မား၏ဆပ္၍မကုန္ႏိုင္ေသာေက်းဇူးမ်ားထဲတြင္
ပိုင္သုတ အား က်ေတာ္နဲ႔မခြဲမခြာရွိေစျခင္းပါ ထပ္
ေလာင္းျဖည့္ပါက ျမင္းမိုရ္ေတာင္ အသေခ်ၤဆင့္
ဘိသကဲ့သို႕ ရွိလွသည္။
ပညာရွိမည္သည္ ေျပးႀကည့္စရာမလိုဆိုသလိုပဲ
မားေျပာခဲ့ဖူးသလို ငပိုင္ သည္ က်ေတာ့္အေပၚ
အႏြံတာခံလြန္းလွသည္။ ခုလည္းႀကည့္ေလ
ရလာသမ်ွမုန္႔ဖိုးေန႔ဖို႕ညစာ မခ်န္က်ေတာ့္ကို မုန္႔
ပတ္ဝယ္ေကြ်း။ က်ေတာ္ေခၚသြားသမွ်ေနရာတိုင္း
မ်က္စိသူငယ္နားသူငယ္နဲ႔ လိုက္ရွာသည္။
ပိုင္သုတ လက္ကိုဆြဲျပီး မအူကုန္းလမ္းက်ယ္
တစ္ဝိုက္ပတ္ေနရျခင္းသည္ပင္ အဲ့ခ်ိန္အဲ့အခါက
တစ္ကမၻာလံုးကို ထိုကဲ့သို႔ဦးေဆာင္ေခၚသြားႏိုင္
သည္အထိ မိမိကိုယ္ကို ယံုၾကည္မႈ ႐ွိေနခဲ့သည္။
ငပိုင္သည္ ႐ိုးသားလြန္းသည္။ Asia Lightသို႔
သူ႔ထက္ေစာကာ ေရာက္ထားၿပီး Harry Potterစာအုပ္အားအႀကိမ္ေပါင္းမ်ားစြာ
ေငးခဲ့ဖူးလ်က္ က်ေတာ္လိုခ်င္လြန္းခဲ့ေသာ္လည္း
မားျငင္းပယ္ခ်ခံခဲ့ရေၾကာင္းသူမသိ။
အခုမွေတြ႔ဖူးသလိုပံုစံျဖင့္လိုခ်င္လြန္းေနေသာ က်ေတာ့္ကိုသာသူျမင္ခဲ့သည္။
ထိုသို႕ေသာ လူမ်ိဳးကို က်ေတာ့္ထက္ တစ္ျခား
တစ္ေယာက္ကို ပိုခင္တြယ္မွာ က်ေတာ္မလိုလား။
ဒါကို မားသာ သိရင္ "သိပ္စိတ္ပုတ္တဲ့ေကာင္ငယ္
ေလး" ဆိုျပီး စြပ္စြဲပါလိမ့္မယ္။
က်ေတာ္နဲ႔ ေလွ်ာက္လည္သည့္
ကိစၥအား ငယ္သူငယ္ခ်င္းေကာင္းဆက္စံကိုပင္
အသိမေပးခ်င္သည္ အထိ ငပိုင့္သည္ က်ေတာ္
တစ္ေယာက္တည္းကိုပဲ ဦးစားေပးေစခ်င္သည္။
"ႀသ ဒါနဲ႔ ငါတို႔ ေလွ်ာက္လည္တဲ့ ကိစၥ ဟိုေကာင္ ေကာင္းဆက္စံကို မေျပာနဲ႔ေနာ္"
က်ေတာ္ႏႈတ္ပိတ္ေသာ္လည္း မေအာင္ျမင္။ အရြယ္မတိုင္ခင္ ရင့္က်က္ေနေသာ ငပိုင့္၏ ေလေျပထိုးေရႊျပည္ေအးတရားအရ ေနာင္တစ္ေခါက္ဆို ေကာင္းဆက္စံအလွည့္ျဖစ္
ေနႏိုင္သည့္ သေဘာပါ စကားမ်ား...
"မဟုတ္ပါဘူး ခ်န္းရာ။ငါက ဒီအတုိင္းေျပာျပ
တာ။သူနဲ႔ ငါက အရင္ခင္တာေလ။ေနာက္မွ
မင္းနဲ႔ ခင္သြားျပီး ခုလိုမင္းနဲ႔ပဲေလွ်ာက္သြားတာ
သိေတာ့စိတ္မေကာင္းျဖစ္မွာေပါ့"
" စိတ္မေကာင္းလည္း မတတ္ႏိုင္ဘူး
ေဟ့ေကာင္။သူက မင္းကို ဘာလုပ္ေပးလဲေျပာ...ငါ့ေလာက္ မင္းအေရး သူစိတ္ဝင္စားလား??သူ႔
အေမႀကီးကို တုန္ေနေအာင္ေႀကာက္ေနရတာနဲ႔
မင္းကို ထမင္းတကူးတက ထည့္လာေပးလား??
ငါကသာ မင္းေႀကာင့္သက္သက္လြတ္
္ေန႔တိုင္းစားေပးေနရတာ...စာရွင္းျပတာလည္း
ဘယ္ေလာက္ပင္ပန္းတယ္ထင္လဲ??"
အိမ္အျပန္လမ္းတစ္ေလွ်ာက္ စိတ္လိုက္မာန္ပါနဲ႔
သူ႕ေက်ာကုန္းအား အသံထြက္သည္အထိထုခဲ့မိ
ျခင္းအေပၚ သူစိတ္ဆိုးမွာေသမတတ္ေႀကာက္ရြံ႕
ခဲ့ေႀကာင္းလည္း သူမသိ။
ဝမ္းတြင္းရူးလို မ်က္ႏွာရူးလုပ္လ်က္ တစ္လမ္းလံုး
သူျပံဳးျပခြင့္လႊတ္ေစရန္ ႀကိဳးစားမိခဲ့သည္။
ဟုတ္တယ္။ က်ေတာ္က အဲ့လိုပဲ။ ပိုင္သုတကို
မ်က္ရည္က်ေအာင္ လြယ္လြယ္လုပ္ႏိုင္
သေလာက္ သူျပန္ျပံဳးျပေစဖို႕အတြက္ ရွိသမ်ွ
သိကၡာအကုန္သြန္ခ်ျပီး အရူးတစ္ေယာက္လို
သူ႔အျပံဳးကို ေတာင့္တခဲ့ရတာလည္း ရိုးသားလြန္း
တဲ့ ငပိုင္ မသိခဲ့ပါဘူး။
သူ က်ေတာ္နဲ႔အတူတူေဘးခ်င္းအိပ္ေနသည္
ဆိုတဲ့ အသိသတိက ဘယ္ေလာက္ေပ်ာ္စရာ
ေကာင္းမွန္းလည္းသူမသိခဲ့ဘူး။ တစ္ေယာက္တည္းမအိပ္ခ်င္လြန္းေတာ့၍
သူ႔ေမေမေလး ညတိုင္း
အိမ္ျပန္မအိပ္ပါေစနဲ႕ဟူ၍ ဘုရားထံပါး ေတာင္းဆုေႁခြတယ္ဆိုတာ သိရင္ သူဘာေျပာမည္နည္း။
သူမ်ားအိမ္မွာ အိပ္ေနရတယ္ဆိုတဲ့ စိတ္ဝင္ေန
လို႕လားမသိ။ ငပိုင္အိပ္ရင္ အရမ္းျငိမ္သည္။
အဲ့လို လူႀကီးစတိုင္ဖမ္းကာ ျငိမ္ျငိမ္ဆိမ္ဆိမ္အိပ္
ခြင့္ က်ေတာ္မေပး။
ပါးခ်ိဳင့္ေတြေပၚလာေအာင္ သူ႔ပါးေတြကို လက္ညွိဳးနဲ႔ထိုးျခင္းက သူ႕ကို အႏိုင္က်င့္ခ်င္စိတ္
တစ္ခုတည္းနဲ႔ လုပ္ေနတာ မဟုတ္ပါဘူး။
သူ ျပံဳးလိုက္တိုင္း ေပၚလာတတ္တဲ့ ပါးခ်ိဳင့္ေတြကို
က်ေတာ္တကယ္ သေဘာက်မိလို႕ပါ။
မားဗိုက္လို ပူပူေလးျဖစ္ေနတာမဟုတ္ေသာ္
လည္း ေႏြဆိုေအးျပီး ေဆာင္းနဲ႔မိုးဆို ေႏြးေႏြးေလးျဖစ္ေနတတ္တ့ဲ သူ႕ဗိုက္ပါးခ်ပ္ခ်ပ္
သည္လည္း က်ေတာ္သေဘာက်မိေသာ အစိတ္အပိုင္းတစ္ခုပဲ။ ေႏြညေတြဆို သူ႔ဗိုက္ေပၚ
လက္တင္ထားရင္ ေအးေနတတ္တာမ်ိဳး
ေဆာင္းတြင္း ေအးစိမ့္ေနၿပီဆို ေစာင္တစ္ထည္အတူတူျခံဳထားရင္း လက္ေတြကို သူကိုယ္ေပၚ
တင္ထားရင္း ေႏြးေစျခင္းမ်ိဳးေတြ မားဆီ
မွာေတာင္ မရႏိုင္။ ပိုင္သုတ တစ္ေယာက္တည္း
ကသာ ထိုသို႕ ေပးစြမ္းႏိုင္တာ။
သူမသိဘူး။ သူ မႏၱေလးျပန္သြားတိုင္း သူျပန္မလာမွာအေႀကာက္လြန္ေနတဲ့ က်ေတာ့္ကို
သူ မျမင္ခဲ့ဖူးဘူး။ ေကာင္းဆက္စံ
ဖုန္းဆက္ေပးတာေတာင္ ဘယ္ေတာ့ျပန္လာမွာ
လဲ??ရန္ကုန္ကို လံုးဝျပန္မလာေတာ့တာလား??
ဆိုတဲ့ ေမးခြန္းကိုေတာင္ သူ႔ကိုတိုက္ရိုက္ေမးႏိုင္
ဖို႕ မေျပာနဲ႔ သူ႕ညီမေလးကို ေမးဖို႕ကိုပင္
က်ေတာ္ တြန္႔ဆုတ္ခဲ့သည္အထိ စိုးေႀကာက္ခဲ့ရ
တာေတြ...သူ မသိပါဘူး။
သူက သူ႕ကိုအႏိုင္က်င့္ေနတတ္တဲ့ ခ်န္းျငိမ္းေအာင္ ကိုပဲသူျမင္တာ။
"မ-မသိဘူး။ကိုကို ကိုရင္ဝတ္တာ သံုးလပိုင္းအ
ကုန္တည္းက...ခုထိမထြက္ေသးဘူး"
ခုထိမထြက္ေသးဘူးဆိုတဲ့စကားသည္
သူ က်ေတာ့္ဆီကို ျပန္မလာေတာ့ဘူးလား ဆိုသည့္ အေၾကာက္တရားစတင္ေမြးဖြားလာခဲ့
ျခင္း၏ မူလအစ...
ဖုန္းဆက္ၿပီးတဲ့ေန႔မွစ၍ စာမလာဖုန္းမဆက္ သတင္းမပါးေသာ အေျခအေနဆိုးတို႔သည္
သမီးရည္းစာေတြၾကားမွာသာ ႐ွိတတ္တဲ့ ကိစၥမ
ဟုတ္မွန္း က်ေတာ္နားလည္ခဲ့ၿပီ။
ေကာင္းဆက္စံ၏ ငပိုင့္ကို ေတြ႔ခဲ့တယ္ဟူေသာ
မေရမရာစကားတစ္ခုတည္းနဲ႔ ပိုင္သုတအိမ္ေ႐ွ႕
အေမာတေကာ အေျပးသြားခဲ့ရသည္။
ေျပးလာရ၍ တဒုန္ဒုတ္နဲ႔ေပါက္ထြက္မတတ္ျဖစ္
ေနေသာ ႏွလံုးခုန္သံေတြၾကားမွေန၍
ဝရန္ဒါကေန ငံု႔ၾကည့္လာေသာ ကတံုးေျပာင္
ေျပာင္ ေလးတစ္ခုကို ျမင္လိုက္ရခ်ိန္မွာ
႐ုတ္တရက္ ေဆာင့္ခုန္သြားေသာ ေသြးခုန္ႏႈန္း
က ဒုတ္ခနဲ။ ကိုယ္ကိုကိုယ့္ေတာင္လန္႔႔သြားရသည္အထိ...
ဒါသည္ က်ေတာ္ရဲ႕ ပထမဆံုးရင္ခုန္သံ။
ေလွကားခြင္မွတစ္ထစ္ခ်င္းဆင္းလာတဲ့ ပိုင္သုတ
ရဲ႕ ေျခသံကို နားစိုက္ေထာင္ရင္း က်ေတာ္စိတ္
ေတြလႈပ္႐ွားေန၏။
ေက်ာင္းမ်ားထြက္ဖို႔ျပန္တာလား?
အေတြးထဲေတာင္အဝင္မခံႏိုင္၍ ေခါင္းတြင္တြင္ခါ
မိသည္အထိ။
ထင္သလိုမဟုတ္၍ေပ်ာ္ရႊင္သည္။
တစ္ဆက္တည္းဆိုသလို သူ႔နားထင္ေပၚက အညိဳအမည္းစြဲေနေသာ ဒဏ္ရာေၾကာင့္
မိေထြး ဆိုသည့္ နာမ္မဆိုးဆိုးတစ္ခုအား အၿငိဳး
ႀကီးစြာမုန္းခဲ့မိသည္။
ဘဝတြင္ ကိုယ့္ကို နာက်င္ေအာင္မလုပ္ဖူးပါပဲ
ကုိယ္ကသာနာနာက်ည္းက်ည္းမုန္းမိျခင္း
ရန္ကုန္မွာေနရင္ သူဆင္းရဲတြင္းနက္မယ္ဆိုတာ
သိသိႀကီးနဲ႔ က်ေတာ္အတၱႀကီးစြာျဖင့္ သူ႔ေမြးဇာတိ
ၿမိဳ႕ကို မျပန္ျဖစ္ေစရန္ မားေမတၱာေတြကိုမ်ွေဝ
ေပးခဲ့တယ္။
မားကို က်ေတာ္ တစ္ေယာက္တည္းကို ခ်စ္ေစခ်င္၍ အငယ္ေလးေတြ မေမြးပါနဲ႔ဟူ၍
အျပင္းအထန္ တားျမစ္ခဲ့ဖူးေသာ က်ေတာ္သည္
ပိုင္သုတ တစ္ေယာက္ကိုေတာ့ လိုလိုလားလား
မွ်ေဝေပးခဲ့မိသည္။
မွ်ေဝတတ္ျခင္းတို႔သည္ခ်စ္ျခင္းတရားတို႔၏
အေဆြခင္ပြန္းေကာင္းမ်ားျဖစ္ႀက၏
Thank You All
စာက်က္ၾကပါေနာ္။ စာေမးပြဲျပီးရင္ Special
Epi updateေပးမယ္။
🍀Good Luck In Your Exam🍀
(UNicode)
/
/
/
မား၏ဆပ်၍မကုန်နိုင်သောကျေးဇူးများထဲတွင်
ပိုင်သုတ အား ကျတော်နဲ့မခွဲမခွာရှိစေခြင်းပါ ထပ်
လောင်းဖြည့်ပါက မြင်းမိုရ်တောင် အသင်္ချေဆင့်
ဘိသကဲ့သို့ ရှိလှသည်။
ပညာရှိမည်သည် ပြေးကြည့်စရာမလိုဆိုသလိုပဲ
မားပြောခဲ့ဖူးသလို ငပိုင် သည် ကျတော့်အပေါ်
အနွံတာခံလွန်းလှသည်။ ခုလည်းကြည့်လေ
ရလာသမျှမုန့်ဖိုးနေ့ဖို့ညစာ မချန်ကျတော့်ကို မုန့်
ပတ်ဝယ်ကျွေး။ ကျတော်ခေါ်သွားသမျှနေရာတိုင်း
မျက်စိသူငယ်နားသူငယ်နဲ့ လိုက်ရှာသည်။
ပိုင်သုတ လက်ကိုဆွဲပြီး မအူကုန်းလမ်းကျယ်
တစ်ဝိုက်ပတ်နေရခြင်းသည်ပင် အဲ့ချိန်အဲ့အခါက
တစ်ကမ္ဘာလုံးကို ထိုကဲ့သို့ဦးဆောင်ခေါ်သွားနိုင်
သည်အထိ မိမိကိုယ်ကို ယုံကြည်မှု ရှိနေခဲ့သည်။
ငပိုင်သည် ရိုးသားလွန်းသည်။ Asia Lightသို့
သူ့ထက်စောကာ ရောက်ထားပြီး Harry Potterစာအုပ်အားအကြိမ်ပေါင်းများစွာ
ငေးခဲ့ဖူးလျက် ကျတော်လိုချင်လွန်းခဲ့သော်လည်း
မားငြင်းပယ်ချခံခဲ့ရကြောင်းသူမသိ။
အခုမှတွေ့ဖူးသလိုပုံစံဖြင့်လိုချင်လွန်းနေသော ကျတော့်ကိုသာသူမြင်ခဲ့သည်။
ထိုသို့သော လူမျိုးကို ကျတော့်ထက် တစ်ခြား
တစ်ယောက်ကို ပိုခင်တွယ်မှာ ကျတော်မလိုလား။
ဒါကို မားသာ သိရင် "သိပ်စိတ်ပုတ်တဲ့ကောင်ငယ်
လေး" ဆိုပြီး စွပ်စွဲပါလိမ့်မယ်။
ကျတော်နဲ့ လျှောက်လည်သည့်
ကိစ္စအား ငယ်သူငယ်ချင်းကောင်းဆက်စံကိုပင်
အသိမပေးချင်သည် အထိ ငပိုင့်သည် ကျတော်
တစ်ယောက်တည်းကိုပဲ ဦးစားပေးစေချင်သည်။
"သြ ဒါနဲ့ ငါတို့ လျှောက်လည်တဲ့ ကိစ္စ ဟိုကောင် ကောင်းဆက်စံကို မပြောနဲ့နော်"
ကျတော်နှုတ်ပိတ်သော်လည်း မအောင်မြင်။ အရွယ်မတိုင်ခင် ရင့်ကျက်နေသော ငပိုင့်၏ လေပြေထိုးရွှေပြည်အေးတရားအရ နောင်တစ်ခေါက်ဆို ကောင်းဆက်စံအလှည့်ဖြစ်
နေနိုင်သည့် သဘောပါ စကားများ...
"မဟုတ်ပါဘူး ချန်းရာ။ငါက ဒီအတိုင်းပြောပြ
တာ။သူနဲ့ ငါက အရင်ခင်တာလေ။နောက်မှ
မင်းနဲ့ ခင်သွားပြီး ခုလိုမင်းနဲ့ပဲလျှောက်သွားတာ
သိတော့စိတ်မကောင်းဖြစ်မှာပေါ့"
" စိတ်မကောင်းလည်း မတတ်နိုင်ဘူး
ဟေ့ကောင်။သူက မင်းကို ဘာလုပ်ပေးလဲပြော...ငါ့လောက် မင်းအရေး သူစိတ်ဝင်စားလား??သူ့
အမေကြီးကို တုန်နေအောင်ကြောက်နေရတာနဲ့
မင်းကို ထမင်းတကူးတက ထည့်လာပေးလား??
ငါကသာ မင်းကြောင့်သက်သက်လွတ်
်နေ့တိုင်းစားပေးနေရတာ...စာရှင်းပြတာလည်း
ဘယ်လောက်ပင်ပန်းတယ်ထင်လဲ??"
အိမ်အပြန်လမ်းတစ်လျှောက် စိတ်လိုက်မာန်ပါနဲ့
သူ့ကျောကုန်းအား အသံထွက်သည်အထိထုခဲ့မိ
ခြင်းအပေါ် သူစိတ်ဆိုးမှာသေမတတ်ကြောက်ရွံ့
ခဲ့ကြောင်းလည်း သူမသိ။
ဝမ်းတွင်းရူးလို မျက်နှာရူးလုပ်လျက် တစ်လမ်းလုံး
သူပြုံးပြခွင့်လွှတ်စေရန် ကြိုးစားမိခဲ့သည်။
ဟုတ်တယ်။ ကျတော်က အဲ့လိုပဲ။ ပိုင်သုတကို
မျက်ရည်ကျအောင် လွယ်လွယ်လုပ်နိုင်
သလောက် သူပြန်ပြုံးပြစေဖို့အတွက် ရှိသမျှ
သိက္ခာအကုန်သွန်ချပြီး အရူးတစ်ယောက်လို
သူ့အပြုံးကို တောင့်တခဲ့ရတာလည်း ရိုးသားလွန်း
တဲ့ ငပိုင် မသိခဲ့ပါဘူး။
သူ ကျတော်နဲ့အတူတူဘေးချင်းအိပ်နေသည်
ဆိုတဲ့ အသိသတိက ဘယ်လောက်ပျော်စရာ
ကောင်းမှန်းလည်းသူမသိခဲ့ဘူး။ တစ်ယောက်တည်းမအိပ်ချင်လွန်းတော့၍
သူ့မေမေလေး ညတိုင်း
အိမ်ပြန်မအိပ်ပါစေနဲ့ဟူ၍ ဘုရားထံပါး တောင်းဆုခြွေတယ်ဆိုတာ သိရင် သူဘာပြောမည်နည်း။
သူများအိမ်မှာ အိပ်နေရတယ်ဆိုတဲ့ စိတ်ဝင်နေ
လို့လားမသိ။ ငပိုင်အိပ်ရင် အရမ်းငြိမ်သည်။
အဲ့လို လူကြီးစတိုင်ဖမ်းကာ ငြိမ်ငြိမ်ဆိမ်ဆိမ်အိပ်
ခွင့် ကျတော်မပေး။
ပါးချိုင့်တွေပေါ်လာအောင် သူ့ပါးတွေကို လက်ညှိုးနဲ့ထိုးခြင်းက သူ့ကို အနိုင်ကျင့်ချင်စိတ်
တစ်ခုတည်းနဲ့ လုပ်နေတာ မဟုတ်ပါဘူး။
သူ ပြုံးလိုက်တိုင်း ပေါ်လာတတ်တဲ့ ပါးချိုင့်တွေကို
ကျတော်တကယ် သဘောကျမိလို့ပါ။
မားဗိုက်လို ပူပူလေးဖြစ်နေတာမဟုတ်သော်
လည်း နွေဆိုအေးပြီး ဆောင်းနဲ့မိုးဆို နွေးနွေးလေးဖြစ်နေတတ်တဲ့ သူ့ဗိုက်ပါးချပ်ချပ်
သည်လည်း ကျတော်သဘောကျမိသော အစိတ်အပိုင်းတစ်ခုပဲ။ နွေညတွေဆို သူ့ဗိုက်ပေါ်
လက်တင်ထားရင် အေးနေတတ်တာမျိုး
ဆောင်းတွင်း အေးစိမ့်နေပြီဆို စောင်တစ်ထည်အတူတူခြုံထားရင်း လက်တွေကို သူကိုယ်ပေါ်
တင်ထားရင်း နွေးစေခြင်းမျိုးတွေ မားဆီ
မှာတောင် မရနိုင်။ ပိုင်သုတ တစ်ယောက်တည်း
ကသာ ထိုသို့ ပေးစွမ်းနိုင်တာ။
သူမသိဘူး။ သူ မန္တလေးပြန်သွားတိုင်း သူပြန်မလာမှာအကြောက်လွန်နေတဲ့ ကျတော့်ကို
သူ မမြင်ခဲ့ဖူးဘူး။ ကောင်းဆက်စံ
ဖုန်းဆက်ပေးတာတောင် ဘယ်တော့ပြန်လာမှာ
လဲ??ရန်ကုန်ကို လုံးဝပြန်မလာတော့တာလား??
ဆိုတဲ့ မေးခွန်းကိုတောင် သူ့ကိုတိုက်ရိုက်မေးနိုင်
ဖို့ မပြောနဲ့ သူ့ညီမလေးကို မေးဖို့ကိုပင်
ကျတော် တွန့်ဆုတ်ခဲ့သည်အထိ စိုးကြောက်ခဲ့ရ
တာတွေ...သူ မသိပါဘူး။
သူက သူ့ကိုအနိုင်ကျင့်နေတတ်တဲ့ ချန်းငြိမ်းအောင် ကိုပဲသူမြင်တာ။
"မ-မသိဘူး။ကိုကို ကိုရင်ဝတ်တာ သုံးလပိုင်းအ
ကုန်တည်းက...ခုထိမထွက်သေးဘူး"
ခုထိမထွက်သေးဘူးဆိုတဲ့စကားသည်
သူ ကျတော့်ဆီကို ပြန်မလာတော့ဘူးလား ဆိုသည့် အကြောက်တရားစတင်မွေးဖွားလာခဲ့
ခြင်း၏ မူလအစ...
ဖုန်းဆက်ပြီးတဲ့နေ့မှစ၍ စာမလာဖုန်းမဆက် သတင်းမပါးသော အခြေအနေဆိုးတို့သည်
သမီးရည်းစာတွေကြားမှာသာ ရှိတတ်တဲ့ ကိစ္စမ
ဟုတ်မှန်း ကျတော်နားလည်ခဲ့ပြီ။
ကောင်းဆက်စံ၏ ငပိုင့်ကို တွေ့ခဲ့တယ်ဟူသော
မရေမရာစကားတစ်ခုတည်းနဲ့ ပိုင်သုတအိမ်ရှေ့
အမောတကော အပြေးသွားခဲ့ရသည်။
ပြေးလာရ၍ တဒုန်ဒုတ်နဲ့ပေါက်ထွက်မတတ်ဖြစ်
နေသော နှလုံးခုန်သံတွေကြားမှနေ၍
ဝရန်ဒါကနေ ငုံ့ကြည့်လာသော ကတုံးပြောင်
ပြောင် လေးတစ်ခုကို မြင်လိုက်ရချိန်မှာ
ရုတ်တရက် ဆောင့်ခုန်သွားသော သွေးခုန်နှုန်း
က ဒုတ်ခနဲ။ ကိုယ်ကိုကိုယ့်တောင်လန့့်သွားရသည်အထိ...
ဒါသည် ကျတော်ရဲ့ ပထမဆုံးရင်ခုန်သံ။
လှေကားခွင်မှတစ်ထစ်ချင်းဆင်းလာတဲ့ ပိုင်သုတ
ရဲ့ ခြေသံကို နားစိုက်ထောင်ရင်း ကျတော်စိတ်
တွေလှုပ်ရှားနေ၏။
ကျောင်းများထွက်ဖို့ပြန်တာလား?
အတွေးထဲတောင်အဝင်မခံနိုင်၍ ခေါင်းတွင်တွင်ခါ
မိသည်အထိ။
ထင်သလိုမဟုတ်၍ပျော်ရွှင်သည်။
တစ်ဆက်တည်းဆိုသလို သူ့နားထင်ပေါ်က အညိုအမည်းစွဲနေသော ဒဏ်ရာကြောင့်
မိထွေး ဆိုသည့် နာမ်မဆိုးဆိုးတစ်ခုအား အငြိုး
ကြီးစွာမုန်းခဲ့မိသည်။
ဘဝတွင် ကိုယ့်ကို နာကျင်အောင်မလုပ်ဖူးပါပဲ
ကိုယ်ကသာနာနာကျည်းကျည်းမုန်းမိခြင်း
ရန်ကုန်မှာနေရင် သူဆင်းရဲတွင်းနက်မယ်ဆိုတာ
သိသိကြီးနဲ့ ကျတော်အတ္တကြီးစွာဖြင့် သူ့မွေးဇာတိ
မြို့ကို မပြန်ဖြစ်စေရန် မားမေတ္တာတွေကိုမျှဝေ
ပေးခဲ့တယ်။
မားကို ကျတော် တစ်ယောက်တည်းကို ချစ်စေချင်၍ အငယ်လေးတွေ မမွေးပါနဲ့ဟူ၍
အပြင်းအထန် တားမြစ်ခဲ့ဖူးသော ကျတော်သည်
ပိုင်သုတ တစ်ယောက်ကိုတော့ လိုလိုလားလား
မျှဝေပေးခဲ့မိသည်။
မျှဝေတတ်ခြင်းတို့သည်ချစ်ခြင်းတရားတို့၏
အဆွေခင်ပွန်းကောင်းများဖြစ်ကြ၏
Thank You All
စာကျက်ကြပါနော်။ စာမေးပွဲပြီးရင် Special
Epi updateပေးမယ်။
🍀Good Luck In Your Exam🍀