The Spell Of Black Swan

Av sejong_love

43.6K 4.5K 448

ကိုယ့်အခန်းနံရံမှာ မင်းရယ်သံတွေ ပဲ့တင်နေဆဲ ကိုယ့်အိပ်မက်ထဲမှာ မင်းမျက်ဝန်းတွေ စိုးမိုးနေဆဲ ကိုယ့်အာရုံမှာ မင်... Mer

Second Spell
Third Spell
Fourth Spell
Sorry
Fifth Spell
Sixth Spell
Seventh Spell
Eighth Spell
Ninth Spell
Tenth Spell
Eleventh Spell
Not an update
Twelfth Spell
Thirteenth Spell
Fourteenth Spell
Fifteen Spell

First Spell

6.9K 434 10
Av sejong_love

"ဟရောင်ရေ......သွားမယ်ဟ......"

Chanyeol ကားထဲကနေ စောင့်နေတာ ၁၀မိနစ်လောက်ရှိသွားခဲ့ပြီး ကားပိုင်ရှင် ကားမောင်းမဲ့ ကိုယ်တော်ချော Oh Sehunက သူ့fan girl တစ်သိုက်ကြားက ထွက်မလာနိုင်သေး......။

ခဏကြာတော့မှ ကားထဲကို မာရသွန်​ပြေးလာရတဲ့လူလို ဟောဟဲစိုက်ပြီး ဝင်ထိုင်ရင်း ချောကလက်တွေ မုန့်တွေ လက်ဆောင်တွေစာတွေကို ကားနောက်ခန်းထဲပစ်ထည့်နေတဲ့ Oh Sehunကို Chanyeolသနားသလို ကြည့်လိုက်သည်။

တက္ကသိုလ်​ရဲ့ လက်ရွေးစင်ရေကူးချန်ပီယံတစ်ယောက်ဖြစ်ရတာ သိပ်တော့လွယ်ပုံမပေါ်......။

ဒါပေမဲ့ Sehunရဲ့fangirl တွေက ပိုကိုပိုလွန်းကြတာပါ။ Chanyeol ကိုယ်တိုင်လည်း တက္ကသိုလ်​မှာ နာမည်ကြီးတဲ့ basketball ကစားသမားတစ်ယောက်ပါပဲ.....သူ့fanတွေက Sehunရဲ့ fanတွေလောက် အကဲမပိုကြပါဘူး.....။

အဲ့ဟာတွေကမှ ခပ်ကဲကဲပါဆို ဟိုကောင်က Playboyဆိုတော့ ပိုဆိုးပြီပေါ့....ဘာပြောကောင်းမလဲ.....။

"ဘာကြည့်နေတာလဲ.....ငါတော်တော်ချောတာတော့သိပါတယ်....ဒါပေမဲ့.....bffအချင်းချင်းကြီးတော့ မကောင်းပါဘူးကွာ....ပြီးတော့ မင်းရည်စားလေး သနားပါတယ်....."

သူ ကား မောင်းထွက်လာတည်းက စကားတစ်ခွန်းမှမပြောပဲ သူ့ကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေတဲ့ Chanyeol ကို လှမ်းစလိုက်တော့ ချီးမွမ်းထောပနာပြုသံလေးတွေ ထွက်လာခဲ့သည်။

"သူတောင်းစား.....အပိုတွေပြောမနေနဲ့......
မနက်ဖြန် Baekတို့ ကျောင်းသွားမှာ ကျောင်းမှာ အကပြိုင်ပွဲရှိတာ...ငါ့Baekလေးကို....သွားအားပေးမလို့ လိုက်မှာလား........"

"မင်းရည်းစားကို သွားအားပေးတာ ငါကဘာလိုက်လုပ်နေရမှာလဲ......အဲ....
အဲ့ကျောင်းကကောင်လေးတွေ ကောင်မလေးတွေ ချောတယ်ဆိုရင်တော့ လိုက်မယ်......."

"ချောလား မချောလားကတော့ ငါ့Baekကလေး ကြည့်ရင် သိသာနေတာပဲကို...."

"အဲ့တာဆိုရင်တော့ မချောတာသေချာတယ်..."

"သေချင်းစိုး.........နေပါဦး........
မင့်လက်ရှိရည်စားနဲ့က ပြတ်သွားပြီလား....ဘယ်သူလဲ..... Yerimမလား"

"မင်းကလည်း Yerimနဲ့ပြတ်ပြီးလို့မှ နောက်တစ်ယောက်တောင်တွဲနေလို့ ပြန်တောင်ပြတ်တော့မယ်......ခုမှYerim လာလုပ်နေ တယ်"

"ဟမ်....!နောက်တစ်ယောက်.....!?......
ဘယ်တုန်းကပြတ်သွားတာလဲဟ....ဘယ်သူနဲတွဲနေတာလဲ အခုက...ကောင်လေးလား ကောင်မလေးလား......ငါကို မင့် လိုက်မမီတော့ဘူး....."

Sehunက အားရပါးရရယ်လိုက်ရင်း......

"ရှေ့ တစ်ပတ်လောက်တုန်းက ပြတ်သွားတာ ငါ အခု Junsu နဲ့တွဲနေတယ်....."

"Junsu....Junsu.....Physic majorက Kingကောင်လေးမလား......"

"အေး....."

"အေးပါကွာ.....သာပါတယ်.....မင်းက...."

သူတို့နှစ်ယောက်စကားပြောရင်းပင် Chanyeol အိမ်ရှေ့ရောက်လာခဲ့သည်။

"မေ့တော့မလို့.....မနက်ဖြန်လိုက်မလား
မလိုက်ဘူးလား.....Baekတို့ uniကို...လိုက်ခဲ့ပါဟ.....ငါတစ်ယောက်တည်း ဖြစ်နေလို့ပါကွာ......"

"အေးပါကွာ.....မင်းကအဲ့လောက်ပင့်နေမှတော့လည်း လိုက်ရတာပေါ့...."

"အဲ့တာဆို မနက်ကျ ငါလာခေါ်မယ်...."

"Ok bro"

"ဒါဆို လစ်ပြီ....."

••••••••••••••••••••••••••••••••••••••••••••••••••

"ဝါး.........."

Sehun တစ်ယောက် ပျင်းလာတာမှ အာသန်းရင်း မျက်ရည်တွေပါဝဲလာခဲ့သည်။

"မင့် ဂျပုက မလာသေးဘူးလား....ငါ ပျင်းလို့သေတော့မယ်......."

"လာတော့မှာပါ......မင်းကလည်း.....ရှေ့မှာ
ဒီလောက်ကောင်မလေးချောချောလေးတွေ ကနေတာတောင် ပျင်းလာရသလား....."

"ဒီလောက်ချောတာလောက်တော့ Oh Sehunတို့က ရင်မခုန်ဘူး......"

"လာပြီဟ.....လာပြီ.....Baekတို့ အလှည်ရောက်
ပြီ......"

Chanyeolစကားကြောင့် သူ့အာရုံကို စင်ပေါ်ကိုပြန်ရွှေ့လိုက်သည်။

ထွက်လာသော ရင်းနှီးတဲ့သံစဉ်က Swan Lake ဖြစ်ကြောင်း Sehun သိလိုက်သည်။ ဖြည်းညှင်းစွာ ပွင့်လာတဲ့ ကန့်လန့်ကာနောက်မှာ အဖြူရောင်ဝတ်စုံနဲ့ လှပစွာ ရပ်နေတဲ့ Baekhyun.....။ ဖြေးညင်းစွာ ကျယ်လာတဲ့ သံစဉ်နဲ့အတူ နူးညံ့စွာ လှုပ်ရှားလာတဲ့ Baekhyun......။
သိပ်လှသည်.......။

Chanyeol သာ Baekhyun ကိုမကြိုက်ခဲ့ဘူးဆိုလျှင် သူ Baekhyun ကို ရအောင် လိုက်ခဲ့မိမှာ......။ ဒီအကြောင်းကို Chanyeol သာသိလျှင် သူတစ်နေရာတည်း ပွဲချင်းပြီးသွားနိုင်သည်။ ဒါကတော့ သူသေတဲ့ထိ ယူသွားရမယ့် လျှို့ဝှက်ချက်တစ်ခု......။

ညိမ့်ညောင်းတဲ့ သံစဉ်မှ ရင်ထိတ်ဖွယ် သံစဉ်ကို ရုတ်တရက်ပြောင်းသွားမှ လွှင့်နေတဲ့ သူ့စိတ်တွေ စင်ပေါ်ကိုပြန်ရောက်သွားခဲ့သည်။
အဲ့အချိန်မှာပဲ သူ့အာရုံကို ဖမ်းစားလိုက်တဲ့ အရာတစ်ခု......။ လူတစ်ယောက်ဆို ပိုမှန်လိမ့်မည်.......။

'Black Swan'

သူ့ မျက်လုံးထဲ ထိုသူမှ လွဲပီး ဘာမှမမြင်တော့သလို နားထဲလည်း ဘာမှမကြားတော့......။

အနက်ရောင် eyeliner အနက်ရောင် eyeshadow အနက်ရောင် makeupတွေသာ အများဆုံးခြယ်သထားတဲ့ သူရဲ့မျက်နှာဟာ ပင်ကိုရုပ်ရှည်ကို မှန်းဆ၍မရ.......။

သို့သော်........ထို ပိန်းပိတ်မှောင်တဲ့ အနက်ရောင်တွေကို ကျော်လွန်ပြီး တောက်ပနေတဲ့ မျက်ဝန်းတွေ......မုန်းတီးမှုတွေ ပြည့်နေတဲ့မျက်ဝန်းတွေ......မနာလို
ကောက်ကျစ်မှုတွေ ပြည့်နေတဲ့ မျက်ဝန်းတွေ.......။ ခံစားချက်တစ်ခုမှ တစ်ခုသို့ လျင်မြန်စွာပြောင်းလဲသွားတဲ့ မျက်ဝန်းတွေ....။

ပြီးသွားသည့်ချိန်ထိ Sehun နေရာမှာ မလှုပ်မယှက်ထိုင်နေမိသည်။ သူ့အာရုံထဲမှာ စွဲထင်နေသည်မှာ မုန်းတီးမှုတွေနဲ့ပြည့်နေတဲ့ မျက်ဝန်းတစ်စုံ........။ သူသာ အဲ့လို မျက်ဝန်းတွေနဲ့ အကြည့်ခံရရင်.......။

"....hun.....sehun....."

"Hmmmm!"

"သွားမယ်လေ....."

"ဘယ်လဲ....."

"Backstageကိုလေ......"

"ဩော်.....အေအေ....."

ပန်းစည်းကိုင်ကာ အရှေ့ကထွက်သွားတဲ့ Chanyeol နောက်ကို လိုက်လာခဲ့လိုက်သည်။

••••••••••••••••••••••••••••••••••••••••••••••••••

"Channie......"

Waiting room ရှေ့၁၀မိနစ်လောက် စောင့်ပြီးတော့ Baekhyun ထွက်လာခဲ့သည်။

"Hey....Baek.. .."

သူ့ရှေ့မှာ အကဲပိုနေကြသော lovebird တွေကိုကြည့်ရင်း စိတ်ညစ်လာသည်။ ဒီလိုမှန်းသိရင် သူလည်း သူ့ရည်းစားခေါ်လာ.......

"Baek....Baek.....! ငါ့ ဖုန်း ဘယ်နားထားလဲ တွေ့မိသေးလား....."

ကျယ်လောင်သော အော်ပြောသံနဲ့အတူ ရုတ်တရက်ပွင့်လာတဲ့ တံခါနောက်က အရပ်မြင့်မြင့်နဲ့ ကောင်လေး......။

'Black Swan'

ကောင်လေးရဲ့ အနက်ရောင်ဝတ်စုံကြောင့်သာ သိလိုက်ခြင်းဖြစ်သည်။

make up များ ဖျက်ထားပြီးသော မျက်နှာလေးက စောစောကနှင့် တပြားသားမှမဆိုင်......။

'ချစ်ဖို့ကောင်းလိုက်တာ.....'

Sehunရဲ့ အကြည့်များက ကောင်လေးရဲ့ မျက်ဝန်းကို အလိုလိုရောက်သွားချိန်......

အမုန်းတရားတို့ တစိုးတစိမျှ မရှိတဲ့ နွေးထွေးတဲ့ မျက်ဝန်းတစ်စုံ......။

' မျက်လုံးလေးက လှလိုက်တာ ......နာမည်ကရော......ဘယ်လိုခေါ်လဲမသိဘူး'

Baekhyun ရဲ့ တဟားဟားရယ်သံနှင့် Chanyeol ရဲ့စပ်ဖြီးဖြီးမျက်နှာကြီးကို သတိထားမိမှ သူဟာသူ အသံထွက်ပြီးပြောလိုက်မိမှန်းသိတော့သည်။

ကောင်လေးကို လှမ်းကြည့်လိုက်တော့ ပန်းရောင်သန်းနေတဲ့ ပါးလေးနှစ်ဖက်နဲ့ နှုတ်ခမ်းဖူးဖူးထက် ရှက်ပြုံးလေး.......။

Sehunလည်း မျက်လုံးလွှဲလိုက်ရင်း အရှက်ပြေချောင်းဟန့်လိုက်သည်။

"Baek....တွေ့မိလားလို့......"

ဩရှရှအသံလေး......။

"အင်္ကျီအိတ်ထဲမှာမဟုတ်လား......မင်း ထည့်တာ တွေ့လိုက်တယ်....."

"ဩော်...ဟုတ်သားပဲ....သတိရပြီ......"

အထဲဝင်မလို ဟန်ပြင်ပြီး သူ့ဘက်ရုတ်တရက် လှည့်ကြည့်လိုက်လာတဲ့ ကောင်လေးကို မျက်လုံးပြူးပြီး ပြန်ကြည့်လိုက်တော့.......

"Jongin.......Kim Jongin....."

တံခါးပြန်ပိတ်သွားတဲ့အထိ ငေးကြည့်နေမိခဲ့တဲ့ အပြုံးလေးတစ်ခု.........။

••••••••••••••••••••••••••••••••••••••••••••••••••

ကိုယ့်အခန်းနံရံမှာ မင်းရယ်သံတွေ ပဲ့တင်နေဆဲ
ကိုယ့်အိပ်မက်ထဲမှာ မင်းမျက်ဝန်းတွေ စိုးမိုးနေဆဲ
ကိုယ့်အာရုံမှာ မင်းအရိပ်တွေ စွဲထင်နေဆဲ

ကိုယ် ထာဝရပိုင်ဆိုင်ချင်ခဲ့တာ မင်းအချစ်နဲ့နှလုံးသား
ကိုယ် မှားယွင်းစွာဖန်တီးမိခဲ့တာ
မင်းအမုန်းနဲ့နာကြည်းမှု

ကိုယ် ကိုယ်တိုင် စီရင်ခဲ့တဲ့
ချစ်သူ့အမုန်းကျိန်စာ

ကရုဏာသက်စွာ ဖြေလျှော့ပေးလှည့်ပါ


•••••••••••••••••••••••••••••••••••••••••••••••••

A/n-ရေးပြန်ပြီ😁😁😁 feedback please🙏🙏🙏 တခြားficတွေလည်း upပေးမယ်နော် နောက်ရက်တွေကျ 😁 တကယ်တော့ စာလုပ်စရာတွေကမပြီးသေးပါဘူး 😁😁 မနေနိုင်လို့ပါ ဒါလေးက 😝 မောင် upခိုင်းတဲ့လူတွေက ထုတော့မှာ 😁😁😁


Fortsett å les

You'll Also Like

572K 35K 99
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
277K 8.3K 63
❝ Shut up,❞ ❝ Make me, 𝐩𝐫𝐢𝐧𝐜𝐞𝐬𝐬.❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 no matter how hard she tries to resist, the daughter of Hades ends up falling for Percy Jac...
230K 9.3K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
2.2M 114K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...