Ending (Unicode)

65.3K 3.2K 102
                                    

ဇာတ်သိမ်းပိုင်း
လက်သေးသေးထဲမှာ ပိုက်တန်းပေါင်းများစွာ ရှုပ်ယှက်ခတ်နေလျက်ထိုးသွင်းနေသော ဆေးရည်တွေရဲ့
စွမ်းပကားနဲ့မျော့မျော့လေးပဲ ကျန်တော့သော ကိုယ်ခန္ဓာ။
ဖြူလျောလျောနဲ့နွမ်းလျနေသော ညီသည်မျက်ခွံများကိုပင် ဖွင့်ရန်ခဲယဉ်းနေဟန် ။ ဆရာဝန်ကြီးက ညီ၏
သတိအား စမ်းသပ်လို၍ "ခု ဘယ်လိုနေလဲ" ဟု မေးချိန်တိုင်း လက်ချောင်းကလေးတွေ လှုပ်ပြဖို့ညီမမေ့။
ညီ့နား လူတွေဝိုင်းနေရသည်။ ဒါပေမဲ့ ကျွန်တော်မပါ။ အခန်းအပြင်မှာ တိတ်တိတ်ရပ်ကာ ဖန်လွှာ
အကြည်အကူအညီနဲ့ ညီကို တွေတွေရပ်ငေးနေမိချိန် ဝမ်းနည်းမှုတွေလှိုက်တက်လာ၍လျှံကျလာ
သော အရည်ပူတွေကို ခဏခဏ သုတ်ဖယ်နေရခြင်းအပေါ် စိတ်မရှည်တော့၍ ဒီအတိုင်းသာ
လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပြုလိုက်တော့သည်။
"Z"
အသံသေးသေးလေးနဲ့ ကျွန်တော့်လက်ကိုလာရောက်ဆုပ်ကိုင်ပေးသော ကလေးမလေး။ ၁၁နှစ်ရှိနေပြီ
ဖြစ်သော်လည်း အရွယ်နှင့်မမျှသော ရောဂါတစ်ခုကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသောထိုကလေးမလေး၏
အနာဂတ်သတို့သားလောင်းပုံစံက ညီတဲ့လေ။ ဒူးထောက်ထိုင်ချလိုက်သော ကျွန်တော့်ကို
လက်သေးသေးလေးတွေနဲ့ မျက်ရည်တွေသုတ်ပေး၏။
အဖေ အမေရိကန်သားမို့ မျက်ဝန်းပြာလဲ့လဲ့လေးတွေရှိသော ထိုကလေးမလေးသည် သူ့ဖခင်၏ဘာသာစကား
ကိုသာ ပြောတတ်၏။
"အဆင်ပြေသွားမှာပါ။ ကောင်းက သတ္တိရှိတဲ့လူပါ"
"နာတယ်မလား။ အဲ့လိုTreatment ကနာတယ်မလား"
ခေါင်းညိတ်ပြခြင်းသည်ပင်လျှင် ကျွန်တော့်နှလုံးသားကို ဆွဲဖြုတ်လိုက်ခြင်းနှင့် အလားသဏ္ဌာန်ဆင်တူသည်။
"ဒါပေမဲ့ ကောင်း ကပြောဖူးတယ်။ Z မျက်ရည်တွေက ပိုနာကျင်စေတယ်တဲ့"
"ဟာ..."
"ဘုရားသခင်က ကောင်း ကို ဒီထက်ပိုပြီးမချစ်ပါစေနဲ့လို့ နေ့တိုင်း ဆုတောင်းဖြစ်တယ်။
ကောင်းအမှန်တကယ် အိပ်စက်ချင်တာ Zရင်ခွင်မှာပါတဲ့။ ဘုရားသခင် ရင်ခွင်ထဲမှာ အိပ်စက်ဖို့အချိန်
မတန်သေးပါဘူး"
ခရစ်ယာန်ဘာသာဝင်လေးသည်ပင် ညီ့အား အဖဘုရားသခင်နိုင်ငံတော်ထဲ မခိုဝင်စေချင်သေးရင်
ကျွန်တော်က သာ၍ပင် ပိုနှမြောသေး၏။ ဆေးသွင်းပြီးတာမှ မကြာသေး။
ဟိုအပတ်ကအတိုင်း သွေးပေါင်ချိန်တွေထိုးကျကုန်၍ ဆရာဝန်တွေပြာကုန်ကြသည်။
"ညီ!"
အခန်းတွင်း ပြေးဝင်သော်လည်း ညီ့နားကပ်ခွင့်မရ။ ညာလက်က ဆေးသွင်းပိုက်တွေပင် မဖြုတ်ရသေး။
ညီ့ ဘယ်ဘက်လက်ထဲသို့ အပ်ထိုးသွင်းနေပြီ။ လက်နှစ်ဖက်လုံး အပ်ပေါက်ရာတွေအန့ှံနဲ့ လက်မဖိုးနုနုတို့
သွေးစို့နေခဲ့၏။ ကျွန်တော့်ကို အားကိုးတကြီးလာဖက်သော မေမေပြုံးကို ပြန်လည်ထွေးပွေ့ထားရင်းနှင့်သာ
"လူနာရှင်တွေအပြင်ထွက်ပေးပါ"
Nurse တစ်ယောက်က ခေါ်ထုတ်စဉ် ညီ့နားက လူတစ်သိုက်သည်လည်း Vital ပြဇယားတွေကိုတစ်လှည့်
ညီ့ကို တစ်လှည့်ကြည့်နေလျက် ရှုပ်ယှက်ခတ်နေကြ၏။
"သားက ကုထုံးဒဏ်ကိုမခံနိုင်တော့ဘူးထင်တယ်။ မေမေဘယ်လို လုပ်ရမလဲသားငယ်ရယ်။ မေမေ့သားကို
မေမေမကြည့်ရက်တော့ဘူး"
"မေပြုံးစိတ်ချပါ။ ညီက ထင်ထားတာထက် ခံနိုင်ရည်ရှိပါတယ်။ ညီ့ကိုဘယ်တော့မှ လက်မလွှတ်ရပါဘူး"
ဆေးရုံခန်းတွင်း တစ်စိမ်းတစ်ရံတွေလက်ထဲ ခန္ဓာကိုယ်ကို ပုံအပ်ထားရင်း ပိုက်တန်းပေါင်းများစွာကြား
သေမင်းကိုရှောင်ပုန်းနေရရှာသော ကျွန်တော်ချစ်ရသူ။ သေမင်းတကယ်ရှိမရှိတော့ ကျွန်တော်မသိဘူး။
ဒါပေမဲ့ ဘယ်သူ့မှ ဆွဲခေါ်လို့မရအောင် တို့တွေ ဝိညာဉ်တွဲဆက်ထားကြမယ်ညီ။

ညီWhere stories live. Discover now