EX-pect

By HsuChiKo365

8.7M 724K 38.9K

B×B(Own Characters) Romance,Drama and other age limited feelings ဒီ​ေလာကထဲကမတည္​ျမဲျခင္​းတရား​ေတြထဲ မင္​းကို​... More

About Story
Intro
ခ်န္း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
Epi8
Epi-9
Epi-10
Epi-11
Epi-12
Epi-13
Epi-14
Epi-15
Epi-16
Epi-17
Epi(18-1)
Epi 18-2
Epi-19
​ေတာင္​းပန္​လႊာ
Epi-20
Epi-21
Epi-22
Epi(23-1)
Epi(23-2)
Epi24
Epi-26
Epi-27
Epi-28
Epi-29
Epi-30
Epi-31
Epi-32
Epi-33
Epi-34
Epi-35
Epi-36
Epi-37
Epi-38
Epi-39
EPI-40
Epi-41
EPI-42
Epi-43
Epi-44
Epi-45
Epi-46
Epi-47
Epi-48
Epi-49
Ending
Ending
Special Colla
July 2
စတင္ျခင္း
​ေမွ်ာ္​လင္​့ျခင္​း
မွားယြင္းျခင္း ၁
မက္ေမာျခင္း(၁)
မွားယြင္းျခင္း(၂)
မက္ေမာျခင္း(၂)
ေမတၱာရပ္ခံျခင္း
Life
Life
ခ်စ္ျခင္းတရား
စစ္ျငိမ္းခ်မ္းပိုင္
စစ္ျငိမ္းခ်မ္းပို္င္ ၏ အိမ္စာ
We Are
Surprise!!!!
စစ္ျငိမ္းခ်မ္းပိုင္
နန္ဒဦးမော်ဆီက ပိုင်ဘာတွေသင်ယူခဲ့လဲ

Epi-25

112K 10.4K 911
By HsuChiKo365

"ဘယ္ကျပန္လာတာလဲ?"

ေဝေဝဝါးဝါးေပမယ့္ ကုတင္ေဘးမတ္တပ္ရပ္
ေနတာ ငပိုင္မွန္းသိတယ္။သူအေျဖျပန္မေပး
ႏိုင္ခင္ ေငါက္ခနဲထထိုင္ျပီး မ်က္မွန္ေကာက္တပ္
မွ ျပဴးေႀကာင္ႀကည့္ေနေသာ ငပိုင့္ကိုရွင္းရွင္း
လင္းလင္းျမင္ရေတာ့သည္။

ေမးတာမေျဖေသးသည့္အျပင္ စက္ေခ်းေတြလို
မည္္းမည္းအစြန္းေတြေပပြေနေသာ လက္ကို
ေနာက္သို႔ဖြတ္လိုက္ေသး၏။

စားပြဲေပၚတင္ထားတဲ့Digital နာရီေလးက
မနက္ ၇နာရီခြဲကို Numericalနဲ႔ေဖာ္ျပေန
သည္။

""နိုးျပီလား??""

"ဘယ္က ျပန္လာတာလဲ မင္း...ေပပြေနတယ္"

"အင္း ျခံထဲက...ထေလ။မ်က္ႏွာသစ္။မနက္စာ
အဆင္သင့္ျပင္ထားတယ္""

""ႀကီးေမတို႔ပါ ေစာင့္ေနတာလား??မနက္စာ
စားဖို႔""

""ႀကီးေမက ရက္ကန္းရံုကိုသြားျပီ။ငါတို႔အတြက္
အိမ္က အစ္မေတြျပင္ေပးထားတာ""

နည္းနည္းေတာ့အားနာစရာေကာင္းတယ္။
အိမ္ရွင္ေတြ အလုပ္ခြင္ထဲ ဝင္ေနတာေတာင္
က်ေတာ္က အိပ္ရာမထေသးတာ...မနက္စာ
ကလည္း ရန္ကုန္မွာလို တစ္ေယာက္တစ္လွည့္
ထြက္ဝယ္ရတာမဟုတ္ပဲ။သူတို႔အိမ္ကခန္႔ထား
တဲ့ ထမင္းခ်က္အစ္မႀကီးျပင္ေပးထားတာအရန္
သင့္နဲ႔...

"တခ်န္း အိပ္ေရးမဝရင္ ဆက္အိပ္ရတယ္။အိမ္မွာ
မင္းရယ္ ငါရယ္ပဲရွိတာ...""

က်ေတာ့္ကိုယ္္ထဲကို ဒီေကာင့္ကိုယ္ေစာင့္နတ္
ကိုမ်ား Spyအေနနဲ႔ လႊတ္ထားေလသလားေလ
အကုန္လံုးကို သိေနတာႀကီးက...ႀကာေတာ့
နားရင္းပဲ ေျပးအုပ္ခ်င္လာတယ္။

ဘာမွဆက္မေျပာခ်င္၍ ကုန္းက်ံဳးထကာ
အိပ္ရာသိမ္းဖို႔လုပ္ေတာ့လည္း

""ထားထား ငါသိမ္းလိုက္မယ္""တဲ့

"ဘာေတြကိုင္ထားမွန္းမသိပဲ ေပပြေနတဲ့လက္နဲ႔
အိပ္ရာသိမ္းစရာလား??မင္းလက္အရင္သြား
ေဆး"

အိမ္က်ယ္ႀကီးထဲ တိတ္တိတ္ဆိတ္ဆိတ္...
အိမ္မွာ သူတို႔ႀကီးေမနဲ႔ သူတို႔ေမာင္ႏွမပဲေနတာ
လို႔ ေျပာဖူးတဲ့ စကားထဲ အလိမ္တစ္ခြန္းမွမပါ
ခန္႔ထားတဲ့ အိမ္က ဝန္ထမ္းေတြကို ျခံႀကီး
ေဘးမွာ တန္းလ်ားေဆာက္ေပးထားတာကိုးး
အိမ္ထဲ သူတို႔သံုးေယာက္ပဲရွိတာကအမွန္ပဲ...

က်ေတာ္တို႔ထမင္းစားခန္းထဲေရာက္ေတာ့
အေသးေလးကပါဝင္လာျပီး သူ႔အစ္ကို ကိုေရာ
က်ေတာ့္အတြက္ပါ ေကာ္ဖီလာလွည့္ထည့္ေပး၏

""အငယ္...ဘာေတြသေဘာေကာင္းေနလဲ??
ငါ့ကိုေကာ္ဖီေတြဘာေတြလာထည့္ေပးေနတယ္""

အေသးေလးသည္ သူ႔အစ္ကိိုကို တစ္လွည့္
က်ေတာ့္ကို တစ္လွည့္ႀကည့္ျပီးမွ

""ကိုေကာင္း က ဒီရက္ပိုင္းမႏၱေလးဆင္းလာလို႔
အဆင္မေျပဘူးတဲ့။ရြာထဲေရာက္ေနလို႔တဲ့""

""အဲ့ေတာ့...ကိုကို ကေခၚေပးရမွာလား??""

""ကိုကို!!""

အေသးေလးအသံနည္းနည္းက်ယ္သြား၏။
ငပိုင္ ဘာေကာင္လဲ??အစ္ကိုျဖစ္ျပီး ေျပာသင့္
လာမသိ မေျပာသင့္လားမသိ။က်ေတာ္ဝင္ပါ
သင့္မပါသင့္ ေတြေဝေနစဥ္မွာပင္

""အငယ္...ခုဆယ္တန္းတက္မွာေနာ္။စာပဲလုပ္
ေအာင္ျမင္တဲ့ေယာက်ာ္းေတြက သူ႕ထက္
နိမ့္တဲ့မိန္းမမ်ိဳးကိုအိမ္ေထာင္ဖက္အေနနဲ႔မစဥ္းစား တတ္ဘူး။သူနဲ႔ တန္းတူအမွီလိုက္ႏိုင္ေနမွ...ခု
ကို ေျပာခ်င္တာ နာလည္လား အငယ္""

""ဟုတ္...ဟုတ္ကဲ့""

""ဆရာမ လာေတာ့မွာမလား??အဆင့္ျပင္ျပီး
ေစာင့္ေနသင့္တယ္လို႔ထင္တာပဲ...""

""ဟုတ္""

ဒါ က်ေတာ္ အႏိုင္က်င့္ေနက် ငပိုင္မွ ဟုတ္ပါရဲ႕
လား??ငိုမိတိုင္း ဒါ ငိုစရာမဟုတ္ဘူးေလ လို႔
ေျပာျပီးမ်က္ရည္ကုန္တဲ့အထိ စိတ္ရွည္လက္ရွည္
သုတ္ေပးခဲ့သူက ေနာက္တစ္ကိုယ္ခြဲမ်ားလား??
ခပ္တည္တည္နဲ႔ ေျပာခ်င္တာေတြေျပာေနေသာ
ငပိုင္ သည္ တျခားတစ္ေယာက္လိုပဲ...

"မင္းမွာ အေမနဲ႔ မႀကီးျပင္းခဲ့ရတဲ့ ညီမေလးတစ္
ေယာက္ရွိေနရင္ ငါ့လိုပဲ ေျပာတတ္လာလိမ့္မယ္
တခ်န္း...""

္ပါးခ်ိဳင့္ႏွစ္ဖက္လံုးအဆံုးထိနစ္ဝင္သြားသည္အထိ
ျပံဳးျပေနေသး၏။
အဆိုေတာ္ေတြေျပာေနက်စကားအတိုင္းေျပာရ
မယ္ဆိုရင္ ငပိုင္က Flow Changeတာ
ျမန္တယ္။

""မင္းဆိုရင္လည္း မင္းထက္နိမ့္တဲ့ မိန္းမကို မယူ
ဘူးေပါ့""

"မယူဘူး...""

အျပင္ဘက္ဆီမွ ေရႊက်ီးသာသံသည္ ထမင္းစား
ခန္းထိ ျပန္႔လြင့္လာ၏။
က်ေတာ္ဆက္မေမးမိ။ပတ္ဝန္းက်င္သည္ စကၠန္႔
အနည္းငယ္ ဆိတ္ျငိမ္ျပီးမွ

"ငါ့ထက္နိမ့္တာေရာ ငါနဲ႔ Levelတူေရာ...
ငါ့ထက္ေတာ္တဲ့မိန္းမေရာ ဘယ္သူ႔ကိုမွ ငါမယူ
ဘူး"

"ဘယ္လို??"မိန္းမ မယူရင္မင္းက ဒီအတိုင္းေနမွာလား??"

"တခ်န္းရ...ဆရာေမာင္လွမ်ိဳး(ခ်င္းေခ်ာင္းျခံ)က
ေျပာဖူးတယ္...အခ်စ္ကင္းမဲ့တဲ့ လက္ထပ္ျခင္းဆိုတာေတြ  ႐ွိေနသ၍၊
လက္ထပ္ျခင္းကင္းမဲ့တဲ့  ခ်စ္ျခင္းေတြက ႐ွိေနမွာ တဲ့..."

"ဒါဆို...ခ်စ္ရင္ေတာင္ မင္း စံနဲ႔မကိုက္ညီနဲ႔
လက္မထပ္ဘူး အဲ့လိုေျပာတာလား??""

"တခ်န္း...မင္း နဲ႔ ငါ မနက္ေစာေစာ ျမန္မာဇာတ္
ကားေတြထဲက မင္းသားေတြလို ေျပာေနႀကတာ
တစ္မ်ိဳးႀကီးပဲကြ...ေတာ္ေတာ့ ေဟ့ေကာင္
ဟားးး ငါက စာေတြဘာေတြေတာင္ ရြတ္လိုက္ေသး...ပလက္ကြ်တ္ေနတာ ေတာ္ရံု
မဟုတ္ဘူးပဲ ဟားးဟားး"

ငပိုင္တဟားဟားေအာ္ရယ္ေနပံုကို ႀကည့္ျပီးလိုက္ရယ္မိသည္။ငပိုင္ ေျပာတာလည္း ဟုတ္သား...
ဘာႀကီးမွန္းမသိ မ်က္ႏွာေတြပူလာတာ။ရွက္စရာ
ႀကီးကြာ။

တခ်န္းရာ...
ခ်စ္တယ္လို႔ ေျပာခြင့္မရွိတဲ့ ဘဝမွာ အတူရွိခ်ိန္တိုင္းဒီကမၻာမွာအခ်စ္ရွိတယ္ ဆိုတာကို ေမ့ထားခ်င္တယ္။
ငါ့အတြက္က မင္းရွိေနရင္ ရျပီေလ

""မားဆီ ဖုန္းဆက္အံုးေလ...ဒီေန႔ေစ်းခ်ိဳ
နဲ႔ ေတာင္သမန္အင္းဖက္သြားမယ့္အေႀကာင္း""

Handphone ကိုထိုးေပးျပီး ဖုန္းဆက္ခိုင္း
ေနေသာ ငပိုင့္ကို မ်က္လံုးလွန္ကာႀကည့္မိသည္
မေက်နပ္ျခင္းမပါေပမယ့္ သိမ္ငယ္ေနစိတ္ကို
မျမင္ေစလို၍ နည္းနည္းေတာ့ မာန္တင္းထားရ
မိတယ္

""ေတာ္ျပီ မဆက္ေတာ့ဘူး""

""ဘာျဖစ္လဲ ဆက္ပါကြ။မားခုခ်ိန္ဆိုင္ေရာက္
ေနျပီပဲ...မားကို အက်ိဳးအေႀကာင္းေျပာျပေတာ့
မားစိတ္မပူရဘူးေပါ့..."

""ဟင့္အင္း Billကုန္တယ္ မဆက္ဘူး""

"Bill ကလကုန္မွသြားေဆာင္လိုက္ရတာကို""

""ေအးေပါ့ မင္းတို႔လို သူေဌးသားကေတာ့
့ဒီေလာက္ပိုက္ဆံကို အေပ်ာ့ေပမယ့္ ငါက...""

""တခ်န္း...ေဟ့ေကာင္ ငါ့ကိုႀကည့္""

ဝတ္လက္စ ရွပ္အက်ီ ကို ႀကယ္သီးအကုန္
မတပ္ေတာ့ပဲ က်ေတာ္ရွိရာေလွ်ာက္လာကာ
ကုတင္ေပၚထိုင္ေနေသာ က်ေတာ့္ေရွ႔ဒူးတစ္ဖက္
ေထာက္ကာထိုင္ရင္း...သူ႔ကို အတင္းႀကည့္ခိုင္း
ေနေသာ ငပိုင့္ပံုက က်ေတာ္ဖ်ားတုန္းက ေရပတ္ဝတ္အတင္းတိုက္ခိုင္းတဲ့ မ်က္ႏွာထားမ်ိဳး
ကိုေနာက္တစ္ႀကိမ္ျပန္ျမင္ေနရတာ...ခုတစ္
ႀကိမ္က သူ႔အိမ္ သူ႔အခန္းမို႔ က်ေတာ့္အိမ္မွာလို
ေပကပ္ကပ္ျပန္မႀကည့္ျဖစ္။
မရွက္တမ္းဝန္ခံရလ်ွင္ မႀကည့္ရဲတာဆို ပိုမွန္မည္

""ဒီမွာ တခ်န္း...ငါ့မိဘငါ့ဘိုးေဘးပိုက္ဆံရွိတာ
ငါနဲ႔ ဘာမွမဆိုင္ဘူး။သူေဌးသားက သူေဌးမဟုတ္
ဘူး။ခုေန ငါ့အေဖ ငါ့ကို ႏွင္ခ်ႀကည့္ ငါက အခြံပဲ
ငါ့မွာ ဘာမွမရွိေတာ့ဘူး...မင္းကလြဲလို႔""

"ဘာစကားလဲ ငပိုင္"

ေမးလိုက္ေတာ့မွပါးပ်ဥ္းတေထာင္ေထာင္ျဖစ္ေနရမွဦးက်ိဳးသြားေသာ ေျမြေဟာက္လို...ေလသံကပါ
ေပ်ာ့စင္းသြားတာ။

"ေအးေလ။ဘာမွ မရွိေတာ့ရင္ ေခၚထားမွာ မင္း
ပဲေလ??ေခၚလည္းေခၚထားခဲ့ဖူးတာပဲ""

"အဲ့ဒါ မင္းအေႀကာင္းမသိလို႔ ငပိုင္...ခုေန
မင္း ႏွင္ခ်ခံရ ရင္ မင္းရဲ႕ ဟိုတယ္ပိုင္ရွင္
နႏၵဦးေမာ္ဆီသာ သြား...မင္းကိုငါ့ထက္ေတာင္
စရိတ္ျငိမ္းတင္ေကြ်းထားလိမ့္မယ္""

"မတူဘူးေလ...တခ်န္းရ။အတူတူ
ရယ္ခဲ့ဖူးသူထက္အတူတူငိုခဲ့ဖူးသူကို ပိုခင္တြယ္တတ္ႀကတာ လူ႔သဘာဝပဲ။အဆင္ေျပ
ခ်ိန္မွာ ေတြ႔ခဲ့သူထက္ ဒုကၡေရာက္ေနခ်ိန္မွာ
အတူတူ ေဝမ်ွခဲ့ဖူးတဲ့ မင္းနဲ႔မားဆီပဲ ငါလာေနရဲတယ္"

"အတူတူ မငိုခဲ့ဖူးပါဘူးကြာ..."

"ေအး မင္းပဲ ငိုခဲ့တာေလ"

"ငပိုင္မင္းကို ဆြဲကိုထိုးမွာ အဲ့အေႀကာင္းေတြထပ္ေျပာရင္...
ထေတာ့ သားႀကီး ဒီေလာက္ဆို အေဖခြင့္လႊတ္
တယ္"

"နဂ်ီေကာင္ရဲ႕ သားေတာ့ မလုပ္ပါရေစနဲ႔ ဟားး"

ငယ္နာမည္ေျပာင္ကိုစေတာ့ ရွက္တတ္စြာ...
ရွက္ရမ္းရမ္းေရာထင့္ တကယ္လိုက္ထိုးရံုသာ
မက ေက်ာကုန္းလည္းေကာ့သြားရသည္။
အရိုးထဲက အားထြက္တယ္ဆိုတာဒါပဲ...

အေနမက်ပ္ေစရန္ရယ္ေမာေနေပမယ့္ ကိုယ့္စိတ္ေတြကေတာ့ ေပါ့မသြားပဲ
ပိုပိုေလးလာတယ္...ရုပ္ဝတၳဳေတြေႀကာင့္ ခ်န္း
ပူေလာင္ေနမွာစိုးတယ္...
အတူတူမငိုခဲ့ဖူးတာမဟုတ္ပါဘူး။ငါပါလိုက္ငိုရင္
မင္း ပိုေပ်ာ့ညံ့သြားမွာဆိုးလို႔ပါ...ခုဆိုမင္း
မငိုတတ္ေတာ့ဘူးေလ။

တခ်န္း ေစ်းခ်ိဳထဲဝင္သည္ႏွင့္
"မလိုခ်င္ဘူး။မလိုခ်င္ဘူး။""
ဆိုသည့္မာနကိုထိပါးေႏွာင့္ယွက္သည့္ေဘး
အႏၱရာယ္မွ ေကြကင္းသည့္ ဂါထာေတာ္ႀကီးကို
အဆက္မျပတ္ရြတ္ဆို အာဂံုေဆာင္ေတာ့၏။
အဖ်က္သမားက်ေတာ္သည္လည္း အဖ်က္သမား
ပီပီ အကြက္က်နစြာ ေဘာင္းဘီခါးဆိုဒ္ကအစ
သိေနသည္မို႔ သူ႔ဂါထာက ထင္သေလာက္အစြမ္း
မထက္။
ဂါထာ၏ေဘးထြက္ဆိုးက်ိဳးက...က်ေတာ့္လက္
ထဲက ေစ်းဝယ္အိတ္တစ္ပံုတပင္။

""ငပိုင္...မင္းအဲ့ဆိုင္ထဲ ဝင္တာနဲ႔ ငါထြက္ေျပး
ေတာ့မွာ...ေပ်ာက္ခ်င္တဲ့ေနရာေပ်ာက္ပါေစ
ဖမ္းေခၚခ်င္တဲ့ေကာင္လည္း ဖမ္းေခၚပါေစေတာ့"

""ဒါ Last One...မင္းပဲဟိုတေလာကေျပာ
ေနတယ္ေလ လွ်ာဦးထုပ္အသစ္တစ္လံုးဝယ္
ရမယ္ဆိုျပီး...""

""မလိုခ်င္ဘူး။မလိုခ်င္ေတာ့ဘူး။မလိုဘူး"

"မင္း အနီေရာင္ႀကိဳက္တယ္မလား??ဟိုမွာ
အနီေရာင္...ေရာ့ေဆာင္းလိုက္ေတာ့ျပန္ရင္
ေနပူေနျပီ...ဦးေလးဒီဟာ ဘယ္ေလာက္လဲ?""

"ဆိုင္ကယ္ဦးထုပ္ေဆာင္းထားတာကို ဒီဦးထုပ္
ထပ္ေဆာင္းရေအာင္ ငါက ေစာင္ရူးလား?"

"ငါ့လာမေမးနဲ႔ မင္းဟာမင္းသိဖို႔ပဲလိုတာ..."

တဟီဟီနဲ႔ ျမင္းေသလို႔ ဝင္စားသလားပဲ...
ရယ္လိုက္တိုင္း ခြက္ဝင္သြားတဲ့ ပါးခ်ိဳင့္သာ
ျပန္ျပည့္လာရင္ေခါင္းျဖတ္သတ္မယ္လို႔မ်ား
ရာဇသံေပးခံထားရလား မွတ္ရတယ္။
ထြက္လာတည္းက အဲ့ပါးခ်ိဳင့္မူလေနရာျပန္
ေရာက္တာ မျမင္ေသးတာ...ဝမ္းတြင္းရူးေကာင္

ေစ်းခ်ိဳထဲကအထြက္ ထီလွည္းကလည္းတိုက္
တိုက္ဆိုင္ဆိုင္ ရန္ကုန္သားနဲ႔မႏၲေလးသူသီခ်င္း
ဖြင့္ျပီးေရာင္းေနတာ

မႏၲေလးျမိဳ႕ကေနပူပူ~~ေခြ်းေတြသံေတြဆူ~~
တကယ္ကို သရဲမေလးနဲ႔တူ

"ငပိုင္ အဲ့ဒါမင္းကိုေျပာေနတာ..."

ငလည္ေကာင္...ဝမ္းတြင္းရူးကသူ႔ေျပာေနတာမ
ဟုတ္သလို မႀကားခ်င္ေယာင္ေဆာင္ျပီး ဆိုင္ကယ္ကို မလိုပါပဲ တျဖင္းျဖင္းနဲ႔ စက္ႏႈိးေန
တာ...ဇက္ပိုးပဲအုပ္လိုက္ရရင္ေတာ့...လက္ထဲက
အိတ္ေတြေႀကာင့္...ေနပူေနတာ စိတ္တာေလ်ာ့
ထား...clam down

"ေတာင္သမန္ဖက္သြားမယ္??ငါတို႔
ေရာက္မယ့္အခ်ိန္ ေနေအးေနေလာက္ျပီ။မေအး
ေသးလဲ ႀကံရည္ေသာက္ျပီးေစာင့္မယ္။အဲ့က
ႀကံရည္ေကာင္းတယ္သိလား"

"ေအး"

နဂ်ီေကာင္ ႏွာကစ္ေနတာ ရယ္ရတယ္။စူပုပ္ျပီး
ေခြ်းတလံုးလံုးနဲ႔လငပုတ္ဖမ္းတဲ့မ်က္ႏွာျဖစ္ေနတာ
ကသူ...အဲ့ဒါကို က်ေတာ့္လာျပီး သရဲမေလးနဲ႔
တူတယ္ လာေျပာေနေသးတယ္။မႀကားခ်င္
ေယာင္ေဆာင္ေပးလိုက္တာ ေအးေရာ...

ေတာင္မင္းႀကီးဘုရားနားကေန ဦးပိန္တံတား
ထိတိုင္ေအာင္ တိုင္ေအာင္ စိုက္ပ်ိဳးထားေသာ
ဦးႀကီးနဲ႔ ေဒၚအို ေကာင္းမႈျဖစ္ေသာ မယ္ဇယ္ပင္
တန္းေတြေႀကာင့္ တခ်န္းနည္းနည္းေတာ့ေခြ်း
သိပ္သြားမွာပဲ...

""တခ်န္း...Okလား??"

"အင္း...ဒါနဲ႔ ဒါဘာပင္ေတြလဲ?"

တိုက္ခန္းထဲႀကီးျပင္းလာရသူမို႔ ခ်န္းက ေဒသႏၱရ
ဗဟုသုတနည္းပါးတယ္။

"မယ္ဇယ္ပင္...ရန္ကုန္မွာေတာ့ မယ္ဇလီေခၚ
တယ္ထင္တယ္"

"တန္ေဆာင္မုန္းေဆးေပါင္းခတဲ့ညမွာ
သုတ္စားႀကတာေတြလား ..."

"ေအးဟုတ္တယ္"

"မ်ားက်ိပဲကြ"

"ႀကီးေမေျပာျပတာေတာ့ ၁၂၁၄ေလာက္က ဦးႀကီးနဲ႔ ေဒၚအို ဆိုတဲ့ အဘိုးအဘြားႏွစ္ေယာက္
စိုက္ေပးခဲ့တာတဲ့။အဲ့အဘိုးရဲ႕အဆက္ေတြခုထိရွိ
ေသးတယ္ေျပာတယ္"

"ေတာ္ေတာ္ေတာ့ ကုသိုလ္ရမယ္။ဒီေခတ္နဲ႔မ်ား
ကြခ်က္...ေတာင္ဂတံုးျဖစ္ေအာင္သစ္ခုတ္ေန
တဲ့ လူေတြ ဒါေတြသိသင့္တယ္"

"တိုးတိုးေန ခ်န္း။မင္းက ေအာ္က်ယ္ေအာ္က်ယ္
နဲ႔"

"ဘာျဖစ္လဲ"

ဆိုင္ထဲက လူႀကီးေတြပင္ လည္ျပန္လွည့္ႀကည့္
ေလာက္တဲ့ထိ တခ်န္း၏ အသံvocal power
က စြဲေဆာင္မႈရွိတယ္။
ဆရာသမားက ႀကံရည္ေတာင္ ရိုးရိုးေသာက္
တာ မဟုတ္ဘူး ဇီးႀကံတဲ့ ရွည္ကိုေရြးေသာက္တာ

ေႏြလယ္ေရက်ခ်ိန္မို႔ အင္းထဲမွာငါဖမ္းေလွတစ္စီး
စႏွစ္စီးက တလြင့္လြင့္။ ညေနခင္းေလတေသြးေသြးနဲ႔မို႔ ေပၚလာေသာ
ကုန္းေျမတစ္ခ်ိဳ႕တစ္ဝက္ေပၚ ပဲစိုက္ေနသူေတြ
အနညး္ငယ္ေတာ့ အပူရွိန္သက္သာသြားေလာက္
ျပီ။

""ဟိုေကာင္ေတြ အပူေတြေတာ့ ရွပ္ေတာ့မွပဲ
ေရဆင္းခ်ိဳးေနႀကတာ""

အင္းထဲ ေရဆင္းစိမ္ေနေသာ ကေလးတစ္သိုက္
ကို သူနဲ႔လည္းမသိပါပဲ မ်က္ေမွာင္က်ံဳကာ
လိုက္ႀကည့္ျပီးေျပာေနေသး၏။

"အဲ့လိုဆင္းစိမ္ေနက် ဘာမွမျဖစ္ဘူး။တံတားေပၚ
တက္ေတာ့မလား?"

လက္က်န္ႀကံရည္ကို ဂလိုင္သံပါထြက္ေအာင္
အေျပာင္စုတ္ျပီးမွ

"Let move" တဲ့။

ေစ်းတန္းကို ဟိုႀကည့္ဒီႀကည့္နဲ႔ျဖတ္ေလွ်ာက္
ျပီးမွ တံတားေပၚတက္သည္။တခ်န္းေနာက္က
လိုက္ရင္း ရန္ကုန္ေရာက္ျပီးတည္္းက
မေရာက္ျဖစ္ေတာ့ေသာ ေတာင္သမန္အင္းကို
ေငးႀကည့္ေနရသည္။

က်ေတာ္ကသာထူးဆန္းစြာေျပာင္းလဲေပမယ့္
နမိတ္္အင္းကေတာ့ မေျပာင္းလဲေသး။
ေလေျပညက္ညက္ေတြ...သူ႔သေဘာအတိုင္း
လိုက္ပါ ပါရမီျဖည့္ဆီးေပးတတ္ေသာ လႈိုင္း
ႀကပ္ခြပ္ျဖဴလႊလႊေတြက အခင္အမင္မပ်က္
ခရီးဦးႀကိဳျပဳေနတတ္ဆဲ။ခပ္ေရးေရးျမင္ေနရေသာ
အေရွ႔ရွမ္းရိုးမကိုလွမ္းေမွ်ာ္ႀကည့္ရင္းမွ ထိုေဒသ
မွာပင္ ေမြးဖြားခဲ့ေသာ ေကာင္ေလးကို ေနာက္
ကေနပဲလွမ္းေငးေနရတယ္။
သူနဲ႔ က်ေတာ္က အေရွ႔ရိုးမနဲ႔ ေတာင္သမန္လိုပဲ
ရွမ္းရိုးမကို ေတာင္သမန္ကေနလွမ္းေမွ်ာ္ႀကည့္ရင္
ျမင္ေနရေပမယ့္မေရာက္ဘူးဆိုတာလည္းသိေန
ရတယ္။

"ငပိုင္ ဒါဘာအေစ့ေတြလဲ??"

"အဝင္ဇရပ္တြင္ ခင္းက်င္းေရာင္းခ်ေနေသာ
အိမ္ျပန္လက္ေဆာင္ေတြထဲက ေဘာစကိုင္း
ေစ့တို႕နဲ႔ လုပ္ထားေသာ လက္လုပ္ပစၥည္းေတြ
ကို စိတ္ဝင္တစားႀကည့္ေန၏

"ေဘာစကိုင္းေစ့တဲ့...လိုခ်င္ယူေလ။ငါလက္ေဆာင္ေပးမယ္"

က်ေတာ္မေျဖခင္ ဇရပ္ထဲကေနလွမ္းေျဖလိုက္သံ
လူမျမင္ခင္တည္းက သိတယ္။နႏၵဦးေမာ္...

"မင္းညေန ဒီဖက္လာမယ္ဆိုလို႔လာေစာင့္ေနတာ
ေနာက္က်လိုက္တာ သုတရာ"

"ေရာက္ေနတာႀကာျပီလား?"

"ေအး မင္းတို႔ႏွစ္ေယာက္ အေအးထိုင္ေသာက္
ေနတည္းက ငါေတြ႔တယ္။လာရမွာပ်င္းတာနဲ႔
ဒီကေနပဲေစာင့္ေနတာ...ခ်န္းျငိမ္းကို
ေရာက္တုန္းေရာက္ခိုက္ထန္းရည္တိုက္တာ
မဟုတ္ဘူး။ဘာလဲ ႀကံရည္တဲ့ သုတတို႔
ခ်စ္တီးက်ခ်က္က..."

"ငါထန္းရည္မႀကိဳက္ဘူး"

ခ်န္းမ်က္ႏွာထားတည္တည္နဲ႔ဝင္ေျပာေတာ့မွ
နႏၵတစ္ေကာင္ဆက္မေျပာေတာ့တာ...

"လာေလ သြားရေအာင္။ခ်န္းျငိမ္း မင္းဒီကိုခုမွ
ေရာက္ဖူးတာလား?"

"ေအး"

"အဆံုးထိေလ်ွာက္ႀကည့္မွာလား"

"ေအး...ဟိုဖက္ထိပ္ထိေလွ်ာက္မွာ"

"ဟိုဖက္ထိပ္ဒီဖက္ထိပ္ အတူတူေလွ်ာက္ရင္
ညားတတ္တယ္တဲ့ေနာ္။မင္း အဲ့ဒါသိလား?မင္း
ရည္းစားရမွ လာေလွ်ာက္ေတာ့ ေတာ္ႀကာငါတို႔နဲ႔
ေလွ်ာက္ရင္း...xD"

"နႏၵဘာေတြေလွ်ာက္ေျပာေနတာလဲ?တခ်န္း
အဲ့ဒါ ခရီးသြားဆြဲေဆာင္မႈတစ္ခုပဲ...မယံုနဲ႔
ဒီေကာင္ေလွ်ာက္ေျပာေနတာ။သိတယ္မလား?
ကိုရီးယားက နမ္ဆမ္တာဝါလား အဲ့မွာေသာ့ခ်ိတ္
ရင္ ညားတယ္ဆိုတာမ်ိဳးလို..."

"ငါ ဂ်ပိန္းမဟုတ္ဘူး ဟိတ္ေကာင္ေတြ။ငါႀကား
ဖူးတယ္ မင္းတို႔ေျပာတာေတြ။ငါသိခ်င္တာ
ဟိုဖက္ထိပ္မွာ ဘာရွိလဲသိခ်င္တာ"

"ဒါဆို မေလွ်ာက္နဲ႔ေတာ့ ဟိုဖက္ထိပ္မွာ ေတာင္
သမန္ရြာရွိတယ္။ငါတို႔ျမန္မာစာဖတ္စာအုပ္
ထဲမွာပါတဲ့ ေတာင္သမန္ရြာစား ေမာင္ေဖငယ္
အပိုင္စားရထားတဲ့ ရြာေလးေတြေပါ့။ေျမာက္ဘက္
ထိပ္နားမွာ အမတ္ႀကီးဘသီေနဖူးတယ္။ဒါပဲ
ဟိုဖက္မွာရွိတာ"

"သြားႀကည့္ခ်င္လား တခ်န္း"

"သြားမယ္"

တခ်န္းေခါင္းမာခ်က္ကို နႏၵဦးေမာ္လက္ေျမွာက္
သြားေတာ့၏။
ေျဖးေျဖးမွန္မွန္ေလွ်ာက္လာရင္း နႏၵဦးေမာ္သည္
ဟိုတယ္လ္ပိုင္ရွင္ေလာင္းလ်ာပီသစြာ ခရီးသြားလမ္းျပGuideလုပ္ျခင္းကိုလည္း
minorအျဖစ္တတ္ကြ်မ္းေႀကာင္းျပေသး၏

"ဦးပိန္ေဆာက္လို႔ ဦးပိန္တံတားလို႔ေခၚတာ
ေတာင္သမန္အင္းထဲ ရွိလို႔ ေတာင္သမန္တံတား
လို႔လည္းေခၚေသးတယ္။ျမိဳ႕စာေရးဦးပိန္က
ဟိုဖက္မွာကမ္းမွာ မိန္းမတစ္ေယာက္ ဒီဖက္
ကမ္းမွာ မိန္းမတစ္ေယာက္ယူထားတယ္ကြာ
အဲ့ဒါ အင္းခံေနေတာ့ သြားေရးလာေရးအဆင္
မေျပျဖစ္လို႔ဆိုျပီး သူေဆာင္ေတာ္ကူးရလြယ္
ေအာင္ ဒီတံတားကိုေဆာက္လိုက္တာ...ဒါနဲ႔
ဦးပိန္ျဖစ္လာတာ"

"ေဟ့ေကာင္ တခ်န္းကိုေပါက္ကရေတြမေျပာနဲ႔ ဒီေကာင္ေျပာတာေတြမယံုနဲ႔။ငါတို႕သမိုင္းဆရာ
ေလးေျပာတာ မင္းလညး္သင္ထားရတာကို
ငါ နရင္းအုတ္လိုက္ရ..."

"ေဟ့ေကာင္ အႀကီးႀကီးေတြေျပာေတာ့ သူေခါင္း
ရႈပ္မွာေပါ့ကြ"

"အမွန္သိရဖို႔ပဲလိုတာ...တခ်န္း မင္းအခုနင္းထား
တဲ့ အခင္းေတြက အင္းဝနန္းေတာ္ထဲကသစ္ေတြ
ဒီတံတားက ႏိုင္ငံေရးလွည့္ကြက္ရဲ႕ျပပုဒ္တစ္ခု
ပဲ။ဦးပိန္တံတားေႀကာင့္ ဟိုဖက္ကမ္းနဲ႔ဒီဖက္ကမ္း
ကူးသန္းေရာင္းဝယ္ေရး ေကာင္းခဲ့တာမွန္ေပမယ့္
တစ္ဖက္ကလည္း အင္းဝနန္းေတာ္စေတးလိုက္ရ
တယ္။မင္းေနျပည္ေတာ္ေလးႀကိမ္ျဖစ္ခဲ့ေပမယ့္
အင္းဝမွာ ဒါ ဘုရင္နန္းစံခဲ့တဲ့ နန္းေတာ္ဆိုျပီး
ျပစရာမရိွေတာ့ဘူး။ပုဂံမင္းကိုေျပာေတာ့ သစ္
ေဟာင္းေတြလို႔ေျပာေပမယ့္ အေကာင္းလိုက္
ႀကီးရွိေနေသးတဲ့ သစ္လံုးေတြလည္းခိုးထုတ္ခံ
ရတာပဲ။ဦးပိန္ခမ္းနားတယ္ဆိုတာ အင္းဝနန္း
ေတာ္ရဲ႕ ခမ္းနားမႈကိန္းေအာင္းေနလို႔။ဒါေႀကာင့္
ဒီနဂါးျဖဴႀကီးကို တကူးတကလာတက္ႀကည့္
ႀကရတာ။နဂါးျဖဴဆိုတာငါ ေလွ်ာက္တင္ျပီး
ေျပာတာမဟုတ္ဘူးေနာ္ ျမန္မာႏိုင္ငံေရာက္
လာတဲ့ ဆာဂ်ိမ္းေဂ်ာ့စေကာ့ တင္စားေျပာခဲ့တာ"

"Wow သုတ...မင္းအဲ့လိုစတိုင္နဲ႔ ေကာင္မေလး
ေတြေရွ႔မွာသာ ရွင္းျပရင္ ေႀကြဆင္းလာႀကမွာ"

နႏၵဦးေမာ္ ထေဖာက္တာေတာင္ က်ေတာ္
မေဖာက္ျဖစ္။ငပိုင့္ကို နည္းနည္္းရွိန္သြားသလို
တစ္ဖက္ကလည္း သူေမြးဖြားရာဇာတိကိုဂုဏ္
ယူေနတတ္သူက ရန္ကုန္မွာေနခဲ့တာ ေပ်ာ္ခဲ့
မွာ မဟုတ္ဘူးဆိုတဲ့ အေတြးက ေလတျဖဴးျဖဴး
တိုက္ေနတာေတာင္ အသက္ရႈမဝေတာ့သလိုပဲ

"မင္းတို႔တကယ္ႀကီး ေလွ်ာက္မွာလား?"

ပ်င္းေလးဆြဲေလသံနဲ႔ေမးလာေသာ နႏၵကို
မႀကည့္ က်ေတာ့္ကို ႀကည့္ကာ

"တခ်န္း မင္း သြားႀကည့္ခ်င္တယ္မလား?"

"အင္း"

"နႏၵ...မင္းမလိုက္ခ်င္ ဒီေရွ႔က ဇရပ္မွာေနခဲ့ေတာ့
ငါ ခ်န္းနဲ႔လိုက္သြားေပးလိုက္မယ္"

"ေအး...ငါဒီနားမွာပဲထိုင္ေစာင့္ေနေတာ့မယ္"

နမိတ္အင္းရယ္လို႔ေက်ာ္ႀကားတဲ့ ေတာင္သမန္
အင္းနဲ႔ ပတ္သတ္တဲ့ လက္ဆင့္ကမ္းနမိတ္ဖတ္
စကားေတြကို တခ်န္းယံုႀကည္လားမယံုလား
က်ေတာ္မေျပာတတ္။
ဒါေပမယ့္ က်ေတာ္တို႔ေယာက္လံုး လက္ခ်င္း
မခ်ိတ္ျဖစ္ေပမယ့္ တစ္ေယာက္ပုခံုးတစ္ေယာက္
ဖတ္ရင္း တံတားဟိုဖက္ထိပ္နဲ႔ဒီဖက္ထိပ္ကို
ေလွ်ာက္ျဖစ္ခဲ့ႀကတယ္။

ဆိုရိုးစကားေတြသာ ျခြင္းခ်က္မရွိမွန္ခဲ့တယ္ဆိုရင္
ေတာင္ လြဲဖယ္စရာက ႀကြင္းက်န္ရစ္ေနဆဲ

ေယာက်ာ္းေလးေတြမို႔ တစ္ေယာက္လက္တစ္
ေယာက္ မဆုပ္ကိုင္မိခဲ့ႀကဘူး...

Thank You All

Unicode Version
__________________________________

"ဘယ်ကပြန်လာတာလဲ?"

ဝေဝေဝါးဝါးပေမယ့် ကုတင်ဘေးမတ်တပ်ရပ်
နေတာ ငပိုင်မှန်းသိတယ်။သူအဖြေပြန်မပေး
နိုင်ခင် ငေါက်ခနဲထထိုင်ပြီး မျက်မှန်ကောက်တပ်
မှ ပြူးကြောင်ကြည့်နေသော ငပိုင့်ကိုရှင်းရှင်း
လင်းလင်းမြင်ရတော့သည်။

မေးတာမဖြေသေးသည့်အပြင် စက်ချေးတွေလို
မည်းမည်းအစွန်းတွေပေပွနေသော လက်ကို
နောက်သို့ဖွတ်လိုက်သေး၏။

စားပွဲပေါ်တင်ထားတဲ့Digital နာရီလေးက
မနက် ၇နာရီခွဲကို Numericalနဲ့ဖော်ပြနေ
သည်။

""နိုးပြီလား??""

"ဘယ်က ပြန်လာတာလဲ မင်း...ပေပွနေတယ်"

"အင်း ခြံထဲက...ထလေ။မျက်နှာသစ်။မနက်စာ
အဆင်သင့်ပြင်ထားတယ်""

""ကြီးမေတို့ပါ စောင့်နေတာလား??မနက်စာ
စားဖို့""

""ကြီးမေက ရက်ကန်းရုံကိုသွားပြီ။ငါတို့အတွက်
အိမ်က အစ်မတွေပြင်ပေးထားတာ""

နည်းနည်းတော့အားနာစရာကောင်းတယ်။
အိမ်ရှင်တွေ အလုပ်ခွင်ထဲ ဝင်နေတာတောင်
ကျတော်က အိပ်ရာမထသေးတာ...မနက်စာ
ကလည်း ရန်ကုန်မှာလို တစ်ယောက်တစ်လှည့်
ထွက်ဝယ်ရတာမဟုတ်ပဲ။သူတို့အိမ်ကခန့်ထား
တဲ့ ထမင်းချက်အစ်မကြီးပြင်ပေးထားတာအရန်
သင့်နဲ့...

"တချန်း အိပ်ရေးမဝရင် ဆက်အိပ်ရတယ်။အိမ်မှာ
မင်းရယ် ငါရယ်ပဲရှိတာ...""

ကျတော့်ကိုယ်ထဲကို ဒီကောင့်ကိုယ်စောင့်နတ်
ကိုများ Spyအနေနဲ့ လွှတ်ထားလေသလားလေ
အကုန်လုံးကို သိနေတာကြီးက...ကြာတော့
နားရင်းပဲ ပြေးအုပ်ချင်လာတယ်။

ဘာမှဆက်မပြောချင်၍ ကုန်းကျုံးထကာ
အိပ်ရာသိမ်းဖို့လုပ်တော့လည်း

""ထားထား ငါသိမ်းလိုက်မယ်""တဲ့

"ဘာတွေကိုင်ထားမှန်းမသိပဲ ပေပွနေတဲ့လက်နဲ့
အိပ်ရာသိမ်းစရာလား??မင်းလက်အရင်သွား
ဆေး"

အိမ်ကျယ်ကြီးထဲ တိတ်တိတ်ဆိတ်ဆိတ်...
အိမ်မှာ သူတို့ကြီးမေနဲ့ သူတို့မောင်နှမပဲနေတာ
လို့ ပြောဖူးတဲ့ စကားထဲ အလိမ်တစ်ခွန်းမှမပါ
ခန့်ထားတဲ့ အိမ်က ဝန်ထမ်းတွေကို ခြံကြီး
ဘေးမှာ တန်းလျားဆောက်ပေးထားတာကိုးး
အိမ်ထဲ သူတို့သုံးယောက်ပဲရှိတာကအမှန်ပဲ...

ကျတော်တို့ထမင်းစားခန်းထဲရောက်တော့
အသေးလေးကပါဝင်လာပြီး သူ့အစ်ကို ကိုရော
ကျတော့်အတွက်ပါ ကော်ဖီလာလှည့်ထည့်ပေး၏

""အငယ်...ဘာတွေသဘောကောင်းနေလဲ??
ငါ့ကိုကော်ဖီတွေဘာတွေလာထည့်ပေးနေတယ်""

အသေးလေးသည် သူ့အစ်ကိုကို တစ်လှည့်
ကျတော့်ကို တစ်လှည့်ကြည့်ပြီးမှ

""ကိုကောင်း က ဒီရက်ပိုင်းမန္တလေးဆင်းလာလို့
အဆင်မပြေဘူးတဲ့။ရွာထဲရောက်နေလို့တဲ့""

""အဲ့တော့...ကိုကို ကခေါ်ပေးရမှာလား??""

""ကိုကို!!""

အသေးလေးအသံနည်းနည်းကျယ်သွား၏။
ငပိုင် ဘာကောင်လဲ??အစ်ကိုဖြစ်ပြီး ပြောသင့်
လာမသိ မပြောသင့်လားမသိ။ကျတော်ဝင်ပါ
သင့်မပါသင့် တွေဝေနေစဉ်မှာပင်

""အငယ်...ခုဆယ်တန်းတက်မှာနော်။စာပဲလုပ်
အောင်မြင်တဲ့ယောကျာ်းတွေက သူ့ထက်
နိမ့်တဲ့မိန်းမမျိုးကိုအိမ်ထောင်ဖက်အနေနဲ့မစဉ်းစား တတ်ဘူး။သူနဲ့ တန်းတူအမှီလိုက်နိုင်နေမှ...ခု
ကို ပြောချင်တာ နာလည်လား အငယ်""

""ဟုတ်...ဟုတ်ကဲ့""

""ဆရာမ လာတော့မှာမလား??အဆင့်ပြင်ပြီး
စောင့်နေသင့်တယ်လို့ထင်တာပဲ...""

""ဟုတ်""

ဒါ ကျတော် အနိုင်ကျင့်နေကျ ငပိုင်မှ ဟုတ်ပါရဲ့
လား??ငိုမိတိုင်း ဒါ ငိုစရာမဟုတ်ဘူးလေ လို့
ပြောပြီးမျက်ရည်ကုန်တဲ့အထိ စိတ်ရှည်လက်ရှည်
သုတ်ပေးခဲ့သူက နောက်တစ်ကိုယ်ခွဲများလား??
ခပ်တည်တည်နဲ့ ပြောချင်တာတွေပြောနေသော
ငပိုင် သည် တခြားတစ်ယောက်လိုပဲ...

"မင်းမှာ အမေနဲ့ မကြီးပြင်းခဲ့ရတဲ့ ညီမလေးတစ်
ယောက်ရှိနေရင် ငါ့လိုပဲ ပြောတတ်လာလိမ့်မယ်
တချန်း...""

်ပါးချိုင့်နှစ်ဖက်လုံးအဆုံးထိနစ်ဝင်သွားသည်အထိ
ပြုံးပြနေသေး၏။
အဆိုတော်တွေပြောနေကျစကားအတိုင်းပြောရ
မယ်ဆိုရင် ငပိုင်က Flow Changeတာ
မြန်တယ်။

""မင်းဆိုရင်လည်း မင်းထက်နိမ့်တဲ့ မိန်းမကို မယူ
ဘူးပေါ့""

"မယူဘူး...""

အပြင်ဘက်ဆီမှ ရွှေကျီးသာသံသည် ထမင်းစား
ခန်းထိ ပြန့်လွင့်လာ၏။
ကျတော်ဆက်မမေးမိ။ပတ်ဝန်းကျင်သည် စက္ကန့်
အနည်းငယ် ဆိတ်ငြိမ်ပြီးမှ

"ငါ့ထက်နိမ့်တာရော ငါနဲ့ Levelတူရော...
ငါ့ထက်တော်တဲ့မိန်းမရော ဘယ်သူ့ကိုမှ ငါမယူ
ဘူး"

"ဘယ်လို??"မိန်းမ မယူရင်မင်းက ဒီအတိုင်းနေမှာလား??"

"တချန်းရ...ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)က
ပြောဖူးတယ်...အချစ်ကင်းမဲ့တဲ့ လက်ထပ်ခြင်းဆိုတာတွေ  ရှိနေသ၍၊
လက်ထပ်ခြင်းကင်းမဲ့တဲ့  ချစ်ခြင်းတွေက ရှိနေမှာ တဲ့..."

"ဒါဆို...ချစ်ရင်တောင် မင်း စံနဲ့မကိုက်ညီနဲ့
လက်မထပ်ဘူး အဲ့လိုပြောတာလား??""

"တချန်း...မင်း နဲ့ ငါ မနက်စောစော မြန်မာဇာတ်
ကားတွေထဲက မင်းသားတွေလို ပြောနေကြတာ
တစ်မျိုးကြီးပဲကွ...တော်တော့ ဟေ့ကောင်
ဟားးး ငါက စာတွေဘာတွေတောင် ရွတ်လိုက်သေး...ပလက်ကျွတ်နေတာ တော်ရုံ
မဟုတ်ဘူးပဲ ဟားးဟားး"

ငပိုင်တဟားဟားအော်ရယ်နေပုံကို ကြည့်ပြီးလိုက်ရယ်မိသည်။ငပိုင် ပြောတာလည်း ဟုတ်သား...
ဘာကြီးမှန်းမသိ မျက်နှာတွေပူလာတာ။ရှက်စရာ
ကြီးကွာ။

တချန်းရာ...
ချစ်တယ်လို့ ပြောခွင့်မရှိတဲ့ ဘဝမှာ အတူရှိချိန်တိုင်းဒီကမ္ဘာမှာအချစ်ရှိတယ် ဆိုတာကို မေ့ထားချင်တယ်။
ငါ့အတွက်က မင်းရှိနေရင် ရပြီလေ

""မားဆီ ဖုန်းဆက်အုံးလေ...ဒီနေ့ဈေးချို
နဲ့ တောင်သမန်အင်းဖက်သွားမယ့်အကြောင်း""

Handphone ကိုထိုးပေးပြီး ဖုန်းဆက်ခိုင်း
နေသော ငပိုင့်ကို မျက်လုံးလှန်ကာကြည့်မိသည်
မကျေနပ်ခြင်းမပါပေမယ့် သိမ်ငယ်နေစိတ်ကို
မမြင်စေလို၍ နည်းနည်းတော့ မာန်တင်းထားရ
မိတယ်

""တော်ပြီ မဆက်တော့ဘူး""

""ဘာဖြစ်လဲ ဆက်ပါကွ။မားခုချိန်ဆိုင်ရောက်
နေပြီပဲ...မားကို အကျိုးအကြောင်းပြောပြတော့
မားစိတ်မပူရဘူးပေါ့..."

""ဟင့်အင်း Billကုန်တယ် မဆက်ဘူး""

"Bill ကလကုန်မှသွားဆောင်လိုက်ရတာကို""

""အေးပေါ့ မင်းတို့လို သူဌေးသားကတော့
့ဒီလောက်ပိုက်ဆံကို အပျော့ပေမယ့် ငါက...""

""တချန်း...ဟေ့ကောင် ငါ့ကိုကြည့်""

ဝတ်လက်စ ရှပ်အကျီ ကို ကြယ်သီးအကုန်
မတပ်တော့ပဲ ကျတော်ရှိရာလျှောက်လာကာ
ကုတင်ပေါ်ထိုင်နေသော ကျတော့်ရှေ့ဒူးတစ်ဖက်
ထောက်ကာထိုင်ရင်း...သူ့ကို အတင်းကြည့်ခိုင်း
နေသော ငပိုင့်ပုံက ကျတော်ဖျားတုန်းက ရေပတ်ဝတ်အတင်းတိုက်ခိုင်းတဲ့ မျက်နှာထားမျိုး
ကိုနောက်တစ်ကြိမ်ပြန်မြင်နေရတာ...ခုတစ်
ကြိမ်က သူ့အိမ် သူ့အခန်းမို့ ကျတော့်အိမ်မှာလို
ပေကပ်ကပ်ပြန်မကြည့်ဖြစ်။
မရှက်တမ်းဝန်ခံရလျှင် မကြည့်ရဲတာဆို ပိုမှန်မည်

""ဒီမှာ တချန်း...ငါ့မိဘငါ့ဘိုးဘေးပိုက်ဆံရှိတာ
ငါနဲ့ ဘာမှမဆိုင်ဘူး။သူဌေးသားက သူဌေးမဟုတ်
ဘူး။ခုနေ ငါ့အဖေ ငါ့ကို နှင်ချကြည့် ငါက အခွံပဲ
ငါ့မှာ ဘာမှမရှိတော့ဘူး...မင်းကလွဲလို့""

"ဘာစကားလဲ ငပိုင်"

မေးလိုက်တော့မှပါးပျဉ်းတထောင်ထောင်ဖြစ်နေရမှဦးကျိုးသွားသော မြွေဟောက်လို...လေသံကပါ
ပျော့စင်းသွားတာ။

"အေးလေ။ဘာမှ မရှိတော့ရင် ခေါ်ထားမှာ မင်း
ပဲလေ??ခေါ်လည်းခေါ်ထားခဲ့ဖူးတာပဲ""

"အဲ့ဒါ မင်းအကြောင်းမသိလို့ ငပိုင်...ခုနေ
မင်း နှင်ချခံရ ရင် မင်းရဲ့ ဟိုတယ်ပိုင်ရှင်
နန္ဒဦးမော်ဆီသာ သွား...မင်းကိုငါ့ထက်တောင်
စရိတ်ငြိမ်းတင်ကျွေးထားလိမ့်မယ်""

"မတူဘူးလေ...တချန်းရ။အတူတူ
ရယ်ခဲ့ဖူးသူထက်အတူတူငိုခဲ့ဖူးသူကို ပိုခင်တွယ်တတ်ကြတာ လူ့သဘာဝပဲ။အဆင်ပြေ
ချိန်မှာ တွေ့ခဲ့သူထက် ဒုက္ခရောက်နေချိန်မှာ
အတူတူ ဝေမျှခဲ့ဖူးတဲ့ မင်းနဲ့မားဆီပဲ ငါလာနေရဲတယ်"

"အတူတူ မငိုခဲ့ဖူးပါဘူးကွာ..."

"အေး မင်းပဲ ငိုခဲ့တာလေ"

"ငပိုင်မင်းကို ဆွဲကိုထိုးမှာ အဲ့အကြောင်းတွေထပ်ပြောရင်...
ထတော့ သားကြီး ဒီလောက်ဆို အဖေခွင့်လွှတ်
တယ်"

"နဂျီကောင်ရဲ့ သားတော့ မလုပ်ပါရစေနဲ့ ဟားး"

ငယ်နာမည်ပြောင်ကိုစတော့ ရှက်တတ်စွာ...
ရှက်ရမ်းရမ်းရောထင့် တကယ်လိုက်ထိုးရုံသာ
မက ကျောကုန်းလည်းကော့သွားရသည်။
အရိုးထဲက အားထွက်တယ်ဆိုတာဒါပဲ...

အနေမကျပ်စေရန်ရယ်မောနေပေမယ့် ကိုယ့်စိတ်တွေကတော့ ပေါ့မသွားပဲ
ပိုပိုလေးလာတယ်...ရုပ်ဝတ္ထုတွေကြောင့် ချန်း
ပူလောင်နေမှာစိုးတယ်...
အတူတူမငိုခဲ့ဖူးတာမဟုတ်ပါဘူး။ငါပါလိုက်ငိုရင်
မင်း ပိုပျော့ညံ့သွားမှာဆိုးလို့ပါ...ခုဆိုမင်း
မငိုတတ်တော့ဘူးလေ။

တချန်း ဈေးချိုထဲဝင်သည်နှင့်
"မလိုချင်ဘူး။မလိုချင်ဘူး။""
ဆိုသည့်မာနကိုထိပါးနှောင့်ယှက်သည့်ဘေး
အန္တရာယ်မှ ကွေကင်းသည့် ဂါထာတော်ကြီးကို
အဆက်မပြတ်ရွတ်ဆို အာဂုံဆောင်တော့၏။
အဖျက်သမားကျတော်သည်လည်း အဖျက်သမား
ပီပီ အကွက်ကျနစွာ ဘောင်းဘီခါးဆိုဒ်ကအစ
သိနေသည်မို့ သူ့ဂါထာက ထင်သလောက်အစွမ်း
မထက်။
ဂါထာ၏ဘေးထွက်ဆိုးကျိုးက...ကျတော့်လက်
ထဲက ဈေးဝယ်အိတ်တစ်ပုံတပင်။

""ငပိုင်...မင်းအဲ့ဆိုင်ထဲ ဝင်တာနဲ့ ငါထွက်ပြေး
တော့မှာ...ပျောက်ချင်တဲ့နေရာပျောက်ပါစေ
ဖမ်းခေါ်ချင်တဲ့ကောင်လည်း ဖမ်းခေါ်ပါစေတော့"

""ဒါ Last One...မင်းပဲဟိုတလောကပြော
နေတယ်လေ လျှာဦးထုပ်အသစ်တစ်လုံးဝယ်
ရမယ်ဆိုပြီး...""

""မလိုချင်ဘူး။မလိုချင်တော့ဘူး။မလိုဘူး"

"မင်း အနီရောင်ကြိုက်တယ်မလား??ဟိုမှာ
အနီရောင်...ရော့ဆောင်းလိုက်တော့ပြန်ရင်
နေပူနေပြီ...ဦးလေးဒီဟာ ဘယ်လောက်လဲ?""

"ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာကို ဒီဦးထုပ်
ထပ်ဆောင်းရအောင် ငါက စောင်ရူးလား?"

"ငါ့လာမမေးနဲ့ မင်းဟာမင်းသိဖို့ပဲလိုတာ..."

တဟီဟီနဲ့ မြင်းသေလို့ ဝင်စားသလားပဲ...
ရယ်လိုက်တိုင်း ခွက်ဝင်သွားတဲ့ ပါးချိုင့်သာ
ပြန်ပြည့်လာရင်ခေါင်းဖြတ်သတ်မယ်လို့များ
ရာဇသံပေးခံထားရလား မှတ်ရတယ်။
ထွက်လာတည်းက အဲ့ပါးချိုင့်မူလနေရာပြန်
ရောက်တာ မမြင်သေးတာ...ဝမ်းတွင်းရူးကောင်

ဈေးချိုထဲကအထွက် ထီလှည်းကလည်းတိုက်
တိုက်ဆိုင်ဆိုင် ရန်ကုန်သားနဲ့မန္တလေးသူသီချင်း
ဖွင့်ပြီးရောင်းနေတာ

မန္တလေးမြို့ကနေပူပူ~~ချွေးတွေသံတွေဆူ~~
တကယ်ကို သရဲမလေးနဲ့တူ

"ငပိုင် အဲ့ဒါမင်းကိုပြောနေတာ..."

ငလည်ကောင်...ဝမ်းတွင်းရူးကသူ့ပြောနေတာမ
ဟုတ်သလို မကြားချင်ယောင်ဆောင်ပြီး ဆိုင်ကယ်ကို မလိုပါပဲ တဖြင်းဖြင်းနဲ့ စက်နှိုးနေ
တာ...ဇက်ပိုးပဲအုပ်လိုက်ရရင်တော့...လက်ထဲက
အိတ်တွေကြောင့်...နေပူနေတာ စိတ်တာလျော့
ထား...clam down

"တောင်သမန်ဖက်သွားမယ်??ငါတို့
ရောက်မယ့်အချိန် နေအေးနေလောက်ပြီ။မအေး
သေးလဲ ကြံရည်သောက်ပြီးစောင့်မယ်။အဲ့က
ကြံရည်ကောင်းတယ်သိလား"

"အေး"

နဂျီကောင် နှာကစ်နေတာ ရယ်ရတယ်။စူပုပ်ပြီး
ချွေးတလုံးလုံးနဲ့လငပုတ်ဖမ်းတဲ့မျက်နှာဖြစ်နေတာ
ကသူ...အဲ့ဒါကို ကျတော့်လာပြီး သရဲမလေးနဲ့
တူတယ် လာပြောနေသေးတယ်။မကြားချင်
ယောင်ဆောင်ပေးလိုက်တာ အေးရော...

တောင်မင်းကြီးဘုရားနားကနေ ဦးပိန်တံတား
ထိတိုင်အောင် တိုင်အောင် စိုက်ပျိုးထားသော
ဦးကြီးနဲ့ ဒေါ်အို ကောင်းမှုဖြစ်သော မယ်ဇယ်ပင်
တန်းတွေကြောင့် တချန်းနည်းနည်းတော့ချွေး
သိပ်သွားမှာပဲ...

""တချန်း...Okလား??"

"အင်း...ဒါနဲ့ ဒါဘာပင်တွေလဲ?"

တိုက်ခန်းထဲကြီးပြင်းလာရသူမို့ ချန်းက ဒေသန္တရ
ဗဟုသုတနည်းပါးတယ်။

"မယ်ဇယ်ပင်...ရန်ကုန်မှာတော့ မယ်ဇလီခေါ်
တယ်ထင်တယ်"

"တန်ဆောင်မုန်းဆေးပေါင်းခတဲ့ညမှာ
သုတ်စားကြတာတွေလား ..."

"အေးဟုတ်တယ်"

"များကျိပဲကွ"

"ကြီးမေပြောပြတာတော့ ၁၂၁၄လောက်က ဦးကြီးနဲ့ ဒေါ်အို ဆိုတဲ့ အဘိုးအဘွားနှစ်ယောက်
စိုက်ပေးခဲ့တာတဲ့။အဲ့အဘိုးရဲ့အဆက်တွေခုထိရှိ
သေးတယ်ပြောတယ်"

"တော်တော်တော့ ကုသိုလ်ရမယ်။ဒီခေတ်နဲ့များ
ကွချက်...တောင်ဂတုံးဖြစ်အောင်သစ်ခုတ်နေ
တဲ့ လူတွေ ဒါတွေသိသင့်တယ်"

"တိုးတိုးနေ ချန်း။မင်းက အော်ကျယ်အော်ကျယ်
နဲ့"

"ဘာဖြစ်လဲ"

ဆိုင်ထဲက လူကြီးတွေပင် လည်ပြန်လှည့်ကြည့်
လောက်တဲ့ထိ တချန်း၏ အသံvocal power
က စွဲဆောင်မှုရှိတယ်။
ဆရာသမားက ကြံရည်တောင် ရိုးရိုးသောက်
တာ မဟုတ်ဘူး ဇီးကြံတဲ့ ရှည်ကိုရွေးသောက်တာ

နွေလယ်ရေကျချိန်မို့ အင်းထဲမှာငါဖမ်းလှေတစ်စီး
စနှစ်စီးက တလွင့်လွင့်။ ညနေခင်းလေတသွေးသွေးနဲ့မို့ ပေါ်လာသော
ကုန်းမြေတစ်ချို့တစ်ဝက်ပေါ် ပဲစိုက်နေသူတွေ
အနည်းငယ်တော့ အပူရှိန်သက်သာသွားလောက်
ပြီ။

""ဟိုကောင်တွေ အပူတွေတော့ ရှပ်တော့မှပဲ
ရေဆင်းချိုးနေကြတာ""

အင်းထဲ ရေဆင်းစိမ်နေသော ကလေးတစ်သိုက်
ကို သူနဲ့လည်းမသိပါပဲ မျက်မှောင်ကျုံကာ
လိုက်ကြည့်ပြီးပြောနေသေး၏။

"အဲ့လိုဆင်းစိမ်နေကျ ဘာမှမဖြစ်ဘူး။တံတားပေါ်
တက်တော့မလား?"

လက်ကျန်ကြံရည်ကို ဂလိုင်သံပါထွက်အောင်
အပြောင်စုတ်ပြီးမှ

"Let move" တဲ့။

ဈေးတန်းကို ဟိုကြည့်ဒီကြည့်နဲ့ဖြတ်လျှောက်
ပြီးမှ တံတားပေါ်တက်သည်။တချန်းနောက်က
လိုက်ရင်း ရန်ကုန်ရောက်ပြီးတည်းက
မရောက်ဖြစ်တော့သော တောင်သမန်အင်းကို
ငေးကြည့်နေရသည်။

ကျတော်ကသာထူးဆန်းစွာပြောင်းလဲပေမယ့်
နမိတ်အင်းကတော့ မပြောင်းလဲသေး။
လေပြေညက်ညက်တွေ...သူ့သဘောအတိုင်း
လိုက်ပါ ပါရမီဖြည့်ဆီးပေးတတ်သော လှိုင်း
ကြပ်ခွပ်ဖြူလွှလွှတွေက အခင်အမင်မပျက်
ခရီးဦးကြိုပြုနေတတ်ဆဲ။ခပ်ရေးရေးမြင်နေရသော
အရှေ့ရှမ်းရိုးမကိုလှမ်းမျှော်ကြည့်ရင်းမှ ထိုဒေသ
မှာပင် မွေးဖွားခဲ့သော ကောင်လေးကို နောက်
ကနေပဲလှမ်းငေးနေရတယ်။
သူနဲ့ ကျတော်က အရှေ့ရိုးမနဲ့ တောင်သမန်လိုပဲ
ရှမ်းရိုးမကို တောင်သမန်ကနေလှမ်းမျှော်ကြည့်ရင်
မြင်နေရပေမယ့်မရောက်ဘူးဆိုတာလည်းသိနေ
ရတယ်။

"ငပိုင် ဒါဘာအစေ့တွေလဲ??"

"အဝင်ဇရပ်တွင် ခင်းကျင်းရောင်းချနေသော
အိမ်ပြန်လက်ဆောင်တွေထဲက ဘောစကိုင်း
စေ့တို့နဲ့ လုပ်ထားသော လက်လုပ်ပစ္စည်းတွေ
ကို စိတ်ဝင်တစားကြည့်နေ၏

"ဘောစကိုင်းစေ့တဲ့...လိုချင်ယူလေ။ငါလက်ဆောင်ပေးမယ်"

ကျတော်မဖြေခင် ဇရပ်ထဲကနေလှမ်းဖြေလိုက်သံ
လူမမြင်ခင်တည်းက သိတယ်။နန္ဒဦးမော်...

"မင်းညနေ ဒီဖက်လာမယ်ဆိုလို့လာစောင့်နေတာ
နောက်ကျလိုက်တာ သုတရာ"

"ရောက်နေတာကြာပြီလား?"

"အေး မင်းတို့နှစ်ယောက် အအေးထိုင်သောက်
နေတည်းက ငါတွေ့တယ်။လာရမှာပျင်းတာနဲ့
ဒီကနေပဲစောင့်နေတာ...ချန်းငြိမ်းကို
ရောက်တုန်းရောက်ခိုက်ထန်းရည်တိုက်တာ
မဟုတ်ဘူး။ဘာလဲ ကြံရည်တဲ့ သုတတို့
ချစ်တီးကျချက်က..."

"ငါထန်းရည်မကြိုက်ဘူး"

ချန်းမျက်နှာထားတည်တည်နဲ့ဝင်ပြောတော့မှ
နန္ဒတစ်ကောင်ဆက်မပြောတော့တာ...

"လာလေ သွားရအောင်။ချန်းငြိမ်း မင်းဒီကိုခုမှ
ရောက်ဖူးတာလား?"

"အေး"

"အဆုံးထိလျှောက်ကြည့်မှာလား"

"အေး...ဟိုဖက်ထိပ်ထိလျှောက်မှာ"

"ဟိုဖက်ထိပ်ဒီဖက်ထိပ် အတူတူလျှောက်ရင်
ညားတတ်တယ်တဲ့နော်။မင်း အဲ့ဒါသိလား?မင်း
ရည်းစားရမှ လာလျှောက်တော့ တော်ကြာငါတို့နဲ့
လျှောက်ရင်း...xD"

"နန္ဒဘာတွေလျှောက်ပြောနေတာလဲ?တချန်း
အဲ့ဒါ ခရီးသွားဆွဲဆောင်မှုတစ်ခုပဲ...မယုံနဲ့
ဒီကောင်လျှောက်ပြောနေတာ။သိတယ်မလား?
ကိုရီးယားက နမ်ဆမ်တာဝါလား အဲ့မှာသော့ချိတ်
ရင် ညားတယ်ဆိုတာမျိုးလို..."

"ငါ ဂျပိန်းမဟုတ်ဘူး ဟိတ်ကောင်တွေ။ငါကြား
ဖူးတယ် မင်းတို့ပြောတာတွေ။ငါသိချင်တာ
ဟိုဖက်ထိပ်မှာ ဘာရှိလဲသိချင်တာ"

"ဒါဆို မလျှောက်နဲ့တော့ ဟိုဖက်ထိပ်မှာ တောင်
သမန်ရွာရှိတယ်။ငါတို့မြန်မာစာဖတ်စာအုပ်
ထဲမှာပါတဲ့ တောင်သမန်ရွာစား မောင်ဖေငယ်
အပိုင်စားရထားတဲ့ ရွာလေးတွေပေါ့။မြောက်ဘက်
ထိပ်နားမှာ အမတ်ကြီးဘသီနေဖူးတယ်။ဒါပဲ
ဟိုဖက်မှာရှိတာ"

"သွားကြည့်ချင်လား တချန်း"

"သွားမယ်"

တချန်းခေါင်းမာချက်ကို နန္ဒဦးမော်လက်မြှောက်
သွားတော့၏။
ဖြေးဖြေးမှန်မှန်လျှောက်လာရင်း နန္ဒဦးမော်သည်
ဟိုတယ်လ်ပိုင်ရှင်လောင်းလျာပီသစွာ ခရီးသွားလမ်းပြGuideလုပ်ခြင်းကိုလည်း
minorအဖြစ်တတ်ကျွမ်းကြောင်းပြသေး၏

"ဦးပိန်ဆောက်လို့ ဦးပိန်တံတားလို့ခေါ်တာ
တောင်သမန်အင်းထဲ ရှိလို့ တောင်သမန်တံတား
လို့လည်းခေါ်သေးတယ်။မြို့စာရေးဦးပိန်က
ဟိုဖက်မှာကမ်းမှာ မိန်းမတစ်ယောက် ဒီဖက်
ကမ်းမှာ မိန်းမတစ်ယောက်ယူထားတယ်ကွာ
အဲ့ဒါ အင်းခံနေတော့ သွားရေးလာရေးအဆင်
မပြေဖြစ်လို့ဆိုပြီး သူဆောင်တော်ကူးရလွယ်
အောင် ဒီတံတားကိုဆောက်လိုက်တာ...ဒါနဲ့
ဦးပိန်ဖြစ်လာတာ"

"ဟေ့ကောင် တချန်းကိုပေါက်ကရတွေမပြောနဲ့ ဒီကောင်ပြောတာတွေမယုံနဲ့။ငါတို့သမိုင်းဆရာ
လေးပြောတာ မင်းလည်းသင်ထားရတာကို
ငါ နရင်းအုတ်လိုက်ရ..."

"ဟေ့ကောင် အကြီးကြီးတွေပြောတော့ သူခေါင်း
ရှုပ်မှာပေါ့ကွ"

"အမှန်သိရဖို့ပဲလိုတာ...တချန်း မင်းအခုနင်းထား
တဲ့ အခင်းတွေက အင်းဝနန်းတော်ထဲကသစ်တွေ
ဒီတံတားက နိုင်ငံရေးလှည့်ကွက်ရဲ့ပြပုဒ်တစ်ခု
ပဲ။ဦးပိန်တံတားကြောင့် ဟိုဖက်ကမ်းနဲ့ဒီဖက်ကမ်း
ကူးသန်းရောင်းဝယ်ရေး ကောင်းခဲ့တာမှန်ပေမယ့်
တစ်ဖက်ကလည်း အင်းဝနန်းတော်စတေးလိုက်ရ
တယ်။မင်းနေပြည်တော်လေးကြိမ်ဖြစ်ခဲ့ပေမယ့်
အင်းဝမှာ ဒါ ဘုရင်နန်းစံခဲ့တဲ့ နန်းတော်ဆိုပြီး
ပြစရာမရှိတော့ဘူး။ပုဂံမင်းကိုပြောတော့ သစ်
ဟောင်းတွေလို့ပြောပေမယ့် အကောင်းလိုက်
ကြီးရှိနေသေးတဲ့ သစ်လုံးတွေလည်းခိုးထုတ်ခံ
ရတာပဲ။ဦးပိန်ခမ်းနားတယ်ဆိုတာ အင်းဝနန်း
တော်ရဲ့ ခမ်းနားမှုကိန်းအောင်းနေလို့။ဒါကြောင့်
ဒီနဂါးဖြူကြီးကို တကူးတကလာတက်ကြည့်
ကြရတာ။နဂါးဖြူဆိုတာငါ လျှောက်တင်ပြီး
ပြောတာမဟုတ်ဘူးနော် မြန်မာနိုင်ငံရောက်
လာတဲ့ ဆာဂျိမ်းဂျော့စကော့ တင်စားပြောခဲ့တာ"

"Wow သုတ...မင်းအဲ့လိုစတိုင်နဲ့ ကောင်မလေး
တွေရှေ့မှာသာ ရှင်းပြရင် ကြွေဆင်းလာကြမှာ"

နန္ဒဦးမော် ထဖောက်တာတောင် ကျတော်
မဖောက်ဖြစ်။ငပိုင့်ကို နည်းနည်းရှိန်သွားသလို
တစ်ဖက်ကလည်း သူမွေးဖွားရာဇာတိကိုဂုဏ်
ယူနေတတ်သူက ရန်ကုန်မှာနေခဲ့တာ ပျော်ခဲ့
မှာ မဟုတ်ဘူးဆိုတဲ့ အတွေးက လေတဖြူးဖြူး
တိုက်နေတာတောင် အသက်ရှုမဝတော့သလိုပဲ

"မင်းတို့တကယ်ကြီး လျှောက်မှာလား?"

ပျင်းလေးဆွဲလေသံနဲ့မေးလာသော နန္ဒကို
မကြည့် ကျတော့်ကို ကြည့်ကာ

"တချန်း မင်း သွားကြည့်ချင်တယ်မလား?"

"အင်း"

"နန္ဒ...မင်းမလိုက်ချင် ဒီရှေ့က ဇရပ်မှာနေခဲ့တော့
ငါ ချန်းနဲ့လိုက်သွားပေးလိုက်မယ်"

"အေး...ငါဒီနားမှာပဲထိုင်စောင့်နေတော့မယ်"

နမိတ်အင်းရယ်လို့ကျော်ကြားတဲ့ တောင်သမန်
အင်းနဲ့ ပတ်သတ်တဲ့ လက်ဆင့်ကမ်းနမိတ်ဖတ်
စကားတွေကို တချန်းယုံကြည်လားမယုံလား
ကျတော်မပြောတတ်။
ဒါပေမယ့် ကျတော်တို့နှစ်ယောက်လုံး လက်ချင်း
မချိတ်ဖြစ်ပေမယ့် တစ်ယောက်ပခုံးတစ်ယောက်
ဖတ်ရင်း တံတားဟိုဖက်ထိပ်နဲ့ဒီဖက်ထိပ်ကို
လျှောက်ဖြစ်ခဲ့ကြတယ်။

ဆိုရိုးစကားတွေသာ ခြွင်းချက်မရှိမှန်ခဲ့တယ်ဆိုရင်
တောင် လွဲဖယ်စရာက ကြွင်းကျန်ရစ်နေဆဲ

ယောကျာ်းလေးတွေမို့ တစ်ယောက်လက်တစ်
ယောက် မဆုပ်ကိုင်မိခဲ့ကြဘူး...

Thank You All

Continue Reading

You'll Also Like

251K 13.5K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
1.9M 123K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
320K 7.9K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1M 65.2K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...