ညီ

By HsuChiKo365

4.6M 308K 7.5K

Boy×Boy(Own Characters) Romance,Drama and other age limited feelings. More

About Story
Epi(1)
Epi2
Epi3
Epi4
Epi5
Epi6
Epi7
Epi8
Epi9
Epi10
Epi11
Epi12
Epi13
Epi13-2
Epi14
Epi15
Epi16
Epi17
Epi18
Epi19
EPI(20) Age warning
Epi21
Epi(22)
Epi(23)
Epi 24
Epi 25
project
Poem
Pain
Epi26
Epi(27)
Epi28
Epi28-1
Epi29
Ending Part-1
EXTRA[1]
EXTRA[2]
EXTRA[3]
EXTRA-4
EXTRA-5
ကျေးဇူးတင်လွှာ
New Year Special
Nothing's gonna change
#DafBama2017_EXO
Ending (Unicode)
Extra(Unicode)

Ending

115K 5K 400
By HsuChiKo365

""ညီ~~""

နွမ်းကာမှိန်းနေသောညီ။မျက်လုံးများဖွင့်မကြည့်
နိုင်သေးသော ညီ့အား ခေါင်းလေးကိုငုံ့နမ်းတော့
နှုတ်ခမ်းတို့က ပြုံးယဲ့ယဲ့။

""မကြည့်ရဲလောက်အောင် ရှက်နေတယ်ပေါ့
ဟုတ်လား ညီ??""

သွားတန်းလေးတွေပေါ်လာသည်အထိ ရယ်၏။
ချောမောခြင်း။ချစ်စဖွယ်ကောင်းခြင်းနှင့်
့်ယောကျာ်းပီသခြင်း ဤသို့သော်မတူကွဲပြားမှုများ
သည် ညီ့ ထံပါးတွင်တော့ စည်းလုံးခြင်းနဲ့သစ္စာ
ရှိစွာ ယှဉ်တွဲနေထိုင်ကြသည်။

ပိုက်တန်းတွေကြားမှ အပ်များစွာထိုးသွင်းထားခံ
ရသောကြောင့် ယောင်နေသောလက်ဖမိုးတွေ
မျက်ရည်ကျရင် ပိုနာကျင်မှာဆိုး၍ကျတော်မငိုမိ
အောင် ထိန်းထားရသည်။
လက်ဖမိုးပေါ် ခက်ဖွဖွအုပ်ကိုင်သောကျတော့်
လက်အား ပြန်လည်ဆုပ်ကိုင်ထားလေရဲ့။

ပုလင်းချိတ်ပြီးသည်နှင့် Male nurseကအ
လိုက်တသိနှင့်ထွက်သွားပေး၏
မှေးစင်းနေသောမျက်လုံးများဖြင့်မော့ကြည့်နေ
သောညီ။
ညီ့လက်ကိုဆုပ်ကိုင်ကာ ဘေးနားခုံတွင်ဝင်ထိုင်
တော့

""ရတယ်~~ကုတင်ပေါ်မှာသွားအိပ်လေ။""

""ညီ့နားနေချင်လို့""

""ခါးညောင်းလိမ့်မယ်~~""

""ဒါဆို ညီ့ဘေးလာအိပ်မယ်""

ပြောပြောဆိုဆိုနဲ့ ညီ့ဘေးအတင်းဝင်လှဲဖြစ်သည်
ကုတင်က ကျယ်နေတာလည်းမဟုတ်ပေမယ့်
ယောကျာ်းလေးနှစ်ယောက်ပူးပူးကပ်ကပ်အိပ်ရင်
ရသည့်အခြေအနေ။

ပါးပြင်နားမျက်နှာအပ်တော့

""မွှေးတယ်~~""

ဟုခပ်တိုးတိုးဆိုလာ၏

""အင်း ရေချိုးလာတာလေ။""

ကိုယ်ပါးပါးလေးပေါ်လက်တင်ကာ ကလေးချော့
သိပ်သလို ခပ်ဖွဖွလေးပုတ်နေပေးတော့

""ဆရာဝန်တွေRoundလှည့်လာလို့တွေ့သွား
ရင်မကောင်းဘူးနော်""

""ဘာမှမဖြစ်ပါဘူးညီရယ်~~အိပ်တော့။ညီပင်ပန်းနေပြီ""

နှဖူးထက်အနမ်းယာဉ်သက်ဆင်းနားခိုချိန် ကျတော့်လည်ပင်းဆီအလည်ရောက်လာသောညီ့
ထွက်သက်နွေးနွေး။

""Luv u, ညီ""

""me too""

""good night,have a sound sleep""

ညီ့အသံတိုးတိုးထဲတွင် စိုးရိမ်နေသံကပမာဏ
များစွာ

""လက်တွေ ကျဉ်လိမ့်မယ်""

""ရော် အိပ်ပါဆိုညီရယ်~~ကိုဖက်ထားချင်လို့ပါ"

ဒီအခိုက်အတန့်အား ဒီထက်ပိုလှအောင် ကို ဖန်တီးချင်တယ်

💝ညီ💝

ပုံမှန်ထက်စောစီးစွာနိုးထလာသော ထိုမနက်ခင်း
တွင် ကျတော့်လက်မောင်းတစ်ဖက်ပေါ်တွင်
ခေါင်းတင်မှေးစက်နေသော ညီ။

မျက်တောင်စိပ်စိပ်တွေအား အနမ်းပေးသင့်တိုင်
ညီ မနိုးသေး။

""ညီ~~""

အအိပ်ဆက်လှသောညီသည် ခုခါတွင်တော့
ငြိမ်သက်လွန်းမက ငြိမ်သက်စွာ---

""ညီ!!ညီ!!""

ပါးပြင်နှစ်ဖက်ကိုလှုပ်နှိုးကြည့်သည်။တုံ့ပြန်မှုနထ္တိ။
သွေးရူးတန်းရူးနဲ့ကောက်ပွေ့သည့်တိုင်ကျတာ့်
လက်တွေထဲ ပျော့ခွေစွာပါလာသည်။

""case in Room02!!""

Male Nurse ၏အလန့်တကြားအော်သံ
နောက်--ခြေသံပေါင်းများစွာ
ညီ့အား ထွေးပွေ့ထားသော ကျတော့်လက်တွေကို
ဆွဲဖြုတ်ချသည်။
ညီကုတင်ပေါ်မှ ကျတော့်အားဆွဲထုတ်ကြ၏။
Nurseကြီးက အခန်းအပြင်ကိုဖြောင်းဖြပြောဆို
ကာ တွန်းထုတ်သည်။
ညီ့ဘေးနား လူတွေ၊စက်တွေ၊သွေးအိတ်တွေ။လက်ဖမိုးထဲအသစ်ထိုးထည့်နေသော ပိုက်တန်း
တွေ။ကြယ်သီးတွေပင်ဖြုတ်မနေပဲ
ဆေးရုံဝတ်စုံအားဆွဲဖြဲခံလိုက်ရ၍အပေါ်ပိုင်းဗလာ
ဖြစ်နေသော ညီကိုယ်ပေါ်တွင်ကြိုးတန်းပေါင်းများ
စွာ~~~

ရင်တွေနာသည်။ညီ့ ကို အဆုံးရှုံးမခံနိုင်ဘူး။ဆုံးရှုံး
လိုက်ရရင်ဟူသော အတွေးနဲ့တင် ကျတော့်စိတ်
တွေဂယောင်ဂယက် ခြေထောက်တွေဆိုတာမတ်
မတ်မရပ်နိုင်တော့---

မေပြုံးကိုဘယ်သူဆက်သွယ်လိုက်လည်းမသိ
ပြေးပြေးလွှားလွှားရောက်လာပေမယ့် အမေသည်
ပင် ဝင်ခံမရတော့--
သားပမိနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်
တင်းတင်းဖက်ရင်း ညီ့အတွက် ဆုတောင်းပေးရုံ
မှအပ ဘာမှမတတ်နိုင်

""သားငယ်ရယ်~~~မေမေကြောက်တယ်။မေမေ့
အတွက်အစားထိုးမရနိုင်တဲ့လူတွေအကုန်လုံး
ဒီရောဂါကြီးနဲ့ပဲစွန့်ခွာသွားကြမှာ--""

""မဟုတ်ဘူး။ ညီ မေပြုံးကိုမထားခဲ့ဘူး။""

ငါ့ ဝိညာဉ်ဖက်ငါ့နားက မထွက်ခွါခင်
ငါ့အသည်းတစ်ခြမ်းမြန်မြန်သာထုတ်ယူကြပါတော့
-
-
ညီ ရဲ့အခြေအနေပြန်လည်စိတ်ချရသည်နှင့်
အသည်းအထူးကုဆရာဝန်ကြီးများ
အစည်းအဝေးအားချင်းလုပ်ရတော့၏။၃နာရီကြာ
စည်းဝေးပြီးသည့်နောက်

""ဆရာတို့ နောက်ဆုံး အစားထိုးခွဲစိတ်ဖို့ဆုံးဖြတ်
လိုက်ကြပြီ။လူနာက Treatmentဒဏ်တွေမခံ
နိုင်တော့လောက်အောင် အားနည်းနေပြီ။ဒီခွဲစိတ်
မှုက နှစ်ယောက်စလုံးရဲ့အသက်အန္တရာယ်စိုးရိမ်
ရလို့ သား ဖက်က နောက်တစ်ခါပြန်စဉ်းစား--""

""မလိုဘူး။မြန်နိုင်သမျှ မြန်မြန်သာလုပ်ပါ။ဒီမနက်
ညီ ဘာဖြစ်သွားလဲ ဆရာတို့အသိပဲလေ""

""ဒီကိစ္စအတွက် သားမိသားစုဝင်တစ်ယောက်
ယောက်ကိုခေါ်ပါ။ဒီလှူဒါန်းမှုမှာ မည်သူတစ်ဦး
တစ်ယောက်ရဲကခြိမ်းခြောက်မှုမပါရှိပဲလှူတဲ့အ
ကြောင်းသားရဲ့ မိဘဖြစ်စေ ညီအစ်ကိုဖြစ်စေ
သွေးသားရင်းချာတည်းက အသိသတ်သေလုပ်
ပေးနိုင်မှ ဆရာတို့ကခွဲစိတ်မှုလုပ်ပေးနိုင်မယ်""

""ဟုတ် ဒီရက်ပိုင်းတွင်းရောက်လာအောင်
ကျတော်ခေါ်ပေးပါ့မယ်""

""နောက်တစ်ခုက သားစစ်ဆေးမှုတွေထပ်လုပ်
ရမယ်။အသည်းကဆဲလ်ကွဲပွါးတတ်တဲ့Organ
တစ်ခုမို့ အချိန်တန်မူလအနေအထားပြန်ရလာမှ
ဖြစ်ပေမယ့်သားခန္ဓာကိုယ်ထဲမှာ အသည်းတစ်
ခြမ်းပဲရှိတော့မယ်ဆိုတဲ့အကြောင်းကိုသားလက်ခံ နိုင်ဖို့ စိတ်နဲ့ ပတ်သတ်ပြီးစစ်ဆေးခံရမယ်။အခု
ဆရာ ပြောတဲ့ကိစ္စတွေအတွက် သားယုံကြည်မှု
ရှိလား??""

""ညီသာ ဘေးနားရှိနေရင် အသည်းတစ်ခြမ်း
မရှိဘူးဆိုတာတောင် မေ့ချင်မေ့နေမှာ""

ကျတော့်အဖြေအား သဘောကျနေသော ဆရာဝန်ကြီးသည်

""ပြီးတော့ အစားထိုးခွဲစိတ်ဖို့အတည်ပြုလိုက်ပြီ
ဆိုတာနဲ့ ဆရာတို့ကလူနာကိုပေးနေတဲ့
ဲ့Treatmentတွေအကုန်လုံးကိုရပ်လိုက်မှာပါ။
မခွဲစိတ်ခင် ကာလအပိုင်းအခြားမှာ နာကျင်လာ
ခဲ့မယ်ဆိုရင်တောင်ဆရာတို့ကဆေးတွေကို
အပြည့်ပေးတော့မှာမဟုတ်ဘူး။သူ့ကိုခွဲစိတ်မှုကို
ခံနိုင်ရည်ရှိနေဖို့ပဲ ဆရာတို့က ကြိုးစားပေးတော့
မှာ။""

""ညီ က သည်းခံစိတ်ကြီးတယ်ဆရာ။ငယ်ငယ်
လေးတည်းက နေမကောင်းဖြစ်နေရင်တောင်
အိမ်ကလူတွေစိတ်ပူမှာဆိုးလို့သူခံစားနေရတာ
တွေကိုထုတ်ပြောလေ့မရှိဘူး။ဒါကြောင့် သူမနာ
ဘူးဆိုတိုင်း--""

""ဆရာသဘောပေါက်ပါတယ်သားတို့နှစ်ယောက်လုံး ခုအခြေအနေကနေ
ဖြတ်ကျော်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်""

""ကျေးဇူးတင်ပါတယ်ဆရာ""
-
-
-
ကျတော်တို့ခွဲစိတ်မှုအတွက်အသိသက်သေအဖြစ်
လက်မှတ်ထိုးပေးဖို့ရောက်လာခဲ့သူကဖေဖေကိုယ်တိုင်ဖြစ်နေခဲ့သည်

""ကျေးဇူးတင်ပါတယ်ဖေဖေ""

""သားကောင်းကို ရအောင်ကယ်ပေးပါDr""

ကျတော့်ကိုအရေးစိုက်မနေပဲရှေ့မှDrကိုသာအနူး
အညွတ်တောင်းဆိုနေသော ဖေဖေ။ဘေးမှမေမေ
ကတော့ မျက်နှာမကောင်းရှာ

""ပြီးရင် သွားမယ်""

မေမေ့ကိုခေါ်ကာပြန်ရန်ပြင်နေသော ဖေဖေ။
ကျတော့်လို သားမျိုးကိုပိုင်ဆိုင်ထားရသည့်အ
တွက်ဖေဖေအရှက်ကြီးရှက်နေမယ်ဆိုတာ ကျတော်နားလည်သလိုအားလည်းနာတယ်

""ကျေးဇူးတင်ပါတယ်ဖေဖေ""

ကြမ်းခင်းပေါ်တွင်သာထိုင်လျက် ရှီခိုးဦးချတော့
ဖေဖေ့ခြေလှမ်းတို့ရှေ့ဆက်မတိုးနိုင်။ကျတော့်ကို
ကား မျက်နှာလွှဲထား၏

""အကယ်၍ညီနဲ့ ကျတော် နှစ်ယောက်လုံးဘာမှ
မဖြစ်ပဲ ဖေဖေတို့ဆီပြန်လာနိုင်ရင် ကျတော်တို့ကို
ခွင့်ပြုပေးပါ။""

""အဲ့ဒါ မင်းကိစ္စ ဇိုင်းဇက်။မင်း ဇာတ်ထဲငါ့ဆွဲ
မသွင်းနဲ့""

""ကျတော့်ကို သားတော်ထားရလို့ဖေဖေရှက်နေ
မယ်ဆိုတာကျတော်သိတယ်။ကျတော့်တစ်ယောက်တည်းအတွက်သာဆိုရင်
ကျတော့်ကို အမွေပြတ်စွန့်လွှတ်ခိုင်းမှာ။ဒါပေမယ့်
ညီ့ကို သူ့ကြောင့် ကျတော်က မိဘတွေရဲ့စွန့်ပစ်
ခံဘဝရောက်နေရတာ ဆိုတဲ့ အပြစ်ကြီးကိုမခံစား
စေချင်ဘူး။ခုညီတော်တော်ပင်ပန်းနေပြီလေ""

""သားငယ်ရယ်~~ထပါ။မေမေတို့သဘောတူပါ
တယ်။သားရယ်။ကို ပြောလေ။ကိုပဲ အိမ်မှာပြောတော့ကလေးတွေကိုနားလည်လာပြီဆို။""

မေမေ့ မျက်ရည်တွေသည် လူမှန်ကြီးဖေဖေ့အား
အမြဲတစေ အနိုင်ယူ၏

""မင်းတို့သာအရင်ကျန်းမာအောင်လုပ်ပါအုံးကွာ
လာ သွားမယ် ခင်။ငါမျက်နှာတွေ ပူတယ်""

ကျတော့်ဖက်မှ Confirmနိုင်ပြီဆိုသည်နှင့်ညီ့
အား ပိုးသတ်ခန်းကိုရွှေ့ပြောင်းထားတော့၏။
ကျတော်လည်းဆေးရုံတက်ရ၍အစားထိုးဖို့လိုအပ်တာတွေလုပ်ဆောင်ရုံသာမကအစားထိုး
အလှူရှင်နှင့်လူနာတို့မတွေ့ရဟူသောဆေးရုံ၏ထူးထူးဆန်းဆန်း ဥပဒေအရ ညီ နဲ့ မတွေ့ရတာ ၄ရက်ကျော်ပြီ။
ညီ့ကိုလွမ်းလှ၏။မနက်ဖြန်ဆို D-dayပင်။
ညီ့အားတွေ့ခွင့်ရစေရန် ညီ့အားအနီးကပ်စောင့်
ရှောက်နေရသော အဆောင်မှူးNurseကြီးအား
ကပ်ချွဲရတော့၏

""ဟူးးးးးငါနော်။နောက်ဆို နာမည်ကြီးစုံတွဲတွေ
ကြား လုံးဝမနေတော့ဘူး။နက်ဖြန်ခွဲခန်းထဲဝင်ရ
မယ့်ငါ့ ကလေးကိုအသားမယူနဲ့နော်""

""Yes sir,လုံးဝကျေးဇူးမမေ့ပါဘူး။ကျတော်
ညီနဲ့တစ်ရက်တောင်ခွဲဖူးတာ မဟုတ်ဘူး။ညီရော
ကျတော့်ကို လွမ်းတယ်လို့ပြောလားဟင်""

""မပြောပါဘူး။ဆေးရုံကဆင်းရင် ငါ့တူမလေးနဲ့
မိတ်ဆက်ပေးဖို့ပဲပြောနေတယ်""

""Impossible😤😤""

မယုံလည်းနေဟူသောပုံစံနှင့်ပုခုံးတွန့်ပြပြီးမှ

""မနက် ဆရာဝန်တွေRoundမလှည့်ခင်ကိုယ့်
အခန်းထဲကိုယ်ပြန်နေနော်""

ဟူ၍အခန်းသော့ကတ်လက်ထဲထည့်ပေးသွား
တော့၏။ညီရေ~~ကိုတို့ဒီညအနာဂတ်အတွက်အတူတူ
ရင်ခုန်အောင်

""ညီ!!""

အခန်းထဲဝင်လာကျတော့်ကိုမြင်တော့အံ့သြသွား
ဟန်။ဆေးရုံဝတ်စုံနှင့်ဖြစ်နေ၍လည်းပါသည်
ဆေးတွေမသွင်းတော့ပဲအားပြန်ဖြည့်ထား၍လား
မသိ ပါးလေးတွေပင် အရင်လိုပိန်မနေ။

""ကိုဇက်--ကဘယ်လို??ပြန်သွားပြီထင်နေ--အွင့်""

စကားဆုံးခွင့်မခံ။သူ့ကို လူးလှိမ့်နေအောင်လွမ်း
နေသူကို သူက ပြန်သွားပြီထင်နေတာတော့
့တကယ်စိတ်မကောင်း။ခန္ဓာကိုယ်ပါးလျလျက
ကျတော့်ရင်ခွင်ထဲမြှုပ်နေအောင်ကို မလွှတ်တမ်း
ဖက်ထားလိုက်တော့၏။အစကတော့ လက်တွေ
နဲ့တွန်းနေသေးပေမယ့် နောက်တော့ငြိမ်ကျသွား
ကာ--

""ကျတော့်ကို ထားသွားပြီထင်နေတာ""

""ညီ့ကို ထားပြီးဘယ်မှာသွားနေရမှာလဲကွာ""

တဆက်ဆက်တုန်ယင်နေသောပုခုံးသားတွေ။
ဒီရက်ပိုင်းတွင်း လွမ်းနေရတာကျတော်
တစ်ယောက်တည်းမဟုတ်ဘူးပဲ။ကျတော်ကမှ
တွေ့တဲ့လူတိုင်းကို ညီ့အကြောင်းမေးကာအလွမ်း
ဖြေနိုင်ခဲ့သေး၏။ညီ့မှာသူ့ကိုထားသွားပြီလား??
ဟူသောကြောက်စိတ်တွေနဲ့ တစ်ယောက်တည်း
မြိုသိပ်သည်းခံပြီးထုံးစံအတိုင်းသူ့ဘေးရှိသူတွေ
စိတ်မညစ်အောင်ပြုံးနေနေခဲ့အုံးမှာ
ခုလည်းမျက်ရည်တွေကို မမြင်စေချင်တဲ့သူ့စတိုင်
အတိုင်း ကျတော့်ရင်ခွင်ထဲ ခေါင်းထည့်ကာငို
နေခဲ့၏

""ညီ မောနေမယ်။လာ ခဏလှဲနေ။""

ညီ့အားငိုအောင်လုပ်တယ်ဟူသည့်သတင်းသာ
ပေါက်ကြားကြည့် မြန်မာပြည်ပြန်မရောက်ခင်
ယခုထိုင်းမှာပင် ကျတော့်အားအမှုန့်ကြိတ်ပစ်ကြ
လိမ့်မည်။မဆီမဆိုင် ဝေယံဆိုတာကလည်း
ညီ့အားကျတော်မဆွဲထားနိုင်ပါက သူလာလု
မယ်ဆိုတာနဲ့ကို ခြိမ်းခြောက်သမှုနေ့စဉ်ပြုလေ၏

""ကိုဇက်က ဘာလို့ ဒီဆေးရုံဝတ်စုံဝတ်--""

ရင်ခွင်ထဲမှနေ၍ကျတော့်အားအံ့သြတကြီးပြန်မော့
ကြည့်လျက်

""မဟုတ်မှ အလှူရှင်က ကိုဇက်လား?""

ဆက်စပ်တွေးခေါ်နိုင်စွမ်းကို ကင်ဆာဆေးပြင်းတွေက မတွန်းလှန်နိုင်သေးပါ

""ဟုတ်တယ်မလား??""

""အင်း--""

""ကိုဇက် ရာ~~~""

""ကို နဲ့ ညီ မတူလို့ ဘယ်သူတွေတူမှာတဲ့လဲ?""

""ဘာလို့ ဒီလို--""

စကားရှေ့မဆက်နိုင်လောက်အောင်ဆို့နင့်နေ
သော ကောင်လေးကို ကျတော့်အသက်နဲ့ထပ်တူ
ချစ်ကြောင်း နှုတ်စကားများဖြင့်သက်သေမထူ
ချင်တော့။မနက်ဖြန်မှစ၍ ရာသက်ပန်ထိ အတူ
နေပြီးပဲ ချစ်ပြချင်တာ

""ကိုဇက် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာ
မသိဘူးလား??""

""ညီ မရှိပဲနဲ့ အသက်ဆက်မရှင်ချင်တော့တာ
ကိုကော ညီ မသိဘူးလား??ကို ညီနဲ့ပဲတစ်သက်
လုံးနေမှာ။ညီကော ကို့ ကိုထားခဲ့နိုင်လို့လား?
ဖြေလေ ညီ?""

""ကျတော်က ဘာမှမပေးနိုင်ပဲ အယူကြီးသက်
သက်ဖြစ်နေပြီ""

""ညီ ရှိနေရင်ကို အရာရာပေးထားပြီးသားပါ။""

""ကျတော်ဘာပြောရမှန်းမသိတော့ဘူးဗျာ""

""ရပါတယ် ညီရယ်။""

အပ်ပေါက်ရာတွေကြွင်းကျန်ရစ်နေသေးသော
လက်ဖမိုးတွင် အနမ်းပျိုးတော့ ပန်းရောင်ဖျော့
ဖျော့နှုတ်ခမ်းပါးတွင် အပြုံးနုနုတို့ဝေဆာလာ၏

""တခြားလူတွေကို ပိုမချစ်ရဲလောက်အောင်ချစ်
ပေးခဲ့လို့ ကိုဇက်ကိုကျေးဇူးတင်တယ်""

ဟုပြေလာသောစကားတွင် ချစ်တယ်ဟူသော
ဖွင့်ဟချက်အားသီးသန့်ညွှန်းဆိုချက်ထပ်ဖွဲ့စရာမလိုလောက်အောင် ပြီးပြည့်စုံနေပြီ
ကျတော့်ဆီမှာအပ်နှံထားသော သူ့မေတ္တာ
တရားများအားတခြားလူမမြင်စေရန်ညီ့အား
ကျတော့်ဘဝထဲဖွက်ထားချင်မိ၏

""အားလုံးထက် ပိုချစ်ပေးခဲ့လို့ ကို လည်းညီ့ကို
ကျေးဇူးတင်တယ်။အိပ်တော့လေ မနက်ဖြန်
ခွဲစိတ်ခန်းထဲဝင်ရတော့မှာ""

""ကိုဇက်ရောပဲ။အမှန်တော့ ကျတော်တွေးပူနေ
တယ်။""

""မပူနဲ့ အိပ်တော့။ကို သီချင်းဆိုသိပ်ရမလား??"

""အာ~~""

တကယ်အံ့သြသွားရှာတာပါ။ဘာပဲဖြစ်ဖြစ်လေ
ညီ စိတ်သက်သာရသွားဖို့ကအဓိကပါ။အမှန်
တော့ ယုံကြည်နေပေမယ့် ကျတော်လည်း
ကြောက်နေခဲ့တာပဲလေ

Baby life was good to me but
you made it better~~~

l love the way you stand by me
Though any kind of weather

I don't wanna run away ~~just
wanna make u day

When you feel the world is on
your shoulders

Don't wanna make it worse~~
just wanna make us work
Baby tell me I'll do whatever

I feel like nobody ever knew me
until you knew me

Feel like nobody ever loved me
until u loved me

Feel like nobody ever touched
me until you touched me

Baby Nobody,nobody,~~until u

အလှူရှင်ပျောက်နေ၍ Night Dutyကျနေ
သောဆရာဝန်လေးတွေကိုဆူရင်းပူရင်း အလှူရှင်
အားပြန်တွေ့ပါက အပြတ် ကော မယ်ဟူသော
စိတ်နဲ့ မောင်းတင်လာသော အသည်းအထူးကု
ပါရဂူကြီးသည် လူနာခန်းလေးထဲက ကောင်လေး
နှစ်ယောက်နှင့် ဆိုပြနေသောသီချင်းသံတိုးတိုးထဲ မျောပါသွားပြီးသကာလ

""မနက်ဖြန်ပါမယ့် ဆရာဝန်တွေအကုန်လုံးကို
ခုဖုန်းဆက်လိုက်။ဒီOperationအောင်ကိုအောင်မြင်ရမယ်လို့။""

လှပတဲ့အချစ်တွေဆိုတာ လောကနိယာမနဲ့
တိုက်ရိုက်အချိုးကျမနေတတ်ပါဘူး

💝ညီ💝

""ညီ့မျက်လုံးတွေမှိတ်သွားမှ ကျတော့်ကိုမေ့ဆေး
ပေးပါ""

သိပ်မကွာသော အကွာအဝေးတွင်ရှိနေသော
ကျတော့်အား ဘေးတစောင်းလေးငေးရင်း
တဖြည်းဖြည်း မှေးကျသွားသော မျက်ခွံလေးတွေ
ဖုံးကာပေးထားသော မျက်တောင်စိတ်စိတ်တွေ
ကျတော် ခန္ဓာကိုယ်ထဲက ဖြတ်ယူသွားမယ့်အစိတ်
အပိုင်းသည် ညီ့ကိုယ်ထဲတွင်ရှိနေမည်ဆိုသော
အတွေးကပင် ကျတော့်ကိုယ်ပေါ်ကျရောက်လာ
မည့် ခွဲစိတ်ဓားပုံစံမျိုးစုံအား ကျေကျေနပ်နပ်ကို
လက်ခံနိုင်သည်။ခုချိန် ညီနဲ့ ခွဲစိတ်ခန်းထဲ
အတူတူရှိနေရသည့်အတွက်လည်းကျတော်ဂုဏ်
ယူသည်။မွေးကင်းစလေးတည်းက ကျတော်တွေ့
ခွင့်ရခဲ့သော ကလေးပါက်စလေးသည် ခုလိုချိန်ထိ
ကျတော်နဲ့မခွဲမခွါရှိနေခဲ့သည့် အကြောင်းတွေး
မိရုံနဲ့ ပင် ကျတော်ပီတိဆိုတာကို
ပြည့်ပြည့်ဝဝခံစားနေရသည်။ကျတော့်အမြင်တွေ
ဝေဝါးလာသည်။

ဆရာဝန်၏

""စိတ်လျော့လိုက်တော့သား""ဟူသော စကားနောက်ကျတော်ခန္ဓာ ပေါ့ပါးသွားသည်။

ညီ့ ဝိညာဉ်အား လိုက်ရှာရအုံးမည်

One Year Later🎐🎏🎏

""ခုလို နေ့လည်စာလိုက်ကျွေးလို့ ကျေးဇူးတင်
ပါတယ် ဆရာ""

တက်သစ်စမော်ဒယ်လ်ပီသစွာ ခေတ်နဲ့ညီသော
အဝတ်အစား။ရောင်ပြန်တွေနဲ့လင်းနေသောခြယ်
သမှု နဲ့ အနံ့ခံအာရုံထဲထိ ဝင်ရောက်လာသော
ချိုအီအီရေမွှေးနံ့ကြောင့် ကျတော်အနေခက်လာ
၏။ကျတော်ရတတ်တဲ့ ပန်းသီးစိမ်းအနံ့မှမဟုတ်ပဲ

""ဆရာ တို့ ကျောင်းမှာ ကြော်ငြာလာရိုက်တည်း
က ဘရဏီ က ဆရာ့ကိုသတိထားမိတာ။ခုလို
ဆရာ့ လုပ်ငန်းအတွက် ကြော်ငြာရိုက်ဖို့ကမ်း
လှမ်းတော့ ဏီ အရမ်းအံ့သြသွားတာသိလား??
အရမ်းလည်းပျော်သွားတာ""

ဆရာလို့သာခေါ်နေတာ။သူ ကျတော့်အားဆရာ
တစ်ယောက်အနေနဲ့ မမြင်မှန်းကျတော်သဘော
ပေါက်လာ၍

""ဆရာလို့မခေါ်ပါနဲ့ရပါတယ်။ကျတော့်နာမည်
ပဲခေါ်လို့ရပါတယ်""

""အာ ဘရဏီထက်အသက်ကြီးတာကို နာမည်
ခေါ်ရင် ရိုင်းမှာပေါ့ ကိုဇိုင်း လို့်ခေါ်မယ်နော်။ရတယ်မလား??""

""ဟုတ်ကဲ့ရပါတယ်။ဟို မှာလေ ညီမ""

""ဟုတ်""

Menuစာအုပ်ကို သွားမယ်စားမယ်ထဲက တင်
ဆက်သူလို ဟန်အပြည့်နဲ့ကြည့်နေသောသူမကို
ကြည့်ရင်း ကျတော်ရင်တွေပူ၏။
တက်သစ်စ Modelနဲ့ Internationalဆန်
ဆန်ကြော်ငြာတစ်ခုရိုက်ချင်သည်ဟု ဆိုလာသူ
အားမျှော်မိသည်။ကျတော်မလာခင်တည်းက
မမချိုသည် အနှီကလေးမအား သတိထားလေဟူ၍ကြိုတင်သတိပေးထားပြီးသာ။HCတွေသည်ကျတော့်တို့နှစ်ယောက်နားကပ်လာပြီဆိုတာနဲ့ Bioကလိုက်ပြီးသားရယ်။

""ကိုဇိုင်းကော မှာလေ""

""သြ~~ဟုတ်ကဲ့။ ညီလေး ကန်စွန်းပလိန်းနဲ့
ထမင်းတပွဲ။နောက်တော့ မုန်လာဥနီဖျော်ရည် အဲ အဲ့မှာရေခဲမထည့်ဘူးနော်။နောက်ပြီး ပင်လယ်စာ
ထမင်းကြော် အဲ့မှာ ကင်းမွန်လက်တွေမထည့်
ပေးနဲ့နော်ညီလေးငရုတ်ကောင်းနည်းနည်းပဲ
ထည့်ပေးပါ။ခုမှာတာတွေကို နောက်ဆယ်မိနစ်လောက်နေမှ လာပို့ပေးပါလို့
ရမလား။""

သူချဉ်းအသေးစိတ်ဆက်တိုက်ပြောချသွားတာ
waiterလေးခင်ဗျာ တသောသောနဲ့လိုက်မှတ်
နေရရှာ၏

""ကျေးဇူးပါ""

""ကိုဇိုင်းက Computer Geekလို့မပြောရဘူးတိကျတယ်နော်""

""အင်း ညီ့ကိုအစားအသောက်ကိုဂရုတစိုက်
ကျွေးမှ ဖြစ်မှာမို့။စားနော်ဘရဏီ ""

ဘရဏီမှာထားသောအစားအသောက်ကိုမထ
ိချင်လောက်အောင်နင်သွားရတော့၏။
ဆရာပေါက်စကတော့ သူ့ဖုန်းသူခေါ်ကာ အလုပ်
ရှုပ်နေလေတော့၏

""ညီ ခု ဘယ်ရောက်နေပြီလဲ??""

""အင်းရောက်တော့မယ်။အဆင်ပြေလား??""

""ညီ သာမြန်မြန်လာပါကွာ။""

"ဟာ Driverမောင်းတဲ့နှုန်းနဲ့ပဲလာလို့ရမှာပေါ့"

ကျေးဇူးရှင်လေး၏ သဘောတကျရယ်သံသြရှရှ
က ကေဗယ်ကြိုးများစွာဖြတ်သန်းလာတာတောင်
နားထောင်ကောင်းနေတုန်း။

""ကိုနေကောင်း ပါ လာမှာလား??""

""အင်းလေ ခုညီ့ကွတ်ကီးကို ဒီကညီမနဲ့
ဲ့ကြော်ငြာရိုက်ဖို့ ညီ မအားသေးတာနဲ့ ကျတော်
အရင်လာတွေ့တာ။သြ ဟိုမှာလာနေပြီ""

တစ်ယောက်ကထိုင်ခုံတောင်မထိုင်ရသေးသူက
ရေအဆင်သင့်ငှဲ့ပေးပြီးသား။
ဓာတ်ပုံတွေထဲမှာပဲ မြင်ဖူးသော
နေကောင်းမြတ်သူသည် အပြင်တွင်ပို၍သန့်ပြန့်
နေသည်မှာ သူများတွေပြောနေကြလို ထိရက်စရာမရှိဆိုတာ အပိုမဟုတ်။ဒါသည်အသည်းကင်ဆာကို အလူးအလဲခံစားခဲ့
ရသူဟုပင် မယုံချင်။

""ညီ ဒါ ဘရဏီ ""

"ဟုတ်ကဲ့။ညီမကအပြင်မှာအများကြီးပိုလှတယ်"

သံတမန်ဆန်သော သူ့အပြောနောက်အပြုံးသည်
လည်းဖြတ်ခနဲလင်းသွား၏။
အောင်မြင်သောဆုတ်ခွာခြင်းဖြစ်ဖို့သူမအလျင်အ
မြန်ဗျူဟာဆွဲရတော့၏

ကားတံခါးအားဝုန်းခနဲဆွဲပိတ်ကာဝင်ထိုင်သော
သူငယ်ချင်းအားမဲ့ပြုံးတစ်ခုနှင့်ကြိုဆိုသူအား
ငယ်သူငယ်ချင်းဆိုသည့်ဝိသေဿရှိနေသေးလို့
သာပေါ့

""နင့် စနိုက်ကျော်ဇာတ်လမ်းဒီမှာတင်ရပ်တော့
နော် ဘရဏီ""

""Garrr စိတ်တိုတယ်။စိတ်တိုတယ်။ငါ့မှာဖြင့်
နေ့လည်စာထမင်းစားဖိတ်လို့ပျော်နေတာ။သူ့ဟာ
လေးက ပြင်ဦးလွင်မှာနေတာဆို ခုဘယ်လိုပြန်
ရောက်လာတာလဲ??"

""Geပြန်ရောက်တာ သုံးရက်လောက်ရှိ
ပြီလေ။Geပြန်မလာလို့လည်းမရဘူး
ဆရာဝန်က လေကောင်းလေသန့်ရတဲ့နေရာမှာ
နေလို့ပြောထားလို့ဟိုမှာသွားနေတာ။ဒါပေမယ့်
ကိုဇက် က အားနေ YGN--ပြင်ဦးလွင် ကို
ခေါက်တုံ့ခေါက်ပြန်သွားနေတာနဲ့ နောက်ဆုံး
Geကပဲစိတ်လျော့ပြီးYGNပြန်လာပေးရ
တာလေ""

""ဘာလဲဟာ။ချောတာတော့ချောပေမယ့် ကိုဇက်
က တကယ်ပဲမိန်းမတွေကို မကြိုက်တာလား??
သူက ယောကျာ်းပဲကြိုက်တာလား?နှမြောတယ်
ကွာ""

""Yah!!""

""ဟ ဖြည်းဖြည်းအော်ပါဟ""

""ယောကျာ်းကြိုက်တာ မဟုတ်ဘူး Ge
ကိုပဲချစ်တာ။ဟိုတခါ Geမရှိတုန်းနင့်လိုပဲစနိုက်
ကျော်ထီးက သူ့သွားကပ်လို့ ဟိုက တရားစွဲမယ်
တောင်လုပ်တာ။နင်နော် နာမည်ကြီးချင်ရင်
တခြားနည်းလုပ်။စနိုက်တော့မကျော်နဲ့""

""ငါ ကနင့်သူငယ်ချင်းအရင်းလေ""

""အေး သူငဟ်ချင်းအရင်းမို့ခုလိုစိတ်ရှည်လက်
ရှည်ရှင်းပြနေတာ မဟုတ်ရင်ကားပေါ်ကကန်ချ
ပြီးပြီ""

""ဘာပြောတယ်။ဘာလဲ နင်က သူငယ်ချင်းထက်
အခြောက်အားပေးလုပ်နေတာလား??""

""သွားဆင်းတော့ ငါ့ကားပေါ်က။ဒီမှာ မဆင်းခင်
ငါပြောတာနားထောင်သွား BLကို အခြောက်လို့
ပြောတာ မြန်မာနိုင်ငံက နင်တို့လို အာပေတူးတွေ
ပဲပြောတာ။Intelမှာဘယ်သူ့မှမပြောဘူး။
ငါပြောမယ်ကိုယ့်အရည်ချင်းနဲ့ကိုယ်ကြိုးစား
ကိုဇက်ကိုစနိုက်ကျော်ဖို့မစဉ်းစားနဲ့။HCတွေထ
ဝုန်းလိုက်လို့ရနေတဲ့နာမည်လေးတောင်ပျောက်
သွားမယ်ဘာမှတ်။ခုတော့်လမ်းလျှောက်ရင်းသေ
ချာစဉ်းစား မြင်အောင်ကြည့်။အမြင်မှာရမှ်ငါ့ဆီ
ဖုန်းဆက်""

တောက်!!!ဝေါခနဲမောင်းထွက်သွားသောပြိုင်
ကားနီနီ။
ပလက်ဖောင်းတခြားတစ်ဖက်ရှိ မှန်တွေကာထား
သော စားသောက်ဆိုင်ထဲတွင် မျက်နှာချင်းဆိုင်
ထိုင်လျက် စကားစမြည်ပြောရင်း နေ့လည်စာ
စားနေကြသောကောင်လေးနှစ်ယောက်။
တစ်ယောက်ကတစ်ယောက်ကိုရေခွက်ကမ်းပေးလိုက်။ဒါကောင်းတယ်ဟု ပြောဟန်ဖြင့်
တစ်ယောက် ပန်းကန်ထဲမှ ဟင်းတွေအားတစ်ယောက်တစ်လှည့်စီထည့်ပေး
လိုက်နှင့်---အေးချမ်းသည်။အိနြေ္ဒိရသည်။အားကျဖွယ်ကောင်းသည်။
နောက်ပြီး ချစ်ဖို့ကောင်း၏။

""ငါ ဟိုမိန်းမကိုဖုန်းခေါ်လိုက်ပါအုံးမယ်လေ""

THE END

Thank You All

ပင်ပန်းနေတဲ့ Readernimsတွေအတွက်
EXTRAလေးရေးပေးချင်တယ်။အမှန်တော့ ကျတော်လည်းcharactersတွေကိုရော
Readernimတွေကိုပါ ချစ်လည်းချစ်သလို
သံယောဇာဉ်လည်းတွယ်နေမိပြီရယ်။မခွဲချင်သေး
ပါဘူး sweet mmလေးတွေနဲ့ Readernimတွေကို ပျော်ရွှင်ကြည်နူးမှုပေး
ချင်ပါသေးတယ်
ဖတ်ကြမလားဟင်???
__________________________________

Ending ကို EXTARများအဆုံးတွင်
Unicode ဖြင့် သီးသန့်ဖော်ပြထားပါ
သည်။
နောက်မှာသက်သက် ရေးပေးထားပါတယ်။ အဆုံးထိကြည့်ကြည့်လိုက်ပါနော် 🙆🙆🙆
__________________________________
















Continue Reading

You'll Also Like

5.6M 467K 73
မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ...
9M 735K 75
B×B(Own Characters) Romance,Drama and other age limited feelings ဒီ​လောကထဲကမတည်​မြဲခြင်းတရား​တွေထဲ မင်းကို​​တော့ဖြင့်​ ထဝရအရှုံး​ပေးထားချင်​မိတယ်
1.5M 90.4K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...