""မဟာ""
လမ်းမကြီးပေါ်သို့ဘယ်ညာမကြည့်ပဲချိုးကွေ့လိုက်
သော သူမ ကားမောင်းပုံအရ တမလွန်ကိုတောင်
ငြိမ့်ငြိမ့်ညောင်းညောင်းနှင့်ရောက်နိုင်မယ်မဟုတ်""မဟာ ကားကိုအရှိန်လျှော့လိုက်။ဘာဖြစ်နေလဲ
ဆိုတာပြော။မဟာ!!""မျက်ရည်တွေအိုင်ထွန်းသောသူမ၏အမြင်အာရုံ
ကိုကျတ်ာလန့်သည်။"မဟာရပ်လိုက်။ကြာရင် တိုက်မိကုန်တော့မယ်"
ပြောလို့မရသည့်အဆုံးစတီယာကိုကိုင်ကာ လမ်းဘေးသို့သာအတင်းဆွဲချလိုက်ရ၏။
ဘရိတ်ကိုသတိကြီးစွာဖိနင်းလိုက်လို့သာ ရှေ့ကသစ်ပင်နဲ့မတိုက်မိတာ။တုန်ယင်နေသော
မဟာ့လက်များကို ဆုပ်ကိုင်အားပေးရန်ကြိုးစား
ကြည့်သော်လည်းမအောင်မြင်လိုက်။အတင်းရုန်း
ဖယ်ထုတ်ကာ မျက်နှာကိုလက်နှင့်အုပ်ကာရှိုက်
ကြီးတငင်ငိုကြွေးနေ၏။ဘယ်နေရာမှားသွားလဲ??
ဖြစ်စဉ်အစအဆုံးအားစဉ်းစားကြည့်သော်လည်း
ရေရာသောအဖြေမတွေ့။""မဟာ~~~ဘာဖြစ်လဲပြောမှ ကျတော်ကသိမှာ
ပေါ့။မဟာ~ကျတော့်အိမ်ကပြန်လာပြီးခုလိုရုတ်
တရက်ကြီးထူးဆန်းနေတော့ ကျတော်ဘယ်လို
နားလည်ရမှန်းမသိတော့ဘူး""""Zနားမလည်ပါဘူး။မဟာ့ဆို Z နားမလည်ပါဘူး
မဟာုခုလိုဝမ်းပန်းတနည်းငိုနေတာတောင်ဘာ
ဖြစ်လြို့ဖစ်မှန်းZမသိဘူးမလား?""ဘာဖြစ်လို့ဖြစ်မှန်းမသိတာက အပြစ်လား??
ကျတော်ဘာဆက်ပြောရမှန်းပင်မသိတော့။""မဟာ~~~မဟာတကယ် ကိုယ့်ကိုကိုယ်
ယုံကြည်မှုမရှိတော့ဘူး။Z--မဟာ့ကိုမချစ်မှန်းသိ
တယ်။ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Zကိုမဟာ
လက်ထပ်မှာ---""""မဟာ အခုဘာဖြစ်နေလဲကျတော်သေချာမသိ
ပေမယ့် ညီ့ကြောင့်ဆိုရင်တော့တောင်းပန်ပါ
တယ်။""""ညီ!!ညီ ဘယ်အချိန်ထိလဲ?မဟာ့ကိုနည်း
နည်းလေးတောင်အားမနာဘူးလားဟင်??ကိုယ်
လက်ထပ်မယ်လို့ရည်ရွယ်ထားတဲ့မိန်းမတစ်
်ယောက်ရဲ့ရှေ့မှာတော့နည်းနည်းလေးပဲဖြစ်ဖြစ် ဟန်ဆောင်သင့်တယ်မဟုတ်ဘူးလား??ဘာလဲ
ခုမဟာ့စိတ်ကိုစမ်းသပ်နေတာလား??""