EX-pect

By HsuChiKo365

8.7M 725K 38.9K

B×B(Own Characters) Romance,Drama and other age limited feelings ဒီ​ေလာကထဲကမတည္​ျမဲျခင္​းတရား​ေတြထဲ မင္​းကို​... More

About Story
Intro
ခ်န္း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
Epi8
Epi-9
Epi-10
Epi-11
Epi-12
Epi-13
Epi-14
Epi-15
Epi-16
Epi-17
Epi(18-1)
Epi 18-2
Epi-19
​ေတာင္​းပန္​လႊာ
Epi-20
Epi-21
Epi-22
Epi(23-1)
Epi24
Epi-25
Epi-26
Epi-27
Epi-28
Epi-29
Epi-30
Epi-31
Epi-32
Epi-33
Epi-34
Epi-35
Epi-36
Epi-37
Epi-38
Epi-39
EPI-40
Epi-41
EPI-42
Epi-43
Epi-44
Epi-45
Epi-46
Epi-47
Epi-48
Epi-49
Ending
Ending
Special Colla
July 2
စတင္ျခင္း
​ေမွ်ာ္​လင္​့ျခင္​း
မွားယြင္းျခင္း ၁
မက္ေမာျခင္း(၁)
မွားယြင္းျခင္း(၂)
မက္ေမာျခင္း(၂)
ေမတၱာရပ္ခံျခင္း
Life
Life
ခ်စ္ျခင္းတရား
စစ္ျငိမ္းခ်မ္းပိုင္
စစ္ျငိမ္းခ်မ္းပို္င္ ၏ အိမ္စာ
We Are
Surprise!!!!
စစ္ျငိမ္းခ်မ္းပိုင္
နန္ဒဦးမော်ဆီက ပိုင်ဘာတွေသင်ယူခဲ့လဲ

Epi(23-2)

107K 10.4K 368
By HsuChiKo365

ျမန္မာမင္းတို႔ ေရႊထီးေဆာင္းခဲ့ေသာ ကုန္းေဘာင္ေခတ္ကာလေကာင္းတစ္ခ်ိဳ႕က နန္းတြင္းအႏြယ္ေတာ္ေတြေနထိုင္ခဲ့ေသာ နန္းေရွ႕ ရပ္ကြြက္ေတြသည္
ခုေခတ္ခါတြင္ေတာ့ တရုတ္ျမန္မာခ်စ္ႀကည္စြာ အတူယွဥ္တြဲေနထိုင္ျခင္း သရုပ္ကို ေဖာ္ေဆာင္
ထား၏။
မ်ားျပားလွစြာေသာ လမ္းသြယ္မ်ားကိုျဖတ္ေက်ာ္
အျပီး ကားအသြားအလာရွင္းလင္းေနေသာ
လမ္းခ်ိဳး တစ္ခုသို႔ ခ်ိဳးေကြ႕ဝင္ေရာက္စဥ္
ပတ္ဝန္းက်င္က သိသိသာသာတိတ္ဆိတ္သြား
သလိုလို။

တံတိုင္းျမင့္ျမင့္ ကာရံထားေသာေရွးက်က်
အိမ္ႀကီးအိမ္ေကာင္းေတြ ႀကား ေခတ္မီႏွစ္ထပ္
တိုက္ ထည္ထည္ဝါဝါမ်ားကိုလည္း ေတြ႔ရသည္။
အနီးစပ္ဆံုးဥပမာေပးရရင္ ဒီရပ္ကြက္သည္
ရန္ကုန္က တကၠသိုလ္ရိပ္သာလမ္းသြယ္နဲ႔ဆင္တူ
သည္။

အုတ္တံတိုင္းစိမ္းႏုေရာင္နဲ႔ ေႀကးတံခါးအနက္
ေရာင္ျမင့္ျမင့္ကာရံထားတာေတာင္ ေခါင္မိုးစြန္း
နဲ႔ လသာေဆာင္ကို ျမင္ေနရေသးေသာ ႏွစ္ေဆာင္ျပိဳင္အိမ္္ေရွ႔အေရာက္ ဘျငိမ္း
သည္ ကားဟြန္းတီးသံေပးသည္။
ပိုင္သုတသည္လည္း ေက်ာပိုးအိတ္ကိုေကာက္
လြယ္လ်က္ အဆင္သင့္အေနအထားနဲ႔ရွိေနျပီ

ျမန္မာကားေတာ္ေတာ္မ်ားမ်ားမွ ေတြ႔ရတတ္ေသာ
လူကံုထန္အသိုင္းအဝိုင္းဇာတ္ရုပ္ကိုေပၚလြင္ေစ
ရန္ေထာက္ကူျပဳေသာ ဒီလို အိမ္ႀကီးအိမ္ေကာင္း
မ်ိဳးမွာ ငပိုင္ ႀကီးျပင္းလာရတာလား??

""တခ်န္း ဆင္းရေအာင္""

ဆင္ဝင္ေအာက္သို႔ေရာက္ေနျပီမို႔ ကားတံခါးဖြင့္
ေသာ္လည္း ဖြင့္မရ။အမွန္ဆိုက်ေတာ္ ဒီလို
တံခါးဆြဲဖြင့္ရတဲ့ Super Customကို စီးမွမစီးခဲ့ဖူးတာ

""ေန...ေန တခ်န္း""

ေျပာလည္းေျပာက်ေတာ့္ကို ေက်ာ္ကာ ကုိယ္ကို
ကိုင္းရင္း တံခါးကို ဆြဲဖြင့္သည္။

""ကိုကို!""

မ်က္မွန္ဝိုင္းႀကီးေတြနဲ႔ ကေလးမသည္ သူ႔ညီမ
မိုးဝသာန္ဦးဆိုတာျမင္ျမင္ခ်င္းသိလိုက္သည္။
ဓာတ္ပံုထဲမွာထက္ ပို၍ ေသးေနသလိုပဲ...
အရြယ္နဲ႔ မလိုက္ ထြားႀကိဳင္းေနေသာ ငပိုင္နဲ႔
ေမာင္ႏွမဆိုတာထက္ က်ေတာ့္ညီမလို႔ေျပာရင္
ပိုယံုႀကေပလိမ့္မည္။

""သားႀကီးတို႔ ေရာက္လာျပီလား??""

အိမ္ထဲကေန၍ေျပးထြက္လာကာ ဝမ္းသာအားရ
ႀကိဳဆိုေသာ ႀကီးေမကိုေတာ့ ၈တန္းႏွစ္က ပိုင့္ကို
က်ဳရွင္လိုက္အပ္ေပးတုန္းကတစ္ခါျမင္ဖူးတယ္

ေတြးထင္ထားေသာ အေျခအေနထက္ သာလြန္လြန္းမက သာလြန္ေနေသာ ပိုင့္ အိမ္ကို ေငးရင္းေႀကာင္အအပံုစံနဲ႔ ရပ္ေနေသာ
က်ေတာ့္ကို

""သားႀကီးကဟိုေန႔တည္းကသားႀကိဳက္တာေတြခ်က္ေပးထားပါဆိုျပီးဖုန္းဆက္တာနဲ႔ႀကီးေမ
ကိုယ္တိုင္ ဝင္ခ်က္ေနတာ...ကားသံေတာင္
မႀကားလိုက္ဘူး။လာ ကေလးလာ။သားႀကီး
သူငယ္ခ်င္းကိုေခၚ""

တစ္အိမ္လံုးလႈိုက္လႈိက္လွဲလွဲႀကိဳေနႀကသည္ကို
ႀကည့္ျပီး ပိုင္ ရန္ကုန္ေရာက္စ က ပိုင့္ကို အေပၚ
စီးကေန ဆက္ဆံခဲ့ပံုကို သတိရသြားျပီး က်ေတာ္
ိုေခါင္းမေဖာ္ဝံ့ေတာ့...

ငပိုင္ကေတာ့ မေျပာင္းလဲစြာ က်ေတာ့္ပုခံုးကို
ဖက္ထားရင္း အိမ္ထဲသို႕ ေခၚလာခဲ့သည္။
ကြ်န္းေရာင္ေျပာင္လက္ေနေသာ ႀကမ္းျပင္တြင္
ထင္ဟပ္ေနေသာ က်ေတာ့္အရိပ္ကိုသာ မျမင္ဖူး
သလို ငံု႕ကာစိုက္ႀကည့္ေနေသာ က်ေတ္ာ့အား

""တခ်န္း ထမင္းဆာျပီလား??ေရခ်ိဳးျပီး တေရး
တေမာအိပ္ျပီးမွ ထစားမလား??""

""ေရခ်ိဳးခ်င္မွာေပါ့ သားႀကီးရဲ႕ တစ္ညလံုးကား
စီးလာတာကို။ရန္ကုန္က မား ကို ေရာက္ျပီဆိုတဲ့အေႀကာင္း ဖုန္းဆက္အံုး
ျပီးရင္ ေရခ်ိဳး တေရးတေမာအိပ္ျပီးမွ ေန႔လယ္စာ
ထစား...""

ႀကီးေမသည္ တက္ႀကြစြာ အစီအစဥ္ေရးဆြဲျပီး

""သားႀကီး အခန္းကို ရွင္းေပးထားတယ္။ကေလး
ကိို ေခၚသြား""

ဧည့္ခန္းက်ယ္ကို ျဖတ္ေက်ာ္ျပီး အိမ္လယ္ခန္း
တြင္းက ဒုတိယေျမာက္အခန္းသည္ ငပိုင့္အိပ္ခန္း
ႏွစ္ေယာက္အိပ္ကုတင္မဟုတ္ေပမယ့္လို႕ ပိုင္
အိပ္သည့္ကုတင္က နည္းနည္းက်ယ္သည္

""ဗီဒိုေတြေရႊ႔မရေတာ့ ကုတင္တစ္လံုးထပ္
ထည့္လို႔ မရေတာ့ဘူး။ရတယ္မလား တခ်န္း
အိပ္လို႔အဆင္ေျပတယ္လား??မရ ရင္ ငါေအာက္ဆင္း အိပ္ေပးမယ္""

""ရတယ္ ဆန္႔တယ္ ႏွစ္ေယာက္အိပ္လို႔
ငါေရခ်ိဳးခ်င္ေနျပီ ။ေရခ်ိဳးခန္းရွိတယ္မလား""

""အင္း ရွိတယ္။ခဏ...""

နံရံကပ္ဗီဒိုကိုဆြဲဖြင့္ကာ ပုဆိုးတထည္ထုတ္ေပး
သည္။ပရုတ္လံုးနံ႕ေမႊးေနျပီးျပန္႔ျပဴးေနေအာင္
မီးပူထိုးထားေသာ ပုဆိုးအားကမ္းေပးရင္း

""ဒါနဲ႔ ေရလဲလုပ္...ေရာ့ ဒီမွာ သဘတ္""

""ေရခ်ိဳးခန္းက ဘယ္မွာလဲ??""

""ဒီအခန္းေဘးမွာ...ခြ်တ္ေလအဝတ္အစားေတြ။ျပီးရင္ လိုက္ပို႔ေပးမယ္""

က်ေတာ္ယူလာေသာ အိတ္ကို ဗီဒိုေအာက္အဆင့္
ေတြ ထည့္ေပးေနသည္။
ငပိုင္ ေနာက္ေက်ာေပးေနတုန္း ခပ္ျမန္ျမန္ပဲခြ်တ္
ခ်ျပီး သူေပးတဲ့ ေရလဲပုဆိုးကို ေကာက္ဝတ္
ထားလိုက္သည္။

အခ်ိန္ကိုက္ဆိုသလို က်ေတာ္လဲျပီးသည္ႏွင့္
ဗီဒိုတံခါးကို ပိတ္ကာ က်ေတာ္ရွိရာသို႔ ေလွ်ာက္
လာျပီး ေအာက္တြင္လံုးကာပံုေနေသးေသာ
က်ေတာ့္အဝတ္အစားေတြကိုေကာက္သိမ္းေပး၏

""မ...မလုပ္နဲ႔ ငပိုင္။ငါ့ဘာသာငါ သိမ္းမယ္""

""ရတယ္...ဒါေလွ်ာ္မယ့္ျခင္းထဲ ထည့္ထားလိုက္
ရင္ ရျပီ...ျပီးျပီမလား??လာ လိုက္ခဲ့""

ေရခ်ိဳးခန္းအတြင္း အုတ္ကန္ထဲ ေရျပည့္မျပည့္
စစ္ မီးဖြင့္ေပးျပီး ျပန္ထြက္လာကာ အခန္းေရွ႔ရပ္
ေနေသာ က်ေတာ့္အား

""ရျပီ။ ဝင္ခ်ိဳးေတာ့""

သူမ်ားအိမ္မွာ ပထမဆံုးေရခ်ိဳးရမည့္ကိစၥ...
မီးဝါဝါလင္းေနေပမယ့္ ဒီအလံုပိတ္အခန္းထဲ
ေရဝင္ခ်ိဳးရမွာ နည္္းနည္းေတာ့

""ဘာမွ မျဖစ္ဘူး တခ်န္း။သြားခ်ိဳး ငါ အျပင္မွာ
ေစာင့္ေနေပးမယ္""

က်ေတာ့္စိတ္ကို ခ်က္ခ်င္း ခ်က္ခ်င္းဆိုသလိုသိ
ေနေသာ ငပိုင့္အား ေႀကာက္ရေကာင္းမွန္းသိလာ
တာ ခုမွမဟုတ္။

တကယ္ပဲ ေရခ်ိဳးခန္းေပါက္ဝမွာ မတ္တပ္ရပ္
ေစာင့္ေနေပးခဲ့တာ...ေရစက္လက္နဲ႔ က်ေတာ့္ကို
တစ္ခ်က္ႀကည့္ျပီး

""အခန္းထဲ အရင္ဝင္ႏွင့္...ငါခ်ဳိးလိုက္အံုးမယ္""

-
-
-
အိပ္ရာေျပာင္းရင္ အိပ္မ်ားအိပ္ေပ်ာ္ပါ့မလားလို႔
စိုးရိမ္ေနတာ...ခုေတာ့ ပါးစပ္ဟျပီးကို အိပ္ေမာ
က်ေနပံုကိုသာ ေငးႀကည့္ရင္း အိပ္မေပ်ာ္သည္က
ကုတင္ပိုင္ရွင္က်ေတာ္သာ

ထူးဆန္းတယ္။ေယာက်ာ္းေလးတစ္ေယာက္ကို
ခ်စ္ေနမိတဲ့ ခံစားခ်က္က...ဒါမ်ိဳးျဖစ္ေနတာ
ဒီကမၻာမွာ က်ေတာ္တစ္ေယာက္ပဲရွိေန
တာလား??
မိန္းမလ်ာေတြလိုလည္း မိန္းမ
မျဖစ္ခ်င္ေနပါပဲနဲ႔ တခ်န္း ဆိုတဲ့ ေယာက်ာ္းေလး
တစ္ေယာက္ကို က်ေတာ္ခ်စ္တာ။
တခ်န္းက ဆိုးေနတာေတာင္ က်ေတာ္သူ႔ကို
အျပစ္မျမင္ပဲ ခ်စ္ေနမိတုန္း။

ငယ္လြန္းေသးလို႔ စိတ္ကစားတယ္ရယ္လို႔လည္း
အသက္အရြယ္ကိုခုတံုးလုပ္ျပီးလႊဲမခ်ခ်င္ဘူး။အမွန္ဆို က်ဴရွင္မွာ ေဘးပတ္ဝန္းက်င္မွာ စိတ္ကစားခ်င္စရာေကာင္းတဲ့ မိန္းကေလးေတြကိုေတြ႔ေနျမင္ေနသည့္ႀကားထဲမွ
ဒီ နဂ်ီေကာင္ကိုပဲ က်ေတာ္ခ်စ္မိသြားတာ
မိန္းကေလးကိုခ်စ္မိတယ္ဆိုရင္ေတာင္ တိုင္ပင္
လို႔ ရေသး။ခုဟာက...

စိတ္က်ဥ္းႀကပ္စြာေခါင္းခါရင္း ခပ္ဟဟျဖစ္ေန
ေသာ သူ႔ႏႈတ္ခမ္းႏွစ္ခုႀကားထဲ
လက္ညွိဳးထည့္ႀကည့္ခ်င္လာသည္။
စခ်င္စိတ္ျဖစ္လာလို႔ လုပ္တာမွန္ေပမယ့္လက္ညွိဳး
နဲ႕ သူ႔ႏႈတ္ခမ္းသား ခပ္ဖြဖြထိမိသြားသည့္ အခိုက္
အတန္႔မွာပင္ က်ေတာ့္ႏွလံုးကို က်ဥ္စက္နဲ႔တိုက္
ရိုက္ႀကီး တို႔ခံလိုက္ရသလိုပဲ။ထေတာင္ခုန္မိမတတ္ပဲ...

တဆက္ဆက္ခုန္လာေသာရင္ကို ခပ္တင္းတင္း
ဖိအုပ္ကာ စိတ္ျငိမ္သြားဖို႔ မနည္းမေနာႀကိဳးစား
လိုက္ရသည္။

တခ်န္းေရ...လက္ညွိဳးေလးနဲ႔ ခပ္ဖြဖြထိမိတာ
ေတာင္ ဒီေလာက္ျဖစ္ေနရင္...ေတာ္ျပီ ေနာက္တစ္ခါ ဒီေကာင့္ႏႈတ္ခမ္းနဲ႔ မထိမိေအာင္
ေဝးေဝးေရွာင္ရမယ္။

""အင္~~ဟင္""

ဘယ္ျပန္ညာျပန္တစ္ပတ္လွိမ့္လိုက္ျပီးမွ မ်က္လံုး
မဖြင့္ခ်င္ဖြင့္ခ်င္ပံုစံနဲ႔ ကုတင္ေဘး မတ္တပ္ရပ္ေနေသာ က်ေတာ့္ကို
အိပ္ရာထဲကေနေမာ့ႀကည့္သည္။

""ႏိုးျပီလား??""

လူကဓာတ္လိုက္သလိုျဖစ္ထား၍ ေျပာတဲ့အသံ
ကပါ တုန္ခ်င္ေနတာ

""အင္းးး""

ဘာလဲကြ??ဘာမွမေျပာပဲ ဟိုဖက္လွည့္ကာ
ဆက္အိပ္ေနေသး၏
တစ္ညလံုး သူမ်ားေပါင္ေပၚအိပ္ထားတာေတာင္
ခုထိ အိပ္ခ်င္မေျပေသးတဲ့ပံု။

က်ေတာ့္ကုတင္ေပၚေကြးေနေသာ တခ်န္းကို
ႀကည့္ကာ ျပံဳးမိသည္။
ကုတင္ကို သူေတာ္ေတာ္သေဘာက်တာ။
အခန္းႏွစ္ခန္းဖြဲ႔မရေသာ သူတို႔တိုက္ခန္းမွာ မားတို႔ မဂၤလာဦးကုတင္တစ္လံုးသာရွိ၍
တခ်န္းသည္ အိမ္ေရွ႔မွာ သင္ျဖဴးဖ်ာခင္းျပီး
အိပ္ခဲ့ရတာ...ကုတင္နဲ႔ ကိုယ္ပိုင္အခန္းတစ္ခု
ဆိုတာ တခ်န္းအျမဲေတာင့္တခဲ့အရာေတြ
ဆင္းဆင္းရဲရဲမဟုတ္ေတာင္ ဝန္ထမ္းသားသမီး
ျဖစ္ရံုသာမက စည္းစနစ္က်ေသာမား၏သား
တစ္ေယာက္အေနနဲ႔ ခ်န္း ဘဝတစ္ေလွ်ာက္
တျခားပိုက္ဆံရွိသားသမီးေတြကဲ့သို႔ေမာ္ေမာ္
ႀကြားႀကြားမေနခဲ့ရ။
မားက အဝတ္အစားက အစ သူ႕အိုးသူ႔ဆန္
ေတာ္သင့္ရံုသာ ဆင္ေပးခဲ့၍ တခ်န္းမွာ Brand
အက်ီ ၤတို႔ ဘာတို႔ဆိုတာ မ်ားမ်ားစားစားမရွိခဲ့။
ဆင္ေပးခ်င္တယ္။တခ်န္းသေဘာက်မယ့္ အဝတ္
အစားေတြ။အသံုးအေဆာင္ေတြ။က်ေတာ္ဝယ္ေပးခ်င္တယ္ဆိုတာေတာင္ တခ်န္း
ကလက္ခံပါ့မလား??
ခုေတာင္ က်ေတ္ာ့အိမ္အေျခအေနကိုျမင္ျပီး
ခ်န္း တြန္႔ဆုတ္တြန္႔ဆုတ္ျဖစ္ေနတာ။
ျပီးေတာ့ မာနကလည္းႀကီးေနတာဆိုေတာ့

မႏၱေလးေႏြဒဏ္ကို လူလုပ္ေလေအးဖန္တီးစက္
နဲ႔ အန္တုထားေသာ က်ေတာ့္အခန္း ေအးစိမ့္စိမ့္
ကို တခ်န္းမခြဲႏိုင္ျဖစ္ေနေသးပံုပင္။

"တခ်န္း ႏိုးရင္ ထပါလား??ထမင္းစားရေအာင္"

""အင္းးး""

မ်က္လံုးေတြမပြင့္တပြင့္နဲ႔ မျမင္မစမ္းလွမ္းႀကည့္
ေနေသာ နဂ်ီေကာင္ ႏွဖူးကို ခပ္ဖြဖြေတာက္လိုက္
ေတာ့မွ

""ဘယ္အခ်ိန္ရွိျပီလဲ??""

ဟူေသာ အေမးျပန္ရသည္

""ေန႔လည္ တစ္နာရီေတာင္ရွိေနျပီ။ထမင္းစား
ခ်ိန္ ေက်ာ္ျပီးအစာလြန္မွာဆိုးလို႔ ထစား။စားျပီး
မွထပ္အိပ္ခ်င္အိပ္""

""အင္း အင္း""

မ်က္မွန္လိုက္စမ္းေတာ့မွာ သိေန၍ တစ္ခါတည္း
တပ္ေပးလိုက္ရသည္။
ႀကည့္ျပန္ျပီ  အားနာသလိုလို သိမ္ငယ္ေနသလိုိ
လို အႀကည့္ေတြနဲ႔။
မႀကိဳက္ဘူး။
ခ်န္းကို တစ္ခဏေလးေျပာင္းလဲမသြားေစခ်င္
သည့္ က်ေတာ္ကပဲ အဲ့အႀကည့္ရဲ႕ အဓိပၸါယ္ကို
နားမလည္ေသာ ငတံုးေကာင္လို

""လာ လာ အခန္းထဲက ထြက္ရေအာင္"

ဟူ၍ ရယ္ရႊင္ျမဴးဟန္ဖမ္းကာ ပုခံုးမွဖက္လ်က္
အျပင္သို႔ ဆြဲထုတ္ျဖစ္သည္။

""ေဟာ္ ႏိုးႀကျပီလား??ႀကီးေမက လာေတာင္
ႏႈိုးခိုင္းေတာ့မလို႔ ထမင္းစားခ်ိန္ေက်ာ္ေနျပီဆိုျပီး"

""ႀကီးေမတို႔ေကာ စားျပီးျပီလား??""

""မစားရေသးဘူး။သားႀကီးကို ေစာင့္ေနတာ။လာ
လာ ကေလး""

ႀကီးေမက ကေလးလို႔ေခၚရင္ နားထဲႀကားရတာ
တစ္မ်ိဳးပဲ။သူတို႔ဆီမွာ ေခၚေနက်ပံုစံလားဘာလား
ေသခ်ာမသိေပမယ့္ ငပိုင့္ ထက္သံုးလေလာက္
ႀကီးေသာ က်ေတာ့္ကို ကေလး လို႔ေခၚေနတာ
ငပိုင့္ လက္ခ်က္မ်ားလား??လူေကာင္နည္းနည္း
ေသးတာန႔ဲပဲ အသက္ကငယ္ေရာလား??

မီးဖိုေခ်ာင္နဲ႔ တြဲဆက္ထားေသာ ထမင္းစားခန္း
သည္ က်ေတာ္တို႔ အိမ္လယ္ခန္းေလာက္ရွိ၏
စားပြဲရွည္ ကုလားထိုင္ေတြနဲ႔ စနစ္တက်ရွိေန
ေသာ ထမင္းစား စားပြဲေပၚထိုင္မိခ်ိန္ အိမ္က
ႀကမ္းခင္းမွာပင္ ခ်ခင္း၍စားခဲ့ေသာ စားပြဲပုေလး
ေထာင့္ေလးကို ျမင္ေယာင္ရင္းက်ေတာ္
ေသးေသးေလးျဖစ္သြားသလိုပဲ

စားပြဲပုေလးေပၚမွာပဲ ႏွစ္ေယာက္ထမင္းျမန္ျမန္
ျပီးလုသြားခဲ့ႀကတာ...ခုေတာ့ ပိုင္နဲ႔က်ေတာ္
ကုလားထိုင္ေတြေပၚကိုယ္စီထိုင္ရင္းေဝးသြားႀက
သလိုပဲ...
ေတြကာမႈိင္ကာအေတြးနယ္လွည့္ေနေသာကာလ
အပိုင္းအျခားအျပီးတြင္ေတာ့ က်ေတာ့္ဖန္
ထမင္းပန္းကန္ျပားထဲတြင္ ဟင္းေတြအစံုအလင္
ဒါေတာင္ အားမရေသးေသာပံုျဖင့္ ဝက္နံရိုးကို
ခပ္ကာ က်ေတာ့္ပန္းကန္ထဲထည့္ေပးဖို႕ျပင္ေန
ေသးသျဖင့္

""ေတာ္ျပီ ငပိုင္""

ေခၚေနက်အတိုင္းေခၚလိုက္ျပီးမွ ႀကီးေမ၏အံ့ႀသ
နဘန္းျဖစ္ေနပံုကို သတိထားမိျပီးမွ က်ေတာ္မွား
ျပီလား...
သူတို႔အိမ္က  သားႀကီးကို က်ေတာ္က "င"တပ္
ေခၚမိလိုက္တာ။ျမန္မာစာ ျမန္မာစကားအေလး
ထားလြန္းေသာ ျမန္မာဆန္ဆန္မိသားစုထဲ...

""သားႀကီးတို႔ေတာ့ ရန္ကုန္မွာ
ေတာ္ေတာ္အပိုးက်ိဳးသြားပံုပဲ""

ႀကီးေမက ေက်နပ္အားရဟန္အျပည့္နဲ႔ေျပာေနျပီး
သူ႔ညီမ မိုးဝသာန္ဦးကပါ သူ႔အစ္ကိုႀကည့္ကာ
တခစ္ခစ္နဲ႔ ရယ္ေနေသး၏
စိတ္ဆိုးသြားႀကတာ မဟုတ္၍ ဝမ္းသာေသာ္ငွား
အလိုက္သတိနဲ႔ လိမ္လိမ္မာမာေနခဲ့ေသာ ငပိုင့္
ကို အပိုးက်ိဳးသြားတယ္ဆိုေသာ စကားကို
က်ေတာ္သေဘာမေတြ႔။က်ေတာ္သိတဲ့ ငပိုင္က
ဆိုးသြမ္းေနတာမွ မဟုတ္ပဲ

""အရင္ကဆို အဲ့ အသံုးအႏႈန္းက ငယ္ကြ်န္ႀကီး
ေတြကိုေခၚတာဆိုျပီး ႀကီးေမေတာင္ေခၚလို႔မရ
ဘူး။ဒီလို အသားဟင္းေတြနဲ႔ တစ္စားပြဲတည္း
အတူတူထိုင္စားဖို႔မေျပာနဲ႔ သူ႔ဟင္းနား အသား
ဟင္း ကပ္ျပီးထားလို႔ေတာင္မရဘူး။အဲ့လို ေနခဲ့တာ ကေလးေရ...""

ဒီတစ္ခါ အံ့ႀသနဘန္းျဖစ္ရသူက က်ေတာ္။
အသားယူမစားရံုကလြဲျပီး က်ေတာ္နဲ႔ ငါးႏွစ္
လံုးလံုး ထမင္းအတူထိုင္စားခဲ့တာ။က်ေတာ္
စားျပီးသားအသားဟင္းပန္းကန္ကိုေတာင္
ငပိုင္ ႀကိမ္ဖန္မ်ားစြာေဆးေပးခဲ့ဖူးတာ

က်ေတ္ာလွမ္းႀကည့္ေတာ့ က်ေတာ့္ကိုႀကည့္မေန
ပဲ ေခါင္းသာငံု႕ေန၏

""ခစ္ခစ္ ကိုကို႔ ကို ႏိုင္မယ့္သူ ေမြးလာျပီ။ငါ့ကို
ႏိုင္မယ့္လူ ဒီကမၻာမွာ မေမြးေသးဘူးလို႔ ကိုကို
ရန္ျဖစ္ျပီး ျပန္လာတိုင္းေျပာခဲ့တာေလ။ခုေတာ့""

""ရန္ျဖစ္တယ္!!င...အဲ ပိုင္သုတ ကလား??""

""အမယ္ေလး ျဖစ္တာမွ...ႀကီးေမဆို အလုပ္
ေသခ်ာမလုပ္ရဘူး။ေတာ္ႀကာေန ထိုးလိုက္တာ
ႏႈတ္ခမ္းကြဲသြားလို႕။သူနပန္က်င္းလိုက္တာ နား
ေတြမႀကားရေတာ့ပါဘူး ဆိုျပီး လာတိုင္...""

""ေတာ္ပါေတာ့ ႀကီးေမရာ""

ႀကီးေမအား ေတာင္းလွိ်ဳးမာန္က်ိဳးႀကည့္ေနေသာ
ပံုစံက ႀကီးေမအခုေျပာေနတာေတြကပဲ မဟုတ္
တမ္းတရားေတြလို ထင္သြားႏိုင္သည့္အထိ
အေနအထိုင္ေတြကျမင္ေနက်လိုသိမ္ေမြ႔ေနခဲ့တာ
သို႔ေပမယ့္ က်ေတာ္သူ႔ကို ျဖံဳတာေတာ့ ေတာ္ေတာ္ျဖံဳေနျပီ။
ႀကီးေမဆိုတာ လူႀကီး လိမ္ေျပာမွာေတာ့မဟုတ္
ျပီးေတာ့ သူ႕ညီမ လည္းရွိေနေသးတာ

""ဘာ ခုမွေတာ္ပါေတာ့လဲ??ရန္ျဖစ္တာ
ရွက္ဖို႕ေကာင္းမွန္း ခုမွသိျပီမလား??ရန္ကုန္
လိုက္သြားစ ကဆို ႀကီးေမအိပ္လို႔မေပ်ာ္ဘူး။
ရန္ကုန္မွာလည္း သူဒီလိုဆိုးေနရင္ မျဖစ္ဘူး။
သူ႔အေဖလည္း လိုက္ရွင္းေပးႏိုင္မွာမဟုတ္ဘူး
တစ္ခုေတာ္တာက ေက်ာင္းမွာရန္မျဖစ္တတ္တာ
ပဲ ေက်းဇူးတင္ရမယ္။ေက်ာင္းမွာရန္ျဖစ္ရင္
ေက်ာင္းရဲ႕ ဆိုးသြမ္းမွတ္တမ္းဝင္သြားမွာေတာ့
ေသေအာင္ေႀကာက္တယ္ေလ။အဲ့လိုဝင္ရင္
ေဆးေက်ာင္းမတက္ရဘူးဆိုတာသိေနလို႔ေတာ္
ေသးတယ္ေျပာရမယ္။အဲ့လို ရိုက္ႏွပ္တတ္တဲ့စိတ္
နဲ႔ ဆရာဝန္ဘယ္လိုလုပ္မလဲ စဥ္းစားမရဘူး""

""လူနာ ေတြကမျငင္းဘူးေလ ႀကီးေမ။တခ်န္း
ရန္ျဖစ္တယ္ဆိုတာက မင္းလည္းသိတယ္မလား
မဟုတ္တာႀကီးကို အတင္းလိုက္ျငင္းေနရင္
ေတာ့ မင္းလည္းသည္းမခံႏိုင္ဘူးမလား??
ငါေျပာတာ ဟုတ္လား??""

""ေႀသာ္ အင္းး အင္းး""

စိတ္ေက်နပ္ရင္ျပီးေရာဆိုသည့္ ပံုစံနဲ႔ အင္း အတင္းလိုက္ေနေသာ ခ်န္းကို ႀကည့္ျပီး စိတ္ေတြ
ဆိုတာ ေအာက္ဆံုးထိ ထိုးဆင္းသြားသည္။

ဇာတ္စံုခင္းျပီးလည္ပင္းႀကိဳးကြင္းစြပ္ေနသလိုပဲ
ႀကီးေမလုပ္ပံုက...နဂိုတည္းကမွ က်ေတာ့္တို႔
အိမ္အေျခအေနျမင္ျပီး တခ်န္းက အရင္လို
မေနေတာ့တာကိုဗ်ာ။စိတ္ေတြအိုက္လိုက္တာ
ျဖစ္ႏိုင္ရင္ ခ်န္းကို ဒီထမင္းဝိုင္းကေနေခၚထုတ္
သြားခ်င္တယ္။တခ်န္း ဗိုက္ဆာေနတာသိလို႔
ျငိမ္ေနေပးတာ

""ဒါေပမယ့္ ကိုကို ကအရင္ကေလာက္မဆိုး
ေတာ့ပါဘူး။ဟိုတစ္ခါ ရန္ကုန္က ျပန္လာျပီးတည္းက ကိုကိုျငိမ္သြားတာ။တစ္ေႏြလံုး ကိုရင္ဝတ္ေနတာေလ ႀကီးေမကလည္း ကိုကို အရင္လို
မဟုတ္ေတာ့ပါဘူး""

ေတာ္လိုက္တဲ့ ငါ့ညီမေလး။ဆယ္တန္းေအာင္ျပီးရင္ေရွ႔ေနလုပ္ခိုင္းရမယ္။

""ဟုတ္တယ္။သားႀကီး ျငိမ္က်သြားတာ။မႏၱေလး
ေရာက္တာနဲ႔ စာသင္တိုက္ကိုသြားျပီးရွင္ဆႏၵဆီ
က ဘုရားစာေတြ English Grammar
ေတြ သင္ေနတာ။ထင္ပါတယ္ ရန္ကုန္မွာ
အေပါင္းအသင္းေကာင္းေတြရလာတယ္ဆိုတာ
ကေလးတို႔ ေမေမ မနန္းေျမ့ ကိုလည္းႀကီးေမ
ေက်းဇူးတင္ေနတာ။ကေလးေတြအေမ သြန္သင္ဆံုးမမႈေကာင္းတာေႀကာင့္ေရာ
ကေလးတို႔လို အေနေအးေဆးတဲ့ ကေလးေတြ
နဲ႔အေပါင္းအသင္းလုပ္မိတာေႀကာင့္လည္းပါတယ္သားႀကီးအပိုးက်ိဳးသြားတာ""

ေရထဲႏွစ္လိုက္ ျပန္ဆြဲတင္လိုက္ လုပ္ခံေနရသလို
ပဲ။စိတ္ေတြပိန္ေနသည့္ႀကားမွႀကီးေမ၏

""ကေလးတို႔လို အေနေအးေဆးတဲ့ ကေလး""

ဆိုတဲ့စကားကို မရယ္မိေအာင္ထိန္းထာရေသး။
ဒါကိုသိေသာ တခ်န္းသည္ က်ေတာ့္ကိုစူးခနဲ
ႀကည့္လိုက္သျဖင့္ မရယ္မိေအာင္ထိန္းထားရ
သည့္အျဖစ္ကလည္းရွိ၏။
-
-
-
""မင္း အဲ့ေလာက္ေတာင္ဆိုးခဲ့တာလား ငပိုင္""

အခန္းထဲစဝင္သည္ႏွင့္ တခ်န္းစေသာ
စကား ထိုစကားျဖစ္မယ္ဆိုတာမွန္းဆမိျပီးသား

""မဟုတ္ဘူးလို႔ေတာ့ ငါမျငင္းခ်င္ဘူး။ဒါေပမယ့္"

""ေက်းဇူးပဲ မင္းအေပၚငါအႏိုင္က်င့္ခဲ့တာေတြကို
သီးခံေပးလို႔။မင္းကို ငါႏွိမ္လည္းႏွိမ္ခဲ့မိတယ္""

""တခ်န္းရာ မင္းနဲ႔ေတာ့...မင္းန႔ဲငါနဲ႔က
အဲ့လိုစကားေတြေျပာစရာလား??""

တခ်န္းျငိမ္သက္သြားသည္။ျပတင္းေပါက္အျပင္ဖက္က သရက္ပင္ႀကီးကို
အေႀကာင္းမဲ့ေမာ့ႀကည့္ေနသည္။

""တခ်န္း~~ငါ...""

""ငါေလ မင္းလိုလူေတာင္ သည္းမခံႏိုင္
ေလာက္ေအာင္ ဆိုးခဲ့တဲ့ေကာင္ေတြကို နပန္ပဲ
က်င္းေပးလိုက္ခ်င္တယ္""

""အမ္??""

က်ေတာ့္ကိုေႀကာက္သြားတယ္ ထင္ေနတာ။
သူက...သူက မေႀကာက္သြားတဲ့အျပင္ က်ေတာ္
နဲ႔ ရန္ျဖစ္ခဲ့တဲ့ေကာင္ေတြကို နပန္က်င္းခ်င္တယ္
တဲ့။

ဟားးးးးဘယ္လိုေတာင္ေပ်ာ္သြားလဲဆို...
ေငးေမာေနေသာ တခ်န္းကို အားပါးတရဖက္ျပီး
ကုတင္ေပၚဆြဲလွဲပစ္လိုက္တယ္။
က်ေတာ့္ကို နားလည္ရံုသာမက က်ေတာ့္ဖက္က
ပင္ ေျပာေနေသာ တခ်န္းကို ဝမ္းသာျခင္း၊
ႀကည္ႏူးျခင္း အဲ အဲ့ဒါလားဘာလားေသခ်ာမသိ
ေပမယ့္ ေက်နပ္ျခင္းမ်ားစြာျဖင့္ တင္းေနေအာင္
ကိုဖက္ထားမိတယ္

""အားးး လက္ေမာင္းေတြနာတယ္""

ေအာ္သာေအာ္၏။ပံုမွန္ဆို ဖက္ထားတဲ့ က်ေတာ့္
လက္ကို ဆြဲကိုက္တာေလာက္ေတာ့ လုပ္မွာ
ေပမယ့္ ခုေတာ့ ေအာ္ရံုသာေအာ္လ်က္ ျငိမ္ေန
သည္။
ဒါ ခ်န္း ပံုစံမွ မဟုတ္ပဲ

""မင္း ငါ့ကို ဘာမွျပန္မလုပ္ဘူးလား??""

""အင္းးးငါလည္းခါတေလ မင္းလိုသီးခံႀကည့္
တာ""

""မလိုပါဘူး တခ်န္းရာ။မင္းစိတ္ထဲမွာရွိတဲ့အ
တိုင္းသာ ေနပါ။ငါလည္း မင္းကို အထူးတလည္
မင္းကို သီးခံေနတာ မဟုတ္ပါဘူး""

""အင္းပါကြာ ဖယ္။ငါ အိုက္လို႔"

ဖယ္ေပးလိုက္သည္ႏွင့္ ခႏၶာကိုယ္ကိုေကြးကာ
အိပ္၏

""တခ်န္း ခုမွထမင္းစားျပီးတာ အဲ့လိုမေနနဲ႕""

""ငပိုင္ ေနာက္ဆို မင္းလည္းမင္းစိတ္ထဲမွာ
ရွိတဲ့အတိုင္းေနပါ။ဘာမွဟန္ေဆာင္ေနစရာမလို
ဘူး။ငါနဲ႔မင္းက...""

အခန္းတြင္း တိုင္ကပ္နာရီ၏စကၠန္႔လက္တံတစ
္ခ်က္ခ်က္ျမည္သံသာ ႀကီးစိုးသြားျပီးမွ...

""သူငယ္ခ်င္းေတြပဲ""

ခပ္တိုးတိုးထြက္လာေသာ ခ်န္းအသံ။
စကၠန္႔ေရတြက္သံထက္တိုးေနေပမယ့္ က်ေတာ္
နားနဲ႔ဆက္ဆက္ႀကားလိုက္ရတာ

""အင္းး ငါတို႕က သူငယ္ခ်င္း ေတြပဲ""

္ မဟုတ္ဘူးရယ္လို႔ က်ေတာ့မွာျငင္းပိုင္ခြင့္မွမရွိပဲ
ခ်န္းစကားကို ေထာက္ခံေပးေတာ့ ခ်န္းစိတ္ခ်မ္း
သာတာေပါ့

ဧျပီေႏြလသည္ အျပင္ေလာကကိုသာမက
ရင္တြင္းကိုပါ ေလာင္ျမိဳက္ေစတာ...

Thank You All

Happy Holidays

(unicode)

/

/

/

မြန်မာမင်းတို့ ရွှေထီးဆောင်းခဲ့သော ကုန်းဘောင်ခေတ်ကာလကောင်းတစ်ချို့က နန်းတွင်းအနွယ်တော်တွေနေထိုင်ခဲ့သော နန်းရှေ့ ရပ်ကွက်တွေသည်
ခုခေတ်ခါတွင်တော့ တရုတ်မြန်မာချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ခြင်း သရုပ်ကို ဖော်ဆောင်
ထား၏။
များပြားလှစွာသော လမ်းသွယ်များကိုဖြတ်ကျော်
အပြီး ကားအသွားအလာရှင်းလင်းနေသော
လမ်းချိုး တစ်ခုသို့ ချိုးကွေ့ဝင်ရောက်စဉ်
ပတ်ဝန်းကျင်က သိသိသာသာတိတ်ဆိတ်သွား
သလိုလို။

တံတိုင်းမြင့်မြင့် ကာရံထားသောရှေးကျကျ
အိမ်ကြီးအိမ်ကောင်းတွေ ကြား ခေတ်မီနှစ်ထပ်
တိုက် ထည်ထည်ဝါဝါများကိုလည်း တွေ့ရသည်။
အနီးစပ်ဆုံးဥပမာပေးရရင် ဒီရပ်ကွက်သည်
ရန်ကုန်က တက္ကသိုလ်ရိပ်သာလမ်းသွယ်နဲ့ဆင်တူ
သည်။

အုတ်တံတိုင်းစိမ်းနုရောင်နဲ့ ကြေးတံခါးအနက်
ရောင်မြင့်မြင့်ကာရံထားတာတောင် ခေါင်မိုးစွန်း
နဲ့ လသာဆောင်ကို မြင်နေရသေးသော နှစ်ဆောင်ပြိုင်အိမ်ရှေ့အရောက် ဘငြိမ်း
သည် ကားဟွန်းတီးသံပေးသည်။
ပိုင်သုတသည်လည်း ကျောပိုးအိတ်ကိုကောက်
လွယ်လျက် အဆင်သင့်အနေအထားနဲ့ရှိနေပြီ

မြန်မာကားတော်တော်များများမှ တွေ့ရတတ်သော
လူကုံထန်အသိုင်းအဝိုင်းဇာတ်ရုပ်ကိုပေါ်လွင်စေ
ရန်ထောက်ကူပြုသော ဒီလို အိမ်ကြီးအိမ်ကောင်း
မျိုးမှာ ငပိုင် ကြီးပြင်းလာရတာလား??

""တချန်း ဆင်းရအောင်""

ဆင်ဝင်အောက်သို့ရောက်နေပြီမို့ ကားတံခါးဖွင့်
သော်လည်း ဖွင့်မရ။အမှန်ဆိုကျတော် ဒီလို
တံခါးဆွဲဖွင့်ရတဲ့ Super Customကို စီးမှမစီးခဲ့ဖူးတာ

""နေ...နေ တချန်း""

ပြောလည်းပြောကျတော့်ကို ကျော်ကာ ကိုယ်ကို
ကိုင်းရင်း တံခါးကို ဆွဲဖွင့်သည်။

""ကိုကို!""

မျက်မှန်ဝိုင်းကြီးတွေနဲ့ ကလေးမသည် သူ့ညီမ
မိုးဝသာန်ဦးဆိုတာမြင်မြင်ချင်းသိလိုက်သည်။
ဓာတ်ပုံထဲမှာထက် ပို၍ သေးနေသလိုပဲ...
အရွယ်နဲ့ မလိုက် ထွားကြိုင်းနေသော ငပိုင်နဲ့
မောင်နှမဆိုတာထက် ကျတော့်ညီမလို့ပြောရင်
ပိုယုံကြပေလိမ့်မည်။

""သားကြီးတို့ ရောက်လာပြီလား??""

အိမ်ထဲကနေ၍ပြေးထွက်လာကာ ဝမ်းသာအားရ
ကြိုဆိုသော ကြီးမေကိုတော့ ၈တန်းနှစ်က ပိုင့်ကို
ကျုရှင်လိုက်အပ်ပေးတုန်းကတစ်ခါမြင်ဖူးတယ်

တွေးထင်ထားသော အခြေအနေထက် သာလွန်လွန်းမက သာလွန်နေသော ပိုင့် အိမ်ကို ငေးရင်းကြောင်အအပုံစံနဲ့ ရပ်နေသော
ကျတော့်ကို

""သားကြီးကဟိုနေ့တည်းကသားကြိုက်တာတွေချက်ပေးထားပါဆိုပြီးဖုန်းဆက်တာနဲ့ကြီးမေ
ကိုယ်တိုင် ဝင်ချက်နေတာ...ကားသံတောင်
မကြားလိုက်ဘူး။လာ ကလေးလာ။သားကြီး
သူငယ်ချင်းကိုခေါ်""

တစ်အိမ်လုံးလှိုက်လှိုက်လှဲလှဲကြိုနေကြသည်ကို
ကြည့်ပြီး ပိုင် ရန်ကုန်ရောက်စ က ပိုင့်ကို အပေါ်
စီးကနေ ဆက်ဆံခဲ့ပုံကို သတိရသွားပြီး ကျတော်
ိုခေါင်းမဖော်ဝံ့တော့...

ငပိုင်ကတော့ မပြောင်းလဲစွာ ကျတော့်ပုခုံးကို
ဖက်ထားရင်း အိမ်ထဲသို့ ခေါ်လာခဲ့သည်။
ကျွန်းရောင်ပြောင်လက်နေသော ကြမ်းပြင်တွင်
ထင်ဟပ်နေသော ကျတော့်အရိပ်ကိုသာ မမြင်ဖူး
သလို ငုံ့ကာစိုက်ကြည့်နေသော ကျတေ်ာ့အား

""တချန်း ထမင်းဆာပြီလား??ရေချိုးပြီး တရေး
တမောအိပ်ပြီးမှ ထစားမလား??""

""ရေချိုးချင်မှာပေါ့ သားကြီးရဲ့ တစ်ညလုံးကား
စီးလာတာကို။ရန်ကုန်က မား ကို ရောက်ပြီဆိုတဲ့အကြောင်း ဖုန်းဆက်အုံး
ပြီးရင် ရေချိုး တရေးတမောအိပ်ပြီးမှ နေ့လယ်စာ
ထစား...""

ကြီးမေသည် တက်ကြွစွာ အစီအစဉ်ရေးဆွဲပြီး

""သားကြီး အခန်းကို ရှင်းပေးထားတယ်။ကလေး
ကို ခေါ်သွား""

ဧည့်ခန်းကျယ်ကို ဖြတ်ကျော်ပြီး အိမ်လယ်ခန်း
တွင်းက ဒုတိယမြောက်အခန်းသည် ငပိုင့်အိပ်ခန်း
နှစ်ယောက်အိပ်ကုတင်မဟုတ်ပေမယ့်လို့ ပိုင်
အိပ်သည့်ကုတင်က နည်းနည်းကျယ်သည်

""ဗီဒိုတွေရွှေ့မရတော့ ကုတင်တစ်လုံးထပ်
ထည့်လို့ မရတော့ဘူး။ရတယ်မလား တချန်း
အိပ်လို့အဆင်ပြေတယ်လား??မရ ရင် ငါအောက်ဆင်း အိပ်ပေးမယ်""

""ရတယ် ဆန့်တယ် နှစ်ယောက်အိပ်လို့
ငါရေချိုးချင်နေပြီ ။ရေချိုးခန်းရှိတယ်မလား""

""အင်း ရှိတယ်။ခဏ...""

နံရံကပ်ဗီဒိုကိုဆွဲဖွင့်ကာ ပုဆိုးတထည်ထုတ်ပေး
သည်။ပရုတ်လုံးနံ့မွှေးနေပြီးပြန့်ပြူးနေအောင်
မီးပူထိုးထားသော ပုဆိုးအားကမ်းပေးရင်း

""ဒါနဲ့ ရေလဲလုပ်...ရော့ ဒီမှာ သဘတ်""

""ရေချိုးခန်းက ဘယ်မှာလဲ??""

""ဒီအခန်းဘေးမှာ...ချွတ်လေအဝတ်အစားတွေ။ပြီးရင် လိုက်ပို့ပေးမယ်""

ကျတော်ယူလာသော အိတ်ကို ဗီဒိုအောက်အဆင့်
တွေ ထည့်ပေးနေသည်။
ငပိုင် နောက်ကျောပေးနေတုန်း ခပ်မြန်မြန်ပဲချွတ်
ချပြီး သူပေးတဲ့ ရေလဲပုဆိုးကို ကောက်ဝတ်
ထားလိုက်သည်။

အချိန်ကိုက်ဆိုသလို ကျတော်လဲပြီးသည်နှင့်
ဗီဒိုတံခါးကို ပိတ်ကာ ကျတော်ရှိရာသို့ လျှောက်
လာပြီး အောက်တွင်လုံးကာပုံနေသေးသော
ကျတော့်အဝတ်အစားတွေကိုကောက်သိမ်းပေး၏

""မ...မလုပ်နဲ့ ငပိုင်။ငါ့ဘာသာငါ သိမ်းမယ်""

""ရတယ်...ဒါလျှော်မယ့်ခြင်းထဲ ထည့်ထားလိုက်
ရင် ရပြီ...ပြီးပြီမလား??လာ လိုက်ခဲ့""

ရေချိုးခန်းအတွင်း အုတ်ကန်ထဲ ရေပြည့်မပြည့်
စစ် မီးဖွင့်ပေးပြီး ပြန်ထွက်လာကာ အခန်းရှေ့ရပ်
နေသော ကျတော့်အား

""ရပြီ။ ဝင်ချိုးတော့""

သူများအိမ်မှာ ပထမဆုံးရေချိုးရမည့်ကိစ္စ...
မီးဝါဝါလင်းနေပေမယ့် ဒီအလုံပိတ်အခန်းထဲ
ရေဝင်ချိုးရမှာ နည်းနည်းတော့

""ဘာမှ မဖြစ်ဘူး တချန်း။သွားချိုး ငါ အပြင်မှာ
စောင့်နေပေးမယ်""

ကျတော့်စိတ်ကို ချက်ချင်း ချက်ချင်းဆိုသလိုသိ
နေသော ငပိုင့်အား ကြောက်ရကောင်းမှန်းသိလာ
တာ ခုမှမဟုတ်။

တကယ်ပဲ ရေချိုးခန်းပေါက်ဝမှာ မတ်တပ်ရပ်
စောင့်နေပေးခဲ့တာ...ရေစက်လက်နဲ့ ကျတော့်ကို
တစ်ချက်ကြည့်ပြီး

""အခန်းထဲ အရင်ဝင်နှင့်...ငါချိုးလိုက်အုံးမယ်""

-
-
-
အိပ်ရာပြောင်းရင် အိပ်များအိပ်ပျော်ပါ့မလားလို့
စိုးရိမ်နေတာ...ခုတော့ ပါးစပ်ဟပြီးကို အိပ်မော
ကျနေပုံကိုသာ ငေးကြည့်ရင်း အိပ်မပျော်သည်က
ကုတင်ပိုင်ရှင်ကျတော်သာ

ထူးဆန်းတယ်။ယောကျာ်းလေးတစ်ယောက်ကို
ချစ်နေမိတဲ့ ခံစားချက်က...ဒါမျိုးဖြစ်နေတာ
ဒီကမ္ဘာမှာ ကျတော်တစ်ယောက်ပဲရှိနေ
တာလား??
မိန်းမလျာတွေလိုလည်း မိန်းမ
မဖြစ်ချင်နေပါပဲနဲ့ တချန်း ဆိုတဲ့ ယောကျာ်းလေး
တစ်ယောက်ကို ကျတော်ချစ်တာ။
တချန်းက ဆိုးနေတာတောင် ကျတော်သူ့ကို
အပြစ်မမြင်ပဲ ချစ်နေမိတုန်း။

ငယ်လွန်းသေးလို့ စိတ်ကစားတယ်ရယ်လို့လည်း
အသက်အရွယ်ကိုခုတုံးလုပ်ပြီးလွှဲမချချင်ဘူး။အမှန်ဆို ကျူရှင်မှာ ဘေးပတ်ဝန်းကျင်မှာ စိတ်ကစားချင်စရာကောင်းတဲ့ မိန်းကလေးတွေကိုတွေ့နေမြင်နေသည့်ကြားထဲမှ
ဒီ နဂျီကောင်ကိုပဲ ကျတော်ချစ်မိသွားတာ
မိန်းကလေးကိုချစ်မိတယ်ဆိုရင်တောင် တိုင်ပင်
လို့ ရသေး။ခုဟာက...

စိတ်ကျဉ်းကြပ်စွာခေါင်းခါရင်း ခပ်ဟဟဖြစ်နေ
သော သူ့နှုတ်ခမ်းနှစ်ခုကြားထဲ
လက်ညှိုးထည့်ကြည့်ချင်လာသည်။
စချင်စိတ်ဖြစ်လာလို့ လုပ်တာမှန်ပေမယ့်လက်ညှိုး
နဲ့ သူ့နှုတ်ခမ်းသား ခပ်ဖွဖွထိမိသွားသည့် အခိုက်
အတန့်မှာပင် ကျတော့်နှလုံးကို ကျဉ်စက်နဲ့တိုက်
ရိုက်ကြီး တို့ခံလိုက်ရသလိုပဲ။ထတောင်ခုန်မိမတတ်ပဲ...

တဆက်ဆက်ခုန်လာသောရင်ကို ခပ်တင်းတင်း
ဖိအုပ်ကာ စိတ်ငြိမ်သွားဖို့ မနည်းမနောကြိုးစား
လိုက်ရသည်။

တချန်းရေ...လက်ညှိုးလေးနဲ့ ခပ်ဖွဖွထိမိတာ
တောင် ဒီလောက်ဖြစ်နေရင်...တော်ပြီ နောက်တစ်ခါ ဒီကောင့်နှုတ်ခမ်းနဲ့ မထိမိအောင်
ဝေးဝေးရှောင်ရမယ်။

""အင်~~ဟင်""

ဘယ်ပြန်ညာပြန်တစ်ပတ်လှိမ့်လိုက်ပြီးမှ မျက်လုံး
မဖွင့်ချင်ဖွင့်ချင်ပုံစံနဲ့ ကုတင်ဘေး မတ်တပ်ရပ်နေသော ကျတော့်ကို
အိပ်ရာထဲကနေမော့ကြည့်သည်။

""နိုးပြီလား??""

လူကဓာတ်လိုက်သလိုဖြစ်ထား၍ ပြောတဲ့အသံ
ကပါ တုန်ချင်နေတာ

""အင်းးး""

ဘာလဲကွ??ဘာမှမပြောပဲ ဟိုဖက်လှည့်ကာ
ဆက်အိပ်နေသေး၏
တစ်ညလုံး သူများပေါင်ပေါ်အိပ်ထားတာတောင်
ခုထိ အိပ်ချင်မပြေသေးတဲ့ပုံ။

ကျတော့်ကုတင်ပေါ်ကွေးနေသော တချန်းကို
ကြည့်ကာ ပြုံးမိသည်။
ကုတင်ကို သူတော်တော်သဘောကျတာ။
အခန်းနှစ်ခန်းဖွဲ့မရသော သူတို့တိုက်ခန်းမှာ မားတို့ မင်္ဂလာဦးကုတင်တစ်လုံးသာရှိ၍
တချန်းသည် အိမ်ရှေ့မှာ သင်ဖြူးဖျာခင်းပြီး
အိပ်ခဲ့ရတာ...ကုတင်နဲ့ ကိုယ်ပိုင်အခန်းတစ်ခု
ဆိုတာ တချန်းအမြဲတောင့်တခဲ့အရာတွေ
ဆင်းဆင်းရဲရဲမဟုတ်တောင် ဝန်ထမ်းသားသမီး
ဖြစ်ရုံသာမက စည်းစနစ်ကျသောမား၏သား
တစ်ယောက်အနေနဲ့ ချန်း ဘဝတစ်လျှောက်
တခြားပိုက်ဆံရှိသားသမီးတွေကဲ့သို့မော်မော်
ကြွားကြွားမနေခဲ့ရ။
မားက အဝတ်အစားက အစ သူ့အိုးသူ့ဆန်
တော်သင့်ရုံသာ ဆင်ပေးခဲ့၍ တချန်းမှာ Brand
အကျီ ၤတို့ ဘာတို့ဆိုတာ များများစားစားမရှိခဲ့။
ဆင်ပေးချင်တယ်။တချန်းသဘောကျမယ့် အဝတ်
အစားတွေ။အသုံးအဆောင်တွေ။ကျတော်ဝယ်ပေးချင်တယ်ဆိုတာတောင် တချန်း
ကလက်ခံပါ့မလား??
ခုတောင် ကျတေ်ာ့အိမ်အခြေအနေကိုမြင်ပြီး
ချန်း တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာ။
ပြီးတော့ မာနကလည်းကြီးနေတာဆိုတော့

မန္တလေးနွေဒဏ်ကို လူလုပ်လေအေးဖန်တီးစက်
နဲ့ အန်တုထားသော ကျတော့်အခန်း အေးစိမ့်စိမ့်
ကို တချန်းမခွဲနိုင်ဖြစ်နေသေးပုံပင်။

"တချန်း နိုးရင် ထပါလား??ထမင်းစားရအောင်"

""အင်းးး""

မျက်လုံးတွေမပွင့်တပွင့်နဲ့ မမြင်မစမ်းလှမ်းကြည့်
နေသော နဂျီကောင် နှဖူးကို ခပ်ဖွဖွတောက်လိုက်
တော့မှ

""ဘယ်အချိန်ရှိပြီလဲ??""

ဟူသော အမေးပြန်ရသည်

""နေ့လည် တစ်နာရီတောင်ရှိနေပြီ။ထမင်းစား
ချိန် ကျော်ပြီးအစာလွန်မှာဆိုးလို့ ထစား။စားပြီး
မှထပ်အိပ်ချင်အိပ်""

""အင်း အင်း""

မျက်မှန်လိုက်စမ်းတော့မှာ သိနေ၍ တစ်ခါတည်း
တပ်ပေးလိုက်ရသည်။
ကြည့်ပြန်ပြီ အားနာသလိုလို သိမ်ငယ်နေသလို
လို အကြည့်တွေနဲ့။
မကြိုက်ဘူး။
ချန်းကို တစ်ခဏလေးပြောင်းလဲမသွားစေချင်
သည့် ကျတော်ကပဲ အဲ့အကြည့်ရဲ့ အဓိပ္ပါယ်ကို
နားမလည်သော ငတုံးကောင်လို

""လာ လာ အခန်းထဲက ထွက်ရအောင်"

ဟူ၍ ရယ်ရွှင်မြူးဟန်ဖမ်းကာ ပုခုံးမှဖက်လျက်
အပြင်သို့ ဆွဲထုတ်ဖြစ်သည်။

""ဟော် နိုးကြပြီလား??ကြီးမေက လာတောင်
နှိုးခိုင်းတော့မလို့ ထမင်းစားချိန်ကျော်နေပြီဆိုပြီး"

""ကြီးမေတို့ကော စားပြီးပြီလား??""

""မစားရသေးဘူး။သားကြီးကို စောင့်နေတာ။လာ
လာ ကလေး""

ကြီးမေက ကလေးလို့ခေါ်ရင် နားထဲကြားရတာ
တစ်မျိုးပဲ။သူတို့ဆီမှာ ခေါ်နေကျပုံစံလားဘာလား
သေချာမသိပေမယ့် ငပိုင့် ထက်သုံးလလောက်
ကြီးသော ကျတော့်ကို ကလေး လို့ခေါ်နေတာ
ငပိုင့် လက်ချက်များလား??လူကောင်နည်းနည်း
သေးတာနဲ့ပဲ အသက်ကငယ်ရောလား??

မီးဖိုချောင်နဲ့ တွဲဆက်ထားသော ထမင်းစားခန်း
သည် ကျတော်တို့ အိမ်လယ်ခန်းလောက်ရှိ၏
စားပွဲရှည် ကုလားထိုင်တွေနဲ့ စနစ်တကျရှိနေ
သော ထမင်းစား စားပွဲပေါ်ထိုင်မိချိန် အိမ်က
ကြမ်းခင်းမှာပင် ချခင်း၍စားခဲ့သော စားပွဲပုလေး
ထောင့်လေးကို မြင်ယောင်ရင်းကျတော်
သေးသေးလေးဖြစ်သွားသလိုပဲ

စားပွဲပုလေးပေါ်မှာပဲ နှစ်ယောက်ထမင်းမြန်မြန်
ပြီးလုသွားခဲ့ကြတာ...ခုတော့ ပိုင်နဲ့ကျတော်
ကုလားထိုင်တွေပေါ်ကိုယ်စီထိုင်ရင်းဝေးသွားကြ
သလိုပဲ...
တွေကာမှိုင်ကာအတွေးနယ်လှည့်နေသောကာလ
အပိုင်းအခြားအပြီးတွင်တော့ ကျတော့်ဖန်
ထမင်းပန်းကန်ပြားထဲတွင် ဟင်းတွေအစုံအလင်
ဒါတောင် အားမရသေးသောပုံဖြင့် ဝက်နံရိုးကို
ခပ်ကာ ကျတော့်ပန်းကန်ထဲထည့်ပေးဖို့ပြင်နေ
သေးသဖြင့်

""တော်ပြီ ငပိုင်""

ခေါ်နေကျအတိုင်းခေါ်လိုက်ပြီးမှ ကြီးမေ၏အံ့သြ
နဘန်းဖြစ်နေပုံကို သတိထားမိပြီးမှ ကျတော်မှား
ပြီလား...
သူတို့အိမ်က သားကြီးကို ကျတော်က "င"တပ်
ခေါ်မိလိုက်တာ။မြန်မာစာ မြန်မာစကားအလေး
ထားလွန်းသော မြန်မာဆန်ဆန်မိသားစုထဲ...

""သားကြီးတို့တော့ ရန်ကုန်မှာ
တော်တော်အပိုးကျိုးသွားပုံပဲ""

ကြီးမေက ကျေနပ်အားရဟန်အပြည့်နဲ့ပြောနေပြီး
သူ့ညီမ မိုးဝသာန်ဦးကပါ သူ့အစ်ကိုကြည့်ကာ
တခစ်ခစ်နဲ့ ရယ်နေသေး၏
စိတ်ဆိုးသွားကြတာ မဟုတ်၍ ဝမ်းသာသော်ငှား
အလိုက်သတိနဲ့ လိမ်လိမ်မာမာနေခဲ့သော ငပိုင့်
ကို အပိုးကျိုးသွားတယ်ဆိုသော စကားကို
ကျတော်သဘောမတွေ့။ကျတော်သိတဲ့ ငပိုင်က
ဆိုးသွမ်းနေတာမှ မဟုတ်ပဲ

""အရင်ကဆို အဲ့ အသုံးအနှုန်းက ငယ်ကျွန်ကြီး
တွေကိုခေါ်တာဆိုပြီး ကြီးမေတောင်ခေါ်လို့မရ
ဘူး။ဒီလို အသားဟင်းတွေနဲ့ တစ်စားပွဲတည်း
အတူတူထိုင်စားဖို့မပြောနဲ့ သူ့ဟင်းနား အသား
ဟင်း ကပ်ပြီးထားလို့တောင်မရဘူး။အဲ့လို နေခဲ့တာ ကလေးရေ...""

ဒီတစ်ခါ အံ့သြနဘန်းဖြစ်ရသူက ကျတော်။
အသားယူမစားရုံကလွဲပြီး ကျတော်နဲ့ ငါးနှစ်
လုံးလုံး ထမင်းအတူထိုင်စားခဲ့တာ။ကျတော်
စားပြီးသားအသားဟင်းပန်းကန်ကိုတောင်
ငပိုင် ကြိမ်ဖန်များစွာဆေးပေးခဲ့ဖူးတာ

ကျတေ်ာလှမ်းကြည့်တော့ ကျတော့်ကိုကြည့်မနေ
ပဲ ခေါင်းသာငုံ့နေ၏

""ခစ်ခစ် ကိုကို့ ကို နိုင်မယ့်သူ မွေးလာပြီ။ငါ့ကို
နိုင်မယ့်လူ ဒီကမ္ဘာမှာ မမွေးသေးဘူးလို့ ကိုကို
ရန်ဖြစ်ပြီး ပြန်လာတိုင်းပြောခဲ့တာလေ။ခုတော့""

""ရန်ဖြစ်တယ်!!င...အဲ ပိုင်သုတ ကလား??""

""အမယ်လေး ဖြစ်တာမှ...ကြီးမေဆို အလုပ်
သေချာမလုပ်ရဘူး။တော်ကြာနေ ထိုးလိုက်တာ
နှုတ်ခမ်းကွဲသွားလို့။သူနပန်ကျင်းလိုက်တာ နား
တွေမကြားရတော့ပါဘူး ဆိုပြီး လာတိုင်...""

""တော်ပါတော့ ကြီးမေရာ""

ကြီးမေအား တောင်းလျှိုးမာန်ကျိုးကြည့်နေသော
ပုံစံက ကြီးမေအခုပြောနေတာတွေကပဲ မဟုတ်
တမ်းတရားတွေလို ထင်သွားနိုင်သည့်အထိ
အနေအထိုင်တွေကမြင်နေကျလိုသိမ်မွေ့နေခဲ့တာ
သို့ပေမယ့် ကျတော်သူ့ကို ဖြုံတာတော့ တော်တော်ဖြုံနေပြီ။
ကြီးမေဆိုတာ လူကြီး လိမ်ပြောမှာတော့မဟုတ်
ပြီးတော့ သူ့ညီမ လည်းရှိနေသေးတာ

""ဘာ ခုမှတော်ပါတော့လဲ??ရန်ဖြစ်တာ
ရှက်ဖို့ကောင်းမှန်း ခုမှသိပြီမလား??ရန်ကုန်
လိုက်သွားစ ကဆို ကြီးမေအိပ်လို့မပျော်ဘူး။
ရန်ကုန်မှာလည်း သူဒီလိုဆိုးနေရင် မဖြစ်ဘူး။
သူ့အဖေလည်း လိုက်ရှင်းပေးနိုင်မှာမဟုတ်ဘူး
တစ်ခုတော်တာက ကျောင်းမှာရန်မဖြစ်တတ်တာ
ပဲ ကျေးဇူးတင်ရမယ်။ကျောင်းမှာရန်ဖြစ်ရင်
ကျောင်းရဲ့ ဆိုးသွမ်းမှတ်တမ်းဝင်သွားမှာတော့
သေအောင်ကြောက်တယ်လေ။အဲ့လိုဝင်ရင်
ဆေးကျောင်းမတက်ရဘူးဆိုတာသိနေလို့တော်
သေးတယ်ပြောရမယ်။အဲ့လို ရိုက်နှပ်တတ်တဲ့စိတ်
နဲ့ ဆရာဝန်ဘယ်လိုလုပ်မလဲ စဉ်းစားမရဘူး""

""လူနာ တွေကမငြင်းဘူးလေ ကြီးမေ။တချန်း
ရန်ဖြစ်တယ်ဆိုတာက မင်းလည်းသိတယ်မလား
မဟုတ်တာကြီးကို အတင်းလိုက်ငြင်းနေရင်
တော့ မင်းလည်းသည်းမခံနိုင်ဘူးမလား??
ငါပြောတာ ဟုတ်လား??""

""သြော် အင်းး အင်းး""

စိတ်ကျေနပ်ရင်ပြီးရောဆိုသည့် ပုံစံနဲ့ အင်း အတင်းလိုက်နေသော ချန်းကို ကြည့်ပြီး စိတ်တွေ
ဆိုတာ အောက်ဆုံးထိ ထိုးဆင်းသွားသည်။

ဇာတ်စုံခင်းပြီးလည်ပင်းကြိုးကွင်းစွပ်နေသလိုပဲ
ကြီးမေလုပ်ပုံက...နဂိုတည်းကမှ ကျတော့်တို့
အိမ်အခြေအနေမြင်ပြီး တချန်းက အရင်လို
မနေတော့တာကိုဗျာ။စိတ်တွေအိုက်လိုက်တာ
ဖြစ်နိုင်ရင် ချန်းကို ဒီထမင်းဝိုင်းကနေခေါ်ထုတ်
သွားချင်တယ်။တချန်း ဗိုက်ဆာနေတာသိလို့
ငြိမ်နေပေးတာ

""ဒါပေမယ့် ကိုကို ကအရင်ကလောက်မဆိုး
တော့ပါဘူး။ဟိုတစ်ခါ ရန်ကုန်က ပြန်လာပြီးတည်းက ကိုကိုငြိမ်သွားတာ။တစ်နွေလုံး ကိုရင်ဝတ်နေတာလေ ကြီးမေကလည်း ကိုကို အရင်လို
မဟုတ်တော့ပါဘူး""

တော်လိုက်တဲ့ ငါ့ညီမလေး။ဆယ်တန်းအောင်ပြီးရင်ရှေ့နေလုပ်ခိုင်းရမယ်။

""ဟုတ်တယ်။သားကြီး ငြိမ်ကျသွားတာ။မန္တလေး
ရောက်တာနဲ့ စာသင်တိုက်ကိုသွားပြီးရှင်ဆန္ဒဆီ
က ဘုရားစာတွေ English Grammar
တွေ သင်နေတာ။ထင်ပါတယ် ရန်ကုန်မှာ
အပေါင်းအသင်းကောင်းတွေရလာတယ်ဆိုတာ
ကလေးတို့ မေမေ မနန်းမြေ့ ကိုလည်းကြီးမေ
ကျေးဇူးတင်နေတာ။ကလေးတွေအမေ သွန်သင်ဆုံးမမှုကောင်းတာကြောင့်ရော
ကလေးတို့လို အနေအေးဆေးတဲ့ ကလေးတွေ
နဲ့အပေါင်းအသင်းလုပ်မိတာကြောင့်လည်းပါတယ်သားကြီးအပိုးကျိုးသွားတာ""

ရေထဲနှစ်လိုက် ပြန်ဆွဲတင်လိုက် လုပ်ခံနေရသလို
ပဲ။စိတ်တွေပိန်နေသည့်ကြားမှကြီးမေ၏

""ကလေးတို့လို အနေအေးဆေးတဲ့ ကလေး""

ဆိုတဲ့စကားကို မရယ်မိအောင်ထိန်းထာရသေး။
ဒါကိုသိသော တချန်းသည် ကျတော့်ကိုစူးခနဲ
ကြည့်လိုက်သဖြင့် မရယ်မိအောင်ထိန်းထားရ
သည့်အဖြစ်ကလည်းရှိ၏။
-
-
-
""မင်း အဲ့လောက်တောင်ဆိုးခဲ့တာလား ငပိုင်""

အခန်းထဲစဝင်သည်နှင့် တချန်းစသော
စကား ထိုစကားဖြစ်မယ်ဆိုတာမှန်းဆမိပြီးသား

""မဟုတ်ဘူးလို့တော့ ငါမငြင်းချင်ဘူး။ဒါပေမယ့်"

""ကျေးဇူးပဲ မင်းအပေါ်ငါအနိုင်ကျင့်ခဲ့တာတွေကို
သီးခံပေးလို့။မင်းကို ငါနှိမ်လည်းနှိမ်ခဲ့မိတယ်""

""တချန်းရာ မင်းနဲ့တော့...မင်းနဲ့ငါနဲ့က
အဲ့လိုစကားတွေပြောစရာလား??""

တချန်းငြိမ်သက်သွားသည်။ပြတင်းပေါက်အပြင်ဖက်က သရက်ပင်ကြီးကို
အကြောင်းမဲ့မော့ကြည့်နေသည်။

""တချန်း~~ငါ...""

""ငါလေ မင်းလိုလူတောင် သည်းမခံနိုင်
လောက်အောင် ဆိုးခဲ့တဲ့ကောင်တွေကို နပန်ပဲ
ကျင်းပေးလိုက်ချင်တယ်""

""အမ်??""

ကျတော့်ကိုကြောက်သွားတယ် ထင်နေတာ။
သူက...သူက မကြောက်သွားတဲ့အပြင် ကျတော်
နဲ့ ရန်ဖြစ်ခဲ့တဲ့ကောင်တွေကို နပန်ကျင်းချင်တယ်
တဲ့။

ဟားးးးးဘယ်လိုတောင်ပျော်သွားလဲဆို...
ငေးမောနေသော တချန်းကို အားပါးတရဖက်ပြီး
ကုတင်ပေါ်ဆွဲလှဲပစ်လိုက်တယ်။
ကျတော့်ကို နားလည်ရုံသာမက ကျတော့်ဖက်က
ပင် ပြောနေသော တချန်းကို ဝမ်းသာခြင်း၊
ကြည်နူးခြင်း အဲ အဲ့ဒါလားဘာလားသေချာမသိ
ပေမယ့် ကျေနပ်ခြင်းများစွာဖြင့် တင်းနေအောင်
ကိုဖက်ထားမိတယ်

""အားးး လက်မောင်းတွေနာတယ်""

အော်သာအော်၏။ပုံမှန်ဆို ဖက်ထားတဲ့ ကျတော့်
လက်ကို ဆွဲကိုက်တာလောက်တော့ လုပ်မှာ
ပေမယ့် ခုတော့ အော်ရုံသာအော်လျက် ငြိမ်နေ
သည်။
ဒါ ချန်း ပုံစံမှ မဟုတ်ပဲ

""မင်း ငါ့ကို ဘာမှပြန်မလုပ်ဘူးလား??""

""အင်းးးငါလည်းခါတလေ မင်းလိုသီးခံကြည့်
တာ""

""မလိုပါဘူး တချန်းရာ။မင်းစိတ်ထဲမှာရှိတဲ့အ
တိုင်းသာ နေပါ။ငါလည်း မင်းကို အထူးတလည်
မင်းကို သီးခံနေတာ မဟုတ်ပါဘူး""

""အင်းပါကွာ ဖယ်။ငါ အိုက်လို့"

ဖယ်ပေးလိုက်သည်နှင့် ခန္ဓာကိုယ်ကိုကွေးကာ
အိပ်၏

""တချန်း ခုမှထမင်းစားပြီးတာ အဲ့လိုမနေနဲ့""

""ငပိုင် နောက်ဆို မင်းလည်းမင်းစိတ်ထဲမှာ
ရှိတဲ့အတိုင်းနေပါ။ဘာမှဟန်ဆောင်နေစရာမလို
ဘူး။ငါနဲ့မင်းက...""

အခန်းတွင်း တိုင်ကပ်နာရီ၏စက္ကန့်လက်တံတစ
်ချက်ချက်မြည်သံသာ ကြီးစိုးသွားပြီးမှ...

""သူငယ်ချင်းတွေပဲ""

ခပ်တိုးတိုးထွက်လာသော ချန်းအသံ။
စက္ကန့်ရေတွက်သံထက်တိုးနေပေမယ့် ကျတော်
နားနဲ့ဆက်ဆက်ကြားလိုက်ရတာ

""အင်းး ငါတို့က သူငယ်ချင်း တွေပဲ""

် မဟုတ်ဘူးရယ်လို့ ကျတော့မှာငြင်းပိုင်ခွင့်မှမရှိပဲ
ချန်းစကားကို ထောက်ခံပေးတော့ ချန်းစိတ်ချမ်း
သာတာပေါ့

ဧပြီနွေလသည် အပြင်လောကကိုသာမက
ရင်တွင်းကိုပါ လောင်မြိုက်စေတာ...

Thank You All

Happy Holidays

Continue Reading

You'll Also Like

310K 33.4K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
116K 11.6K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...