က်ေတာ့္ေပၚ က်ဴးလြန္ခဲ့မိသည့္အေၾကာင္းေတြး
မိတိုင္းတခ်န္းကို ဝန္မပိေစခ်င္၍ သူနဲ႔အျပိဳင္ အကန္ေတြလိုက္ေျပာေနေပမယ့္ သနားမိေနသည့္စိတ္က အႏိုင္ယူတတ္သမွ်ပါ။
တရားစြဲမယ္ ဆိုၿပီးေျပာမိလိုက္တာ လြန္သြား
လား?မသိဘူး။သူ႔ကို က်ေတာ္မ႐ွိတဲ့ေနရာမွာ
လူေျပာသူေျပာခံရမွာမလိုလား။အထင္ေသးတဲ့
အၾကည့္ေတြ...ကုန္ကုန္ေျပာရရင္ ေမြးေပးထား
တဲ့ မားေျပာတာေတာင္ မႀကိဳက္ခ်င္။
က်ေတာ္နဲ႔ ခ်န္းနဲ႔ဆိုရင္ ခုကိစၥမွာခ်န္းကပိုနစ္နာ
ရတာ။
က်ေတာ္က တစ္ေကာင္ႀကြက္လိုျဖစ္ေန၍
မိသားစုပစ္ပယ္မႈဆိုတဲ့ဒဏ္ကိုမခံရ။
ခုဆို ေဟာင္ေကာင္မွာ အေျခခ်ေနျပီျဖစ္တဲ့ ေဖေဖကလည္း က်ေတာ့္အေရးသိပ္အာရံုမထား
ေတာ့တာ ေက်ာင္းျပီးတည္းက
"ေဖေဖ သားကို ယံုတယ္"ဆိုတဲ့ စကားနဲ႔ မ်က္ႏွာ
လႊဲထားတာ။
ခုကိစၥမွာတကယ္ နစ္နာရသူက ခ်န္းပဲ။ခုခ်ိန္ထိ
မားတို႔ဖုန္းေတြပိတ္ထားဆဲ။က်ေတာ္ေခၚေနသလို
သားအရင္းျဖစ္တဲ့ ခ်န္းလည္း ေခၚေနမွာပဲ။
တစ္ဦးတည္းေသာသားတစ္ေယာက္အေနနဲ႔မိဘ
ပစ္ပယ္ခံရတာ ဘယ္ေလာက္နာက်င္စရာေကာင္း
မလဲ??မဂၤလာပြဲကိုလည္း မိန္းကေလးဖက္က
ဖ်က္သိမ္းထားတာ...တစ္သက္လံုးထိန္းခဲ့သမ်ွ
သိကၡာေတြ၊အထိနာခဲ့တဲ့ အတိတ္ဆိုးေတြ၊
နာက်င္စရာေတြမ်ားေနတဲ့ သူကို က်ေတာ္
အငံု႔စိတ္ မခံခ်င္စိတ္နဲ႔ေျပာင္မိေလွာင္မိသလို
ျဖစ္သြားတယ္။အားနာဆံုးက ပုဒ္မႀကီးတပ္ျပီး
တရားစြဲမယ္ေျပာႀကည့္လိုက္တာ။တစ္သက္လံုး
အဲ့ျပစ္မႈႀကီးစိတ္စြဲသြားရင္ ဒါ က်ေတာ့္အမွားပဲ။
အနားကထြက္သြားျပီး တစ္ေယာက္တည္းျဖစ္
ေနမွာဆိုးတာနဲ႔ ဆြဲမိဆြဲရာ လုပ္လိုက္တာက သူ႔
အနာကို သြားဆြသလိုျဖစ္သြားမွာ...မသိေတာ့
ဘူး။ထြက္မသြားဖို႔ကဟအဓိကပဲ။
တစ္ဖက္ခန္းထဲအသံတိတ္ေနသည္။သူမႏိုးခင္
ေစ်းထဲသြားၿပီး ဝယ္ထားရတဲ့ ၾကက္တစ္ေကာင္
လံုးအစေဖ်ာက္ထားတာေပမယ့္ ခု ညေနစာကေရာ?တစ္ေယာက္တည္းေနစဥ္က အိမ္မွာထမင္း
မစားျဖစ္။ခ်န္းကေတာ့ ငယ္ငယ္တည္းက အိမ္ထမင္းအိမ္ဟင္းပဲစားတတ္တာ။
ခုဘာမွမစားရေလာက္ေသးဘူး။ဗိုက္ဆာေနမွာ
အဖ်ားလည္း အရွင္းေပ်ာက္ေသးတာ မဟုတ္ဘူး။
တံခါးေခါက္သံတေတာက္ေတာက္။
မႀကားခ်င္ေယာင္ေဆာင္ျပီး ဖတ္လက္စစာအုပ္ကို
သာ အသည္းအမည္းဖတ္ေနလိုက္သည္။
"ခ်န္း...မင္းညေနစာ စားျပီးျပီလား?"
Lockမခ်ထားေသာ အခန္းထဲ ေခါင္းတစ္လံုးဝင္
ကာ အေမးရွိေနေသာ ငပိုင္။
သူ႔အိမ္ထဲမွာဘာစားစရာရွိလို႔ က်ေတာ္ကစားရမွာ
လဲ??မာနက မုသားဆိုခိုင္းသည္။
"အျပင္မွာ ထြက္စားျပီးျပီ"
မ်က္မွန္ကို တစ္ခ်က္ပင့္တင္ရင္း ေျပာပံုကတျခား
လူသာဆို ေမတၱာပ်က္ခ်င္စရာ။ကိုယ္ကမပ်က္
ေပမယ့္ ပ်က္ခ်င္ေယာင္ေဆာင္လိုက္ရမည္။
"ေဟ့ေကာင္ မင္း ထြက္ခဲ့။မင္းနဲ႔ငါ ရွင္းစရာရွိ
ေသးတယ္"
"ဘာရွင္းခ်င္လို႔လဲ?"
တစ္လွမ္းခ်င္းေလွ်ာက္လာျပီး မ်က္ႏွာတည့္တည့္
နား ေမာ့ကာကပ္ေမးပံုက ခုပဲ ထFightမယ့္
Fighterဒီဇိုင္းနဲ႔။သို႔ေပမယ့္စကားေျပာလိုက္
ခ်ိန္ထြက္လာတဲ့ႏြားႏို႕နံ႕ေႀကာင့္ ခြိခနဲ ရယ္ခ်င္
သြားရသည္။လူႀကီးေတြေျပာတဲ့ႏို႔နံ႔မစင္ေသးဘူးဆိုတာဒါပဲ
ျဖစ္မည္။
နီးနီးကပ္ထားေသာ မ်က္ႏွာႏုႏုနဲ႔ ႏႈတ္ခမ္းပါးပါး
က လူကိုကေယာက္ကယက္ျဖစ္ေအာင္
စြမ္းႏိုင္သည္။
"အိမ္ေရွ႔ထြက္ခဲ့"
ကပ်က္ကယက္မ်က္ႏွာရဲကို ထိန္းကာသိမ္းကာနဲ႔
ပ်က္ပ်က္ယြင္းယြင္းေျခလွမ္းတို႔နဲ႔ ေရွာင္ကာ
ထြက္သြား၏။
ဟက္ ငပိုင္ တစ္ေကာင္ က်ေတာ့္ကိုေႀကာက္ေန
ျပီ။
"ေျပာ"
မီးလင္းဖုိေရွ႔က ကုလားထိုင္ေပၚ မ်က္ႏွာခ်င္းဆိုင္
ထိုင္ရင္း ရႈတူတူႀကည့္ေနႀကပံုက White Houseကဘဲဥပံုရံုးခန္းထဲေဒၚႏြယ္ထြန္း
နဲ႔ ကင္ဂ်ံဳ ထိပ္တိုက္ေတြ႔ေနသလိုပဲ။
"မင္း ဒီအိမ္မွာ ေနမယ္ဆိုရင္ မင္းနဲ႔ ငါ အရင္
ေဆြးေႏြးသင့္တာ ေဆြးေႏြးရမယ္"
"ငါ့အိမ္ေပၚမင္းတက္ေနတုန္းက ငါ အဲ့လိုစကား
ေျပာခဲ့ဖူးလား?"
"မေျပာခဲ့တာ မားပါ။ထားေတာ့...ေျပာခ်င္တာ
မင္း ကို ဒီအိမ္မွာ ငါ ေခၚတင္မေကြ်းထားႏိုင္ဘူး
ငါ့ လခနဲ႔ ငါေတာင္မေလာက္ဘူး"
"မင္း လုပ္စာလည္း ငါစားဖို႔ စိတ္မကူးထားဘူး
ငပိုင္"
"ခုေလာေလာဆယ္ေတာ့ ငါတင္ေကြ်းထားရမွာ
ေလ"
မွန္ေနတာပဲ။က်ေတာ့္မွာ လမ္းစရိတ္ပဲပါလာတာ။
အျမန္ကားလက္မွတ္ခပဲ ရွိတဲ့ ပိုက္ဆံအိတ္ကို
ထုတ္ပင္ႀကည့္ခ်င္စိတ္မရွိေတာ့ဘူး။
ေယာက်ာ္းခ်င္း အသက္ေမြးဝမ္ေးက်ာင္း
တကၠသိုလ္က ျပီးတဲ့လူခ်င္းအတူတူ က်ေတာ္
အလုပ္လက္မဲ့ျဖစ္ေနတာမ်ိဳးေတာ့ အျဖစ္မခံႏိုင္။
"ငါ အလုပ္ရွာမွာ"
"Ok။အလုပ္မရခင္ မင္းကိုတင္ေကြ်းထားရတဲ့
စရိတ္ကို မင္းဘယ္လိုရွင္းေပးမလဲ??"
"ငါ...ငါ အိမ္အလုပ္ေတြအကုန္လုပ္ေပးမယ္။မင္း
မားကို ဝုန္းကူခဲ့ဖူးသလို"
"ျဖစ္ေစခ်င္တာ အဲ့ဒါပဲ"
"မင္း ငါ့ကို လက္စားေခ်ေနတာလား ငပိုင္?ငါ
ငါ မင္းလို မ်က္ႏွာေျပာင္တိုက္ျပီး အျပင္မထြက္ႏိုင္ေသးဘူး။အဲ့ဒါကို မင္းက အခြင့္ေကာင္းယူျပီး..."
"အခြင့္ေကာင္းယူခဲ့တာ ဘယ္သူလဲ??ငါခုထိ
ေရမခ်ိဳးရဲေသးဘူး။ဟိုအခန္းထဲ ဝင္ဖို႔..."
"ေတာ္...ေတာ္ေတာ့"
တုန္ယင္စြာလွမ္းတားသည္။ေခါင္းေတြငံု႔ထား
ကာ လက္ႏွစ္ဖက္ကို ခပ္တင္းတင္းဆုပ္ညွစ္
ထားပံုကို ႀကည့္ေနမိရင္း ဟန္ေဆာင္မႈေတြ
ခြါခ်ျပီး သူ႔ေရွ႔ဒူးေထာက္ကာ ေတာင္းပန္စကား
ဆိုခ်င္သည္။
မင္းနားေနျပီး အရံႈးေပးထားခ်င္လို႔ ဒီစကား
စီးခ်င္းကို ငါအႏိုင္တိုက္ေနမိတာပါ။
ႏိုဝင္ဘာေဆာင္းညရွည္သည္ က်ေတာ္တို႔ႏွစ္
္ေယာက္ႀကားေနေပ်ာ္သလိုေနေန၏။
အသံျဖစ္ႀကားခံနယ္လ်စ္လ်ပ္ရပ္ဝန္းတစ္ခု
အားေကာင္းစိုးစံေနခဲ့ျပီးမွ...
"မင္း လခ ငါ့အကုန္အပ္"
ဟူေသာ ဝါက်တစ္ေႀကာင္းနဲ႔ ခပ္တည္တည္
နယ္ေျမတက္သိမ္းေလ၏။
"ဘာ?"
"ဟုတ္တယ္ေလ။ဒီအိမ္ကိစၥ ငါတာဝန္ယူရမယ္
ဆို ငါ့လက္ထဲ ပိုက္ဆံရွိမွျဖစ္မယ္။ဒီေတာ့ မင္း
လခ ငါ့အကုန္အပ္"
"မင္း ကိုအကုန္ေပးေတာ့ ငါ ဘာနဲ႔သြားသံုးမလဲ?"
"ငါ ျပန္ေပးမယ္ေလ လိုသေလာက္...သေဘာတူ
လား?သေဘာတူမွ ငါ မင္းအိမ္က ကိစၥေတြ
တာဝန္ယူေပးႏိိုင္မယ္"
စစ္ရံႈးပါတယ္ဆိုမွ စစ္စရိတ္ေလ်ာ္ေႀကးေငြေပး
ေနရတဲ့ စစ္ရႈံးႏိုင္ငံေတြကို ပိုျပီးစာနာတတ္လာ
တယ္။
"ငါ ေဆးရံုကို အသြားအျပန္စရိတ္ေတြက...
ဘယ္လိုလုပ္?"
"ဆိုင္ကယ္ဆီဖိုးတစ္ပတ္တစ္ခါထုတ္ေပးမယ္။
ဘယ္ေလာက္ကုန္လဲ ငါတြက္ႀကည့္အံုးမွာ..."
"မင္းက ခ်န္းရာ ဒါေတာ့..."
"ထမင္းခ်ိဳင့္ထည့္ေပးမယ္။တစ္ပတ္တစ္ခါဆိုင္
ကယ္ဆီဖိုးထုတ္ေပးမယ္။ဖုန္းbill တစ္ပတ္
၁၀၀၀ျဖည့္ေပးမယ္..."
က်ေတာ္ဘုရားတမိသည္။ဒါဆို က်ေတာ့္အသံုး
စရိတ္က...?
"ငါသံုးဖို႔ေရာ?"
"မင္း က ဘာသံုးခ်င္လို႔လဲ?မင္း လစာနဲ႔ႏွစ္
ေယာက္စာေလာက္ေအာင္ ငါဒီေလာက္စီစစ္မွ
ျဖစ္မွာ။"
"ငါ့မွာလည္း အေပါင္းအသင္းနဲ႔ေလကြာ။သြား
ရင္ လာရင္ ဆိုင္ေတြဘာေတြထိုင္ျဖစ္ရင္...?""
"ဘယ္ဆိုင္ကို ထိုင္ခ်င္တာလဲ?မင္းအေပါင္း
အသင္း နႏၵဦးေမာ္ ကို ေကြ်းခ်င္ေမြးခ်င္အိမ္
ေခၚလာခဲ့။ငါ ခ်က္ေကြ်းမယ္။အသံုးစရိတ္စီစစ္
မယ္။အလုပ္လုပ္ေနတာ ၂ႏွစ္ျပည့္ေတာ့မယ္
ဘယ္မွာလဲ?မင္းစုေဆာင္းထားတဲ့ပိုက္ဆံ?"
ရွက္ရြံ႕စြာေခါင္းငံု႔မိသည္။လစာေတာ္ေတာ္မ်ား
မ်ား ဘာေတြကုန္လို႔ကုန္မွန္းမသိ ကုန္ကုန္
သြားတာမဟုတ္ေပမယ့္ လွဴခဲ့ေသာဒါနအခ်ိဳ႔
ကလည္း ျဖတ္ပိုင္းေပးတဲ့ ေနရာေတြမွာလွဴခဲ့
တာမဟုတ္သည့္အတြက္ က်ေတာ္ႀကက္ႀကီး
လည္လိမ္ခံရသလိုသာ လုပ္ျပႏိုင္တယ္။
ကိုယ္ တစ္ႏွစ္တစ္ခါမေရာက္ျဖစ္တဲ့ လုပ္ငန္းေန
ရာေတြက ဝင္ေငြဆိုတာကလည္းBank Acc
ထဲက နံပါတ္ေတြပဲ။အေကာင္အထည္ျပမရနဲ႔
"ဒီလ လခအကုန္အပ္မယ္ေနာ္။ႀသ ေနာက္ျပီး
က်န္ေသးတယ္။မင္း အဝတ္အစားေတြရွင္းမယ္
မင္းဝတ္ျပီးသားအဝတ္ေတြလွ်ာ္စက္ထဲထည့္
ဖို႔ေတာင္ မင္းမအားတာေတာ့ မဟုတ္ဘူးမလား?
မင္း အဝတ္ေတြ မင္းမသိမ္းရင္ ငါသိမ္းျပီး ငါ
ဝတ္မယ္။တန္းေပၚတင္ထားတာေတြ ရွင္းထား"
ခုေျခေနကိို အေျပးအလႊားသံုးသပ္ႀကည့္သည္။
က်ေတာ္ တကယ္ပဲ အိမ္ေထာင္က်သြားတာ
လား?
အဲ့လိုေျပာရေအာင္ကလည္း အင္းးးေျပာမယ္ဆို
ဟုတ္တာပဲ...
သူနဲ႔ က်ေတာ္ အတူတူေနျပီးသြား...အဲ ဒါလည္း အင္း ဒီလိုမ်ိဳးက ရွိေနခဲ့တာ။
"အခန္းကေရာ??တစ္ခန္းပဲရွိတာ..."
"မင္းက စာႀကည့္ခန္းထဲမွာ အိပ္။ငါက မင္း
အခန္းထဲ ငါေနမယ္"
"စာႀကည့္ခန္းမွာ အိပ္စရာေနရာမရွိ..."
"မင္းေက်ာတစ္ခင္းစာ ငါလုပ္ထားေပးမယ္။
တစ္လတစ္ခါ အခန္းလဲအိပ္မယ္။မင္း အားလံုးသေဘာတူလား?"
မ်က္မွန္ဝိုင္းကိုတစ္ခ်က္ပင့္တင္ရင္းေမးလာေတာ့
မတိုက္ခင္က အလံျဖဴေထာင္ျပီးေရွ႔ထြက္လာတဲ့
က်ေတာ္က ဘာျငင္းႏိုင္မွာတဲ့လဲ??
"Okရင္ နက္ျဖန္မနက္ အလုပ္မသြားခင္
မင္းေစ်းသြားျပီးဝယ္ျခမ္းလာခဲ့...ေစ်းျပန္
ေနာက္က်လို႔ မင္းထမင္းခ်ိဳင့္မမွီ ငါမသိဘူး"
ေျပာျပီးျပီးခ်င္း အခန္းထဲဝင္သြားသူကို လိုက္ေငး
ရင္း ခုျဖစ္ေနတဲ့ကိစၥေတြက က်ေတာ့္စိတ္ကူး
ယဥ္အိပ္မက္လား??
တကယ္ပဲျဖစ္ေနတာလား?လိုက္လို႔ကို မမွီတာ။
ပစ္ပယ္မႈေတြႀကားထဲကေန အတူတူရုန္းထႏိုင္
ဖို႔ႀကိဳးစားေနတာလား?
တစ္ေယာက္တည္း ျပန္ရပ္တည္ႏိုင္ဖို႔ က်ေတာ့္
ကို အရင္းႏွီးျပဳေနတာလား??
ဒါမွမဟုတ္ ခ်န္း က်ေတာ့္ကို တကယ္ပဲ...??
Thank You All
(Unicode)
/
/
/
ကျတော့်ပေါ် ကျူးလွန်ခဲ့မိသည့်အကြောင်းတွေး
မိတိုင်းတချန်းကို ဝန်မပိစေချင်၍ သူနဲ့အပြိုင် အကန်တွေလိုက်ပြောနေပေမယ့် သနားမိနေသည့်စိတ်က အနိုင်ယူတတ်သမျှပါ။
တရားစွဲမယ် ဆိုပြီးပြောမိလိုက်တာ လွန်သွား
လား?မသိဘူး။သူ့ကို ကျတော်မရှိတဲ့နေရာမှာ
လူပြောသူပြောခံရမှာမလိုလား။အထင်သေးတဲ့
အကြည့်တွေ...ကုန်ကုန်ပြောရရင် မွေးပေးထား
တဲ့ မားပြောတာတောင် မကြိုက်ချင်။
ကျတော်နဲ့ ချန်းနဲ့ဆိုရင် ခုကိစ္စမှာချန်းကပိုနစ်နာ
ရတာ။
ကျတော်က တစ်ကောင်ကြွက်လိုဖြစ်နေ၍
မိသားစုပစ်ပယ်မှုဆိုတဲ့ဒဏ်ကိုမခံရ။
ခုဆို ဟောင်ကောင်မှာ အခြေချနေပြီဖြစ်တဲ့ ဖေဖေကလည်း ကျတော့်အရေးသိပ်အာရုံမထား
တော့တာ ကျောင်းပြီးတည်းက
"ဖေဖေ သားကို ယုံတယ်"ဆိုတဲ့ စကားနဲ့ မျက်နှာ
လွှဲထားတာ။
ခုကိစ္စမှာတကယ် နစ်နာရသူက ချန်းပဲ။ခုချိန်ထိ
မားတို့ဖုန်းတွေပိတ်ထားဆဲ။ကျတော်ခေါ်နေသလို
သားအရင်းဖြစ်တဲ့ ချန်းလည်း ခေါ်နေမှာပဲ။
တစ်ဦးတည်းသောသားတစ်ယောက်အနေနဲ့မိဘ
ပစ်ပယ်ခံရတာ ဘယ်လောက်နာကျင်စရာကောင်း
မလဲ??မင်္ဂလာပွဲကိုလည်း မိန်းကလေးဖက်က
ဖျက်သိမ်းထားတာ...တစ်သက်လုံးထိန်းခဲ့သမျှ
သိက္ခာတွေ၊အထိနာခဲ့တဲ့ အတိတ်ဆိုးတွေ၊
နာကျင်စရာတွေများနေတဲ့ သူကို ကျတော်
အငုံ့စိတ် မခံချင်စိတ်နဲ့ပြောင်မိလှောင်မိသလို
ဖြစ်သွားတယ်။အားနာဆုံးက ပုဒ်မကြီးတပ်ပြီး
တရားစွဲမယ်ပြောကြည့်လိုက်တာ။တစ်သက်လုံး
အဲ့ပြစ်မှုကြီးစိတ်စွဲသွားရင် ဒါ ကျတော့်အမှားပဲ။
အနားကထွက်သွားပြီး တစ်ယောက်တည်းဖြစ်
နေမှာဆိုးတာနဲ့ ဆွဲမိဆွဲရာ လုပ်လိုက်တာက သူ့
အနာကို သွားဆွသလိုဖြစ်သွားမှာ...မသိတော့
ဘူး။ထွက်မသွားဖို့ကဟအဓိကပဲ။
တစ်ဖက်ခန်းထဲအသံတိတ်နေသည်။သူမနိုးခင်
ဈေးထဲသွားပြီး ဝယ်ထားရတဲ့ ကြက်တစ်ကောင်
လုံးအစဖျောက်ထားတာပေမယ့် ခု ညနေစာကရော?တစ်ယောက်တည်းနေစဉ်က အိမ်မှာထမင်း
မစားဖြစ်။ချန်းကတော့ ငယ်ငယ်တည်းက အိမ်ထမင်းအိမ်ဟင်းပဲစားတတ်တာ။
ခုဘာမှမစားရလောက်သေးဘူး။ဗိုက်ဆာနေမှာ
အဖျားလည်း အရှင်းပျောက်သေးတာ မဟုတ်ဘူး။
တံခါးခေါက်သံတတောက်တောက်။
မကြားချင်ယောင်ဆောင်ပြီး ဖတ်လက်စစာအုပ်ကို
သာ အသည်းအမည်းဖတ်နေလိုက်သည်။
"ချန်း...မင်းညနေစာ စားပြီးပြီလား?"
Lockမချထားသော အခန်းထဲ ခေါင်းတစ်လုံးဝင်
ကာ အမေးရှိနေသော ငပိုင်။
သူ့အိမ်ထဲမှာဘာစားစရာရှိလို့ ကျတော်ကစားရမှာ
လဲ??မာနက မုသားဆိုခိုင်းသည်။
"အပြင်မှာ ထွက်စားပြီးပြီ"
မျက်မှန်ကို တစ်ချက်ပင့်တင်ရင်း ပြောပုံကတခြား
လူသာဆို မေတ္တာပျက်ချင်စရာ။ကိုယ်ကမပျက်
ပေမယ့် ပျက်ချင်ယောင်ဆောင်လိုက်ရမည်။
"ဟေ့ကောင် မင်း ထွက်ခဲ့။မင်းနဲ့ငါ ရှင်းစရာရှိ
သေးတယ်"
"ဘာရှင်းချင်လို့လဲ?"
တစ်လှမ်းချင်းလျှောက်လာပြီး မျက်နှာတည့်တည့်
နား မော့ကာကပ်မေးပုံက ခုပဲ ထFightမယ့်
Fighterဒီဇိုင်းနဲ့။သို့ပေမယ့်စကားပြောလိုက်
ချိန်ထွက်လာတဲ့နွားနို့နံ့ကြောင့် ခွိခနဲ ရယ်ချင်
သွားရသည်။လူကြီးတွေပြောတဲ့နို့နံ့မစင်သေးဘူးဆိုတာဒါပဲ
ဖြစ်မည်။
နီးနီးကပ်ထားသော မျက်နှာနုနုနဲ့ နှုတ်ခမ်းပါးပါး
က လူကိုကယောက်ကယက်ဖြစ်အောင်
စွမ်းနိုင်သည်။
"အိမ်ရှေ့ထွက်ခဲ့"
ကပျက်ကယက်မျက်နှာရဲကို ထိန်းကာသိမ်းကာနဲ့
ပျက်ပျက်ယွင်းယွင်းခြေလှမ်းတို့နဲ့ ရှောင်ကာ
ထွက်သွား၏။
ဟက် ငပိုင် တစ်ကောင် ကျတော့်ကိုကြောက်နေ
ပြီ။
"ပြော"
မီးလင်းဖိုရှေ့က ကုလားထိုင်ပေါ် မျက်နှာချင်းဆိုင်
ထိုင်ရင်း ရှုတူတူကြည့်နေကြပုံက White Houseကဘဲဥပုံရုံးခန်းထဲဒေါ်နွယ်ထွန်း
နဲ့ ကင်ဂျုံ ထိပ်တိုက်တွေ့နေသလိုပဲ။
"မင်း ဒီအိမ်မှာ နေမယ်ဆိုရင် မင်းနဲ့ ငါ အရင်
ဆွေးနွေးသင့်တာ ဆွေးနွေးရမယ်"
"ငါ့အိမ်ပေါ်မင်းတက်နေတုန်းက ငါ အဲ့လိုစကား
ပြောခဲ့ဖူးလား?"
"မပြောခဲ့တာ မားပါ။ထားတော့...ပြောချင်တာ
မင်း ကို ဒီအိမ်မှာ ငါ ခေါ်တင်မကျွေးထားနိုင်ဘူး
ငါ့ လခနဲ့ ငါတောင်မလောက်ဘူး"
"မင်း လုပ်စာလည်း ငါစားဖို့ စိတ်မကူးထားဘူး
ငပိုင်"
"ခုလောလောဆယ်တော့ ငါတင်ကျွေးထားရမှာ
လေ"
မှန်နေတာပဲ။ကျတော့်မှာ လမ်းစရိတ်ပဲပါလာတာ။
အမြန်ကားလက်မှတ်ခပဲ ရှိတဲ့ ပိုက်ဆံအိတ်ကို
ထုတ်ပင်ကြည့်ချင်စိတ်မရှိတော့ဘူး။
ယောကျာ်းချင်း အသက်မွေးဝမ်ေးကျာင်း
တက္ကသိုလ်က ပြီးတဲ့လူချင်းအတူတူ ကျတော်
အလုပ်လက်မဲ့ဖြစ်နေတာမျိုးတော့ အဖြစ်မခံနိုင်။
"ငါ အလုပ်ရှာမှာ"
"Ok။အလုပ်မရခင် မင်းကိုတင်ကျွေးထားရတဲ့
စရိတ်ကို မင်းဘယ်လိုရှင်းပေးမလဲ??"
"ငါ...ငါ အိမ်အလုပ်တွေအကုန်လုပ်ပေးမယ်။မင်း
မားကို ဝုန်းကူခဲ့ဖူးသလို"
"ဖြစ်စေချင်တာ အဲ့ဒါပဲ"
"မင်း ငါ့ကို လက်စားချေနေတာလား ငပိုင်?ငါ
ငါ မင်းလို မျက်နှာပြောင်တိုက်ပြီး အပြင်မထွက်နိုင်သေးဘူး။အဲ့ဒါကို မင်းက အခွင့်ကောင်းယူပြီး..."
"အခွင့်ကောင်းယူခဲ့တာ ဘယ်သူလဲ??ငါခုထိ
ရေမချိုးရဲသေးဘူး။ဟိုအခန်းထဲ ဝင်ဖို့..."
"တော်...တော်တော့"
တုန်ယင်စွာလှမ်းတားသည်။ခေါင်းတွေငုံ့ထား
ကာ လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ညှစ်
ထားပုံကို ကြည့်နေမိရင်း ဟန်ဆောင်မှုတွေ
ခွါချပြီး သူ့ရှေ့ဒူးထောက်ကာ တောင်းပန်စကား
ဆိုချင်သည်။
မင်းနားနေပြီး အရှုံးပေးထားချင်လို့ ဒီစကား
စီးချင်းကို ငါအနိုင်တိုက်နေမိတာပါ။
နိုဝင်ဘာဆောင်းညရှည်သည် ကျတော်တို့နှစ်
်ယောက်ကြားနေပျော်သလိုနေနေ၏။
အသံဖြစ်ကြားခံနယ်လျစ်လျပ်ရပ်ဝန်းတစ်ခု
အားကောင်းစိုးစံနေခဲ့ပြီးမှ...
"မင်း လခ ငါ့အကုန်အပ်"
ဟူသော ဝါကျတစ်ကြောင်းနဲ့ ခပ်တည်တည်
နယ်မြေတက်သိမ်းလေ၏။
"ဘာ?"
"ဟုတ်တယ်လေ။ဒီအိမ်ကိစ္စ ငါတာဝန်ယူရမယ်
ဆို ငါ့လက်ထဲ ပိုက်ဆံရှိမှဖြစ်မယ်။ဒီတော့ မင်း
လခ ငါ့အကုန်အပ်"
"မင်း ကိုအကုန်ပေးတော့ ငါ ဘာနဲ့သွားသုံးမလဲ?"
"ငါ ပြန်ပေးမယ်လေ လိုသလောက်...သဘောတူ
လား?သဘောတူမှ ငါ မင်းအိမ်က ကိစ္စတွေ
တာဝန်ယူပေးနိုင်မယ်"
စစ်ရှုံးပါတယ်ဆိုမှ စစ်စရိတ်လျော်ကြေးငွေပေး
နေရတဲ့ စစ်ရှုံးနိုင်ငံတွေကို ပိုပြီးစာနာတတ်လာ
တယ်။
"ငါ ဆေးရုံကို အသွားအပြန်စရိတ်တွေက...
ဘယ်လိုလုပ်?"
"ဆိုင်ကယ်ဆီဖိုးတစ်ပတ်တစ်ခါထုတ်ပေးမယ်။
ဘယ်လောက်ကုန်လဲ ငါတွက်ကြည့်အုံးမှာ..."
"မင်းက ချန်းရာ ဒါတော့..."
"ထမင်းချိုင့်ထည့်ပေးမယ်။တစ်ပတ်တစ်ခါဆိုင်
ကယ်ဆီဖိုးထုတ်ပေးမယ်။ဖုန်းbill တစ်ပတ်
၁၀၀၀ဖြည့်ပေးမယ်..."
ကျတော်ဘုရားတမိသည်။ဒါဆို ကျတော့်အသုံး
စရိတ်က...?
"ငါသုံးဖို့ရော?"
"မင်း က ဘာသုံးချင်လို့လဲ?မင်း လစာနဲ့နှစ်
ယောက်စာလောက်အောင် ငါဒီလောက်စီစစ်မှ
ဖြစ်မှာ။"
"ငါ့မှာလည်း အပေါင်းအသင်းနဲ့လေကွာ။သွား
ရင် လာရင် ဆိုင်တွေဘာတွေထိုင်ဖြစ်ရင်...?""
"ဘယ်ဆိုင်ကို ထိုင်ချင်တာလဲ?မင်းအပေါင်း
အသင်း နန္ဒဦးမော် ကို ကျွေးချင်မွေးချင်အိမ်
ခေါ်လာခဲ့။ငါ ချက်ကျွေးမယ်။အသုံးစရိတ်စီစစ်
မယ်။အလုပ်လုပ်နေတာ ၂နှစ်ပြည့်တော့မယ်
ဘယ်မှာလဲ?မင်းစုဆောင်းထားတဲ့ပိုက်ဆံ?"
ရှက်ရွံ့စွာခေါင်းငုံ့မိသည်။လစာတော်တော်များ
များ ဘာတွေကုန်လို့ကုန်မှန်းမသိ ကုန်ကုန်
သွားတာမဟုတ်ပေမယ့် လှူခဲ့သောဒါနအချို့
ကလည်း ဖြတ်ပိုင်းပေးတဲ့ နေရာတွေမှာလှူခဲ့
တာမဟုတ်သည့်အတွက် ကျတော်ကြက်ကြီး
လည်လိမ်ခံရသလိုသာ လုပ်ပြနိုင်တယ်။
ကိုယ် တစ်နှစ်တစ်ခါမရောက်ဖြစ်တဲ့ လုပ်ငန်းနေ
ရာတွေက ဝင်ငွေဆိုတာကလည်းBank Acc
ထဲက နံပါတ်တွေပဲ။အကောင်အထည်ပြမရနဲ့
"ဒီလ လခအကုန်အပ်မယ်နော်။သြ နောက်ပြီး
ကျန်သေးတယ်။မင်း အဝတ်အစားတွေရှင်းမယ်
မင်းဝတ်ပြီးသားအဝတ်တွေလျှာ်စက်ထဲထည့်
ဖို့တောင် မင်းမအားတာတော့ မဟုတ်ဘူးမလား?
မင်း အဝတ်တွေ မင်းမသိမ်းရင် ငါသိမ်းပြီး ငါ
ဝတ်မယ်။တန်းပေါ်တင်ထားတာတွေ ရှင်းထား"
ခုခြေနေကို အပြေးအလွှားသုံးသပ်ကြည့်သည်။
ကျတော် တကယ်ပဲ အိမ်ထောင်ကျသွားတာ
လား?
အဲ့လိုပြောရအောင်ကလည်း အင်းးးပြောမယ်ဆို
ဟုတ်တာပဲ...
သူနဲ့ ကျတော် အတူတူနေပြီးသွား...အဲ ဒါလည်း အင်း ဒီလိုမျိုးက ရှိနေခဲ့တာ။
"အခန်းကရော??တစ်ခန်းပဲရှိတာ..."
"မင်းက စာကြည့်ခန်းထဲမှာ အိပ်။ငါက မင်း
အခန်းထဲ ငါနေမယ်"
"စာကြည့်ခန်းမှာ အိပ်စရာနေရာမရှိ..."
"မင်းကျောတစ်ခင်းစာ ငါလုပ်ထားပေးမယ်။
တစ်လတစ်ခါ အခန်းလဲအိပ်မယ်။မင်း အားလုံးသဘောတူလား?"
မျက်မှန်ဝိုင်းကိုတစ်ချက်ပင့်တင်ရင်းမေးလာတော့
မတိုက်ခင်က အလံဖြူထောင်ပြီးရှေ့ထွက်လာတဲ့
ကျတော်က ဘာငြင်းနိုင်မှာတဲ့လဲ??
"Okရင် နက်ဖြန်မနက် အလုပ်မသွားခင်
မင်းဈေးသွားပြီးဝယ်ခြမ်းလာခဲ့...ဈေးပြန်
နောက်ကျလို့ မင်းထမင်းချိုင့်မမှီ ငါမသိဘူး"
ပြောပြီးပြီးချင်း အခန်းထဲဝင်သွားသူကို လိုက်ငေး
ရင်း ခုဖြစ်နေတဲ့ကိစ္စတွေက ကျတော့်စိတ်ကူး
ယဉ်အိပ်မက်လား??
တကယ်ပဲဖြစ်နေတာလား?လိုက်လို့ကို မမှီတာ။
ပစ်ပယ်မှုတွေကြားထဲကနေ အတူတူရုန်းထနိုင်
ဖို့ကြိုးစားနေတာလား?
တစ်ယောက်တည်း ပြန်ရပ်တည်နိုင်ဖို့ ကျတော့်
ကို အရင်းနှီးပြုနေတာလား??
ဒါမှမဟုတ် ချန်း ကျတော့်ကို တကယ်ပဲ...??
Thank You All