EX-pect

HsuChiKo365 tarafından

8.7M 725K 38.9K

B×B(Own Characters) Romance,Drama and other age limited feelings ဒီ​ေလာကထဲကမတည္​ျမဲျခင္​းတရား​ေတြထဲ မင္​းကို​... Daha Fazla

About Story
Intro
ခ်န္း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
Epi8
Epi-9
Epi-10
Epi-11
Epi-12
Epi-13
Epi-14
Epi-15
Epi-16
Epi-17
Epi(18-1)
Epi 18-2
Epi-19
​ေတာင္​းပန္​လႊာ
Epi-20
Epi-21
Epi-22
Epi(23-1)
Epi(23-2)
Epi24
Epi-25
Epi-26
Epi-27
Epi-28
Epi-29
Epi-31
Epi-32
Epi-33
Epi-34
Epi-35
Epi-36
Epi-37
Epi-38
Epi-39
EPI-40
Epi-41
EPI-42
Epi-43
Epi-44
Epi-45
Epi-46
Epi-47
Epi-48
Epi-49
Ending
Ending
Special Colla
July 2
စတင္ျခင္း
​ေမွ်ာ္​လင္​့ျခင္​း
မွားယြင္းျခင္း ၁
မက္ေမာျခင္း(၁)
မွားယြင္းျခင္း(၂)
မက္ေမာျခင္း(၂)
ေမတၱာရပ္ခံျခင္း
Life
Life
ခ်စ္ျခင္းတရား
စစ္ျငိမ္းခ်မ္းပိုင္
စစ္ျငိမ္းခ်မ္းပို္င္ ၏ အိမ္စာ
We Are
Surprise!!!!
စစ္ျငိမ္းခ်မ္းပိုင္
နန္ဒဦးမော်ဆီက ပိုင်ဘာတွေသင်ယူခဲ့လဲ

Epi-30

113K 10.6K 1.3K
HsuChiKo365 tarafından

                         [2017]

#Yangon🌁🌉

Facebook ဖြင့္လိုက္သည္ႏွင့္ Newfeed
တြင္ ပထမဆံုးျမင္ရေသာ Post...
ျမန္မာလိုသာေပါင္းထားေသာ သူ႔နာမည္ ပိုင္သုတ
မေန႕ကမွ စစ္ေဘးေရွာင္စခန္းေတြမွ ျပန္လာျပီ
ဆိုသည့္ Postေတြ႔ျပီးဒီမနက္ေတာ့ သူတာဝန္
က်ရာ ျပင္ဦးလြင္ေဆးရံုကို ျပန္ေရာက္ရွိေနပံုရ
သည္။
သူတင္ထားတာ မဟုတ္သည့္တိုင္ Facebook
ကို ေန႔စဥ္မွတ္တမ္းလို သေဘာထားသံုးေနေသာ
နႏၵဦးေမာ္၏ postမ်ားေႀကာင့္သာ ပိုင္သုတ
သတင္း အဆက္မျပတ္သိေနရတာ။

ပုဇြန္ေတာင္ဘူတာတြင္ ထိုင္ငုိခဲ့ေသာ ပထမႏွစ္
ေဆးေက်ာင္းသားေလးသည္ ၈ႏွစ္ေက်ာ္ကာလ
တြင္ လူမႈကြန္ယက္ေတြမွာ အမ်ားေလးစားတဲ့
ပရဟိတဆရာဝန္တစ္ေယာက္ျဖစ္ေနခဲ့ျပီ။

မႏၱေလးေရာက္ျပီးတည္းက ပိုင္သုတနဲ႔ လူခ်င္း
ေဝးသြားေပမယ့္ အဆက္အသြယ္ေတာ့မျပတ္ခဲ့
ႀက။ဒီႏွစ္အတြင္း ဖုန္းေတြလြယ္လြယ္ဝယ္ကိုင္
လို႔ရသည္ေႀကာင့္လို႔ေျပာရမည္။

ငပိုင္ 3rd MBတက္ေနခ်ိန္ထိ ပိတ္ရက္ေတြ
ဆို ရန္ကုန္မွာ၂ရက္ ၃ရက္ေလာက္ရေအာင္
လာေနသည္။လာသည့္အခ်ိန္တိုင္း က်ေတာ္
တို႔ႏွစ္ေယာက္တည္း ေလွ်ာက္ပတ္ျပီးမွ က်န္သည့္သူငယ္ခ်င္းေတြကိုတစ္ရက္သက္သက္
ခ်ိန္းကာ ေတြ႔သည္။ထိုသို႔လူစံုျပီဆို က်ေတာ္
က ေဘးထြက္ေနရတာက ခပ္မ်ားမ်ား။
အားလံုးထဲမွာ ေဆးေလာကအျပင္ဘက္ေရာက္
ေနတာဆို၍ က်ေတာ္ပဲရွိသည္။
သင္ေနလက္စ သူအားနာနာနဲ႔ထားခဲ့ရတဲ့ သူ႔
ပထမဆံုးတပည့္ ေရာင္နီဦးသည္လည္း သူ႔ေျခရာ
နင္းကာ ေဆး(၁)မွာတက္ေနတာ။ေကာင္းဆက္စံ ေဆးဝါးသိပၸံဆိုတာကလည္းဆရာဝန္ေတြနဲ႔ အျပိဳင္ေဆြးေႏြးႏိုင္သည့္အေျခအေန။ခါတေလ နႏၵဦးေမာ္ပါ ရန္ကုန္ထိကပ္ပါလာရင္ သူတို႔ဝိုင္းထဲ က်ေတာ္ဆိုခ်ိဳ႕တဲ့ပညာမဟုတ္ေပ
မယ့္  အသံတိတ္ေနရျပီးဝင္ေျပာရေအာင္လည္း
က်ေတာ္သိတာက H beam T beam နဲ႔
RC...Steel Structure သူတို႔ေျပာေနတဲ့ Besidesေတြ Enzyme နဲ႔ OG Theory ဘာေတြဆိုတာလည္းက်ေတာ္မသိ။
Operationနဲ႔Dead Bodyေတြအေႀကာင္း
ေရာက္ရင္ လည္းရြံ႕ရွာလန္႔ထိတ္ အသံသာ
ဆိတ္ေနရသည္။
Part(1)ေရာက္သည့္ႏွစ္ကစလို႔ ငပိုင္ရန္ကုန္
ျပန္မဆင္းလာေတာ့...3rd MB Finalရဲ႕
ေလးဆေလာက္ရွိတဲ့ စာေတြကို Suppleမထိ
ေအာင္ႀကိဳးစားေနရံုသာမက ပရဟိတအဖြဲ႕ေတြ
ေနာက္လိုက္ကာသူနဲ႔ နႏၵဦးေမာ္တို႔ေစတနာ
့ဝန္ထမ္းလုပ္ျခင္းျဖင့္ က်ေတာ္ဖုန္းဆက္တိုင္း
ေရာက္ေနသည့္ေနရာေတြက တစ္ေန႔တစ္ေနရာ
ေျပာင္းေနသည္။

Facebookဆိုသည့္ လူမႈကြန္ယက္ေပၚတြင္
မႏၱေလးေဆးေက်ာင္းက ဆရာဝန္ေလာင္းသူ
တို႔ႏွစ္ေယာက္အေႀကာင္းလူသိမ်ားလာသည္။
ေနာက္ခံ Backgroudကိုလည္း ဘယ္လိုလိုက္
ႀကသည္မသိ...အႏြယ္ေတာ္အဆက္
နဲ႔ ဘိုးစဥ္ေဘာင္ဆက္ ကုန္သည္မ်ိဳးရိုးနဲ႔ ခုထိ
ျမိဳ႕မ်က္ႏွာဖံုးျဖစ္ေနေသာ မိသားစုမွမ်ိဳးဆက္ေတြ
ဆိုေသာ အရွိန္သည္ သူတို႔ႏွစ္ေယာက္ကိုသြား
ေလရာ မ်က္ႏွာပြင့္ေနေစသလိုပဲ။

နႏၵဦးေမာ္ postေအာက္ ဝင္မန္႔ႀကေသာ Commentsမ်ိဳးစံုတြင္ Postသိပ္မတင္
တတ္ျပီး ျပံဳးလိုက္တိုင္းပါးခ်ိဳင့္ခြက္သြားတဲ့ ဆရာဝန္ေလာင္းတစ္ေယာက္၏ သတင္းကိုေမး
တတ္သူမ်ားလည္း တစ္ပံုတပင္။
ကာယကံရွင္ကေတာ့ စကားဝိုင္းထဲဘယ္ေတာ့
မွဝင္မပါတတ္ခဲ့ေပမယ့္ ပရဟိတလုပ္ငန္းစဥ္မွတ
္တမ္းဓာတ္ပံုမ်ားတြင္ေတာ့... ခါတေလကေလးေတြကိုစမ္းသပ္ေနတတ္သလို
မႀကာမႀကာဆိုသလို ခါးလယ္မက
နစ္ျမဳပ္ေနေသာ ေရေတြထဲ ေဆးပံုးေတြအိတ္ေတြ
ထမ္းေနတဲ့ သူ႔ပံုပါပါတတ္လာတယ္။

တစ္မနက္လံုးေစာင့္ႀကည့္ေနခဲ့သည္။
ခုထိဘာpostမွ မတတ္လာခဲ့ျခင္းကို က်ေတာ္
မေက်နပ္တာလား ဘာလားမေသခ်ာ။ဒီအခ်ိန္ဆိုႏွင္းႏုနဲ႔ သူေတြ႔ျပီးေလာက္ျပီ။လြန္ခဲ့
တဲ့သံုးလေလာက္တည္းက မိသားစုတြင္းတိုးတိုး
္တိတ္တိတ္္တိုင္ပင္ခဲ့ေသာ မဂၤလာပြဲကဒီလ လဆန္းပိုင္းတြင္ အတည္ျဖစ္ခဲ့သည္။ခ်စ္သူသက္
တမ္း(၈)ႏွစ္။ႏွစ္ေယာက္စလံုးသင့္တင့္တဲ့အလုပ္
အကိုင္။အေရးပါဆံုးအေႀကာင္းျပခ်က္က ရင္သား
ကင္ဆာခံစားေနရေသာ အေမတစ္ေယာက္၏
ဖတဆိုးျဖစ္ေနျပီျဖစ္ေသာ သမီးတစ္ေယာက္ကို
ဘဝမကူးခင္ စိတ္ခ်ထားခဲ့ခ်င္စိတ္ကို မိန္းမသား
ခ်င္း စာနာေသာ မားစိတ္ေႀကာင့္ မဂၤလာပြဲက
ေမွ်ာ္မွန္းထားတာထက္ေစာျပီး ျဖစ္လာခဲ့သည္။

(၈)ႏွစ္တာ ကာလအတြင္းေပ်ာ္ခဲ့တယ္မဟုတ္
ေတာင္ စိတ္မဆင္းရဲခဲ့တာေတာ့...ႏွင္းႏု၏
သေဘာထားႀကီးေပးႏိုင္ျခင္းအေပၚ အမ်ားႀကီး
မူတည္လိမ့္မည္။
စစီစဥ္တည္းက က်ေတာ္မျငင္းဆန္ခဲ့
ျငင္းဆန္စရာလည္းမရွိဘူးေလ။ႏွင္းႏုက မား
အတင္းေပးစားတဲ့ မိန္းကေလးမွမဟုတ္တာ။
က်ေတာ္ကိုယ္တိုင္ ေရြးခ်ယ္ထားတဲ့ လက္တြဲ
ေဖာ္ပဲ။မျငင္းတဲ့ အေႀကာင္းထဲ
မားကိုစိတ္ခ်မ္းသာေစခ်င္တာလည္းပါသည္။
တိုးတက္မႈျမန္ဆန္ေနတဲ့ဒီေခတ္မွာသားသမီးနဲ႔အသက္ သိပ္မကြာသြားေစခ်င္တဲ့ မားသည္
အသက္၂၄ႏွစ္ဆိုတာ အိမ္ေထာင္ျပဳဖို႔အသင့္
ေတာ္ဆံုးအခ်ိန္လို႔ယူဆထားသူ။

မဂၤလာရက္သတ္မွန္ျပီး ဟိုတယ္လ္ေရြးတည္းက
ငပိုင့္ကို ဖုန္းဆက္အေႀကာင္းႀကားေပမယ့္
မႈိင္းရႈးဖက္ထိ တပ္နဲ႔ပါသြားတဲ့လူသည္ Iphone
ကိုင္ထားပါေစကာမူ လိုင္းကမမိ။
တကယ္ျပန္လာေတာ့ ဖိတ္စာပင္ရိုက္ျပီး
ေနသည့္အခ်ိန္။ကိုယ္တိုင္လည္း မဖိတ္ႏိုင္။
မန္းေလးSiteကို QCအေနနဲ႔ တာဝန္ေရာက္သြား
တဲ့ ႏွင္းႏုကိုသာ ျပင္ဦးလြင္တက္ကာဖိတ္ခိုင္း
လိုက္ရသည္။

ဒီမနက္ ျပင္ဦးလြင္တက္ျပီးေပးမယ္ဆို ခုခ်ိန္
ဆိုေပးျပီးေနေလာက္ျပီ။

#ျပင္ဦးလြင္🍁🌸

""Dr""

"ဗ်ာ"

"ဧည့္သည္ေဆာင္ေရွ႔မွာ Dr ဧည့္သည္ေရာက္
ေနတယ္"

"ဟုတ္ကဲ့ ဆရာမ!"

အျပာဝတ္​ဆရာမႀကီးက

"မ​ေန႔ညကမွ ျပန္​​ေရာက္​တာကို ၂​ေယာက္​လံုး
မနားၾကဘူး"

ဟူ၍ဆူတာလည္​းမဟုတ္​ ဂ႐ုဏာပါ​ေသာ အ​ေျပာနဲ႔ ခ်စ္​စရာ​ေကာင္​းစြာစူပြပြ​ေျပာလ်က္​ထြက္​သြားၿပီ။ဆရာမႀကီးကိုၾကည္​့ရင္​း မားကို​ေတာင္​
သတိရသြားရျပန္​ၿပီ။

ဧည့္သည္လာသည္ဆိုတာနဲ႔ ဝမ္းသာအားရထြက္
ႀကိဳလို႔ရသည့္အေျခအေနမဟုတ္။
ရင္ႀကပ္ေဝဒနာရွင္ အဘြား၏ အသက္ရႈသံကို
နားႀကပ္ကေန တစ္ဆင့္နားေထာင္ေနရ၍ အား
မရတာ မဟုတ္။
"မေန႔ကမွ နလန္ထူထားတာေလ...မေလာနဲ႔"

ဟူ၍ ကိုယ့္ဘာသာကိုယ္သတိေပးရင္း သတင္း
ေစာင့္ေနေသာ အဘြားရဲ႕သမီးျဖစ္သူက
ိုျပံဳးျပရသည္။

"အေျခအေနက ေကာင္းလာျပီ။
အေမမစိုးရိမ္နဲ႔ေတာ့။က်ေတာ္ ဆရာ့ကို ေျပာ
ႀကည့္လို႔ ဆရာကခြင့္ျပဳမယ္ဆို ေနာင္ႏွစ္ရက္
ေလာက္ေနျပီး အိမ္ျပန္ႀကေပါ့။ရာသီဥတုေအး
လာျပီဆိုေတာ့ ေႏြးေႏြးေထြးေထြးထားဖို႔အဓိကပဲ"

"ေက်းဇူူးပါ သားပိုင္ရယ္။အေမတို႔လည္း နည္း
နည္းေပါ့မိသြားတာ...""

"ဒီ Ladyေခ်ာေခ်ာႀကီးကလည္း လွခ်င္တာကိုး
ဗ်။ေအာက္က အက်ီ ၤမေပၚမွာဆိုးလို႔ ျခံဳလႊာမျခံဳ
ဘူးဆိုတာေတာ့နည္္းနည္းမ်ားသြားျပီ...ေနေကာင္းေအာင္ေန My Lady...ေျပာစကား
နားေထာင္ရင္ျခံဳလႊာလွလွလက္ေဆာင္ပို႔ေပးမယ္ Ok?""

ကေလးတစ္ေယာက္လိုအယုအယခံခ်င္ေသာ အရြယ္ေရာက္ေနျပီျဖစ္​​၍အဘြားသည္ သူ႔စကားကိုအသက္ရႈသံတရႈီရႈီႀကားမွ
သေဘာတက်ခပ္သဲ့သဲ့ရယ္သည္

အရည္တြန္႔ေနျပီျဖစ္ေသာလက္ႏုႏုေသးေသးေတြနဲ႔ သူ႔ေခါင္းကိုလွမ္းေတာ့  အလိုက္တသိေခါင္း
ထိုးေပးလိုက္ရသည္။
ေခါင္းကိုခပ္ဖြဖြ ပြတ္ေပးရင္းဘုရားသခင္သမီး
ေတာ္ ရယ္မိုု႔ ဘုရားသခင္ထံမွေကာင္းခ်ီးႀသဘာ
ကိုတစ္ဆင့္ခံေတာင္းေပး၏။

"အာမင္..."

"သားပိုင္...ဧည့္သည္ေရာက္ေနတယ္ဆို...
သြားခ်င္သြားေတာ့ေလ။အားနာစရာ"

"ဟုတ္ အေမ။သြားျပီေနာ္။ညေနတစ္ေခါက္
roundလွည့္ခ်ိန္ ဝင္ခဲ့မယ္""

Duty Coatထဲမွ ဖုန္းထုတ္ႀကည့္ေတာ့ ေန႔
လည္စာ စားခ်ိန္။ဘယ္က ဧည့္သည္ပါလိမ့္။
စတိုင္ထုတ္တာမဟုတ္ေပမယ့္ Dout Coat
တလႊားလႊားနဲ႔ ဧည့္ေဆာင္ကို ေျပးရသည္။

""ပိုင္~~""

""ႏွင္းႏု...ဘယ္က ဘယ္လို""

"နင္​့ကို ငါတို႔ဆက္​သြယ္​​ေနတာၾကာၿပီ။နင္​့ဖုန္​း
ကလည္​း စက္​ပိတ္​ထားတာက မ်ား​ေနတယ္​"

"​ေအး ငါလည္​းဟို​ေရာက္​တည္​းက အထုပ္​ခ်ၿပီး
စခန္​း​ေတြဖက္​တန္​း​ေျပးရတာ။ဖုန္​းလည္​းမၾကည္​့
ျဖစ္​​ေတာ့ဘူး"

"နင္​သာ မၾကည္​့တာ နင္​့ နႏၵဦး​ေမာ္​ က​ေတာ့
တင္​သလားမ​ေမးနဲ႔။"

"ဝါသနာကိုး...ကဲ ခုဘာcase။ဘာစားၿပီးသြားၿပီ
လဲ?လာ ဒီနားက ထမင္​းဆိုင္ေကာင္​းတယ္​"

တျခားမိန္​းက​ေလး​ေတြလို မစားဘူးဘာညာအိုင္​
တင္​မခံ။သူ​ေခၚရာ ထမင္​းဆိုင္​သို႔သာလိုက္​လာသည္​။​ေတာ္​ရံုကိစၥနဲ႔ဆို လာ​ေတြ႔​ေလာက္​မွာ
မဟုတ္​သူမို႔ အ​ေၾကာင္​းရင္​းခံ​ေတာ့သိခ်င္​တယ္​

"မွာ​ေလ ႏွင္​းႏု။ငါ Breakfast​ေတာင္​မစားရ
​ေသးလို႔ မွာ ႏွင္​့မယ္​"

Stage​ေက်ာင္​းတုန္​းကနဲ႔ ျခားနားစြာ သြက္​လက္​
ကာ တျပံဳးျပံဳးနဲ႔ျဖစ္​​ေနေသာ ပိုင္​သုတသည္​ ပို၍ ပင္​အရင္​ကထက္​ ​ေအးခ်မ္​း​ေနသလိုပဲ။

"​ေျပာ​ေလ ႏွင္​းႏု။ဘာကိစၥနဲ႔ ငါ့လာ​ေတြ႔တာလဲ
တခ်န္​း နင္​့ကို ဘာလုပ္​လိုက္​ျပန္​ၿပီလဲ?"

"မဟုတ္​ပါဘူးဟာ...​ေရာ့ဒီမွာ"

အိတ္​ထဲ​ေသခ်ာထည္​့လာ​ေသာ ပန္​းႏု​ေရာင္​ဖိတ္​
စာကို သူ႔​ေ႐ွ႕တိုး​ေပး​ေတာ့ တြန္​႕ေကြး​ေန​ေသာ
ႏႈတ္​ခမ္​းသားတို႔ မ်ဥ္​းတ​ေျပးတည္​းျဖစ္​သြားၿပီး
ဝါးလက္​စ ထမင္​းကို ခပ္​ျမန္​ျမန္​မ်ိဳခ်ကာ ဖိတ္​စာ
ကိုလွမ္​းယူသည္​။

"လဆန္းပိုင္းေလာက္တည္းက နင့္ဆီဖုန္းဆက္
ေနတာ။ခ်န္းက နႏၵကိုေျပာတယ္လို႔ေတာ့ေျပာ
တယ္။နႏၵ နင့္ကို ျပန္မေျပာျပဘူးလား"

"အင္...အင္းးငါတို႔ကုသေဆာင္မတူတာနဲ႔..."

ပန္​းႏု​ေရာင္​ မဂၤလာ​ေဆာင္​ဖိတ္​စာ
ကိုၾကည္​့ရင္​း ပန္​း​ေရာင္​က မိန္​းမဆန္​
တယ္​လို႔ ​ေျပာဖူးတာသတိရၿပီး...ျပံဳးမိေသးတယ္

ေငြမင္ေရာင္စာလံုးေတြနဲ႔ ရိုက္ထားေသာေဖာင္း
ႀကြ စကားလံုးတြင္ ေမာင္ခ်န္းျငိမ္းေအာင္ ဆိုတဲ့
နာမည္က ခန္႔ခန္႕ညားညား။

""ျမန္လိုက္တာႏွင္းႏုရ...ငါက
ေနာက္၂ႏွစ္ေလာက္ေနအံုးမယ္ထင္ေနတာ""

"ငါ့ေမေမ အေျခအေနေႀကာင့္ ျမန္လိုက္ရတာ..."

"ဟုတ္ေတာ့လည္းဟုတ္တာပဲ။အန္တီ့
အေျခအေနေကာ"

"သိပ္ေတာ့အားမရဘူး။မဂၤလာပြဲျပီးမွ ေဆးကုမယ္
လုပ္ေနတာနဲ႔။ငါလည္းဒီလိုျမန္ျမန္ဆန္ဆန္ႀကီး
မလုပ္ခ်င္ဘူး။နင့္ တခ်န္း ကိုယ္တိုင္ ငါ့ကို
လက္ထပ္ခြင့္မေတာင္းဘဲနဲေတာ့ငါလည္းလက္
မထပ္ခ်င္ဘူး။နင္ကေတာ့ ငါ့ကို တလြဲမာနႀကီး
ေနတယ္ထင္မွာပဲ"

"သူ...နင့္ကို တကယ္..."

"ဘာလဲ ေလွကားခြင္မွာေျပာခဲ့ဖူးတဲ့စကားပဲျပန္
ေျပာအံုးမလို႔လား??အဲ့အရြယ္တုန္းကလည္း
ငါ နင့္စကားကိုမယံုခဲ့ဘူးေနာ္ ပိုင္"

"ႏွင္းႏုရာ...ငါတို႔ေကာင္ နင့္တစ္ေယာက္တည္း
ကိုပဲ စြဲစြဲျမဲျမဲတြဲခဲ့တာပဲ။နင္တို႔နဲ႔ အတူတူတြဲခဲ့တဲ့
အတြဲေတြ ဘယ္ႏွစ္တြဲနင္တို႔လို ျမဲေနလို႔လဲ??
မိႏွင္းႏု အိမ္ေထာင္သည္မျဖစ္ေသးဘူး ပြစိပြစိ
မ်ားေနျပီ"

သူ႔စကားသူသေဘာတက်ရယ္ေနေသာ ပိုင့္ကို
သာေငးေနမိသည္။

ပိုင္ရာ~~ရည္းစားဆိုတာ ငါတို႕အမည္ခံပဲရွိခဲ့တာ
ငါ့ပါးကို အတင္းနမ္းခဲ့တဲ့လူက (၈)ႏွစ္လံုးလံုး
ငါ့လက္ကို တြဲမေလွ်ာက္ခဲ့ဖူးဘူးလို႔ေျပာရင္
နင့္သူငယ္ခ်င္းကို ဘယ္လူနာစာရင္းထဲနင္ထည့္
မလဲ ငါသိခ်င္တယ္။

အေတြးကိုယ္စီဝင္သြား၍လားမသိ။စကားဝိုင္းက
ေခတၱခဏတိတ္သြားျပီးမွ

"နင္လည္း ဒီအတိုင္းမေနနဲ႔အံုး။သင့္ေတာ္မယ့္
လူတစ္ေယာက္ေလာက္ရွာအံုး။နင့္ညီမေတာင္
နင့္ ေက်ာ္တက္သြားျပီ"

"ဟားးဟားးငါ မိန္းမမယူေတာ့ဘူးဆိုတာေနာက္
ေနတယ္ထင္ေနႀကတုန္းကိုး။အငယ္စြံတာလည္း
ငါ့ေႀကာင့္ပါဟ။ႀကီးေမမရွိေတာ့ ငါ့ညီမေလး
တစ္ေယာက္တည္း အဆင္မေျပဘူးေလ။ေဖေဖ
နဲ႔လည္း မထားခ်င္တာနဲ႔ ေကာင္း လက္ထဲပဲ
အတင္းထိုးအပ္ရေတာ့တာ"

"မဂၤလာေဆာင္ေတာ့ေရာက္ေအာင္လာေနာ္ပိုင္
နႏၵကိုယ္ပါ တစ္ခါတည္းဖိတ္တယ္ေျပာေပး။
နာမည္ႀကီးေတြတက္ေတာ့ ပြဲစည္တာေပါ့"

"မဟုတ္ပါဘူးဟာ...ဟိုေကာင္တခ်န္းကို ေျပာေပးအံုး။မဂၤလာမေဆာင္ခင္ ျပင္ဦးလြင္တက္ခဲ့။သူငယ္ခ်င္းေတြဆံုရေအာင္လို႔..."

"နင့္သူငယ္ခ်င္း နင့္ဟာနင္ေခၚ။နင္တို႔ႀကား ငါ
ဝင္မပါဘူး"

"ေအးေနာ္။ငါေခၚထားလို႔ နင့္ဆီျပန္မလာရင္..."

"ေကာင္စုတ္။ဒါဆိုလည္း နင္ပဲယူလိုက္ေတာ့"

"ဟားဟား ခုမႏၱေလးျပန္ဆင္းမွာလား?"

"ေအး။လိုက္မပို႔နဲ႔ေတာ့ရတယ္။နင္လည္းအစား
ေလးဘာေလးေသခ်ာစားအံုး။အသားလည္းမစား
ပဲ အားျပတ္ေနမယ္"

"ေအးပါဟာ"

ႏႈတ္ဆက္ထြက္သြားေသာ ႏွင္းႏုကိုမေငးႀကည့္
ခ်င္ေတာ့ဘူး။
လက္ထဲမွ ပန္းႏုေရာင္ ဖိတ္စာ...ဖိတ္စာရိုက္တဲ့
ေနရာ မလိုက္သြားလို႔ျဖစ္မယ္။ေမွ်ာ္လင့္ထားသည္ထက္ ေစာေနေသးေသာ ေပါင္းစည္းမႈတစ္ခု...

အားးမ်က္လံုးေတြစပ္လာတယ္။
ဒီရက္ပိုင္းအိပ္ေရးပ်က္ရက္ေတြမ်ားေနျပီ။
-
-
-
"သုတေရာ ဆရာမ"

"နားေနခန္းမွာ...ေန႔လည္ဧည့္သည္လာလို႔သြား
ေတြ႔ျပီးတည္းက ကိုပိုင္ မ်က္ႏွာမေကာင္းဘူး။
သြားေမးႀကည့္ပါအံုး"

နားေနခန္း ေထာင့္စြန္းခံုတြင္ ေခါင္းေမွာက္အိပ္
ေနေသာ သုတ။
ဘယ္ေတာ့မွ မလုပ္ဖူးသည့္အမူအရာမို႔ စိတ္ထဲ
နည္းနည္းထင့္၏

"သုတ..."

ေခါင္းေမာ့ႀကည့္ေတာ့ အိပ္ေရးပ်က္တာသိသာ
ေနေသာ မ်က္လံုးေတြနဲ႔ ျပန္ႀကည့္တာကလြဲ၍
ပံုမွန္ပဲ။

"ေန႔လည္ကဘယ္သူလာတာလဲ?"

"ႏွင္းႏုေဖြး။မဂၤလာေဆာင္လာဖိတ္သြားတာ"

"ဘာလဲ ေဆာင္ႀကေတာ့မွာလား?"

"အင္း။ဒါနဲ႔ မင္း ဒီညေနDuty ရွိလား?"

"Offတယ္ေလ။မင္းရွိတယ္မလား?"

"ေအး။ငါ သြားစရာရွိလို႔ လဲထားလိုက္တယ္။ညေန ငါ့ကို သကၤန္းေရာင္းတဲ့ဆိုင္ လိုက္ပို႔ပါ
လား?"

"သကၤန္း?ဘယ္လွဴမလို႔လဲ?"

"ငါ ဝတ္မလို႔"

"ဘာတုန္းကြ မင္းက ရုတ္တရက္ႀကီး"

"မင္းကို ေျပာဖူးတယ္ေလ နႏၵရာ။ငါအေနခက္
ေအာင္ ေမ့ခ်င္ေယာင္ေဆာင္မေနနဲ႔""

"မဆိုင္လိုက္တာ သုတရာ။မင္းေျပာထားတာ
ဟိုေကာင္က သတိရခ်င္မွေတာင္ရမွာ"

"လိုက္ပို႔ကြာ။ငါ ဒီအိပ္ခ်င္စိတ္နဲ႔ ဆိုင္ကယ္ေမာင္း
လို႔မျဖစ္လို႔"

နႏၵဦးေမာ္ မ်က္ႏွာလႊဲကာ အံ့ေတြႀကိတ္ထား၏
ဘယ္သူမွ မရိပ္မိေအာင္ႀကိဳးစားႏိုင္ေပမယ့္
ျပိဳင္ဖက္ျဖစ္ေနလို႕လားမသိ နႏၵ႔ကိုေတာ့ လိမ္လို႔
မရ။

"မင္းဖုန္းဆက္ျပီးျပီလား ခ်န္းကို"

"မဆက္ေတာ့ဘူး"

"ဒါဆို မင္းအျပီးဝတ္သြားမယ့္ကိစၥကိုေတာင္
ဒီေကာင္ မသိပဲထားမယ္ေပါ့"

"ခ်က္ခ်င္းဝတ္မွာမွ မဟုတ္တာကြာ။ငါ့အလုပ္
ေတြျဖတ္ျပီးမွ..."

"မင္း ကတိေပးထားတာလည္း မဟုတ္ပဲသုတ
ရာ။မင္းတစ္ေကာင္နဲ႔ေတာ့..."

လမ္းတစ္ေလွ်ာက္ နႏၵတစ္ေယာက္ အခဲမေႀက။
ပရိကၡရာဆိုင္ထဲလည္း လိုက္မဝင္။ဆိုင္အျပင္မွာ
သာ အံတႀကိတ္ႀကိတ္နဲ႔ ေစာင့္ေန၏။

ဆိုင္ထဲကျပန္ထြက္လာေတာ့လည္းဘာမွ မေျပာ။
ညေနေစာင္းသည္ႏွင့္ လူေျခတိတ္သြားတတ္
ေသာျပင္ဦးလြင္ျမိဳ႕၏သဘာဝအရလမ္းတ
ေလွ်ာက္တိတ္ဆိတ္ေန၏။
နီယြန္မီးေရာင္ေအာက္ကက်ေတာ္ေနထိုင္ရာ ရပ္
ကြက္သည္ ဆိတ္ျငိမ္လြန္းေန၍ ဆိုင္ကယ္စက္
သတ္သံကိုေတာင္ က်ယ္လြန္းေနတယ္ဟုထင္
ရသည္။

"သုတ...မင္း တကယ္သာသနာ့ေဘာင္ထဲမွာေန
ႏိုင္လို႕လား?"

"ေနႏိုင္တယ္ဆိုလားထက္ ေနခ်င္တာ"

"ေတာက္!သင္ထားတဲ့ ပညာေတြ အခုမင္းနဲ႔ငါ
လုပ္ေနတဲ့အလုပ္ေတြ..."

"သကၤန္းစီးထားရလို႔ မာတုကာမေတြနဲ႔ ထိေတြ႔
လို႔မရရင္ေတာင္ ငါ ရဟန္းအခ်င္းခ်င္းကုေပး
လို႔ရေသးတယ္။အဆံုးစြန္ဆံုးေျပာရရင္ ငါ့ပညာ
အရည္အခ်င္းနဲ႔ စာသင္ကိုယ္ေတာ္ေတြကို
English ျပန္သင္ေပးလို႔ရတယ္...ငါ တခ်န္း
ကို စိတ္နဲ႔ေတာင္ မျပစ္မွားမိေအာင္..."

"ငါနဲ႔ တြဲမလား"

ခဏတာတိတ္ဆိတ္သြားေသာပတ္ဝန္းက်င္ႀကား
ႏိုဝင္ဘာေဆာင္းေလက ခပ္ေသာ့ေသာ့ဝင္တိုက္
ခတ္သြား၏။

"ငါနဲ႔ တြဲမလား သုတ။ခ်စ္တာေတြႀကိဳက္တာေတြ
အဲ့ ေသာက္ေရးမပါေတြ မေျပာပဲ မင္း ငါနဲ႔တြဲ
ႀကည့္မလား?မင္း Gayဟုတ္မဟုတ္ေသခ်ာ
သြားေအာင္ အမ္ ငါနဲ႕တြဲႀကည့္မလား?"

"မင္း က Gay လား နႏၵ။ေယာက်ာ္းတစ္ေယာက္
နဲ႔ တြဲမယ့္အေႀကာင္းလြယ္လြယ္ေျပာေနရေအာင္"

"မင္း ခုလို ပံုစံျဖစ္မေနဖို႔ ေအး...ငါ Gayလုပ္
ရမယ္ဆိုလည္း လုပ္မယ္"

သေဘာတက်ထရယ္သံသည္ ေအးစက္မႈနဲ႔
ဆတူေပါင္းစပ္ေနေပမယ့္ ထင္းေနေအာင္ေပၚ
ေနေသာ ပါးခ်ိဳင့္တို႕ေႀကာင့္ ေလွာင္ျပံဳးလို႔လဲ သတ္မွတ္လို႔မရ။

"ဟား မင္းေျပာမွပဲ ငါ့ပံုစံကအရမ္းသနားစရာ
ေကာင္းေနျပီ။ျပန္ေတာ့  ေဟ့ေကာင္။ခရီးပန္းလာ
တာ ငါလည္းနားခ်င္ေနျပီ"

မင္းမသိပါဘူး။
ကိုယ္ခ်စ္တဲ့လူကို စိတ္နဲ႔ေတာင္
မျပစ္မွားရက္ေပမယ့္...
ကိုယ္ခ်စ္ခဲ့မိတဲ့အေႀကာင္းေတာ့ ႏႈတ္ကထုတ္ေျပာလို႕မရေပမယ့္...
အရိုးသားဆံုးခ်စ္ျပသြားခ်င္တယ္။
-
-
-
ႏွင္းႏွဆီမွ ဖိတ္စာလက္ထဲထည့္ျပီးျပီျဖစ္သည့္အ
ေႀကာင္းနဲ႔ မဂၤလာမေဆာင္ခင္ေတြ႔ႀကရေအာင္
ဆိုသည့္ အမွာစကားကလြဲ၍ ငပိုင့္ဆီက မည္
သည့္တုန္႔ျပန္မႈမွမရ။
တစ္ေနကုန္ A0 စာရြက္ေတြႀကားေပ်ာက္ေပ်ာက္
သြားတတ္ေသာ ဖုန္းကို မႀကာမႀကာထုတ္ထုတ္
ႀကည့္ေနမိ၍ စီနီယာကပင္လွမ္းေနာက္ေနေသး၏

ညေန အိမ္ျပန္ေရာက္ျပီး ဘာရယ္မဟုတ္ စိတ္ေျပ
လက္ေပ်ာက္ လိုင္းဖြင့္မိခ်ိန္ နႏၵဦးေမာ္၏
Post။

"အသည္းတစ္ျခမ္း ဘုန္းႀကီးဝတ္ေတာ့မလို႔တဲ့
ဝိုင္းေျပာေပးႀကပါအံုး""

ဟူေသာ Captionနဲ႔ သကၤန္းပရိကၡရာအေရာင္း
ဆိုင္ထဲက ဝိုးတဝါးျမင္ေနရေသာ ပိုင့္ေက်ာျပင္

မန္းေလးေတာင္ေျခက ဘုန္းႀကီးေက်ာင္းဝင္း
ထဲေျပာခဲ့ေသာ ပိုင္သုတ စကားသံေတြ...

က်ေတာ္ ျပင္ဦးလြင္ ကို မျဖစ္မေနသြားရေတာ့
မည္။

Thank You All


(Unicode)

/

/

/

[2017]

#Yangon🌁🌉

Facebook ဖွင့်လိုက်သည်နှင့် Newfeed
တွင် ပထမဆုံးမြင်ရသော Post...
မြန်မာလိုသာပေါင်းထားသော သူ့နာမည် ပိုင်သုတ
မနေ့ကမှ စစ်ဘေးရှောင်စခန်းတွေမှ ပြန်လာပြီ
ဆိုသည့် Postတွေ့ပြီးဒီမနက်တော့ သူတာဝန်
ကျရာ ပြင်ဦးလွင်ဆေးရုံကို ပြန်ရောက်ရှိနေပုံရ
သည်။
သူတင်ထားတာ မဟုတ်သည့်တိုင် Facebook
ကို နေ့စဉ်မှတ်တမ်းလို သဘောထားသုံးနေသော
နန္ဒဦးမော်၏ postများကြောင့်သာ ပိုင်သုတ
သတင်း အဆက်မပြတ်သိနေရတာ။

ပုဇွန်တောင်ဘူတာတွင် ထိုင်ငိုခဲ့သော ပထမနှစ်
ဆေးကျောင်းသားလေးသည် ၈နှစ်ကျော်ကာလ
တွင် လူမှုကွန်ယက်တွေမှာ အများလေးစားတဲ့
ပရဟိတဆရာဝန်တစ်ယောက်ဖြစ်နေခဲ့ပြီ။

မန္တလေးရောက်ပြီးတည်းက ပိုင်သုတနဲ့ လူချင်း
ဝေးသွားပေမယ့် အဆက်အသွယ်တော့မပြတ်ခဲ့
ကြ။ဒီနှစ်အတွင်း ဖုန်းတွေလွယ်လွယ်ဝယ်ကိုင်
လို့ရသည်ကြောင့်လို့ပြောရမည်။

ငပိုင် 3rd MBတက်နေချိန်ထိ ပိတ်ရက်တွေ
ဆို ရန်ကုန်မှာ၂ရက် ၃ရက်လောက်ရအောင်
လာနေသည်။လာသည့်အချိန်တိုင်း ကျတော်
တို့နှစ်ယောက်တည်း လျှောက်ပတ်ပြီးမှ ကျန်သည့်သူငယ်ချင်းတွေကိုတစ်ရက်သက်သက်
ချိန်းကာ တွေ့သည်။ထိုသို့လူစုံပြီဆို ကျတော်
က ဘေးထွက်နေရတာက ခပ်များများ။
အားလုံးထဲမှာ ဆေးလောကအပြင်ဘက်ရောက်
နေတာဆို၍ ကျတော်ပဲရှိသည်။
သင်နေလက်စ သူအားနာနာနဲ့ထားခဲ့ရတဲ့ သူ့
ပထမဆုံးတပည့် ရောင်နီဦးသည်လည်း သူ့ခြေရာ
နင်းကာ ဆေး(၁)မှာတက်နေတာ။ကောင်းဆက်စံ ဆေးဝါးသိပ္ပံဆိုတာကလည်းဆရာဝန်တွေနဲ့ အပြိုင်ဆွေးနွေးနိုင်သည့်အခြေအနေ။ခါတလေ နန္ဒဦးမော်ပါ ရန်ကုန်ထိကပ်ပါလာရင် သူတို့ဝိုင်းထဲ ကျတော်ဆိုချို့တဲ့ပညာမဟုတ်ပေ
မယ့် အသံတိတ်နေရပြီးဝင်ပြောရအောင်လည်း
ကျတော်သိတာက H beam T beam နဲ့
RC...Steel Structure သူတို့ပြောနေတဲ့ Besidesတွေ Enzyme နဲ့ OG Theory ဘာတွေဆိုတာလည်းကျတော်မသိ။
Operationနဲ့Dead Bodyတွေအကြောင်း
ရောက်ရင် လည်းရွံ့ရှာလန့်ထိတ် အသံသာ
ဆိတ်နေရသည်။
Part(1)ရောက်သည့်နှစ်ကစလို့ ငပိုင်ရန်ကုန်
ပြန်မဆင်းလာတော့...3rd MB Finalရဲ့
လေးဆလောက်ရှိတဲ့ စာတွေကို Suppleမထိ
အောင်ကြိုးစားနေရုံသာမက ပရဟိတအဖွဲ့တွေ
နောက်လိုက်ကာသူနဲ့ နန္ဒဦးမော်တို့စေတနာ
့ဝန်ထမ်းလုပ်ခြင်းဖြင့် ကျတော်ဖုန်းဆက်တိုင်း
ရောက်နေသည့်နေရာတွေက တစ်နေ့တစ်နေရာ
ပြောင်းနေသည်။

Facebookဆိုသည့် လူမှုကွန်ယက်ပေါ်တွင်
မန္တလေးဆေးကျောင်းက ဆရာဝန်လောင်းသူ
တို့နှစ်ယောက်အကြောင်းလူသိများလာသည်။
နောက်ခံ Backgroudကိုလည်း ဘယ်လိုလိုက်
ကြသည်မသိ...အနွယ်တော်အဆက်
နဲ့ ဘိုးစဉ်ဘောင်ဆက် ကုန်သည်မျိုးရိုးနဲ့ ခုထိ
မြို့မျက်နှာဖုံးဖြစ်နေသော မိသားစုမှမျိုးဆက်တွေ
ဆိုသော အရှိန်သည် သူတို့နှစ်ယောက်ကိုသွား
လေရာ မျက်နှာပွင့်နေစေသလိုပဲ။

နန္ဒဦးမော် postအောက် ဝင်မန့်ကြသော Commentsမျိုးစုံတွင် Postသိပ်မတင်
တတ်ပြီး ပြုံးလိုက်တိုင်းပါးချိုင့်ခွက်သွားတဲ့ ဆရာဝန်လောင်းတစ်ယောက်၏ သတင်းကိုမေး
တတ်သူများလည်း တစ်ပုံတပင်။
ကာယကံရှင်ကတော့ စကားဝိုင်းထဲဘယ်တော့
မှဝင်မပါတတ်ခဲ့ပေမယ့် ပရဟိတလုပ်ငန်းစဉ်မှတ
်တမ်းဓာတ်ပုံများတွင်တော့... ခါတလေကလေးတွေကိုစမ်းသပ်နေတတ်သလို
မကြာမကြာဆိုသလို ခါးလယ်မက
နစ်မြုပ်နေသော ရေတွေထဲ ဆေးပုံးတွေအိတ်တွေ
ထမ်းနေတဲ့ သူ့ပုံပါပါတတ်လာတယ်။

တစ်မနက်လုံးစောင့်ကြည့်နေခဲ့သည်။
ခုထိဘာpostမှ မတတ်လာခဲ့ခြင်းကို ကျတော်
မကျေနပ်တာလား ဘာလားမသေချာ။ဒီအချိန်ဆိုနှင်းနုနဲ့ သူတွေ့ပြီးလောက်ပြီ။လွန်ခဲ့
တဲ့သုံးလလောက်တည်းက မိသားစုတွင်းတိုးတိုး
်တိတ်တိတ်တိုင်ပင်ခဲ့သော မင်္ဂလာပွဲကဒီလ လဆန်းပိုင်းတွင် အတည်ဖြစ်ခဲ့သည်။ချစ်သူသက်
တမ်း(၈)နှစ်။နှစ်ယောက်စလုံးသင့်တင့်တဲ့အလုပ်
အကိုင်။အရေးပါဆုံးအကြောင်းပြချက်က ရင်သား
ကင်ဆာခံစားနေရသော အမေတစ်ယောက်၏
ဖတဆိုးဖြစ်နေပြီဖြစ်သော သမီးတစ်ယောက်ကို
ဘဝမကူးခင် စိတ်ချထားခဲ့ချင်စိတ်ကို မိန်းမသား
ချင်း စာနာသော မားစိတ်ကြောင့် မင်္ဂလာပွဲက
မျှော်မှန်းထားတာထက်စောပြီး ဖြစ်လာခဲ့သည်။

(၈)နှစ်တာ ကာလအတွင်းပျော်ခဲ့တယ်မဟုတ်
တောင် စိတ်မဆင်းရဲခဲ့တာတော့...နှင်းနု၏
သဘောထားကြီးပေးနိုင်ခြင်းအပေါ် အများကြီး
မူတည်လိမ့်မည်။
စစီစဉ်တည်းက ကျတော်မငြင်းဆန်ခဲ့
ငြင်းဆန်စရာလည်းမရှိဘူးလေ။နှင်းနုက မား
အတင်းပေးစားတဲ့ မိန်းကလေးမှမဟုတ်တာ။
ကျတော်ကိုယ်တိုင် ရွေးချယ်ထားတဲ့ လက်တွဲ
ဖော်ပဲ။မငြင်းတဲ့ အကြောင်းထဲ
မားကိုစိတ်ချမ်းသာစေချင်တာလည်းပါသည်။
တိုးတက်မှုမြန်ဆန်နေတဲ့ဒီခေတ်မှာသားသမီးနဲ့အသက် သိပ်မကွာသွားစေချင်တဲ့ မားသည်
အသက်၂၄နှစ်ဆိုတာ အိမ်ထောင်ပြုဖို့အသင့်
တော်ဆုံးအချိန်လို့ယူဆထားသူ။

မင်္ဂလာရက်သတ်မှန်ပြီး ဟိုတယ်လ်ရွေးတည်းက
ငပိုင့်ကို ဖုန်းဆက်အကြောင်းကြားပေမယ့်
မှိုင်းရှုးဖက်ထိ တပ်နဲ့ပါသွားတဲ့လူသည် Iphone
ကိုင်ထားပါစေကာမူ လိုင်းကမမိ။
တကယ်ပြန်လာတော့ ဖိတ်စာပင်ရိုက်ပြီး
နေသည့်အချိန်။ကိုယ်တိုင်လည်း မဖိတ်နိုင်။
မန်းလေးSiteကို QCအနေနဲ့ တာဝန်ရောက်သွား
တဲ့ နှင်းနုကိုသာ ပြင်ဦးလွင်တက်ကာဖိတ်ခိုင်း
လိုက်ရသည်။

ဒီမနက် ပြင်ဦးလွင်တက်ပြီးပေးမယ်ဆို ခုချိန်
ဆိုပေးပြီးနေလောက်ပြီ။

#ပြင်ဦးလွင်🍁🌸

""Dr""

"ဗျာ"

"ဧည့်သည်ဆောင်ရှေ့မှာ Dr ဧည့်သည်ရောက်
နေတယ်"

"ဟုတ်ကဲ့ ဆရာမ!"

အပြာဝတ်ဆရာမကြီးက

"မနေ့ညကမှ ပြန်ရောက်တာကို ၂ယောက်လုံး
မနားကြဘူး"

ဟူ၍ဆူတာလည်းမဟုတ် ဂရုဏာပါသော အပြောနဲ့ ချစ်စရာကောင်းစွာစူပွပွပြောလျက်ထွက်သွားပြီ။ဆရာမကြီးကိုကြည့်ရင်း မားကိုတောင်
သတိရသွားရပြန်ပြီ။

ဧည့်သည်လာသည်ဆိုတာနဲ့ ဝမ်းသာအားရထွက်
ကြိုလို့ရသည့်အခြေအနေမဟုတ်။
ရင်ကြပ်ဝေဒနာရှင် အဘွား၏ အသက်ရှုသံကို
နားကြပ်ကနေ တစ်ဆင့်နားထောင်နေရ၍ အား
မရတာ မဟုတ်။
"မနေ့ကမှ နလန်ထူထားတာလေ...မလောနဲ့"

ဟူ၍ ကိုယ့်ဘာသာကိုယ်သတိပေးရင်း သတင်း
စောင့်နေသော အဘွားရဲ့သမီးဖြစ်သူက
ိုပြုံးပြရသည်။

"အခြေအနေက ကောင်းလာပြီ။
အမေမစိုးရိမ်နဲ့တော့။ကျတော် ဆရာ့ကို ပြော
ကြည့်လို့ ဆရာကခွင့်ပြုမယ်ဆို နောင်နှစ်ရက်
လောက်နေပြီး အိမ်ပြန်ကြပေါ့။ရာသီဥတုအေး
လာပြီဆိုတော့ နွေးနွေးထွေးထွေးထားဖို့အဓိကပဲ"

"ကျေးဇူူးပါ သားပိုင်ရယ်။အမေတို့လည်း နည်း
နည်းပေါ့မိသွားတာ...""

"ဒီ Ladyချောချောကြီးကလည်း လှချင်တာကိုး
ဗျ။အောက်က အကျီ ၤမပေါ်မှာဆိုးလို့ ခြုံလွှာမခြုံ
ဘူးဆိုတာတော့နည်းနည်းများသွားပြီ...နေကောင်းအောင်နေ My Lady...ပြောစကား
နားထောင်ရင်ခြုံလွှာလှလှလက်ဆောင်ပို့ပေးမယ် Ok?""

ကလေးတစ်ယောက်လိုအယုအယခံချင်သော အရွယ်ရောက်နေပြီဖြစ်၍အဘွားသည် သူ့စကားကိုအသက်ရှုသံတရှီုရှီုကြားမှ
သဘောတကျခပ်သဲ့သဲ့ရယ်သည်

အရည်တွန့်နေပြီဖြစ်သောလက်နုနုသေးသေးတွေနဲ့ သူ့ခေါင်းကိုလှမ်းတော့ အလိုက်တသိခေါင်း
ထိုးပေးလိုက်ရသည်။
ခေါင်းကိုခပ်ဖွဖွ ပွတ်ပေးရင်းဘုရားသခင်သမီး
တော် ရယ်မို့ ဘုရားသခင်ထံမှကောင်းချီးသြဘာ
ကိုတစ်ဆင့်ခံတောင်းပေး၏။

"အာမင်..."

"သားပိုင်...ဧည့်သည်ရောက်နေတယ်ဆို...
သွားချင်သွားတော့လေ။အားနာစရာ"

"ဟုတ် အမေ။သွားပြီနော်။ညနေတစ်ခေါက်
roundလှည့်ချိန် ဝင်ခဲ့မယ်""

Duty Coatထဲမှ ဖုန်းထုတ်ကြည့်တော့ နေ့
လည်စာ စားချိန်။ဘယ်က ဧည့်သည်ပါလိမ့်။
စတိုင်ထုတ်တာမဟုတ်ပေမယ့် Dout Coat
တလွှားလွှားနဲ့ ဧည့်ဆောင်ကို ပြေးရသည်။

""ပိုင်~~""

""နှင်းနု...ဘယ်က ဘယ်လို""

"နင့်ကို ငါတို့ဆက်သွယ်နေတာကြာပြီ။နင့်ဖုန်း
ကလည်း စက်ပိတ်ထားတာက များနေတယ်"

"အေး ငါလည်းဟိုရောက်တည်းက အထုပ်ချပြီး
စခန်းတွေဖက်တန်းပြေးရတာ။ဖုန်းလည်းမကြည့်
ဖြစ်တော့ဘူး"

"နင်သာ မကြည့်တာ နင့် နန္ဒဦးမော် ကတော့
တင်သလားမမေးနဲ့။"

"ဝါသနာကိုး...ကဲ ခုဘာcase။ဘာစားပြီးသွားပြီ
လဲ?လာ ဒီနားက ထမင်းဆိုင်ကောင်းတယ်"

တခြားမိန်းကလေးတွေလို မစားဘူးဘာညာအိုင်
တင်မခံ။သူခေါ်ရာ ထမင်းဆိုင်သို့သာလိုက်လာသည်။တော်ရုံကိစ္စနဲ့ဆို လာတွေ့လောက်မှာ
မဟုတ်သူမို့ အကြောင်းရင်းခံတော့သိချင်တယ်

"မှာလေ နှင်းနု။ငါ Breakfastတောင်မစားရ
သေးလို့ မှာ နှင့်မယ်"

Stageကျောင်းတုန်းကနဲ့ ခြားနားစွာ သွက်လက်
ကာ တပြုံးပြုံးနဲ့ဖြစ်နေသော ပိုင်သုတသည် ပို၍ ပင်အရင်ကထက် အေးချမ်းနေသလိုပဲ။

"ပြောလေ နှင်းနု။ဘာကိစ္စနဲ့ ငါ့လာတွေ့တာလဲ
တချန်း နင့်ကို ဘာလုပ်လိုက်ပြန်ပြီလဲ?"

"မဟုတ်ပါဘူးဟာ...ရော့ဒီမှာ"

အိတ်ထဲသေချာထည့်လာသော ပန်းနုရောင်ဖိတ်
စာကို သူ့ရှေ့တိုးပေးတော့ တွန့်ကွေးနေသော
နှုတ်ခမ်းသားတို့ မျဉ်းတပြေးတည်းဖြစ်သွားပြီး
ဝါးလက်စ ထမင်းကို ခပ်မြန်မြန်မျိုချကာ ဖိတ်စာ
ကိုလှမ်းယူသည်။

"လဆန်းပိုင်းလောက်တည်းက နင့်ဆီဖုန်းဆက်
နေတာ။ချန်းက နန္ဒကိုပြောတယ်လို့တော့ပြော
တယ်။နန္ဒ နင့်ကို ပြန်မပြောပြဘူးလား"

"အင်...အင်းးငါတို့ကုသဆောင်မတူတာနဲ့..."

ပန်းနုရောင် မင်္ဂလာဆောင်ဖိတ်စာ
ကိုကြည့်ရင်း ပန်းရောင်က မိန်းမဆန်
တယ်လို့ ပြောဖူးတာသတိရပြီး...ပြုံးမိသေးတယ်

ငွေမင်ရောင်စာလုံးတွေနဲ့ ရိုက်ထားသောဖောင်း
ကြွ စကားလုံးတွင် မောင်ချန်းငြိမ်းအောင် ဆိုတဲ့
နာမည်က ခန့်ခန့်ညားညား။

""မြန်လိုက်တာနှင်းနုရ...ငါက
နောက်၂နှစ်လောက်နေအုံးမယ်ထင်နေတာ""

"ငါ့မေမေ အခြေအနေကြောင့် မြန်လိုက်ရတာ..."

"ဟုတ်တော့လည်းဟုတ်တာပဲ။အန်တီ့
အခြေအနေကော"

"သိပ်တော့အားမရဘူး။မင်္ဂလာပွဲပြီးမှ ဆေးကုမယ်
လုပ်နေတာနဲ့။ငါလည်းဒီလိုမြန်မြန်ဆန်ဆန်ကြီး
မလုပ်ချင်ဘူး။နင့် တချန်း ကိုယ်တိုင် ငါ့ကို
လက်ထပ်ခွင့်မတောင်းဘဲနဲတော့ငါလည်းလက်
မထပ်ချင်ဘူး။နင်ကတော့ ငါ့ကို တလွဲမာနကြီး
နေတယ်ထင်မှာပဲ"

"သူ...နင့်ကို တကယ်..."

"ဘာလဲ လှေကားခွင်မှာပြောခဲ့ဖူးတဲ့စကားပဲပြန်
ပြောအုံးမလို့လား??အဲ့အရွယ်တုန်းကလည်း
ငါ နင့်စကားကိုမယုံခဲ့ဘူးနော် ပိုင်"

"နှင်းနုရာ...ငါတို့ကောင် နင့်တစ်ယောက်တည်း
ကိုပဲ စွဲစွဲမြဲမြဲတွဲခဲ့တာပဲ။နင်တို့နဲ့ အတူတူတွဲခဲ့တဲ့
အတွဲတွေ ဘယ်နှစ်တွဲနင်တို့လို မြဲနေလို့လဲ??
မိနှင်းနု အိမ်ထောင်သည်မဖြစ်သေးဘူး ပွစိပွစိ
များနေပြီ"

သူ့စကားသူသဘောတကျရယ်နေသော ပိုင့်ကို
သာငေးနေမိသည်။

ပိုင်ရာ~~ရည်းစားဆိုတာ ငါတို့အမည်ခံပဲရှိခဲ့တာ
ငါ့ပါးကို အတင်းနမ်းခဲ့တဲ့လူက (၈)နှစ်လုံးလုံး
ငါ့လက်ကို တွဲမလျှောက်ခဲ့ဖူးဘူးလို့ပြောရင်
နင့်သူငယ်ချင်းကို ဘယ်လူနာစာရင်းထဲနင်ထည့်
မလဲ ငါသိချင်တယ်။

အတွေးကိုယ်စီဝင်သွား၍လားမသိ။စကားဝိုင်းက
ခေတ္တခဏတိတ်သွားပြီးမှ

"နင်လည်း ဒီအတိုင်းမနေနဲ့အုံး။သင့်တော်မယ့်
လူတစ်ယောက်လောက်ရှာအုံး။နင့်ညီမတောင်
နင့် ကျော်တက်သွားပြီ"

"ဟားးဟားးငါ မိန်းမမယူတော့ဘူးဆိုတာနောက်
နေတယ်ထင်နေကြတုန်းကိုး။အငယ်စွံတာလည်း
ငါ့ကြောင့်ပါဟ။ကြီးမေမရှိတော့ ငါ့ညီမလေး
တစ်ယောက်တည်း အဆင်မပြေဘူးလေ။ဖေဖေ
နဲ့လည်း မထားချင်တာနဲ့ ကောင်း လက်ထဲပဲ
အတင်းထိုးအပ်ရတော့တာ"

"မင်္ဂလာဆောင်တော့ရောက်အောင်လာနော်ပိုင်
နန္ဒကိုယ်ပါ တစ်ခါတည်းဖိတ်တယ်ပြောပေး။
နာမည်ကြီးတွေတက်တော့ ပွဲစည်တာပေါ့"

"မဟုတ်ပါဘူးဟာ...ဟိုကောင်တချန်းကို ပြောပေးအုံး။မင်္ဂလာမဆောင်ခင် ပြင်ဦးလွင်တက်ခဲ့။သူငယ်ချင်းတွေဆုံရအောင်လို့..."

"နင့်သူငယ်ချင်း နင့်ဟာနင်ခေါ်။နင်တို့ကြား ငါ
ဝင်မပါဘူး"

"အေးနော်။ငါခေါ်ထားလို့ နင့်ဆီပြန်မလာရင်..."

"ကောင်စုတ်။ဒါဆိုလည်း နင်ပဲယူလိုက်တော့"

"ဟားဟား ခုမန္တလေးပြန်ဆင်းမှာလား?"

"အေး။လိုက်မပို့နဲ့တော့ရတယ်။နင်လည်းအစား
လေးဘာလေးသေချာစားအုံး။အသားလည်းမစား
ပဲ အားပြတ်နေမယ်"

"အေးပါဟာ"

နှုတ်ဆက်ထွက်သွားသော နှင်းနုကိုမငေးကြည့်
ချင်တော့ဘူး။
လက်ထဲမှ ပန်းနုရောင် ဖိတ်စာ...ဖိတ်စာရိုက်တဲ့
နေရာ မလိုက်သွားလို့ဖြစ်မယ်။မျှော်လင့်ထားသည်ထက် စောနေသေးသော ပေါင်းစည်းမှုတစ်ခု...

အားးမျက်လုံးတွေစပ်လာတယ်။
ဒီရက်ပိုင်းအိပ်ရေးပျက်ရက်တွေများနေပြီ။
-
-
-
"သုတရော ဆရာမ"

"နားနေခန်းမှာ...နေ့လည်ဧည့်သည်လာလို့သွား
တွေ့ပြီးတည်းက ကိုပိုင် မျက်နှာမကောင်းဘူး။
သွားမေးကြည့်ပါအုံး"

နားနေခန်း ထောင့်စွန်းခုံတွင် ခေါင်းမှောက်အိပ်
နေသော သုတ။
ဘယ်တော့မှ မလုပ်ဖူးသည့်အမူအရာမို့ စိတ်ထဲ
နည်းနည်းထင့်၏

"သုတ..."

ခေါင်းမော့ကြည့်တော့ အိပ်ရေးပျက်တာသိသာ
နေသော မျက်လုံးတွေနဲ့ ပြန်ကြည့်တာကလွဲ၍
ပုံမှန်ပဲ။

"နေ့လည်ကဘယ်သူလာတာလဲ?"

"နှင်းနုဖွေး။မင်္ဂလာဆောင်လာဖိတ်သွားတာ"

"ဘာလဲ ဆောင်ကြတော့မှာလား?"

"အင်း။ဒါနဲ့ မင်း ဒီညနေDuty ရှိလား?"

"Offတယ်လေ။မင်းရှိတယ်မလား?"

"အေး။ငါ သွားစရာရှိလို့ လဲထားလိုက်တယ်။ညနေ ငါ့ကို သင်္ကန်းရောင်းတဲ့ဆိုင် လိုက်ပို့ပါ
လား?"

"သင်္ကန်း?ဘယ်လှူမလို့လဲ?"

"ငါ ဝတ်မလို့"

"ဘာတုန်းကွ မင်းက ရုတ်တရက်ကြီး"

"မင်းကို ပြောဖူးတယ်လေ နန္ဒရာ။ငါအနေခက်
အောင် မေ့ချင်ယောင်ဆောင်မနေနဲ့""

"မဆိုင်လိုက်တာ သုတရာ။မင်းပြောထားတာ
ဟိုကောင်က သတိရချင်မှတောင်ရမှာ"

"လိုက်ပို့ကွာ။ငါ ဒီအိပ်ချင်စိတ်နဲ့ ဆိုင်ကယ်မောင်း
လို့မဖြစ်လို့"

နန္ဒဦးမော် မျက်နှာလွှဲကာ အံ့တွေကြိတ်ထား၏
ဘယ်သူမှ မရိပ်မိအောင်ကြိုးစားနိုင်ပေမယ့်
ပြိုင်ဖက်ဖြစ်နေလို့လားမသိ နန္ဒ့ကိုတော့ လိမ်လို့
မရ။

"မင်းဖုန်းဆက်ပြီးပြီလား ချန်းကို"

"မဆက်တော့ဘူး"

"ဒါဆို မင်းအပြီးဝတ်သွားမယ့်ကိစ္စကိုတောင်
ဒီကောင် မသိပဲထားမယ်ပေါ့"

"ချက်ချင်းဝတ်မှာမှ မဟုတ်တာကွာ။ငါ့အလုပ်
တွေဖြတ်ပြီးမှ..."

"မင်း ကတိပေးထားတာလည်း မဟုတ်ပဲသုတ
ရာ။မင်းတစ်ကောင်နဲ့တော့..."

လမ်းတစ်လျှောက် နန္ဒတစ်ယောက် အခဲမကြေ။
ပရိက္ခရာဆိုင်ထဲလည်း လိုက်မဝင်။ဆိုင်အပြင်မှာ
သာ အံတကြိတ်ကြိတ်နဲ့ စောင့်နေ၏။

ဆိုင်ထဲကပြန်ထွက်လာတော့လည်းဘာမှ မပြော။
ညနေစောင်းသည်နှင့် လူခြေတိတ်သွားတတ်
သောပြင်ဦးလွင်မြို့၏သဘာဝအရလမ်းတ
လျှောက်တိတ်ဆိတ်နေ၏။
နီယွန်မီးရောင်အောက်ကကျတော်နေထိုင်ရာ ရပ်
ကွက်သည် ဆိတ်ငြိမ်လွန်းနေ၍ ဆိုင်ကယ်စက်
သတ်သံကိုတောင် ကျယ်လွန်းနေတယ်ဟုထင်
ရသည်။

"သုတ...မင်း တကယ်သာသနာ့ဘောင်ထဲမှာနေ
နိုင်လို့လား?"

"နေနိုင်တယ်ဆိုလားထက် နေချင်တာ"

"တောက်!သင်ထားတဲ့ ပညာတွေ အခုမင်းနဲ့ငါ
လုပ်နေတဲ့အလုပ်တွေ..."

"သင်္ကန်းစီးထားရလို့ မာတုကာမတွေနဲ့ ထိတွေ့
လို့မရရင်တောင် ငါ ရဟန်းအချင်းချင်းကုပေး
လို့ရသေးတယ်။အဆုံးစွန်ဆုံးပြောရရင် ငါ့ပညာ
အရည်အချင်းနဲ့ စာသင်ကိုယ်တော်တွေကို
English ပြန်သင်ပေးလို့ရတယ်...ငါ တချန်း
ကို စိတ်နဲ့တောင် မပြစ်မှားမိအောင်..."

"ငါနဲ့ တွဲမလား"

ခဏတာတိတ်ဆိတ်သွားသောပတ်ဝန်းကျင်ကြား
နိုဝင်ဘာဆောင်းလေက ခပ်သော့သော့ဝင်တိုက်
ခတ်သွား၏။

"ငါနဲ့ တွဲမလား သုတ။ချစ်တာတွေကြိုက်တာတွေ
အဲ့ သောက်ရေးမပါတွေ မပြောပဲ မင်း ငါနဲ့တွဲ
ကြည့်မလား?မင်း Gayဟုတ်မဟုတ်သေချာ
သွားအောင် အမ် ငါနဲ့တွဲကြည့်မလား?"

"မင်း က Gay လား နန္ဒ။ယောကျာ်းတစ်ယောက်
နဲ့ တွဲမယ့်အကြောင်းလွယ်လွယ်ပြောနေရအောင်"

"မင်း ခုလို ပုံစံဖြစ်မနေဖို့ အေး...ငါ Gayလုပ်
ရမယ်ဆိုလည်း လုပ်မယ်"

သဘောတကျထရယ်သံသည် အေးစက်မှုနဲ့
ဆတူပေါင်းစပ်နေပေမယ့် ထင်းနေအောင်ပေါ်
နေသော ပါးချိုင့်တို့ကြောင့် လှောင်ပြုံးလို့လဲ သတ်မှတ်လို့မရ။

"ဟား မင်းပြောမှပဲ ငါ့ပုံစံကအရမ်းသနားစရာ
ကောင်းနေပြီ။ပြန်တော့ ဟေ့ကောင်။ခရီးပန်းလာ
တာ ငါလည်းနားချင်နေပြီ"

မင်းမသိပါဘူး။
ကိုယ်ချစ်တဲ့လူကို စိတ်နဲ့တောင်
မပြစ်မှားရက်ပေမယ့်...
ကိုယ်ချစ်ခဲ့မိတဲ့အကြောင်းတော့ နှုတ်ကထုတ်ပြောလို့မရပေမယ့်...
အရိုးသားဆုံးချစ်ပြသွားချင်တယ်။
-
-
-
နှင်းနှဆီမှ ဖိတ်စာလက်ထဲထည့်ပြီးပြီဖြစ်သည့်အ
ကြောင်းနဲ့ မင်္ဂလာမဆောင်ခင်တွေ့ကြရအောင်
ဆိုသည့် အမှာစကားကလွဲ၍ ငပိုင့်ဆီက မည်
သည့်တုန့်ပြန်မှုမှမရ။
တစ်နေကုန် A0 စာရွက်တွေကြားပျောက်ပျောက်
သွားတတ်သော ဖုန်းကို မကြာမကြာထုတ်ထုတ်
ကြည့်နေမိ၍ စီနီယာကပင်လှမ်းနောက်နေသေး၏

ညနေ အိမ်ပြန်ရောက်ပြီး ဘာရယ်မဟုတ် စိတ်ပြေ
လက်ပျောက် လိုင်းဖွင့်မိချိန် နန္ဒဦးမော်၏
Post။

"အသည်းတစ်ခြမ်း ဘုန်းကြီးဝတ်တော့မလို့တဲ့
ဝိုင်းပြောပေးကြပါအုံး""

ဟူသော Captionနဲ့ သင်္ကန်းပရိက္ခရာအရောင်း
ဆိုင်ထဲက ဝိုးတဝါးမြင်နေရသော ပိုင့်ကျောပြင်

မန်းလေးတောင်ခြေက ဘုန်းကြီးကျောင်းဝင်း
ထဲပြောခဲ့သော ပိုင်သုတ စကားသံတွေ...

ကျတော် ပြင်ဦးလွင် ကို မဖြစ်မနေသွားရတော့
မည်။

Thank You All

Okumaya devam et

Bunları da Beğeneceksin

2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.1M 26.1K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
314K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...