ညီ
By HsuChiKo365
4.5M 306K 7.5K
Boy×Boy(Own Characters) Romance,Drama and other age limited feelings. More
About Story
Epi(1)
Epi2
Epi3
Epi4
Epi5
Epi6
Epi7
Epi8
Epi9
Epi10
Epi11
Epi12
Epi13
Epi13-2
Epi14
Epi15
Epi16
Epi17
Epi18
Epi19
EPI(20) Age warning
Epi21
Epi(22)
Epi(23)
Epi 24
Epi 25
project
Poem
Pain
Epi26
Epi(27)
Epi28
Epi28-1
Epi29
Ending Part-1
Ending
EXTRA[1]
EXTRA[3]
EXTRA-4
EXTRA-5
ကျေးဇူးတင်လွှာ
New Year Special
Nothing's gonna change
#DafBama2017_EXO
Ending (Unicode)
Extra(Unicode)
EXTRA[2]
85.8K 4.4K 94
By HsuChiKo365
ကိုဇက်~~အင်း အဲ့ နာမည်ကိုစိတ်ထဲကရွတ်မိ
တာပဲဖြစ်ဖြစ် နှုတ်ကထွက်ဆို လိုက်​တာပဲဖြစ်ဖြစ်
ကျတော့် နှလုံးခုန်နှုန်းတွေမြန်ဆန်ထကြွလာတတ်
မြဲ။ကျတော့်ကိုယ်ထဲသူထည့်ပေးထားတာ အသည်းလား??နှလုံးလား??လို့တောင်ယောင်
မှားသံသယဝင်မိသည်။ကျတော့်ကိုယ်ထဲမှာအဆိပ်အတောက်အားလုံးကို
စစ်ယူပေးထားသော သူ့အသည်းတစ်ခြမ်းသည်
ကျတော့်အသက်နှင့်ခန္ဓာအား တွဲဆက်ပေးထား
ရုံသာမက ကျတော်သွေးသားများအားလည်းသန့်
စင်ပေးထား၏။
နောက်မှ သိရတာဆေးရုံတက်စဉ်ကာလ
တစ်လျှောက် လိုအပ်သည့်သွေးတို့အား သူ့ကိုယ်
ထဲမှ ဖောက်ထုတ်ပေးခဲ့သည်တဲ့။် ကျတော့်အား အသွေးအသားများစွာပေး၍ချစ်ထားသူထံ ကျတော့်ဘဝအပ်နှံချင်သည့်ဆန္ဒအား မနည်းစိတ်ထိန်းထားရသည်။
ကျတော့်ကိုယ်ထဲသူ့သွေးသား သူ့အစိတ်အပိုင်း
တွေရှိနေသည်ဆိုသည့်အသိ။ခန္ဓာကိုယ်​အပေါ်ပိုင်းတွင်ရှိနေသောချုပ်ကြောင်းရာအားမှန်
ပေါ်တွင်မြင်နေရသော အခါတိုင်း
မျက်ရည်ဝဲရသည်အထိကြည်နူးပီတိဖြစ်ရသည်။
ထိုသို့သော ကျတော့်အားချစ်ခဲ့သူသည် ခုတော့
ဖြင့်ကျတော့်လာတွေ့ချိန်တိုင်းခမျာမှာကျတော့်အားမထိရက်မကိုင်ရက်နှင့်။မိဘတွေရှေ့အစ်ကိုရှေ့ မို့
ို့များစွာအနေအထိုင်ဆင်ခြင်ကြရသည်။
ပုံမှန်ပြောဆိုအတူတူထိုင်နေရင်တောင် မေမေနဲ့
ကိုဝဏ္ဏက ကိုဇက်ကို စောင့်ကြည့်အကဲခတ်နေ
တာ။ကျတော့်ကိုခိုးခိုးကြည့်ချိန်တိုင်း
ကျတော်ရယ်လည်းရယ်ချင်သလို သနားလည်း
သနားသည်။
ပရိယာယ်တွေမဆင်တတ်သည့် ကျတော့်ချစ်သူ
သည် လှေထိုးကြီးရိုးရိုးသာ ချစ်တတ်သူ။
ခါတလေ ကလေးနဲ့တောင်တူနေတတ်သေး၏
ကလေးလို ရိုးသားသော သူ့အားဂုဏ်ပြုသော
အားဖြင့် ကျတော့်Contact list၏FAV Star
ရထားသော သူ့ကို Ari(ကလေး)ဟူ၍မှတ်ထား
ခြင်းကို ဘာသာစကားမလိုက်စားတတ်သောသူ
သည် ""ဒါဘာလဲ။ဒါဘာလဲ??""နှင့်လိုက်မေး
နေပေမယ့် မသိချင်ယောင်ဆောင်နေဒဏ်မခံ
နိုင်တော့သည့်အဆုံးသူလိုရာဆွဲတွေးပါတော့၏
""ချစ်ဆုံးကြီးလား??အဲ့လိုမှတ်ထားတာလား??
ဟင် ညီ ဟုတ်တယ်မလား??""
ခွီးးးးးကျတော်ထရယ်တော့ ရှက်သွားသေး၏။
ပြောပါတယ် ကျတော့်ချစ်သူက ကလေးကြီးပါပဲ
ကလေးကြီးသည် တစိမ်းတွေရှေ့တွင်တော့
စွန်းတည်ငြိမ်သူ။Intel Collageတွင်အချိန်
ပိုင်းကျူတာဆရာသူသည် ကထိကရာထူးရရန်
စာကျက်စရာတွေရှိနေသူ့သည် ပိတ်ရက်တွေ
စာမကြည့်ပဲ ကျတော့်အားလာတွေ့နေခြင်းအပေါ်
ကြာတော့ကျတော်အားနာလာသည်။
နောက်ပြီး အမှန်တိုင်းပြော ကျတော်လည်းကိုဇက်
နဲ့ကြာကြာခွဲမနေချင်တော့ တစ်နှစ်နဲ့နှစ်လဆို
သည့် အချိန်ကလုံလောက်နေပြီလေ။ခုဆိုစိတ်ပဲ
ဆောင်နေလို့လားမသိ ကျတော့်ကျန်းမာရေး
လည်းကောင်းနေပြီပဲ။မေမေတို့က ဘာကိုတွေး
ပြီးဘာတွေပူနေမှန်းကိုမသိတာ။
အစက ဆရာဖြစ်ရုံသာမကCompanyတွင်
ရာထူးကြီးကြီးရထားသောသူ့သိက္ခာကိုငဲ့နေရ
သေး၍မိဘတွေသဘောကျ နေပါသေး၏။
ဘာပဲဖြစ်ဖြစ် ကျတော်ကိုဇက်နဲ့ဒီပုံစံအတိုင်း
ဆက်သွားနေ၍မဖြစ်တော့၍ ဥာဏ်နီဥာဏ်နက်
ပါ မက ရှိသမျှအရောင်စပ်ကာ ကြံရတော့၏
များများစားစားတော့လုပ်စရာမရှိ။ကျေးဇူးရှင်
နှစ်ဖက်မိဘတို့အားဘေးကျပ်နံကျပ်ဲ့ဖြစ်သွား
အောင်ပဲ လုပ်ပေးလိုက်တာ။မတတ်နိုင်တော့ဘူး
ကျတော်သူ့နားနေချင်နေပြီ။
ပထမဆုံး ကျတော့် မန်းလေးကIDOL coffee
ဆိုင်ခွဲကို မဦးစီးချင်ဘူးဟူ၍ ဘူးခံငြင်းနေသော
ဆုမြတ်ကိုကိုထံသို့ မန်းလေးဆိုင်ကိုတာဝန်ယူ
ပါက Real MMတွေFileလိုက်ပေးပြီဟူ၍
ပြောခြင်းဖြင့် နှစ်ချက်ကွက်ရိုက်ကြည့်လိုက်တော့
နှစ်ခါပင်မပြောလိုက်ရ ဘယ်နေ့လာရမလဲဆိုတာ
ဖြစ်သွား၏။
လွန်ခဲ့တဲ့တစ်နှစ်ကျတော့်တို့ခွဲစိတ်မှုပြီး ကျတော်
တို့နှစ်ယောက်အကြောင်းလူတော်တော်များများ
စိတ်ဝင်စားလာချိန် နှစ်ဖက်မိဘတွေ၏ အရှိန်အဝါ
နှင့်အသိုင်းအဝိုင်းကိုငဲ့ကာ ကျတော်တို့သတင်း
အမှောင်ချထားလိုက်ရ၍သူတို့ထောင်ပေးထား
သောPageလေးလည်းပိတ်လိုက်ရတယ်လေ
ကျတော်ရော ကိုဇက်ပါSNSတွေမသုံးသလို
celeတွေလည်းမဟုတ်တော့ သတင်းကခဏ
တွင်းငြိမ်ကျသွားသည်။တစ်ချို့ဆို ကျတော်တို့
နှစ်ယောက်က Realမဟုတ်ဘူးလို့တောင်
ထင်နေကြပြီဖြစ်သည်။
ခုတော့ HCတွေPowerခဏယူသုံးမှဖြစ်တော့
မယ်။နောက်ပြီး ထိုင်းမှာနေစဉ်ကျတော့်ကိုလာ
အားပေးတတ်တဲ့ လက်ထပ်ပြီးသားစုံတွဲအစ်ကိုနှစ်ယောက်ကိုလည်း
နည်းနည်းပါးပါးအကူအညီလှမ်းတောင်း--
Okပြီဆိုတာနဲ့ကွတ်ကီးအကြောင်းပြကာYGN
ကိုပြန်ဆင်း
မမချိုနဲ့ ဆုမြတ်ကိုကိုလက်ထဲ ကျတော်တို့ပုံတွေ
ရောက်ပြီဆိုတာနဲ့ မပြန့်မှာတော့ပူစရာမလိုတော့
၍ ကိုဇက်နားနေရင်းဘုမသိဘမသိနဲ့
""သားဘာမှမသိလိုက်ဘူး"" ဆိုသည့်စတိုင်ဖမ်းနေလိုက်ရုံပဲ
ကျတော်ဟာ ဘယ်လိုတောင် တော်တာလား??
သြော် ချစ်တော့လည်း ဒီလောက်တော့တော်ရ
တာပေါ့လေ။
ကျတော်လို ချစ်သူမျိုးကိုပိုင်ဆိုင်ရတာ ဟိုလူ
တကယ်စိတ်ကြီးဝင်သင့်တယ်။
ကျတော့် planသာသိကြည့်ကိုဇက်--ရူးတောင်
သွားအုံးမယ်😎😎
Thank You All
>>Wuri gegeဘဝင်ကတော့နော်မသေးတဲ့
အထဲမှာပါတယ် ခ်ခ်
Continue Reading
You'll Also Like
29.9K 1.1K 6
ကိုယ့်​ရဲ့ခံစားချက်​​တွေ ကို ခံစားရတဲ့အတိုင်း ထုတ်​​ဖော်​ပြသင့်​တယ်​ ​နောင်​တဆိုတာ ​နောင်​မှ ရတတ်​တာ အချိန်​လွန်​မှ ခံစားချက်​​တွေ ဖွင့်​ဟပြ​နေလည်​...
25.6K 2.1K 6
170912 မှာထွက်​တဲ့ Kadi ရဲ့ ပြွတ်​စ်​ ပြွတ်​စ်​ moment အား feel ​ခြင်း 😝 mini fic ​လေး ပါ ~~ plot မရှိပါဘူးဆိုတာကို plot ​ပေးပြီး အတင်း​ရေးခိုင...
155K 8K 51
LGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။
1.2M 63.1K 50