ႏွစ္ေယာက္တည္း ေလွ်ာက္လည္တဲ့ကိစၥကို
ေကာင္းဆက္စံကို မေျပာနဲ႔ဟူ၍ ပိတ္ထားေသာ
ေမာင္အခ်န္းသည္ မနက္ခင္းေက်ာင္းေရာက္
္သည္ႏွင့္ က်ေတာ္ဝယ္ေပးထားေသာ Harry
Potter ေဆးေရာင္ျခယ္စာအုပ္အား ဟန္ပါပါ
ထုတ္ျပလ်က္ ေကာင္းဆက္စံအား ႀကြားလံုးထုတ္
ေတာ့၏။
ႀကားထဲက မ်က္ႏွာေတြပူရတာ က်ေတာ္။ခ်န္း
မရွိေတာ့မွ...
""ငါ ေနာက္တစ္ခါ မင္းကိုလည္းလက္ေဆာင္
ဝယ္ေပးပါ့မယ္""ဟူ၍ ႏွိစ္သိမ့္ေတာ့
ေကာင္းဆက္စံသည္မ်က္ႏွာငယ္ျဖင့္
""ရပါတယ္ ပိုင္ရာ။မင္းမွာ မုန္႔ဖိုးမွမေလာက္တာ
ကို"" ဟုဆိုကာ တစ္ဖန္ျပန္နားလည္ေပးေတာ့
သူငယ္ခ်င္းကို ပိုအားနာမိသည္။
ခ်န္းက ခါတေလ ေတာ္ေတာ္ဆိုးတာပဲ။
သူေလ အဲ့စာအုပ္ကို ေကာင္းဆက္စံကိုႀကြားတာ
တင္မဟုတ္ပဲ တစ္ေလာကလံုးပတ္ႀကြားေန
သလားမသိ။
ညေန မားက ထပ္ေမးေတာ့၏
""သားပိုင္...နဂ်ီေကာင္ေလးကို ေဆးေရာင္ျခယ္
စာအုပ္ဝယ္ေပးလိုက္တာလား??""
ခ်န္းေရာ က်ေတာ္ပါအဆူခံရႏိုင္ေပမယ့္ မားကို
လည္းမလိမ္ရဲ၍ ေခါင္းညိတ္ျပျခင္းျဖင့္ဝန္ခံမိရ
ေတာ့၏။ထင္သည့္အတိုင္း မားသည္ စိတ္ဆိုး
သည္ မဟုတ္ပဲ ေလသံေအးေအးနဲ႔ ဆံုးမေတာ့၏
""အဲ့ေကာင္ေလး အဲ့စာအုပ္ကို ပူဆာေနတာ
ႀကာျပီ။မားက ဝယ္မေပးတာ။အဲ့စာအုပ္ဝယ္မယ့္
အစား ျမန္မာစာ စာစီစာကံုးဖတ္ပါလားဆိုျပီး
စာစီစာကံုးစာအုပ္ဝယ္ေပးလိုက္တာ။ကဲ ခုေတာ့
သား ကို ေခၚခ်သြားျပီးပူဆာလိုက္ေရာ။အဲ့ကေလးက ဘာမွနားလည္တာမဟုတ္ဘူး။သူလိုခ်င္တာပဲသူသိတာ...""
""ခၽန္းက မပူဆာပါဘူး မားရဲ႕။စာအုပ္ကိုကိုင္ျပီး
ေစ်းႀကီးလို႔ဆိုျပီး ျပန္ေတာင္ခ်ထားတာ။
က်ေတာ္ကဝယ္ေပးလိုက္တာ
ခ်န္းပူဆာတာမဟုတ္ဘူး""
""မပူဆာေပမယ့္ သူအဲ့လိုလုပ္ရင္ သားဝယ္ေပး
ခ်င္လာမယ္ဆိုတာ သိလို႔လုပ္ျပတာ။မားေျပာမယ္
သူေစ်းႀကီးတယ္ဘာညာကို ႏႈတ္ခမ္းဆူျပီး ေျပာ
တာမလား??အဲ့ ကေလးအက်င့္ မားသိတယ္""
""သူလိုခ်င္ေနတာသိေတာ့...""
""သားပိုင္ မားနဂ်ီေကာင္ေလးကိုခ်စ္တာသိလို႔
မားဝမ္းသာတယ္။ဒါေပမယ့္ အလိုမလိုက္နဲ႔။သားကသူ႔ကို အႏြံတာခံတာ သိရင္ေနာင္ဒီထက္ ပိုပိုဆိုးလာမယ္။ကိုယ့္မုန္႔ဖိုးေတြကို ကိုယ္စုထား။သူလိုခ်င္တယ္ဆိုတိုင္းဝယ္မေပးနဲ႔။ေနာင္တစ္ခါ ဝယ္ေပးရင္ မားကိုယ္တိုင္ရိုက္မွာေနာ္
သားကိုမဟုတ္ဘူး သူ႔ကိုပဲရိုက္မွာ။သိလား"
"ဟုတ္"
"ဆူပုတ္ပုတ္မေျပာနဲ႔...လူႀကီးေလး"
"ဟုတ္"
မားေက်နပ္ေအာင္ ျပံဳးျပလိုက္ေပမယ့္ စိတ္ထဲ
မတင္မက်။ခ်န္း လိုခ်င္တာေလး ဝယ္ေပးမိတာ
ကို ခ်န္းက အ႐ိုက္ခံရမယ္ဆိုတာႀကီးေတာ့ မား
လြန္တယ္။စာအုပ္ရလို႔ ခ်န္းဘယ္ေလာက္ဝမ္းသာ
သြားလည္းဆို တစ္လမ္းလံုးရယ္ေနတာ။ခ်န္းက
ေတာ္ရံုအဲ့ေလာက္ရယ္တာမဟုတ္ဘူး။
ဟူးးး ငါတို႔လူႀကီးျမန္ျမန္ျဖစ္မွ အဆင္ေျပမယ္
ခ်န္းေရ...
အသက္၁၂ႏွစ္အရြယ္ကေလးတစ္ေယာက္အတြက္ အမွတ္တရေတြဆိုတာ မွတ္၍မကုန္။
ခ်န္းအိမ္သည္ က်ေတာ့္စားအိမ္ေသာက္အိမ္ဆိုတာထက္ ပိုခဲ့သည္။မား၏ တန္းတူရည္တူ
ခ်စ္ခင္မႈတြင္ က်ေတာ္ေနေပ်ာ္ခဲ့သည္။မား၏
ဂ႐ုစိုက္မႈသည္ ေမေမေလးအားမ်ားစြာဝန္ေပါ့ေစခဲ့သည္။
"မမနန္းကို အားနာနာနဲ႔ပဲ ယမင္းအကူအညီေတာင္းပါတယ္" ဟူေသာစကားေနာက္ ေမေမ
ေလးအိမ္ျပန္မလာတတ္ေသာ ညေတြတြင္ ခ်န္း
နဲ႔ အတူတူသြားအိပ္ခဲ့ရသည္။
မားသည္လည္း ခ်န္းတစ္ေယာက္တည္း
အိမ္မွာက်န္မေနခဲ့ျခင္းအေပၚ အထူးေက်နပ္လ်က္႐ွိ၏။
ခ်န္းနဲ႔ ေနတာၾကာလာေလ ခ်န္းကိုမခြဲခ်င္လာေလ။ခ်န္းလိုသူငယ္ခ်င္းမ်ဳိးေနာက္ထပ္႐ွိႏိုင္
ေတာ့မွာ မဟုတ္ဘူးဆိုတာလည္းၾကာေလ ေသခ်ာလာေလပင္။ေနာက္ၿပီး မား...အေမအ
ရင္းဆီကေနေတာင္မရခဲ့ဖူးသည့္ ေႏြးေထြးမႈေတြက မား ကရက္ေရာစြာမ်ွေဝေပးခဲ့သည္။ဆိုင္တြင္ကူညီသည့္အခါတိုင္း ဘယ္သူေမးေမး မားသည္
"ဒါ နန္းရဲ႕သားႀကီးေလ" ဟူ၍မဆိုင္းမတြအေျဖ
ေပးျမဲ။
ေပ်ာ္စရာေကာင္းတာတစ္ခုက မားဆိုင္သိမ္းခ်ိန္
တိုင္းခ်န္းနဲ႔အတူမားကိုအေျပးအလႊားသြားႀကိဳရ
တာပင္။
မားစာရင္းတြက္ခ်ိန္ဆိုလည္း မားပုခံုးကိုတစ္
ေယာက္တစ္ဖက္ႏွိပ္ေပးရင္း ေက်ာင္းမွာျဖစ္ပ်က္ခဲ့အေၾကာင္းစံုကို စီကာပတ္ကံုးေျပာျပၾကလ်က္
မားဆီကေန အမွတ္အၿပိဳင္ယူၾကတာလဲေပ်ာ္စရာ
ခ်န္းနဲ႔အတူ ၾကမ္းျပင္ေပၚဝမ္းလ်ားေမွာက္လ်က္
အိမ္စာၿပိဳင္လုပ္ရတာကိုလည္း ႀကိဳက္တယ္။
တစ္ေယာက္တည္းစာလုပ္ရတာထက္ပိုေပ်ာ္ဖို႔
ေကာင္းတယ္။
မားမ႐ွိခ်ိန္၂ေယာက္တည္း ညေနစာအတူတူစား
ၾကရင္း ပန္းကန္မေဆးခ်င္လို႔ ထမင္းျမန္ျမန္ၿပိဳင္
စားကာ ေဘစင္ေပၚပန္းကန္တင္ၿပီး ထြက္ေျပး
ျခင္းသည္ကလည္း အိမ္ခန္းထဲ ေအာ္ဟစ္သံေတြ
ဆူညံေစသည္။က်ေတာ္႐ႈံးရံႈးႏိုင္ႏိုင္ ပန္းကန္ဝိုင္း
ေဆးေပးရတာပါပဲ။
ခ်န္းရဲ႕ အက်င့္ဆိုးတစ္ခုလည္း႐ွိေသးတယ္။အဲ့ဒါ
ဘာလဲဆို အိပ္ေနရင္းဗိုက္ေတြလိုက္ပြတ္တာ။
စစခ်င္းသူနဲ႔ အိပ္တုန္းကညဆို က်ေတာ္လန္႔သြား
တာပဲ။စြပ္က်ယ္ႀကီးအတင္းလာလွန္ၿပီး မ်က္လံုးႀကီးမွိတ္လ်က္နဲ႔ ဗိုက္ကိုလာပြတ္တာ
မားကိုေျပာျပေတာ့...သားလာအိပ္မွ
မားလည္း အဲ့ဒုကၡကေနလြတ္တာဆိုေတာ့
က်ေတာ္ေျပာစရာစကားမ႐ွိေတာ့...နဂ်ီေကာင္
သည္ အိပ္ေနရင္းေတာင္ အဲ့လို ဆိုးတာ။မနက္
လင္းရင္လည္း အိမ္သာလုရတာအျမဲ။သူနဲ႔ လုရမွာစိုးလို႔အရင္ထတာေတာင္မရ က်ေတာ္
အိမ္သာထဲဝင္ၿပီဆို သူႏိုးလာၿပီ။ၿပီးရင္ မ်က္လံုးေတာင္ မဖြင့္ေသးပဲနဲ႔ အာျပဲေနေအာင္အျပင္ကေနေအာ္ေရာ။ဘာေကာင္မွန္းကိုမသိတာ။
အိပ္ရင္ ၿငိမ္ၿငိမ္မအိပ္တတ္သလို မအိပ္ခင္လည္း
အၿငိမ္မေနတတ္။အိပ္ခါနီးတိုင္း က်ေတာ့္ပါးခ်ိဳင့္
ကို သူရန္႐ွာတတ္ေသး၏။
"ရယ္ျပစမ္း ငပိုင္"
ဒီစကားကို က်ေတာ္မရယ္ျပခ်င္း တတြတ္တြတ္
ရြတ္ဆိုသည္။
ရယ္ျပလိုက္လို႔ ပါးခ်ိဳင့္ေပၚလာၾကည့္ အဲ့ ပါးခ်ိဳင့္
ခြက္ထဲ လက္ညိဳးထည့္ကာ ကလိ၏။ခါတေလ
နာလာလို႔ မ်က္ႏွာတည္လိုက္ရင္
"ငါ ကိုင္ၾကည့္ခ်င္လို႔ပါ ငပိုင္ ရာ..." ဟူ၍အနား
ထပ္တိုးလာကာ ခြဖက္ၿပီး အက်ပ္ကိုင္တတ္၍
ပြတ္သီးပြတ္သတ္ မေနတတ္တဲ့က်ေတာ္သည္သာ မခ်ိျပံဳးျပံဳးလ်က္ ပါးထိုးေပးရျမဲ...
ခ်န္းဆိုးတာေတြကို ေနသားတက်႐ွိေနေပမယ့္
စာေမးပြဲ ႀကီးၿပီးသည္ႏွင့္ ႀကီးေမသည္ မႏၱေလး
သို႔ျပန္ခဲ့ရန္လာေခၚေတာ့သည္။
ရန္ကုန္မွာေပ်ာ္ေနၿပီျဖစ္ေသာ္လည္းႀကီးေမေခၚ
ေတာ့လည္းမျပန္ခ်င္ပဲမေန
ခ်န္းကေတာ့ စကားပင္မေျပာေတာ့...ျပန္မယ့္
ညေနခင္း သူ႔အိမ္သြားတာေတာ့ ေလွကားခြင္ေသာ့ေတာင္ခ်မေပး...ေအာ္ေခၚေတာ့လည္း
ထြက္မလာ။ေနာက္ဆံုးေခၚလို႔မရသင့္အဆံုး
က်ေတာ့္္မႏၱေလးအိမ္ဖုန္းနံပါတ္ကိုေရးထား
ေသာ စာရြက္ေခါက္ေလးသာ ေခါင္းေလာငး္ႀကိဳး
ညႇပ္ထဲ ထည့္ညႇပ္ေပးထားခဲ့ရတယ္။
မားဆိုင္ကို သြားႏႈတ္ဆက္ၿပီး မားကို
ႏႈတ္ဆက္ကန္ေတာ့ ေတာ့ မားငိုတယ္။
"မား နဂ်ီေကာင္ေလး မေန႔တည္းက ထမင္းမစား
ဘူး သားရယ္...ခ်န္းေလးက သားကိုအရမ္းခင္
တြယ္ေနၿပီ...ျပန္လာခဲ့ပါလို႔ေျပာခ်င္ေပမယ့္ သား
သေဘာပါ..."
မားေ႐ွ႕က်ေတာ္ငိုမိသည္။ ခ်န္းကို မခြဲႏိုင္ေပမယ့္
တစ္ဖက္မွာက ညီမေလးနဲ႔ ႀကီးေမ႐ွိသည့္အျပင္
ဒီမွာ ေမေမေလးနဲ႔လည္းမေနခ်င္။
မနၱေလးျပန္ရင္ ေပ်ာ္မယ္ထင္ခဲ့ေပမယ့္ ထင္သ
ေလာက္မေပ်ာ္။သူငယ္ခ်င္းေတြနဲ႔ေဆာ့ခ်ိန္တိုင္း
ေအာက္ဆင္းမေဆာ့တတ္ပဲ အိမ္ထဲမွာသာေန
တတ္ေသာ ခ်န္းကို သတိရတယ္။
သူငယ္ခ်င္းေတြသိသိသာသာအေလ်ာ့ေပးလာခ်ိန္ဆိုစိတ္ထဲ႐ွိတဲ့အတိုင္းဆက္ဆံတတ္သည့္ခ်န္းကိုေတြ႔ခ်င္လာတယ္။ဘာပဲေျပာေျပာ ခ်န္းနဲ႔ေနရ
တာလြတ္လြတ္လပ္လပ္႐ွိတယ္။ေကာင္းဆက္စံ
နဲ႔ေတာင္မတူ။ခ်န္းက က်ေတာ့္အေပၚ႐ိုးသား
တယ္။ဟန္ေဆာင္မႈမ႐ွိဘူး။သူမနာလိုဘူးဆို
လည္း မနာလိုတဲ့အေၾကာင္းဖြင့္ေျပာတတ္တယ္
ေနာက္ဆံုး မေဆာ့ခ်င္ေတာ့သည့္အဆံုး ႀကီးေမ
ကို ကိုရင္ဝတ္ခ်င္တယ္ဟု ေျပာလ်က္ဘုန္းဘုန္း
ေက်ာင္းမွာသာ သြားေနကာ ႐ွင္ဆႏၵဆီမွ English Grammarေတြသင္ေနေတာ့တာ
တစ္ေႏြလံုးပဲ။ ခါတေလ ခ်န္းကိုသတိရလာရင္
႐ွင္ဆႏၵကို ခ်န္းအေၾကာင္းေတြေျပာျပျဖစ္တယ္
ထိုသို႔ ေျပာဖန္မ်ားလာေတာ့...
"မည္သည့္အရာ၊မည္သည့္ ပုဂၢိဳလ္ ကိုမ်ွခ်စ္ခင္
စြဲလမ္းျခင္းမျပဳရာ မရဏႏုႆတိ စီးျဖန္းျခင္းျဖင့္
ကင္းလြတ္ေအာင္ အားထုတ္ရာ၏" ဟူေသာ
ဓမၼပါဒ ထဲမွဘုရားေဟာ အပိုဒ္ကိုရြတ္ျပလ်က္
႐ွင္ဆႏၵကဆံုးမစကားဆိုေတာ့၏။
သူငယ္ခ်င္းကိုသတိရတာေတာင္ ေသခ်ာသတိ
မရႏိုင္သည့္ အေျခအေနတြင္
မႏၱေလးေႏြသည္ အရင္ႏွစ္ေတြထက္ ပိုကာအပူ
႐ွိန္ျပင္းေနသလိုပဲ...
#YGN
"ဖုန္း...ဖုန္းဝင္သြားၿပီ။မင္း...ကိုင္ေလ"
"ဘာလို႔ကိုင္ရမွာလဲ?မင္းပဲသတိရတယ္ဆိုမင္းပဲ
ေျပာေပါ့"
"Hello"
တစ္ဖက္မွ ေကာင္မေလးတစ္ေယာက္အသံ
ေကာင္းဆက္စံ တံေတြးတစ္ခ်က္မ်ိဳခ်အားတင္း
ၿပီး
"ဟို...ဟိုေလ ဒါ ပိုင္ အဲ ပိုင္သုတတို႔အိမ္လား
ဟင္"
"ဟုတ္ကဲ့။ ကိုကို႔ သူငယ္ခ်င္းေတြလားဟင္"
ေကာင္းဆက္စံတစ္ေယာက္ခ်က္ခ်င္းျပန္မေျဖ
ေသးပဲ စကားေျပာခြက္ကို လူျကီးေတြလုပ္သလိုလက္တစ္ဖက္နဲ႔ အုပ္ကိုင္ၿပီး
"ပိုင့္ ညီမေလးကိုင္ေနတာ..." ဟူ၍ ခ်န္းအား
သံေတာ္ဦးတင္ရေသး၏
"ေမးလိုက္ေလ ငပိုင္႐ွိလားလို႔။ ျမန္ျမန္ေျပာ ဖုန္း Billတက္တယ္ ငတံုးရ"
ခ်န္းတစ္ခ်က္ပိတ္ေငါက္လိုက္မွ
"ညီမေလး ဟိုေလ အခု ပိုင္႐ွိလား"
"ကိုကို ကအိမ္မွာမ႐ွိဘူး။ခု ကိုရင္ဝတ္ေနတယ္"
"ပိုင္က ကိုရင္ဝတ္ေနတယ္တဲ့ ခ်န္းရ"
"ေပးစမ္း ဖုန္း"
ေကာင္းဆက္စံလက္ထဲမွ ဖုန္းကို ဆက္ခနဲဆြဲယူ
ုၿပီးမွ
"ဟမ္း ကိုရင္ဝတ္တယ္ဆိုတာ ဘယ္တုန္းကလဲ
ခုထိ က်ဴ႐ွင္ေတြဘာေတြမတက္ေသးဘူးလား"
"မ-မသိဘူး။ကိုကို ကိုရင္ဝတ္တာ သံုးလပိုင္းအ
ကုန္တည္းက...ခုထိမထြက္ေသးဘူး"
"ဘာ!"
ခုေက်ာင္းေတြပဲ အအပ္ခံေနၿပီ။ဒီေကာင္က
ကိုရင္ဝတ္တုန္းဆိုေတာ့ ေက်ာင္းပဲထြက္လိုက္ၿပီ
လား
"အဲ့ေတာ့ ေက်ာင္းမတက္ဘူးလား"
"ဟင့္အင္း ညီမေလးမသိဘူး။ကိုကို က ခုထိ
မထြက္ေသးဘူး။မနက္ျဖန္ ကိုကိုဆြမ္းခံႂကြလာ
ရင္ ျပန္ဆက္ခိုင္းရမလားဟင္"
"မဆက္နဲ႔ေတာ့။ဒီကဆရာမေတြကေျပာေနလို႔
ေက်ာင္းေျပာင္းဖို႔ ေက်ာင္းထြက္စာလည္းခုထိ
လာမယူေသးလို႔တဲ့။ဒါပဲ ငါဖုန္းဆက္တဲ့အေၾကာင္း
နင္တို႔ အစ္ကို ကိုမေျပာနဲ႔"
"႐ွင္..."
စိတ္တိုတိုနဲ႔ဖုန္းခြက္ကိုေဆာင့္ခ်လိုက္ေတာ့
ဖုန္းေစာင့္ အစ္မႀကီးက မ်က္စိပ်က္မ်က္ႏွာပ်က္
နဲ႔ ေမာ့ၾကည့္၏။မတတ္ႏိုင္။
"ခ်န္း...ပိုင္ က ဘုန္းႀကီးမ်ားအၿပီးဝတ္သြားတာ
လားမသိဘူးေနာ္။ငယ္ငယ္ေလးနဲ႔"
"မသိဘူး"
ငပိုင္တကယ္ဘုန္းႀကီးဝတ္သြားတာလား။ငါ့မွာ
ျဖင့္ ႐ွင္ေတာင္မျပဳရေသးတာ။
ငရဲႀကီး ႏိုင္လားမသိေပမယ့္ ပိုင့္ကို ဘုန္းႀကီး
မဝတ္ေစခ်င္ဘူး။ဟုတ္တယ္ က်ေတာ္ ပိုင့္
ကိုျပန္ေတြ႕ရင္ ထိုင္မ႐ွီခိုးခ်င္ဘူး။
Thank You All
(Unicode)
/
/
/
နှစ်ယောက်တည်း လျှောက်လည်တဲ့ကိစ္စကို
ကောင်းဆက်စံကို မပြောနဲ့ဟူ၍ ပိတ်ထားသော
မောင်အချန်းသည် မနက်ခင်းကျောင်းရောက်
်သည်နှင့် ကျတော်ဝယ်ပေးထားသော Harry
Potter ဆေးရောင်ခြယ်စာအုပ်အား ဟန်ပါပါ
ထုတ်ပြလျက် ကောင်းဆက်စံအား ကြွားလုံးထုတ်
တော့၏။
ကြားထဲက မျက်နှာတွေပူရတာ ကျတော်။ချန်း
မရှိတော့မှ...
""ငါ နောက်တစ်ခါ မင်းကိုလည်းလက်ဆောင်
ဝယ်ပေးပါ့မယ်""ဟူ၍ နှိစ်သိမ့်တော့
ကောင်းဆက်စံသည်မျက်နှာငယ်ဖြင့်
""ရပါတယ် ပိုင်ရာ။မင်းမှာ မုန့်ဖိုးမှမလောက်တာ
ကို"" ဟုဆိုကာ တစ်ဖန်ပြန်နားလည်ပေးတော့
သူငယ်ချင်းကို ပိုအားနာမိသည်။
ချန်းက ခါတလေ တော်တော်ဆိုးတာပဲ။
သူလေ အဲ့စာအုပ်ကို ကောင်းဆက်စံကိုကြွားတာ
တင်မဟုတ်ပဲ တစ်လောကလုံးပတ်ကြွားနေ
သလားမသိ။
ညနေ မားက ထပ်မေးတော့၏
""သားပိုင်...နဂျီကောင်လေးကို ဆေးရောင်ခြယ်
စာအုပ်ဝယ်ပေးလိုက်တာလား??""
ချန်းရော ကျတော်ပါအဆူခံရနိုင်ပေမယ့် မားကို
လည်းမလိမ်ရဲ၍ ခေါင်းညိတ်ပြခြင်းဖြင့်ဝန်ခံမိရ
တော့၏။ထင်သည့်အတိုင်း မားသည် စိတ်ဆိုး
သည် မဟုတ်ပဲ လေသံအေးအေးနဲ့ ဆုံးမတော့၏
""အဲ့ကောင်လေး အဲ့စာအုပ်ကို ပူဆာနေတာ
ကြာပြီ။မားက ဝယ်မပေးတာ။အဲ့စာအုပ်ဝယ်မယ့်
အစား မြန်မာစာ စာစီစာကုံးဖတ်ပါလားဆိုပြီး
စာစီစာကုံးစာအုပ်ဝယ်ပေးလိုက်တာ။ကဲ ခုတော့
သား ကို ခေါ်ချသွားပြီးပူဆာလိုက်ရော။အဲ့ကလေးက ဘာမှနားလည်တာမဟုတ်ဘူး။သူလိုချင်တာပဲသူသိတာ...""
""ချန်းက မပူဆာပါဘူး မားရဲ့။စာအုပ်ကိုကိုင်ပြီး
ဈေးကြီးလို့ဆိုပြီး ပြန်တောင်ချထားတာ။
ကျတော်ကဝယ်ပေးလိုက်တာ
ချန်းပူဆာတာမဟုတ်ဘူး""
""မပူဆာပေမယ့် သူအဲ့လိုလုပ်ရင် သားဝယ်ပေး
ချင်လာမယ်ဆိုတာ သိလို့လုပ်ပြတာ။မားပြောမယ်
သူဈေးကြီးတယ်ဘာညာကို နှုတ်ခမ်းဆူပြီး ပြော
တာမလား??အဲ့ ကလေးအကျင့် မားသိတယ်""
""သူလိုချင်နေတာသိတော့...""
""သားပိုင် မားနဂျီကောင်လေးကိုချစ်တာသိလို့
မားဝမ်းသာတယ်။ဒါပေမယ့် အလိုမလိုက်နဲ့။သားကသူ့ကို အနွံတာခံတာ သိရင်နောင်ဒီထက် ပိုပိုဆိုးလာမယ်။ကိုယ့်မုန့်ဖိုးတွေကို ကိုယ်စုထား။သူလိုချင်တယ်ဆိုတိုင်းဝယ်မပေးနဲ့။နောင်တစ်ခါ ဝယ်ပေးရင် မားကိုယ်တိုင်ရိုက်မှာနော်
သားကိုမဟုတ်ဘူး သူ့ကိုပဲရိုက်မှာ။သိလား"
"ဟုတ်"
"ဆူပုတ်ပုတ်မပြောနဲ့...လူကြီးလေး"
"ဟုတ်"
မားကျေနပ်အောင် ပြုံးပြလိုက်ပေမယ့် စိတ်ထဲ
မတင်မကျ။ချန်း လိုချင်တာလေး ဝယ်ပေးမိတာ
ကို ချန်းက အရိုက်ခံရမယ်ဆိုတာကြီးတော့ မား
လွန်တယ်။စာအုပ်ရလို့ ချန်းဘယ်လောက်ဝမ်းသာ
သွားလည်းဆို တစ်လမ်းလုံးရယ်နေတာ။ချန်းက
တော်ရုံအဲ့လောက်ရယ်တာမဟုတ်ဘူး။
ဟူးးး ငါတို့လူကြီးမြန်မြန်ဖြစ်မှ အဆင်ပြေမယ်
ချန်းရေ...
အသက်၁၂နှစ်အရွယ်ကလေးတစ်ယောက်အတွက် အမှတ်တရတွေဆိုတာ မှတ်၍မကုန်။
ချန်းအိမ်သည် ကျတော့်စားအိမ်သောက်အိမ်ဆိုတာထက် ပိုခဲ့သည်။မား၏ တန်းတူရည်တူ
ချစ်ခင်မှုတွင် ကျတော်နေပျော်ခဲ့သည်။မား၏
ဂရုစိုက်မှုသည် မေမေလေးအားများစွာဝန်ပေါ့စေခဲ့သည်။
"မမနန်းကို အားနာနာနဲ့ပဲ ယမင်းအကူအညီတောင်းပါတယ်" ဟူသောစကားနောက် မေမေ
လေးအိမ်ပြန်မလာတတ်သော ညတွေတွင် ချန်း
နဲ့ အတူတူသွားအိပ်ခဲ့ရသည်။
မားသည်လည်း ချန်းတစ်ယောက်တည်း
အိမ်မှာကျန်မနေခဲ့ခြင်းအပေါ် အထူးကျေနပ်လျက်ရှိ၏။
ချန်းနဲ့ နေတာကြာလာလေ ချန်းကိုမခွဲချင်လာလေ။ချန်းလိုသူငယ်ချင်းမျိုးနောက်ထပ်ရှိနိုင်
တော့မှာ မဟုတ်ဘူးဆိုတာလည်းကြာလေ သေချာလာလေပင်။နောက်ပြီး မား...အမေအ
ရင်းဆီကနေတောင်မရခဲ့ဖူးသည့် နွေးထွေးမှုတွေက မား ကရက်ရောစွာမျှဝေပေးခဲ့သည်။ဆိုင်တွင်ကူညီသည့်အခါတိုင်း ဘယ်သူမေးမေး မားသည်
"ဒါ နန်းရဲ့သားကြီးလေ" ဟူ၍မဆိုင်းမတွအဖြေ
ပေးမြဲ။
ပျော်စရာကောင်းတာတစ်ခုက မားဆိုင်သိမ်းချိန်
တိုင်းချန်းနဲ့အတူမားကိုအပြေးအလွှားသွားကြိုရ
တာပင်။
မားစာရင်းတွက်ချိန်ဆိုလည်း မားပုခုံးကိုတစ်
ယောက်တစ်ဖက်နှိပ်ပေးရင်း ကျောင်းမှာဖြစ်ပျက်ခဲ့အကြောင်းစုံကို စီကာပတ်ကုံးပြောပြကြလျက်
မားဆီကနေ အမှတ်အပြိုင်ယူကြတာလဲပျော်စရာ
ချန်းနဲ့အတူ ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်လျက်
အိမ်စာပြိုင်လုပ်ရတာကိုလည်း ကြိုက်တယ်။
တစ်ယောက်တည်းစာလုပ်ရတာထက်ပိုပျော်ဖို့
ကောင်းတယ်။
မားမရှိချိန်၂ယောက်တည်း ညနေစာအတူတူစား
ကြရင်း ပန်းကန်မဆေးချင်လို့ ထမင်းမြန်မြန်ပြိုင်
စားကာ ဘေစင်ပေါ်ပန်းကန်တင်ပြီး ထွက်ပြေး
ခြင်းသည်ကလည်း အိမ်ခန်းထဲ အော်ဟစ်သံတွေ
ဆူညံစေသည်။ကျတော်ရှုံးရှုံးနိုင်နိုင် ပန်းကန်ဝိုင်း
ဆေးပေးရတာပါပဲ။
ချန်းရဲ့ အကျင့်ဆိုးတစ်ခုလည်းရှိသေးတယ်။အဲ့ဒါ
ဘာလဲဆို အိပ်နေရင်းဗိုက်တွေလိုက်ပွတ်တာ။
စစချင်းသူနဲ့ အိပ်တုန်းကညဆို ကျတော်လန့်သွား
တာပဲ။စွပ်ကျယ်ကြီးအတင်းလာလှန်ပြီး မျက်လုံးကြီးမှိတ်လျက်နဲ့ ဗိုက်ကိုလာပွတ်တာ
မားကိုပြောပြတော့...သားလာအိပ်မှ
မားလည်း အဲ့ဒုက္ခကနေလွတ်တာဆိုတော့
ကျတော်ပြောစရာစကားမရှိတော့...နဂျီကောင်
သည် အိပ်နေရင်းတောင် အဲ့လို ဆိုးတာ။မနက်
လင်းရင်လည်း အိမ်သာလုရတာအမြဲ။သူနဲ့ လုရမှာစိုးလို့အရင်ထတာတောင်မရ ကျတော်
အိမ်သာထဲဝင်ပြီဆို သူနိုးလာပြီ။ပြီးရင် မျက်လုံးတောင် မဖွင့်သေးပဲနဲ့ အာပြဲနေအောင်အပြင်ကနေအော်ရော။ဘာကောင်မှန်းကိုမသိတာ။
အိပ်ရင် ငြိမ်ငြိမ်မအိပ်တတ်သလို မအိပ်ခင်လည်း
အငြိမ်မနေတတ်။အိပ်ခါနီးတိုင်း ကျတော့်ပါးချိုင့်
ကို သူရန်ရှာတတ်သေး၏။
"ရယ်ပြစမ်း ငပိုင်"
ဒီစကားကို ကျတော်မရယ်ပြချင်း တတွတ်တွတ်
ရွတ်ဆိုသည်။
ရယ်ပြလိုက်လို့ ပါးချိုင့်ပေါ်လာကြည့် အဲ့ ပါးချိုင့်
ခွက်ထဲ လက်ညိုးထည့်ကာ ကလိ၏။ခါတလေ
နာလာလို့ မျက်နှာတည်လိုက်ရင်
"ငါ ကိုင်ကြည့်ချင်လို့ပါ ငပိုင် ရာ..." ဟူ၍အနား
ထပ်တိုးလာကာ ခွဖက်ပြီး အကျပ်ကိုင်တတ်၍
ပွတ်သီးပွတ်သတ် မနေတတ်တဲ့ကျတော်သည်သာ မချိပြုံးပြုံးလျက် ပါးထိုးပေးရမြဲ...
ချန်းဆိုးတာတွေကို နေသားတကျရှိနေပေမယ့်
စာမေးပွဲ ကြီးပြီးသည်နှင့် ကြီးမေသည် မန္တလေး
သို့ပြန်ခဲ့ရန်လာခေါ်တော့သည်။
ရန်ကုန်မှာပျော်နေပြီဖြစ်သော်လည်းကြီးမေခေါ်
တော့လည်းမပြန်ချင်ပဲမနေ
ချန်းကတော့ စကားပင်မပြောတော့...ပြန်မယ့်
ညနေခင်း သူ့အိမ်သွားတာတော့ လှေကားခွင်သော့တောင်ချမပေး...အော်ခေါ်တော့လည်း
ထွက်မလာ။နောက်ဆုံးခေါ်လို့မရသင့်အဆုံး
ကျတော့််မန္တလေးအိမ်ဖုန်းနံပါတ်ကိုရေးထား
သော စာရွက်ခေါက်လေးသာ ခေါင်းလောင်းကြိုး
ညှပ်ထဲ ထည့်ညှပ်ပေးထားခဲ့ရတယ်။
မားဆိုင်ကို သွားနှုတ်ဆက်ပြီး မားကို
နှုတ်ဆက်ကန်တော့ တော့ မားငိုတယ်။
"မား နဂျီကောင်လေး မနေ့တည်းက ထမင်းမစား
ဘူး သားရယ်...ချန်းလေးက သားကိုအရမ်းခင်
တွယ်နေပြီ...ပြန်လာခဲ့ပါလို့ပြောချင်ပေမယ့် သား
သဘောပါ..."
မားရှေ့ကျတော်ငိုမိသည်။ ချန်းကို မခွဲနိုင်ပေမယ့်
တစ်ဖက်မှာက ညီမလေးနဲ့ ကြီးမေရှိသည့်အပြင်
ဒီမှာ မေမေလေးနဲ့လည်းမနေချင်။
မန္တလေးပြန်ရင် ပျော်မယ်ထင်ခဲ့ပေမယ့် ထင်သ
လောက်မပျော်။သူငယ်ချင်းတွေနဲ့ဆော့ချိန်တိုင်း
အောက်ဆင်းမဆော့တတ်ပဲ အိမ်ထဲမှာသာနေ
တတ်သော ချန်းကို သတိရတယ်။
သူငယ်ချင်းတွေသိသိသာသာအလျော့ပေးလာချိန်ဆိုစိတ်ထဲရှိတဲ့အတိုင်းဆက်ဆံတတ်သည့်ချန်းကိုတွေ့ချင်လာတယ်။ဘာပဲပြောပြော ချန်းနဲ့နေရ
တာလွတ်လွတ်လပ်လပ်ရှိတယ်။ကောင်းဆက်စံ
နဲ့တောင်မတူ။ချန်းက ကျတော့်အပေါ်ရိုးသား
တယ်။ဟန်ဆောင်မှုမရှိဘူး။သူမနာလိုဘူးဆို
လည်း မနာလိုတဲ့အကြောင်းဖွင့်ပြောတတ်တယ်
နောက်ဆုံး မဆော့ချင်တော့သည့်အဆုံး ကြီးမေ
ကို ကိုရင်ဝတ်ချင်တယ်ဟု ပြောလျက်ဘုန်းဘုန်း
ကျောင်းမှာသာ သွားနေကာ ရှင်ဆန္ဒဆီမှ English Grammarတွေသင်နေတော့တာ
တစ်နွေလုံးပဲ။ ခါတလေ ချန်းကိုသတိရလာရင်
ရှင်ဆန္ဒကို ချန်းအကြောင်းတွေပြောပြဖြစ်တယ်
ထိုသို့ ပြောဖန်များလာတော့...
"မည်သည့်အရာ၊မည်သည့် ပုဂ္ဂိုလ် ကိုမျှချစ်ခင်
စွဲလမ်းခြင်းမပြုရာ မရဏနုဿတိ စီးဖြန်းခြင်းဖြင့်
ကင်းလွတ်အောင် အားထုတ်ရာ၏" ဟူသော
ဓမ္မပါဒ ထဲမှဘုရားဟော အပိုဒ်ကိုရွတ်ပြလျက်
ရှင်ဆန္ဒကဆုံးမစကားဆိုတော့၏။
သူငယ်ချင်းကိုသတိရတာတောင် သေချာသတိ
မရနိုင်သည့် အခြေအနေတွင်
မန္တလေးနွေသည် အရင်နှစ်တွေထက် ပိုကာအပူ
ရှိန်ပြင်းနေသလိုပဲ...
#YGN
"ဖုန်း...ဖုန်းဝင်သွားပြီ။မင်း...ကိုင်လေ"
"ဘာလို့ကိုင်ရမှာလဲ?မင်းပဲသတိရတယ်ဆိုမင်းပဲ
ပြောပေါ့"
"Hello"
တစ်ဖက်မှ ကောင်မလေးတစ်ယောက်အသံ
ကောင်းဆက်စံ တံတွေးတစ်ချက်မျိုချအားတင်း
ပြီး
"ဟို...ဟိုလေ ဒါ ပိုင် အဲ ပိုင်သုတတို့အိမ်လား
ဟင်"
"ဟုတ်ကဲ့။ ကိုကို့ သူငယ်ချင်းတွေလားဟင်"
ကောင်းဆက်စံတစ်ယောက်ချက်ချင်းပြန်မဖြေ
သေးပဲ စကားပြောခွက်ကို လူကြီးတွေလုပ်သလိုလက်တစ်ဖက်နဲ့ အုပ်ကိုင်ပြီး
"ပိုင့် ညီမလေးကိုင်နေတာ..." ဟူ၍ ချန်းအား
သံတော်ဦးတင်ရသေး၏
"မေးလိုက်လေ ငပိုင်ရှိလားလို့။ မြန်မြန်ပြော ဖုန်း Billတက်တယ် ငတုံးရ"
ချန်းတစ်ချက်ပိတ်ငေါက်လိုက်မှ
"ညီမလေး ဟိုလေ အခု ပိုင်ရှိလား"
"ကိုကို ကအိမ်မှာမရှိဘူး။ခု ကိုရင်ဝတ်နေတယ်"
"ပိုင်က ကိုရင်ဝတ်နေတယ်တဲ့ ချန်းရ"
"ပေးစမ်း ဖုန်း"
ကောင်းဆက်စံလက်ထဲမှ ဖုန်းကို ဆက်ခနဲဆွဲယူ
ုပြီးမှ
"ဟမ်း ကိုရင်ဝတ်တယ်ဆိုတာ ဘယ်တုန်းကလဲ
ခုထိ ကျူရှင်တွေဘာတွေမတက်သေးဘူးလား"
"မ-မသိဘူး။ကိုကို ကိုရင်ဝတ်တာ သုံးလပိုင်းအ
ကုန်တည်းက...ခုထိမထွက်သေးဘူး"
"ဘာ!"
ခုကျောင်းတွေပဲ အအပ်ခံနေပြီ။ဒီကောင်က
ကိုရင်ဝတ်တုန်းဆိုတော့ ကျောင်းပဲထွက်လိုက်ပြီ
လား
"အဲ့တော့ ကျောင်းမတက်ဘူးလား"
"ဟင့်အင်း ညီမလေးမသိဘူး။ကိုကို က ခုထိ
မထွက်သေးဘူး။မနက်ဖြန် ကိုကိုဆွမ်းခံကြွလာ
ရင် ပြန်ဆက်ခိုင်းရမလားဟင်"
"မဆက်နဲ့တော့။ဒီကဆရာမတွေကပြောနေလို့
ကျောင်းပြောင်းဖို့ ကျောင်းထွက်စာလည်းခုထိ
လာမယူသေးလို့တဲ့။ဒါပဲ ငါဖုန်းဆက်တဲ့အကြောင်း
နင်တို့ အစ်ကို ကိုမပြောနဲ့"
"ရှင်..."
စိတ်တိုတိုနဲ့ဖုန်းခွက်ကိုဆောင့်ချလိုက်တော့
ဖုန်းစောင့် အစ်မကြီးက မျက်စိပျက်မျက်နှာပျက်
နဲ့ မော့ကြည့်၏။မတတ်နိုင်။
"ချန်း...ပိုင် က ဘုန်းကြီးများအပြီးဝတ်သွားတာ
လားမသိဘူးနော်။ငယ်ငယ်လေးနဲ့"
"မသိဘူး"
ငပိုင်တကယ်ဘုန်းကြီးဝတ်သွားတာလား။ငါ့မှာ
ဖြင့် ရှင်တောင်မပြုရသေးတာ။
ငရဲကြီး နိုင်လားမသိပေမယ့် ပိုင့်ကို ဘုန်းကြီး
မဝတ်စေချင်ဘူး။ဟုတ်တယ် ကျတော် ပိုင့်
ကိုပြန်တွေ့ရင် ထိုင်မရှီခိုးချင်ဘူး။
Thank You All