""တက္ေတာ့ တခ်န္း။ငါ ျပန္လိုက္ေတာ့မယ္""
စက္ဘီးေပၚကေနေတာင္မဆင္းပဲ ျပန္ရန္စကား
ဆိုေနေသာေၾကာင့္ အႀကည့္ထဲေဒါသကိုေပါေပါသီသီထည့့္ကာငပိုင့္ဆီသို႔ ခၽက္ခၽင္းအေရာက္ပို႔ေပးလိုက္ေတာ့၏
"ဘာကိစၥ အိမ္ျပန္အိပ္မွာလဲ?"
"ရတယ္မလား?မင္းဘာသာမင္းတစ္ေယာက္
တည္းေနၿပီးစာက်က္လို႔။ငါ႐ွိရင္ မင္းကစာမက်က္
ေတာ့"
"မဆိုင္ရာ ဆီမလူးနဲ႔"
စကားပံုေတြကို သူ႔versionနဲ႔သူ လိုရာဆြဲသံုး
တတ္တာ...ငယ္ငယ္တည္းကဆိုေပမယ့္
မရိုးသြားပဲ က်ေတာ့္အတြက္ မေဟာင္းသြားတဲ့ ရသကိုေပးျမဲ။
သေဘာတက်ျပံဳးရယ္ေနေသာ က်ေတာ့္ကို
ခပ္တည္တည္ျပန္ျကည့္ၿပီး
"ရယ္မေနနဲ႔။မင္းကို ေျပာင္ျပေနတာမဟုတ္ဘူး။ဘာကိစၥအိမ္ကိုျပန္အိပ္မွာလဲ ေမးေနတာ"
"ငါေျပာၿပီးၿပီေလ...မင္းစာက်က္လို႔ရေအာင္"
"မလိမ္နဲ႔ ငပိုင္။မေန႔ညက..."
ငပိုင္ဆိုတာဒါပဲ။က်ေတာ္ဆိုလိုရင္းေတာင္မေရာက္ေသး နားရြက္ဖ်ားေတြရဲတက္လာၿပီး
ခ်က္ခ်င္းမ်က္ႏွာလႊဲသြားတာ။
"အဲ့ဒါကို ငါ့႐ွက္တာနဲ႔ မိေထြးနဲ႔ တစ္အိမ္တည္း
မွာ သြားအိပ္မယ္ေပါ့ ဟုတ္လား?"
"တခ်န္း!"
မ်က္စိပ်က္မ်က္ႏွာပ်က္နဲ႔ ဟန္႔၏။
"မေျပာေစခ်င္ရင္ ကိုယ့္အေၾကာင္းကိုယ္သိေလ
မျပန္နဲ႔ ငါနဲ႔ပဲအိပ္။မင္း အေဖျပန္လာမွျပန္ခ်င္ျပန္"
စက္ဘီးေပၚက မဆင္းပဲေပကပ္ကပ္လုပ္ေနေသး
သျဖင့္
"မင္း ငါနဲ႔အခု အိမ္ေပၚလိုက္တက္မလားမတက္
ဘူးလား"
ခပ္မာမာတစ္ခ်က္ပိတ္ေဟာက္ေတာ့
"မင္း ငါ့ကို အဲ့ေလာက္ေတာင္ မယံုတာလား တခ်န္း။ခု မင္းေျပာေနတာ ငါ့ကို..."
ဟူ၍ ေလသံခပ္ေအးေအးနဲ႔ ေျဖာင္းျဖတရားခ်ဖို႔
စႀကိဳးစားေလ၏။
စိုးရိမ္စိတ္ကို နားမလည္ပဲ မယံုတာလားယံုတာ
လား ဘာဘာညာညာအပိုေတြေျပာေနေသာ ငပိုင္
ဆိုတဲ့ အေကာင္ကို ဆြဲပါထိုးခ်င္လာတယ္။
"ငါေျပာမယ္...မင္းအမွတ္မရွိဘူးလား ဟမ္။မင္း နားထင္ညိဳမဲသြားေအာင္ခြက္နဲ႔ ေပါက္လိုက္တဲ့ အဲ့မိန္းမႀကီးနဲ႔ဘာကိစၥအတူတူသြားေနစရာ
အေႀကာင္းရွိလဲ??""
ေျပာရင္း အသံေတြပိုက်ယ္လာသည္။
အမွတ္အစြဲႀကီးလွေသာ တခ်န္းသည္ ေဒါသ
ေႀကာင့္ ပူေလာင္ေနရျပီ။အဲ့အပူ၏ရင္းခံ
က က်ေတာ္ျဖစ္ေနေတာ့...
မေကာင္းမွန္းသိေပမယ့္ ေက်နပ္ျခင္းေရာစြတ္ကာ
သူနဲ႔ ထပ္တူ ပူပန္သည္။အေလ်ာ့ေပးျခင္းအမႈကို ကြ်မ္းက်င္ပိုင္ႏိုင္ေနေသာ က်ေတာ္က အလိုလိုက္ျခင္းဆိုသည္ကိုလည္း မသင္ခင္က
တတ္ေနႏွင့္တာမ်ိဳးလို အထံုပါလာတာ။
""တက္ႏွင့္။ငါစက္ဘီး ေသာ့ခတ္လိုက္အံုးမယ္""
ထိုအခါမွသာလွ်င္ ႏႈတ္ခမ္းပါးက ေက်နပ္ျခင္း
အမႈကိုလ်စ္ခနဲ ေဖာ္ျပသည္။ထိုတခဏသည္၂
ေယာက္စလံုးကို ျငိမ္းခ်မ္းသြားေစ၏။
ထူးဆန္းတယ္ မိန္းကေလးေတြလို ခုိးခိုးခစ္ခစ္
မူယာေတာ္ ႏြဲ႕ေႏွာင္းစြာရယ္ျပတာမ်ိဳးမဟုတ္ပဲ
မထီသလို အေပၚႏႈတ္ခမ္းတစ္ခ်က္ပင့္တက္
သြားတာကိုပင္ က်ေတာ့္စိတ္ထဲျငိမ္းေအးသြားတာ
မင္းကပဲထူးေနတာလား??ငါကပဲ ရူူးလြန္းေနတာ
လား?
စက္ဘီးေသာ့ခတ္ျပီး ေလွကားထစ္သို႔အတက္
""ခ်န္း""
ႏွင္းႏုေဖြးေခၚသံတိုးတိုးကို ႀကားလိုက္ရ၍ ေျခ
လွမ္းတို႔ကို အလိုလိုေအးခဲသြားေသာ္လည္း ေခ်ာင္းနားေထာင္ေနသလို ျဖစ္ေနမွာစိုး၍ တိုက္ေရွ႕သို႔သာတိတ္တဆိတ္ျပန္ထြက္လာခဲ့
လိုက္သည္။
တခ်န္းဘာေတြေလွ်ာက္လုပ္ေနမလဲေတြးပူေနေပမယ့္ အျပာေရာင္အခန္းက မေရွးမေႏွာင္း မီးေရာင္ လင္းသြားေလ၏။
ေလွကားခြင္ဆီ အေျပးတက္ေတာ့ ေမွာင္ရိပ္ထဲ
ရပ္ေနေသာ ပိန္ပါးပါးအရိပ္...
""ႏွင္းႏုလား??"
""အင္း ပိုင္"
အနားကပ္သြားခ်ိန္နဲ႔ မ်က္ရည္ေတြကိုသုတ္ဖယ္
ေနခ်ိန္က ဆိုးရြားစြာတိုက္ဆိုင္လြန္း၏
"နင္...အဆင္ေျပလား??""
""ခ်န္းမေကာင္းဘူးဟာ""
လူႀကီးေတြ ႀကားမွာစိုးရိမ္ေနသူသည္ ငိုသံစြတ္
ကာ ခပ္တိုးတိုးဆိုေတာ့ သက္ျပင္းဖြဖြခိုးခ်ရသည္
အလင္းေရာင္ မွိန္မွိန္ထဲ ႏွင္းႏုမ်က္ဝန္းထဲခို
ိုေအာင္းေနေသာပုလဲႀကည္ႀကည္တို႔ကို ဖန္တီးထားသူကို အျပစ္လည္းမတင္ခ်င္။
""သူ နင့္ကို ငါ့အေႀကာင္းဘာေတြေျပာလဲ??
သူလုပ္ပံုက ငါကပဲ အေပါစားဆန္ေနသလိုပဲဟာ
ခု ဘာမွလည္းေျဖရွင္းခ်က္မေပးပဲ ငါ့ကိုေရွာင္ေန
တာႀကီးက...ေယာက်ာ္းမဟုတ္တဲ့အတိုင္း..."
""သူ နင့္ကိုခ်စ္တယ္""
ခံရခက္ေပမယ့္တရားခံဖက္ကေရွ႔ေနမငွားေပမယ့္ အယူခံဝင္ေပးေနမိတဲ့ က်ေတာ္ကတရားခံကို အျပစ္မျမင္ရက္သလို က်ေတာ္မဟုတ္တဲ့... အထူးသျဖင့္ မိန္းကေလးတစ္ေယာက္အျမင္မွာ ဆိုးသြမ္းသူလို႔ အထင္မေရာက္ေစခ်င္။
ေနာက္တစ္ခုက ခ်န္း တန္ဖိုးထားဆံုးေသာ ျဖစ္တည္မႈကို လက္လြတ္စပယ္မေျပာေစခ်င္
တာ။စကားဆက္မခံပဲ အလ်င္စလိုျဖတ္ေျပာလိုက္
ေသာအခါ...
အံ့ႀသမႈႀကား ဝမ္းေျမာက္ျခင္းပါေနေသာ အႀကည့္ေတြသည္ ေနာင္ဆို က်ေတာ္ခ်စ္ရသူကို
ႀကည့္ေတာ့မွာသိေနေပမယ့္ ခ်န္း သိကၡာက
နိယာမဆန္႔က်င္ေနတဲ့ က်ေတာ့္အခ်စ္ထက္
ပိုတန္ဖိုးရွိတယ္။
""သူ နင့္ကို တကယ္ခ်စ္တာပါ။ငါ့ထက္နင္က
ပိုသိမွာပါ ႏွင္းႏုရာ နင္တို႔က ငယ္ငယ္ေလးတည္း
ကသိေနႀကတာပဲ...ခုေရွာင္ေနတာက နင္သူ႔ကို
မုန္းတယ္လို႔ေျပာမွာကို သူမခံစားႏိုင္လို႔""
မယံုတဝက္ယံုတဝက္နဲ႔ ေမာ္ကာႀကည့္ေနေသာ
ႏွင္းႏုကိုအား က်ေတာ္သဘာဝက်က်အႀကည့္လႊဲ
ထားျပီးမွ
"တကယ္ပါ...နင္လည္း ခ်န္းကိုခ်စ္တယ္ဆိုရင္"
""ငါ ...မသိေတာ့ဘူး ပိုင္ရယ္။ငါသူ႔ကို
ေတြ႔ျပီး စကားေသခ်ာေျပာခ်င္တယ္။ဒါဆို အေျဖ
တစ္ခုခုထြက္လာမွာပဲ သိလား""
""အင္း ေတြ႔ရင္ နင္ သူ႔ကိုပါးရိုက္တာေတြ
ဘာေတြေတာ့ မလုပ္နဲ႔ေနာ္""
""မလုပ္ပါဘူး ပိုင္ရယ္...ခုမွားေနတာ နင့္ တခ်န္း
ပါဟ။ငါ့ဖက္ကိုလည္း စာနာေပးပါအံုး""
""ငါေျပာေပးပါ့မယ္။စာလည္း က်က္အံုး ႏွင္းႏု""
""အင္း ေက်းဇူးပဲ ပိုင္။နင့္ကိုတကယ္ေက်းဇူးတင္
တယ္""
""ရပါတယ္။နင္တို႔က ငါ့...သူငယ္ခ်င္းေတြပဲ
ငါကူညီသင့္တာ ကူညီရမွာေပါ့။ဝင္ေတာ့ ႏွင္းႏု။ငိုမေနနဲ႔ေတာ့...""
သက္ျပင္းရွည္တစ္ခုက မြန္းႀကပ္မႈ...က်ဴးလြန္ခဲ့
တဲ့ မုသာဝါဒေတြ...ခံရခက္ေသာ
နာက်င္မႈေတြကို မေခ်ဖ်က္ႏိုင္ပါဘူး။
ကိုယ္ခ်စ္တဲ့လူကို ကိုယ့္ထက္ခ်စ္တဲ့လူ ေပၚလာ
ပါေစလို႔ ဆုေတာင္းေပးေနရတဲ့ အျဖစ္မ်ိဳး
မင္း မႀကံဳရဖို႔လည္း ငါထပ္ဆင့္ဆုေတာင္းေပး
ေနတယ္ ခ်န္းေရ
""ႀကာလိုက္တာ ဘာလုပ္ေနတာလဲ??""
""ႏွင္းႏုနဲ႔ စကားေျပာေနတာ""
ျပံဳး၏။
""ဘာေျပာလဲ??""
""မင္း ေရွာင္ေနတယ္ဆိုျပီး ငိုေနတယ္။သနား
ပါတယ္ တခ်န္းရာ...""
""မင္း ႏွင္းႏုကို ဘယ္လိုျမင္လဲ??""
""ဘာကို ဘယ္လိုျမင္တာလဲ တခ်န္း??""
ရုတ္တရက္ မေမ်ွာ္လင့္ထားေသာေမးခြန္းအတြက္
အေျဖအဆင္သင့္မရွိ၍ တန္ျပန္ေမးခြန္းထုတ္ျခင္း
ျဖင့္ အသင့္ေတာ္ဆံုးအေျဖကိုစဥ္းစားရသည္။
""ဒီလိုပဲ သူ႔ကို ျမင္ရင္ မင္းဘယ္လိုျဖစ္လဲ??
သူဘယ္လို မိန္းကေလးမ်ိဳးလို႔ထင္လဲ??""
""အင္းးေတာ္တယ္။သူ႔ အိေျႏၵိနဲ႔သူေနတယ္။တန္ဖိုးထားသင့္တဲ့ မိန္းကေလးတစ္ေယာက္"
""လွတယ္လို႔ေကာမျမင္ဖူးလား??""
""စာေမးပြဲနီးေနတဲ့ အခ်ိန္မွာမင္းအဲ့ဖက္ပိုင္းကိုပဲ စိတ္မေရာက္ေစခ်င္ဘူး။တဖက္က ႏွင္းႏုအတြက္လည္းမေကာင္းဘူး။တခ်န္း
ငါ မားကို မင္းစာထဲစိတ္မပါဘူးလို႔မေျပာခ်င္ဘူး"
""ငါ ဘာျဖစ္ခ်င္လဲ ငါသိတယ္ ငပိုင္။ဆရာႀကီး
စတိုင္လာမဖမ္းနဲ႔။နက္ျဖန္ႏွင္းႏုနဲ႔ေတြ႔ျပီး ခုကိစၥ
ျဖတ္မွာ။ေမးေနတာ မေျဖခ်င္တာနဲ႔ ဆရာလာ
မလုပ္နဲ႔ ေဟ့ေကာင္""
""မေတြ႔ခင္ ငါ့ကို ကတိေပး""
""ဘာကတိလဲ??""
""မင္း ႏွင္းႏုကို မနမ္းဖို႔...မယူႏိုင္ေသးပဲနဲ႔ မိန္းကေလးတစ္ေယာက္ကို အဲ့လိုေတြမလုပ္သင့္
ဘူး""
""ဟားးးးအဘပိုင္ ဘယ္ေခတ္မွာေနေနတာလဲ?
ခုကလည္း ပါးေလးပဲ နမ္းလိုက္တာပါကြာ။မင္း
က ကိုရီးယားေတြထဲကလို လုပ္လိုက္တယ္ထင္
ေနတာလား??""
""ဘယ္လိုပဲ ျဖစ္ျဖစ္တန္ဖိုးထားတတ္ရတယ္
တခ်န္းကိုယ္ခ်စ္တဲ့လူကိုတန္ဖိုးထားတတ္ရတယ္
ႏွေျမာတတ္ရမယ္ကြ။ငါ့ကို ကတိေပး
ေနာင္ဘယ္ေတာ့မွ မနမ္းဖို႔။လက္ထပ္ဖို႔ မရည္ရြယ္မခ်င္း ႏွင္းႏုကို မနမ္းဖို႔ ေယာက်ာ္း
ပီပီ မင္းကတိမတည္ရဲဘူးလား??""
ေအာင္ျမင္တယ္ဟု ေျပာရမည္။စူးခနဲ တစ္ခ်က္
ေမာ့ႀကည့္ျပီးမွ
""Ok။မဆီမဆိုင္ မင္းဒီေလာက္တန္ဖိုးထားခ်င္
္ေနမွေတာ့...""
က်ေတာ္တို႔ႏွစ္ေယာက္ႀကားေလထုသည္
ခ်က္ခ်င္းဆိုသလိုေအးစက္သြား၏။
""ငါအိမ္ေရွ႔မွာ စာက်က္လိုက္အံုးမယ္။ထြက္လိုက္ဝင္လိုက္မလုပ္နဲ႔""
ေက်ာခိုင္းထြက္သြားေသာ တခ်န္းကို ေငးကာ
သာႀကည့္ေနမိသည္။
ကိုယ္ခ်စ္တဲ့လူကို ႏွေျမာတြန္႔တိုတတ္ႀကတဲ့
ခံစားခ်က္ကို မင္းမွ မသိပဲ...
Thank You All
စာက်က္ႀကပါေနာ္။စာေမးပြဲမျပီးေသးတဲ့ ငယ္ေလး ေတြ ေနာက္မွ ေအးေဆးဖတ္ႀကပါေနာ္
(Unicode)
/
/
/
""တက်တော့ တချန်း။ငါ ပြန်လိုက်တော့မယ်""
စက်ဘီးပေါ်ကနေတောင်မဆင်းပဲ ပြန်ရန်စကား
ဆိုနေသောကြောင့် အကြည့်ထဲဒေါသကိုပေါပေါသီသီထည့့်ကာငပိုင့်ဆီသို့ ချက်ချင်းအရောက်ပို့ပေးလိုက်တော့၏
"ဘာကိစ္စ အိမ်ပြန်အိပ်မှာလဲ?"
"ရတယ်မလား?မင်းဘာသာမင်းတစ်ယောက်
တည်းနေပြီးစာကျက်လို့။ငါရှိရင် မင်းကစာမကျက်
တော့"
"မဆိုင်ရာ ဆီမလူးနဲ့"
စကားပုံတွေကို သူ့versionနဲ့သူ လိုရာဆွဲသုံး
တတ်တာ...ငယ်ငယ်တည်းကဆိုပေမယ့်
မရိုးသွားပဲ ကျတော့်အတွက် မဟောင်းသွားတဲ့ ရသကိုပေးမြဲ။
သဘောတကျပြုံးရယ်နေသော ကျတော့်ကို
ခပ်တည်တည်ပြန်ကြည့်ပြီး
"ရယ်မနေနဲ့။မင်းကို ပြောင်ပြနေတာမဟုတ်ဘူး။ဘာကိစ္စအိမ်ကိုပြန်အိပ်မှာလဲ မေးနေတာ"
"ငါပြောပြီးပြီလေ...မင်းစာကျက်လို့ရအောင်"
"မလိမ်နဲ့ ငပိုင်။မနေ့ညက..."
ငပိုင်ဆိုတာဒါပဲ။ကျတော်ဆိုလိုရင်းတောင်မရောက်သေး နားရွက်ဖျားတွေရဲတက်လာပြီး
ချက်ချင်းမျက်နှာလွှဲသွားတာ။
"အဲ့ဒါကို ငါ့ရှက်တာနဲ့ မိထွေးနဲ့ တစ်အိမ်တည်း
မှာ သွားအိပ်မယ်ပေါ့ ဟုတ်လား?"
"တချန်း!"
မျက်စိပျက်မျက်နှာပျက်နဲ့ ဟန့်၏။
"မပြောစေချင်ရင် ကိုယ့်အကြောင်းကိုယ်သိလေ
မပြန်နဲ့ ငါနဲ့ပဲအိပ်။မင်း အဖေပြန်လာမှပြန်ချင်ပြန်"
စက်ဘီးပေါ်က မဆင်းပဲပေကပ်ကပ်လုပ်နေသေး
သဖြင့်
"မင်း ငါနဲ့အခု အိမ်ပေါ်လိုက်တက်မလားမတက်
ဘူးလား"
ခပ်မာမာတစ်ချက်ပိတ်ဟောက်တော့
"မင်း ငါ့ကို အဲ့လောက်တောင် မယုံတာလား တချန်း။ခု မင်းပြောနေတာ ငါ့ကို..."
ဟူ၍ လေသံခပ်အေးအေးနဲ့ ဖြောင်းဖြတရားချဖို့
စကြိုးစားလေ၏။
စိုးရိမ်စိတ်ကို နားမလည်ပဲ မယုံတာလားယုံတာ
လား ဘာဘာညာညာအပိုတွေပြောနေသော ငပိုင်
ဆိုတဲ့ အကောင်ကို ဆွဲပါထိုးချင်လာတယ်။
"ငါပြောမယ်...မင်းအမှတ်မရှိဘူးလား ဟမ်။မင်း နားထင်ညိုမဲသွားအောင်ခွက်နဲ့ ပေါက်လိုက်တဲ့ အဲ့မိန်းမကြီးနဲ့ဘာကိစ္စအတူတူသွားနေစရာ
အကြောင်းရှိလဲ??""
ပြောရင်း အသံတွေပိုကျယ်လာသည်။
အမှတ်အစွဲကြီးလှသော တချန်းသည် ဒေါသ
ကြောင့် ပူလောင်နေရပြီ။အဲ့အပူ၏ရင်းခံ
က ကျတော်ဖြစ်နေတော့...
မကောင်းမှန်းသိပေမယ့် ကျေနပ်ခြင်းရောစွတ်ကာ
သူနဲ့ ထပ်တူ ပူပန်သည်။အလျော့ပေးခြင်းအမှုကို ကျွမ်းကျင်ပိုင်နိုင်နေသော ကျတော်က အလိုလိုက်ခြင်းဆိုသည်ကိုလည်း မသင်ခင်က
တတ်နေနှင့်တာမျိုးလို အထုံပါလာတာ။
""တက်နှင့်။ငါစက်ဘီး သော့ခတ်လိုက်အုံးမယ်""
ထိုအခါမှသာလျှင် နှုတ်ခမ်းပါးက ကျေနပ်ခြင်း
အမှုကိုလျစ်ခနဲ ဖော်ပြသည်။ထိုတခဏသည်၂
ယောက်စလုံးကို ငြိမ်းချမ်းသွားစေ၏။
ထူးဆန်းတယ် မိန်းကလေးတွေလို ခိုးခိုးခစ်ခစ်
မူယာတော် နွဲ့နှောင်းစွာရယ်ပြတာမျိုးမဟုတ်ပဲ
မထီသလို အပေါ်နှုတ်ခမ်းတစ်ချက်ပင့်တက်
သွားတာကိုပင် ကျတော့်စိတ်ထဲငြိမ်းအေးသွားတာ
မင်းကပဲထူးနေတာလား??ငါကပဲ ရူူးလွန်းနေတာ
လား?
စက်ဘီးသော့ခတ်ပြီး လှေကားထစ်သို့အတက်
""ချန်း""
နှင်းနုဖွေးခေါ်သံတိုးတိုးကို ကြားလိုက်ရ၍ ခြေ
လှမ်းတို့ကို အလိုလိုအေးခဲသွားသော်လည်း ချောင်းနားထောင်နေသလို ဖြစ်နေမှာစိုး၍ တိုက်ရှေ့သို့သာတိတ်တဆိတ်ပြန်ထွက်လာခဲ့
လိုက်သည်။
တချန်းဘာတွေလျှောက်လုပ်နေမလဲတွေးပူနေပေမယ့် အပြာရောင်အခန်းက မရှေးမနှောင်း မီးရောင် လင်းသွားလေ၏။
လှေကားခွင်ဆီ အပြေးတက်တော့ မှောင်ရိပ်ထဲ
ရပ်နေသော ပိန်ပါးပါးအရိပ်...
""နှင်းနုလား??"
""အင်း ပိုင်"
အနားကပ်သွားချိန်နဲ့ မျက်ရည်တွေကိုသုတ်ဖယ်
နေချိန်က ဆိုးရွားစွာတိုက်ဆိုင်လွန်း၏
"နင်...အဆင်ပြေလား??""
""ချန်းမကောင်းဘူးဟာ""
လူကြီးတွေ ကြားမှာစိုးရိမ်နေသူသည် ငိုသံစွတ်
ကာ ခပ်တိုးတိုးဆိုတော့ သက်ပြင်းဖွဖွခိုးချရသည်
အလင်းရောင် မှိန်မှိန်ထဲ နှင်းနုမျက်ဝန်းထဲခို
ိုအောင်းနေသောပုလဲကြည်ကြည်တို့ကို ဖန်တီးထားသူကို အပြစ်လည်းမတင်ချင်။
""သူ နင့်ကို ငါ့အကြောင်းဘာတွေပြောလဲ??
သူလုပ်ပုံက ငါကပဲ အပေါစားဆန်နေသလိုပဲဟာ
ခု ဘာမှလည်းဖြေရှင်းချက်မပေးပဲ ငါ့ကိုရှောင်နေ
တာကြီးက...ယောကျာ်းမဟုတ်တဲ့အတိုင်း..."
""သူ နင့်ကိုချစ်တယ်""
ခံရခက်ပေမယ့်တရားခံဖက်ကရှေ့နေမငှားပေမယ့် အယူခံဝင်ပေးနေမိတဲ့ ကျတော်ကတရားခံကို အပြစ်မမြင်ရက်သလို ကျတော်မဟုတ်တဲ့... အထူးသဖြင့် မိန်းကလေးတစ်ယောက်အမြင်မှာ ဆိုးသွမ်းသူလို့ အထင်မရောက်စေချင်။
နောက်တစ်ခုက ချန်း တန်ဖိုးထားဆုံးသော ဖြစ်တည်မှုကို လက်လွတ်စပယ်မပြောစေချင်
တာ။စကားဆက်မခံပဲ အလျင်စလိုဖြတ်ပြောလိုက်
သောအခါ...
အံ့သြမှုကြား ဝမ်းမြောက်ခြင်းပါနေသော အကြည့်တွေသည် နောင်ဆို ကျတော်ချစ်ရသူကို
ကြည့်တော့မှာသိနေပေမယ့် ချန်း သိက္ခာက
နိယာမဆန့်ကျင်နေတဲ့ ကျတော့်အချစ်ထက်
ပိုတန်ဖိုးရှိတယ်။
""သူ နင့်ကို တကယ်ချစ်တာပါ။ငါ့ထက်နင်က
ပိုသိမှာပါ နှင်းနုရာ နင်တို့က ငယ်ငယ်လေးတည်း
ကသိနေကြတာပဲ...ခုရှောင်နေတာက နင်သူ့ကို
မုန်းတယ်လို့ပြောမှာကို သူမခံစားနိုင်လို့""
မယုံတဝက်ယုံတဝက်နဲ့ မော်ကာကြည့်နေသော
နှင်းနုကိုအား ကျတော်သဘာဝကျကျအကြည့်လွှဲ
ထားပြီးမှ
"တကယ်ပါ...နင်လည်း ချန်းကိုချစ်တယ်ဆိုရင်"
""ငါ ...မသိတော့ဘူး ပိုင်ရယ်။ငါသူ့ကို
တွေ့ပြီး စကားသေချာပြောချင်တယ်။ဒါဆို အဖြေ
တစ်ခုခုထွက်လာမှာပဲ သိလား""
""အင်း တွေ့ရင် နင် သူ့ကိုပါးရိုက်တာတွေ
ဘာတွေတော့ မလုပ်နဲ့နော်""
""မလုပ်ပါဘူး ပိုင်ရယ်...ခုမှားနေတာ နင့် တချန်း
ပါဟ။ငါ့ဖက်ကိုလည်း စာနာပေးပါအုံး""
""ငါပြောပေးပါ့မယ်။စာလည်း ကျက်အုံး နှင်းနု""
""အင်း ကျေးဇူးပဲ ပိုင်။နင့်ကိုတကယ်ကျေးဇူးတင်
တယ်""
""ရပါတယ်။နင်တို့က ငါ့...သူငယ်ချင်းတွေပဲ
ငါကူညီသင့်တာ ကူညီရမှာပေါ့။ဝင်တော့ နှင်းနု။ငိုမနေနဲ့တော့...""
သက်ပြင်းရှည်တစ်ခုက မွန်းကြပ်မှု...ကျူးလွန်ခဲ့
တဲ့ မုသာဝါဒတွေ...ခံရခက်သော
နာကျင်မှုတွေကို မချေဖျက်နိုင်ပါဘူး။
ကိုယ်ချစ်တဲ့လူကို ကိုယ့်ထက်ချစ်တဲ့လူ ပေါ်လာ
ပါစေလို့ ဆုတောင်းပေးနေရတဲ့ အဖြစ်မျိုး
မင်း မကြုံရဖို့လည်း ငါထပ်ဆင့်ဆုတောင်းပေး
နေတယ် ချန်းရေ
""ကြာလိုက်တာ ဘာလုပ်နေတာလဲ??""
""နှင်းနုနဲ့ စကားပြောနေတာ""
ပြုံး၏။
""ဘာပြောလဲ??""
""မင်း ရှောင်နေတယ်ဆိုပြီး ငိုနေတယ်။သနား
ပါတယ် တချန်းရာ...""
""မင်း နှင်းနုကို ဘယ်လိုမြင်လဲ??""
""ဘာကို ဘယ်လိုမြင်တာလဲ တချန်း??""
ရုတ်တရက် မမျှော်လင့်ထားသောမေးခွန်းအတွက်
အဖြေအဆင်သင့်မရှိ၍ တန်ပြန်မေးခွန်းထုတ်ခြင်း
ဖြင့် အသင့်တော်ဆုံးအဖြေကိုစဉ်းစားရသည်။
""ဒီလိုပဲ သူ့ကို မြင်ရင် မင်းဘယ်လိုဖြစ်လဲ??
သူဘယ်လို မိန်းကလေးမျိုးလို့ထင်လဲ??""
""အင်းးတော်တယ်။သူ့ အိန္ဒြေိနဲ့သူနေတယ်။တန်ဖိုးထားသင့်တဲ့ မိန်းကလေးတစ်ယောက်"
""လှတယ်လို့ကောမမြင်ဖူးလား??""
""စာမေးပွဲနီးနေတဲ့ အချိန်မှာမင်းအဲ့ဖက်ပိုင်းကိုပဲ စိတ်မရောက်စေချင်ဘူး။တဖက်က နှင်းနုအတွက်လည်းမကောင်းဘူး။တချန်း
ငါ မားကို မင်းစာထဲစိတ်မပါဘူးလို့မပြောချင်ဘူး"
""ငါ ဘာဖြစ်ချင်လဲ ငါသိတယ် ငပိုင်။ဆရာကြီး
စတိုင်လာမဖမ်းနဲ့။နက်ဖြန်နှင်းနုနဲ့တွေ့ပြီး ခုကိစ္စ
ဖြတ်မှာ။မေးနေတာ မဖြေချင်တာနဲ့ ဆရာလာ
မလုပ်နဲ့ ဟေ့ကောင်""
""မတွေ့ခင် ငါ့ကို ကတိပေး""
""ဘာကတိလဲ??""
""မင်း နှင်းနုကို မနမ်းဖို့...မယူနိုင်သေးပဲနဲ့ မိန်းကလေးတစ်ယောက်ကို အဲ့လိုတွေမလုပ်သင့်
ဘူး""
""ဟားးးးအဘပိုင် ဘယ်ခေတ်မှာနေနေတာလဲ?
ခုကလည်း ပါးလေးပဲ နမ်းလိုက်တာပါကွာ။မင်း
က ကိုရီးယားတွေထဲကလို လုပ်လိုက်တယ်ထင်
နေတာလား??""
""ဘယ်လိုပဲ ဖြစ်ဖြစ်တန်ဖိုးထားတတ်ရတယ်
တချန်းကိုယ်ချစ်တဲ့လူကိုတန်ဖိုးထားတတ်ရတယ်
နှမြောတတ်ရမယ်ကွ။ငါ့ကို ကတိပေး
နောင်ဘယ်တော့မှ မနမ်းဖို့။လက်ထပ်ဖို့ မရည်ရွယ်မချင်း နှင်းနုကို မနမ်းဖို့ ယောကျာ်း
ပီပီ မင်းကတိမတည်ရဲဘူးလား??""
အောင်မြင်တယ်ဟု ပြောရမည်။စူးခနဲ တစ်ချက်
မော့ကြည့်ပြီးမှ
""Ok။မဆီမဆိုင် မင်းဒီလောက်တန်ဖိုးထားချင်
်နေမှတော့...""
ကျတော်တို့နှစ်ယောက်ကြားလေထုသည်
ချက်ချင်းဆိုသလိုအေးစက်သွား၏။
""ငါအိမ်ရှေ့မှာ စာကျက်လိုက်အုံးမယ်။ထွက်လိုက်ဝင်လိုက်မလုပ်နဲ့""
ကျောခိုင်းထွက်သွားသော တချန်းကို ငေးကာ
သာကြည့်နေမိသည်။
ကိုယ်ချစ်တဲ့လူကို နှမြောတွန့်တိုတတ်ကြတဲ့
ခံစားချက်ကို မင်းမှ မသိပဲ...
Thank You All
စာကျက်ကြပါနော်။စာမေးပွဲမပြီးသေးတဲ့ ငယ်လေး တွေ နောက်မှ အေးဆေးဖတ်ကြပါနော်