ဒီဇင္ဘာျခံ ဆိုင္၏ေထာင့္က်က်စားပြဲမွေန၍ က်ေတာ္အလာကို မတ္တပ္ရပ္ကာ ႀကိဳလင့္ေနသူ။
နာမည္သာ ၾကားဖူးၿပီး လူခ်င္းခုမွေတြ႔ဖူးၾကတယ္
ဆိုေပမယ့္ ရင္းႏွီးေနသလို ခံစားခ်က္က
ေန႔စဥ္ျမင္ေတြ႔ေနက် နႏၵေၾကာင့္ရယ္လားေလ။
ဓာတ္ပံုေတြထဲမွာမဟုတ္ပဲ အျမင္မွာေတြ႔ရေတာ့ သူမအလွက ပိုလင္းထင္းသည္။အေအးပိုင္းႏိုင္ငံ
တြင္အေနၾကာေနသူျဖစ္ေပမယ့္ အသားအရည္
သည္ျဖဴေလ်ာ့ေလ်ာ့မဟုတ္။နႏၵကဲ့သို႔ ဝင္းဝါေန
လ်က္ ျမန္မာဆန္ေသာ အသားအရည္ကိုပိုင္ဆိုင္
ထားဆဲ။ေသာကေဝေနသူျဖစ္ေနေပမယ့္ ပူပန္မႈ
မ်က္ႏွာထားက ေတာက္ေတာက္ပပနဲ႔လဲ့ေနေသာ
မ်က္ဝန္းမ်ားမ်ားေအာင္ေမွးမွိန္ေနသလိုပဲ။
ျမန္မာမိန္းကေလးတစ္ေယာက္မွာ
႐ွိသည့္ေသာ အရပ္အေမာင္းထက္ ေက်ာ္လြန္ေန
ေပမယ့္ ၾကည့္ရဆိုးမေန။အေျပာင္သိမ္းထားေသာ
ဆံႏြယ္ေတြေၾကာင့္ ထင္းကာေပၚေနေသာ
မဟာနဖူးသည္လည္း နႏၵအတိုင္းပင္။
အမရာကို ျမင္ေတာ့ နႏၵကိုပို၍သတိရသည္။
"နႏၵဆီက သုတအေၾကာင္းေတြၾကားေနတာၾကာ
ေပမယ့္ လူခ်င္းခုမွပဲ ေတြ႔ျဖစ္ေတာ့တယ္။ျပန္
ေရာက္ေရာက္ခ်င္း အေလာတႀကီးခ်ိန္းလိုက္ရ
တာအားနာေပမယ့္ ခုလိုလုပ္မွကိုျဖစ္မယ့္အေျခအေနမို႔လို႔ပါ"
"ဟုတ္ကဲ့ ရပါတယ္ မ အမရာဦးေမာ္"
"ရင္းရင္းႏွီးႏွီးအမရာ လို႔ပဲေခၚပါ။အမွန္ေတာ့...
အမရာ ဒီကိုျပန္လာရမွျဖစ္ေတာ့မယ္လို႔ေတြးမိတဲ့
အခ်ိန္...ပထမဆံုးသတိရတဲ့လူက သုတပါ။
နႏၵ ကေတာ့ သူ႔အက်င့္အတိုင္း သူ႔အိမ္တြင္းေရး
ကိစၥေတြကို ေျပာျပမွေတာ့မဟုတ္ဘူး။အမရာ
ကေတာ့ ေျပာရလိမ့္မယ္"
"က်ေတာ္လည္း သူ႔ကိုေမးပါတယ္။ဒါေပမယ့္
မေျပာျပခဲ့ဘူး"
"သူက ငယ္တည္းကအဲ့လိုပဲ။ခုသူ ေပ်ာက္ေနတာ
တစ္ပတ္႐ွိၿပီ။မယ္မယ္လည္း သူ႔စိတ္နဲ႔ လဲေနတယ္။အမွန္ေတာ့ အမရာလည္း ေဆာက္တည္ရာမဲ့ေနတယ္။ဒါေပမယ့္ အိမ္ရဲ႕ တာဝန္ အမရာယူမွျဖစ္ေတာ့မယ္။မဟုတ္ရင္ နႏၵ ျပန္လာတဲ့အခ်ိန္ မယ္မယ္တို႔ ေနစရာဘံုေတာင္ေပ်ာက္ေနႏိုင္တယ္"
လူတိုင္းလက္ေလ်ာ့ေနၾကခ်ိန္ နႏၵျပန္လာမည္ဟု
တထစ္ခ် ေျပာဆိုေနသူ။
ထက္ျမတ္မႈနဲ႔ ပြင့္လင္းမႈေပါင္းစပ္ထားေသာဟန္
ပန္ေတြထဲ သာမာန္မိသားစုထဲက ကေလးေတြမွာ
မေတြ႔ရတတ္တဲ့ မာန္တစ္ခုလည္းပါဝင္ေနေသး
သည္မွာ ကိုယ္ေတာ္ႀကီးအႏြယ္ေတာ္ရယ္မို႔လို႔
လား?
"မအံျသနဲ႔ သုတ။အဲ့ဒါတကယ္ဲ။မယ္မယ္တို႔လြန္
ခဲ့တဲ့ ၂ႏွစ္ေလာက္တည္းကမိုးကုတ္ဖက္က
ေလာ္ပန္ တစ္ေယာက္နဲ႔ လုပ္ငန္းတစ္ခုမွာshareပါခဲ့ၾကပံုပဲ။အစကအဆင္ေျပသလိုလို႐ွိေနေပေတာ့ လူ႔ေလာဘအတိုင္း ႐ွယ္ယာေတြထပ္တိုးထည့္တယ္။ျပင္ဦးလြင္ကHotelကိုပါ အဲ့ေလာ္ပန္ဆီအေပါင္ထားၿပီးထည့္လိုက္ၾကတယ္တဲ့။ေလာဘမ်ား တစ္ခဏေလးအတြင္း လူေတြကိုတကယ္အဆင္အျခင္မဲ့သြားေစတယ္
ခုအဲ့လုပ္ငန္းက အ႐ွံုးေပၚၿပီး Hotelေပၚက အတိုးေတြကလည္း ထပ္တက္ၿပီးရင္းတက္ေနတယ္"
အိမ္ရဲ႕တာဝန္တဖန္ျပန္လည္တာဝန္ယူေပးရ
ေတာ့မယ္ဟူေသာ နႏၵစကားသံ...အဲ့တုန္းကခု
ေလာက္ထိ ကိစၥႀကီးေနခဲ့မယ္လို႔ မထင္ခဲ့႐ိုးအမွန္
ဒီေလာက္အေျခအေနျဖစ္ေနတာေတာင္ ဒီေကာင္
အရိပ္အႁမြတ္ေတာင္ မေျပာျပခဲ့။
နႏၵဦးေမာ္သည္ တစ္သက္လံုး စီးပြားေရးဆိုတာ
သူနဲ႔မဆိုင္သလိုေနေနခဲ့ေပမယ့္ အမရာကေတာ့ကေတာ့ထိုသိ႔ုမဟုတ္။
"အဆိုးဆံုးက Hotelေပးလိုက္ရမွာမဟုတ္ဘူး။
ခု အဲ့တ႐ုတ္က ဘယ္ေလာက္ေတာင္လဲဆို ငါ
တို႔ ေနေနတဲ့ မႏၱေလးကအိမ္ကို Classical barပံုစံေတာင္ဖြင့္မယ္ဘာညာနဲ႔ေျပာေနတယ္
အဲ့ကေနဝင္လာတဲ့ ေငြနဲ႔ Hotelမွာတင္ေနတဲ့
အတိုးေတြကိုဆပ္ဆိုတဲ့သေဘာနဲ႔..."
"ဒါကေတာ့ မျဖစ္သင့္ဘူး။ေသရည္ေသရက္
ႏိုင္ငံထဲ သြင္းလာတာေတာင္လက္မခံခဲ့တဲ့
ကေနာင္မ်ိဳးဆက္ေတြရဲ႕ အိမ္မွာ Barဖြင့္မယ္
ဆိုတာေတာ့..."
"ကိုယ့္သမီးကုိ ကိုယ့္သားမက္က ေမာင္း
ေထာင္းဆံုထဲ ထည့္ေထာင္းခံရတာကိုေတာင္
ကာကြယ္မေပးတဲ့အျပင္ သတၱဝါတစ္ခုကံတစ္ခု
လို႔ေျပာခဲ့တဲ့ အေဖတစ္ေယာက္ရဲ႕ အႏြယ္အမႊား
အဆက္ဆက္ေနခဲ့တဲ့ အိမ္ဆိုတာထက္ ဒီအိမ္မွာ
ငါတို႔မိသားစုသိုက္သိုက္ဝန္းဝန္းေနခဲ့ဖူးတယ္။
ငါနဲ႔ Daddy ေနခဲ့ဖူးတဲ့အိမ္မွာ တစ္စိမ္းတရံ
ေတြ ဝင္ထြက္ေနတာမ်ိဳးေတာ့ ငါအျဖစ္မခံႏိုင္ဘူး။
ဒီေတာ့ ငါ အခုဒီအေျခအေနကေန ငါတို႔အိမ္ကို
ကယ္ထုတ္ရမယ္။အိမ္ကို ကယ္ဖို႔ဆိုတာ ေလာ္ပန္
လက္ထဲေရာက္ေနတဲ့ Hotelကို ျပန္ရမွျဖစ္မယ္
အၿပီးသတ္မေရြးႏိုင္ေသးခင္ အတိုးေတြအကုန္
သတ္ႏိုင္ရမယ္"
အမ်ိဳးသမီးအခြင့္အေရးတက္ႂကြစြာလႈပ္႐ွားေနသူ
ပီပီ သမီးျဖစ္သူကိုမကာကြယ္ေပးခဲ့၍ လူတိုင္းေလးစားရသည့္ကိုယ့္ဘိုးေဘးကိုပင္ အလိုမက်
ျဖစ္ေနရင္း ေျပာရင္း မာန္ေတြပါ ပါလာသည္။
"အင္း ဟုတ္တယ္။ဒီကိစၥမွာက်ေတာ္ဘာကူညီ
ေပးလို႔ရႏိုင္မလဲ..."
"Hotelကို ျပန္ေရြးေပးပါ။ေတြ႔ေတြ႔ခ်င္းဒီလိုအ
ကူအညီေတာင္းရတာ အမရာ သုတကိုမ်က္ႏွာေတြလည္းပူတယ္။ဒါေပမယ့္ အမရာသိတာလည္း
သုတတစ္ေယာက္ပဲ႐ွိလို႔ပါ။အိမ္ေတာ္ကDaddy
နဲ႔အတူတူထြက္လာတည္းက အမရာတို႔ သားအဖ
သာမန္လိုပဲေနထိုင္ခဲ့တာ။Daddyက မယ္မယ့္
လိုမဟုတ္ဘူး။ဘဝကို႐ိုး႐ိုး႐ွင္း႐ွင္းပဲျဖတ္သန္း
ခဲ့တာ...ခုလိုမယ္မယ္တို႔ျဖစ္ေနေတာ့ အမရာ
တို႔ ေငြအားနဲ႔ အကူအညီမေပးႏိုင္ဘူး။မယ္မယ္
ေရာ ဘြား ေရာက အမရာ့ကို နႏၵေလာက္အေရး
မေပးခဲ့ၾကတာမွန္ေပမယ့္ခုခ်ိန္ မယ္္မယ့္ကိုတစ္
ေယာက္တည္းပစ္မထားႏိုင္ဘူး။နႏၵျပန္လာရင္
လည္း ပံုမွန္အေျခအေနတိုင္းျဖစ္ေစခ်င္တယ္။
ဒါမွ ငါ့ေမာင္ေလး သူေနခ်င္တဲ့ ဆရာဝန္ဘဝနဲ႔
ပရဟိတေတြဆက္လုပ္ႏိုင္မွာ။ေတာ္ေသးတယ္
မယ္မယ္တို႔နဲ႔ က်န္ခဲ့ေပမယ့္ သူ႔ပင္ကိုယ္စိတ္ထား
ေလးက Daddyနဲ႔တူေနေသးလို႔..."
မိနစ္ပိုင္းမ်ွသာကြာေသာ ေမာင္တစ္ေယာက္အေပၚထား႐ွိေသာ အစ္မတစ္ေယာက္ရဲ႕ ေစတနာ
ကိုယ့္ကို ေမာင္ျဖစ္သူေလာက္အေရးမေပးခဲ့သည့္
အေမျဖစ္သူကို ျပန္လည္ေစာင့္ေ႐ွာက္ေပးလိုတဲ႔ စိတ္ဓာတ္ထိုမိန္းကေလးသည္ ၾကည့္ရင္းက်က္သေရ႐ွိေန၏။
"အခု ရင္းႏွီးရမယ့္ေငြက သုတ မွန္းထားတာ
ထက္ မ်ားလြန္းေနမွာေတာ့အမွန္ပဲ...ျပန္လည္ထူ
ေထာင္ရမယ့္လုပ္ငန္းတစ္ခုမွာ ေငြျပန္လည္
လည္ပတ္ႏိုင္တဲ့အခ်ိန္တစ္ခုဘယ္ေလာက္ၾကာမလဲလည္း အမရာ အတိအပမေျပာႏိုင္ဘူး။
အမရာသင္ခဲ့ရတာ Social science ခုက
hotel management ဆိုေတာ့ နည္းနည္း
ေတာ့ ခက္ခဲေနမွာျဖစ္ေပမယ့္ စိတ္ခ်ပါ အမရာ
ေသခ်ာေပါက္ျပန္ဆပ္မွာပါ။သုတဖက္က ကူညီ
ေပးမွကို ျဖစ္မွာမို႔ပါ"
"အမွန္တိုင္းေျပာရင္ က်ေတာ္လည္းနႏၵလိုပါပဲ
ေဖေဖ HKကိုမသြားခင္တည္းကလုပ္ငန္းေတြ
အကုန္က်ေတာ့္နာမည္နဲ႔လႊဲခဲ့ေပမယ့္ က်ေတာ္
ဘာမွမသိဘူး။ခုလည္း ေဖေဖ့ေခတ္တည္းက ေဖေဖနဲ႕အတူတူလုပ္ခဲ့တဲ့ လူယံုေတြလက္ထဲပဲလႊဲ
ထားခဲ့ရတာ။ဒါေပမယ့္ က်ေတာ္ကူညီေပးပါ့မယ္။စိတ္ခ်ပါ"
"ေက်းဇူးတင္ပါတယ္။ေနာက္ၿပီး ဒီေလာက္မ်ား
တဲ့ ေငြေတြကို အမရာဒီအတိုင္းမယူပါဘူး။
အမရာတစ္ခုခုျပန္ေပးမွာပါ"
"ဟာ မဟုတ္တာ...က်ေတာ္ဒီအတိုင္းကူညီပါရ
ေစ။ဘာမွမလိုခ်င္ဘူး။နႏၵနဲ႔က်ေတာ္က..."
"အမရာ ဘာကိုမွ အလကားမယူခဲ့ဖူးဘူး။ဒီကို
မလာခင္ သုတနဲ႔ ေတြ႔မယ္ဆိုတည္းက အမရာ
ဆံုးျဖတ္ခ်က္တစ္ခုခ်ၿပီးမွ လာေတြ႔တာပါ။နႏၵ
ဆီက သတင္းၾကားၿပီးပါၿပီ။သုတ ကေလးလိုခ်င္
ေနတယ္ဆို..."
"ဗ်ာ...အဲ့ဒါ မဟုတ္"
"ခ်န္းအတြက္ ခ်န္းအေမအတြက္ ခ်န္းကိုယ္ပြား
ေလးတစ္ေယာက္ လိုခ်င္ေနတာဆိုရင္ အမရာကူညီေပးပါ့မယ္..."
မိန္းမပ်ိဳေလး၏မ်က္ဝန္းေတြသည္ ဆံုးျဖတ္ခ်က္
တစ္ခုနဲ႔ ခိုင္မာစြာ စူး႐ွလြန္းေနသည္။ဘယ္လို
လုပ္ လက္ခံႏိုင္မွာလဲ?လက္ခံရက္မွာလဲ?
"အမရာ...ေျပာတာကို သုတလက္မခံရင္သုတဆီက အကူအညီမယူျဖစ္ရင္လည္း တျခားတစ္ေယာက္ဆီမွာ အကူအညီသြား
ေတာင္းရင္ ဒီအခ်ိန္သူဘာေတာင္းဆိုဆို အမရာ
ေပးမိလိမ့္မယ္ထင္တယ္..."
"မဟုတ္တာ အမရာ။က်ေတာ္ဒီအတိုင္းစိတ္
သန္႔သန္႔နဲ႔ကူညီေပးပါရေစ..."
"သုတက ၾကားထားတဲ့အတိုင္း ႐ိုးသားလြန္းတာ
ပဲ"
ရယ္သည္။နႏၵတစ္ခုခုကိုသေဘာက်သြားတိုင္း
ေခါင္းေမာ့ကာ အားပါးတရရယ္ပံုနဲ႔တစ္ထပ္တည္း
"သုတ ခု အမရာ့ကို ကူညီေပးရမွာ သာမန္စား
ဝတ္ေနေရးမေျပလည္နဲ႔ မိသားစုကို ကူညီေပးတဲ့
ေငြေၾကးေလာက္နဲ႔မရဘူး။သုတပိုင္တာ အားလံုး
နီးပါး ေပးထားရမွာ။ဘယ္အခါျပန္ရမယ္ဆိုတာ
မေသခ်ာတဲ့ အေျခအေနမွာ ထိုက္တန္တဲ့ အေပး
အယူတစ္ခု႐ွိသင့္တယ္။ဒီလိုေပးထားမွလည္း
အမရာ စိတ္ေျဖာင့္ေျဖာင့္နဲ႔ ယူရဲမွာ..."
"အမရာ...မျဖစ္ႏိုင္ပါဘူး...သူမ်ားအဖိုးတန္
သမီးတစ္ေယာက္ကို..."
"ကေလးတစ္ေယာက္ သက္႐ွိလူသားေလး
တစ္ေယာက္ကို လူ႔ေလာကထဲေခၚထုတ္ေပးမယ့္
ကိစၥက ဘာမေကာင္းတာမ်ား႐ွိလို႔လဲ သုတရယ္
ခု အမရာလုပ္ေနတာ ကိုယ့္မိသားစုအသိုက္အျမံဳ
မၿပိဳကြဲဖို႔ သူမ်ားအတြက္ မိသားစုတစ္စုဖန္တီး
ေပးမွာ...ဘာကိုမသင့္ေတာ္တာလဲ သုတ"
ျပံဳးရင္းေမးလာသူကို အားနာစြာမ်က္ႏွာလႊဲေတာ့
"AI(Artifical insemination)နဲ႔ပဲ သုတ
ရယ္...အမရာ အျမဲစိတ္ကူးယဥ္ဖူးတယ္ငယ္
ငယ္တည္းက အိမ္ေထာင္ေတာ့မျပဳခ်င္ဘူး
ဒါေပမယ့္ ခ်စ္စရာခေလးေလးတစ္ေယာက္ေတာ့
ေမြးခ်င္တယ္ဆိုၿပီး...ခုအဲ့အခြင့္အေရးရလိုက္တယ္လို႔ပဲ အမရာသေဘာထားပါတယ္။အပ်ိဳေလးတစ္ေယာက္ရဲ႕စိတ္ကူးက သိပ္မ်ားထူးဆန္းေနမလားပဲ..."
"က်ေတာ္ ခုခ်ိန္ ခ်န္းကိုယ္ပြားေလးကို လိုခ်င္
ေနတာ ဝန္ခံပါတယ္။ဒါေပမယ့္...ဒါေပမယ့္
အမရာ ကေတာ့ မျဖစ္ဘူး။က်ေတာ္နႏၵကိုတစ္
သက္လံုးမ်က္ႏွာမျပရဲေအာင္ မလုပ္ပါနဲ႔။က်ေတာ္
ဒီအတိုင္းစိတ္သန္႔သန္႔နဲ႔ကူညီေပးပါရေစ"
"အမရာ ေျပာၿပီးၿပီေလ သုတရယ္...စဥ္းစားပါ
သုတလက္မခံဘူးဆိုရင္ အမရာတျခားတစ္ခုခု
စဥ္းစားရေတာ့မယ္။အမရာတို႔ အသိုက္အျမံဳသူ
မ်ားလက္ထဲမေရာက္ဖို႔ အမရာကာကြယ္ႏိုင္
သေလာက္ကာကြယ္ရမွာပဲ။Daddyကိုလည္း
စိတ္မညစ္ေစခ်င္လို႔ ဒီအတိုင္းအသိမေပး
ပဲထြက္လာရတာ။အမရာ့အတြက္ အခ်ိန္သိပ္မ႐ွိ
ဘူး။စဥ္းစားပါ သုတ...သုတမကူညီရင္..."
"က်ေတာ့္ကို စိတ္ပူရေအာင္ ထပ္မၿခိမ္းေျခာက္
ပါနဲ႔ အမရာရယ္။နႏၵအစ္မဆိုတာ က်ေတာ့္အစ္မ
လိုပါပဲ..."
"ဒါေၾကာင့္မို႔...အမရာလည္းသုတကို အရင္ဆံုး
သတိရတာပါ။ေအးေအးေဆးေဆးစဥ္းစားပါ။
တစ္ခါေလာက္ သူမ်ားဖက္မၾကည့္ပဲ ကိုယ္လို
ခ်င္တာကိုပဲ ၾကည့္ၿပီးစဥ္းစားၾကည့္ပါ။မယ္မယ့္
ကို သူနာျပဳနဲ႔ပဲထားခဲ့ရလို႔ အမရာျပန္ရမယ္။
ဒီရက္ပိုင္းတြင္း အေျဖရတာနဲ႔ အခ်ိန္မေရြး ဖုန္း
ဆက္လိုက္ပါ..."
ကိုယ္ပိုင္ယံုၾကည္ခ်က္တို႔နဲ႔ သြက္လက္လွပလြန္း
စြာ ထြက္ခြာသြားေသာ မိန္းမလွတစ္ေယာက္၏
ေျခလွမ္းမ်ားေအာက္ က်ေတာ့္သက္ျပင္းေတြ
ကပ္ပါသြား၏။
ဒီဇင္ဘာျခံထဲ ေဆာင္းခိုငွက္ေတြေတာင္အသံ
မျပဳၾကေလာက္ေအာင္တိတ္ဆိတ္ၿငိမ္သက္ေန
သည္။
ခ်န္းအတြက္ မားအတြက္...
နႏၵ တြယ္တာေသာ အိမ္ေတာ္...ေနာက္ၿပီး
သူတဖြဖြ ခ်ီးက်ဴးေနတတ္ေသာ သူ႔အစ္မေတာ္
-
-
-
"မား??က်ေတာ္ ပိုင္သုတ"
"သားပိုင္ ေျပာေလ။ေနေကာင္းရဲ႕လား??"
"ဟုတ္ကဲ့။မားေရာ"
"ေကာင္းပါတယ္။မားနဂ်ီေကာင္ေလးေရာ...?"
ငယ္စဥ္ကအတိုင္း ခ်စ္စႏိုးေခၚျမဲ။ဖုန္းကို နားမွ
ခြာကာ ပင့္သက္တစ္ခုရႈိုက္မိသည္။ရင္ထဲက တင္း
ႀကပ္မႈက ေျပေလ်ာ့မသြား။
"မား..."
"အင္း ေျပာေလ။မားနဂ်ီေကာင္ေလး ဘာျဖစ္လို႔
လဲ?မားဆီ ျပန္လာဖို႔ေကာ သားေျပာျပီးသြားျပီ
လား?"
"မား သား ကို က်ေတာ္ျပန္မေပးခ်င္ဘူး"
တစ္ဖက္မွ အသံတို႔ဆိတ္သုန္းသြားသည္။လိုင္း
ႀကိဳးလိုင္းတို႔ ျပတ္ေတာက္သြားသလို အရာအား
လံုး ျငိမ္သက္သြားသည္။
တစ္ဖက္မွာ မား ငိုေနျပီလား??က်ေတာ္ကေရာ
ေလာဘတက္ပါရေစ။တစ္ဘဝမွာ တစ္ခါေလာက္
ပဲ ေလာဘတက္ပါရေစ။
"မား...ကို က်ေတာ္ေတာင္းပန္ပါတယ္။မားလိုခ်င္
တဲ့ ခ်န္း မ်ိဳးဆက္ မား ေျမးေလးတစ္ေယာက္ကို က်ေတာ္ ႀကိဳးစားေပးပါ့မယ္။အမွန္ဆို ျဖစ္ႏိုင္
ရင္ က်ေတာ္ကိုယ္တိုင္ေတာင္္ ေမြးထုတ္ေပးခ်င္တာပါ။"
"သားပိုင္!!အခုဘာေတြေျပာေနတာလဲ??သဘာဝနဲ႔ လြန္ဆန္တာေတြကို ေမ့သားလို လူက
ဘာလို႔လြယ္လြယ္ေျပာေနရတာလဲ သားရယ္...
"ေတာင္းပန္ပါတယ္ မား...ခ်န္းကို မစြန္႔လႊတ္ေပး
ႏိုင္လို႔ ဒီလိုလုပ္ရတာပါ။မား ေက်းဇူးေတြကို ကန္း
သလို ျဖစ္ေနတာလည္း က်ေတာ္သိပါတယ္။
ဒါေပမယ့္...ခ်န္း...ခ်န္းကို ျပန္မလႊတ္ႏိုင္လို႔...
မားစိတ္ခ်ပါ ခ်န္းက်ေတာ္နဲ႔အတူတူေနလို႔ မ်ိဳး
ဆက္ျပတ္သြားတာမ်ိဳး မဟုတ္ေစရဘူး
ခ်န္း မ်ိဳးဆက္သားေယာက်ာ္းေလး
တစ္ေယာက္ကိုမားေျမးအျဖစ္ က်ေတာ္ေခၚလာေပးပါ့မယ္။
ခ်န္းနဲ႔ က်ေတာ့္ကို ဒီအတိုင္းထားေပးပါ"
"သားပိုင္ရယ္...သားဘယ္လိုျဖစ္သြားရတာလဲ?
မားသိတဲ့သားက အဲ့လိုမွမဟုတ္တာ"
"အရင္တည္းက က်ေတာ္က အဲ့လိုပါ။ခ်န္းကို
ငယ္တည္းက က်ေတာ္ခ်စ္ခဲ့ရတာ...ခ်န္းက
က်ေတာ့္လို မဟုတ္ေပမယ့္ ခ်န္းကိုတျခားတစ္
ေယာက္လက္ထဲ မထည့္ေပးႏိုင္ေတာ့လို႔ ဒီလို
လုပ္ရတာပါ။မား စိတ္ခ်ပါ။ခ်န္းအတြက္ မိသားစု
မ်ိဳးဆက္ဆိုတာကို က်ေတာ္ေသခ်ာေပါက္ဖန္တီး
ေပးမွာပါ။ခ်န္း ကိုယ္ဝန္ကို ေဆာင္ေပးမယ့္
မိန္းကေလးကလည္း ေတာ္ရံုမိန္းကေလးမဟုတ္
ပါဘူး။မိေကာင္းဖခင္သားသမီးပါ...မားက်ေတာ့္
ကို ခ်န္းနဲ႕ ခြင့္ျပဳေပးပါ။မိဘက အသိအမွတ္မျပဳ
တဲ့ အိမ္ေထာင္ေရးတစ္ခုကို ခ်န္း ကို မခံစားေစ
ခ်င္ဘူး...မိသားစုဆိုတာကို ခ်န္းကို
က်ေတာ္အျပည့္အဝဖန္တီးေပးႏိုင္ပါတယ္ မားရယ္"
"တစ္ဦးတည္းေသာသားတစ္ေယာက္ရဲ႕ အေမ
တစ္ေယာက္ရဲ႕ အတၱကို သားပိုင္ နားလည္ေပး
ပါ။ဟုတ္တယ္ မားဝန္ခံတယ္။သားပိုင္
တို႔ ခုလိုပံုစံကို မားဘယ္လိုမွ လက္မခံႏိုင္တာ
ဒါေပမယ့္ တစ္ဖက္က တျခားလူမဟုတ္ပဲ
သားပိုင္ျဖစ္ေနေတာ့...မား ဘယ္လိုေျပာထြက္
မလဲ မား သားရယ္..."
"ခ်န္းနဲ႔ က်ေတာ္ပိုင္တဲ့ မိသားစုတစ္ခုကို ခြင့္ျပဳ
ေပးပါ...ခ်န္းကို မိသားစုတစ္ခုဖန္တီေးပးႏိုင္မယ့္
လူလက္ထဲ မထည့္ႏိုင္လို႔ က်ေတာ္ကိုယ္တိုင္
ဖန္တီေပးပါရေစ"
တဖက္မွ ေတာ္ေတာ္ႀကာအသံတိတ္သြားျပီးမွ
"သားပိုင္ ေနာင္တမရဘူးဆိုရင္ေပါ့~~"
မားဖုန္းခ်သြားခဲ့ခ်ိန္ က်စ္က်စ္ပါေအာင္ဆုပ္ထား
ေသာ လက္သီးဆုပ္သည္လည္း ေျပေလ်ာ့သြား
ခဲ့ျပီ။နံရံကို အမွီျပဳကာ ထိုင္ခ်မိေတာ့၏။
ေနာင္တမရွိေအာင္ ႀကိဳးစားမွာပါ။
ဒါ က်ေတာ္ကိုယ္တိုင္ ဖန္တီးထားတဲ့
ခ်န္းရဲ႕ရင္ေသြးေလးနဲ႔ က်ေတာ့္မိသားစု...
"နႏၵ...ငါ့ကို ခြင့္မလႊတ္ပါနဲ႕"
Thank You All
Next epi on weekends
(Unicode)
/
/
/
ဒီဇင်ဘာခြံ ဆိုင်၏ထောင့်ကျကျစားပွဲမှနေ၍ ကျတော်အလာကို မတ်တပ်ရပ်ကာ ကြိုလင့်နေသူ။
နာမည်သာ ကြားဖူးပြီး လူချင်းခုမှတွေ့ဖူးကြတယ်
ဆိုပေမယ့် ရင်းနှီးနေသလို ခံစားချက်က
နေ့စဉ်မြင်တွေ့နေကျ နန္ဒကြောင့်ရယ်လားလေ။
ဓာတ်ပုံတွေထဲမှာမဟုတ်ပဲ အမြင်မှာတွေ့ရတော့ သူမအလှက ပိုလင်းထင်းသည်။အအေးပိုင်းနိုင်ငံ
တွင်အနေကြာနေသူဖြစ်ပေမယ့် အသားအရည်
သည်ဖြူလျော့လျော့မဟုတ်။နန္ဒကဲ့သို့ ဝင်းဝါနေ
လျက် မြန်မာဆန်သော အသားအရည်ကိုပိုင်ဆိုင်
ထားဆဲ။သောကဝေနေသူဖြစ်နေပေမယ့် ပူပန်မှု
မျက်နှာထားက တောက်တောက်ပပနဲ့လဲ့နေသော
မျက်ဝန်းများများအောင်မှေးမှိန်နေသလိုပဲ။
မြန်မာမိန်းကလေးတစ်ယောက်မှာ
ရှိသည့်သော အရပ်အမောင်းထက် ကျော်လွန်နေ
ပေမယ့် ကြည့်ရဆိုးမနေ။အပြောင်သိမ်းထားသော
ဆံနွယ်တွေကြောင့် ထင်းကာပေါ်နေသော
မဟာနဖူးသည်လည်း နန္ဒအတိုင်းပင်။
အမရာကို မြင်တော့ နန္ဒကိုပို၍သတိရသည်။
"နန္ဒဆီက သုတအကြောင်းတွေကြားနေတာကြာ
ပေမယ့် လူချင်းခုမှပဲ တွေ့ဖြစ်တော့တယ်။ပြန်
ရောက်ရောက်ချင်း အလောတကြီးချိန်းလိုက်ရ
တာအားနာပေမယ့် ခုလိုလုပ်မှကိုဖြစ်မယ့်အခြေအနေမို့လို့ပါ"
"ဟုတ်ကဲ့ ရပါတယ် မ အမရာဦးမော်"
"ရင်းရင်းနှီးနှီးအမရာ လို့ပဲခေါ်ပါ။အမှန်တော့...
အမရာ ဒီကိုပြန်လာရမှဖြစ်တော့မယ်လို့တွေးမိတဲ့
အချိန်...ပထမဆုံးသတိရတဲ့လူက သုတပါ။
နန္ဒ ကတော့ သူ့အကျင့်အတိုင်း သူ့အိမ်တွင်းရေး
ကိစ္စတွေကို ပြောပြမှတော့မဟုတ်ဘူး။အမရာ
ကတော့ ပြောရလိမ့်မယ်"
"ကျတော်လည်း သူ့ကိုမေးပါတယ်။ဒါပေမယ့်
မပြောပြခဲ့ဘူး"
"သူက ငယ်တည်းကအဲ့လိုပဲ။ခုသူ ပျောက်နေတာ
တစ်ပတ်ရှိပြီ။မယ်မယ်လည်း သူ့စိတ်နဲ့ လဲနေတယ်။အမှန်တော့ အမရာလည်း ဆောက်တည်ရာမဲ့နေတယ်။ဒါပေမယ့် အိမ်ရဲ့ တာဝန် အမရာယူမှဖြစ်တော့မယ်။မဟုတ်ရင် နန္ဒ ပြန်လာတဲ့အချိန် မယ်မယ်တို့ နေစရာဘုံတောင်ပျောက်နေနိုင်တယ်"
လူတိုင်းလက်လျော့နေကြချိန် နန္ဒပြန်လာမည်ဟု
တထစ်ချ ပြောဆိုနေသူ။
ထက်မြတ်မှုနဲ့ ပွင့်လင်းမှုပေါင်းစပ်ထားသောဟန်
ပန်တွေထဲ သာမာန်မိသားစုထဲက ကလေးတွေမှာ
မတွေ့ရတတ်တဲ့ မာန်တစ်ခုလည်းပါဝင်နေသေး
သည်မှာ ကိုယ်တော်ကြီးအနွယ်တော်ရယ်မို့လို့
လား?
"မအံသြနဲ့ သုတ။အဲ့ဒါတကယ်ဲ။မယ်မယ်တို့လွန်
ခဲ့တဲ့ ၂နှစ်လောက်တည်းကမိုးကုတ်ဖက်က
လော်ပန် တစ်ယောက်နဲ့ လုပ်ငန်းတစ်ခုမှာshareပါခဲ့ကြပုံပဲ။အစကအဆင်ပြေသလိုလိုရှိနေပေတော့ လူ့လောဘအတိုင်း ရှယ်ယာတွေထပ်တိုးထည့်တယ်။ပြင်ဦးလွင်ကHotelကိုပါ အဲ့လော်ပန်ဆီအပေါင်ထားပြီးထည့်လိုက်ကြတယ်တဲ့။လောဘများ တစ်ခဏလေးအတွင်း လူတွေကိုတကယ်အဆင်အခြင်မဲ့သွားစေတယ်
ခုအဲ့လုပ်ငန်းက အရှုံးပေါ်ပြီး Hotelပေါ်က အတိုးတွေကလည်း ထပ်တက်ပြီးရင်းတက်နေတယ်"
အိမ်ရဲ့တာဝန်တဖန်ပြန်လည်တာဝန်ယူပေးရ
တော့မယ်ဟူသော နန္ဒစကားသံ...အဲ့တုန်းကခု
လောက်ထိ ကိစ္စကြီးနေခဲ့မယ်လို့ မထင်ခဲ့ရိုးအမှန်
ဒီလောက်အခြေအနေဖြစ်နေတာတောင် ဒီကောင်
အရိပ်အမြွတ်တောင် မပြောပြခဲ့။
နန္ဒဦးမော်သည် တစ်သက်လုံး စီးပွားရေးဆိုတာ
သူနဲ့မဆိုင်သလိုနေနေခဲ့ပေမယ့် အမရာကတော့ကတော့ထိုသိ့ုမဟုတ်။
"အဆိုးဆုံးက Hotelပေးလိုက်ရမှာမဟုတ်ဘူး။
ခု အဲ့တရုတ်က ဘယ်လောက်တောင်လဲဆို ငါ
တို့ နေနေတဲ့ မန္တလေးကအိမ်ကို Classical barပုံစံတောင်ဖွင့်မယ်ဘာညာနဲ့ပြောနေတယ်
အဲ့ကနေဝင်လာတဲ့ ငွေနဲ့ Hotelမှာတင်နေတဲ့
အတိုးတွေကိုဆပ်ဆိုတဲ့သဘောနဲ့..."
"ဒါကတော့ မဖြစ်သင့်ဘူး။သေရည်သေရက်
နိုင်ငံထဲ သွင်းလာတာတောင်လက်မခံခဲ့တဲ့
ကနောင်မျိုးဆက်တွေရဲ့ အိမ်မှာ Barဖွင့်မယ်
ဆိုတာတော့..."
"ကိုယ့်သမီးကို ကိုယ့်သားမက်က မောင်း
ထောင်းဆုံထဲ ထည့်ထောင်းခံရတာကိုတောင်
ကာကွယ်မပေးတဲ့အပြင် သတ္တဝါတစ်ခုကံတစ်ခု
လို့ပြောခဲ့တဲ့ အဖေတစ်ယောက်ရဲ့ အနွယ်အမွှား
အဆက်ဆက်နေခဲ့တဲ့ အိမ်ဆိုတာထက် ဒီအိမ်မှာ
ငါတို့မိသားစုသိုက်သိုက်ဝန်းဝန်းနေခဲ့ဖူးတယ်။
ငါနဲ့ Daddy နေခဲ့ဖူးတဲ့အိမ်မှာ တစ်စိမ်းတရံ
တွေ ဝင်ထွက်နေတာမျိုးတော့ ငါအဖြစ်မခံနိုင်ဘူး။
ဒီတော့ ငါ အခုဒီအခြေအနေကနေ ငါတို့အိမ်ကို
ကယ်ထုတ်ရမယ်။အိမ်ကို ကယ်ဖို့ဆိုတာ လော်ပန်
လက်ထဲရောက်နေတဲ့ Hotelကို ပြန်ရမှဖြစ်မယ်
အပြီးသတ်မရွေးနိုင်သေးခင် အတိုးတွေအကုန်
သတ်နိုင်ရမယ်"
အမျိုးသမီးအခွင့်အရေးတက်ကြွစွာလှုပ်ရှားနေသူ
ပီပီ သမီးဖြစ်သူကိုမကာကွယ်ပေးခဲ့၍ လူတိုင်းလေးစားရသည့်ကိုယ့်ဘိုးဘေးကိုပင် အလိုမကျ
ဖြစ်နေရင်း ပြောရင်း မာန်တွေပါ ပါလာသည်။
"အင်း ဟုတ်တယ်။ဒီကိစ္စမှာကျတော်ဘာကူညီ
ပေးလို့ရနိုင်မလဲ..."
"Hotelကို ပြန်ရွေးပေးပါ။တွေ့တွေ့ချင်းဒီလိုအ
ကူအညီတောင်းရတာ အမရာ သုတကိုမျက်နှာတွေလည်းပူတယ်။ဒါပေမယ့် အမရာသိတာလည်း
သုတတစ်ယောက်ပဲရှိလို့ပါ။အိမ်တော်ကDaddy
နဲ့အတူတူထွက်လာတည်းက အမရာတို့ သားအဖ
သာမန်လိုပဲနေထိုင်ခဲ့တာ။Daddyက မယ်မယ့်
လိုမဟုတ်ဘူး။ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်း
ခဲ့တာ...ခုလိုမယ်မယ်တို့ဖြစ်နေတော့ အမရာ
တို့ ငွေအားနဲ့ အကူအညီမပေးနိုင်ဘူး။မယ်မယ်
ရော ဘွား ရောက အမရာ့ကို နန္ဒလောက်အရေး
မပေးခဲ့ကြတာမှန်ပေမယ့်ခုချိန် မယ်မယ့်ကိုတစ်
ယောက်တည်းပစ်မထားနိုင်ဘူး။နန္ဒပြန်လာရင်
လည်း ပုံမှန်အခြေအနေတိုင်းဖြစ်စေချင်တယ်။
ဒါမှ ငါ့မောင်လေး သူနေချင်တဲ့ ဆရာဝန်ဘဝနဲ့
ပရဟိတတွေဆက်လုပ်နိုင်မှာ။တော်သေးတယ်
မယ်မယ်တို့နဲ့ ကျန်ခဲ့ပေမယ့် သူ့ပင်ကိုယ်စိတ်ထား
လေးက Daddyနဲ့တူနေသေးလို့..."
မိနစ်ပိုင်းမျှသာကွာသော မောင်တစ်ယောက်အပေါ်ထားရှိသော အစ်မတစ်ယောက်ရဲ့ စေတနာ
ကိုယ့်ကို မောင်ဖြစ်သူလောက်အရေးမပေးခဲ့သည့်
အမေဖြစ်သူကို ပြန်လည်စောင့်ရှောက်ပေးလိုတဲ့ စိတ်ဓာတ်ထိုမိန်းကလေးသည် ကြည့်ရင်းကျက်သရေရှိနေ၏။
"အခု ရင်းနှီးရမယ့်ငွေက သုတ မှန်းထားတာ
ထက် များလွန်းနေမှာတော့အမှန်ပဲ...ပြန်လည်ထူ
ထောင်ရမယ့်လုပ်ငန်းတစ်ခုမှာ ငွေပြန်လည်
လည်ပတ်နိုင်တဲ့အချိန်တစ်ခုဘယ်လောက်ကြာမလဲလည်း အမရာ အတိအပမပြောနိုင်ဘူး။
အမရာသင်ခဲ့ရတာ Social science ခုက
hotel management ဆိုတော့ နည်းနည်း
တော့ ခက်ခဲနေမှာဖြစ်ပေမယ့် စိတ်ချပါ အမရာ
သေချာပေါက်ပြန်ဆပ်မှာပါ။သုတဖက်က ကူညီ
ပေးမှကို ဖြစ်မှာမို့ပါ"
"အမှန်တိုင်းပြောရင် ကျတော်လည်းနန္ဒလိုပါပဲ
ဖေဖေ HKကိုမသွားခင်တည်းကလုပ်ငန်းတွေ
အကုန်ကျတော့်နာမည်နဲ့လွှဲခဲ့ပေမယ့် ကျတော်
ဘာမှမသိဘူး။ခုလည်း ဖေဖေ့ခေတ်တည်းက ဖေဖေနဲ့အတူတူလုပ်ခဲ့တဲ့ လူယုံတွေလက်ထဲပဲလွှဲ
ထားခဲ့ရတာ။ဒါပေမယ့် ကျတော်ကူညီပေးပါ့မယ်။စိတ်ချပါ"
"ကျေးဇူးတင်ပါတယ်။နောက်ပြီး ဒီလောက်များ
တဲ့ ငွေတွေကို အမရာဒီအတိုင်းမယူပါဘူး။
အမရာတစ်ခုခုပြန်ပေးမှာပါ"
"ဟာ မဟုတ်တာ...ကျတော်ဒီအတိုင်းကူညီပါရ
စေ။ဘာမှမလိုချင်ဘူး။နန္ဒနဲ့ကျတော်က..."
"အမရာ ဘာကိုမှ အလကားမယူခဲ့ဖူးဘူး။ဒီကို
မလာခင် သုတနဲ့ တွေ့မယ်ဆိုတည်းက အမရာ
ဆုံးဖြတ်ချက်တစ်ခုချပြီးမှ လာတွေ့တာပါ။နန္ဒ
ဆီက သတင်းကြားပြီးပါပြီ။သုတ ကလေးလိုချင်
နေတယ်ဆို..."
"ဗျာ...အဲ့ဒါ မဟုတ်"
"ချန်းအတွက် ချန်းအမေအတွက် ချန်းကိုယ်ပွား
လေးတစ်ယောက် လိုချင်နေတာဆိုရင် အမရာကူညီပေးပါ့မယ်..."
မိန်းမပျိုလေး၏မျက်ဝန်းတွေသည် ဆုံးဖြတ်ချက်
တစ်ခုနဲ့ ခိုင်မာစွာ စူးရှလွန်းနေသည်။ဘယ်လို
လုပ် လက်ခံနိုင်မှာလဲ?လက်ခံရက်မှာလဲ?
"အမရာ...ပြောတာကို သုတလက်မခံရင်သုတဆီက အကူအညီမယူဖြစ်ရင်လည်း တခြားတစ်ယောက်ဆီမှာ အကူအညီသွား
တောင်းရင် ဒီအချိန်သူဘာတောင်းဆိုဆို အမရာ
ပေးမိလိမ့်မယ်ထင်တယ်..."
"မဟုတ်တာ အမရာ။ကျတော်ဒီအတိုင်းစိတ်
သန့်သန့်နဲ့ကူညီပေးပါရစေ..."
"သုတက ကြားထားတဲ့အတိုင်း ရိုးသားလွန်းတာ
ပဲ"
ရယ်သည်။နန္ဒတစ်ခုခုကိုသဘောကျသွားတိုင်း
ခေါင်းမော့ကာ အားပါးတရရယ်ပုံနဲ့တစ်ထပ်တည်း
"သုတ ခု အမရာ့ကို ကူညီပေးရမှာ သာမန်စား
ဝတ်နေရေးမပြေလည်နဲ့ မိသားစုကို ကူညီပေးတဲ့
ငွေကြေးလောက်နဲ့မရဘူး။သုတပိုင်တာ အားလုံး
နီးပါး ပေးထားရမှာ။ဘယ်အခါပြန်ရမယ်ဆိုတာ
မသေချာတဲ့ အခြေအနေမှာ ထိုက်တန်တဲ့ အပေး
အယူတစ်ခုရှိသင့်တယ်။ဒီလိုပေးထားမှလည်း
အမရာ စိတ်ဖြောင့်ဖြောင့်နဲ့ ယူရဲမှာ..."
"အမရာ...မဖြစ်နိုင်ပါဘူး...သူများအဖိုးတန်
သမီးတစ်ယောက်ကို..."
"ကလေးတစ်ယောက် သက်ရှိလူသားလေး
တစ်ယောက်ကို လူ့လောကထဲခေါ်ထုတ်ပေးမယ့်
ကိစ္စက ဘာမကောင်းတာများရှိလို့လဲ သုတရယ်
ခု အမရာလုပ်နေတာ ကိုယ့်မိသားစုအသိုက်အမြုံ
မပြိုကွဲဖို့ သူများအတွက် မိသားစုတစ်စုဖန်တီး
ပေးမှာ...ဘာကိုမသင့်တော်တာလဲ သုတ"
ပြုံးရင်းမေးလာသူကို အားနာစွာမျက်နှာလွှဲတော့
"AI(Artifical insemination)နဲ့ပဲ သုတ
ရယ်...အမရာ အမြဲစိတ်ကူးယဉ်ဖူးတယ်ငယ်
ငယ်တည်းက အိမ်ထောင်တော့မပြုချင်ဘူး
ဒါပေမယ့် ချစ်စရာခလေးလေးတစ်ယောက်တော့
မွေးချင်တယ်ဆိုပြီး...ခုအဲ့အခွင့်အရေးရလိုက်တယ်လို့ပဲ အမရာသဘောထားပါတယ်။အပျိုလေးတစ်ယောက်ရဲ့စိတ်ကူးက သိပ်များထူးဆန်းနေမလားပဲ..."
"ကျတော် ခုချိန် ချန်းကိုယ်ပွားလေးကို လိုချင်
နေတာ ဝန်ခံပါတယ်။ဒါပေမယ့်...ဒါပေမယ့်
အမရာ ကတော့ မဖြစ်ဘူး။ကျတော်နန္ဒကိုတစ်
သက်လုံးမျက်နှာမပြရဲအောင် မလုပ်ပါနဲ့။ကျတော်
ဒီအတိုင်းစိတ်သန့်သန့်နဲ့ကူညီပေးပါရစေ"
"အမရာ ပြောပြီးပြီလေ သုတရယ်...စဉ်းစားပါ
သုတလက်မခံဘူးဆိုရင် အမရာတခြားတစ်ခုခု
စဉ်းစားရတော့မယ်။အမရာတို့ အသိုက်အမြုံသူ
များလက်ထဲမရောက်ဖို့ အမရာကာကွယ်နိုင်
သလောက်ကာကွယ်ရမှာပဲ။Daddyကိုလည်း
စိတ်မညစ်စေချင်လို့ ဒီအတိုင်းအသိမပေး
ပဲထွက်လာရတာ။အမရာ့အတွက် အချိန်သိပ်မရှိ
ဘူး။စဉ်းစားပါ သုတ...သုတမကူညီရင်..."
"ကျတော့်ကို စိတ်ပူရအောင် ထပ်မခြိမ်းခြောက်
ပါနဲ့ အမရာရယ်။နန္ဒအစ်မဆိုတာ ကျတော့်အစ်မ
လိုပါပဲ..."
"ဒါကြောင့်မို့...အမရာလည်းသုတကို အရင်ဆုံး
သတိရတာပါ။အေးအေးဆေးဆေးစဉ်းစားပါ။
တစ်ခါလောက် သူများဖက်မကြည့်ပဲ ကိုယ်လို
ချင်တာကိုပဲ ကြည့်ပြီးစဉ်းစားကြည့်ပါ။မယ်မယ့်
ကို သူနာပြုနဲ့ပဲထားခဲ့ရလို့ အမရာပြန်ရမယ်။
ဒီရက်ပိုင်းတွင်း အဖြေရတာနဲ့ အချိန်မရွေး ဖုန်း
ဆက်လိုက်ပါ..."
ကိုယ်ပိုင်ယုံကြည်ချက်တို့နဲ့ သွက်လက်လှပလွန်း
စွာ ထွက်ခွာသွားသော မိန်းမလှတစ်ယောက်၏
ခြေလှမ်းများအောက် ကျတော့်သက်ပြင်းတွေ
ကပ်ပါသွား၏။
ဒီဇင်ဘာခြံထဲ ဆောင်းခိုငှက်တွေတောင်အသံ
မပြုကြလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေ
သည်။
ချန်းအတွက် မားအတွက်...
နန္ဒ တွယ်တာသော အိမ်တော်...နောက်ပြီး
သူတဖွဖွ ချီးကျူးနေတတ်သော သူ့အစ်မတော်
-
-
-
"မား??ကျတော် ပိုင်သုတ"
"သားပိုင် ပြောလေ။နေကောင်းရဲ့လား??"
"ဟုတ်ကဲ့။မားရော"
"ကောင်းပါတယ်။မားနဂျီကောင်လေးရော...?"
ငယ်စဉ်ကအတိုင်း ချစ်စနိုးခေါ်မြဲ။ဖုန်းကို နားမှ
ခွာကာ ပင့်သက်တစ်ခုရှိုက်မိသည်။ရင်ထဲက တင်း
ကြပ်မှုက ပြေလျော့မသွား။
"မား..."
"အင်း ပြောလေ။မားနဂျီကောင်လေး ဘာဖြစ်လို့
လဲ?မားဆီ ပြန်လာဖို့ကော သားပြောပြီးသွားပြီ
လား?"
"မား သား ကို ကျတော်ပြန်မပေးချင်ဘူး"
တစ်ဖက်မှ အသံတို့ဆိတ်သုန်းသွားသည်။လိုင်း
ကြိုးလိုင်းတို့ ပြတ်တောက်သွားသလို အရာအား
လုံး ငြိမ်သက်သွားသည်။
တစ်ဖက်မှာ မား ငိုနေပြီလား??ကျတော်ကရော
လောဘတက်ပါရစေ။တစ်ဘဝမှာ တစ်ခါလောက်
ပဲ လောဘတက်ပါရစေ။
"မား...ကို ကျတော်တောင်းပန်ပါတယ်။မားလိုချင်
တဲ့ ချန်း မျိုးဆက် မား မြေးလေးတစ်ယောက်ကို ကျတော် ကြိုးစားပေးပါ့မယ်။အမှန်ဆို ဖြစ်နိုင်
ရင် ကျတော်ကိုယ်တိုင်တောင် မွေးထုတ်ပေးချင်တာပါ။"
"သားပိုင်!!အခုဘာတွေပြောနေတာလဲ??သဘာဝနဲ့ လွန်ဆန်တာတွေကို မေ့သားလို လူက
ဘာလို့လွယ်လွယ်ပြောနေရတာလဲ သားရယ်...
"တောင်းပန်ပါတယ် မား...ချန်းကို မစွန့်လွှတ်ပေး
နိုင်လို့ ဒီလိုလုပ်ရတာပါ။မား ကျေးဇူးတွေကို ကန်း
သလို ဖြစ်နေတာလည်း ကျတော်သိပါတယ်။
ဒါပေမယ့်...ချန်း...ချန်းကို ပြန်မလွှတ်နိုင်လို့...
မားစိတ်ချပါ ချန်းကျတော်နဲ့အတူတူနေလို့ မျိုး
ဆက်ပြတ်သွားတာမျိုး မဟုတ်စေရဘူး
ချန်း မျိုးဆက်သားယောကျာ်းလေး
တစ်ယောက်ကိုမားမြေးအဖြစ် ကျတော်ခေါ်လာပေးပါ့မယ်။
ချန်းနဲ့ ကျတော့်ကို ဒီအတိုင်းထားပေးပါ"
"သားပိုင်ရယ်...သားဘယ်လိုဖြစ်သွားရတာလဲ?
မားသိတဲ့သားက အဲ့လိုမှမဟုတ်တာ"
"အရင်တည်းက ကျတော်က အဲ့လိုပါ။ချန်းကို
ငယ်တည်းက ကျတော်ချစ်ခဲ့ရတာ...ချန်းက
ကျတော့်လို မဟုတ်ပေမယ့် ချန်းကိုတခြားတစ်
ယောက်လက်ထဲ မထည့်ပေးနိုင်တော့လို့ ဒီလို
လုပ်ရတာပါ။မား စိတ်ချပါ။ချန်းအတွက် မိသားစု
မျိုးဆက်ဆိုတာကို ကျတော်သေချာပေါက်ဖန်တီး
ပေးမှာပါ။ချန်း ကိုယ်ဝန်ကို ဆောင်ပေးမယ့်
မိန်းကလေးကလည်း တော်ရုံမိန်းကလေးမဟုတ်
ပါဘူး။မိကောင်းဖခင်သားသမီးပါ...မားကျတော့်
ကို ချန်းနဲ့ ခွင့်ပြုပေးပါ။မိဘက အသိအမှတ်မပြု
တဲ့ အိမ်ထောင်ရေးတစ်ခုကို ချန်း ကို မခံစားစေ
ချင်ဘူး...မိသားစုဆိုတာကို ချန်းကို
ကျတော်အပြည့်အဝဖန်တီးပေးနိုင်ပါတယ် မားရယ်"
"တစ်ဦးတည်းသောသားတစ်ယောက်ရဲ့ အမေ
တစ်ယောက်ရဲ့ အတ္တကို သားပိုင် နားလည်ပေး
ပါ။ဟုတ်တယ် မားဝန်ခံတယ်။သားပိုင်
တို့ ခုလိုပုံစံကို မားဘယ်လိုမှ လက်မခံနိုင်တာ
ဒါပေမယ့် တစ်ဖက်က တခြားလူမဟုတ်ပဲ
သားပိုင်ဖြစ်နေတော့...မား ဘယ်လိုပြောထွက်
မလဲ မား သားရယ်..."
"ချန်းနဲ့ ကျတော်ပိုင်တဲ့ မိသားစုတစ်ခုကို ခွင့်ပြု
ပေးပါ...ချန်းကို မိသားစုတစ်ခုဖန်တီေးပးနိုင်မယ့်
လူလက်ထဲ မထည့်နိုင်လို့ ကျတော်ကိုယ်တိုင်
ဖန်တီပေးပါရစေ"
တဖက်မှ တော်တော်ကြာအသံတိတ်သွားပြီးမှ
"သားပိုင် နောင်တမရဘူးဆိုရင်ပေါ့~~"
မားဖုန်းချသွားခဲ့ချိန် ကျစ်ကျစ်ပါအောင်ဆုပ်ထား
သော လက်သီးဆုပ်သည်လည်း ပြေလျော့သွား
ခဲ့ပြီ။နံရံကို အမှီပြုကာ ထိုင်ချမိတော့၏။
နောင်တမရှိအောင် ကြိုးစားမှာပါ။
ဒါ ကျတော်ကိုယ်တိုင် ဖန်တီးထားတဲ့
ချန်းရဲ့ရင်သွေးလေးနဲ့ ကျတော့်မိသားစု...
"နန္ဒ...ငါ့ကို ခွင့်မလွှတ်ပါနဲ့"
Thank You All
Next epi on weekends