EX-pect

By HsuChiKo365

8.7M 725K 38.9K

B×B(Own Characters) Romance,Drama and other age limited feelings ဒီ​ေလာကထဲကမတည္​ျမဲျခင္​းတရား​ေတြထဲ မင္​းကို​... More

About Story
Intro
ခ်န္း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
Epi8
Epi-9
Epi-10
Epi-11
Epi-12
Epi-13
Epi-14
Epi-15
Epi-16
Epi-17
Epi(18-1)
Epi 18-2
Epi-19
​ေတာင္​းပန္​လႊာ
Epi-20
Epi-21
Epi-22
Epi(23-1)
Epi(23-2)
Epi24
Epi-25
Epi-26
Epi-27
Epi-28
Epi-29
Epi-30
Epi-31
Epi-32
Epi-33
Epi-34
Epi-35
Epi-36
Epi-37
Epi-38
Epi-39
EPI-40
Epi-41
EPI-42
Epi-43
Epi-44
Epi-45
Epi-46
Epi-47
Epi-48
Epi-49
Ending
Ending
Special Colla
July 2
စတင္ျခင္း
​ေမွ်ာ္​လင္​့ျခင္​း
မွားယြင္းျခင္း ၁
မက္ေမာျခင္း(၁)
မွားယြင္းျခင္း(၂)
မက္ေမာျခင္း(၂)
ေမတၱာရပ္ခံျခင္း
Life
Life
ခ်စ္ျခင္းတရား
စစ္ျငိမ္းခ်မ္းပိုင္
စစ္ျငိမ္းခ်မ္းပို္င္ ၏ အိမ္စာ
We Are
Surprise!!!!
စစ္ျငိမ္းခ်မ္းပိုင္
နန္ဒဦးမော်ဆီက ပိုင်ဘာတွေသင်ယူခဲ့လဲ

အပိုင်း ၃

135K 11.8K 115
By HsuChiKo365

UNICODE

--------------------------------------------------------------------------------------------------------------------------------

CHAN'S POV:

မုန့်စားကျောင်းတက်ခေါင်းလောင်းထိုးသည်နှင့် အိပ်နေရာကနေ ငေါက်ငနဲထထွက်သွားသော လောရှည်ကောင်။
ဖယ်ပေး ဘာညာလည်း မပြောဘူး။ ကျွန်တော်တို့နှစ်ယောက် ကုလားထိုင်နောက်ဘက်ကနေ မရမကကို
ထွက်သွားတာ။ ငါကွာ... နောက်နေ့ ထွက်မရအောင်ပိတ်ထိုင်ထားပစ်ဦးမယ်။အသီးသီးထမင်းချိုင့်ဖွင့်စားနေပြီဆို
လက်ဗလာနဲ့ လောရှည်ကောင်သည် အတန်းထဲက ထထွက်သွားမြဲ။ ကျောင်းပြောင်းလာတာပဲတစ်လကျော်ပြီ။
ဒီကောင်ဘယ်သူနဲ့မှ စကားမပြောဘူး။
"ချန်း...သူကသနားတော့ သနားစရာပဲ။ ထမင်းချိုင့်လည်း မပါရှာဘူးထင်တယ်"
ထမင်းခပ်စားရင်း မျက်နှာငယ်နဲ့ပြောလာသော ကောင်းဆက်စံကို တစ်ချက်ကြည့်လိုက်တော့...
"ငါပြောချင်တာက..." ဟူ၍အူလည်လည်လုပ်ပစ်လိုက်တယ်။ သူသိတယ်။ ကျွန်တော်ဒီကောင့်ကိုနည်းနည်းလေး
မှကြည့်မရတာကို။ ဘာကောင်မှန်းမသိ။ လပတ်စာမေးပွဲမှာလည်း ဘာသာစုံကျတယ်လေ။
သိသိချင်း ကျွန်တော်ဝမ်းသာတာဆိုတာ။ (အေ)ခန်းနေပြီးဘာသာစုံကျရင် နောက်ခန်းရောက်ဖို့ သေချာပြီလေ။
သို့ပေမယ့်... ထင်သလိုမဟုတ်ခဲ့ဘူး။ အတန်းပိုင်ဆရာမ ကိုယ်တိုင်က သူ့ပခုံးကိုတောင် ခပ်ဖွဖွပုတ်ပေးနေပြီး
တိုးတိုးတိတ်တိတ်နဲ့ ဘာတွေပြောနေမှန်းမသိ။ သကောင့်သားကတော့ မျက်နှာသေနဲ့ ဆရာမရှေ့သူ့ခါးရှည်ကြီး
ကိုင်းပြီး ပေတေရပ်နေတယ်။
"ငါလေ အဲ့လောရှည်ကောင်ကို ဘယ်လိုမှ ကြည့်မရတာ။ အတန်းထဲလည်း ဘိတ်ချီး။ နောက်ဆုံးခန်းကကောင်
တွေတောင် သူ့လို ဘာသာစုံမကျဘူး။"
"သူက ကျောင်းနှစ်ဝက်လောက်မှာမှ ရောက်လာတာကိုး ချန်းရ။ နယ်ကလာတာဆိုတော့ ငါတို့ကျောင်း
အထာလည်း မနပ်သေးလို့နေမှာပါ"
"မင်းက အဲ့ကောင်ကို သနားနေတာလား။ ဒါဆိုလာလေ ငါနဲ့နေရာလဲမယ်။ မင်းအလယ်လာထိုင်"
"အဲ့...အဲ့လိုမဟုတ်ပါဘူး"
ကောင်းဆက်စံဆိုတာက မာသာ ထရီဇာဝင်စားလာလေသလားပဲ။ လူတိုင်းကို သနားနေတော့တာပါပဲ။
ကျွန်တော်က မသနားတတ်တာတော့ မဟုတ်ပါဘူး။ ငှက်ကလေးကြောင်ကလေး အကောင်ပလောင်
သေးသေးလေးတွေကအစ ကျွန်တော်ချစ်တတ်တယ်။ သနားတတ်တယ်။
ဒီလောရှည်ကောင်ကိုက သနားစရာတစ်ကွက်မှ မရှိတာ။ ဒါပေမဲ့...ဘုရားက မမုန်းစေချင်ဘူးနဲ့ တူရဲ့။
သူ့ကို ကောင်းဆက်စံလိုမခင်ချင်ပေမဲ့ သူ့အပေါ်အမြင်တွေ ပြောင်းစေခဲ့တယ်။ အဲ့နေ့က ခါတိုင်းလို
ထမင်းစားဆင်း ဘဲလ်မြည်သည်နှင့် ထထွက်သွားသော သူ့ကျောပြင်ကို ကောင်းဆက်စံတစ်ယောက်လိုက်ငေးရင်း
"ချန်း...ငါတို့ ပရဆေးပင်တွေ သွားမှတ်ထားရအောင်"
မနက်ဖြန် ကျောင်းစစ်ဆေးရေးလာမှာ ကျွန်တော်တို့၂ယောက်က ပရဆေးပင်တွေအကြောင်းလိုက်ရှင်းပြပေး
ဖို့ ဆရာမ တာဝန်ပေးထားတာ။ ကောင်းဆက်စံပြောမှ သတိရသွားသည်။
"အေးအေး။ ခုသွားကြည့်ရအောင်။"
"ထမင်း...ထမင်းမစားတော့ဘူးလားချန်းရ"
"ထမင်းက အရေးကြီးလား။ သမိုင်းဆရာမအချိန် ငါတို့စာဆိုရအုံးမှာ။ ခုအားနေတုန်း သွားကြည့်ထားမှ"
ကျွန်တော်က အဲ့လိုပဲ...ခုဆို ခုမှကြိုက်တာ။ ဒီလိုတွေကြောင့်ထင်တယ်။ ကျွန်တော့်ကိုဆို
ဘယ်သူ့မှသိပ်မပေါင်းကြ။
မူကြိုတည်းကပေါင်းလာတဲ့ ကောင်းဆက်စံတစ်ယောက်သာ ခုထိစွဲမြဲနေတာ။ သူနဲ့ကလည်း စရိုက်ချင်း
သိပ်မတူပေမဲ့ နေပုံထိုင်ပုံကတော့ မထူးခြားနား။ အတန်းထဲက မျောက်လောင်းတွေက ကျွန်တော်တို့
နှစ်ယောက်ကို အခြောက်ကလေးတွေဆိုပြီး ကွယ်ရာမှာ ပြောနေတာကို ပြန်ကြားတယ် ။ နေပါစေ။
ကိုယ်တိုင် ကြားတဲ့နေ့ အဲ့ကောင်တွေ သေမယ့်နေ့ပဲ။ သူများသားသမီးအခြောက်ဆိုပြီး ပြောနေတဲ့
သူတို့ကိုယ်တိုင်က ကွယ်ရာမှာ မိန်းမလိုမိန်းမရနဲ့ သူများအကြောင်းအတင်းပြောနေတာ။ ဟက်ခနဲတောင် ကျွန်
တော်မရယ်ချင်ဘူး။

ပရဆေးပင်တန်းနဲ့ ကျောင်းမုန့်ဈေးတန်းက သိပ်မကွာဘူး။ ဒါပေမဲ့ ဆေးပင်တန်းနားက လူရှင်းတယ်။
ကျွန်တော် ဒီ တာမွေထ(၅)ကျောင်းကိုရောက်တာ အခု(၆)တန်းနှစ်ဆို ၂နှစ်ရှိနေပေမဲ့
ကျောင်းမုန့်ဈေးတန်းသွားတဲ့ အကြိမ်ရေကို လက်ချိုးရေလို့ရတယ်။ အဲ့လို တိုးဝှေ့နေရတာကို မကြိုက်တာ။
ပြီးတော့အဲ့ကမုန့်တွေလည်းကျွန်တော်မကြိုက်ဘူး။
ဆေးပင်နာမည်တွေနဲ့ အရွက်ပုံစံတွေကို လိုက်မှတ်နေရင်း မျက်လုံးထဲဝင်လာတာ တိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဟိုလောရှည်ကောင်။ ကျွန်တော်မြင်သလို ကောင်းဆက်စံလည်း မြင်လိုက်တယ်။
"ဟာ...ချန်း ဟိုမှာ ပိုင်သုတ"
ပိုင်သုတ မြင်တာ သူ့ရည်းစားမြင်သလိုပဲ။ ဒီကောင်ယောကျာ်းလေးဖြစ်နေလို့။ မိန်းကလေးသာဆို
အဲ့လောရှည်ကောင်နဲ့အောင်သွယ်ပေးတယ်။ ဟိုကဖြင့်သူ့ကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့ကိုမထင်တာ။
အယ် ကျွန်တော်ဘယ်ဆိုးလို့လဲ စကားပုံတွေကို နေရာတကျသုံးတတ်လာပြီပဲ။ ခုနှစ်ပိုင်း မြန်မာစာ
တိုးတက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတုန်း အာရုံထဲမခေါ်ဘဲဝင်လာတာ ဟိုကျေးဇူးရှင်။ ဘာလဲ။
မားမားခေါက်ဆွဲခြောက်ထုပ်နဲ့။ ဒီကောင် ထမင်းမစားပဲဒါတွေ စားနေတာလား ။ နေ့တိုင်းလား။
ကျွန်တော်စဉ်းစားနေတုန်းမှာပဲ သူ့လက်နှစ်ဖက်ထဲ ခေါက်ဆွဲခြောက်ထုပ် ညက်ကြေသွားတယ်။ ပြီးမှအမှုန့်တွေ
ဖြူးနေ၏။ ကျွန်တော်ကြည့်ရင်း သွားတွေကျိန်းလာတာ။ ဒီကောင်ကွာ။ ထမင်းချိုင့်မယူလာဘဲ ဒါတွေစားနေ
ရလား။ ငါနော် အမြင်မတော်ဆင်တော်နဲ့ ခလောက်။ မုန့်ဈေးတန်းရှေ့ အုတ်ခုံဘေး သူတစ်ကောင်တည်း
ခေါက်ဆွဲခြောက်တွေကို တကျွတ်ကျွတ်ဝါးလိုက်။ ဘေးနားအသင့်ချထားတဲ့ ရေဗူးကို မော့သောက်လိုက်နဲ့...
"သူ့ကို သူ့အမေ ထမင်းချိုင့် မထည့်ပေးဘူးလား"
ကျွန်တော်မေးတော့ ကောင်းဆက်စံက နောက်ကလိုက်ပြီး သံယောင်လိုက်သည်။

"အေးနော်"
ထမင်းချိုင့်ဆို ဟင်းတွေအများကြီးနဲ့ အရသာရှိရှိ ပြင်ဆင်ထည့်ပေးတတ်တဲ့မားကိုပိုင်ဆိုင်ထားတဲ့ ကျွန်တော်နဲ့
ယှဉ်ကာကြည့်တော့ ခုလိုလမ်းဘေးအုတ်ခုံပေါ်ထိုင်ရင်း စားချင်ရာတွေ စားနေသော ဒီကောင့်ကို
နည်းနည်းတော့ သနားလာသလိုပဲ။
"မုန့်ဖိုးတွေရလည်း ဗိုက်ဖြည့်တာ စားတာမဟုတ်ဘူး။ ပြုတ်စားရတဲ့ ခေါက်ဆွဲကို ဒီအတိုင်းစားနေတာက..."
"ထမင်းချိုင့်ထည့်ပေးမယ့်လူမရှိလို့များလား"
နဂိုတည်းက ပိုင်သုတဆိုရင် စိတ်ဝင်စားနေတတ်တဲ့ ကောင်းဆက်စံသည် ကျွန်တော်နဲ့အတူလိုက် စဉ်းစား
နေတော့၏။ နှစ်ယောက်သားဆေးပင်တွေထက် ကျန်းမာရေးနဲ့မညီညွတ်တာတွေလုပ်နေသော
လောရှည်ကောင်ကို ချောင်းကြည့်နေကြစဉ်...(၈) တန်းမှ ဇိုးကောင်၃ယောက်သည် လောရှည်ကောင်ရှေ့
ပိတ်ရပ်တော့၏။ အရပ်ချင်းရော ခန္ဓာကိုယ်ချင်းပါသိပ်မကွာသောကြောင့် ဘာဖြစ်မလဲ ဆက်ကြည့်နေစဉ်
ဇိုးကောင်တွေသည် သူ့အိပ်ကပ်ကိုနှိုက်သည်။ ဒါကိုဘာမှမလုပ်ဘဲ ထုံပေပေနဲ့ ကြည့်နေသော ဒီကောင့်ကို
ကျွန်တော် အားမလိုအားမရဖြစ်လိုက်တာ။ မုန့်ဈေးတန်း တာဝန်ကျနေတဲ့ ဆယ်တန်းအစ်ကိုကြီးတွေကို
သွားပြောပေးရမလား။ ဒါသက်သက်အနိုင်ကျင့်နေတာ။ ကျွန်တော်တွေဝေနေဖို့အချိန်မရှိ။
ဟိုကောင်တွေသည် သူ့ရှပ်အင်္ကျ ီအိပ်ကပ်ထဲက ထွက်လာတဲ့ ငါးရာတန်နဲ့အကြွေတစ်ချို့ကိုခပ်တည်တည်နဲ့
ယူနေပြီ။ ဟာကွာ...ကိုယ့်မုန့်ဖိုးတွေကို အဲ့လို လွယ်လွယ်ပေးလိုက်ရလား။ ကျွန်တော်ရပ်ကြည့်မနေနိုင်တော့။
မုန့်ဈေးတန်းထောင့်နား ရပ်နေသော တာဝန်ကျ ဆယ်တန်းအစ်ကိုကြီးတွေဆီ ပြေးသွားပြီး...
"အစ်ကို ဟိုနားမှာလေ တစ်ယောက်အနိုင်ကျင့်ခံနေရလို့"
"ဘယ်မှာလဲ"
ဆယ်တန်းအစ်ကိုကြီးလက်ကိုဆွဲကာ လောရှည်ကောင်ထိုင်ခဲ့သော နေရာကို အပြေးခေါ်လာတော့...
"ဟင် ဘယ်ရောက်သွားတာလဲ"
"ညီလေး သူငယ်ချင်းကဘယ်မှာလဲ"
"အဲ...စောနကလေးတင်ဒီနားမှာ ခေါက်ဆွဲခြောက်ထိုင်စားနေတာ။ သူ့ပိုက်ဆံတွေကို ၈တန်းတွေလာလုနေလို့..."
"သူက ညီလေးနဲ့သိလား။ ညီလေးသူငယ်ချင်းလား။ သူ့အခန်းကိုသိရင် သူ့ကိုအခုသွားမေးမယ်လေ"
"သိ...အု"
ဝမ်းသာအားရ ထပြောသော ကောင်းဆက်စံခြေထောက်ကို ဆောင့်ကာ နင်းလိုက်တော့၏။
ဟင့်အင်း သူနဲ့ကျွန်တော်မသိချင်ဘူး။ သူ့လို အူကြောင်ကြောင်ထုံပေပေလူနဲ့သိတယ်လို့ ကျွန်တော်
မပြောချင်ဘူး။
"အဲ...သူ...သူငယ်ချင်း အချင်းချင်းစတာနေမှာ ကျွန်တော်သွားပြီနော်။ ကိုကြီး"
ကောင်းဆက်စံကို ဆွဲကာအတန်းထဲပြန်လာလိုက်တယ်။ တွေ့လိုက်ရပါပြီ ခေါင်းမှောက်ပြီးအိပ်နေသူကို။ပုံစံမပျက်။
အသေကောင်လိုမလှုပ်မယှက်။
"ဟို...ဟိုလေ မင်း...ထမင်းဆာရင်..."
ကောင်းဆက်စံ၏ စကားသံတိုးလျလျနဲ့အတူ မွှေးပျံ့သော ဟင်းအနံ့တွေကြောင့် ခေါင်းထောင်ကြည့်လာပြီးမှ
ခေါင်းခါပြပြီး ပြန်အိပ်သွား၏။ ဒီကောင်ဘာကောင်လဲ ။ ကျွေးတဲ့လူက ကျွေးတာတောင် သင်းက...

THANK YOU ALL


ZAWGYI

--------------------------------------------------------------------------------------------------------------------------------

အပိုင္း(၃)
CHAN'S POV:

မုန္႔စားေက်ာင္းတက္ေခါင္းေလာင္းထိုးသည္ႏွင့္ အိပ္ေနရာကေန ေငါက္ငနဲထထြက္သြားေသာ ေလာရွည္ေကာင္။
ဖယ္ေပး ဘာညာလည္း မေျပာဘူး။ ကြ်န္ေတာ္တို႔ႏွစ္ေယာက္ ကုလားထိုင္ေနာက္ဘက္ကေန မရမကကို
ထြက္သြားတာ။ ငါကြာ... ေနာက္ေန႔ ထြက္မရေအာင္ပိတ္ထိုင္ထားပစ္ဦးမယ္။အသီးသီးထမင္းခ်ိဳင့္ဖြင့္စားေနျပီဆို
လက္ဗလာနဲ႔ ေလာရွည္ေကာင္သည္ အတန္းထဲက ထထြက္သြားျမဲ။ ေက်ာင္းေျပာင္္းလာတာပဲတစ္လေက်ာ္ျပီ။
ဒီေကာင္ဘယ္သူနဲ႔မွ စကားမေျပာဘူး။
"ခ်န္း...သူကသနားေတာ့ သနားစရာပဲ။ ထမင္းခ်ိဳင့္လည္း မပါရွာဘူးထင္တယ္"
ထမင္းခပ္စားရင္း မ်က္ႏွာငယ္နဲ ႔ေျပာလာေသာ ေကာင္းဆက္စံကို တစ္ခ်က္ႀကည့္လိုက္ေတာ့...
"ငါေျပာခ်င္တာက..." ဟူ၍အူလည္လည္လုပ္ပစ္လိုက္တယ္။ သူသိတယ္။ ကြ်န္ေတာ္ဒီေကာင့္ကိုနည္းနည္းေလး
မွႀကည့္မရတာကို။ ဘာေကာင္မွန္းမသိ။ လပတ္စာေမးပြဲမွာလည္း ဘာသာစံုက်တယ္ေလ။
သိသိခ်င္း ကြ်န္ေတာ္ဝမ္းသာတာဆိုတာ။ (ေအ)ခန္းေနျပီးဘာသာစံုက်ရင္ ေနာက္ခန္းေရာက္ဖို႔ ေသခ်ာျပီေလ။
သို႔ေပမယ့္... ထင္သလိုမဟုတ္ခဲ့ဘူး။ အတန္းပိုင္ဆရာမ ကိုယ္တိုင္က သူ႔ပခံုးကိုေတာင္ ခပ္ဖြဖြပုတ္ေပးေနျပီး
တိုးတိုးတိတ္တိတ္နဲ႔ ဘာေတြေျပာေနမွန္းမသိ။ သေကာင့္သားကေတာ့ မ်က္ႏွာေသနဲ႔ ဆရာမေရွ႕သူ႔ခါးရွည္ႀကီး
ကိုင္းျပီး ေပေတရပ္ေနတယ္။
"ငါေလ အဲ့ေလာရွည္ေကာင္ကို ဘယ္လိုမွ ႀကည့္မရတာ။ အတန္းထဲလည္း ဘိတ္ခ်ီး။ ေနာက္ဆံုးခန္းကေကာင္
ေတြေတာင္ သူ႔လို ဘာသာစံုမက်ဘူး။"
"သူက ေက်ာင္းႏွစ္ဝက္ေလာက္မွာမွ ေရာက္လာတာကိုး ခ်န္္းရ။ နယ္ကလာတာဆိုေတာ့ ငါတို႔ေက်ာင္း
အထာလည္း မနပ္ေသးလို႔ေနမွာပါ"
"မင္းက အဲ့ေကာင္ကို သနားေနတာလား။ ဒါဆိုလာေလ ငါနဲ႔ေနရာလဲမယ္။ မင္းအလယ္လာထိုင္"
"အဲ့...အဲ့လိုမဟုတ္ပါဘူး"
ေကာင္းဆက္စံဆိုတာက မာသာ ထရီဇာဝင္စားလာေလသလားပဲ။ လူတိုင္းကို သနားေနေတာ့တာပါပဲ။
ကြ်န္ေတာ္က မသနားတတ္တာေတာ့ မဟုတ္ပါဘူး။ ငွက္ကေလးေႀကာင္ကေလး အေကာင္ပေလာင္
ေသးေသးေလးေတြကအစ ကြ်န္ေတာ္ခ်စ္တတ္တယ္။ သနားတတ္တယ္။
ဒီေလာရွည္ေကာင္ကိုက သနားစရာတစ္ကြက္မွ မရွိတာ။ ဒါေပမဲ့...ဘုရားက မမုန္းေစခ်င္ဘူးနဲ႔ တူရဲ႕။
သူ႔ကို ေကာင္းဆက္စံလိုမခင္ခ်င္ေပမဲ့ သူ႔အေပၚအျမင္ေတြ ေျပာင္းေစခဲ့တယ္။ အဲ့ေန႔က ခါတိုင္းလို
ထမင္းစားဆင္း ဘဲလ္ျမည္သည္ႏွင့္ ထထြက္သြားေသာ သူ႔ေက်ာျပင္ကို ေကာင္းဆက္စံတစ္ေယာက္လိုက္ေငးရင္း
"ခ်န္း...ငါတို႔ ပရေဆးပင္ေတြ သြားမွတ္ထားရေအာင္"
မနက္ျဖန္ ေက်ာင္းစစ္ေဆးေရးလာမွာ ကြ်န္ေတာ္တို႔၂ေယာက္က ပရေဆးပင္ေတြအေႀကာင္းလိုက္ရွင္းျပေပး
ဖို႔ ဆရာမ တာဝန္ေပးထားတာ။ ေကာင္းဆက္စံေျပာမွ သတိရသြားသည္။
"ေအးေအး။ ခုသြားႀကည့္ရေအာင္။"
"ထမင္္း...ထမင္းမစားေတာ့ဘူးလားခ်န္းရ"
"ထမင္းက အေရးႀကီးလား။ သမိုင္းဆရာမအခ်ိန္ ငါတို႔စာဆိုရအံုးမွာ။ ခုအားေနတုန္း သြားႀကည့္ထားမွ"
ကြ်န္ေတာ္က အဲ့လိုပဲ...ခုဆို ခုမွႀကိဳက္တာ။ ဒီလိုေတြေႀကာင့္ထင္တယ္။ ကြ်န္ေတာ့္ကိုဆို
ဘယ္သူ႔မွသိပ္မေပါင္းႀက။
မူႀကိဳတည္းကေပါင္းလာတဲ့ ေကာင္းဆက္စံတစ္ေယာက္သာ ခုထိစြဲျမဲေနတာ။ သူနဲ႔ကလည္း စရိုက္ခ်င္း
သိပ္မတူေပမဲ့ ေနပံုထိုင္ပံုကေတာ့ မထူးျခားနား။ အတန္းထဲက ေမ်ာက္ေလာင္းေတြက ကြ်န္ေတာ္တို႔
ႏွစ္ေယာက္ကို အေျခာက္ကေလးေတြဆိုျပီး ကြယ္ရာမွာ ေျပာေနတာကို ျပန္ႀကားတယ္ ။ ေနပါေစ။
ကိုယ္တိုင္ ႀကားတဲ့ေန႔ အဲ့ေကာင္ေတြ ေသမယ့္ေန႔ပဲ။ သူမ်ားသားသမီးအေျခာက္ဆိုျပီး ေျပာေနတဲ့
သူတို႔ကိုယ္တိုင္က ကြယ္ရာမွာ မိန္းမလိုမိန္းမရနဲ႔ သူမ်ားအေႀကာင္းအတင္းေျပာေနတာ။ ဟက္ခနဲေတာင္ ကြ်န္
ေတာ္မရယ္ခ်င္ဘူး။

ပရေဆးပင္တန္းနဲ႔ ေက်ာင္းမုန္႔ေစ်းတန္းက သိပ္မကြာဘူး။ ဒါေပမဲ့ ေဆးပင္တန္းနားက လူရွင္းတယ္။
ကြ်န္ေတာ္ ဒီ တာေမြထ(၅)ေက်ာင္းကိုေရာက္တာ အခု(၆)တန္းႏွစ္ဆို ၂ႏွစ္ရွိေနေပမဲ့
ေက်ာင္းမုန္႔ေစ်းတန္းသြားတဲ့ အၾကိမ္ေရကို လက္ခ်ိဳးေရလို႔ရတယ္။ အဲ့လို တိုးေဝွ႔ေနရတာကို မၾကိဳက္တာ။
ျပီးေတာ့အဲ့ကမုန္႔ေတြလည္းကြ်န္ေတာ္မႀကိဳက္ဘူး။
ေဆးပင္နာမည္ေတြနဲ႔ အရြက္ပံုစံေတြကို လိုက္မွတ္ေနရင္း မ်က္လံုးထဲဝင္လာတာ တိုက္တိုက္ဆိုင္ဆိုင္
ဆိုသလို ဟိုေလာရွည္ေကာင္။ ကြ်န္ေတာ္ျမင္သလို ေကာင္းဆက္စံလည္း ျမင္လိုက္တယ္။
"ဟာ...ခ်န္း ဟိုမွာ ပိုင္သုတ"
ပိုင္သုတ ျမင္တာ သူ႔ရည္းစားျမင္သလိုပဲ။ ဒီေကာင္ေယာက်ာ္းေလးျဖစ္ေနလို႕။ မိန္းကေလးသာဆို
အဲ့ေလာရွည္ေကာင္နဲ႔ေအာင္သြယ္ေပးတယ္။ ဟုိကျဖင့္သူ႔ကို ဖုတ္ေလတဲ့ငါးပိရွိတယ္လို႔ကိုမထင္တာ။
အယ္ ကြ်န္ေတာ္ဘယ္ဆိုးလို႕လဲ စကားပံုေတြကို ေနရာတက်သံုးတတ္လာျပီပဲ။ ခုႏွစ္ပိုင္း ျမန္မာစာ
တိုးတက္လာတယ္။ ကိုယ့္ကိုယ္ကိုယ္ ေက်နပ္ေနတုန္း အာရံုထဲမေခၚဘဲဝင္လာတာ ဟိုေက်းဇူးရွင္။ ဘာလဲ။
မားမားေခါက္ဆြဲေျခာက္ထုပ္နဲ႔။ ဒီေကာင္ ထမင္းမစားပဲဒါေတြ စားေနတာလား ။ ေန႔တိုင္းလား။
ကြ်န္ေတာ္စဥ္းစားေနတုန္းမွာပဲ သူ႔လက္ႏွစ္ဖက္ထဲ ေခါက္ဆြဲေျခာက္ထုပ္ ညက္ေႀကသြားတယ္။ ျပီးမွအမႈန္႕ေတြ
ျဖဴးေန၏။ ကြ်န္ေတာ္ႀကည့္ရင္း သြားေတြကိိ်န္းလာတာ။ ဒီေကာင္ကြာ။ ထမင္းခ်ိဳင့္မယူလာဘဲ ဒါေတြစားေန
ရလား။ ငါေနာ္ အျမင္မေတာ္ဆင္ေတာ္နဲ႕ ခေလာက္။ မုန္႔ေစ်းတန္းေရွ႕ အုတ္ခံုေဘး သူတစ္ေကာင္တည္း
ေခါက္ဆြဲေျခာက္ေတြကို တကြ်တ္ကြ်တ္ဝါးလိုက္။ ေဘးနားအသင့္ခ်ထားတဲ့ ေရဗူးကို ေမာ့ေသာက္လိုက္နဲ႔...
"သူ႔ကို သူ႔အေမ ထမင္းခ်ိဳင့္ မထည့္ေပးဘူးလား"
ကြ်န္ေတာ္ေမးေတာ့ ေကာင္းဆက္စံက ေနာက္ကလိုက္ျပီး သံေယာင္လိုက္သည္။

"ေအးေနာ္"
ထမင္းခ်ိဳင့္ဆို ဟင္းေတြအမ်ားႀကီးနဲ႔ အရသာရွိရွိ ျပင္ဆင္ထည့္ေပးတတ္တဲ့မားကိုပိုင္ဆိုင္ထားတဲ့ ကြ်န္ေတာ္နဲ႔
ယွဥ္ကာႀကည့္ေတာ့ ခုလိုလမ္းေဘးအုတ္ခံုေပၚထိုင္ရင္း စားခ်င္ရာေတြ စားေနေသာ ဒီေကာင့္ကို
နည္းနည္းေတာ့ သနားလာသလိုပဲ။
"မုန္႕ဖိုးေတြရလည္း ဗိုက္ျဖည့္တာ စားတာမဟုတ္ဘူး။ ျပဳတ္စားရတဲ့ ေခါက္ဆြဲကို ဒီအတိုင္းစားေနတာက..."
"ထမင္းခ်ိဳင့္ထည့္ေပးမယ့္လူမရွိလို႔မ်ားလား"
နဂိုတည္းက ပိုင္သုတဆိုရင္ စိတ္ဝင္စားေနတတ္တဲ့ ေကာင္းဆက္စံသည္ ကြ်န္ေတာ္နဲ႔အတူလိုက္ စဥ္းစား
ေနေတာ့၏။ ႏွစ္ေယာက္သားေဆးပင္ေတြထက္ က်န္းမာေရးနဲ႔မညီညြတ္တာေတြလုပ္ေနေသာ
ေလာရွည္ေကာင္ကို ေခ်ာင္းႀကည့္ေနႀကစဥ္...(၈) တန္းမွ ဇိုးေကာင္၃ေယာက္သည္ ေလာရွည္ေကာင္ေရွ႕
ပိတ္ရပ္ေတာ့၏။ အရပ္ခ်င္းေရာ ခႏၶာကိုယ္ခ်င္းပါသိပ္မကြာေသာေႀကာင့္ ဘာျဖစ္မလဲ ဆက္ႀကည့္ေနစဥ္
ဇိုးေကာင္ေတြသည္ သူ႔အိပ္ကပ္ကိုႏႈိုက္သည္။ ဒါကိုဘာမွမလုပ္ဘဲ ထံုေပေပနဲ႔ ႀကည့္ေနေသာ ဒီေကာင့္ကို
ကြ်န္ေတာ္ အားမလိုအားမရျဖစ္လိုက္တာ။ မုန္႔ေစ်းတန္း တာဝန္က်ေနတဲ့ ဆယ္တန္းအစ္ကိုႀကီးေတြကို
သြားေျပာေပးရမလား။ ဒါသက္သက္အႏိုင္က်င့္ေနတာ။ ကြ်န္ေတာ္ေတြေဝေနဖို႔အခ်ိန္မရွိ။
ဟိုေကာင္ေတြသည္ သူ႔ရွပ္အက်ၤ ီအိပ္ကပ္ထဲက ထြက္လာတဲ့ ငါးရာတန္နဲ႔အေႀကြတစ္ခ်ိဳ႕ကိုခပ္တည္တည္နဲ႕
ယူေနျပီ။ ဟာကြာ...ကိုယ့္မုန္႕ဖိုးေတြကို အဲ့လို လြယ္လြယ္ေပးလိုက္ရလား။ ကြ်န္ေတာ္ရပ္ၾကည့္မေနနိုင္ေတာ့။
မုန္႔ေစ်းတန္းေထာင့္နား ရပ္ေနေသာ တာဝန္က် ဆယ္တန္းအစ္ကိုႀကီးေတြဆီ ေျပးသြားျပီး...
"အစ္ကို ဟိုနားမွာေလ တစ္ေယာက္အႏိုင္က်င့္ခံေနရလို႔"
"ဘယ္မွာလဲ"
ဆယ္တန္းအစ္ကိုႀကီးလက္ကိုဆြဲကာ ေလာရွည္ေကာင္ထိုင္ခဲ့ေသာ ေနရာကို အေျပးေခၚလာေတာ့...
"ဟင္ ဘယ္ေရာက္သြားတာလဲ"
"ညီေလး သူငယ္ခ်င္းကဘယ္မွာလဲ"
"အဲ...ေစာနကေလးတင္ဒီနားမွာ ေခါက္ဆြဲြဲေျခာက္ထိုင္စားေနတာ။ သူ႔ပိုက္ဆံေတြကို ၈တန္းေတြလာလုေနလို႔..."
"သူက ညီေလးနဲ႔သိလား။ ညီေလးသူငယ္ခ်င္းလား။ သူ႔အခန္းကိုသိရင္ သူ႔ကိုအခုသြားေမးမယ္ေလ"
"သိ...အု"
ဝမ္းသာအားရ ထေျပာေသာ ေကာင္းဆက္စံေျခေထာက္ကို ေဆာင့္ကာ နင္းလိုက္ေတာ့၏။
ဟင့္အင္း သူနဲ႔ကြ်န္ေတာ္မသိခ်င္ဘူး။ သူ႕လို အူေႀကာင္ေႀကာင္ထံုေပေပလူနဲ႕သိတယ္လို႔ ကြ်န္ေတာ္
မေျပာခ်င္ဘူး။
"အဲ...သူ...သူငယ္ခ်င္း အခ်င္းခ်င္းစတာေနမွာ ကြ်န္ေတာ္သြားျပီေနာ္။ ကိုႀကီး"
ေကာင္းဆက္စံကို ဆြဲကာအတန္းထဲျပန္လာလိုက္တယ္။ ေတြ႔လိုက္ရပါျပီ ေခါင္းေမွာက္ျပီးအိပ္ေနသူကို။ပံုစံမပ်က္။
အေသေကာင္လိုမလႈပ္မယွက္။
"ဟို...ဟိုေလ မင္း...ထမင္းဆာရင္..."
ေကာင္းဆက္စံ၏ စကားသံတိုးလ်လ်နဲ႔အတူ ေမႊးပ်ံ႕ေသာ ဟင္းအနံ႔ေတြေႀကာင့္ ေခါင္းေထာင္ႀကည့္လာျပီးမွ
ေခါင္းခါျပျပီး ျပန္အိပ္သြား၏။ ဒီေကာင္ဘာေကာင္လဲ ။ ေကြ်းတဲ့လူက ေကြ်းတာေတာင္ သင္းက...

Continue Reading

You'll Also Like

205K 20.5K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
293K 16.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
306K 33.2K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
1.2M 63.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...