""ဟင် မောင်တစ်ယောက်တည်းလား?""
ပြန်လှည့်ကြည့်ကာပြုံးလိုက်ပုံက တကယ်ကို
ဝမ်းသာသွားပုံလေး""မ,လာလေ။မောင်မျှော်နေတာ""
မျက်နှာချင်းဆိုင်ထိုင်ရင်းသေချာကြည့်မိသည်။
မောင်ပိန်သွားတယ်။""Zကော?""
""မဟာ ဆီသွားတယ်။နေ့လည်စာစားပြီးမှပြန်
လာခဲ့မယ်တဲ့""""မောင် တစ်ယောက်တည်းနေ့လည်စာစားနေ
ရတာဘယ်လောက်ကြာပြီလဲ??မ,တကယ်မသိ
ခဲ့ဘူးမောင်ရယ်။ဆိုင်ဖွင့်ပွဲပြီးတည်းကမ,လည်း
အလုပ်တွေရပ်လို့ကိုမရတာ""""ရပါတယ်။မောင် အဆင်ပြေတယ်။ကိုဦးတို့လည်းရှိတာပဲ""
ရှိတာပဲလို့ပြောပေမယ့် ခုထမင်းစားခန်းကျယ်ထဲ
မှာကမောင်တစ်ယောက်တည်းလေ။""Zနဲ့ မဟာက ဘယ်လိုလဲ?တွဲနေကြပြီလား?""
""မတွဲသေးဘူး။ဒီလိုပဲစောင့်ကြည့်ကာလပေါ့။
ကိုဇက်တို့ကျောင်းနဲ့မဟာတို့companyကနီး
တယ်လေ။ဒါနဲ့ ကိုဇက်က ညနေစာတွေဘာတွေ
လိုက်ဝယ်ကျွေးတယ်။မဟာကလည်းအကဲခတ်
နေချိန်ပေါ့""ပြုံးပြုံးလေးနှင့်ခပ်အေးအေးပြောရင်း စားလက်စ
ထမင်းပေါင်းတွေကိုအကြောင်းမဲ့ထိုးဆွနေသော
ကောင်းကောင်းကိုကြည့်ရင်းရင်ထဲဆို့နင့်လာရ၏"မောင်ရယ်~~နောက်တစ်ယောက်တည်းဖြစ်နေ
ရင် မ,ကိုဖုန်းဆက်လေနော်။မ,က Zရှိတယ်ပဲ
ထင်နေတာ""""ရပါတယ်မ,ရယ်။တကူးတကအဝေးကြီးကနေ
လာပေးရမှာ""""မောင် ညအိမ်ပြန်ရင်ရော?""
""ကိုဇက်နဲ့ပဲပြန်တာပေါ့။စိတ်မပူပါနဲ့။ကဲ မ,ဘာ
စားမလဲ။မောင်မှာပေးမယ်""""နေပါစေ။ခုမောင်စားနေတာပဲစားမယ်""
""ဟာ---အဲ့လိုမလုပ်ပါနဲ့။မောင်စားပြီးသားကြီး
ကို""""ဘာဖြစ်လဲ?တခြားလူစားထားတာမှမဟုတ်
တာ။အတူတူစားမယ်လေ""တစ်ဝက်ကျိုးနေပြီဖြစ်သောထမင်းပေါင်းကို
ပြောရင်းဆိုရင်းနှင့်ပင်တစ်ဇွန်းခပ်၏
![](https://img.wattpad.com/cover/86940193-288-k611792.jpg)