ငပိုင္လို႔ မေခၚ မိေအာင္ ထိန္းရတာ ဥပုလ္ေစာင့္
ရတာထက္ခက္တယ္။
မႏၲေလးျမိဳ႕ေတာ္ဝန္ နန္းေရွ႔ရပ္ကြက္ကိုလာ
လည္ရင္ေတာင္ငပိုင့္ေလာက္လာေရာက္ႏႈတ္
ဆက္သူ ေပါပါ့မလားက်ေတာ္
အျပင္းအထန္သိခ်င္တယ္။ေန႔ခင္းေန႔လယ္ဖက္ တေရးတေမာမအိပ္ရ တစ္ေယာက္ျပီးတစ္ေယာက္ ငပိုင့္ကို လာေရာက္
ႏႈတ္ဆက္ႀကတာ။သူ႔လာႏႈတ္ဆက္တဲ့လူေတြ
နဲ႔ အကုန္တစ္ေယာက္မက်န္မိတ္ဆက္ေပးေန
တိုင္း သူ႔ကို ပိုင္သုတလို႔ ေခၚေနရတာႀကီးကိုက
မမိုက္တာ။မေခၚခ်င္လဲမရဘူး။
လာႏႈတ္ဆက္တဲ့ လူေတြသည္ ငပိုင့္ကို
က်ေတာ္ကဲ့သို႔ ဖလွဲတကင္းေျပာခ်င္သလိုေျပာ
ပံုစံမဟုတ္။အ႐ွိန္တစ္ခုေအာက္ ႐ို႔က်ိဳးေနသည့္ဟန္။၂ ေယာက္ ေလာက္ဆိုငပိုင္ေျပာေပးထားလို႔
သူ႔အေဖပြဲရံုမွာ အလုပ္ရသြားၾကေသာေကာင္ေလးေတြပါတယ္။ေကာင္ေလးေတြလို႔သာေခၚတာ
အမွန္ေတာ့က်ေတာ္တို႔နဲ႔ ရြယ္တူေတြ။
ငပိုင့္ေ႐ွ႕ေရာက္တာနဲ႔ အားလံုးက သူ႔ထက္ငယ္
သလိုျဖစ္သြားၾကတာ ေ႐ွးဘဝကဒီေကာင့္
ဆုေတာင္းလားပဲ။
တစ္ေန႔ခင္းလံုးက်ေတာ္မသိသူေတြၾကားပိန္
ကာလိမ္ကာေနေသာ က်ေတာ့္ကို
ညေနေစာင္း က်ံဳးေဘးဆိုင္ကယ္ပတ္စီးရေအာင္
ဆိုျပီး ဆြယ္တရားေဟာေသာ မႏၱေလးျမိဳ႔ေတာ္
ဝန္ေလာင္းေနာက္လိုက္မိကာမွ ငါးပါးမက
သံဃာစင္ပါေမွာက္သလိုပဲ။
""မင္း...မင္း ဆိုင္ကယ္တကယ္စီးတတ္လို႔
လား?""
ေရွ႔တြင္ရွိေနေသာ ဆိုင္ကယ္မဲေျပာင္ေျပာင္ကို
ကြ်ဲစီးသလိုတက္ခြထားျပီး က်ေတာ္ကိုျပံဳးႀကည့္
သည္။
""စက္ဘီးေတာင္စီးတတ္ေသးတာပဲ ဆိုင္ကယ္လ္ ကမစီးတတ္စရာလား??""
""ေသပါလား??စက္ဘီးနဲ႔ ဆိုင္ကယ္လ္တူမွ
မတူတာ""
ခက္တယ္ ဟူေသာ အထာနဲ႔ႏွဖူးေပၚလက္ေခ်ာင္း
ေတြကို ေထာက္လ်က္ေခါင္းဘယ္ညာယမ္းလ်က္
ရယ္ေန၏။
"စီးၾကည့္မွ စီးတတ္လားမစီးတတ္လားသိမွာေပါ့
လာစမ္းပါ ေယာက်ာ္းျဖစ္ၿပီးဘာကိုေၾကာက္ေနတာလဲ"
"အသက္ကို ဥာဏ္ထိန္းတဲ့ကြ ေယာက်ာ္းျဖစ္
တိုင္း လုပ္ရမွာလား?မင္း စီးမစီးတတ္ရင္ စက္ဘီး
ပဲစီးမယ္ ဘယ္မွာလဲ စက္ဘီး"
"ဟိုမွာ"
ထိုးျပတဲ့စက္ဘီးဝမ္းသာအားရၾကည့္မိေတာ့
စက္ဘီးက ပန္းနုေရာင္ေလး...လက္ကိုင္မွာ
လည္း အေမႊးဖြားဖြားေတြနဲ႔။ဒါ မိန္းကေလးစီးတဲ့
စက္ဘီးႀကီး
"ဒါဆိုလည္း ဟိုစက္ဘီးပဲ စီးမလား တခ်န္း"
ရယ္ခ်င္ပတ္က်ိမ်က္ႏွာနဲ႔ ေမးေနေသာ ငပိုင့္ကို
ပစ္ပစ္ၿပီးကန္ခ်င္စိတ္ကို မနည္းထိန္းထားရတယ္
"ခစ္ ကိုကိုက ေနာက္တတ္တယ္ၾကန္"
တခစ္ခစ္နဲ႔သေဘာက်ေနေသာ သူ႔ညီမ
အေသးေလး...အဲ့ဒါ က်ေတာ္တစ္မနက္တည္း
ကင္ပြန္းတတ္လိုက္တဲ့ နာမည္ေပါ့။
အေသးေလးက က်ေတာ့္နားေလွ်ာက္လာၿပီး
"ကိုခ်န္းကို စေနတာ။ကိုကို ဆိုင္ကယ္လ္စီးတတ္
တယ္"
"ဟုတ္လား ငပိုင္"
"ေအး...မန္းေလးသားပဲကြ ဆိုင္ကယ္လ္မစီး
တတ္ပဲေနမလား"
"မင္းက ရန္ကုန္မွာပဲ ေနေနတာကို..."
"လာပါကြာ...မင္းဘာမွမျဖစ္ေစရပါဘူး။
မင္းထိမိခိုက္မိျဖစ္မယ့္ကိစၥငါက လုပ္ပါ့မလား"
တံု႔ဆိုင္းဆိုင္းျဖစ္ေနေသာ က်ေတာ့္လက္ကိုဆြဲ
ကာ ဆိုင္ကယ္လ္ဦးထုပ္ေဆာင္းေပးသည္။
ဆိုင္ကယ္လ္ေပၚေရာက္တဲ့ထိ က်ေတာ့္စိတ္ေတြ
ကေယာက္ကယက္နဲ႔။စက္ဘီးကိုခြစီးရတာ ျပႆနာမဟုတ္။ခုဆိုကယ္လ္ကေတာ္ေတာ္ခြေန
ရတာ အဆင္မေျပ။
"ငပိုင္ ဒါႀကီးကအဆင္မေျပဘူး"
"ဘာက???"
"ခြထားရတာကိုေျပာတာ..."
ဂ်င္းေဘာင္းဘီက ၾကပ္ေန၍ခြရတာ...
"ငါ့ဖက္ထား ဘာမွမျဖစ္ဘူး။စစီး စမို႔ ေနာက္အသားက်သြားမယ္"
ကြၽမ္းကြၽမ္းက်င္က်င္စီးတတ္မွန္းသိသာေပမယ့္
က်ေတာ္အသက္ေျဖာင့္ေျဖာင့္မ႐ႈရဲ။
ရန္ကုန္မွာ ပထမဆံုးအႀကိမ္သူ႔စက္ဘီးစီးဖူးတဲ့
အခ်ိန္ကို သတိရသြားတယ္။
ေတာ္ေတာ္ႀကာခဲ့ေပမယ့္ ခုျပန္သတိရေတာ့
လည္းမေန႔တေန႔ကလိုပဲ။
လမ္းသြယ္ေတြကို ျဖတ္ေက်ာ္အၿပီးေနာက္
ကတၱရာ လမ္းက်ယ္ႀကီးသို႔ စတက္မိစဥ္
က်ံဳးေဘးပတ္လည္တေလ်ွာက္ ညေနခင္းေန
ေအးေအးထဲ ေလတျဖဴးျဖဴးနဲ႔။နန္းေတာ္ေ႐ွ႕ မုဒ္ေပါက္တြင္ Uniformျပည့္စံုဝတ္အေစာင့္တပ္သားေတြ...လက္နက္ကိုင္ထားေသာရဲေဘာ္
ေတြကို ပထမဆံုးႀကိမ္ ေတြ႕ဖူးျခင္းမို႔ လည္ျပန္ပင္ေငးၾကည့္ရသည္။
"ငပိုင္ ဟိုမွာ Gunေတြနဲ႔ကြ..."
ေလတိုးသံေတြၾကားမွ ဦးထုပ္ကိုယ္စီေဆာင္း
ထားတာေတာင္ က်ေတာ့္အသံကို သူၾကားသည္
" သြားၾကည့္ခ်င္လ္ု႔ိ္လား"
ဆိုင္ကယ္ကို အ႐ွိန္ေလွ်ာ့ကာ စက္သတ္ၿပီး
လမ္းေဘးခ်ရပ္၏။
နန္းေတာ္၏ ျပာသဒ္ဘံုပ်ံ စုလစ္ဒုခြၽန္ေတြ။
စီတန္းစိုက္ထားေသာ ခေရပန္းတန္းၾကားေနျခည္တန္းတို႔ တစ္ေျပာက္စ ႏွစ္ေျပာက္စတိုးဝင္ေန၏။
ေနာက္ျပန္ေလွ်ာက္ၾကည့္ရင္း မုဒ္ဦးေ႐ွ႕နား
ရစ္သီရစ္သီႏွင့္ ျဖစ္ေနေသာ ခ်န္းကို အေနာက္
မွသာ ေငးၾကည့္ေနမိသည္။
"တခ်န္း နန္းေတာ္ထဲ ေနာက္ေန႔မွ လိုက္ပို႔မယ္"
"အခုဝင္လို႔မရေတာ့တာလား?"
"ဆိုပါေတာ့..."
"နန္းေတာ္ေ႐ွ႕မွာ ေသနတ္ေတြနဲ႔ေနာ္"
ရန္ကုန္ေရႊဝါေရာင္ေတာ္လွန္ေရးကို ေတြ႔ၾကံဳခဲ့ရ
သည့္တိုင္ မား၏ စိုးရိမ္လြန္မႈေၾကာင့္ အိမ္တြင္း
ေအာင္းေနရသည့္ တခ်န္း အဖို႔ လက္နက္ကိုင္
တပ္သားဆိုသည္မွာ ခုမွ မ်က္ျမင္ကိုယ္ေတြ႔ဖို႔
အထူးအဆန္းနဲ႔ ျဖစ္ေနပံုက က်ေတာ္Happy
Worldစေရာက္ဖူးတုန္းကပံုနဲ႔ေတာင္တူေန
ေသး၏
ရယ္ခ်င္စရာေကာင္းေပမယ့္ တခ်န္းဆိုလွ်င္
ေပ်ာ္ရႊင္ျခင္း ဝမ္းနည္းျခင္းစတာေတြပါမက
ဗဟုသုတဆိုတာေတြပါ မွ်ေဝေပးခ်င္တာ။
"အဲ့လိုပဲ တခ်န္းရ ေန႔တိုင္းအဲ့လိုေစာင့္ၾကတာ။
ျမန္မာႏိုင္ငံမွာ႐ွိတဲ့ တပ္ရင္းေတြက တပ္ခြဲစိတ္ေတြအလွည့္က် နန္းေတာ္မွာလာတပ္စြဲေပးၾကတာေရွးကလို နန္းေစာင့္တပ္ေပါ့"
"ပဲခူးက ကေမၻာဇသာဒီနန္းေတာ္မွာေတာ့အဲ့လို
တပ္မ်ိဳးမေတြ႔ခဲ့ဖူးဘူး"
""ဒီကက် ျမန္မာမင္းေတြေနာက္ဆံုးနန္းစံခဲ့တဲ့
ဲ့နန္းေတာ္ကိုး တခ်န္းရ။ထီးနန္းရိပ္ထီးနန္းမာန္ဆိုတာကေတာ့က်န္ေန
ေသးတာေပါ့""
က်ေတာ့္ကိုသူငယ္တန္းေက်ာင္းသားကိုရွင္းျပေနတဲ့စတိုင္နဲ႔ ငပိုင့္ကိုအျမင္ကတ္လာ၍ နန္းေတာ္
ေရွ႔မုဒ္ဦးေရွ႔တံတားကိုျဖတ္ေလွ်ာက္လာလိုက္၏
ဒီေန႔မဝင္နဲ႔ဆိုေတာ့ေရာ က်ေတာ္က ဘာအထြန္႔
တက္ႏိုင္မွာလဲ??ဒါ သူ႔နယ္ပဲ။
က်ံဳးေရကိုျဖတ္တိုက္လာေသာ ေလေသြးတစ္ခ်ိဳ႕
ေႀကာင့္ ရွပ္အက်ီ ၤျဖဴလႊလႊ၏အနားစေတြတျဖတ္
ျဖတ္လြင့္ေနသည္။ေရာင္စံုျခယ္ဂါဝန္စမဟုတ္
ေပမယ့္ က်ေတာ္တေမာ့တေမာေငးႀကည့္ေနမိ
ိသည္။
""နန္းတြင္းထဲေနာက္ေန႔က်ရင္ လိုက္ပို႔မယ္။ခု
ျပန္ရေအာင္""
နန္းတြင္းထဲဝင္ခ်င္ေနတာ သိေပမယ့္ က်ေတာ္
Cameraမပါလာခဲ့။က်ေတာ့္ေမြးရပ္ေျမကိုသူေရာက္ခဲ့ဖူးတယ္ဆိုတဲ့
အမွတ္တရေတြကို မွတ္တမ္းတင္ေပးထားခ်င္
တယ္။
ႏွစ္ေယာက္သား ပုခံုးဖက္ကာ ဆိုင္ကယ္ရပ္ထား
တဲ့ေနရာသို႔ ျပန္လာႀကစဥ္ ဆိုင္ကယ္လ္တစ္စီး
က အထာပါပါ က်ေတာ္တို႔ေရွ႔ထိုးရပ္သြားသည္။
ဦးထုပ္ခြ်တ္လ်က္ က်ေတာ္ရွိရာသို႔ ေလွ်ာက္လာ
သူ။
နႏၵဦးေမာ္
""မင္း ဘာဒီကိုဘာလို႔ျပန္လာတာလဲ??""
က်ေတာ္တို႕ခပ္တည္တည္နဲ႔ ေလွ်ာက္လာျပီး
ငပိုင့္ကို ခပ္မာမာေမးလိုက္ေသာ အႏွီငနဲသည္
ရွည္လ်ားေသာ ငပိုင့္အရပ္နဲ႔ မတိမ္းမယိမ္း။
မႏၱေလးေရာက္တည္္းက ငပိုင့္ကို ဒီလိုအခ်ိဳးမ်ိဳး
နဲ႔ ဘယ္သူမွမေျပာရဲ၍ ဘာမွန္းညာမွန္းမသိ
ေသးခင္ က်ေတာ္နပန္က်င္းဖို႔တာဆူထားတယ္
ငပိုင္ကလည္း ဇ နဲ႔မို႔လားမသိ။ခ်က္ခ်င္းမ်က္ႏွာ
ထားတည္တင္းသြားျပီး ဟို႔ေကာင့္ေကာ္လံစ
ကိုဆြဲျပီး
""မင္း ကေရာ ဘာလာရႈပ္တာလဲ?""
""မင္း ျပန္လာတယ္ဆိုလို႔ လာခဲ့တာ။ငါမရွိလို႔
ျဖစ္မလား မင္းေတာင္ျပန္ေရာက္လာတယ္ပဲ""
ႏွစ္ေယာက္စလံုး မာန္ဖီေနႀကရမွာ တစ္ေယာက္
မ်က္ႏွာတစ္ေယာက္ႀကည့္ကာထရယ္ႀကရင္း
""ေခြးေကာင္ မင္း ျပင္ဦးလြင္မွာဆို""
""ဟားးဟားး မေန႔ကမနက္ကပဲ ျပန္ဆင္းလာ
တာကြ။မင္းေရာက္ေနတယ္ႀကားလို႔ မင္းအိမ္
ေတာင္သြားႀကည့္ျပီးျပီ ဝသာန္မက မင္းဒီဘက္
ထြက္လာတယ္ႀကားလို႔...""
""ေအး...တခ်န္းကို က်ံဳးပတ္ျပတာ""
""ရန္ကုန္က သူငယ္ခ်င္းနဲ႔ဆိုေတာ့ မင္းငါ့ေတာင္
သတိမရဘူးမလား??""
""မင္းက ျပင္ဦးလြင္ေရာက္ေနလို႔ပါကြာ""
ဘာေတြလဲ???ေစာနကပဲ ထခ်ေတာ့မလို ဒီဇိုင္း
ေတြနဲ႔ ခုေတာ့...
""လာ တခ်န္း ဒီေကာင့္ နာမည္က နႏၵဦးေမာ္
တဲ့""
""သုတ ရဲ႕ ဆရာေပါ့""
""ေသေလ က်ံဳးထဲဆင္းျပီး""
ငပိုင္အဲ့ေလာက္ထိ ႏႈတ္သြက္တယ္လား??
က်ေတ္ာ့ေရွ႔ ဘယ္ငယ္သူငယ္ခ်င္းကိုမွမလြမ္းတဲ့
ပံုစံနဲ႔ ေနခဲ့တဲ့ ငပိုင့္မွာ ခုလိုေျပာမနာဆိုမနာ
သူငယ္ခ်င္းတစ္ေယာက္ရွိေနမွန္းတကယ္မသိ
ခဲ့တာ။
""မင္း ေက်ာင္းေျပာင္းျပီးေနာင္တစ္ႏွစ္ငါလည္း
ျပင္ဦးလြင္ျပန္တာပဲ။ဆရာမေတြကေျပာတယ္
ငါတို႔၂ေယာက္လံုးေက်ာင္းေျပာင္းေတာ့ ဒီႏွစ္
ငါတို႔ေက်ာင္းက ဘာသာစံုဂုဏ္ထူးရွင္ေတြ
ေလ်ာ့ပါျပီဆိုျပီး...မင္းကြာေနႏိုင္တယ္။ဖုန္းမဆက္ဘာမဆက္နဲ႔""
""အင္း ငါလည္း ရန္ကုန္မွာက...""
ငပိုင့္ပံုစံသည္ ရန္ကုန္ကအေႀကာင္းေတြကို
မေျပာျပခ်င္သည့္ ပံုစံ စကားေတာင္ဆံုးေအာင္
မေျပာပဲ အင္းအဲလုပ္ေန၏။
""ဒါက ခ်န္းျငိမ္းေအာင္။ရန္ကုန္က ငါ့...""
သူစကားမဆက္ပဲ အေခြထစ္သလိုထစ္ေန၍
""ငပိုင့္ သူငယ္ခ်င္း""
ဟူ၍စကားေထာက္လိုက္ရသည္။
""သုတကို ေပါင္းရဲတယ္လား?ဒီေကာင္မဆိုး
ဘူးလား??ဂ်ေပြးအႀကီးစားေနာ္""
""ေဟ့ေကာင္ နႏၵ ေတာ္ေတာ့။မင္းဘယ္ေန႔ျပန္
မွာလဲ??""
""လဒေကာင္ မင္း သူငယ္ခ်င္းအသစ္ရေတာ့ ငါ့ကိုေမာင္းထုတ္ေနတယ္ေပါ့...ငါတို႔ႏွစ္ေယာက္
ႀကားမွာ အဲ့လိုသြားဆိုတာနဲ႔ ငါကထြက္သြားေပး
မယ့္လူလား။မႏွင္ပါနဲ႔ကြာ""
""နႏၵဦးေမာ္!!!""
""ေနာက္တာပါကြာ...ခ်န္းျငိမ္း တစ္မ်ိဳးမထင္နဲ႕
မင္းနဲ႔သူ ဘယ္လိုေနခဲ့လဲမသိေပမယ့္ ဒီျမိဳ႕မွာ
သုတနဲ႔ငါပဲ အေပါင္းအသင္းလုပ္လို႔ရတာ။က်န္
တဲ့ေကာင္ေတြက ဘာကိုရွိန္ေနမွန္းမသိကို ရွိန္
ေနႀကတာနဲ႔။သုတ သူငယ္ခ်င္းက ငါ့သူငယ္ခ်င္း
ပဲေပါ့။ေဟ့ေကာင္ မင္း သူငယ္ခ်င္းကိုဘယ္ေတြ
ပို႔ျပီးသြားျပီလဲ??""
""ဘယ္မွမပို႔ရေသးဘူး။နက္ျဖန္မွ ျမိဳ႕မေစ်းကို
လိုက္ပို႔မွာ""
""အင္းးးဒါဆို ငါလည္းလိုက္ပို႔ေပးမယ္ေလ။အမွန္
ေတာ့ နက္ျဖန္ျပင္ဦးလြင္ျပန္တက္ဖို႕ မယ္မယ္က
ဟိုတယ္ကို ခုတည္းက ငါ့လက္ထိုးအပ္ခ်င္ေန
လားမသိဘူး""
""ျပန္ခ်င္ျပန္။ေနခ်င္ေန။""
""ဘာျဖစ္တာလဲ??ငါလာမေတြ႔လို႔ မင္းစိတ္ေကာက္ေနတာမလား သုတ""
""ေသေလေဟ့ေရာင္""
""မင္းကို Handphoneဝယ္ေပးျပီးျပီဆို။ငါ့ကို
နံပါတ္ေပး။နက္ျဖန္ ငါမလာျဖစ္ရင္ဖုန္းဆက္
လိုက္မယ္""
ရန္ကုန္မွာေတာင္ လုပ္ငန္းရွင္ေတြပဲ ကိုင္ႏိုင္
ေသာ ၁၅သိန္း သိန္း၂၀တန္Handphone
ေတြက သူတို႔ႏွစ္ေယာက္လက္ထဲမွာ။
အျပန္အလွန္ဖုန္းနံပါတ္လဲေနႀကတာကို ေဘးက
ရပ္ႀကည့္ရင္း က်ေတာ္တစ္သက္တာမခံစားခဲ့ရ
ေသာ ခံစားခ်က္ႀကီးက စိတ္ထဲအလံုးအရင္းနဲ႔...
ဒါကဘာလဲ??က်ေတာ္သိမ္ငယ္ေနတာလား
မန္းေလးက သူေဌးသားႏွစ္ေယာက္ေရွ႔မွာ
အားလံုးျပီး...နႏၵဦးေမာ္ ႏႈတ္ဆက္ကာ ထြက္သြား
ေတာ့မွ
""ျပန္မယ္ တခ်န္း"" ဟု၍ေျပာေတာ့ က်ေတာ္
ဘာလုပ္ရမွာလဲ??
သူ႔ဆိုင္ကယ္ေပၚ ပံုစံမက်တက္။ေခြ်းေစးျပန္ေန
တဲ့ လက္ေတြနဲ႔ သူ႔ခါးကိုဖက္ျပီး အသံတိတ္
လိုက္လာရံုကလြဲျပီး က်ေတာ္လုပ္ႏိုင္တာဘာရွိ
လို႔လဲ??
""နႏၵက ငယ္သူငယ္ခ်င္းဆိုတာထက္ ဒီေကာင္
ကျပိဳင္ဖက္လို႔ေတာင္ေျပာလို႔ရတယ္။ဒီေကာင္
လည္း စာေတာ္တယ္။ငါနဲ႔အျပိဳင္လိုက္ႏိုင္တယ္
ေနာက္ျပင္ဦးလြင္ေျပာင္းသြားတာ။ခုမွျပန္ေတြ႔တာ။""
""မင္းကိုေမးေနလို႔လား??""
""အမ္""
ငပိုင္ ဒီတစ္လံုးပဲေျပာႏိုင္တယ္။က်န္တာဆက္
မေျပာတတ္ေတာ့...ခုနက ေကာင္နဲ႔ စကားျပိဳင္
လုခဲ့တာ ငပိုင္ရဲ႕ ေနာက္တစ္ကိုယ္ခြဲျဖစ္လိမ့္
မည္။
ငပိုင္လိမ္ခဲ့တယ္လို႔လည္း မေျပာခ်င္။တကယ္လည္း ငပိုင္ က်ေတာ့္ကိုမလိမ္ခဲ့ပါဘူး။တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာအေႀကာင္းေတြကို က်ေတာ္မေမးလို႔ပဲ သူမေျပာျဖစ္ခဲ့တာ...
သူေျပာခဲ့တာေတြကလည္း အမွန္ေတြပဲေလ။
သူ႔အေဖက မႏၱေလးမွာ ပြဲရံုပိုင္တယ္ေျပာတယ္
မႏၱေလးျမိဳ႕မွာ သူ႔အေဖပြဲရံုက တြဲကား၁၀စီးပိုင္ တဲ့အႀကီးဆံုးပြဲရံုဆိုတာကိုပဲမေျပာခဲ့တာ။
မႏၲေလးမွာ ႀကီးႀကီးေမက ရက္ကန္းယက္ရင္း
သူ႕ညီမေလးကိုေက်ာင္းထားေပးေနရတယ္လို႔
သူေျပာခဲ့တယ္။
ရုပ္ရွင္ေတြထဲကလ္ိုရက္ကန္းစင္ေလးတစ္ခုနဲ႔
အထည္ေလးေတြရက္တာမဟုတ္ပဲ အမရပူရ
က ဘိုးဘြားပိုင္ ရက္ကန္းရံုႀကီးကို အေမြဆက္ခံ
ႀကီးႀကပ္ေနတယ္ဆိုတာကို က်ေတာ္မေမးသလို
သူလည္း ျဖည့္စြတ္မေျပာခဲ့ပါဘူး။
ငပိုင္က်ေတာ့္ကို မလိမ္ခဲ့ပါဘူး။က်ေတာ္ကပဲ
သူ႔အေႀကာင္းေတြကို မသိခ်င္ခဲ့တာ...
Thank You All
>>စာျပန္ဖတ္စရာေတြရွိေသးလို႔ ဒီေန႔ေတာ့
ဒီေလာက္ပါပဲ...
(Unicode)
/
/
/
ငပိုင်လို့ မခေါ် မိအောင် ထိန်းရတာ ဥပုလ်စောင့်
ရတာထက်ခက်တယ်။
မန္တလေးမြို့တော်ဝန် နန်းရှေ့ရပ်ကွက်ကိုလာ
လည်ရင်တောင်ငပိုင့်လောက်လာရောက်နှုတ်
ဆက်သူ ပေါပါ့မလားကျတော်
အပြင်းအထန်သိချင်တယ်။နေ့ခင်းနေ့လယ်ဖက် တရေးတမောမအိပ်ရ တစ်ယောက်ပြီးတစ်ယောက် ငပိုင့်ကို လာရောက်
နှုတ်ဆက်ကြတာ။သူ့လာနှုတ်ဆက်တဲ့လူတွေ
နဲ့ အကုန်တစ်ယောက်မကျန်မိတ်ဆက်ပေးနေ
တိုင်း သူ့ကို ပိုင်သုတလို့ ခေါ်နေရတာကြီးကိုက
မမိုက်တာ။မခေါ်ချင်လဲမရဘူး။
လာနှုတ်ဆက်တဲ့ လူတွေသည် ငပိုင့်ကို
ကျတော်ကဲ့သို့ ဖလှဲတကင်းပြောချင်သလိုပြော
ပုံစံမဟုတ်။အရှိန်တစ်ခုအောက် ရို့ကျိုးနေသည့်ဟန်။၂ ယောက် လောက်ဆိုငပိုင်ပြောပေးထားလို့
သူ့အဖေပွဲရုံမှာ အလုပ်ရသွားကြသောကောင်လေးတွေပါတယ်။ကောင်လေးတွေလို့သာခေါ်တာ
အမှန်တော့ကျတော်တို့နဲ့ ရွယ်တူတွေ။
ငပိုင့်ရှေ့ရောက်တာနဲ့ အားလုံးက သူ့ထက်ငယ်
သလိုဖြစ်သွားကြတာ ရှေးဘဝကဒီကောင့်
ဆုတောင်းလားပဲ။
တစ်နေ့ခင်းလုံးကျတော်မသိသူတွေကြားပိန်
ကာလိမ်ကာနေသော ကျတော့်ကို
ညနေစောင်း ကျုံးဘေးဆိုင်ကယ်ပတ်စီးရအောင်
ဆိုပြီး ဆွယ်တရားဟောသော မန္တလေးမြို့တော်
ဝန်လောင်းနောက်လိုက်မိကာမှ ငါးပါးမက
သံဃာစင်ပါမှောက်သလိုပဲ။
""မင်း...မင်း ဆိုင်ကယ်တကယ်စီးတတ်လို့
လား?""
ရှေ့တွင်ရှိနေသော ဆိုင်ကယ်မဲပြောင်ပြောင်ကို
ကျွဲစီးသလိုတက်ခွထားပြီး ကျတော်ကိုပြုံးကြည့်
သည်။
""စက်ဘီးတောင်စီးတတ်သေးတာပဲ ဆိုင်ကယ်လ် ကမစီးတတ်စရာလား??""
""သေပါလား??စက်ဘီးနဲ့ ဆိုင်ကယ်လ်တူမှ
မတူတာ""
ခက်တယ် ဟူသော အထာနဲ့နှဖူးပေါ်လက်ချောင်း
တွေကို ထောက်လျက်ခေါင်းဘယ်ညာယမ်းလျက်
ရယ်နေ၏။
"စီးကြည့်မှ စီးတတ်လားမစီးတတ်လားသိမှာပေါ့
လာစမ်းပါ ယောကျာ်းဖြစ်ပြီးဘာကိုကြောက်နေတာလဲ"
"အသက်ကို ဉာဏ်ထိန်းတဲ့ကွ ယောကျာ်းဖြစ်
တိုင်း လုပ်ရမှာလား?မင်း စီးမစီးတတ်ရင် စက်ဘီး
ပဲစီးမယ် ဘယ်မှာလဲ စက်ဘီး"
"ဟိုမှာ"
ထိုးပြတဲ့စက်ဘီးဝမ်းသာအားရကြည့်မိတော့
စက်ဘီးက ပန်းနုရောင်လေး...လက်ကိုင်မှာ
လည်း အမွှေးဖွားဖွားတွေနဲ့။ဒါ မိန်းကလေးစီးတဲ့
စက်ဘီးကြီး
"ဒါဆိုလည်း ဟိုစက်ဘီးပဲ စီးမလား တချန်း"
ရယ်ချင်ပတ်ကျိမျက်နှာနဲ့ မေးနေသော ငပိုင့်ကို
ပစ်ပစ်ပြီးကန်ချင်စိတ်ကို မနည်းထိန်းထားရတယ်
"ခစ် ကိုကိုက နောက်တတ်တယ်ကြန်"
တခစ်ခစ်နဲ့သဘောကျနေသော သူ့ညီမ
အသေးလေး...အဲ့ဒါ ကျတော်တစ်မနက်တည်း
ကင်ပွန်းတတ်လိုက်တဲ့ နာမည်ပေါ့။
အသေးလေးက ကျတော့်နားလျှောက်လာပြီး
"ကိုချန်းကို စနေတာ။ကိုကို ဆိုင်ကယ်လ်စီးတတ်
တယ်"
"ဟုတ်လား ငပိုင်"
"အေး...မန်းလေးသားပဲကွ ဆိုင်ကယ်လ်မစီး
တတ်ပဲနေမလား"
"မင်းက ရန်ကုန်မှာပဲ နေနေတာကို..."
"လာပါကွာ...မင်းဘာမှမဖြစ်စေရပါဘူး။
မင်းထိမိခိုက်မိဖြစ်မယ့်ကိစ္စငါက လုပ်ပါ့မလား"
တုံ့ဆိုင်းဆိုင်းဖြစ်နေသော ကျတော့်လက်ကိုဆွဲ
ကာ ဆိုင်ကယ်လ်ဦးထုပ်ဆောင်းပေးသည်။
ဆိုင်ကယ်လ်ပေါ်ရောက်တဲ့ထိ ကျတော့်စိတ်တွေ
ကယောက်ကယက်နဲ့။စက်ဘီးကိုခွစီးရတာ ပြဿနာမဟုတ်။ခုဆိုကယ်လ်ကတော်တော်ခွနေ
ရတာ အဆင်မပြေ။
"ငပိုင် ဒါကြီးကအဆင်မပြေဘူး"
"ဘာက???"
"ခွထားရတာကိုပြောတာ..."
ဂျင်းဘောင်းဘီက ကြပ်နေ၍ခွရတာ...
"ငါ့ဖက်ထား ဘာမှမဖြစ်ဘူး။စစီး စမို့ နောက်အသားကျသွားမယ်"
ကျွမ်းကျွမ်းကျင်ကျင်စီးတတ်မှန်းသိသာပေမယ့်
ကျတော်အသက်ဖြောင့်ဖြောင့်မရှုရဲ။
ရန်ကုန်မှာ ပထမဆုံးအကြိမ်သူ့စက်ဘီးစီးဖူးတဲ့
အချိန်ကို သတိရသွားတယ်။
တော်တော်ကြာခဲ့ပေမယ့် ခုပြန်သတိရတော့
လည်းမနေ့တနေ့ကလိုပဲ။
လမ်းသွယ်တွေကို ဖြတ်ကျော်အပြီးနောက်
ကတ္တရာ လမ်းကျယ်ကြီးသို့ စတက်မိစဉ်
ကျုံးဘေးပတ်လည်တလျှောက် ညနေခင်းနေ
အေးအေးထဲ လေတဖြူးဖြူးနဲ့။နန်းတော်ရှေ့ မုဒ်ပေါက်တွင် Uniformပြည့်စုံဝတ်အစောင့်တပ်သားတွေ...လက်နက်ကိုင်ထားသောရဲဘော်
တွေကို ပထမဆုံးကြိမ် တွေ့ဖူးခြင်းမို့ လည်ပြန်ပင်ငေးကြည့်ရသည်။
"ငပိုင် ဟိုမှာ Gunတွေနဲ့ကွ..."
လေတိုးသံတွေကြားမှ ဦးထုပ်ကိုယ်စီဆောင်း
ထားတာတောင် ကျတော့်အသံကို သူကြားသည်
" သွားကြည့်ချင်လ်ု့ိလား"
ဆိုင်ကယ်ကို အရှိန်လျှော့ကာ စက်သတ်ပြီး
လမ်းဘေးချရပ်၏။
နန်းတော်၏ ပြာသဒ်ဘုံပျံ စုလစ်ဒုချွန်တွေ။
စီတန်းစိုက်ထားသော ခရေပန်းတန်းကြားနေခြည်တန်းတို့ တစ်ပြောက်စ နှစ်ပြောက်စတိုးဝင်နေ၏။
နောက်ပြန်လျှောက်ကြည့်ရင်း မုဒ်ဦးရှေ့နား
ရစ်သီရစ်သီနှင့် ဖြစ်နေသော ချန်းကို အနောက်
မှသာ ငေးကြည့်နေမိသည်။
"တချန်း နန်းတော်ထဲ နောက်နေ့မှ လိုက်ပို့မယ်"
"အခုဝင်လို့မရတော့တာလား?"
"ဆိုပါတော့..."
"နန်းတော်ရှေ့မှာ သေနတ်တွေနဲ့နော်"
ရန်ကုန်ရွှေဝါရောင်တော်လှန်ရေးကို တွေ့ကြုံခဲ့ရ
သည့်တိုင် မား၏ စိုးရိမ်လွန်မှုကြောင့် အိမ်တွင်း
အောင်းနေရသည့် တချန်း အဖို့ လက်နက်ကိုင်
တပ်သားဆိုသည်မှာ ခုမှ မျက်မြင်ကိုယ်တွေ့ဖို့
အထူးအဆန်းနဲ့ ဖြစ်နေပုံက ကျတော်Happy
Worldစရောက်ဖူးတုန်းကပုံနဲ့တောင်တူနေ
သေး၏
ရယ်ချင်စရာကောင်းပေမယ့် တချန်းဆိုလျှင်
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းစတာတွေပါမက
ဗဟုသုတဆိုတာတွေပါ မျှဝေပေးချင်တာ။
"အဲ့လိုပဲ တချန်းရ နေ့တိုင်းအဲ့လိုစောင့်ကြတာ။
မြန်မာနိုင်ငံမှာရှိတဲ့ တပ်ရင်းတွေက တပ်ခွဲစိတ်တွေအလှည့်ကျ နန်းတော်မှာလာတပ်စွဲပေးကြတာရှေးကလို နန်းစောင့်တပ်ပေါ့"
"ပဲခူးက ကမ္ဘောဇသာဒီနန်းတော်မှာတော့အဲ့လို
တပ်မျိုးမတွေ့ခဲ့ဖူးဘူး"
""ဒီကကျ မြန်မာမင်းတွေနောက်ဆုံးနန်းစံခဲ့တဲ့
ဲ့နန်းတော်ကိုး တချန်းရ။ထီးနန်းရိပ်ထီးနန်းမာန်ဆိုတာကတော့ကျန်နေ
သေးတာပေါ့""
ကျတော့်ကိုသူငယ်တန်းကျောင်းသားကိုရှင်းပြနေတဲ့စတိုင်နဲ့ ငပိုင့်ကိုအမြင်ကတ်လာ၍ နန်းတော်
ရှေ့မုဒ်ဦးရှေ့တံတားကိုဖြတ်လျှောက်လာလိုက်၏
ဒီနေ့မဝင်နဲ့ဆိုတော့ရော ကျတော်က ဘာအထွန့်
တက်နိုင်မှာလဲ??ဒါ သူ့နယ်ပဲ။
ကျုံးရေကိုဖြတ်တိုက်လာသော လေသွေးတစ်ချို့
ကြောင့် ရှပ်အကျီ ၤဖြူလွှလွှ၏အနားစတွေတဖြတ်
ဖြတ်လွင့်နေသည်။ရောင်စုံခြယ်ဂါဝန်စမဟုတ်
ပေမယ့် ကျတော်တမော့တမောငေးကြည့်နေမိ
ိသည်။
""နန်းတွင်းထဲနောက်နေ့ကျရင် လိုက်ပို့မယ်။ခု
ပြန်ရအောင်""
နန်းတွင်းထဲဝင်ချင်နေတာ သိပေမယ့် ကျတော်
Cameraမပါလာခဲ့။ကျတော့်မွေးရပ်မြေကိုသူရောက်ခဲ့ဖူးတယ်ဆိုတဲ့
အမှတ်တရတွေကို မှတ်တမ်းတင်ပေးထားချင်
တယ်။
နှစ်ယောက်သား ပုခုံးဖက်ကာ ဆိုင်ကယ်ရပ်ထား
တဲ့နေရာသို့ ပြန်လာကြစဉ် ဆိုင်ကယ်လ်တစ်စီး
က အထာပါပါ ကျတော်တို့ရှေ့ထိုးရပ်သွားသည်။
ဦးထုပ်ချွတ်လျက် ကျတော်ရှိရာသို့ လျှောက်လာ
သူ။
နန္ဒဦးမော်
""မင်း ဘာဒီကိုဘာလို့ပြန်လာတာလဲ??""
ကျတော်တို့ခပ်တည်တည်နဲ့ လျှောက်လာပြီး
ငပိုင့်ကို ခပ်မာမာမေးလိုက်သော အနှီငနဲသည်
ရှည်လျားသော ငပိုင့်အရပ်နဲ့ မတိမ်းမယိမ်း။
မန္တလေးရောက်တည်းက ငပိုင့်ကို ဒီလိုအချိုးမျိုး
နဲ့ ဘယ်သူမှမပြောရဲ၍ ဘာမှန်းညာမှန်းမသိ
သေးခင် ကျတော်နပန်ကျင်းဖို့တာဆူထားတယ်
ငပိုင်ကလည်း ဇ နဲ့မို့လားမသိ။ချက်ချင်းမျက်နှာ
ထားတည်တင်းသွားပြီး ဟို့ကောင့်ကော်လံစ
ကိုဆွဲပြီး
""မင်း ကရော ဘာလာရှုပ်တာလဲ?""
""မင်း ပြန်လာတယ်ဆိုလို့ လာခဲ့တာ။ငါမရှိလို့
ဖြစ်မလား မင်းတောင်ပြန်ရောက်လာတယ်ပဲ""
နှစ်ယောက်စလုံး မာန်ဖီနေကြရမှာ တစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ကာထရယ်ကြရင်း
""ခွေးကောင် မင်း ပြင်ဦးလွင်မှာဆို""
""ဟားးဟားး မနေ့ကမနက်ကပဲ ပြန်ဆင်းလာ
တာကွ။မင်းရောက်နေတယ်ကြားလို့ မင်းအိမ်
တောင်သွားကြည့်ပြီးပြီ ဝသာန်မက မင်းဒီဘက်
ထွက်လာတယ်ကြားလို့...""
""အေး...တချန်းကို ကျုံးပတ်ပြတာ""
""ရန်ကုန်က သူငယ်ချင်းနဲ့ဆိုတော့ မင်းငါ့တောင်
သတိမရဘူးမလား??""
""မင်းက ပြင်ဦးလွင်ရောက်နေလို့ပါကွာ""
ဘာတွေလဲ???စောနကပဲ ထချတော့မလို ဒီဇိုင်း
တွေနဲ့ ခုတော့...
""လာ တချန်း ဒီကောင့် နာမည်က နန္ဒဦးမော်
တဲ့""
""သုတ ရဲ့ ဆရာပေါ့""
""သေလေ ကျုံးထဲဆင်းပြီး""
ငပိုင်အဲ့လောက်ထိ နှုတ်သွက်တယ်လား??
ကျတေ်ာ့ရှေ့ ဘယ်ငယ်သူငယ်ချင်းကိုမှမလွမ်းတဲ့
ပုံစံနဲ့ နေခဲ့တဲ့ ငပိုင့်မှာ ခုလိုပြောမနာဆိုမနာ
သူငယ်ချင်းတစ်ယောက်ရှိနေမှန်းတကယ်မသိ
ခဲ့တာ။
""မင်း ကျောင်းပြောင်းပြီးနောင်တစ်နှစ်ငါလည်း
ပြင်ဦးလွင်ပြန်တာပဲ။ဆရာမတွေကပြောတယ်
ငါတို့၂ယောက်လုံးကျောင်းပြောင်းတော့ ဒီနှစ်
ငါတို့ကျောင်းက ဘာသာစုံဂုဏ်ထူးရှင်တွေ
လျော့ပါပြီဆိုပြီး...မင်းကွာနေနိုင်တယ်။ဖုန်းမဆက်ဘာမဆက်နဲ့""
""အင်း ငါလည်း ရန်ကုန်မှာက...""
ငပိုင့်ပုံစံသည် ရန်ကုန်ကအကြောင်းတွေကို
မပြောပြချင်သည့် ပုံစံ စကားတောင်ဆုံးအောင်
မပြောပဲ အင်းအဲလုပ်နေ၏။
""ဒါက ချန်းငြိမ်းအောင်။ရန်ကုန်က ငါ့...""
သူစကားမဆက်ပဲ အခွေထစ်သလိုထစ်နေ၍
""ငပိုင့် သူငယ်ချင်း""
ဟူ၍စကားထောက်လိုက်ရသည်။
""သုတကို ပေါင်းရဲတယ်လား?ဒီကောင်မဆိုး
ဘူးလား??ဂျပွေးအကြီးစားနော်""
""ဟေ့ကောင် နန္ဒ တော်တော့။မင်းဘယ်နေ့ပြန်
မှာလဲ??""
""လဒကောင် မင်း သူငယ်ချင်းအသစ်ရတော့ ငါ့ကိုမောင်းထုတ်နေတယ်ပေါ့...ငါတို့နှစ်ယောက်
ကြားမှာ အဲ့လိုသွားဆိုတာနဲ့ ငါကထွက်သွားပေး
မယ့်လူလား။မနှင်ပါနဲ့ကွာ""
""နန္ဒဦးမော်!!!""
""နောက်တာပါကွာ...ချန်းငြိမ်း တစ်မျိုးမထင်နဲ့
မင်းနဲ့သူ ဘယ်လိုနေခဲ့လဲမသိပေမယ့် ဒီမြို့မှာ
သုတနဲ့ငါပဲ အပေါင်းအသင်းလုပ်လို့ရတာ။ကျန်
တဲ့ကောင်တွေက ဘာကိုရှိန်နေမှန်းမသိကို ရှိန်
နေကြတာနဲ့။သုတ သူငယ်ချင်းက ငါ့သူငယ်ချင်း
ပဲပေါ့။ဟေ့ကောင် မင်း သူငယ်ချင်းကိုဘယ်တွေ
ပို့ပြီးသွားပြီလဲ??""
""ဘယ်မှမပို့ရသေးဘူး။နက်ဖြန်မှ မြို့မဈေးကို
လိုက်ပို့မှာ""
""အင်းးးဒါဆို ငါလည်းလိုက်ပို့ပေးမယ်လေ။အမှန်
တော့ နက်ဖြန်ပြင်ဦးလွင်ပြန်တက်ဖို့ မယ်မယ်က
ဟိုတယ်ကို ခုတည်းက ငါ့လက်ထိုးအပ်ချင်နေ
လားမသိဘူး""
""ပြန်ချင်ပြန်။နေချင်နေ။""
""ဘာဖြစ်တာလဲ??ငါလာမတွေ့လို့ မင်းစိတ်ကောက်နေတာမလား သုတ""
""သေလေဟေ့ရောင်""
""မင်းကို Handphoneဝယ်ပေးပြီးပြီဆို။ငါ့ကို
နံပါတ်ပေး။နက်ဖြန် ငါမလာဖြစ်ရင်ဖုန်းဆက်
လိုက်မယ်""
ရန်ကုန်မှာတောင် လုပ်ငန်းရှင်တွေပဲ ကိုင်နိုင်
သော ၁၅သိန်း သိန်း၂၀တန်Handphone
တွေက သူတို့နှစ်ယောက်လက်ထဲမှာ။
အပြန်အလှန်ဖုန်းနံပါတ်လဲနေကြတာကို ဘေးက
ရပ်ကြည့်ရင်း ကျတော်တစ်သက်တာမခံစားခဲ့ရ
သော ခံစားချက်ကြီးက စိတ်ထဲအလုံးအရင်းနဲ့...
ဒါကဘာလဲ??ကျတော်သိမ်ငယ်နေတာလား
မန်းလေးက သူဌေးသားနှစ်ယောက်ရှေ့မှာ
အားလုံးပြီး...နန္ဒဦးမော် နှုတ်ဆက်ကာ ထွက်သွား
တော့မှ
""ပြန်မယ် တချန်း"" ဟု၍ပြောတော့ ကျတော်
ဘာလုပ်ရမှာလဲ??
သူ့ဆိုင်ကယ်ပေါ် ပုံစံမကျတက်။ချွေးစေးပြန်နေ
တဲ့ လက်တွေနဲ့ သူ့ခါးကိုဖက်ပြီး အသံတိတ်
လိုက်လာရုံကလွဲပြီး ကျတော်လုပ်နိုင်တာဘာရှိ
လို့လဲ??
""နန္ဒက ငယ်သူငယ်ချင်းဆိုတာထက် ဒီကောင်
ကပြိုင်ဖက်လို့တောင်ပြောလို့ရတယ်။ဒီကောင်
လည်း စာတော်တယ်။ငါနဲ့အပြိုင်လိုက်နိုင်တယ်
နောက်ပြင်ဦးလွင်ပြောင်းသွားတာ။ခုမှပြန်တွေ့တာ။""
""မင်းကိုမေးနေလို့လား??""
""အမ်""
ငပိုင် ဒီတစ်လုံးပဲပြောနိုင်တယ်။ကျန်တာဆက်
မပြောတတ်တော့...ခုနက ကောင်နဲ့ စကားပြိုင်
လုခဲ့တာ ငပိုင်ရဲ့ နောက်တစ်ကိုယ်ခွဲဖြစ်လိမ့်
မည်။
ငပိုင်လိမ်ခဲ့တယ်လို့လည်း မပြောချင်။တကယ်လည်း ငပိုင် ကျတော့်ကိုမလိမ်ခဲ့ပါဘူး။တစ်ချို့တစ်ချို့သောအကြောင်းတွေကို ကျတော်မမေးလို့ပဲ သူမပြောဖြစ်ခဲ့တာ...
သူပြောခဲ့တာတွေကလည်း အမှန်တွေပဲလေ။
သူ့အဖေက မန္တလေးမှာ ပွဲရုံပိုင်တယ်ပြောတယ်
မန္တလေးမြို့မှာ သူ့အဖေပွဲရုံက တွဲကား၁၀စီးပိုင် တဲ့အကြီးဆုံးပွဲရုံဆိုတာကိုပဲမပြောခဲ့တာ။
မန္တလေးမှာ ကြီးကြီးမေက ရက်ကန်းယက်ရင်း
သူ့ညီမလေးကိုကျောင်းထားပေးနေရတယ်လို့
သူပြောခဲ့တယ်။
ရုပ်ရှင်တွေထဲကလိုရက်ကန်းစင်လေးတစ်ခုနဲ့
အထည်လေးတွေရက်တာမဟုတ်ပဲ အမရပူရ
က ဘိုးဘွားပိုင် ရက်ကန်းရုံကြီးကို အမွေဆက်ခံ
ကြီးကြပ်နေတယ်ဆိုတာကို ကျတော်မမေးသလို
သူလည်း ဖြည့်စွတ်မပြောခဲ့ပါဘူး။
ငပိုင်ကျတော့်ကို မလိမ်ခဲ့ပါဘူး။ကျတော်ကပဲ
သူ့အကြောင်းတွေကို မသိချင်ခဲ့တာ...
Thank You All
>>စာပြန်ဖတ်စရာတွေရှိသေးလို့ ဒီနေ့တော့
ဒီလောက်ပါပဲ...