Extra(Unicode)

85.5K 3.8K 207
                                    

Extra
၁၄နာရီကြာ ခွဲစိတ်မှုကြီးပြီးနောက် ကျွန်တော်ပထမဆုံးပြန်နိုးထလာသောမနက်ခင်းတွင် ကျွန်တော့်အသည်း
ကိုညီက ကောင်းစွာလက်ခံနိုင်နေသည်တဲ့လေ။ ကျွန်တော်သာလျှင်ညီ့ကို ချစ်တာမဟုတ်ပါဘူး။
စိတ်ထိန်းမဲ့ကြွက်သားတွေဖြစ်တဲ့ ကျွန်တော့်ကိုယ်တွင်းအဂါၤတွေကပါ ညီ့ကိုယ်လေးထဲ ကောင်းစွာအလုပ်လုပ်
ပေးနေခဲ့ပြီ။ ဒါမျိုးကို အသွေးထဲအသားထဲကချစ်တယ်လို့ ပဲခေါ်မလားလေ။ဒီလိုပြောရင်သိပ်များပိုသွားမလား။
ပိုးသတ်ခန်းထဲထည့်ထားခံရသော ညီသည် လောင်ကျွမ်းပြာကျပြီးသည့်နောက်ဝံ့ကြွားစွာ ပြန်လည်ရှင်သန်
နိုးထလာသော ဇာမဏီငှက်လို လန်းလန်းဆန်းဆန်းနှင့်မို့ငေးကြည့်လို့ပင်မဝနိုင်။
ကျန်းမာရေး ဒေါင်ဒေါင်မြည်လှသော ကျွန်တော်သည် ညီ့ထက်စောစီးစွာ နလန်ထူနိုင်၍ ဆရာဝန်တွေက
ပြန်ရန် ပြောကြသော်လည်း ကျွန်တော်က ညီ့အနား ပေကပ်နေ၍သာ။
ခွဲစိတ်မှုအောင်မြင်သည်ဆိုသည့် သတင်းသည်လူမှုကွန်ရက်တွေကတစ်ဆင့် အိမ်နီးချင်းနိုင်ငံများ
သို့တိုင် ရောက်ရှိသဖြင့်နေ့စဉ်နှင့်အမျှ ကျွန်တော်တို့အတွက် ရောက်ရှိလာသော ဂုဏ်ပြုပန်းစည်းတွေ။
ညီဆို အံ့သြမဆုံးတော့။
"ဆယ်လီ တွေမှ မဟုတ်ပဲနဲ့ဗျာ" ဟူ၍ ခပ်တိုးတိုးလေးပြောတတ်သေးလေရဲ့။
ရန်ကုန်မြေသို့ခြေချချိန်တွင်တော့ နှစ်ဖက်မိဘတို့သည် ဘာတွေတွေးကာစိုးရိမ်သည်မသိ သားကောင်းနဲ့
ဇက်အတူတူထားလို့ မဖြစ်သေးဟုဆိုကာ ညီကို ပြင်ဦးလွင်က ကိုကို့ခြံတွေဖက်ပို့ထား၍ ကျွန်တော်နှင့်ညီ
တိတ်တိတ်အသည်းကွဲရသေး၏။ ကိုယ်တွေမှာ ညီ နေကောင်းလာရင် ဘာလုပ်မယ်ဘာညာနဲ့ နှစ်ယောက်သား
တိုင်ပင်ပြီး အစီအစဉ်တွေ ဆွဲထားသမျှ ခုတော့... ပေးခဲ့ဖူးတဲ့ကတိတွေအား အလွမ်းနဲ့သာ အနားသတ်ထား
ရတော့၏။
လာချင်ရင်အနီးလေးဖြစ်လို့ သောကြာနေ့ ညတိုင်းပြင်ဦးလွင်သို့တက်ကာ အားလပ်ရက်တွေတိုင်း
ညီနဲ့အတူတူရှိနေဖို့ ကြိုးစားသော ကျွန်တော့်ကို ညီကလည်း အပြုံးနဲ့ဆက်ဆက်ကြိုမြဲ။
မိဘတွေကလည်း တကယ်ရယ်ရသည်။ အရင်ကဆို ညလုံးပေါက် ဘောလုံးပွဲအတူတူထိုင်
ကြည့်ခဲ့တာတောင်ဘာမှမပြောဘဲ ညီ့ကို အခုဆို အပြင်ကို တစ်ယောက်တည်းခေါ်သွားခွင့်မပြု
ညီ့ကို အပြင်ခေါ်ထုတ်ချင်ပါက ကိုကို သို့မဟုတ်မေပြုံးက ပါမြဲ။
ကိုယ်တွေဘာသာအရင်ကလို တစ်ယောက်ပုခုံးတစ်ယောက်ဖက်သွားဖို့ပင်မလွယ်တော့။ကျွန်တော့်အဖြစ်က
အစ်ကိုမောင်တွေ၊ မိဘတွေရဲ့ အချစ်တော်လေးကို ခရီးဝေးထိလာရောက်ပိုးပန်းနေသော လူပျိုသိုးကြီးလိုလို။
ကိစ္စတော့မရှိ ပါလာသူလက်ထဲ ကင်မရာထိုးထည့်ကာ ညီနဲ့အမှတ်တရ ဓာတ်ပုံရိုက်ခြင်းဖြင့် ညီ့ အနား
ညာတာပါတေးကပ်ခွင့်ရသည်။
တစ်ခါတလေပိုဆိုးတာက ကျွန်တော့်ဖေဖေ ရန်ကုန်ဆင်းလာချိန်နဲ့တိုးရင်သေပြီပဲ။
"သားကောင်း ကို လိုက်တွေ့ဦးမှ" ဆိုသည့်အကြောင်းပြချက်နဲ့ ကျွန်တော်နဲ့အတူတူလိုက်လာတတ်သည်။
ဖေဖေလိုက်လာပြီဆို ကျွန်တော်တို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် စေ့စေ့ပင်ကြည့်ဖို့ ခက်လှ၏။
တစ်ယောက်တစ်ယောက် ခိုးခိုးကြည့်ရင်းနဲ့သာ အားလပ်ရက်တွေကိုဖြတ်သန်းရသည်။
ကျွန်တော့်အဖြစ်က ငိုရခက်ရယ်ရခက်ကြီးနဲ့...
ရန်ကုန်ပြန်ရောက်ပြီဆို အခန်းထဲနေရင်း ဖုန်းထဲမှ ညီ့ပုံတွေကြည့်ကာ ကျွန်တော်ညတွေကို ဖြတ်သန်း
ရသည်။
"အား...အတူတူနေချင်ပြီ" ဟူသောစကားကို ညီ့ပုံတွေကြည့်ပြီးတိုင်း ညီနဲ့ ဖုန်းပြောပြီးတိုင်း ခေါင်အုံးထဲ
မျက်နှာထည့်ကာ ကြုံးအော်နေကျ။
အသက်၂၅နှစ်နားနီးမှ ကျွန်တော့်မှာ ခုမှရည်းစားထားဖူးသော လူပျိုပေါက်စလေးလို ဖြစ်နေသည်။
သိပ်တော်လွန်းတဲ့မိဘတွေရယ်။

ညီNơi câu chuyện tồn tại. Hãy khám phá bây giờ