ကားေပၚမွဆင္းဆင္းခ်င္းဆုပ္ကိုင္လိုက္ေသာ
လက္တို႔သည္ ေခြၽးေစးတို႔ႏွင့္ေအးစက္စက္။
မည္သို႔ပင္ စိတ္လႈပ္႐ွားေနေစကာမူ မာန္တင္း
ထားဟန္ျဖင့္ ႏႈတ္ခမ္းပါးႏွစ္ခုတင္းတင္းေစ့ကာ
ပိတ္ထားသည္။
"ခ်န္း ေဆးစစ္တာေတြကို ခဏေလာက္ေတာ့
သည္းခံေပး..."
"ရတယ္။ပင္ပင္ပန္းပန္းလုပ္ရတာေတြမွ မဟုတ္တာ..."
အားနာသလို စိုးရိမ္မကင္းေသာမ်က္ဝန္းမ်ားျဖင့္
အရိပ္တၾကည့္ၾကည့္။အကယ္၍ က်ေတာ္မဟုတ္
တဲ့ တျခားတစ္ေယာက္ကိုလည္းသူအဲ့လိုပဲၾကည့္ေနမွာလားဆိုသည့္အေတြး... ေခါင္းကိုခပ္ၾကမ္း
ၾကမ္းဘယ္ညာရမ္းမိသည္။
"စစ္စရာ႐ွိတာေတြစစ္ၿပီးရင္ ဆရာနဲ႔ ခဏေလာက္ေဆြးေႏြးရမယ္။မင္းတို႔၂ေယာက္လံုးေပါ့"
"မင္းကေရာ ပိုင္?"
"အဲ့ခ်ိန္ ငါ အျပင္မွာေစာင့္ေနေပးမယ္။အဆင္ေျပ
တယ္မလား?"
"ငါေဆးရံုေတြကို လံုးဝမႀကိဳက္ဘူး"
စိတ္ထဲ႐ွိသည့္အတိုင္းေျပာၿပီးမွ ငယ္သြားေသာ
မ်င္ႏွာနဲ႔ ငံု႔ကာေနေနေသာ ငပိုင့္ကိုၾကည့္ၿပီးသက္
ျပင္းခ်မိျပန္သည္။ဒါသည္လည္း က်ေတာ့္ရဲ႕ေ႐ွး
ကုသိုလ္ကံထဲက အေၾကာင္းတရားေတြပဲျဖစ္ပါ
လိမ့္မယ္။
Medical Checkတေလ်ွာက္လံုးေဘးမွေန၍
ဂ႐ုတစိုက္နဲ႔ ႐ွိေနေပးသူသည္ ေဆြးေႏြးခန္းေ႐ွ႕
ရပ္ကာက်န္ခဲ့သည္။
ပထမဆံုးေတြ႔လိုက္ရတာက မိန္းကေလးတစ္
ေယာက္၏ ေနာက္ေက်ာျပင္။မပိန္မဝ သြယ္လ်လ်ကိုယ္အခ်ိဳးအစားႏွင့္မို႔ အျမင္တစ္မ်ိဳးတင့္
ေန၏။
တံခါးဖြင့္သံၾကားသည္ႏွင့္ လွည့္ၾကည့္ေသာအခါ
ေတာက္ေတာက္ပပမ်က္ဝန္းႏွင့္ ဆံပင္အကုန္လွန္တင္ထားသျဖင့္ထင္းေနေသာ မဟာႏွဖူးမွ
လြဲရင္ သူမ၏က်န္႐ွိေသာမ်က္ႏွာအစိတ္အပိုင္း
မ်ားသည္ တစ္ခါသံုးMaskျပာေရာင္
ေအာက္တြင္သာ။Maskအုပ္ထားရသည့္အေၾကာင္းရင္းခံသည္ က်ေတာ့္ေၾကာင့္ဆိုတာမ်ိဳး
ေတာ့အထင္မေရာက္ေစ။မ်က္လံုးေတြအရ သူမက်ေတာ့္ကိုျပံဳးျပေနမွန္းသိေပမယ့္ ျပန္မျပံဳးျပျဖစ္။
မ်က္ႏွာအျပည့္မျမင္ရေပမယ့္ပိုင္သုတေျပာသလို သတၱိ႐ွိေသာ မိန္းကေလးမွန္းသိသာလွသည္။
က်ေတာ္က ဆရာဝန္ႀကီးနဲ႔ စကားျပန္အစ္မေ႐ွ႕
မ်က္ႏွာပူေနေသာ္လည္း သူမကေတာ့ေအးေဆး
တည္ၿငိမ္စြာ...ထိုသို႔ေသာအလုပ္ကို အေၾကာင္း
တရားတစ္ခုခုေၾကာင့္သာ သူမလက္ခံထားမွန္း
သိေနေသာ္လည္း တက္ႂကြေသာသူမ ဟန္ပန္
ေၾကာင့္ က်ေတာ္ပင္မ်က္ႏွာပူျခင္းမွအေတာ္အသင့္လြတ္ေျမာက္လာသလိုပင္။
ဆရာႀကီးသည္လည္းက်ေတာ္တို႔၂ေယာက္မ်က္
ႏွာပူျခင္းမပူျခင္းကို အေၾကာင္းလုပ္မေန။သူ႐ွင္း
႐ွင္းလင္းလင္းသိသြားေစခ်င္သည္မ်ားကိုသာ
လံုးေစ့ပတ္ေစ့႐ွင္းျပေနေတာ့၏။
"Artificial Insemination(AI)မွာ
Intracervical insemination(ICI)
Spermကို Needleless syringe(ႁပြန္ပိုက္ငယ္)သံုးၿပီးေမြးလမ္းေၾကာင္းထဲ တိုက္႐ိုက္
ထည့္တာ။ေနာက္တစ္မ်ိဳး Intrauterine insemination(IUI)ကေတာ့ Catheter
(ႁပြန္ေသး)သံုးၿပီး အျပင္ဖက္ကေန
သားအိမ္ထဲတိုက္႐ိုက္ထည့္သြင္းတာ။
အမွန္ေတာ့ခုသားတို႔၂ေယာက္လံုးရဲ႕အသက္အရြယ္နဲ႔ ေဆးစစ္ခ်က္resultေတြအရ
ICIနဲ႔တင္ အဆင္ေျပႏိုင္ေပမယ့္...ခု
ကိုယ္ဝန္ေဆာင္မယ့္သမီးကအပ်ိဳစင္ျဖစ္ေနတယ္ဆိုတဲ့အေၾကာင္းေၾကာင့္အျပင္မွာက်န္ေနခဲ့တဲ့ သားအုပ္ထိန္းသူရဲ႕ေတာင္းဆိုခ်က္အရ ဆရာတို႔ သားတို႔၂ေယာက္ရဲ႕ ရင္ေသြးကိုIUIနဲ႔ပဲယူဖို႔စီစဥ္
ထားတယ္။ခုေျပာတဲ့ထိ သားတို႔သေဘာေပါက္ရဲ႕ လားမသိ..."
အမွန္ေတာ့ အခန္းထဲစကားျပန္အကူအညီလိုေနတာ က်ေတာ္တစ္ေယာက္တည္းလိုပဲ။ဆရာႀကီး၏အေမးေနာက္စကားျပန္မစခင္ေလးမွာတင္ မိန္းကေလးဘက္မွေထာက္ခံသေဘာတူသည့္ဟန္ျဖင့္ခ်က္ခ်င္းဆိုသလိုေခါငး္ညိတ္လိုက္သည္ကိုေတြ႔လိုက္ရသည္။
"ဟုတ္ၿပီ။IUIက မ်ားေသာအားျဖင့္္အသက္
၄၀ေက်ာ္စံုတြဲေတြအတြက္ရာခိုင္ႏႈန္း
နည္းတယ္ဆိုေပမယ့္ သားတို႔၂ေယာက္ရဲ႕အသက္အပိုင္းအျခားအရေမွ်ာ္လင့္ခ်က္မ်ားတယ္။ေနာက္ၿပီး သားတို႔ဖက္က သားေယာက်ာ္းေလးဆိုတဲ့ ေတာင္းဆိုခ်က္အရသားဆီ
ကရတဲ့ spermကို washလုပ္ဖို႔လိုလိမ့္မယ္"
မ်က္ႏွာကို ေရေႏြးနဲ႔ျဖန္းခနဲအပတ္ခံလိုက္ရသလိုထူပူသြားေပမယ့္ က်ေတာ္ေနစရာမ႐ွိ။
ပူေနတဲ့မ်က္ႏွာကိုဘယ္နားမွလည္းျဖဳတ္ၿပီးထားလို႔မရ။
"သမီးရဲ႕ ovulation unitsေတြနဲ႔
Menstrual cycleကို သားတို႔မလာခင္
္တည္း တြက္ခ်က္ၿပီးျဖစ္တဲ့အတြက္ သားဆီက ရဖို႔ပဲလိုေတာ့တယ။္ျဖစ္ႏိုင္ရင္ အျမန္္ဆံုးရမွျဖစ္မယ္။Semenရဖို႔နည္းလမ္းေတြမ်ားႀကီး႐ွိေပမယ့္ သားက က်န္းမာၿပီးလူလတ္ပိုင္းအရြယ္
မို႔ masturbationနည္းနဲ႔ပဲ ယူဖို႔ဆံုးျဖတ္ထား
တယ္။အဲ့ဒါရၿပီးမွ ဒီဖက္ပိုင္းမွာတို႔ေတြ wash
လုပ္ၿပီး သမီးဖက္က cycleစတာနဲ႔ IUIကိုစ
ၾကေတာ့မယ္။သားေယာက်ာ္းေလးရဖို႔က
သားဖက္က အဓိကမို႔ တစ္ခါတည္းနဲ႔အဆင္ေျပဖို႔
ဆရာတို႔ေမ်ွာ္လင့္ပါတယ္..."
ေဆြးေႏြးခန္းထဲက ထြက္လာေတာ့ လူကတစ္ကိုယ္လံုးႏံုးကာေခြေန၏။မေန႔က ငပိုင္နဲ႔ တစ္ေန
ကုန္လိမ့္ေနတုန္းကေတာင္ ခုေလာက္မပင္ပန္း
သလိုပင္။အခန္းေ႐ွ႕ေစာင့္ေနသူ၏ အျပံဳးႏြမ္းလ်
လ်သည္လည္းအားနာမႈအျပည့္နဲ႔မို႔ က်ေတာ္သူ႔ေ႐ွ႕ႏံုးေခြျပေန၍မျဖစ္။သူက ပို၍စိတ္ပင္ပန္းေနပါလိမ့္မည္။
"တခ်န္း..."
္အခန္းထဲက အရင္ထြက္လာခြင့္ရေသာ က်ေတာ့္
ပုခံုးတစ္ဖက္ေပၚ လက္ေရာက္လာရင္း အားေပး
ဟန္ဖ်စ္ညႇစ္၏။အားတကယ္ျဖစ္၍ လိုလားစြာလက္ခံရင္း အနည္းငယ္ျပံဳးမိေသးသည္။
"တစ္ခုခုသြားစားထားရေအာင္ တခ်န္း။ေနာက္ထပ္ တစ္ခုက်န္ေသးတယ္မလား?"
"အင္း။ပိုင္...သားအေမကိုလည္းတစ္ခုခုလိုက္ေကြၽးလိုက္ၾကရင္ေကာင္းမလား?"
အစက က်ေတာ့္ေျပာစကားကိုခ်က္ခ်င္းမို႔သေဘာ
မေပါက္။ဘယ္ေလာက္မွမၾကာလိုက္ေသာ စကၠန္႔
အပိုင္းအျခားေလာက္နဲ႔တင္ သူ႔ရင္ထဲကပီီတိ
တစ္စံုကိုေတာင္ပံတပ္ေပးလိုက္ႏိုင္ေၾကာင္းအား
"တခ်န္းရယ္..."
ဟူေသာလႈိက္လွဲေသာအသံေနာက္
က်ေတာ့္ကိုယ္ကိုပါမကစိတ္ဝိညာဥ္ကိုပါ
တစ္ပါတည္းလိႈက္္လိႈက္လွဲလွဲေထြးေပြ႔သည္။
တံခါးပိတ္သံသည္ လူခ်င္းခြာမိေစရံုသာမက
အေနာက္နား႐ွိေနမည့္သူကို လွည့္မၾကည့္ရဲေလာက္ေအာင္ မ်က္ႏွာပူေစ၏။
"အဆင္ေျပရဲ႕လား?"လို႔ေမးခ်င္ေပမယ့္ တစိမ္း
လို႔သတ္မွတ္ထားပါက ႏႈတ္ထြက္စကားမဆိုခ်င္
ေသာ အက်င့္ေဟာင္းက ခုခ်ိန္ထိျပင္မရဖ်က္မရ။
"သုတ...ျမဴ ျပန္ေတာ့မယ္။နက္ျဖန္ ဆရာ
ခ်ိန္းထားတဲ့အခ်ိန္မွ လာေတာ့မယ္"
"ဟုတ္ကဲ့။ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ျမဴ။
က်ေတာ္တို႔တစ္ခုခုသြားစားထားမလို႔ ျမဴပါလိုက္
ခဲ့ပါလား"
"ဟုတ္ မစားေတာ့ဘူးရယ္။အသိအစ္မတစ္ေယာက္နဲ႔ ခ်ိန္းထားလို႔။ျပန္ႏွင့္ၿပီေနာ္"
သူေလာကြက္ျပဳေနေသာ္လည္း က်ေတာ္ထို ျမဴ
ဟုအမည္ရေသာ မိခင္ေလာင္းကို လွည့္မၾကည့္
ျဖစ္ပါ။မလိုလားဘူးအထင္ခံရေကာင္းခံရႏိုင္ေမယ့္ မတတ္ႏိုင္။
က်ေတာ့္စိတ္ကို ငပိုင္တစ္ေယာက္တည္းက
နားလည္မယ္ဆိုရင္ပဲ လံုေလာက္ေနၿပီ။
-
-
-
သူတို႔ေျပာတဲ့ masturbationဆိုတာဘာမွန္း
ဆိုတာသိေပမယ့္...ခုဟာကအလံုပိတ္အခန္းတစ္
ခုထဲေခၚသြားခံရသည္က တစ္မ်ိဳးပဲ။
ႏွစ္ေယာက္ထိုင္ sofaတစ္လံုးေရွ႔ TV တစ္လံုး
နဲ႕ DVDခ်ပ္အခ်ိဳ႕။
"ဆရာမ...က်ေတာ္က ဘယ္လိုလုပ္ျပီး...?!"
ေခၚလာေပးေသာ Nurseမေလးကို ဇေဝဇဝါနဲ႔
နဝိမ္တိမ္ေတာင္ေမးေသာက်ေတာ့္ေမးခ်င္တာကို
သူသိပါတယ္ဆိုေသာအထာပါပါအျပံဳးတစ္ခုျပံဳး
ျပျပီး အခန္းတြင္း လိုက္ကာေတြကိုလိုက္ခ်ေပး
သည္။ေနာက္ အခန္းမီးကို သိသိသာသာေလွ်ာ့ခ်
လိုက္ျပီး က်ေတာ့္ကိုsofaေပၚတြင္ထိုင္ရန္
ျပသည္။က်ေတာ့္ေရွ႔တြင္ရွိေနေသာ TVကိုဖြင့္ေပးခဲ့ျပီး အခန္းျပင္ထြက္သြာေပး၏။
TVထဲမွ ျပကြက္တစ္ခ်ိဳ႕ေပၚလာေတာ့ က်ေတာ္
မ်က္ႏွာလႊဲမိသည္။ေယာက်ာ္းမိန္းမဆက္ဆံေရး
ကို ပြင့္လင္းစြာျပထားေသာ ဤvideo။
ထြက္လာေသာ အသံမ်ိဳးစံု။ဒါ ဘာသေဘာလဲ??
ဒါကိုႀကည့္ျပီး က်ေတာ္ကဆရာႀကီးမွာလိုက္တဲ့ လိုအပ္တဲ့ ကိစၥကိုလုပ္ေဆာင္ရမယ္ေပါ့။
"အဓိပၸါယ္မရွိလိုက္တာ..."
ဘာေႀကာင့္အႀကည့္လႊဲထားမိလဲဆိုတာမသိေပ
မယ့္ ေရွာင္လႊဲ၍မရေသာအသံတစ္ခ်ိဳ႕သည္
လည္း က်ေတာ္တစ္ေယာက္တည္းရွိေသာအခန္း
တြင္းပီပီသသႀကီးကိုထြက္ေပၚေနတာ။
ထူးဆန္းလြန္းစြာ က်ေတာ့္ခႏၶေဗဒသည္ ေျပာင္း
လဲျခင္းမရွိသည့္အျပင္ က်ေတာ္စိတ္ေတြရႈပ္ေထြး
လာတာသာ အဖတ္တင္က်န္ရစ္သည္။ဒီအခန္းႀကီးကိုပဲ ရြံသလိုလိုျဖစ္လာ၏။ေရွ႔မွ TV
screenဆီအႀကည့္အေရာက္ စိတ္ပ်က္စြာ
ထကာပိတ္မိေတာ့သည္။
Lockခ်ထားခဲ့ေေသာ အခန္းတံခါးကို ခပ္ျပင္း
ျပင္းထုေတာ့ အသင့္ေစာင့္ေနေပးဟန္ရွိေသာ
Nurse မေလးက အခန္းထဲအရင္ေရာက္လာ
သည္။
က်ေတာ့္အေနအထားကို တစ္ခ်က္ႀကည့္သည္
ႏွင့္သေဘာေပါက္သြားဟန္၍ အႀကပ္ရိုက္သြား
ဟန္ရွိေသာ ဆရာမေလးေနာက္တြင္
"ဘာျဖစ္လို႔လဲ တခ်န္း" ဟူေသာ စိုးရိမ္သံတစ္
ဝက္နဲ႕ အခန္းထဲေရာက္လာေသာ ငပိုင္။
က်ေတာ့္ကိုဆို အျမဲနားလည္ေနက်
သူသည္လည္းNurseမေလးလိုေတာင္
ေျခဆံုးေခါင္းဆံုးတစ္ခ်က္ျပန္ႀကည့္စရာ
မလိုပဲခ်က္ခ်င္းဆိုသလိုက်ေတာ့္ေျခေနကိုသ
ေဘာေပါက္သြား၏။
သူ၏ တျခားဘာသာစကားျဖင့္ရို႔က်ိဳးစြာ
ခြင့္ေတာင္းမႈအဆံုးတြင္ Nurseေလးသည္ ထိုင္း
ယဥ္ေက်းမႈျဖင့္ လက္အုပ္ေလးခ်ီကာ ႏႈတ္ဆက္
ေတာ့ သူကတစ္ဖန္ထိုနည္းအတိုင္းႏႈတ္ဆက္ရင္း
အခန္းထဲက ထြက္သြားေပးသူအား ေက်းဇူးတင္
စကားထပ္ထပ္ဆို၏။
အလင္းမွိန္မွိန္အခန္းက်ဥ္းထဲႏွစ္ေယာက္တည္း
က်န္ခဲ့ေတာ့မွ...
"တခ်န္္းရယ္"ဟူေသာ စကားသံတိုးတိုးနဲ႔အတူ
သက္ျပင္းပူပူတစ္ခု ခ်ကာက်ေတာ့္နားသို႔ တိုးကပ္လာ၏။
ဘာလုပ္ေတာ့မယ္ဆိုတာကို သိေနေသာေႀကာင့္
လက္မခံႏိုင္စြာ ေနာက္တစ္လွမ္းဆုတ္ေပမယ့္
က်ေတာ့္ေျခတစ္လွမ္းေနာက္က်မႈကို အခြင့္ေကာင္းယူကာ ခါးမွ သိုင္းဖက္ရင္း သူ႔ဖက္
သို႔ဆြဲယူခံလိုက္ရသည္။
လက္မခံခ်င္ေသာ ထိေထြ႔မႈတို႔အား က်ေတာ္
မိနစ္ပိုင္းမ်ွပင္ ေတာင့္ခံမထားႏိုင္။သူ ဟူေသာ
အသိတစ္ခုနဲ႔တင္ အရာရာကို ထိန္းခ်ဳပ္မႈကင္း
မဲ့ေစသည္ အထိ သူ႔အနမ္းတစ္ခ်ိဳ႕ကိုလက္ခံ
ယူေနရံုသာမက က်ေတာ္ကိုယ္တိုင္လိုလိုလား
လား ျပန္တံု႔ျပန္မိသည့္ အႀကိမ္ေရေတြတိုးလာ
ေတာ့...
"သူမွ လြဲ၍..." ဟူေသာ အသိတစ္ခုက အဆက္
မျပတ္ေသာ အနမ္းေတြႀကား ေႀကာက္စရာ
ေကာင္းေလာက္ေအာင္တိုးဝင္ေအာင္း၏။
ဤကဲ့သို႔တစ္စိမ္းတရံတို႔၏ နယ္ေျမ...ေနာက္ျပီး
က်ေတာ္တို႔ ေန႔စဥ္အိပ္စက္ရာ ကုတင္မဟုတ္ဘူး
ဆိုသည့္ အသိတို႔အားေခါင္းထဲေကာက္ထည့္၍
မရႏိုင္ေလာက္ေအာင္ က်ေတာ္အနမ္းတစ္ခုနဲ႔
တင္ျပိဳလဲေနျပီ။
ေစခိုင္းေနတာမ်ိဳးမဟုတ္ေပမယ့္ Sofaေပၚ
က်ေတာ့္ေက်ာျပင္ထိေနျပီ။အုပ္မိုးေနရင္းမွ လႈပ္
ရွားေနေသာ သူ႔လက္ေတြကို က်ေတာ္မတားဆီး
ႏိုင္။ဒါ က်ေတာ္တို႔ အခန္းထဲမွာ မဟုတ္ဘူးဆို
တာသိေပမယ့္ ရွက္စိတ္တို႔သည္ ဘယ္နယ္
ေရွာင္ပုန္းခိုလိုက္လည္းမသိေတာ့...သူတစ္
ေယာက္တည္း ျမင္ေတြ႔ခြင့္ ထိေတြ႔ခြင့္ေပး
ခဲ့ေသာက်ေတာ့္ကိုယ္ခႏၶာအစိတ္အပိုင္းတို႔ေပၚ
သူ႔လက္ေတြေရာက္ရွိလာေသာ အခ်ိန္တြင္
က်ေတာ့္မျငင္းဆန္ႏိုင္ေလာက္သည္အထိ က်ေတာ္ "သူႏွင့္ သာလွ်င္...သူမွလြဲ၍"
ဆိုတာမ်ိဳးျဖစ္ေနခဲ့ျပီ။
ဖရိုဖရဲျဖစ္ေနေသာ ရုပ္အက်ီ ၤျပဳတ္ထြက္ျပီးေန
ေသာ ႀကယ္သီးေတြ။လံုးဝအရွက္ကင္းမဲ့ေနသလို
ျဖစ္ေနေသာ အေျခအေနတြင္ ထပ္မံစြာ က်ေတာ္ မ်က္ရည္ပါ က်လာရသည္အထိ...ခံစားခ်က္တို႔
ကို မႀကာေတာ့ေသာ အခ်ိန္အနည္းငယ္အတြင္း
သူ႔လက္ထဲ၌ပင္ ဖြင့္ခ်ျပရေတာ့မည့္ဆဲဆဲ...
ရုတ္တရက္ဆိုသလို က်ေတာ့္အေပၚမွဖယ္ခြာ
သည္။
ေမာဟိုက္ကာ ေခြ်းေစးျပန္ေနေသာ က်ေတာ့္ကို
ငံု႔ႀကည့္ျပီး ေမာ္ကာျပန္ႀကည့္ေသာ က်ေတာ့္
ႏွဖူးကို နမ္းရႈိုက္ရင္း...
"ေတာင္းပန္ပါတယ္ တခ်န္းရယ္..."
ဟူေသာ သူ႕ေတာင္းပန္သံသည္ ဘာေႀကာင့္မ်ား
ဆို႔နင့္ေနရသည္လဲ??
က်ေတာ္ ဘာမွ တံု႕ျပန္ခ်ိန္မရလိုက္။သူအခန္း
ထဲမွ ထြက္သြားခဲ့ျပီ။
ဒါဘာလဲ??က်ေတာ္ျပန္ေမးေနစရာမလို။သူမရွိ
ရင္ မျဖစ္ႏိူင္ေလာက္ေတာ့ေသာ က်ေတာ့္ကိစၥ
တစ္ခ်ိဳ႕ကို သူဝင္ကူသြားတာ။ဒါစစတည္းက
က်ေတာ္သိေနခဲ့တာပဲ။သိေနခဲ့လို႔လည္း က်ေတာ္
ျငင္းဆန္ဖို႔ ႀကိဳးစားခဲ့တာပဲ။အရာမေရာက္ေပမယ့္
လို႔ေပါ့။
ဒါ ငါတို႔ဘဝေတြလား ပိုင္??သားသမီးရင္ေသြး
ရဖို႔ သူမ်ားေတြလို မလြယ္ကူစြာ...မတူညီစြာ
ေနာက္ျပီး...ဒီလို အျဖစ္အပ်က္ေတြမ်ိဳးေတြကို
ေက်ာ္လြန္ျပီးမွ ငါတို႔ ရင္ေသြးဆိုတာကို ပိုင္ဆိုင္
ခြင့္ရ တာလား??
-
-
-
သန္႔စင္ခန္းတံခါးကို lockခ်ပိတ္ျပီးသည္ႏွင့္
က်ဆင္းဖို႔ ခြင့္ျပဳမိန္႔ရလိုက္ေသာ အရည္ပူတခ်ိဳ႕
သည္ အကန္႔အသတ္မဲ့ လိမ့္ဆင္းက်လာသည္။
က်ေတာ့္ကို ေမာ့ႀကည့္လိုက္ေသာ မ်က္ဝန္းဝိုင္း
ေတြ...ရွက္ေႀကာက္စိုးရြံ႕ေနသည့္ႀကားမွ မလြန္ဆန္ႏိုင္စြာလိုက္ပါခဲ့ေသာ ႏႈတ္ခမ္းပါးေလး
ေတြ...တိုက္ရိုက္နားေထာင္ႀကားခြင့္ရခဲ့ေသာ
တခ်န္းရဲ႕ ရင္ခုန္သံ...တစ္ခုခ်င္းစီ တစ္ခုခ်င္းစီ
က က်ေတာ့္ကိုယ္ကို ဓားနဲ႔ မႊန္းေနသလိုပဲ။
"ေတာင္းပန္ပါတယ္ ခ်န္းရယ္။ငါ မင္းကို အရင္
ကထက္ပိုျပီး ေလာဘေတြတက္ေနမိလို႔ ေတာင္း
ပန္ပါတယ္"
ခုခ်ိန္ အခန္းထဲဘယ္လိုက်န္ခဲ့ရွာမလဲ??ဆိုတာ
ေတြးမိရံုနဲ႔တင္ ဆို႔က်ပ္လာသည့္ရင္ေတြ။
က်ေတာ္က လြဲျပီး ဆိုသည့္ လူကိုမွ...
ေမြးဖြားလာမယ့္ ငါတို႕သားေလး ကို အေပ်ာ္ရႊင္
ဆံုး ကေလးျဖစ္ေအာင္ထားေပးရင္း မင္းကို
တစ္သက္လံုး ေပးဆပ္ပါ့မယ္။
>>>>>>>>>>EX-pect<<<<<<<<<<<
အမရာ့ သားအိမ္ထဲ ထည့္ျပီးသည္ႏွင့္ ခ်န္း က
ရန္ကုန္ျပန္မည္ဆို၏။
ထိုင္း၌ေနစဥ္တစ္ေလွ်ာက္လည္း ေဆးရံုသို႔မလိုက္ေတာ့။ေဆးရံုမုန္းသည့္ စိတ္ကို
ပိုႀကီးေအာင္ လုပ္ခဲ့သည့္ တရားခံက က်ေတာ္သာ။
သားအိမ္ထဲတြင္ ခ်န္္းရဲ႕ကိုယ္ပြါးငယ္ေလး တြယ္
ခ်ိတ္သြားတာေသခ်ာျပီးမွေဆးရံုကဆင္းခြင့္ရ
မည္ျဖစ္ေသာ အမရာ့နား ေစာင့္က်န္ရစ္ဖို႔
က်ေတာ္တို႔ ၂ေယာက္တည္းက တစ္ေယာက္ေန
က်န္ရစ္ခဲ့ရမည္ဆိုပါက
"မင္း ပဲေနခဲ့လိုက္ေတာ့ ပိုင္။ငါက သူနဲ႔လည္းသိ
တာမဟုတ္ဘူး။ငါ့အလုပ္ကေနလည္း ႀကာႀကာ
ခြင့္ယူဖို႔မသင့္ဘူး။"
ဟူေသာ အေျပာနဲ႔ က်ေတာ့္ကို လိုလားစြာခ်န္
ထားရစ္ခဲ့ႏိုင္တာမ်ိဳးေတာ့မဟုတ္ပါ။
ေလဆိပ္လိုက္ပို႔သည္အထိ ခ်န္းမ်က္ႏွာမေကာင္း
လာတုန္းက အတူတူလာခဲ့ထိုခရီးတြင္ ျပန္ေတာ့
ခ်န္း တစ္ေယာက္တည္း။
"ငါ့ကို အမရာ လို႔ေတာ့ ခ်န္းျငိမ္းမသိပါေစနဲ႔..."
ဟူေသာ အမရာ၏ တစ္ခုတည္းေသာေတာင္းဆို
မႈေႀကာင့္လည္း ခ်န္းကို လိမ္ညာသလိုျဖစ္ေနျခင္း
အေပၚ အားနာမိသည္။
"အိမ္ျပန္ေရာက္ရင္ နားအံုးေနာ္ခ်န္း။မႏၱေလးကို
ခ်က္ခ်င္းမဆင္းနဲ႔အံုး။ျပီးေတာ့ ေအးေနေသးေတာ့
မီးလငး္ဖိုထဲက မီးကိုတစ္ညလံုးေမြးထား ထင္း
ကုန္မွာ ႏွေျမာမေနနဲ႔။တံခါးေတြလည္း ေသခ်ာ
ပိတ္အိပ္ေနာ္။မင္း အျပင္သြားလို႔ မပိတ္ခဲ့တာက
ကိစၥမရွိဘူး။မင္းအိမ္မွာအိပ္ေနတုန္းတစ္ခုခုျဖစ္မွာ
ဆိုးတာ။ေနာက္ျပီး..."
"မႏၱေလးဆင္းရင္ ဦးထုပ္မေမ့ဖို႔...ဟုတ္တယ္မ
လား?မင္း ဟိုေန႔ေတြတည္းက ဒါေတြပဲေျပာေန
တာ။မင္းလည္း ဒီမွာ ဂရုစိုက္ေန။ျမဴ႕ကိုလည္း
ဂရုစိုက္ေပးလိုက္။ငါလည္း သူ႔ကို အားနာတယ္
ဆိုတာေျပာေပးပါ။ငါကငါနဲ႔မဆိုင္သလို ေရွာင္ထြက္ေနတာမ်ိဳးေတြ..."
"အဲ့ဒါေတြ မေတြးနဲ႔ တခ်န္း။ခုနဲ႔တင္ မင္းအမ်ား
ႀကီးပင္ပန္းေနျပီ"
စကားအဆံုး တစ္ေယာက္နဲ႔တစ္ေယာက္ျပန္
ႀကည့္ျပီး စကားလံုးတို႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ရွိ
ေနျပန္၏။
"ငါသြားေတာ့မယ္ ပိုင္။ဒီႀကားထဲ အဆက္အ
သြယ္ေတာ့ မပ်က္ေစနဲ႔...ျမဴ တစ္ခုခုျဖစ္ေန
လည္း မင္းတစ္ေယာက္တည္း က်ိတ္မေျဖရွင္းနဲ႔
ငါ့အေႀကာင္းႀကား သိလား?""
"စိတ္ခ်ပါ။"
"ဒါဆို ငါဝင္ေတာ့မယ္"
"ခ...ခဏေလး တခ်န္း"
ခံစားခ်က္တစ္ခ်ိဳ႕ ဖုံးကြယ္ကားလိပ္ကာခ်၍
လွည့္ထြက္ခြင့္မရ။ေထြးေပြ႔ခံလိုက္ရျခင္းတြင္ လူ
ျမင္ကြင္းႀကီးမို႕ ျငင္းခ်င္ေပမယ့္ က်ေတာ္ျငိမ္သက္ေနေပးမိရင္း စကၠန္႔အလိုက္မွတ္သားေနမိသည္က သူ႔အသက္
ရႈသံထဲက ခံစားမႈတစ္ခ်ိဳ႕တေလ...
"ငပိုင္...ဖယ္ေတာ့။ငါ ဝင္ေတာ့မယ္"
"Sorry ငါ ငါ စိတ္လြတ္သြားလို႔။ေတာင္းပန္
ပါတယ္"
"အင္း...ငါ သြားျပီ ပိုင္။"
ေလဆိပ္ႀကီးတစ္ခုလံုး ပ်ားပန္းခတ္ေရာင္ေသြးစံု
ထဲ က်ေတာ္ျမင္တာ သူတစ္ေယာက္တည္း...
ျမင္ေတြ႔ေနက် ေက်ာျပင္ျပန္႔သည္ ခုခါတြင္ ဘာလို႔မ်ား အထီးက်န္ဆန္ေနရပါသလဲ??
One Week Later
"ဂုဏ္ယူပါတယ္ Miss။ဒီမွာေတြ႔လား အစက္
ကေလးကို ဒါ ေနာက္အပတ္ေတြျဖတ္ေက်ာ္ျပီး
ရင္ ကေလးေလးျဖစ္ေတာ့မွာ"
အျဖဴအမည္းသာျမင္ရေသာ မ်က္ႏွာျပင္ေပၚမွ
ဆရာမထိုးျပေသာ အစက္ကေလးကိုႀကည့္ရင္း
ႏွစ္ေယာက္သားျပံဳးမိသည္။
"သား ကို အႏၱရာယ္ကင္းကင္းနဲ႔ႀကိဳဆိုေပးတဲ့
အမရာ့ကို ေက်းဇူးတင္ပါတယ္။"
"ရပါတယ္ သုတရယ္...ဒီရက္ပိုင္း သုတလည္း
ပင္ပန္းတာပဲ..."
ထာဝရ အရႈံးထား လိုသလိုအသံုးခ် သြား...
ေပးဆပ္ခဲ့ ေန႔ညရွည္ေတြ~~~
ထူးထူးဆန္းဆန္းoversea callေခၚဆိုမႈ
ေႀကာင့္ ခ်က္ခ်င္းအခန္းျပင္ထြက္ခါ ဖုန္းဖြင့္
နားေထာင္လိုက္သည္ႏွင့္
"ပိုင္...နႏၵကို ျပန္ရွာေတြ႔ျပီတဲ့။ခုပဲျမစ္ႀကီးနားေဆး
ရံုကေန ျပန္သယ္လာေတာ့မယ္"
"အေျခအေနဘယ္လိုတဲ့လဲ တခ်န္း...?"
"သတိေတာ့ ေမ့ေနတုန္းပဲတဲ့။ငါေတာ့ ေသခ်ာ
မသိဘူး ပိုင္။မင္း ဝမ္းသာေစခ်င္လို႕ သတင္းရ ရ
ခ်င္း ငါဖုန္းဆက္လိုက္တာ"
"ေက်းဇူးပါပဲ တခ်န္းရာ။ငါ ငါ ဘာေျပာရမွန္း
ေတာင္မသိဘူး။ခုပဲ ငါတို႔သား သူ႔အေမဗိုက္ထဲ
မွာ အေျခက်သြားတာသိလား။သားက လာဘ္
ေကာင္ေလးပဲ ခ်န္းရာ။အမရာ သိလည္း အရမ္း
ဝမ္းသာမွာ"
"ေအး သူတို႔မယ္မယ္ကေတာ့ ခုခ်က္ခ်င္း ျမစ္
ႀကီးနားက ေဆးရံုကို လိုက္သြားဖို႔လုပ္ေနတယ္။
သူ႔ အစ္မသတင္းေတာ့ ငါလည္းမႀကားေသးဘူး။
Fbတို႔ ဘာတို႔လည္း မသံုးဘူးလားမသိဘူး။ငါရွာ
ႀကည့္ေနတာလည္း မေတြ႔တာနဲ႔..."
တခ်န္းရယ္...ဟူ၍ စိတ္ထဲကေနပင္ ေတာင္းပန္
စကားဆိုမိျပန္သည္။
"ေအးေအး မယ္မယ္လိုက္သြားရင္ေတာ့ နႏၵ
သတိျပန္ရလာမွာပါ။အမရာလည္း မႀကာခင္
သတင္းရပါလိမ့္မယ္။ တခ်န္း မင္းလည္း ဂရု
စိုက္ေနာ္။ငါ ေနာင္ႏွစ္ပတ္ေလာက္ေနမွ ျပန္
ေရာက္ျဖစ္မယ္ထင္တယ္"
"မင္းေရာပဲ။ဂရုစိုက္...ဒါပဲ ငါဖုန္းခ်ေတာ့မယ္"
ဂရုစိုက္ဆိုသည့္ ခပ္ျပတ္ျပတ္စကားလံုးကပင္
ဝမ္းသာအားရျပံဳးမိေစျခင္းနဲ႔ အတူအားနာျခင္း
ကိုပါ အခ်ိဳးတူခံစားေစသည္။
"ငါ့ေမာင္...ဒါဆို ငါ့ေမာင္ မေသဘူး။ငါ သိတယ္
ငါ့ေလာက္ သူ႔အေႀကာင္းဘယ္သူသိမွာလဲ??"
ဝမ္းသာမ်က္ရည္ေတြေတြစီးေနေသာ မိန္ကေလး
ကို ေထြးေပြ႔အားေပးရင္း က်ေတာ္လည္း ဝမ္းသာမ်က္ရည္ဝိုငး္ေနမိသည္။
"ငါတို႔ သားက လာဘ္ေကာင္ေလးနဲ႔ တူပါတယ္
သုတရယ္..."
အမရာ ေျပာသလို သားကို လိုလိုလားလားႀကိဳ
ဆိုမည့္ သူေတြထဲ နႏၵလည္း ပါပါေစလို႔ဆုေတာင္းမိရင္ က်ေတာ္တစ္ကိုယ္ေကာင္းအရမ္းဆန္ေနျပီလား
ေလ။
Thank You All
IUI methodsတို႔ဘာတို႔ဆိုတာဒီဇာတ္ကို
ေရးေတာ့မယ္ဆိုတည္းက ရွာထားဖတ္ထားခဲ့ရတာေတြပါ။ကိုယ္က်င္လည္
ရာ Fieldမဟုတ္တဲ့အတြက္ အမွားမ်ားရွိပါက
လည္း က်ေတာ့္လိုအပ္ခ်က္သာျဖစ္ပါေႀကာင္း
ႀကိဳတင္ေတာင္းပန္ပါရေစ။
IUI Methodပံုကို Media မွာေဖာ္ျပေပး
ထားပါတယ္။ကေလးေတြစိတ္ရွင္းေအာင္ပါ
ေပ်ာ္ရႊင္စရာ weekendsေတြျဖစ္ပါေစ။
(Unicode)
/
/
/
ကားပေါ်မှဆင်းဆင်းချင်းဆုပ်ကိုင်လိုက်သော
လက်တို့သည် ချွေးစေးတို့နှင့်အေးစက်စက်။
မည်သို့ပင် စိတ်လှုပ်ရှားနေစေကာမူ မာန်တင်း
ထားဟန်ဖြင့် နှုတ်ခမ်းပါးနှစ်ခုတင်းတင်းစေ့ကာ
ပိတ်ထားသည်။
"ချန်း ဆေးစစ်တာတွေကို ခဏလောက်တော့
သည်းခံပေး..."
"ရတယ်။ပင်ပင်ပန်းပန်းလုပ်ရတာတွေမှ မဟုတ်တာ..."
အားနာသလို စိုးရိမ်မကင်းသောမျက်ဝန်းများဖြင့်
အရိပ်တကြည့်ကြည့်။အကယ်၍ ကျတော်မဟုတ်
တဲ့ တခြားတစ်ယောက်ကိုလည်းသူအဲ့လိုပဲကြည့်နေမှာလားဆိုသည့်အတွေး... ခေါင်းကိုခပ်ကြမ်း
ကြမ်းဘယ်ညာရမ်းမိသည်။
"စစ်စရာရှိတာတွေစစ်ပြီးရင် ဆရာနဲ့ ခဏလောက်ဆွေးနွေးရမယ်။မင်းတို့၂ယောက်လုံးပေါ့"
"မင်းကရော ပိုင်?"
"အဲ့ချိန် ငါ အပြင်မှာစောင့်နေပေးမယ်။အဆင်ပြေ
တယ်မလား?"
"ငါဆေးရုံတွေကို လုံးဝမကြိုက်ဘူး"
စိတ်ထဲရှိသည့်အတိုင်းပြောပြီးမှ ငယ်သွားသော
မျင်နှာနဲ့ ငုံ့ကာနေနေသော ငပိုင့်ကိုကြည့်ပြီးသက်
ပြင်းချမိပြန်သည်။ဒါသည်လည်း ကျတော့်ရဲ့ရှေး
ကုသိုလ်ကံထဲက အကြောင်းတရားတွေပဲဖြစ်ပါ
လိမ့်မယ်။
Medical Checkတလျှောက်လုံးဘေးမှနေ၍
ဂရုတစိုက်နဲ့ ရှိနေပေးသူသည် ဆွေးနွေးခန်းရှေ့
ရပ်ကာကျန်ခဲ့သည်။
ပထမဆုံးတွေ့လိုက်ရတာက မိန်းကလေးတစ်
ယောက်၏ နောက်ကျောပြင်။မပိန်မဝ သွယ်လျလျကိုယ်အချိုးအစားနှင့်မို့ အမြင်တစ်မျိုးတင့်
နေ၏။
တံခါးဖွင့်သံကြားသည်နှင့် လှည့်ကြည့်သောအခါ
တောက်တောက်ပပမျက်ဝန်းနှင့် ဆံပင်အကုန်လှန်တင်ထားသဖြင့်ထင်းနေသော မဟာနှဖူးမှ
လွဲရင် သူမ၏ကျန်ရှိသောမျက်နှာအစိတ်အပိုင်း
များသည် တစ်ခါသုံးMaskပြာရောင်
အောက်တွင်သာ။Maskအုပ်ထားရသည့်အကြောင်းရင်းခံသည် ကျတော့်ကြောင့်ဆိုတာမျိုး
တော့အထင်မရောက်စေ။မျက်လုံးတွေအရ သူမကျတော့်ကိုပြုံးပြနေမှန်းသိပေမယ့် ပြန်မပြုံးပြဖြစ်။
မျက်နှာအပြည့်မမြင်ရပေမယ့်ပိုင်သုတပြောသလို သတ္တိရှိသော မိန်းကလေးမှန်းသိသာလှသည်။
ကျတော်က ဆရာဝန်ကြီးနဲ့ စကားပြန်အစ်မရှေ့
မျက်နှာပူနေသော်လည်း သူမကတော့အေးဆေး
တည်ငြိမ်စွာ...ထိုသို့သောအလုပ်ကို အကြောင်း
တရားတစ်ခုခုကြောင့်သာ သူမလက်ခံထားမှန်း
သိနေသော်လည်း တက်ကြွသောသူမ ဟန်ပန်
ကြောင့် ကျတော်ပင်မျက်နှာပူခြင်းမှအတော်အသင့်လွတ်မြောက်လာသလိုပင်။
ဆရာကြီးသည်လည်းကျတော်တို့၂ယောက်မျက်
နှာပူခြင်းမပူခြင်းကို အကြောင်းလုပ်မနေ။သူရှင်း
ရှင်းလင်းလင်းသိသွားစေချင်သည်များကိုသာ
လုံးစေ့ပတ်စေ့ရှင်းပြနေတော့၏။
"Artificial Insemination(AI)မှာ
Intracervical insemination(ICI)
Spermကို Needleless syringe(ပြွန်ပိုက်ငယ်)သုံးပြီးမွေးလမ်းကြောင်းထဲ တိုက်ရိုက်
ထည့်တာ။နောက်တစ်မျိုး Intrauterine insemination(IUI)ကတော့ Catheter
(ပြွန်သေး)သုံးပြီး အပြင်ဖက်ကနေ
သားအိမ်ထဲတိုက်ရိုက်ထည့်သွင်းတာ။
အမှန်တော့ခုသားတို့၂ယောက်လုံးရဲ့အသက်အရွယ်နဲ့ ဆေးစစ်ချက်resultတွေအရ
ICIနဲ့တင် အဆင်ပြေနိုင်ပေမယ့်...ခု
ကိုယ်ဝန်ဆောင်မယ့်သမီးကအပျိုစင်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကြောင့်အပြင်မှာကျန်နေခဲ့တဲ့ သားအုပ်ထိန်းသူရဲ့တောင်းဆိုချက်အရ ဆရာတို့ သားတို့၂ယောက်ရဲ့ ရင်သွေးကိုIUIနဲ့ပဲယူဖို့စီစဉ်
ထားတယ်။ခုပြောတဲ့ထိ သားတို့သဘောပေါက်ရဲ့ လားမသိ..."
အမှန်တော့ အခန်းထဲစကားပြန်အကူအညီလိုနေတာ ကျတော်တစ်ယောက်တည်းလိုပဲ။ဆရာကြီး၏အမေးနောက်စကားပြန်မစခင်လေးမှာတင် မိန်းကလေးဘက်မှထောက်ခံသဘောတူသည့်ဟန်ဖြင့်ချက်ချင်းဆိုသလိုခေါင်းညိတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
"ဟုတ်ပြီ။IUIက များသောအားဖြင့််အသက်
၄၀ကျော်စုံတွဲတွေအတွက်ရာခိုင်နှုန်း
နည်းတယ်ဆိုပေမယ့် သားတို့၂ယောက်ရဲ့အသက်အပိုင်းအခြားအရမျှော်လင့်ချက်များတယ်။နောက်ပြီး သားတို့ဖက်က သားယောကျာ်းလေးဆိုတဲ့ တောင်းဆိုချက်အရသားဆီ
ကရတဲ့ spermကို washလုပ်ဖို့လိုလိမ့်မယ်"
မျက်နှာကို ရေနွေးနဲ့ဖြန်းခနဲအပတ်ခံလိုက်ရသလိုထူပူသွားပေမယ့် ကျတော်နေစရာမရှိ။
ပူနေတဲ့မျက်နှာကိုဘယ်နားမှလည်းဖြုတ်ပြီးထားလို့မရ။
"သမီးရဲ့ ovulation unitsတွေနဲ့
Menstrual cycleကို သားတို့မလာခင်
်တည်း တွက်ချက်ပြီးဖြစ်တဲ့အတွက် သားဆီက ရဖို့ပဲလိုတော့တယ။်ဖြစ်နိုင်ရင် အမြန်ဆုံးရမှဖြစ်မယ်။Semenရဖို့နည်းလမ်းတွေများကြီးရှိပေမယ့် သားက ကျန်းမာပြီးလူလတ်ပိုင်းအရွယ်
မို့ masturbationနည်းနဲ့ပဲ ယူဖို့ဆုံးဖြတ်ထား
တယ်။အဲ့ဒါရပြီးမှ ဒီဖက်ပိုင်းမှာတို့တွေ wash
လုပ်ပြီး သမီးဖက်က cycleစတာနဲ့ IUIကိုစ
ကြတော့မယ်။သားယောကျာ်းလေးရဖို့က
သားဖက်က အဓိကမို့ တစ်ခါတည်းနဲ့အဆင်ပြေဖို့
ဆရာတို့မျှော်လင့်ပါတယ်..."
ဆွေးနွေးခန်းထဲက ထွက်လာတော့ လူကတစ်ကိုယ်လုံးနုံးကာခွေနေ၏။မနေ့က ငပိုင်နဲ့ တစ်နေ
ကုန်လိမ့်နေတုန်းကတောင် ခုလောက်မပင်ပန်း
သလိုပင်။အခန်းရှေ့စောင့်နေသူ၏ အပြုံးနွမ်းလျ
လျသည်လည်းအားနာမှုအပြည့်နဲ့မို့ ကျတော်သူ့ရှေ့နုံးခွေပြနေ၍မဖြစ်။သူက ပို၍စိတ်ပင်ပန်းနေပါလိမ့်မည်။
"တချန်း..."
်အခန်းထဲက အရင်ထွက်လာခွင့်ရသော ကျတော့်
ပုခုံးတစ်ဖက်ပေါ် လက်ရောက်လာရင်း အားပေး
ဟန်ဖျစ်ညှစ်၏။အားတကယ်ဖြစ်၍ လိုလားစွာလက်ခံရင်း အနည်းငယ်ပြုံးမိသေးသည်။
"တစ်ခုခုသွားစားထားရအောင် တချန်း။နောက်ထပ် တစ်ခုကျန်သေးတယ်မလား?"
"အင်း။ပိုင်...သားအမေကိုလည်းတစ်ခုခုလိုက်ကျွေးလိုက်ကြရင်ကောင်းမလား?"
အစက ကျတော့်ပြောစကားကိုချက်ချင်းမို့သဘော
မပေါက်။ဘယ်လောက်မှမကြာလိုက်သော စက္ကန့်
အပိုင်းအခြားလောက်နဲ့တင် သူ့ရင်ထဲကပီတိ
တစ်စုံကိုတောင်ပံတပ်ပေးလိုက်နိုင်ကြောင်းအား
"တချန်းရယ်..."
ဟူသောလှိုက်လှဲသောအသံနောက်
ကျတော့်ကိုယ်ကိုပါမကစိတ်ဝိညာဉ်ကိုပါ
တစ်ပါတည်းလှိုက်လှိုက်လှဲလှဲထွေးပွေ့သည်။
တံခါးပိတ်သံသည် လူချင်းခွာမိစေရုံသာမက
အနောက်နားရှိနေမည့်သူကို လှည့်မကြည့်ရဲလောက်အောင် မျက်နှာပူစေ၏။
"အဆင်ပြေရဲ့လား?"လို့မေးချင်ပေမယ့် တစိမ်း
လို့သတ်မှတ်ထားပါက နှုတ်ထွက်စကားမဆိုချင်
သော အကျင့်ဟောင်းက ခုချိန်ထိပြင်မရဖျက်မရ။
"သုတ...မြူ ပြန်တော့မယ်။နက်ဖြန် ဆရာ
ချိန်းထားတဲ့အချိန်မှ လာတော့မယ်"
"ဟုတ်ကဲ့။ကျေးဇူးအများကြီးတင်ပါတယ် မြူ။
ကျတော်တို့တစ်ခုခုသွားစားထားမလို့ မြူပါလိုက်
ခဲ့ပါလား"
"ဟုတ် မစားတော့ဘူးရယ်။အသိအစ်မတစ်ယောက်နဲ့ ချိန်းထားလို့။ပြန်နှင့်ပြီနော်"
သူလောကွက်ပြုနေသော်လည်း ကျတော်ထို မြူ
ဟုအမည်ရသော မိခင်လောင်းကို လှည့်မကြည့်
ဖြစ်ပါ။မလိုလားဘူးအထင်ခံရကောင်းခံရနိုင်မေယ့် မတတ်နိုင်။
ကျတော့်စိတ်ကို ငပိုင်တစ်ယောက်တည်းက
နားလည်မယ်ဆိုရင်ပဲ လုံလောက်နေပြီ။
-
-
-
သူတို့ပြောတဲ့ masturbationဆိုတာဘာမှန်း
ဆိုတာသိပေမယ့်...ခုဟာကအလုံပိတ်အခန်းတစ်
ခုထဲခေါ်သွားခံရသည်က တစ်မျိုးပဲ။
နှစ်ယောက်ထိုင် sofaတစ်လုံးရှေ့ TV တစ်လုံး
နဲ့ DVDချပ်အချို့။
"ဆရာမ...ကျတော်က ဘယ်လိုလုပ်ပြီး...?!"
ခေါ်လာပေးသော Nurseမလေးကို ဇဝေဇဝါနဲ့
နဝိမ်တိမ်တောင်မေးသောကျတော့်မေးချင်တာကို
သူသိပါတယ်ဆိုသောအထာပါပါအပြုံးတစ်ခုပြုံး
ပြပြီး အခန်းတွင်း လိုက်ကာတွေကိုလိုက်ချပေး
သည်။နောက် အခန်းမီးကို သိသိသာသာလျှော့ချ
လိုက်ပြီး ကျတော့်ကိုsofaပေါ်တွင်ထိုင်ရန်
ပြသည်။ကျတော့်ရှေ့တွင်ရှိနေသော TVကိုဖွင့်ပေးခဲ့ပြီး အခန်းပြင်ထွက်သွာပေး၏။
TVထဲမှ ပြကွက်တစ်ချို့ပေါ်လာတော့ ကျတော်
မျက်နှာလွှဲမိသည်။ယောကျာ်းမိန်းမဆက်ဆံရေး
ကို ပွင့်လင်းစွာပြထားသော ဤvideo။
ထွက်လာသော အသံမျိုးစုံ။ဒါ ဘာသဘောလဲ??
ဒါကိုကြည့်ပြီး ကျတော်ကဆရာကြီးမှာလိုက်တဲ့ လိုအပ်တဲ့ ကိစ္စကိုလုပ်ဆောင်ရမယ်ပေါ့။
"အဓိပ္ပါယ်မရှိလိုက်တာ..."
ဘာကြောင့်အကြည့်လွှဲထားမိလဲဆိုတာမသိပေ
မယ့် ရှောင်လွှဲ၍မရသောအသံတစ်ချို့သည်
လည်း ကျတော်တစ်ယောက်တည်းရှိသောအခန်း
တွင်းပီပီသသကြီးကိုထွက်ပေါ်နေတာ။
ထူးဆန်းလွန်းစွာ ကျတော့်ခန္ဓဗေဒသည် ပြောင်း
လဲခြင်းမရှိသည့်အပြင် ကျတော်စိတ်တွေရှုပ်ထွေး
လာတာသာ အဖတ်တင်ကျန်ရစ်သည်။ဒီအခန်းကြီးကိုပဲ ရွံသလိုလိုဖြစ်လာ၏။ရှေ့မှ TV
screenဆီအကြည့်အရောက် စိတ်ပျက်စွာ
ထကာပိတ်မိတော့သည်။
Lockချထားခဲ့ေသော အခန်းတံခါးကို ခပ်ပြင်း
ပြင်းထုတော့ အသင့်စောင့်နေပေးဟန်ရှိသော
Nurse မလေးက အခန်းထဲအရင်ရောက်လာ
သည်။
ကျတော့်အနေအထားကို တစ်ချက်ကြည့်သည်
နှင့်သဘောပေါက်သွားဟန်၍ အကြပ်ရိုက်သွား
ဟန်ရှိသော ဆရာမလေးနောက်တွင်
"ဘာဖြစ်လို့လဲ တချန်း" ဟူသော စိုးရိမ်သံတစ်
ဝက်နဲ့ အခန်းထဲရောက်လာသော ငပိုင်။
ကျတော့်ကိုဆို အမြဲနားလည်နေကျ
သူသည်လည်းNurseမလေးလိုတောင်
ခြေဆုံးခေါင်းဆုံးတစ်ချက်ပြန်ကြည့်စရာ
မလိုပဲချက်ချင်းဆိုသလိုကျတော့်ခြေနေကိုသ
ဘောပေါက်သွား၏။
သူ၏ တခြားဘာသာစကားဖြင့်ရို့ကျိုးစွာ
ခွင့်တောင်းမှုအဆုံးတွင် Nurseလေးသည် ထိုင်း
ယဉ်ကျေးမှုဖြင့် လက်အုပ်လေးချီကာ နှုတ်ဆက်
တော့ သူကတစ်ဖန်ထိုနည်းအတိုင်းနှုတ်ဆက်ရင်း
အခန်းထဲက ထွက်သွားပေးသူအား ကျေးဇူးတင်
စကားထပ်ထပ်ဆို၏။
အလင်းမှိန်မှိန်အခန်းကျဉ်းထဲနှစ်ယောက်တည်း
ကျန်ခဲ့တော့မှ...
"တချန်းရယ်"ဟူသော စကားသံတိုးတိုးနဲ့အတူ
သက်ပြင်းပူပူတစ်ခု ချကာကျတော့်နားသို့ တိုးကပ်လာ၏။
ဘာလုပ်တော့မယ်ဆိုတာကို သိနေသောကြောင့်
လက်မခံနိုင်စွာ နောက်တစ်လှမ်းဆုတ်ပေမယ့်
ကျတော့်ခြေတစ်လှမ်းနောက်ကျမှုကို အခွင့်ကောင်းယူကာ ခါးမှ သိုင်းဖက်ရင်း သူ့ဖက်
သို့ဆွဲယူခံလိုက်ရသည်။
လက်မခံချင်သော ထိထွေ့မှုတို့အား ကျတော်
မိနစ်ပိုင်းမျှပင် တောင့်ခံမထားနိုင်။သူ ဟူသော
အသိတစ်ခုနဲ့တင် အရာရာကို ထိန်းချုပ်မှုကင်း
မဲ့စေသည် အထိ သူ့အနမ်းတစ်ချို့ကိုလက်ခံ
ယူနေရုံသာမက ကျတော်ကိုယ်တိုင်လိုလိုလား
လား ပြန်တုံ့ပြန်မိသည့် အကြိမ်ရေတွေတိုးလာ
တော့...
"သူမှ လွဲ၍..." ဟူသော အသိတစ်ခုက အဆက်
မပြတ်သော အနမ်းတွေကြား ကြောက်စရာ
ကောင်းလောက်အောင်တိုးဝင်အောင်း၏။
ဤကဲ့သို့တစ်စိမ်းတရံတို့၏ နယ်မြေ...နောက်ပြီး
ကျတော်တို့ နေ့စဉ်အိပ်စက်ရာ ကုတင်မဟုတ်ဘူး
ဆိုသည့် အသိတို့အားခေါင်းထဲကောက်ထည့်၍
မရနိုင်လောက်အောင် ကျတော်အနမ်းတစ်ခုနဲ့
တင်ပြိုလဲနေပြီ။
စေခိုင်းနေတာမျိုးမဟုတ်ပေမယ့် Sofaပေါ်
ကျတော့်ကျောပြင်ထိနေပြီ။အုပ်မိုးနေရင်းမှ လှုပ်
ရှားနေသော သူ့လက်တွေကို ကျတော်မတားဆီး
နိုင်။ဒါ ကျတော်တို့ အခန်းထဲမှာ မဟုတ်ဘူးဆို
တာသိပေမယ့် ရှက်စိတ်တို့သည် ဘယ်နယ်
ရှောင်ပုန်းခိုလိုက်လည်းမသိတော့...သူတစ်
ယောက်တည်း မြင်တွေ့ခွင့် ထိတွေ့ခွင့်ပေး
ခဲ့သောကျတော့်ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ပေါ်
သူ့လက်တွေရောက်ရှိလာသော အချိန်တွင်
ကျတော့်မငြင်းဆန်နိုင်လောက်သည်အထိ ကျတော် "သူနှင့် သာလျှင်...သူမှလွဲ၍"
ဆိုတာမျိုးဖြစ်နေခဲ့ပြီ။
ဖရိုဖရဲဖြစ်နေသော ရုပ်အကျီ ၤပြုတ်ထွက်ပြီးနေ
သော ကြယ်သီးတွေ။လုံးဝအရှက်ကင်းမဲ့နေသလို
ဖြစ်နေသော အခြေအနေတွင် ထပ်မံစွာ ကျတော် မျက်ရည်ပါ ကျလာရသည်အထိ...ခံစားချက်တို့
ကို မကြာတော့သော အချိန်အနည်းငယ်အတွင်း
သူ့လက်ထဲ၌ပင် ဖွင့်ချပြရတော့မည့်ဆဲဆဲ...
ရုတ်တရက်ဆိုသလို ကျတော့်အပေါ်မှဖယ်ခွာ
သည်။
မောဟိုက်ကာ ချွေးစေးပြန်နေသော ကျတော့်ကို
ငုံ့ကြည့်ပြီး မော်ကာပြန်ကြည့်သော ကျတော့်
နှဖူးကို နမ်းရှိုက်ရင်း...
"တောင်းပန်ပါတယ် တချန်းရယ်..."
ဟူသော သူ့တောင်းပန်သံသည် ဘာကြောင့်များ
ဆို့နင့်နေရသည်လဲ??
ကျတော် ဘာမှ တုံ့ပြန်ချိန်မရလိုက်။သူအခန်း
ထဲမှ ထွက်သွားခဲ့ပြီ။
ဒါဘာလဲ??ကျတော်ပြန်မေးနေစရာမလို။သူမရှိ
ရင် မဖြစ်နိူင်လောက်တော့သော ကျတော့်ကိစ္စ
တစ်ချို့ကို သူဝင်ကူသွားတာ။ဒါစစတည်းက
ကျတော်သိနေခဲ့တာပဲ။သိနေခဲ့လို့လည်း ကျတော်
ငြင်းဆန်ဖို့ ကြိုးစားခဲ့တာပဲ။အရာမရောက်ပေမယ့်
လို့ပေါ့။
ဒါ ငါတို့ဘဝတွေလား ပိုင်??သားသမီးရင်သွေး
ရဖို့ သူများတွေလို မလွယ်ကူစွာ...မတူညီစွာ
နောက်ပြီး...ဒီလို အဖြစ်အပျက်တွေမျိုးတွေကို
ကျော်လွန်ပြီးမှ ငါတို့ ရင်သွေးဆိုတာကို ပိုင်ဆိုင်
ခွင့်ရ တာလား??
-
-
-
သန့်စင်ခန်းတံခါးကို lockချပိတ်ပြီးသည်နှင့်
ကျဆင်းဖို့ ခွင့်ပြုမိန့်ရလိုက်သော အရည်ပူတချို့
သည် အကန့်အသတ်မဲ့ လိမ့်ဆင်းကျလာသည်။
ကျတော့်ကို မော့ကြည့်လိုက်သော မျက်ဝန်းဝိုင်း
တွေ...ရှက်ကြောက်စိုးရွံ့နေသည့်ကြားမှ မလွန်ဆန်နိုင်စွာလိုက်ပါခဲ့သော နှုတ်ခမ်းပါးလေး
တွေ...တိုက်ရိုက်နားထောင်ကြားခွင့်ရခဲ့သော
တချန်းရဲ့ ရင်ခုန်သံ...တစ်ခုချင်းစီ တစ်ခုချင်းစီ
က ကျတော့်ကိုယ်ကို ဓားနဲ့ မွှန်းနေသလိုပဲ။
"တောင်းပန်ပါတယ် ချန်းရယ်။ငါ မင်းကို အရင်
ကထက်ပိုပြီး လောဘတွေတက်နေမိလို့ တောင်း
ပန်ပါတယ်"
ခုချိန် အခန်းထဲဘယ်လိုကျန်ခဲ့ရှာမလဲ??ဆိုတာ
တွေးမိရုံနဲ့တင် ဆို့ကျပ်လာသည့်ရင်တွေ။
ကျတော်က လွဲပြီး ဆိုသည့် လူကိုမှ...
မွေးဖွားလာမယ့် ငါတို့သားလေး ကို အပျော်ရွှင်
ဆုံး ကလေးဖြစ်အောင်ထားပေးရင်း မင်းကို
တစ်သက်လုံး ပေးဆပ်ပါ့မယ်။
>>>>>>>>>>EX-pect<<<<<<<<<<<
အမရာ့ သားအိမ်ထဲ ထည့်ပြီးသည်နှင့် ချန်း က
ရန်ကုန်ပြန်မည်ဆို၏။
ထိုင်း၌နေစဉ်တစ်လျှောက်လည်း ဆေးရုံသို့မလိုက်တော့။ဆေးရုံမုန်းသည့် စိတ်ကို
ပိုကြီးအောင် လုပ်ခဲ့သည့် တရားခံက ကျတော်သာ။
သားအိမ်ထဲတွင် ချန်းရဲ့ကိုယ်ပွါးငယ်လေး တွယ်
ချိတ်သွားတာသေချာပြီးမှဆေးရုံကဆင်းခွင့်ရ
မည်ဖြစ်သော အမရာ့နား စောင့်ကျန်ရစ်ဖို့
ကျတော်တို့ ၂ယောက်တည်းက တစ်ယောက်နေ
ကျန်ရစ်ခဲ့ရမည်ဆိုပါက
"မင်း ပဲနေခဲ့လိုက်တော့ ပိုင်။ငါက သူနဲ့လည်းသိ
တာမဟုတ်ဘူး။ငါ့အလုပ်ကနေလည်း ကြာကြာ
ခွင့်ယူဖို့မသင့်ဘူး။"
ဟူသော အပြောနဲ့ ကျတော့်ကို လိုလားစွာချန်
ထားရစ်ခဲ့နိုင်တာမျိုးတော့မဟုတ်ပါ။
လေဆိပ်လိုက်ပို့သည်အထိ ချန်းမျက်နှာမကောင်း
လာတုန်းက အတူတူလာခဲ့ထိုခရီးတွင် ပြန်တော့
ချန်း တစ်ယောက်တည်း။
"ငါ့ကို အမရာ လို့တော့ ချန်းငြိမ်းမသိပါစေနဲ့..."
ဟူသော အမရာ၏ တစ်ခုတည်းသောတောင်းဆို
မှုကြောင့်လည်း ချန်းကို လိမ်ညာသလိုဖြစ်နေခြင်း
အပေါ် အားနာမိသည်။
"အိမ်ပြန်ရောက်ရင် နားအုံးနော်ချန်း။မန္တလေးကို
ချက်ချင်းမဆင်းနဲ့အုံး။ပြီးတော့ အေးနေသေးတော့
မီးလင်းဖိုထဲက မီးကိုတစ်ညလုံးမွေးထား ထင်း
ကုန်မှာ နှမြောမနေနဲ့။တံခါးတွေလည်း သေချာ
ပိတ်အိပ်နော်။မင်း အပြင်သွားလို့ မပိတ်ခဲ့တာက
ကိစ္စမရှိဘူး။မင်းအိမ်မှာအိပ်နေတုန်းတစ်ခုခုဖြစ်မှာ
ဆိုးတာ။နောက်ပြီး..."
"မန္တလေးဆင်းရင် ဦးထုပ်မမေ့ဖို့...ဟုတ်တယ်မ
လား?မင်း ဟိုနေ့တွေတည်းက ဒါတွေပဲပြောနေ
တာ။မင်းလည်း ဒီမှာ ဂရုစိုက်နေ။မြူ့ကိုလည်း
ဂရုစိုက်ပေးလိုက်။ငါလည်း သူ့ကို အားနာတယ်
ဆိုတာပြောပေးပါ။ငါကငါနဲ့မဆိုင်သလို ရှောင်ထွက်နေတာမျိုးတွေ..."
"အဲ့ဒါတွေ မတွေးနဲ့ တချန်း။ခုနဲ့တင် မင်းအများ
ကြီးပင်ပန်းနေပြီ"
စကားအဆုံး တစ်ယောက်နဲ့တစ်ယောက်ပြန်
ကြည့်ပြီး စကားလုံးတို့ မေ့မေ့ပျောက်ပျောက်ရှိ
နေပြန်၏။
"ငါသွားတော့မယ် ပိုင်။ဒီကြားထဲ အဆက်အ
သွယ်တော့ မပျက်စေနဲ့...မြူ တစ်ခုခုဖြစ်နေ
လည်း မင်းတစ်ယောက်တည်း ကျိတ်မဖြေရှင်းနဲ့
ငါ့အကြောင်းကြား သိလား?""
"စိတ်ချပါ။"
"ဒါဆို ငါဝင်တော့မယ်"
"ခ...ခဏလေး တချန်း"
ခံစားချက်တစ်ချို့ ဖုံးကွယ်ကားလိပ်ကာချ၍
လှည့်ထွက်ခွင့်မရ။ထွေးပွေ့ခံလိုက်ရခြင်းတွင် လူ
မြင်ကွင်းကြီးမို့ ငြင်းချင်ပေမယ့် ကျတော်ငြိမ်သက်နေပေးမိရင်း စက္ကန့်အလိုက်မှတ်သားနေမိသည်က သူ့အသက်
ရှုသံထဲက ခံစားမှုတစ်ချို့တလေ...
"ငပိုင်...ဖယ်တော့။ငါ ဝင်တော့မယ်"
"Sorry ငါ ငါ စိတ်လွတ်သွားလို့။တောင်းပန်
ပါတယ်"
"အင်း...ငါ သွားပြီ ပိုင်။"
လေဆိပ်ကြီးတစ်ခုလုံး ပျားပန်းခတ်ရောင်သွေးစုံ
ထဲ ကျတော်မြင်တာ သူတစ်ယောက်တည်း...
မြင်တွေ့နေကျ ကျောပြင်ပြန့်သည် ခုခါတွင် ဘာလို့များ အထီးကျန်ဆန်နေရပါသလဲ??
One Week Later
"ဂုဏ်ယူပါတယ် Miss။ဒီမှာတွေ့လား အစက်
ကလေးကို ဒါ နောက်အပတ်တွေဖြတ်ကျော်ပြီး
ရင် ကလေးလေးဖြစ်တော့မှာ"
အဖြူအမည်းသာမြင်ရသော မျက်နှာပြင်ပေါ်မှ
ဆရာမထိုးပြသော အစက်ကလေးကိုကြည့်ရင်း
နှစ်ယောက်သားပြုံးမိသည်။
"သား ကို အန္တရာယ်ကင်းကင်းနဲ့ကြိုဆိုပေးတဲ့
အမရာ့ကို ကျေးဇူးတင်ပါတယ်။"
"ရပါတယ် သုတရယ်...ဒီရက်ပိုင်း သုတလည်း
ပင်ပန်းတာပဲ..."
ထာဝရ အရှုံးထား လိုသလိုအသုံးချ သွား...
ပေးဆပ်ခဲ့ နေ့ညရှည်တွေ~~~
ထူးထူးဆန်းဆန်းoversea callခေါ်ဆိုမှု
ကြောင့် ချက်ချင်းအခန်းပြင်ထွက်ခါ ဖုန်းဖွင့်
နားထောင်လိုက်သည်နှင့်
"ပိုင်...နန္ဒကို ပြန်ရှာတွေ့ပြီတဲ့။ခုပဲမြစ်ကြီးနားဆေး
ရုံကနေ ပြန်သယ်လာတော့မယ်"
"အခြေအနေဘယ်လိုတဲ့လဲ တချန်း...?"
"သတိတော့ မေ့နေတုန်းပဲတဲ့။ငါတော့ သေချာ
မသိဘူး ပိုင်။မင်း ဝမ်းသာစေချင်လို့ သတင်းရ ရ
ချင်း ငါဖုန်းဆက်လိုက်တာ"
"ကျေးဇူးပါပဲ တချန်းရာ။ငါ ငါ ဘာပြောရမှန်း
တောင်မသိဘူး။ခုပဲ ငါတို့သား သူ့အမေဗိုက်ထဲ
မှာ အခြေကျသွားတာသိလား။သားက လာဘ်
ကောင်လေးပဲ ချန်းရာ။အမရာ သိလည်း အရမ်း
ဝမ်းသာမှာ"
"အေး သူတို့မယ်မယ်ကတော့ ခုချက်ချင်း မြစ်
ကြီးနားက ဆေးရုံကို လိုက်သွားဖို့လုပ်နေတယ်။
သူ့ အစ်မသတင်းတော့ ငါလည်းမကြားသေးဘူး။
Fbတို့ ဘာတို့လည်း မသုံးဘူးလားမသိဘူး။ငါရှာ
ကြည့်နေတာလည်း မတွေ့တာနဲ့..."
တချန်းရယ်...ဟူ၍ စိတ်ထဲကနေပင် တောင်းပန်
စကားဆိုမိပြန်သည်။
"အေးအေး မယ်မယ်လိုက်သွားရင်တော့ နန္ဒ
သတိပြန်ရလာမှာပါ။အမရာလည်း မကြာခင်
သတင်းရပါလိမ့်မယ်။ တချန်း မင်းလည်း ဂရု
စိုက်နော်။ငါ နောင်နှစ်ပတ်လောက်နေမှ ပြန်
ရောက်ဖြစ်မယ်ထင်တယ်"
"မင်းရောပဲ။ဂရုစိုက်...ဒါပဲ ငါဖုန်းချတော့မယ်"
ဂရုစိုက်ဆိုသည့် ခပ်ပြတ်ပြတ်စကားလုံးကပင်
ဝမ်းသာအားရပြုံးမိစေခြင်းနဲ့ အတူအားနာခြင်း
ကိုပါ အချိုးတူခံစားစေသည်။
"ငါ့မောင်...ဒါဆို ငါ့မောင် မသေဘူး။ငါ သိတယ်
ငါ့လောက် သူ့အကြောင်းဘယ်သူသိမှာလဲ??"
ဝမ်းသာမျက်ရည်တွေတွေစီးနေသော မိန်ကလေး
ကို ထွေးပွေ့အားပေးရင်း ကျတော်လည်း ဝမ်းသာမျက်ရည်ဝိုင်းနေမိသည်။
"ငါတို့ သားက လာဘ်ကောင်လေးနဲ့ တူပါတယ်
သုတရယ်..."
အမရာ ပြောသလို သားကို လိုလိုလားလားကြို
ဆိုမည့် သူတွေထဲ နန္ဒလည်း ပါပါစေလို့ဆုတောင်းမိရင် ကျတော်တစ်ကိုယ်ကောင်းအရမ်းဆန်နေပြီလား
လေ။
Thank You All
IUI methodsတို့ဘာတို့ဆိုတာဒီဇာတ်ကို
ရေးတော့မယ်ဆိုတည်းက ရှာထားဖတ်ထားခဲ့ရတာတွေပါ။ကိုယ်ကျင်လည်
ရာ Fieldမဟုတ်တဲ့အတွက် အမှားများရှိပါက
လည်း ကျတော့်လိုအပ်ချက်သာဖြစ်ပါကြောင်း
ကြိုတင်တောင်းပန်ပါရစေ။
IUI Methodပုံကို Media မှာဖော်ပြပေး
ထားပါတယ်။ကလေးတွေစိတ်ရှင်းအောင်ပါ
ပျော်ရွှင်စရာ weekendsတွေဖြစ်ပါစေ။