ်​​ယောက်​ဖြစ်​​အောင်​ ​​သေနာပတိ Kim က ​ယောကျာ်း​လေးတစ်​​ယောက်
အတိုင်းပြုစုပျိုး​ထောင်​​ပေးခဲ့တယ်

"မနက်​ဖြန်​ကျရင်​ အရှင့်​​မွေး​နေ့ပွဲရှိတယ်​!အဲ့ဒါ
လူ​တွေအများကြီး နန်း​တော်​ကိုလာကျမှာ​ဆို​တော့ မင်း​ လုံခြုံ​ရေးကို​သေ​သေချာချာ တင်း
ကျပ်​ထားပါ!"

"ဟုတ်​ကဲ့!ကျွန်​​တော်​မျိုးတို့အဖွဲ့နဲ့ နန်း​တော်​ ​စောင့်​တပ်​​သေချာ စီစစ်​လိုက်​ပါ့မယ်​"

မိခင်​ဖြစ်​သူကွယ်​လွန်​သွားကထဲက တိုင်း​ရေးပြည်​​ရေး အ​ကြောင်းအရာများမှလွဲလို့ ဖခင်​နဲ့စကား​သေချာမ​ပြောဖြစ်​ခဲ့။သူ့အခက်​အခဲများကိုလဲ ဖခင်​ကိုမ​ပြောဖြစ်​ခဲ့။တကယ့်​ ကြံ့ခိုင်​တဲ့လူဖြစ်​ဖို့ တခြားအားငယ်​​နေဖို့မလိုဘူး မျက်​ရည်​ကျစရာမလိုဘူးဆိုတဲ့ ဖခင်​ရဲ့စကားတစ်​ခွန်းနဲ့တင်​ Taeyeon အရာရာကိုတစ်​​ယောက်​ထဲရင်​ဆိုင်​​ဖြေရှင်းတတ်​ခဲ့သည်

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Where stories live. Discover now