Epi(23)

79.5K 6.9K 165
                                    

ပန်းသီးစိမ်းနံ့နဲ့ရောနေတတ်သောသူ့ကိုယ်သင်း
နံ့ကိုကျတော်ချစ်တယ်။ကျတော်လည်းထိုရေမွှေး
သုံးပေမယ့် ကိုဇက်ဆီကရတတ်တဲ့ ထိုရနံ့ကိုသာ
ကျတော်ခုံမင်နေတယ်။ထိုရနံ့ရတတ်သည့်အချိန်
်တိုင်းနွေးထွေးသွားသလို ဖြစ်သွားတဲ့ခံစားချက်
ကိုကျတော်ပိုင်ဆိုင်ဖို့ရက်တွေတဖြည်းဖြည်းနည်း
လာပြီ။
-
-
-
""သားကောင်းရော??သားငယ်""

""အကျီ င်္လဲနေတယ်။ဆင်းလာလိမ့်မယ်""

""သမီးလေးလာမယ်ဆိုပြီး မနေ့ညတည်းကနှစ်
ယောက်သား မီးဖိုချောင်ကိုမောင်ပိုင်စီးထားကြ
တာ။""

တီဆွေကရယ်ရယ်မောမောနဲ့ပြောပေမယ့် မဟာ
အလိုက်သင့်ပင်လိုက်မပြုံးနိုင်။
တစ်ညလုံးနှစ်ယောက်တည်းမီးဖိုခန်းထဲမှာ ဆိုတဲ့
အတွေးက ရင်ကိုမီးပူဟပ်သလိုပဲ။ခုလည်းအား
လုံးက နေကောင်းမြတ်သူ ဆင်းလာတာကိုစောင့်
နေဟန်ဖြင့်စကားတွေပြောနေကာ ထမင်းဝိုင်းကို
မစသေး

""သားကောင်းချက်ထားတာတွေစုံနေတာပဲ။
စားကြည့်သမီး။တီဆွေတို့အိမ်နှစ်လုံး ဘယ်သူမှသားကောင်းလက်ရာကိုမမှီဘူး""

ဟုတ်ပါတယ်။ကြည့်လိုက်တာမယ့်အရသာရှိမှန်း
သိသာစေသောအသွင်အပြင်တွေ။ပြီးတော့
မဟာ့ အကြိုက်တွေပင်။

ငရုတ်သီးစိမ်းနဲ့နံနံပင်စိမ်းနုနုအုပ်ထားသော
ငါးကြင်းဖြူ။ကြက်ချဉ်စော်ကားသီးဆီပြန်ဟင်း။အရောင်အသွေးစုံ အစိမ်းကြော်ထဲမှာ ပဲကြာဇံကြည်ကြည်မျှင်တွေက ပနံသင့်နေသလိုရနံ့အားဖြင့်လည်း
ဆွဲဆောင်မှုရှိနေသေး၏။အငွေ့တထောင်းထောင်း
နဲ့မွှေးနေသော ငါးခေါင်းဟင်းချို။ကြက်သွန်စိမ်း
နှင့်ရှောက်ချဉ်နံ့ရနေသောကင်းမွန်သုတ်နဲ့ ပုစွန်ဆိတ်ကလေးတွေနဲ့ဖျော်ထားသော ငါးပိရည်ကျိုပန်းကန်လုံးကိုဝန်းရံထားသော လတ်လတ်ဆတ်ဆတ်တို့စရာတွေ။ဒါတွေသည်မိန်းမပီသလွန်းပါတယ်ဆိုသောမိန်းမတွေပင် တော်တော်အချိန်ယူ
စီစဉ်ရမည့်ထမင်းဝိုင်းကို ထိုဖြူလျော့လျော့
ကောင်လေးက ဟာကွက်မရှိစီစဉ်ပြသွားတာ။

""ဟောမစားကြသေးဘူးလား?""

သူ့အကျီ င်္ဝတ်ထားသည်ကိုပင် သူကသဘော
တကျအမူအရာနှင့်ပြုံးတုံ့တုံ့ဖြစ့်နေသေး၏။သူ့ရှေ့တည့်တည့်လွတ်နေသောခုံက ကြိုတင်
ကြံစည်မှုတွေလားလေ။

ညီWhere stories live. Discover now