EX-pect

By HsuChiKo365

9M 735K 39.4K

B×B(Own Characters) Romance,Drama and other age limited feelings ဒီ​ေလာကထဲကမတည္​ျမဲျခင္​းတရား​ေတြထဲ မင္​းကို​... More

About Story
Intro
ခ်န္း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
Epi8
Epi-9
Epi-10
Epi-11
Epi-12
Epi-13
Epi-14
Epi-15
Epi-16
Epi-17
Epi(18-1)
Epi 18-2
Epi-19
​ေတာင္​းပန္​လႊာ
Epi-20
Epi-21
Epi-22
Epi(23-1)
Epi(23-2)
Epi24
Epi-25
Epi-26
Epi-27
Epi-28
Epi-29
Epi-30
Epi-31
Epi-32
Epi-33
Epi-34
Epi-35
Epi-36
Epi-37
Epi-38
Epi-39
EPI-40
Epi-41
EPI-42
Epi-43
Epi-44
Epi-45
Epi-46
Epi-47
Epi-48
Epi-49
Ending
Ending
July 2
စတင္ျခင္း
​ေမွ်ာ္​လင္​့ျခင္​း
မွားယြင္းျခင္း ၁
မက္ေမာျခင္း(၁)
မွားယြင္းျခင္း(၂)
မက္ေမာျခင္း(၂)
ေမတၱာရပ္ခံျခင္း
Life
Life
ခ်စ္ျခင္းတရား
စစ္ျငိမ္းခ်မ္းပိုင္
စစ္ျငိမ္းခ်မ္းပို္င္ ၏ အိမ္စာ
We Are
Surprise!!!!
စစ္ျငိမ္းခ်မ္းပိုင္
နန္ဒဦးမော်ဆီက ပိုင်ဘာတွေသင်ယူခဲ့လဲ

Special Colla

161K 9.8K 970
By HsuChiKo365

က်ေတာ့္ေဘးတစ္ဖက္တစ္ခ်က္ေနရာသည္ ေအး
စက္စက္ျဖစ္ေနသည္မွာ ေနေရာင္ေႏြးေႏြးတို႔
အခန္းထဲမဝင္ေရာက္ႏိုင္၍မဟုတ္...
က်ေတာ္ခ်စ္ေသာသူတို႔ မရွိႀကေတာ့၍ျဖစ္မည္။

ဘယ္ညာလြန္႔လူးရင္း အသံဗလံတို႔ကိုနားစြံရင္း
ျပံဳးရျပန္သည္။ေရခ်ိဳးခန္းထဲမွ လာေသာအသံ
မ်ားသည္ ခ်စ္စဖြယ္အတိ။က်ေတာ့္ကို လူျဖစ္
ရက်ိဳးနပ္သည္ဟု ေတြးေတာေစသည္။

"အင္ အင္း။ပါျပီလား သားသား"

မနက္မိုးလင္းဆို မထခ်င္တဲ့ က်ေတာ့္အိပ္ပုတ္
သည္ အမရာျပန္သြားသည့္အခ်ိန္မွ စ၍သား၏
မနက္ခင္းေဝယ်ဝစၥအဝဝကို တာဝန္ယူထား
သည္။
ကိုယ့္သေတြးေတာင္ ကိုယ္ျပန္ရြံခ်င္ရြံေနတတ္
သည့္က်ေတာ့္အား သား၏ အညစ္အေႀကးကိစၥ
ေတြကို မလုပ္ခိုင္း။သူသာ အစအဆံုးအကုန္သိမ္း
က်ံဳးလုပ္ေပး၏။
ခုလည္း သားကို အီးအီးတည္ေနသံက မနက္ခ်ိန္
ခါေတးသံသာပမာ အိမ္ထဲျပန္႔လြင့္ေနသည္။

"ေဖႀကီး...ေႏြး ေႏြး"

သူ႔အေဖအား ေရေႏြးနဲ႔ ေဆးခိုင္းေနတာျဖစ္မည္။
စကားစေျပာတတ္ခါစအရြယ္မို႕ သားသားအသံ
တီတီတာတာကလည္း ရယ္ေမာေစသည္။
ရယ္လိုက္ေတာ့မွ...နာက်င္မႈတစ္ခုက ပိုထင္သာ
ျမင္သာ ရွိလာသည္။
အင္း ညက...

ကိုယ့္ခါးကို ျဖည္းျဖည္းခ်င္းကိုင္ကာ ကုတင္ေပၚ
ကေနထရသည္။
ရွပ္အက်ီ ၤႀကယ္သီးဖရိုဖရဲ တလြဲ။ေမွာင္ေနေတာ့
လည္း မျမင္မစမ္းျပန္ဝတ္ေပးထားပံုပဲ။

ကိုယ္လံုးေပၚမွန္ေရွ႔ရပ္ရင္း ပြေယာင္းေယာင္း
ဆံပင္တစ္သိုက္ကို ျပန္ဖိခ်ရသည္။ေပါင္ရင္းထိ
သာရိွေသာေဘာလံုးေဘာင္းဘီနဲ႕ မို႕အျမင္မတင့္။
ႀကယ္သီးေပါက္တလြဲအက်ီ ၤကိုလည္္း အစအဆံုးျပန္ျဖဳတ္တပ္ရအံုးမည္။ဒီပံုစံနဲ႔ သားေရွ႔မသြားခ်င္။မသြားသင့္။

ဟင္းလင္းပြင့္သြားေသာရင္ဖက္ပိုင္းေဖြးေဖြးတြင္
ထင္းေနေသာ ခပ္ရဲရဲအကြက္တစ္ခ်ိဳ႕။
အသံထြက္ဆဲမိျပန္၏။
ဆဲမိျပီးမွ အရူးလို ျပန္ရယ္မိသည္။အမွန္ေတာ့...
မဆဲသင့္။
ငပိုင္က ေျပာမယ္ဆို ေရာင့္ရဲႏိုင္လြန္းတယ္။
ျပီးေတာ့ အဲ့ဖက္ပိုင္းတြင္ စိတ္ခံစားမႈအားနည္း
လြန္းတာလားပဲ။
သူေပးလို႔က်ေတာ္ယူတာလား??သူလိုခ်င္လို႕
က်ေတာ္ေပးလိုက္တာလား??မသဲကြဲေသာေန႔
ရက္တခ်ိဳ႕ကို ျဖတ္သန္းဖူးခဲ့တာေတာင္ ဘယ္လို
ေျခေနမ်ိဳးမွာပဲျဖစ္ျဖစ္ သူက စတင္တယ္ဆိုတာ
ရွားပါးလြန္းတယ္။
မေန႕ကသာ...ထူးကဲစြာ။
အတြင္းသားေတြမို႕ေတာ္ေသးတယ္ဟု ေတြးေနစဥ္...လည္ပင္းေထာင့္မွာ။
ေသမလိုပဲ ငပိုင္။ဒီေန႔လည္ကတံုးဝတ္ပါမယ္လို႔
အတန္တန္ေျပာထားရက္နဲ႔။
ေတာက္!မင္းေသျပီ။

ေရခ်ိဳးခန္းထဲ ဝင္ခ်လာေသာ က်ေတာ့္ကို လွည့္
ျပံဳးျပသည္။

"morning တခ်န္း..."

တဆက္တည္း သားသားကပါ

"ေမာ...ေဖေဖ" ဟူ၍ မပီကလာပီကလာ ႏႈတ္ခြန္းခ်ိဳေတာ့ က်ေတာ့္ေဒါသ သားအျပံဳး
ေအာက္ တေတာက္ေတာက္ေပ်ာ္က်ရ၏။

"ေရခ်ိဳးေတာ့မလား??ေရေႏြးစပ္ထားျပီးျပီ"

အလိုက္သိလြန္းတာေတာ့ သူ႔ကိုမွီမယ့္လူမေပၚ
ေလာက္ေသးလို႔ က်ေတာ္ယံုထားတယ္။
သားကို ခ်ီပိုးရင္း က်ေတာ့္ေရွ႔ရပ္ကာ

"မနက္စာ စားျပီးေဆးေသာက္ထားအံုး။ခုလည္း
ေရႀကာႀကီးစိမ္မေနနဲ႔"

ဟူ၍ ခပ္တိုးတိုးေျပာကာမွ လာရင္းကိစၥကိုသတိရ
သြားရ၏။
မ်က္ေထာင့္နီနဲ႔ စူးခနဲတစ္ခ်က္ႀကည့္သည္ကို
သူ႔မ်က္လံုးထဲ ခ်စ္ရည္ရႊန္းေနသည္ထင္...
ပါးခ်ိဳင့္တို႕နစ္ေနေအာင္ ျပန္ကာျပံဳးျပေနေသး၏။

"သား...ေဖ နဲ႔ ခ်ိဳးမယ္"

ေရဘဝဲေလးသားသည္ ေရသံႀကားရံုနဲ႔ တြန္႔လူး
ေနတတ္သူ။ေနာက္မွ သိရတာ အဲ့ဒါ ဟိုဖက္အမ်ိဳး
အက်င့္ဆိုပဲ။
သားေမေမသည္ တကၠသိုလ္ေရကူးခ်န္ပီယံ
ပါတဲ့။

"ဒါဆိုလည္း တခ်န္း...မင္းပဲသားကို ေရခ်ိဳးေပး
လိုက္ေတာ့။ငါ သနပ္ခါးသြားေသြးထားလိုက္မယ္"

ေရခ်ိဳးဇလံုထဲက ေရႀကက္သီးေႏြးေႏြးထဲ သားက
ေပ်ာ္ေန၏။Baby Mild ဆပ္ျပာရည္ထဲ က်ေတာ့္ကိုယ္ပါ ကေလးနံ႕ထြက္ေတာ့မည္။

"ေဖ...နာနာလား?"

ရင္ဖက္မွ အနီကြက္ကို လက္ညွိဳးေလးေထာက
္ကာေမးေတာ့ က်ေတာ္ျပန္ေျဖရခက္ေနျပီ။
ဟုတ္သား...ဒီေန႔ ငပိုင့္နဲ႔ပဲ သားကိုေရခ်ိဳးခိုင္းသင့္
တာ။

"ေကာင္ေကာင္ ကိုက္တာ"

"နာလား ေဖ"

"မနာပါဘူး"

"ဒီမွာေကာပဲ...သားသား အိပ္ေနတုန္းက ကိုက္
တာလား?"

"အင္း ဟုတ္တယ္"

ရွက္ရွက္နဲ႔ ဆပ္ျပာအျမဳပ္ေတြပိုထေအာင္လုပ္ေန
မိသည္။ငပိုင္...ဟင္းဟင္း ငပိုင္။

သပက္ျဖဴျဖဴေထြးေထြးႀကား သားက ပိုးတံုးေလး
ေလးလို ပါလာသည္။ႏွစ္ႏွစ္တင္းတင္းျပည့္ေန
ျပီျဖစ္တဲ့သားက ထြားလြန္းသည္။
စကားလည္း တတ္၏။ဒါကေတာ့သူတို႕ဖက္အမ်ိဳး
တူတာ ဟု နႏၵက ဂုဏ္ဝင္ဆာေနတတ္ေသး၏။
ဟုတ္ေတာ့ဟုတ္တယ့္။က်ေတာ္ေကာ ငပိုင္
ေရာက အဲ့ေလာက္မွ မသြက္တာ။

ေရႊဘိုသနပ္ခါးတံုးကို အားပါးတရသြားထားတာ
သားေမေမလိမ္းခဲ့ေသာ ေက်ာက္ျပင္ႀကီးေပၚတြင္
အျပည့္ျဖစ္ေနရံုသာမက ေဘးဖက္ေရးဆင္း
ေျမာင္းထဲသို႔ပါ လွ်ံက်ေနသည္။
သားတီတီ ဝသာန္ကိုယ္တိုင္ ေရႊဘိုထိတက္ဝယ္
ထားေသာ သနပ္ခါးအေပြးအက္အက္တို႔သည္
ပိုင္သုတ လက္ထဲေရာက္ပါက မခံ။သားကို မနက္
မိုးလင္းတာနဲ႔ ေခါင္းအစေျခအဆံုး သနပ္ခါးမံ
တတ္သူ။ျပီးရင္ ေနရာမလပ္ တရႈံရႈံနမ္းေနေရာ။

ခုလည္းႀကည့္ သားပိုးတံုးလံုးက သူ႔ေရွ႔လံုးေန
ေအာင္ငုတ္တုပ္ေလးထိုင္ေနတာ။သားကိုယ္တိုင္ကလည္း အသန္႔ႀကိဳက္တယ္။

သနပ္ခါးလိမ္းေနေသာ သူတို႔သားအဖ၏ စကား
သံတိုု႕သည္ အက်ီ ၤလဲေနေသာ က်ေတာ့္ဆီသို႔
တိုက္ရိုက္ ေရာက္လာႀကသည္။

"ေဖႀကီး...ညကေလ ေဖ့ ကို ေကာင္ေကာင္
ကိုက္သြားတာ သိလား?"

"အင္??ဘယ္မွာတုန္း သားရ"

"ဒီနားမွာ နာနာေတြ"

သားသည္ လက္ညွိဳးေလးနဲ႔ သူ႔ရင္ဖက္ေနရာ
ေတာ္ေတ္ာမ်ားမ်ားကို ေထာက္ျပေနပံုကိုႀကည့္
ျပီး က်ေတာ္မ်က္လံုးေတြျပဴး နားရြက္ဖ်ားေတြပါ
ပူတက္လာသည္။
ဟုတ္သားပဲ...ခ်န္း နဲ႔ ညက??တိုင္နဲ႔ေခါင္းသာ
ေျပးေဆာင့္ခ်င္သည္။သားကို ပါးကြက္ကြက္ေပး
ေနေသာ လက္ေတာင္တုန္လာရသည္။

"ေဖႀကီးသိလား?ေပါင္ ေပါင္မွာေကာပဲ...အဲ့
ေလာက္ေလာက္ႀကီး"

သားက လက္ေဖာင္းေဖာင္းေလးႏွစ္ခုကို ဆက္ကာ အဝိုင္းပံုစံလုပ္ျပေနေတာ့၏။

"အင္း အင္း ေဖႀကီးေတာင္းပန္တယ္ေနာ္။"

"ေဖေဖ သနားပါတယ္။ဒီည အဲ့ေကာင္ေကာင္
ကိုဖမ္းေပးေနာ္ ေဖႀကီး"

"အင္း အင္းပါ သားရယ္။ေဖႀကီးေတာင္းပန္တယ္
ေနာ္"

"ေဖေဖနာေနတာ သိလား??ေရခ်ိဳးေနရင္း နာလို႕တဲ့"

"ေနာက္ မျဖစ္ေစရပါဘူး သားရယ္ေနာ္"

သားကို တတြတ္တြက္ေတာင္းပန္စကားဆိုေန
ေသာ ငပိုင့္ကို ေငးႀကည့္ရင္း စိတ္မေကာင္း။
အစက သားနဲ႔ေျပာေနရင္း စခ်င္လာလို႕ သားကို
ေျပာလိုက္မိတာ။
ခါတေလ ႀကံဳေတာင့္ႀကံဳခဲက်ေတာ့္အေပၚ သူ
လိုခ်င္စိတ္မ်ားသြားတာ။

သားကို မ်က္ႏွာငယ္နဲ႔ ေတာင္းပန္ေနေသာ သူ႔နားသြားထိုင္ေတာ့ ေတာင္းပန္မႈျပည့္ေနေသာ
မ်က္ဝန္းမ်ားျဖင့္ ျပန္ငဲ့ႀကည့္သည္။
က်ေတာ္ခ်စ္ရသူသည္ ျဖဴစင္လြန္း၏။
တျခားအရာေတြနဲ႔ သူ႔နယ္ပယ္မွာ သူထူးခြ်န္ေန
လိမ့္မည္။ဒါေပမယ့္ တျခားလူမသိေသာ တျခား
တစ္ဖက္တြင္ သူဟာ ရိုးသားလြန္းတယ္။
ငါ မင္းကို တျခားလူလက္ထဲ ထည့္လိုက္ရမွာ
ေသမေလာက္ေႀကာက္တာ အဲ့ဒါေတြေႀကာင့္...

"သြား မင္းေရသြားခ်ိဳး။သားကို ငါပဲ အဝတ္အစား
လဲေပးထားမယ္။ျမန္ျမန္လုပ္ ငါ ဗိုက္ဆာေနျပီ"

"နာ ေနတာလား တခ်န္း။ငါ ငါ တကယ္ေတာင္း..."

သားကို ေဆြ႔ခနဲေကာက္ခ်ီျပီး သားမ်က္ကြယ္
သြားသည္ႏွင့္ ဒီေကာင့္ေမးဖ်ားကို ျဖတ္ခနဲနမ္းရင္းက်ေတာ္ ေက်နပ္ေႀကာင္းသိေစလိုက္သည္။
အားနာသလိုလို ရွက္သလိုလိုမပြင့္တပြင့္ျပန္ျပံဳး
ျပေတာ့ က်ေတာ္ ပိုခ်စ္မိ၏။

သူ၏မာယာမဲ့ျပဳစားျခင္းတို႔တြင္ က်ေတာ္အႀကိမ္ႀကိမ္
အခါခါ ေက်နပ္စြာ က်ရံႈးတယ္။

လည္ကတံုးအျဖဴ ေယာပုဆိုးအနက္ေရာင္ ဆင္
တူနဲ႔ က်ေတာ္တို႔ႏွစ္ေယာက္ကို သား က သေဘာ
က်ေနသည္။
သားအတြက္လည္း ပုဆိုးေသးေသးေလးကို
ရႈတ္ႀကိဳးေလးနဲ႔ ဝတ္ေပးထားေတာ့ သားက လံုး
လံုးေလးနဲ႔ ခ်စ္စဖြယ္ေကာင္းလြန္းသည္။

ကားေမာင္းေနေသာ သူ႔အေဖ ငပိုင့္ကိုလည္း
ငဲ့ငဲ့ႀကည့္ရတာအေမာ။ႏွစ္ႏွစ္ျပည့္ေမြးေန႔မိုု႕
က်ေတာ္တို႔ႏွစ္ေယာက္လံုး အလုပ္မွ ခြင့္ယူကာ
သားကို ျပည္ခ်စ္ဘုရား(မဟာအံ့ထူးကံသာ)ကို လိုက္ပို႕ေပးႀကသည္။
အျပင္မထြက္ဖူးေသာသားအတြက္ အကုန္လံုးက
အသစ္အဆန္း။
ေနေရာင္ေႏြးေႏြးေအာက္ ေစတီေတာ္ဆီမွ ဆည္း
လည္းသံ တခ်ြင္ခြ်င္က စိတ္ႏွလံုးကို ေအးခ်မ္းေစ
သည္။ကားေပၚက ဆင္းသည္ႏွင့္ ပန္းေရာင္း
ေသာ ကေလးမေလးေတြသည္ ေျပးကာ ကပ္လာေတာ့၏။သားသည္လည္း သူ႔ကိုခ်စ္စရာ
ေလးဟုဆိုကာ ပါးဆြဲနားဆြဲလာလုပ္ေသာ ကေလးမေတြကိုႀကည့္ရင္း ခိုးခိုးခစ္ခစ္နဲ႔...
အဝတ္အစားခပ္ႏြမ္းႏြမ္းနဲ႔ ကေလးေတြဆီမွ ပန္း
ေတြကို အကုန္ဝယ္ရန္ သူ႔အေဖငပိုင္ကိုတိုက္
တြန္းေတာ့သည္။သနားပိုတတ္တဲ့ စိတ္အား
ငပိုင္ အခ်ိန္ေပးေမြးျမဴေပးထားတာ။

သားကို ငပိုင္ပဲထိန္းေက်ာင္းသြားတာမ်ားသည္။
အလင္းျပန္ TV screenကို မႀကည့္တတ္ေစပဲ
ေရာင္စံုပံုျပ ပံုျပင္စာအုပ္တစ္ထပ္ႏွင့္ သားကို
ေပ်ာ္ေနေစသည္။
လက္ညွိဳးနဲ႔ ပြတ္ဆြဲေနရေသာ ဖုန္းကုိသားေရွ႕
မွာ သူဘယ္ေတာ့မွ စိတ္မဝင္စားျပ။သားကိုသာ
ကေလးသီခ်င္းေလးေတြဖြင့္ျပျခင္းျဖင့္သာ သူ႔
အခ်ိန္ေတြကိုဖဲ့ေပးတတ္၏။ညအိပ္ခ်ိန္ဆို သားကို
ဘုရားရွီခိုးသံကို ႀကားရျပီ။က်ေတာ္တို႔ႏွစ္ေယာက္
ကို လက္အုပ္ေလးခ်ီရင္း ထိုင္ကန္ေတာ့ေနတဲ့
သားကို ဆုေတြတသီတစ္တန္းေပးရျခင္းနဲ႔ က်ေတာ္တို႔တစ္ေန႔တာကို အဆံုးသတ္သည္
သားအား ပိုင့္ကိုယ္ေပၚတင္ျပီး ပံုျပင္ဖတ္ျပရတာ
ကို က်ေတာ္သည္လည္းစြဲလမ္းေနခဲ့ျပီ။

အေဖႏွစ္ေယာက္နဲ႔သားသည္ အေမတကာ ငိုျခင္း
မ်ိဳးလည္းမရွိခဲ့။အမရာ USကိုျပန္ေတာ့ သားတစ္
ႏွစ္ေတာင္ မျပည့္ခ်င္ေသး။အေမေဝးခါစက နည္း
နည္း ဂ်ီက်တတ္ေပမယ့္ ေနာက္ပိုင္းသားေနသား
က်လာရံုသာမက က်ေတာ္တို႔နဲ႔ ေပ်ာ္တတ္လာျပီ။

ခုလည္း က်ေတာ္တို႔ႏွစ္ေယာက္ႀကားလက္ခ်ိတ္
္ရင္း သားက ခုန္ဆြခုန္ဆြနဲ႔ ျမဴးေန၏။
ႏွင္းဆီျဖဴေတြကို ကိုယ္တိုင္ကိုင္ခ်င္တယ္။ခ်ီပိုး
တာကို လက္မခံပဲ ေလွကားထစ္ေတြကို သူ႔ဘာသာသူ တက္ခ်င္တယ္။ဒီပံုစံအတိုင္းဆို
ေနာက္၃ႏွစ္ေလာက္ဆိုသား ကေလးမဟုတ္ေတာ့
ဘူးမ်ားေျပာေလမလားပဲ။

သုဝဏၰလံုးခ်င္းအိမ္ရာဝင္း🏡🏡

"ညီ ဟိုမွာ ေအးေန မလား??"

ေျပာလည္းေျပာ ဆြယ္တာတစ္ထည္ထည့္ေခါက္
ထည့္သည္။ဟိုဟာလိုမလား ဒီလိုျဖစ္ေနမလား??
ေျပာရင္းထည့္ေနတာ ျပင္ဦးလြင္ တစ္ညအိပ္၂
ရက္ခရီးက Europeတစ္ခြင္ျပဲျပဲစင္ပတ္မလို
ျဖစ္ေနျပီ။

"ကိုဇက္ေတာ္ေတာ့ ရတယ္။မထည့္ပါနဲ႔ေတာ့ဗ်ာ
ကီးဘုတ္က သယ္ရအံုးမွာကိို သတ္မွတ္ကီလို
ေက်ာ္ေနမယ္"

ညီတစ္ေယာက္ တက္ႀကြေနသည္မွာ  ခ်န္းျငိမ္း
၏ ေမြးေန႔ဖိတ္ Phone callရတည္းက။
၂ႏွစ္သားအတြက္ လက္ေဆာင္က ကီးဘုတ္playerတဲ့။

"ညီရယ္ ကေလးနဲ႔ ကီးဘုတ္က...ေက်ာင္းတက္
တဲ့အရြယ္မွ ဝယ္ေပးတာမဟုတ္ဘူး"

"Nono သားစစ္က ခုတည္းက Musicနဲ႔
ရင္းႏွီးေနရမွာ။ခုတည္းကဝယ္ေပးထားမွသားက ၂ႏွစ္တည္းက ကီးဘုတ္နဲ႔ရင္းႏွီးေနတယ္
ဆိုတာကို ေနာင္တစ္ခ်ိန္Idolျဖစ္ရင္ေျပာႏိုင္မွာ"

က်ေတာ္ဟက္ဟက္ပက္ပက္ရယ္ေတာ့ ႏႈတ္ခမ္း
ေထာ္ကာ
"Wae wae သားစစ္က Idolျဖစ္မွာ" ဟူု၍
က်ေတာ့္၏ ဘယ္ေတာ့မွ မေျပာင္းလဲေသာ
peter panေလးက အသည္းယားစဖြယ္ျပန္
ရန္ေတြ႔၏။

သားစစ္ကို ညစဥ္ video callေခၚဆိုျခင္းျဖင့္
ခုတည္းက သားစစ္HCလုပ္ေနေတာ့၏။

"သားစစ္က Idolရုပ္ဗ်။မ်က္ေတာင္ႀကီးေတြ
ေကာ့ေနတာ။သားက အသားအရည္လည္းလွ
တယ္။ပါးခ်ိဳင့္တစ္ဖက္နဲ႔ သားကိုခုတည္းကပံ့ပိုး
ေပးရမွာ။ဟိုႏွစ္ေယာက္က celeဆို သားက ခု
တည္းက Return of supermanေတာင္
ရိုက္လို႔ရမွာ"

"ညီရယ္~~သူတို႔ အေဖႏွစ္ေယာက္ရဲ႕ သေဘာ
လည္းရွိေသးတာကို။ညီက အတင္းလုပ္ယူသလို
ျဖစ္ေနရင္ အားနာစရာႀကီးေလ။ကိုေျပာတာ အဲ့
သေဘာ။ညီသိလား?"

"Molar"

မႏိုင္။ေတာက္တဲ့ေတာက္တဲ့ နဲ႔ ထြက္သြားေတာ့
လည္း လိုက္ေခ်ာ့ေပးရမွာ က်ေတာ့္တာဝန္။

ျပင္တြင္းေလေႀကာင္းမို႔ ညီသိပ္ေတာ့မပင္ပန္း။
ျပင္ဦးလြင္ေတာင္ပတ္လမ္းသို႔စတက္တာနဲ႔ ညီ့
ကို ေႏြးေႏြးေထြးေထြးထားရသည္။

ဟိုသားအဖေတြကမနက္ခင္းကမဟာအံ့ထူးကံသာ သြားႀကသည္။ခုညေနေတာ့ သူတို႕အိမ္မွာ
birthday partyလုပ္မယ္ဟူ၍ ဖိတ္ထားတာ

ကိုကို႕ျခံထဲ အရင္သြားေနရာခ်ျပီးတာနဲ႔ ေမြးေန႔
ပါတီ တက္ဖို႕ ညီ က ထံုးစံအတိုင္းအျပတ္ရႈိင္း
ေန၍ ကိုကိုကပင္ သူ႕ေယာက္ဖကိုႀကည့္ျပီး သေဘာေတြက်ေနသည္။

"ညီ ရာ ကိုယ္ေတြပဲရွိတဲ့ ပြဲကို ေပါ့ေပါ့ပါးပါးပဲ
ဝတ္ခဲ့ပါ"

"Nono သားအျမင္မွာ က်ေတာ္က smart
က်ေနရမယ္"

ထူအုပ္အုပ္ဆံပင္ေတြကို ေသခ်ာျဖီးသင္ျပီး
သားစစ္ သူ႕နားကပ္ရင္ ေမႊးေနေအာင္ဟူ၍
စြတ္ေနက် ေရေမႊးေတာင္မစြတ္ပဲ ခ်ိဳလြင္လြင္
သစ္သီးနံ႔လိုလို jellyနံ႕လိုိလုိေရေမႊးေတာင္
ေျပာင္းစြတ္ထားေလရဲ႕။
နားကြင္းပိက်ိနဲ႔ေပမယ့္ ရွပ္အျဖဴ စတိုင္ပင္အနက္
နဲ႔မို႕ ညီ့ပံုစံက ေခ်ာေမာခန္႔ညားျခင္းနဲ႔အတူ
ခ်စ္စဖြယ္ေကာင္းျခင္းကလည္း ပါေနေသးေတာ့
ဟူးးးလူႀကားထဲ မဆင္မျခင္ေငးမႀကည့္ေအာင္
ထိန္းရေပအံုးမည္။

အိမ္ေလးထဲ ေရာင္စံုမီးသီးေလးေတြ ထြန္းထား
သည္။စားပြဲရွည္ႀကီးခင္းက်င္းကာ ဦးေလးျဖစ္သူ
နႏၵူ မွာထားေပးေသာ ကိတ္မုန္႔ႀကီးကအလယ္
တြင္ မိန္႔မိန္႕ႀကီးေနရာယူထားသည္။
ေယာက်ာ္္းေလးေတြပဲ ရွိတဲ့ထို ေမြးေန႔ပြဲက တမူ
ထူးျခားသည္။

က်ေတာ္တို႔ျပန္မေရာက္ခင္တည္းက နႏၵက အိမ္
တံခါးသူ႕ဘာသူဖြင့္ဝင္ကာ အားလံုးျပင္ဆင္ေပး
ထားတာ။ေရာင္စံုမီးသီးေတြက အစ။သူတို႕Hotelမွ အစ္မေတြကိုပါ ေခၚလာျပီး
ႀကာဇံေႀကာ္ ေခါက္ဆြဲေႀကာ္ အသီးအရြက္ေႀကာ္
အစံုအလင္ျပင္ဆင္ခိုင္းသည္။
လူပ်ိဳႀကီးတစ္ေယာက္တည္း စီစဥ္သြားတာ။
ျပန္ေရာက္လာႀကေတာ့ အားလံုးအဆင္သင့္။

အားနာေပမယ့္ ကလိသလို သူလို Singleေတြပဲ
ဒီလို စြမ္းႏိုင္တာလိုလို အေျပာေတြေႀကာင့္ ရွိတဲ့
ေမတၱာပါပ်က္ခ်င္တယ္။
သားစစ္ကို ထိန္းလာရသူမိုု႕ သားက သူ႔ကို ျမင္တာနဲ႔ ကပ္သည္။သူ႕ေပါင္ေပၚမွ မဆင္းေတာ့။
သူကလည္း ကေလးကို လက္သာေအာင္
စိတ္ရွည္သည္။
ဒါေပမယ့္ သူ႕ထက္ သာတဲ့လူေရာက္လာေတာ့
မွသာ အသံမထြက္ႏိုင္ေတာ့တာ။

"သား လိုက္ဆိုပါအံုး Baby Baby Ohh~~"

JBရဲ႕ Baby သီခ်င္းဖြင့္ျပရင္း သားကိုသင္ေတာ့
့သားက ေပ်ာ္ျမဴးေနေတာ့၏။

အသန္႔ႀကိဳက္ေသာ သားသည္ ေမႊးေနေသာ
ကိုေနေကာင္းနားကေနကို မခြာတာ။
သူလိုကိုယ္လို ဝတ္စားလာႀကေသာ က်ေတာ့္တို႔
ထဲတြင္ သူက အေရာင္အထြက္ဆံုးျဖစ္ေနတာကိုး
ရယ္ျပလိုက္တိုင္း လဲ့သြားတတ္တဲ့ စိန္ပြင့္ကို
လည္း သားက လက္ညွိဳးေလးနဲ႔ကိုင္ႀကည့္သည္
အထိ သူက ဆြဲေဆာင္ႏိုင္သည္။
အေဖေတြေရာ ဦးေလးေတြပါ နားကပ္မေျပာနဲ႔
လက္စြပ္ေတာင္မဝတ္ႀကသူေတြမို႕ သူ႔နားက
နားကြင္းပိက်ိကလည္း သားသားအတြက္ အထူး
အဆန္းပင္။သား မ်က္လံုးထဲ ေကာင္းေကာင္းက
မမူမတူထူးေနေတာ့၏။

"ေခၚပါအံုး Gege"

"Gege~~"

"ဟားး သားစစ္ က အေတာ္ဆံုးပဲ"

အေျမွာက္ႀကိဳက္ရွာေသာ သားသည္ Gegeဆို
တာ ပါးစပ္ဖ်ားက မခ်ေတာ့။
အေဖႏွစ္ေယာက္ထက္ပင္ လပိုင္းမ်ွ ႀကီးေနေသာ သူသည္ အတင္းကုိ Gegeလုပ္ေနေတာ့၏။

"သားစစ္ႀကီးလာရင္ ညီပဲ သားကိုမွီေအာင္လိုက္
ႏိုင္မွာ..."

မိန္႔မိန္႔ႀကီးျပံဳးျပီး ဂုဏ္ယူေျပာေနေသာ ကိုဇက္ အား  မသိမသာ ႀကိတ္ရယ္ႀကရ၏။

"ညီ ကို႔ ကိုလည္း ေခၚခိုင္းေလ"

ေကာင္းေကာင္းဘာလုပ္လုပ္အေနာက္က အကုန္
ျဖည့္ဆည္းေပးတတ္သူသည္လည္း ဝင္ပါသည္။

"သားသား ေခၚေပးလိုက္ Arpuji"

"အာ~ပု~ႀကီး"

"ဟားဟား ဟုတ္တယ္။သားေခၚတာ မွန္တယ္။
ဟားဟား"

"ညီ...Gegeလို႕သင္ခိုင္းတာေလ"

"Gegeဆိုတာ က်ေတာ့္ကိုပဲ ေခၚရမွာ...သား
ေခၚေပးလိုက္ပါအံုး အာပုႀကီး လို႔ ခြိ"

"အာ~ပု~ႀကီး"

"ညီရာ~~ကေလးကိုအသံထြက္အမွားေတြသင္
ေနတယ္"

အိမ္ေလးထဲ ႀသရွရွရယ္သံတို႔ လႈိုင္တက္သြား၏။

ကိုေနေကာင္းတို႔ ႏွစ္ေယာက္ျပန္သြားခ်ိန္မွနႏၵ
သည္ က်ေတာ့္နား တိုးကပ္ကာ

"သုတ အိပ္ခန္းထဲ ခဏလိုက္ခဲ့"

သားကို ခ်န္းနဲ႔ ထားခဲ့ကာ အိပ္ခန္းထဲလိုက္လာ
ေသာ က်ေတာ့္အား ကတီပါဗူးတစ္ဗူးထုတ္ေပး
သည္

"သားအတြက္ ေမြးေန႔လက္ေဆာင္"

ဗူးထဲတြင္ တျဖက္ျဖက္လဲ့ေနေသာရတနာကိုးပါး
ျခယ္လွယ္စီရင္ထားေသာနဝရက္ကိုးသြယ္လက္
စြပ္သည္ ဘိုးစဥ္ေဘာင္ဆက္အေမြဆိုတာ ျမင္
တာနဲ႔သိတယ္။

"ဟာာ နႏၵရာ ဒါက တန္ဖိုးႀကီးလြန္း..."

"ငါ့ဘိုးေတာ္အေမြ။သားေယာက်ာ္းေလးငါ့ကို
ေပးထားခဲ့တာ။ခု ငါက မ်ိဳးဆက္အေမြအျဖစ္
လက္ဆင့္ကမ္းေပးတာ"

"မဟုတ္တာ နႏၵရာ...ဒါ မင္းကေလးက်မွ ေပးေပါ့
ကြ။ခုခ်ိန္ထိ သားအတြက္မင္းလုပ္ေပးခဲ့တာေတြ
နဲ႔တင္ ေတာ္ေတာ္မ်ားေနတာကိုကြာ"

ေခါင္းေမာ့ကာ သေဘာတက်ခပ္ဟဟရယ္သည္။

"ငါ အိမ္ေထာင္မျပဳေတာ့တာ မင္းလည္းသိ
ေနတာကိုကြာ"

ရယ္သံထဲတြင္ လြမ္းဆြတ္ျခင္းရသတစ္စြန္းတစ။
က်ေတာ္ရင္ေမာစြာ သက္ျပင္းခ်မိသည္။

"လ်န္း ေႀကာင့္လား?"

"ဟို ကေလး ဖြထားျပီထင္တယ္ မင္းကို"

"ေဇယ်က မေျပာပါဘူး။ဒီအတိုင္း နာမည္ပဲေျပာ
ျပထားတာ။ဘာလဲ??လ်န္း က လံုးဝမေတြ႔ႏိုင္
ေတာ့တာလား?"

"ဆိုပါေတာ့။သားအတြက္ ေပ်ာ္ေနတဲ့ေန႔မွာ အဲ့
ကိစၥ ငါမေျပာခ်င္ဘူး သုတရာ။ယူဆိုယူထားလိုက္
ကြာ။မရွည္န႔ဲ။ငါလည္း ျပန္ေတာ့မယ္။နားခ်င္ျပီ"

စိတ္ျမန္လက္ျမန္ ထျပန္ေတာ့၏။တားလည္းမတားရက္ေတာ့ သူလည္း နားခ်င္မွာ
ေပါ့။

က်န္ခဲ့တာေတြ သိမ္းဆည္းျပီးေတာ့ သားက အိပ္
ခ်င္ေနျပီ။ဦးေလးေတြနဲ႔ ကစားရတာေမာသြားပံုပဲ

မ်က္လံုးေမွးစင္းေနေသာ သားကို ခ်န္းက ခ်ီပိုး
ရင္း  မိထၱီလာကန္ေတာ္ေအာက္က ဖားေကာက္
ျခင္းျဖင့္ ေခ်ာ့သိပ္ေတာ့ သားက အိပ္ခ်င္မူးတူး
နဲ႔

"ေဘဘီ ေဘဘီ ဆိုျပ ေဖ"  တဲ့ေလ။

ကိုတခ်န္း တိန္ခနဲျဖစ္သြားတာ။သူလည္း အစပင္
မရ။သီခ်င္းစာသားေတြက ဟိုတစ္ေႀကာင္းဒီ
တစ္ေႀကာင္း ကေမွာင့္ကမနဲ႔ အိုးနင္းခြက္နင္း

ဒါေပမယ့္ ကယ္တင္ရွင္ေပၚလာေတာ့၏

"ဟာာ အမရာ Video callေခၚတယ္"

အမရာ ဆိုတာ ႀကားတာနဲ႔ ခ်န္းပုခံုးေပၚေမွးက်ေန
ေသာ  သားေခါင္းေလး မတ္သြားျပီး

"ေမေမလား" ဟူ၍ ျဖစ္သြားေတာ့၏။

သားအဖႏွစ္ေယာက္ ငုတ္တုပ္ထိုင္ျပီး အမရာနဲ႔
video call ေျပာႀကသည္။

ေလာေလာလတ္လတ္သင္ထားေသာ Eng သီ
ခ်င္း တစ္ပိုင္းတစ္ေႀကာင္းကို သားက ရြတ္ျပ
ေတာ့ အမရာ့ ရယ္သံေတြ ညံေနေတာ့၏။

"အားးးးခ်စ္လိုက္တာ သားသားရယ္။ေတာ္လိုက္
တာ။ဒါနဲ႔ ေဘဘီက ဘယ္သူတုန္းသားရဲ႕"

"သားသား"

"ဟားးဟား ဟုတ္တာေပါ့ ေမ့သားက ေဘဘီေလးပဲ။သား အိပ္ခ်င္ေနတာလား သား?
ေဖေဖေတြ ဦးဦးေတြ နဲ႔ ကစားရလို႕ေမာသြားေရာ
ဟုတ္လား"

"ဟုတ္ကဲ့"

"ဒါဆိုလည္း အိပ္ေတာ့။ေမေမလည္း အလုပ္သြား
ရေတာ့မယ္ Fly kiss"

"မြ"

လက္ကေလးနဲ႔ Fly kissေပးေတာ့ အမရာခမ်ာ
အေပ်ာ္လြန္ေနေတာ့၏။

ပိုင္သုတတစ္ေယာက္ခါးခ်ိေအာင္ သိမ္းဆည္းျပီး
စီးေတာ့ သားက ကုတင္ေပၚအိပ္ေမာက်ေနျပီ။
သားကို အလယ္မွာထားျပီး ေဘားတစ္ဖက္တစ္
ခ်က္ဝင္လွဲရင္း သားႏွဖူးကို ငံု႔နမ္းေနေသာပိုင့္
ကို ခိုးႀကည့္ရင္း ျပံဳးရေသးသည္။

"ေနာက္ဆို သားနဲ႔ အခုလိုအတူတူအိပ္ရပါေတာ့
မလား??သားက ႀကီးတာျမန္ေနသလိုပဲ ခ်န္းရာ"

"သားႀကီးလာရင္...ငါတို႔၂ေယာက္နဲ႔ ေနခ်င္ပါ
ေတာ့မလား??ခုက ငယ္ေသးလို႔ဘာမွေသခ်ာ
မသိေသးေပမယ့္ ဒီေန႔ေတာ့ ဘုရားေပၚက မိသားစုကို ေသခ်ာႀကည့္ေနတယ္။ဟိုကေလးမ
က အေဖအေမနဲ႔...ေနာက္ဆို"

"တခ်န္းရယ္"

စိုးရိမ္သလို မ်က္ဝန္းေတြနဲ႔ သားကို ေငးႀကည့္
ရင္း ခပ္တိုးတိုးေျပာေနေသာ ခ်န္းလက္ကို ျဖစ္
ညွစ္ဆုပ္ေျခရင္း အားေပးရ၏။

"သားက နားလည္ေပးမွာပါ။သားက မင္းကို ဘယ္ေလာက္ခ်စ္သလဲ??ခုေတာင္ႀကည့္ပါလား
ေကာင္ေကာင္ကိုက္မွာဆိုးလို႔ဆိုျပီး မင္းကိုဖက္
ထားတာ"

ခ်န္း သေဘာတက်ရယ္ေတာ့ က်ေတာ္ေငးရ
ေသးသည္။

"ငါေတာ့ သားဆံုးျဖတ္ခ်က္ေတြကို ေလးစားမယ္
သားႀကီးလာလို႔ ငါတို႔၂ေယာက္ေႀကာင္းသိျပီး
ငါတို႔နဲ႔မေနခ်င္ဘူးဆိုလည္း သူ႔အေမနဲ႔သြားေန
ခ်င္တယ္ဆိုလည္း ငါတို႔ခြင့္ျပဳရမွာပဲ ပိုင္~~"

"သားက ငါတို႔ကို မပစ္ထားခဲ့ေလာက္ပါဘူးခ်န္း
ရာ။ေတြးမပူပါနဲ႔။သားေရွ႔မွာ ငါတို႔က ဒီကမၻာမွာအေကာင္းဆံုး အေဖေတြျဖစ္ေအာင္
ႀကိဳးစားေနထိုင္ႀကမယ္။သား လူႀကားထဲမ်က္ႏွာ
မငယ္ရေအာင္ ငါတို႔ သိကၡာရွိရွိေနေပးႀကမယ္
္ေလ။သားႀကီးလာတဲ့ အခ်ိန္က်ရင္ ေလာကႀကီး
ရဲ႕ အျမင္ေတြလည္း ေျပာင္းလဲေကာင္းေျပာင္းလဲ
ေနမွာပါ။ျပီးေတာ့ သားက အမရာတို႕ နႏၵတို႕
မ်ိဳးဆက္ဆိုတာလည္း ေမ့ထားလို႕မရဘူးေလ။
သူတို႕အေတြးအေခၚေတြ သားဆီမွာ ကိန္းဝပ္ေန
မွာ"

"ေအးကြာ။မားကေတာ့ သူနဲ႕လာေနေျပာေနတာ
ပဲ။ဒီေန႔ ဖုန္းဆက္တာေတာင္ေျပာေနေသး။
မားနဲ႔ဆိုလည္း သားက လိမၼာမွာပါ။"

"မား နဲ႔ ျပန္ေနႀကမလား တခ်န္း။သားေက်ာင္းေန
အရြယ္ေရာက္လာရင္ ရန္ကုန္ျပန္ခ်င္တယ္ဆို
ငါ Transfarေလွ်ာက္ႀကည့္မယ္"

"ရန္ကုန္ေရာက္ရင္ေတာ့ ငါ မင္းနဲ႔ လက္ထပ္ပြဲ
လုပ္ခ်င္တယ္။ဘယ္လိုလဲ တရားဝင္
မဂၤလာေဆာင္ျပီး မင္းကို လက္ထပ္မယ္ေလ"

ငပိုင္တစ္ေယာက္ မ်က္လံုးတို႔ဝိုင္းစက္ကာ ႏႈတ္
ခမ္းလႊာႏွစ္ခုဝိုင္းစက္သြားပံုက ရိုးသားလြန္းေန
ေတာ့...ထံုးစံအတိုင္း က်ေတာ္စိတ္မထိန္းႏိုင္
ေတာ့။

သားကို ေက်ာ္ကာ ဒီေကာင့္ႏႈတ္ခမ္းတိုု႔ကို သိမ္း
ပိုက္မိေတာ့သည္။

" အဲ့လို အရိုးမလြန္ျပနဲ႔ ငပိုင္ရာ။ကေလးပဲရေနျပီ
ငါတို႕က မဂၤလာေဆာင္ဖို႕လိုလားကြ"

"မင္း လုပ္ခ်င္တာ ဘာမဆို ငါအကုန္လိုက္လုပ္
ေပးမွာပဲ တခ်န္း"

ေတြ႔တယ္မလား??အဲ့လိုရိုးသားတာ။မေန႔ည
က က်ေတာ့္ကို ေယာက်ာ္းပီသျပသြားတဲ့လူ
မဟုတ္တဲ့အတိုင္း...
စိတ္ထဲ အသည္းယားလြန္းစြာ ဒီေကာင့္ႏွဖူးကို
ေတာက္မိေတာ့ ျငိမ္ခံေန၏။

ခ်စ္တယ္ လို႔ မေျပာခ်င္ေလာက္ေအာင္ ငပိုင့္ကို
ခ်စ္တယ္။

သားကိုဖက္ရင္း သူ႔လက္ကိုပါဆုပ္ကိုင္ထားမိ
သည္။
ခပ္ေႏြးေႏြးသူ႔လက္ေတြသည္ က်ေတာ့္ေန႔ရက္
တို႕ကို ေရွ႔ဆက္ႏိုင္ေအာင္ အားျဖည့္ေပးသည္။
သူဟာ က်ေတာ့္ရဲ႕ လက္တြဲေဖာ္ က်ေတာ့္ရဲ႕
ဘဝပဲ။

က်ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ဘဝေမွ်ာ္လင့္ခ်က္ေတြ
ႀကားက စည္းေတြ ပညတ္ေတြဆိုအား ခ်ိဳးဖ်က္
ေပးခဲ့တဲ့ က်ေတာ္တို႔၏ ကိုယ္ပိုင္ေမ်ွာ္လင့္ခ်က္
ေလးက က်ေတာ့္တို႔ရင္ခြင္ေငြ႔ႀကား စိတ္ခ်လက္ခ်ေမွးစက္ေနေလရဲ႕...

Now We can write...

                    Expect

(Unicode)

/

/

/

ကျတော့်ဘေးတစ်ဖက်တစ်ချက်နေရာသည် အေး
စက်စက်ဖြစ်နေသည်မှာ နေရောင်နွေးနွေးတို့
အခန်းထဲမဝင်ရောက်နိုင်၍မဟုတ်...
ကျတော်ချစ်သောသူတို့ မရှိကြတော့၍ဖြစ်မည်။

ဘယ်ညာလွန့်လူးရင်း အသံဗလံတို့ကိုနားစွံရင်း
ပြုံးရပြန်သည်။ရေချိုးခန်းထဲမှ လာသောအသံ
များသည် ချစ်စဖွယ်အတိ။ကျတော့်ကို လူဖြစ်
ရကျိုးနပ်သည်ဟု တွေးတောစေသည်။

"အင် အင်း။ပါပြီလား သားသား"

မနက်မိုးလင်းဆို မထချင်တဲ့ ကျတော့်အိပ်ပုတ်
သည် အမရာပြန်သွားသည့်အချိန်မှ စ၍သား၏
မနက်ခင်းဝေယျဝစ္စအဝဝကို တာဝန်ယူထား
သည်။
ကိုယ့်သတွေးတောင် ကိုယ်ပြန်ရွံချင်ရွံနေတတ်
သည့်ကျတော့်အား သား၏ အညစ်အကြေးကိစ္စ
တွေကို မလုပ်ခိုင်း။သူသာ အစအဆုံးအကုန်သိမ်း
ကျုံးလုပ်ပေး၏။
ခုလည်း သားကို အီးအီးတည်နေသံက မနက်ချိန်
ခါတေးသံသာပမာ အိမ်ထဲပြန့်လွင့်နေသည်။

"ဖေကြီး...နွေး နွေး"

သူ့အဖေအား ရေနွေးနဲ့ ဆေးခိုင်းနေတာဖြစ်မည်။
စကားစပြောတတ်ခါစအရွယ်မို့ သားသားအသံ
တီတီတာတာကလည်း ရယ်မောစေသည်။
ရယ်လိုက်တော့မှ...နာကျင်မှုတစ်ခုက ပိုထင်သာ
မြင်သာ ရှိလာသည်။
အင်း ညက...

ကိုယ့်ခါးကို ဖြည်းဖြည်းချင်းကိုင်ကာ ကုတင်ပေါ်
ကနေထရသည်။
ရှပ်အကျီ ၤကြယ်သီးဖရိုဖရဲ တလွဲ။မှောင်နေတော့
လည်း မမြင်မစမ်းပြန်ဝတ်ပေးထားပုံပဲ။

ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ရင်း ပွယောင်းယောင်း
ဆံပင်တစ်သိုက်ကို ပြန်ဖိချရသည်။ပေါင်ရင်းထိ
သာရှိသောဘောလုံးဘောင်းဘီနဲ့ မို့အမြင်မတင့်။
ကြယ်သီးပေါက်တလွဲအကျီ ၤကိုလည်း အစအဆုံးပြန်ဖြုတ်တပ်ရအုံးမည်။ဒီပုံစံနဲ့ သားရှေ့မသွားချင်။မသွားသင့်။

ဟင်းလင်းပွင့်သွားသောရင်ဖက်ပိုင်းဖွေးဖွေးတွင်
ထင်းနေသော ခပ်ရဲရဲအကွက်တစ်ချို့။
အသံထွက်ဆဲမိပြန်၏။
ဆဲမိပြီးမှ အရူးလို ပြန်ရယ်မိသည်။အမှန်တော့...
မဆဲသင့်။
ငပိုင်က ပြောမယ်ဆို ရောင့်ရဲနိုင်လွန်းတယ်။
ပြီးတော့ အဲ့ဖက်ပိုင်းတွင် စိတ်ခံစားမှုအားနည်း
လွန်းတာလားပဲ။
သူပေးလို့ကျတော်ယူတာလား??သူလိုချင်လို့
ကျတော်ပေးလိုက်တာလား??မသဲကွဲသောနေ့
ရက်တချို့ကို ဖြတ်သန်းဖူးခဲ့တာတောင် ဘယ်လို
ခြေနေမျိုးမှာပဲဖြစ်ဖြစ် သူက စတင်တယ်ဆိုတာ
ရှားပါးလွန်းတယ်။
မနေ့ကသာ...ထူးကဲစွာ။
အတွင်းသားတွေမို့တော်သေးတယ်ဟု တွေးနေစဉ်...လည်ပင်းထောင့်မှာ။
သေမလိုပဲ ငပိုင်။ဒီနေ့လည်ကတုံးဝတ်ပါမယ်လို့
အတန်တန်ပြောထားရက်နဲ့။
တောက်!မင်းသေပြီ။

ရေချိုးခန်းထဲ ဝင်ချလာသော ကျတော့်ကို လှည့်
ပြုံးပြသည်။

"morning တချန်း..."

တဆက်တည်း သားသားကပါ

"မော...ဖေဖေ" ဟူ၍ မပီကလာပီကလာ နှုတ်ခွန်းချိုတော့ ကျတော့်ဒေါသ သားအပြုံး
အောက် တတောက်တောက်ပျော်ကျရ၏။

"ရေချိုးတော့မလား??ရေနွေးစပ်ထားပြီးပြီ"

အလိုက်သိလွန်းတာတော့ သူ့ကိုမှီမယ့်လူမပေါ်
လောက်သေးလို့ ကျတော်ယုံထားတယ်။
သားကို ချီပိုးရင်း ကျတော့်ရှေ့ရပ်ကာ

"မနက်စာ စားပြီးဆေးသောက်ထားအုံး။ခုလည်း
ရေကြာကြီးစိမ်မနေနဲ့"

ဟူ၍ ခပ်တိုးတိုးပြောကာမှ လာရင်းကိစ္စကိုသတိရ
သွားရ၏။
မျက်ထောင့်နီနဲ့ စူးခနဲတစ်ချက်ကြည့်သည်ကို
သူ့မျက်လုံးထဲ ချစ်ရည်ရွှန်းနေသည်ထင်...
ပါးချိုင့်တို့နစ်နေအောင် ပြန်ကာပြုံးပြနေသေး၏။

"သား...ဖေ နဲ့ ချိုးမယ်"

ရေဘဝဲလေးသားသည် ရေသံကြားရုံနဲ့ တွန့်လူး
နေတတ်သူ။နောက်မှ သိရတာ အဲ့ဒါ ဟိုဖက်အမျိုး
အကျင့်ဆိုပဲ။
သားမေမေသည် တက္ကသိုလ်ရေကူးချန်ပီယံ
ပါတဲ့။

"ဒါဆိုလည်း တချန်း...မင်းပဲသားကို ရေချိုးပေး
လိုက်တော့။ငါ သနပ်ခါးသွားသွေးထားလိုက်မယ်"

ရေချိုးဇလုံထဲက ရေကြက်သီးနွေးနွေးထဲ သားက
ပျော်နေ၏။Baby Mild ဆပ်ပြာရည်ထဲ ကျတော့်ကိုယ်ပါ ကလေးနံ့ထွက်တော့မည်။

"ဖေ...နာနာလား?"

ရင်ဖက်မှ အနီကွက်ကို လက်ညှိုးလေးထောက
်ကာမေးတော့ ကျတော်ပြန်ဖြေရခက်နေပြီ။
ဟုတ်သား...ဒီနေ့ ငပိုင့်နဲ့ပဲ သားကိုရေချိုးခိုင်းသင့်
တာ။

"ကောင်ကောင် ကိုက်တာ"

"နာလား ဖေ"

"မနာပါဘူး"

"ဒီမှာကောပဲ...သားသား အိပ်နေတုန်းက ကိုက်
တာလား?"

"အင်း ဟုတ်တယ်"

ရှက်ရှက်နဲ့ ဆပ်ပြာအမြုပ်တွေပိုထအောင်လုပ်နေ
မိသည်။ငပိုင်...ဟင်းဟင်း ငပိုင်။

သပက်ဖြူဖြူထွေးထွေးကြား သားက ပိုးတုံးလေး
လေးလို ပါလာသည်။နှစ်နှစ်တင်းတင်းပြည့်နေ
ပြီဖြစ်တဲ့သားက ထွားလွန်းသည်။
စကားလည်း တတ်၏။ဒါကတော့သူတို့ဖက်အမျိုး
တူတာ ဟု နန္ဒက ဂုဏ်ဝင်ဆာနေတတ်သေး၏။
ဟုတ်တော့ဟုတ်တယ့်။ကျတော်ကော ငပိုင်
ရောက အဲ့လောက်မှ မသွက်တာ။

ရွှေဘိုသနပ်ခါးတုံးကို အားပါးတရသွားထားတာ
သားမေမေလိမ်းခဲ့သော ကျောက်ပြင်ကြီးပေါ်တွင်
အပြည့်ဖြစ်နေရုံသာမက ဘေးဖက်ရေးဆင်း
မြောင်းထဲသို့ပါ လျှံကျနေသည်။
သားတီတီ ဝသာန်ကိုယ်တိုင် ရွှေဘိုထိတက်ဝယ်
ထားသော သနပ်ခါးအပွေးအက်အက်တို့သည်
ပိုင်သုတ လက်ထဲရောက်ပါက မခံ။သားကို မနက်
မိုးလင်းတာနဲ့ ခေါင်းအစခြေအဆုံး သနပ်ခါးမံ
တတ်သူ။ပြီးရင် နေရာမလပ် တရှုံရှုံနမ်းနေရော။

ခုလည်းကြည့် သားပိုးတုံးလုံးက သူ့ရှေ့လုံးနေ
အောင်ငုတ်တုပ်လေးထိုင်နေတာ။သားကိုယ်တိုင်ကလည်း အသန့်ကြိုက်တယ်။

သနပ်ခါးလိမ်းနေသော သူတို့သားအဖ၏ စကား
သံတို့သည် အကျီ ၤလဲနေသော ကျတော့်ဆီသို့
တိုက်ရိုက် ရောက်လာကြသည်။

"ဖေကြီး...ညကလေ ဖေ့ ကို ကောင်ကောင်
ကိုက်သွားတာ သိလား?"

"အင်??ဘယ်မှာတုန်း သားရ"

"ဒီနားမှာ နာနာတွေ"

သားသည် လက်ညှိုးလေးနဲ့ သူ့ရင်ဖက်နေရာ
တော်တေ်ာများများကို ထောက်ပြနေပုံကိုကြည့်
ပြီး ကျတော်မျက်လုံးတွေပြူး နားရွက်ဖျားတွေပါ
ပူတက်လာသည်။
ဟုတ်သားပဲ...ချန်း နဲ့ ညက??တိုင်နဲ့ခေါင်းသာ
ပြေးဆောင့်ချင်သည်။သားကို ပါးကွက်ကွက်ပေး
နေသော လက်တောင်တုန်လာရသည်။

"ဖေကြီးသိလား?ပေါင် ပေါင်မှာကောပဲ...အဲ့
လောက်လောက်ကြီး"

သားက လက်ဖောင်းဖောင်းလေးနှစ်ခုကို ဆက်ကာ အဝိုင်းပုံစံလုပ်ပြနေတော့၏။

"အင်း အင်း ဖေကြီးတောင်းပန်တယ်နော်။"

"ဖေဖေ သနားပါတယ်။ဒီည အဲ့ကောင်ကောင်
ကိုဖမ်းပေးနော် ဖေကြီး"

"အင်း အင်းပါ သားရယ်။ဖေကြီးတောင်းပန်တယ်
နော်"

"ဖေဖေနာနေတာ သိလား??ရေချိုးနေရင်း နာလို့တဲ့"

"နောက် မဖြစ်စေရပါဘူး သားရယ်နော်"

သားကို တတွတ်တွက်တောင်းပန်စကားဆိုနေ
သော ငပိုင့်ကို ငေးကြည့်ရင်း စိတ်မကောင်း။
အစက သားနဲ့ပြောနေရင်း စချင်လာလို့ သားကို
ပြောလိုက်မိတာ။
ခါတလေ ကြုံတောင့်ကြုံခဲကျတော့်အပေါ် သူ
လိုချင်စိတ်များသွားတာ။

သားကို မျက်နှာငယ်နဲ့ တောင်းပန်နေသော သူ့နားသွားထိုင်တော့ တောင်းပန်မှုပြည့်နေသော
မျက်ဝန်းများဖြင့် ပြန်ငဲ့ကြည့်သည်။
ကျတော်ချစ်ရသူသည် ဖြူစင်လွန်း၏။
တခြားအရာတွေနဲ့ သူ့နယ်ပယ်မှာ သူထူးချွန်နေ
လိမ့်မည်။ဒါပေမယ့် တခြားလူမသိသော တခြား
တစ်ဖက်တွင် သူဟာ ရိုးသားလွန်းတယ်။
ငါ မင်းကို တခြားလူလက်ထဲ ထည့်လိုက်ရမှာ
သေမလောက်ကြောက်တာ အဲ့ဒါတွေကြောင့်...

"သွား မင်းရေသွားချိုး။သားကို ငါပဲ အဝတ်အစား
လဲပေးထားမယ်။မြန်မြန်လုပ် ငါ ဗိုက်ဆာနေပြီ"

"နာ နေတာလား တချန်း။ငါ ငါ တကယ်တောင်း..."

သားကို ဆွေ့ခနဲကောက်ချီပြီး သားမျက်ကွယ်
သွားသည်နှင့် ဒီကောင့်မေးဖျားကို ဖြတ်ခနဲနမ်းရင်းကျတော် ကျေနပ်ကြောင်းသိစေလိုက်သည်။
အားနာသလိုလို ရှက်သလိုလိုမပွင့်တပွင့်ပြန်ပြုံး
ပြတော့ ကျတော် ပိုချစ်မိ၏။

သူ၏မာယာမဲ့ပြုစားခြင်းတို့တွင် ကျတော်အကြိမ်ကြိမ်
အခါခါ ကျေနပ်စွာ ကျရှုံးတယ်။

လည်ကတုံးအဖြူ ယောပုဆိုးအနက်ရောင် ဆင်
တူနဲ့ ကျတော်တို့နှစ်ယောက်ကို သား က သဘော
ကျနေသည်။
သားအတွက်လည်း ပုဆိုးသေးသေးလေးကို
ရှုတ်ကြိုးလေးနဲ့ ဝတ်ပေးထားတော့ သားက လုံး
လုံးလေးနဲ့ ချစ်စဖွယ်ကောင်းလွန်းသည်။

ကားမောင်းနေသော သူ့အဖေ ငပိုင့်ကိုလည်း
ငဲ့ငဲ့ကြည့်ရတာအမော။နှစ်နှစ်ပြည့်မွေးနေ့မို့
ကျတော်တို့နှစ်ယောက်လုံး အလုပ်မှ ခွင့်ယူကာ
သားကို ပြည်ချစ်ဘုရား(မဟာအံ့ထူးကံသာ)ကို လိုက်ပို့ပေးကြသည်။
အပြင်မထွက်ဖူးသောသားအတွက် အကုန်လုံးက
အသစ်အဆန်း။
နေရောင်နွေးနွေးအောက် စေတီတော်ဆီမှ ဆည်း
လည်းသံ တချွင်ချွင်က စိတ်နှလုံးကို အေးချမ်းစေ
သည်။ကားပေါ်က ဆင်းသည်နှင့် ပန်းရောင်း
သော ကလေးမလေးတွေသည် ပြေးကာ ကပ်လာတော့၏။သားသည်လည်း သူ့ကိုချစ်စရာ
လေးဟုဆိုကာ ပါးဆွဲနားဆွဲလာလုပ်သော ကလေးမတွေကိုကြည့်ရင်း ခိုးခိုးခစ်ခစ်နဲ့...
အဝတ်အစားခပ်နွမ်းနွမ်းနဲ့ ကလေးတွေဆီမှ ပန်း
တွေကို အကုန်ဝယ်ရန် သူ့အဖေငပိုင်ကိုတိုက်
တွန်းတော့သည်။သနားပိုတတ်တဲ့ စိတ်အား
ငပိုင် အချိန်ပေးမွေးမြူပေးထားတာ။

သားကို ငပိုင်ပဲထိန်းကျောင်းသွားတာများသည်။
အလင်းပြန် TV screenကို မကြည့်တတ်စေပဲ
ရောင်စုံပုံပြ ပုံပြင်စာအုပ်တစ်ထပ်နှင့် သားကို
ပျော်နေစေသည်။
လက်ညှိုးနဲ့ ပွတ်ဆွဲနေရသော ဖုန်းကိုသားရှေ့
မှာ သူဘယ်တော့မှ စိတ်မဝင်စားပြ။သားကိုသာ
ကလေးသီချင်းလေးတွေဖွင့်ပြခြင်းဖြင့်သာ သူ့
အချိန်တွေကိုဖဲ့ပေးတတ်၏။ညအိပ်ချိန်ဆို သားကို
ဘုရားရှီခိုးသံကို ကြားရပြီ။ကျတော်တို့နှစ်ယောက်
ကို လက်အုပ်လေးချီရင်း ထိုင်ကန်တော့နေတဲ့
သားကို ဆုတွေတသီတစ်တန်းပေးရခြင်းနဲ့ ကျတော်တို့တစ်နေ့တာကို အဆုံးသတ်သည်
သားအား ပိုင့်ကိုယ်ပေါ်တင်ပြီး ပုံပြင်ဖတ်ပြရတာ
ကို ကျတော်သည်လည်းစွဲလမ်းနေခဲ့ပြီ။

အဖေနှစ်ယောက်နဲ့သားသည် အမေတကာ ငိုခြင်း
မျိုးလည်းမရှိခဲ့။အမရာ USကိုပြန်တော့ သားတစ်
နှစ်တောင် မပြည့်ချင်သေး။အမေဝေးခါစက နည်း
နည်း ဂျီကျတတ်ပေမယ့် နောက်ပိုင်းသားနေသား
ကျလာရုံသာမက ကျတော်တို့နဲ့ ပျော်တတ်လာပြီ။

ခုလည်း ကျတော်တို့နှစ်ယောက်ကြားလက်ချိတ်
်ရင်း သားက ခုန်ဆွခုန်ဆွနဲ့ မြူးနေ၏။
နှင်းဆီဖြူတွေကို ကိုယ်တိုင်ကိုင်ချင်တယ်။ချီပိုး
တာကို လက်မခံပဲ လှေကားထစ်တွေကို သူ့ဘာသာသူ တက်ချင်တယ်။ဒီပုံစံအတိုင်းဆို
နောက်၃နှစ်လောက်ဆိုသား ကလေးမဟုတ်တော့
ဘူးများပြောလေမလားပဲ။

သုဝဏ္ဏလုံးချင်းအိမ်ရာဝင်း🏡🏡

"ညီ ဟိုမှာ အေးနေ မလား??"

ပြောလည်းပြော ဆွယ်တာတစ်ထည်ထည့်ခေါက်
ထည့်သည်။ဟိုဟာလိုမလား ဒီလိုဖြစ်နေမလား??
ပြောရင်းထည့်နေတာ ပြင်ဦးလွင် တစ်ညအိပ်၂
ရက်ခရီးက Europeတစ်ခွင်ပြဲပြဲစင်ပတ်မလို
ဖြစ်နေပြီ။

"ကိုဇက်တော်တော့ ရတယ်။မထည့်ပါနဲ့တော့ဗျာ
ကီးဘုတ်က သယ်ရအုံးမှာကို သတ်မှတ်ကီလို
ကျော်နေမယ်"

ညီတစ်ယောက် တက်ကြွနေသည်မှာ ချန်းငြိမ်း
၏ မွေးနေ့ဖိတ် Phone callရတည်းက။
၂နှစ်သားအတွက် လက်ဆောင်က ကီးဘုတ်playerတဲ့။

"ညီရယ် ကလေးနဲ့ ကီးဘုတ်က...ကျောင်းတက်
တဲ့အရွယ်မှ ဝယ်ပေးတာမဟုတ်ဘူး"

"Nono သားစစ်က ခုတည်းက Musicနဲ့
ရင်းနှီးနေရမှာ။ခုတည်းကဝယ်ပေးထားမှသားက ၂နှစ်တည်းက ကီးဘုတ်နဲ့ရင်းနှီးနေတယ်
ဆိုတာကို နောင်တစ်ချိန်Idolဖြစ်ရင်ပြောနိုင်မှာ"

ကျတော်ဟက်ဟက်ပက်ပက်ရယ်တော့ နှုတ်ခမ်း
ထော်ကာ
"Wae wae သားစစ်က Idolဖြစ်မှာ" ဟူု၍
ကျတော့်၏ ဘယ်တော့မှ မပြောင်းလဲသော
peter panလေးက အသည်းယားစဖွယ်ပြန်
ရန်တွေ့၏။

သားစစ်ကို ညစဉ် video callခေါ်ဆိုခြင်းဖြင့်
ခုတည်းက သားစစ်HCလုပ်နေတော့၏။

"သားစစ်က Idolရုပ်ဗျ။မျက်တောင်ကြီးတွေ
ကော့နေတာ။သားက အသားအရည်လည်းလှ
တယ်။ပါးချိုင့်တစ်ဖက်နဲ့ သားကိုခုတည်းကပံ့ပိုး
ပေးရမှာ။ဟိုနှစ်ယောက်က celeဆို သားက ခု
တည်းက Return of supermanတောင်
ရိုက်လို့ရမှာ"

"ညီရယ်~~သူတို့ အဖေနှစ်ယောက်ရဲ့ သဘော
လည်းရှိသေးတာကို။ညီက အတင်းလုပ်ယူသလို
ဖြစ်နေရင် အားနာစရာကြီးလေ။ကိုပြောတာ အဲ့
သဘော။ညီသိလား?"

"Molar"

မနိုင်။တောက်တဲ့တောက်တဲ့ နဲ့ ထွက်သွားတော့
လည်း လိုက်ချော့ပေးရမှာ ကျတော့်တာဝန်။

ပြင်တွင်းလေကြောင်းမို့ ညီသိပ်တော့မပင်ပန်း။
ပြင်ဦးလွင်တောင်ပတ်လမ်းသို့စတက်တာနဲ့ ညီ့
ကို နွေးနွေးထွေးထွေးထားရသည်။

ဟိုသားအဖတွေကမနက်ခင်းကမဟာအံ့ထူးကံသာ သွားကြသည်။ခုညနေတော့ သူတို့အိမ်မှာ
birthday partyလုပ်မယ်ဟူ၍ ဖိတ်ထားတာ

ကိုကို့ခြံထဲ အရင်သွားနေရာချပြီးတာနဲ့ မွေးနေ့
ပါတီ တက်ဖို့ ညီ က ထုံးစံအတိုင်းအပြတ်ရှိုင်း
နေ၍ ကိုကိုကပင် သူ့ယောက်ဖကိုကြည့်ပြီး သဘောတွေကျနေသည်။

"ညီ ရာ ကိုယ်တွေပဲရှိတဲ့ ပွဲကို ပေါ့ပေါ့ပါးပါးပဲ
ဝတ်ခဲ့ပါ"

"Nono သားအမြင်မှာ ကျတော်က smart
ကျနေရမယ်"

ထူအုပ်အုပ်ဆံပင်တွေကို သေချာဖြီးသင်ပြီး
သားစစ် သူ့နားကပ်ရင် မွှေးနေအောင်ဟူ၍
စွတ်နေကျ ရေမွှေးတောင်မစွတ်ပဲ ချိုလွင်လွင်
သစ်သီးနံ့လိုလို jellyနံ့လိုလိုရေမွှေးတောင်
ပြောင်းစွတ်ထားလေရဲ့။
နားကွင်းပိကျိနဲ့ပေမယ့် ရှပ်အဖြူ စတိုင်ပင်အနက်
နဲ့မို့ ညီ့ပုံစံက ချောမောခန့်ညားခြင်းနဲ့အတူ
ချစ်စဖွယ်ကောင်းခြင်းကလည်း ပါနေသေးတော့
ဟူးးးလူကြားထဲ မဆင်မခြင်ငေးမကြည့်အောင်
ထိန်းရပေအုံးမည်။

အိမ်လေးထဲ ရောင်စုံမီးသီးလေးတွေ ထွန်းထား
သည်။စားပွဲရှည်ကြီးခင်းကျင်းကာ ဦးလေးဖြစ်သူ
နန္ဒမှာထားပေးသော ကိတ်မုန့်ကြီးကအလယ်
တွင် မိန့်မိန့်ကြီးနေရာယူထားသည်။
ယောကျာ်းလေးတွေပဲ ရှိတဲ့ထို မွေးနေ့ပွဲက တမူ
ထူးခြားသည်။

ကျတော်တို့ပြန်မရောက်ခင်တည်းက နန္ဒက အိမ်
တံခါးသူ့ဘာသူဖွင့်ဝင်ကာ အားလုံးပြင်ဆင်ပေး
ထားတာ။ရောင်စုံမီးသီးတွေက အစ။သူတို့Hotelမှ အစ်မတွေကိုပါ ခေါ်လာပြီး
ကြာဇံကြော် ခေါက်ဆွဲကြော် အသီးအရွက်ကြော်
အစုံအလင်ပြင်ဆင်ခိုင်းသည်။
လူပျိုကြီးတစ်ယောက်တည်း စီစဉ်သွားတာ။
ပြန်ရောက်လာကြတော့ အားလုံးအဆင်သင့်။

အားနာပေမယ့် ကလိသလို သူလို Singleတွေပဲ
ဒီလို စွမ်းနိုင်တာလိုလို အပြောတွေကြောင့် ရှိတဲ့
မေတ္တာပါပျက်ချင်တယ်။
သားစစ်ကို ထိန်းလာရသူမို့ သားက သူ့ကို မြင်တာနဲ့ ကပ်သည်။သူ့ပေါင်ပေါ်မှ မဆင်းတော့။
သူကလည်း ကလေးကို လက်သာအောင်
စိတ်ရှည်သည်။
ဒါပေမယ့် သူ့ထက် သာတဲ့လူရောက်လာတော့
မှသာ အသံမထွက်နိုင်တော့တာ။

"သား လိုက်ဆိုပါအုံး Baby Baby Ohh~~"

JBရဲ့ Baby သီချင်းဖွင့်ပြရင်း သားကိုသင်တော့
့သားက ပျော်မြူးနေတော့၏။

အသန့်ကြိုက်သော သားသည် မွှေးနေသော
ကိုနေကောင်းနားကနေကို မခွာတာ။
သူလိုကိုယ်လို ဝတ်စားလာကြသော ကျတော့်တို့
ထဲတွင် သူက အရောင်အထွက်ဆုံးဖြစ်နေတာကိုး
ရယ်ပြလိုက်တိုင်း လဲ့သွားတတ်တဲ့ စိန်ပွင့်ကို
လည်း သားက လက်ညှိုးလေးနဲ့ကိုင်ကြည့်သည်
အထိ သူက ဆွဲဆောင်နိုင်သည်။
အဖေတွေရော ဦးလေးတွေပါ နားကပ်မပြောနဲ့
လက်စွပ်တောင်မဝတ်ကြသူတွေမို့ သူ့နားက
နားကွင်းပိကျိကလည်း သားသားအတွက် အထူး
အဆန်းပင်။သား မျက်လုံးထဲ ကောင်းကောင်းက
မမူမတူထူးနေတော့၏။

"ခေါ်ပါအုံး Gege"

"Gege~~"

"ဟားး သားစစ် က အတော်ဆုံးပဲ"

အမြှောက်ကြိုက်ရှာသော သားသည် Gegeဆို
တာ ပါးစပ်ဖျားက မချတော့။
အဖေနှစ်ယောက်ထက်ပင် လပိုင်းမျှ ကြီးနေသော သူသည် အတင်းကို Gegeလုပ်နေတော့၏။

"သားစစ်ကြီးလာရင် ညီပဲ သားကိုမှီအောင်လိုက်
နိုင်မှာ..."

မိန့်မိန့်ကြီးပြုံးပြီး ဂုဏ်ယူပြောနေသော ကိုဇက် အား မသိမသာ ကြိတ်ရယ်ကြရ၏။

"ညီ ကို့ ကိုလည်း ခေါ်ခိုင်းလေ"

ကောင်းကောင်းဘာလုပ်လုပ်အနောက်က အကုန်
ဖြည့်ဆည်းပေးတတ်သူသည်လည်း ဝင်ပါသည်။

"သားသား ခေါ်ပေးလိုက် Arpuji"

"အာ~ပု~ကြီး"

"ဟားဟား ဟုတ်တယ်။သားခေါ်တာ မှန်တယ်။
ဟားဟား"

"ညီ...Gegeလို့သင်ခိုင်းတာလေ"

"Gegeဆိုတာ ကျတော့်ကိုပဲ ခေါ်ရမှာ...သား
ခေါ်ပေးလိုက်ပါအုံး အာပုကြီး လို့ ခွိ"

"အာ~ပု~ကြီး"

"ညီရာ~~ကလေးကိုအသံထွက်အမှားတွေသင်
နေတယ်"

အိမ်လေးထဲ သြရှရှရယ်သံတို့ လှိုင်တက်သွား၏။

ကိုနေကောင်းတို့ နှစ်ယောက်ပြန်သွားချိန်မှနန္ဒ
သည် ကျတော့်နား တိုးကပ်ကာ

"သုတ အိပ်ခန်းထဲ ခဏလိုက်ခဲ့"

သားကို ချန်းနဲ့ ထားခဲ့ကာ အိပ်ခန်းထဲလိုက်လာ
သော ကျတော့်အား ကတီပါဗူးတစ်ဗူးထုတ်ပေး
သည်

"သားအတွက် မွေးနေ့လက်ဆောင်"

ဗူးထဲတွင် တဖြက်ဖြက်လဲ့နေသောရတနာကိုးပါး
ခြယ်လှယ်စီရင်ထားသောနဝရက်ကိုးသွယ်လက်
စွပ်သည် ဘိုးစဉ်ဘောင်ဆက်အမွေဆိုတာ မြင်
တာနဲ့သိတယ်။

"ဟာာ နန္ဒရာ ဒါက တန်ဖိုးကြီးလွန်း..."

"ငါ့ဘိုးတော်အမွေ။သားယောကျာ်းလေးငါ့ကို
ပေးထားခဲ့တာ။ခု ငါက မျိုးဆက်အမွေအဖြစ်
လက်ဆင့်ကမ်းပေးတာ"

"မဟုတ်တာ နန္ဒရာ...ဒါ မင်းကလေးကျမှ ပေးပေါ့
ကွ။ခုချိန်ထိ သားအတွက်မင်းလုပ်ပေးခဲ့တာတွေ
နဲ့တင် တော်တော်များနေတာကိုကွာ"

ခေါင်းမော့ကာ သဘောတကျခပ်ဟဟရယ်သည်။

"ငါ အိမ်ထောင်မပြုတော့တာ မင်းလည်းသိ
နေတာကိုကွာ"

ရယ်သံထဲတွင် လွမ်းဆွတ်ခြင်းရသတစ်စွန်းတစ။
ကျတော်ရင်မောစွာ သက်ပြင်းချမိသည်။

"လျန်း ကြောင့်လား?"

"ဟို ကလေး ဖွထားပြီထင်တယ် မင်းကို"

"ဇေယျက မပြောပါဘူး။ဒီအတိုင်း နာမည်ပဲပြော
ပြထားတာ။ဘာလဲ??လျန်း က လုံးဝမတွေ့နိုင်
တော့တာလား?"

"ဆိုပါတော့။သားအတွက် ပျော်နေတဲ့နေ့မှာ အဲ့
ကိစ္စ ငါမပြောချင်ဘူး သုတရာ။ယူဆိုယူထားလိုက်
ကွာ။မရှည်နဲ့။ငါလည်း ပြန်တော့မယ်။နားချင်ပြီ"

စိတ်မြန်လက်မြန် ထပြန်တော့၏။တားလည်းမတားရက်တော့ သူလည်း နားချင်မှာ
ပေါ့။

ကျန်ခဲ့တာတွေ သိမ်းဆည်းပြီးတော့ သားက အိပ်
ချင်နေပြီ။ဦးလေးတွေနဲ့ ကစားရတာမောသွားပုံပဲ

မျက်လုံးမှေးစင်းနေသော သားကို ချန်းက ချီပိုး
ရင်း မိထ္တီလာကန်တော်အောက်က ဖားကောက်
ခြင်းဖြင့် ချော့သိပ်တော့ သားက အိပ်ချင်မူးတူး
နဲ့

"ဘေဘီ ဘေဘီ ဆိုပြ ဖေ" တဲ့လေ။

ကိုတချန်း တိန်ခနဲဖြစ်သွားတာ။သူလည်း အစပင်
မရ။သီချင်းစာသားတွေက ဟိုတစ်ကြောင်းဒီ
တစ်ကြောင်း ကမှောင့်ကမနဲ့ အိုးနင်းခွက်နင်း

ဒါပေမယ့် ကယ်တင်ရှင်ပေါ်လာတော့၏

"ဟာာ အမရာ Video callခေါ်တယ်"

အမရာ ဆိုတာ ကြားတာနဲ့ ချန်းပုခုံးပေါ်မှေးကျနေ
သော သားခေါင်းလေး မတ်သွားပြီး

"မေမေလား" ဟူ၍ ဖြစ်သွားတော့၏။

သားအဖနှစ်ယောက် ငုတ်တုပ်ထိုင်ပြီး အမရာနဲ့
video call ပြောကြသည်။

လောလောလတ်လတ်သင်ထားသော Eng သီ
ချင်း တစ်ပိုင်းတစ်ကြောင်းကို သားက ရွတ်ပြ
တော့ အမရာ့ ရယ်သံတွေ ညံနေတော့၏။

"အားးးးချစ်လိုက်တာ သားသားရယ်။တော်လိုက်
တာ။ဒါနဲ့ ဘေဘီက ဘယ်သူတုန်းသားရဲ့"

"သားသား"

"ဟားးဟား ဟုတ်တာပေါ့ မေ့သားက ဘေဘီလေးပဲ။သား အိပ်ချင်နေတာလား သား?
ဖေဖေတွေ ဦးဦးတွေ နဲ့ ကစားရလို့မောသွားရော
ဟုတ်လား"

"ဟုတ်ကဲ့"

"ဒါဆိုလည်း အိပ်တော့။မေမေလည်း အလုပ်သွား
ရတော့မယ် Fly kiss"

"မွ"

လက်ကလေးနဲ့ Fly kissပေးတော့ အမရာခမျာ
အပျော်လွန်နေတော့၏။

ပိုင်သုတတစ်ယောက်ခါးချိအောင် သိမ်းဆည်းပြီး
စီးတော့ သားက ကုတင်ပေါ်အိပ်မောကျနေပြီ။
သားကို အလယ်မှာထားပြီး ဘေားတစ်ဖက်တစ်
ချက်ဝင်လှဲရင်း သားနှဖူးကို ငုံ့နမ်းနေသောပိုင့်
ကို ခိုးကြည့်ရင်း ပြုံးရသေးသည်။

"နောက်ဆို သားနဲ့ အခုလိုအတူတူအိပ်ရပါတော့
မလား??သားက ကြီးတာမြန်နေသလိုပဲ ချန်းရာ"

"သားကြီးလာရင်...ငါတို့၂ယောက်နဲ့ နေချင်ပါ
တော့မလား??ခုက ငယ်သေးလို့ဘာမှသေချာ
မသိသေးပေမယ့် ဒီနေ့တော့ ဘုရားပေါ်က မိသားစုကို သေချာကြည့်နေတယ်။ဟိုကလေးမ
က အဖေအမေနဲ့...နောက်ဆို"

"တချန်းရယ်"

စိုးရိမ်သလို မျက်ဝန်းတွေနဲ့ သားကို ငေးကြည့်
ရင်း ခပ်တိုးတိုးပြောနေသော ချန်းလက်ကို ဖြစ်
ညှစ်ဆုပ်ခြေရင်း အားပေးရ၏။

"သားက နားလည်ပေးမှာပါ။သားက မင်းကို ဘယ်လောက်ချစ်သလဲ??ခုတောင်ကြည့်ပါလား
ကောင်ကောင်ကိုက်မှာဆိုးလို့ဆိုပြီး မင်းကိုဖက်
ထားတာ"

ချန်း သဘောတကျရယ်တော့ ကျတော်ငေးရ
သေးသည်။

"ငါတော့ သားဆုံးဖြတ်ချက်တွေကို လေးစားမယ်
သားကြီးလာလို့ ငါတို့၂ယောက်ကြောင်းသိပြီး
ငါတို့နဲ့မနေချင်ဘူးဆိုလည်း သူ့အမေနဲ့သွားနေ
ချင်တယ်ဆိုလည်း ငါတို့ခွင့်ပြုရမှာပဲ ပိုင်~~"

"သားက ငါတို့ကို မပစ်ထားခဲ့လောက်ပါဘူးချန်း
ရာ။တွေးမပူပါနဲ့။သားရှေ့မှာ ငါတို့က ဒီကမ္ဘာမှာအကောင်းဆုံး အဖေတွေဖြစ်အောင်
ကြိုးစားနေထိုင်ကြမယ်။သား လူကြားထဲမျက်နှာ
မငယ်ရအောင် ငါတို့ သိက္ခာရှိရှိနေပေးကြမယ်
်လေ။သားကြီးလာတဲ့ အချိန်ကျရင် လောကကြီး
ရဲ့ အမြင်တွေလည်း ပြောင်းလဲကောင်းပြောင်းလဲ
နေမှာပါ။ပြီးတော့ သားက အမရာတို့ နန္ဒတို့
မျိုးဆက်ဆိုတာလည်း မေ့ထားလို့မရဘူးလေ။
သူတို့အတွေးအခေါ်တွေ သားဆီမှာ ကိန်းဝပ်နေ
မှာ"

"အေးကွာ။မားကတော့ သူနဲ့လာနေပြောနေတာ
ပဲ။ဒီနေ့ ဖုန်းဆက်တာတောင်ပြောနေသေး။
မားနဲ့ဆိုလည်း သားက လိမ္မာမှာပါ။"

"မား နဲ့ ပြန်နေကြမလား တချန်း။သားကျောင်းနေ
အရွယ်ရောက်လာရင် ရန်ကုန်ပြန်ချင်တယ်ဆို
ငါ Transfarလျှောက်ကြည့်မယ်"

"ရန်ကုန်ရောက်ရင်တော့ ငါ မင်းနဲ့ လက်ထပ်ပွဲ
လုပ်ချင်တယ်။ဘယ်လိုလဲ တရားဝင်
မင်္ဂလာဆောင်ပြီး မင်းကို လက်ထပ်မယ်လေ"

ငပိုင်တစ်ယောက် မျက်လုံးတို့ဝိုင်းစက်ကာ နှုတ်
ခမ်းလွှာနှစ်ခုဝိုင်းစက်သွားပုံက ရိုးသားလွန်းနေ
တော့...ထုံးစံအတိုင်း ကျတော်စိတ်မထိန်းနိုင်
တော့။

သားကို ကျော်ကာ ဒီကောင့်နှုတ်ခမ်းတို့ကို သိမ်း
ပိုက်မိတော့သည်။

" အဲ့လို အရိုးမလွန်ပြနဲ့ ငပိုင်ရာ။ကလေးပဲရနေပြီ
ငါတို့က မင်္ဂလာဆောင်ဖို့လိုလားကွ"

"မင်း လုပ်ချင်တာ ဘာမဆို ငါအကုန်လိုက်လုပ်
ပေးမှာပဲ တချန်း"

တွေ့တယ်မလား??အဲ့လိုရိုးသားတာ။မနေ့ည
က ကျတော့်ကို ယောကျာ်းပီသပြသွားတဲ့လူ
မဟုတ်တဲ့အတိုင်း...
စိတ်ထဲ အသည်းယားလွန်းစွာ ဒီကောင့်နှဖူးကို
တောက်မိတော့ ငြိမ်ခံနေ၏။

ချစ်တယ် လို့ မပြောချင်လောက်အောင် ငပိုင့်ကို
ချစ်တယ်။

သားကိုဖက်ရင်း သူ့လက်ကိုပါဆုပ်ကိုင်ထားမိ
သည်။
ခပ်နွေးနွေးသူ့လက်တွေသည် ကျတော့်နေ့ရက်
တို့ကို ရှေ့ဆက်နိုင်အောင် အားဖြည့်ပေးသည်။
သူဟာ ကျတော့်ရဲ့ လက်တွဲဖော် ကျတော့်ရဲ့
ဘဝပဲ။

ကျတော်တို့နှစ်ယောက်ရဲ့ ဘဝမျှော်လင့်ချက်တွေ
ကြားက စည်းတွေ ပညတ်တွေဆိုအား ချိုးဖျက်
ပေးခဲ့တဲ့ ကျတော်တို့၏ ကိုယ်ပိုင်မျှော်လင့်ချက်
လေးက ကျတော့်တို့ရင်ခွင်ငွေ့ကြား စိတ်ချလက်ချမှေးစက်နေလေရဲ့...

Now We can write...

Expect

Continue Reading

You'll Also Like

4.7M 401K 43
ဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့
525K 47.5K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.9M 26.7K 8
ခို~~ မင္​း မဆိုးလို႔မွ မရရင္​ ရစ္​ပါ ဂ်စ္​ပါ စိတ္​ႀကိဳက္​ဆိုးပါ ဒါ​ေပမယ္​့ မင္​း မ႐ွိတဲ့ အရပ္​ကို​ေတာ့ ကို္​ယ္​့ကို မႏွင္​ပါနဲ႔ကြာ။ ✴Please check up...
2M 103K 32
The entire story line and character names are just the imagination of the author.