နှိုးစက်သံကြောင့် Sehunနိုးလာသည့်အခါ မျက်လုံးမဖွင့်နိုင်သေးပဲ ကုတင်နံဘေးနားစမ်း
ကြည့်မိသည်
//ဟင်………LuHan?????//
ညတုန်းကမှရင်ခွင်ထဲထည့်သိပ်ခဲ့သူက ရင်ခွင်ထဲ
ရှိမနေသည့်အပြင် ကုတင်တဖက်ခြမ်းမှာပါ ရှိမနေသည့်အခါ Sehunရင်ထဲထိတ်ကနဲ……
//Luhan………//
ရေချိုးခန်းထဲမှာများလား???မီးဖိုချောင်ထဲမှာ
များလား???ဆိုသည့်အတွေးကြောင့် Sehun
အော်ခေါ်နေပေမဲ့ ပြန်ထူးသံမကြားရ
တွေ့ရာအင်္ကျီနှင့်ဘောင်းဘီကိုကောက်စွပ်ပြီး
အိပ်ခန်းပြင်ထွက်လာခဲ့သည့်တိုင် မြင်လိုက်သည့်
မြင်ကွင်းကရှင်းရှင်းလင်းလင်း……အိမ်အောက်
ထပ်သို့ပြေးဆင်းလာလိုက်ပြီးမီးဖိုခန်းဆီလှမ်း
မျှော်ကြည့်လိုက်ပေမဲ့ သူတွေ့ချင်သောလူသား
လေးကရှိမနေ……ဧည့်ခန်းမှာလဲရှိမနေပြန်သည့်
အတွက် Sehun အပြေးတပိုင်းဖြင့် အိမ်တံခါးကို
ဆွဲဖွင့်လိုက်ကာမှ……တွေ့ရပါပြီ
အင်္ကျီတစ်ထည်ကိုရေခါပြီး မျက်နှာအား
ရေစင်လာမည့် ဆိုးသဖြင့် တဖက်လွှဲလိုက်သူ
ဒါတောင်မစိုသလောက်စင်သွားသည့်ရေစက်
လေးအတွက်မျက်နှာကရှုံ့မဲ့နေသေးသည်
Sehunစိတ်သက်သာရာရသွားသလိုပြုံးလိုက်
ရင်းအနားသို့တလှမ်းချင်းသွားလိုက်သည်ထိ
Luhanသူရှိရာသို့လှည့်မကြည့်သေး
//ဘာလုပ်နေတာလဲ……//
//သြော် Sehun နိုးပြီလား//
အသံပေးလိုက်မှပင် Sehunဘက်လှည့်လာပြီး
ပြုံးပြလာသော Luhan……
မနက်ခင်းနေခြည်နွေးနွေးအောက် ချစ်ရသူ
အပြုံးကိုမြင်ရသည်မှာ ထိုမျှလောက် ချိုမြိန်နှစ်
သက်ဖွယ်ကောင်းလွန်းမှန်း Sehunမသိခဲ့
Luhanသည်ကား မြေပေါ်ချထားသည်
့်ခြင်းတောင်းထဲမှ အင်္ကျီတစ်ထည်ကိုကောက်ယူ
လိုက်ပြန်ရင်း ရေခါလို့
//အဝတ်တွေပုံနေလို့ လျှော်ပြီးလှမ်းနေတာ
ဒီမနက်နေလဲသာတာနဲ့//
//ဒါတွေလျှော်ဖို့ဘယ်အချိန်တည်းကထနေတာ
လဲ ညကလဲပင်ပန်းထားမှာကို//
//Yaaaa……OH SEHUN//
ရုတ်ချည်းနီမြန်းတက်လာသည့်မျက်နှာလေး
ကြောင့် ကိုယ့်စကားအသွားအလာကိုယ်သတိ
ထားမိပြီး Sehunကယောင်ကတမ်းဖြင့်ပါးစပ်
ပိတ်လိုက်သည်
တကယ် တကယ် Luhanပင်ပန်းနေမည်ဆိုး
သောကြောင့်သာပြောလိုက်ပေမဲ့Sehunတွင်
ဘာစိတ်မှမရှိ~
//မဟုတ်ဘူးနော်……Luhan ငါဆိုလိုတာက
ညကပင်ပန်းတယ်ဆိုတာ……ဟိုကိစ္စကြောင့်//
//တော်ပါပြီ Sehunရယ် တကယ်ပါပဲ//
ရှက်တာကအသာထား…တစ်ယောက်တည်း
ဖြေရှင်းရင်းပတ်ချာလည်ရိုက်နေသောSehun
ကြောင့်ရယ်ချင်လာမိသည်ကအမှန်ပင်
အဝတ်များရေခါကာလှမ်းရင်းရယ်နေမိသည့်အခါ
Sehunတစ်ယောက် ဘေးတိုက်အနေအထား
ဖြင့်ခါးကိုဖက်လာပြီး ပခုံးပေါ်ခေါင်းတင်လိုက်
တော့
//ရော်……ငါဒီမှာအလုပ်လုပ်နေတယ်လေ//
//မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်းဘေးနားမှာမင်း
မရှိတော့ ငါဘယ်လောက်လန့်သွားရတယ် ထင်လဲ//
အဝတ်ချိတ်ဖို့ ချိတ်လှမ်းယူနေသည့်
Luhan့လက်လေထဲတန့်သွားခဲ့ပြီး ပခုံးပေါ်
ခေါင်းတင်ထားသည့်Sehunဘက်သို့စောင်းငဲ့
ကြည့်လိုက်သည်~ဖွဖွမှိတ်ထားသည့်Sehun
မျက်ခွံများကိုဖိကပ်နမ်းလိုက်ချင်သော်လည်း
Luhanမလုပ်ဖြစ်~ခါးကိုဖက်ထားသည့်လက်က
ပိုမိုတင်းကျပ်လာပြီး Luhan့တစ်ကိုယ်လုံးကို
သူ့ဘက်သို့ဆွဲယူနေသည့်အလား
အဝတ်ကိုနေရာတကျချိတ်မှာချိတ်ပြီး လှမ်းပြီး
သည့်နောက် Sehunခါးကိုပြန်ဖက်ကာရင်ခွင်
ထဲမျက်နှာအပ်ပစ်လိုက်ချိန်~Sehunမှလည်း
သာသာယာယာထွေးပွေ့ပြီးLuhan့ခေါင်းလေး
ကိုညင်ညင်သာသာပုတ်ပေးနေသည်
//ငါ မင်းမျက်စိအောက်ကခဏပျောက်တာနဲ့
အဲ့လောက်ပျာယာမခတ်ရဘူးလေ Sehun//
//အင်း……ငါသိပါတယ် ဒါပေမဲ့ ငါလဲမတတ်
နိုင်ဘူးကွာ…မင်းကိုမမြင်ရရင် ရင်ထဲကအလိုလို
ပူတက်လာတာ//
အပိုပြောခြင်းမဟုတ်ကြောင်း ပိုမိုထွေးပွေ့လာ
သည့်လက်များမှပြောသည်လား??ခုန်နှုန်းမြှင့်
နေသောရင်ခုန်သံတို့မှပြောသည်လား??
ဆံနွယ်လေးတွေကြားအပြေးအလွှားပုံအပ်လာ
သည့်နှုတ်ခမ်းနွေးလွှာလွှာကို တမြတ်တနိုးခံယူ
ပြီးကာမှ……
//မနက်စာမစားတော့ဘူးလား ကျောင်းမသွား
တော့ဘူးလား Oh Sehun ssi//
//ဟားးဟ…သွားမှာပေါ့ ဘာလဲတနေကုန်
ဒီလိုလေးနေချင်လို့လား//
//Yaaa…Oh Sehunပြန်ချ မူးတယ်//
ဆွေ့ကနဲLuhan့ကိုဆွဲမကာ လေပေါ်တပတ်
ဝဲလှည့်ပစ်လိုက်သည့်အခါ Luhanစိတ်ပေါက်
ပေါက်နှင့်ပင် Sehunနဖူးကိုလက်သီးနှင့်ထုချ
ပစ်လိုက်သည်
သိမ်မွေ့ညင်သာလွန်းသည့် Luhan့တုံ့ပြန်
ချက်ကြောင့် နဖူးထိပ်နီရဲဘုထသွားရှာသော
Sehunကို ကျောင်းမသွားခင်ချိန် Luhan့မှာ
ဆေးလိမ်းပေးလိုက်ရပါသေးသည်
~••~°~••~°~••~°~••~
//Luhan့ဆီမသွားဖူးလား//
နေ့လည်စာဗန်းကို ကောင်တာမှနေမယူလာရင်း
စားပွဲသို့လျှောက်သွားစဉ် Kaiမေးလာသော
မေးခွန်းအားSehunခေါင်းခါယမ်းပြလိုက်ရင်း
//Luhan ဒီနေ့ကျောင်းမတက်ဘူးလေ//
//ဟာ……Oh Sehun မင်းကွာ ကျောင်းပျက်ရ
လောက်အောင်တော့ မကဲနဲ့လေ//
//အေးလေ Luhanလေးသနားပါတယ် //
စားပွဲသို့ရောက်သည့်အခါ အသင့်ရောက်နေသူ
Chanyeol Hyungကပါဝင်ပြောလေသည့်အခါ Sehunလက်သီးထောင်ပြလိုက်ပြီး
//ဘာတွေပြောနေကြတာလဲ……သူ့ဘာသာ
Projectရှိလို့အိမ်မှာလုပ်မယ်ဆိုပြီး ကျောင်း
မတက်တာ//
//သြော် သိပါဘူး အဟိ//
//ဆိုတော့ကာ ညကဘာမှမဘာဘူးပေါ့//
Kaiမှပြောင်စပ်စပ်ဖြင့်ငြိမ်သွားသော်လည်း
ပါးစက်မပိတ်မငြိမ်နိုင်သေးသူမှာPark ChanYeolဆိုသည့် ဝါရင့်သမ္ဘာရင့်Hyungကြီး
ပန်းကန်ထဲမှ ပဲပင်ပေါက်ကိုသာတူနှင့်များများ
ညှပ်ယူလိုက်ပြီး ပါးစပ်ထဲအတင်းထိုးထည့်မှပင် တဝူးဝူးတဝါးဝါး
ဖြင့်Park Chanyeolတို့ငြိမ်ကျသွားလေသည်
နေ့လည်စာစားပြီးချိန် အတန်းပြန်တက်ရန်
ကျောင်းဆောင်ထဲဝင်လိုက်ပြီး Sehun ဖုန်းကို
ထုတ်လိုက်သည်~missed callတစ်ခုမှမရှိ
သလိုmessageတစောင်တောင်မရှိ
ဖုန်းဆက်ရန်ပြင်လိုက်ပြီးကာမှ noticeboard
အနားစုစုရုံးရုံးဖြစ်နေသည့်သူများကြောင့်
//Scholarရတဲ့သူတွေကြေညာလိုက်ပြီလေ//
//ဒီနှစ်တော်တော်များတယ် ငါတို့မေဂျာက
နှစ်ယောက်ရတယ်//
ဘေးနားမှဖြတ်သွားသည့်ကျောင်းသူနှစ်ယောက်
အသံကိုSehunဂရုတစိုက်နားမထောင်မိသော်
လည်း Kaiနှင့်Chanyeolကတော့ အတန်း
မတက်ခင် သွားကြည့်လိုက်ဦးမည်ဆိုကာ
Noticeboardနားကပ်သွားကြသည်
အဆောင်ထဲတွင်ဖုန်းလိုင်းက မိတချက် မမိတချက်မို့ Sehun လျှောက်သွားမိပါရင်း
Noticeboardအနား သူပါရောက်လာလေသည်
//Se……Sehun_na//
Chanyeolခေါ်သံကြားသောကြောင့်Sehun
မော့ကြည့်လိုက်သည် Boardကိုမျက်လုံးမခွာပဲ
ကြည့်နေသူ ထိုနှစ်ယောက်ကြောင့် Sehun
သည်လည်း စူးစမ်းစိတ်ဖြင့် Boardကိုကြည့်
လိုက်ပါရင်း
No.17……LUHAN……………***** ……/4/2017
အမြင်တို့သည်မှားစရာမရှိ…ဒီနာမည် ဒီလူကို
Sehunမှားစရာအကြောင်းမရှိ…
တဖက်ကျောင်းတွင်ကျောင်းစတက်ရမည့်နေ့ကို
ပါဖော်ပြပြီးသွားပြီမို့ ဒီနိုင်ငံကထွက်သွားရတော့
မည်မှာအနှေးနဲ့အမြန်ပါပင်
🎵🎵 …🎵
ထမြည်လာသည့်ဖုန်းသံကြောင့် Sehun
ငေးငိုင်နေရာမှလန့်ဖြန့်အသိဝင်သွားရသည်
ခေါ်ဆိုနေသူမှာ Luhan……Sehun ချောင်း
တချက်ဟန့်လိုက်ပါရင်း
"Hello … Luhanပြောလေ……"
"ငါ MaMaတို့အိမ်ရောက်နေတာ မင်းလာခဲ့
ပါလား ညစာအတူစားရအောင်"
ရွှင်မြူးတက်ကြွနေလေသည့် Luhan့အသံ
ကြားနေရရင်းနဲ့မှSehun နီရဲနေမည့်မျက်လုံးများ
ကိုဆွဲပွတ်ပစ်ရင်း…
"အင်း ငါလာခဲ့မယ်လေ စောင့်နေနော် Luhan"
"Ok…k "
တဖက်မှဖုန်းချသွားခဲ့ပေမဲ့ Sehunသည်ကား
ဖုန်းကိုနားမှမခွာမိသေးပဲ Noticeboardကိုသာ
ထပ်မံကြည့်နေလိုက်မိသည်
//ဘာလို့လဲ Luhan ဘာလို့လဲကွာ//
~••~°~••~°~••~°~••~
ဖွင့်ပေးသည့်တံခါးကိုတွန်းဖွင့်လိုက်ရင်းSehun
ဖိနပ်စင်နားရောက်သည့်အခါ မီးဖိုခန်းမှလွင့်
လာသည့်ရယ်သံများကိုကြားလိုက်ရသည်
Luhan့ရယ်သံသည်အကျယ်ဆုံးဖြစ်သည့်
အတွက် Sehun ဖိနပ်ချွတ်နေရင်းမှပင် ပြုံးလိုက်
မိပါသေးသည်
လက်ထဲပွေ့ထားသည့်ပန်းစည်းကိုပုံမပျက်
အောင်Sehunထိန်းကိုင်ရင်း မီးဖိုခန်းထဲသို့
ဝင်သွားလိုက်သည်
//MaMa……//
//Sehunnie………လာပြီလား//
Sehunကိုမြင်သည့်အခါ MaMaမှဝမ်းသာအားရ
ထိုင်နေရာမှထလို့ကြိုဆိုသည် PaPaကပြုံးပြ
လို့ခေါင်းညိမ့်ပြသည်
ထင်သည့်အတိုင်း ညစာစားဝိုင်းတွင် Luluမရှိပါ
//ပန်းလေးတွေကလှလိုက်တာ……ကြည့်စမ်း
သားငယ် မင့်လာတော့ လက်ဗလာနဲ့လာတာ
Sehunnieကဘယ်လောက်လိမ္မာလိုက်သလဲ//
ချီးကျူးစကားဆိုသည့် MaMaကို ပခုံးတွန့်ကာ
နှာခေါင်းရှုံ့ပြသည့် ထိုသတ္တဝါလေးအားSehun
ကြည့်လိုက်မိသည်
စိတ်ရှိတိုင်းသာဆို ခုချက်ချင်း လက်ဆွဲလို့
ခေါ်ထုတ်သွားပြီး အခြေအနေကိုမေးလိုက်ချင်
သည်
အေးဆေးစားသောက်နေပုံကြည့်ရသည်မှာ
ဒီကောင်လေးလဲ Scholarရသည့်ကိစ္စသိသေး
ပုံမရ……မဟုတ်ရင် Sehunဆီသူကိုယ်တိုင်
အပြေးလာပြောမှာပေါ့…ဒီScholarကလဲ သူကိုယ်တိုင်လျှောက်ထားတာမဖြစ်နိုင်သေး။
စာတော်သောကျောင်းသားမို့ ပါမောက္ခမှနာမည်
ထည့်ပေးလိုက်သည်နေမှာပေါ့……အဲ့လိုပဲဖြစ်
မှာပါ…မဟုတ်ရင် Luhanထိုမျှ သွေးအေးနေစရာ
အကြောင်းမှမရှိတာပဲ
//ငါ့ကို လာပြီလားတောင်မမေးဘူးနော်//
//ဟော……တရေးတယူမေးစရာလား//
အနားကပ်ကာ အပြစ်တင်လိုဟန်မပါပဲခပ်တိုးတိုး
ပြောမိသည့်အခါ ချက်ချင်းပင်တုံ့ပြန်စကားဆို
လာသည်
သို့သော် Sehunကိုဖြင့်တချက်လှည့်မကြည့်
လာသေး
စကားပြောလိုက် ရယ်မောလိုက်ဖြင့် ညစာ
တဝိုင်းတည်းစားနေရသော်လည်းထိုအခြေအနေ
နှင့် Sehun လုံးဝအသားမကျသောအခါ Luhan့မျက်နှာကိုလှမ်းကြည့်ရသည်မှာခဏခဏ
ပါပင်……ဖြစ်နိုင်လျှင် စားပွဲမှထသွားလိုက်ချင်ပြီ
//Sehunnie…သားစားမကောင်းဘူးလား
စကားလည်းနည်းလှပါလား??//
//မဟုတ်ပါဘူး Ma…ကောင်းပါတယ် အရသာ
အရမ်းရှိပါတယ်//
//သားတို့ကို Paပေးစရာရှိသေးတာ//
MaMaအမေးကိုဖြေပြီးသည့်အခါ PaPaမှလည်း
Sehunနှင့်Luhanနှစ်ယောက်ကိုကြည့်ပြီး ညစာ
စားပွဲမှခဏထွက်သွားခဲ့သည်
Paပြန်လာသည့်အခါ လက်ထဲပါလာသည်ကား
လေယာဉ်လက်မှတ်နှစ်စောင်
//မနေ့က သားတို့မင်္ဂလာသက်တမ်း သုံးလပြည့်
မလား???ဒါPaနဲ့Maတို့ရဲ့လက်ဆောင်//
//Jejuကိုနှစ်ညအိပ်သုံးရက်ခရီး သားငယ်သဘောကျတယ်မလား//
//မလိုတော့ပါဘူး Ma//
ငြင်းဆန်လိုက်သောLuhan့လေသံအေးစက်
စက်သည် Sehunနှလုံးသားတစ်ခုလုံးကို ဆွဲညှစ်အေးခဲပစ်လိုက်သလို……ကိုင်ထားသည့်တူကိုပန်းကန်ဘေးနားချလိုက်သံကအစ ကျယ်လောင်လွန်းနေသည်မို့ Sehun ဘာမှမကြားချင်
တစုံတရာပြောဖို့ Luhan့နှုတ်ခမ်းတွေပွင့်လာ
သည့်အခါ Sehun ကြောက်ရွံ့လာတော့သည်
Luhanဘာပြောမယ်မှန်းSehunမသိသော်လည်း
"မပြောနဲ့Luhan ဘာမှမပြောလိုက်ပါနဲ့"
စိတ်ထဲမှနေ ကြိမ်ဖန်များစွာအော်နေခဲ့သော်
လည်း
//ကျနော်နဲ့Sehun ကွာရှင်းဖြစ်မယ်ထင်တယ်//
လွင့်စင်သွားခဲ့သည်။ အပြုံးတွေ အနမ်းတွေ
ချစ်စကားတွေအကုန် တစစီကျိုးပဲ့ ပျက်စီးသွားခဲ့ရပြီ…
ထိုပျက်စီးမှုကိုအသားမကျစွာ Sehun ဆွံ့အနေ
ခဲ့သလို နှလုံးသားတဝိုက်တိုးဝင်လာခဲ့သည်မှာ
အမှောင်တိုက်ကြီးတစ်ခု……
To Be ConTinued……
The Next Page will be Finale…
//မင်းကငါ့ကိုရော ငါ့အချစ်ကိုရော အထင်သေး
်လိုက်တာ Luhan//
//Sehun_na…//
//ထွက်သွားလေ Luhan … ပြီးရင်
ငါ့ဆီဘယ်တော့မှပြန်မလာနဲ့//