ညီ
By HsuChiKo365
4.5M 305K 7.5K
Boy×Boy(Own Characters) Romance,Drama and other age limited feelings. More
About Story
Epi(1)
Epi2
Epi3
Epi4
Epi5
Epi6
Epi7
Epi8
Epi9
Epi10
Epi11
Epi12
Epi13
Epi13-2
Epi14
Epi15
Epi16
Epi17
Epi18
Epi19
EPI(20) Age warning
Epi21
Epi(22)
Epi(23)
Epi 24
Epi 25
project
Poem
Pain
Epi26
Epi(27)
Epi28
Epi28-1
Ending Part-1
Ending
EXTRA[1]
EXTRA[2]
EXTRA[3]
EXTRA-4
EXTRA-5
ကျေးဇူးတင်လွှာ
New Year Special
Nothing's gonna change
#DafBama2017_EXO
Ending (Unicode)
Extra(Unicode)
Epi29
97.5K 6.9K 204
By HsuChiKo365
အားရင်ဆိုင်နေလျက် ကျတော့်အားအပြုံးအေး
အေးလေးတွေနဲ့ တဖန်ပြန်လည်နှိမ့်သိမ့်ပေးနေ
တတ်သေး၏။
မနက်ခင်းဆရာဝန်ကြီးRoundမလှည့်ခင်ညီိ့ကို
အိပ်ရာနှိုးထားရသည်။ညီကိုအိပ်ရာနှိုးဖို့
ဘယ်တော့မှ မခက်ခဲခဲ့။
နွေးနွေးတို့က ညီိကုတင်ပေါ်ထိ အတင့်ရဲစွာတက်
""ဒီနေ့ဘယ်လိုနေလဲ ညီ""
""နေလို့အဆင်ပြေပါတယ်။ကိုဇက်ကော ညက
အိပ်ပျော်ရဲ့လား??""
""အင်း အိပ်ပျော်တယ်""
ကျတော်တို့နှစ်ယောက်၏နေ့သစ်တစ်ခုအား
စတင်ပုံသည်ရိုးရှင်း၏်။ကျတော်က ညီ့ကို
ကုတင်ပေါ် ကွေးကွေးခေါက်ခေါက်နဲ့အိပ်နေတတ်
သောကျတော့်အား ညီက တဖန်ပူပန်ပေးတတ်
သည်။
ညီနဲ့ပတ်သတ်သမျှ ကိုကျတော်ကိုယ်တိုင်သာ
စီမံဖြစ်၏
ကျတော့်ဘာသာလုပ်လို့ရပါတယ်""
ကျတော်သွားတိုက် မျင်နှာသစ်ပေးချိန်တိုင်းထိုသို့
ငြီးငြီးငြူငြူလေးပြောတတ်သည်။
၏။
""ကျတော်က စီလီကွန်အရုပ်ကြီးလိုဖြစ်နေပြီဲ""
""ကျတော့်ဘာသာလုပ်မယ်""ဟူ၍ငြင်းဆန်နေ
သေး၏
ဝိုက်အားရှိစိမ်းမြမြမွှေးညှင်းတွေပေါ် Creamလိမ်းကျံပေးရင်းKnifeကိုလည်းကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်နေပြီဖြစ်သည်။
""ပြီးပြီ။""
ပေးတော့ ကျတော့်အားငေးကြည့်နေသောညီ~~
ကျတော်သိတယ်။ညီ အနည်းနဲ့အများတော့
ထင်သလောက်မလွယ်တော့မှန်းသူရော ကျတော်ပါသိနေတယ်လေ။
ကုထုံးတစ်ခုပြီးတိုင်း ညိကိုယ်ထဲမှအင်အားတွေ
Pressureတွေ ထိုးကျနေတတ်၍ သွေးပြန်
Nurseတွေအကုန်လုံးက ညီ့အားမချီးကျူးပဲ
မနေနိုင်ကြ။
ပြောပါတယ်။ညီိ့ကို ရန်ခုန်တာကလွဲပြီးတခြား
ဘာမှ မတွေးမိစေဖို့ ကျတော်အမြဲကြိုးစားနေမယ်
ဆိုတာ---
ကျတော့်မေးအောက်ပိုင်း အသက်ရှုမွှေးညှင်း
်ဆောင်နေသူ
တစ်စက္ကန့် ?နှစ်စက္ကန့်လား?? မဟုတ်လောက်တော့ဘူးကျတော့်ရင်ခုန်သံတွေ
သည်ပင် ရာကျော်နေပြီ
""မွှေးတယ်""
ရင်ခုန်ခြင်းမှအပ ကျတော်တခြားမခံစား
တတ်တော့--
""မနေ့က Drကပြောတယ်။ဒီနေ့ရေ
မယ်။သွားမယ် မလား??""
မှကြယ်သီးတွေအားတစ်လုံးချင်းဖြုတ်နေသော ကိုဇက်သည်ကျတော့်အားရှက်နေခွင့်မပေးပါ။
်နေရာမလပ်သွားစေရ။ရေနွေးဝတ်နွေးနွေးဖြင့်ကျတော့်ခန္ဓာကိုယ်အ
တဲ့""
အသင့်ထုတ်ထားသော ဆေးရုံအကျီ င်္အသစ်ကို
""ဘာလို့တဲ့လဲ?""
တဲ့ အဓိပ္ပါယ်""
ကျတော်သဘောတကျခေါင်းညိတ်ပြတော့မှ
စွာပြုံးတော့ ကျတော်ငေးရပြန်ပြီ
ကျတော်အား မြင်ကွင်းထဲမှ ပျောက်သွားမည်ဆိုး
သောညီ ပုံစံက အခုမှအမေအား--မှတ်နေသော ရင်ခွင်ပိုက်လသားကလေးလေးလို--
ဆေးရုံနောက်ကလူလုပ်တောအုပ်ငယ်ဆီ ဖြေး
ဖြေးချင်းနှင့်ကျတော့်အားတွဲလျက်ဖြင့်သာသွား၏
ဒါမျိုးကိုပြောတာလား??
ကျတော့်ချစ်သူ စိတ်ကြီးသလို ချစ်သူအတွက်
စိတ်ကြီးဝင်မိတာက ကျတော်
Cancer ရောဂါခံစားနေရသူတွေအတွက်
Cancerအားအနိုင်ယူနိုင်မည့်နည်းလမ်းပေါင်း
၏ဤိုရပ်ဝန်းအားဆေးရုံနှင့်မတူစေရန်အတတ်နိုင်
ဆုံးဖန်တီးထားသည်။
သဘောကျသည်။
""ညီ ဖိနပ်ချွတ်ရအောင်""
ကျတော့်လက်တွေကို ပုတ်ချလေတော့၏
ွနုန်းချိခွေကျသွားသောကျတော့်စိတ်အစဉ်ကို
ပေး၏။
ကျတော့်လက်ချောင်းတွေကြားမှ ဖောင်းအိအိလက်ချောင်းလေးတွေကို ငုံ့ကြည့်နေ
ရသည့် ထိုအခိုက်အတန့်~~
လိုက်တိုင်း ထွက်ပေါ်လာတတ်တဲ့ ခြေဖမိုးတို့အားခိုးကြည့်နေမိသော ထိုခဏ~~
ကျတော့်လောကသည်အသံဆိတ်လျက် ကြည်နူးခြင်းမီးတိုင်ငယ်တို့ဖြင့်သာလင်းထင်း
တောက်ပနေစေသည်။
ရှည်တောင့်မခံနိုင်။
""လာ--ညီ ဒီမှာခဏထိုင်""
မလွှတ်ဖြစ်သေး
""မောနေပြီလား??အသက်ရှုရတာကော အဆင်
ပြေရဲ့လား?""
လာထိုင်လေ""
ဘေးနားကွက်လပ်လက်နှင့်ပုတ်ပြကာငုံ့ကြည့်
ကာအခေါ်တော်ရှိနေသူအားဒူးထောက်လျက်ပင်မျက်တောင်မခတ်မော်ကြည့်နေရတာကိုကျတော်
သဘောကျသည်။
""မ--မလုပ်နဲ့ ကိုဇက်။ကျတော်ငရဲကြီးလိမ့်မယ်"
ှမဟုတ်တာ။
ကျီဆယ်မှုကြောင့်ရယ်သံလွင်လွင်တစ်ခုဖန်ဆီး
ကကျတော်ဖြစ်နေသောအခါ တေးသီငှက်တို့
စိတ်ကောက်သွားကြ၍့် လေတိုးသံ
ကသာ ကျတော်တို့ကိုအဖော်သဟဲပြုလေ၏
ကျတော့်အား မေတ္တာတရား၏အကြည်ဓာတ်
မဟုတ်ဘူး။
ကံကြမ္မာကိုအပြစ်ဖို့မနေချင်ပေမယ့် ခါတလေ စိတ်နာမိတာတော့တကယ်
"ဒီနေ့ ညနေ တည်းခိုခန်းကိုခဏပြန်ပါလား""
""ဘာလို့လဲညီ??""
ကလည်း ပထမဆုံးRCT(regional chemotherapy treatment)ယူစဉ်ကလည်းကျတော့်အား အလိမ္မာနည်းနဲ့ ပထုတ်ခဲ့ပြီးပြီ
""ဒီနေ့ ဘယ်မှမသွားဘူး။ကို ညီ့နားမှာပဲနေမှာ""
နိုင်ဘူး""
""မေမေ့ရှေ့ ကိုဇက် နဲ့ --ကျတော်မျက်နှာပူလို့""
တစ်နိုင်ငံလုံး မဟုတ်ဘူး ခု Thai မှာရောက်နေ
တော့ Thaiက လူတွေတောင်သိနေတာ""
ကိုဇက်သည် ကျတော့်စကားနားထောင်တတ်ပေ
မယ့် ခါတလေ ပြောရခက်လွန်းလှ၏။နာကျင်ခံစားနေရသည့်ပုံစံအားသူ့အားမမြင်မတွေ့စေချင်။နာကျင်နေတဲ့ကျတော့်ကိုကြည့်နေရတဲ့
သူလည်းနာကျင်ရမှာပဲ။
မိန်းမလှတစ်ယောက်ဆီက သူ့ကိုလုယူခဲ့တာနဲ့တင်ကျတော်တော်တော်လွန်
""ကျတော့်စကားနားထောင်ပါဗျာ။ပြောခဲ့တယ်
မဟုတ်လား??ကျတော်စိတ်ချမ်းသာအောင်ထား
မယ်ဆိုပြီး--""
ထားမှာကိုပြောတာလေ။ဝေးနေရင်--""
သောနှုတ်ခမ်းနုနု။ကျတော်ဆွံ့အသွားစဉ်
""ကျတော့်စကားနားထောင်ပါ ကိုဇက်ရာ""တဲ့
စနစ်ကျင့်သုံးလိုက်သော ကျတော့်ဘဝရဲ့
ပဒေသရာဇ်ငယ်လေး။
""အခန်းပြန်ရအောင်""
အလျစ်အလပ်မရှိစေပဲ ဆက်တိုက်ပြဌာန်း၏
နေသော ကိုဇက်
လက်မခံပါရစေနဲ့
""ကျတော် လမ်းလျှောက်နိုင်ပါသေးတယ်""
""သိတယ်။ခု ကျောမပိုးပဲ ပွေ့ချီသွားရင်ပိုမြင်
မကောင်းဘူးနော်""
ဒါသည် Magicစစ်တုရင်ခုံပေါ်ကမြင်ကွင်းဆိုပါ
က ကျတော့်Kingသည် Knight၏ဓားချက်အောက်စိစိမွမွကြေသွားခန်း
ကြည့်နေတာ ညီမတွေ့ဘူးလား??သူ့ ကလေးကို
ကို့ ကိုတစ်စိမ်းတွေရဲ့ အဆူအပြောခံစေချင်
နေတာလား??""
""ကျတော်မှားတာပါ""
""Z!!take care,my boy""
ထင်တယ်လေအဆောင်ကိုတာဝန်ယူထားရသောNurseကြီးနဲ့ တန်းတိုးလေတော့၏။
တည်းက။ခုဆိုလည်းကျတော်တို့အကြောင်းသိ
သွားကြတော့ အရင်က ရှိခဲ့သောညီနဲ့ကျတော့်ရဲ့
တပုံတပင်စာလွှာပါးကာ ကျတော့်အားချော့တချီ
ကုတင်ပေါ်တင်ပေးထားသော ပန်းစည်းတွေနှင့်
နေ့လည်နေခင်းချိန်တွေဆို ညီကTVကြည့်လေ့
ကျတော့်အား ဘုရားစာရွတ်ခိုင်းနေလေ့ရှိ၏။။နောက်တစ်မျိုးကinternetထဲမှသတင်းအ
""ကိုဇက်!ဒီစာအုပ်ဖတ်ပြ""
မေ့ထားချင်ပုံရပါရဲ့။စာအုပ်ကညီမဖတ်ရသေးတာ
တော့မဟုတ်။ဟိုအပတ်လောက်ကမှ ညီ့အခန်းထဲက စာအုပ်တွေကိုမမချိုပို့ပေး
လိုက်တာ
ခဲ့တာတွေဖြစ်နေတယ်။အနာဂတ်မှာ ဘာတွေဖြစ်
ပေမယ့်ငါတွေးနေတယ်။ငါကြောက်နေတာတွေကို
ဒါဘာလဲ??ညီသိပ်ကိုပြောပြချင်နေတဲ့ စကားတွေလား?? ငြိမ်ငြိမ်လေးနားထောင်နေ
သောညီက
""ဆက်ဖတ်ပြလေ""
တယ်""
သောညီ--
မျက်တောင်တွေစိုလာတာက ကျတော်။ရပ်လိုက်
လို့ မပြောမချင်းကျတော်မရပ်ရဲ။ကျတော်တကယ်သိချင်တယ်။ညီ ပြောချင်နေတဲ့
အရာတွေကို~~
တာကို ငါလိုချင်တယ်
စေချင်ဘူး။""
ကျခဲ့ပြီးပြီလဲ??တွေတွေစီးကျလာသောမျက်ရည်
ထိန်းသိမ်းရင်း---
လက်ဖမိုးပေါ် မျက်နှာအပ်ကာ ကျတော်ငို
ဝမ်းပန်းတနည်းငိုကြွေးနေသော ကျတော့်ကျော
ပြင်ကိုခပ်ဖွဖွပွတ်ပေးရင်း ကျတော့်ခေါင်းပေါ်
ကျလာသောအနမ်းနွေးနွေးနောက်
""အဲ့လိုဖြစ်သွားစေဖို့ ကျတော်မရည်ရွယ်ပါဘူး
ကိုဇက်ရယ်--""
Thank you all
အမှန်တော့ ဆရာတော်ဘုရားရေးထားတဲ့
"သိပ်ပြောချင်တယ် "ဆိုတဲ့အပိုဒ်က
တကယ်အရှည်ကြီးပါ။ပြီးတော့အခုရေးထားတဲ့
စာကြောင်းတွေက အစီစဉ်တကျရှိနေတာမျိုးမ
ဟုတ်ပါဘူး။ကျတော်က လိုအပ်တာလေးတွေကို
ပဲထည့်ရေးထားတာပါ။
(Unicode)
/
/
/
အပိုင်း (၂၉)
နိုးထလာတဲ့ မနက်ခင်းတိုင်းတွင် ညီ့ ကိုပထမဆုံး တွေ့မြင်နေရခြင်းက မင်္ဂလာတစ်ပါး။
ကုထုံးစတင်ပြီးနှစ်ပတ်မြောက်နေ့အသက်နှင့်မလိုက်အောင် တည်တည်ငြိမ်ငြိမ်နှင့်ကိုသေမင်းကို
ရင်ဆိုင်နေလျက် ကျွန်တော့်ကိုဖြင့် အပြုံးအေးအေးလေးတွေနဲ့ တဖန်ပြန်လည်နှိစ်သိမ့်ပေးနေတတ်
သေး၏။
မနက်ခင်းဆရာဝန်ကြီး လာမကြည့်ခင်ညီ့ိကို အိပ်ရာနှိုးထားရသည်။ ညီ့ကိုအိပ်ရာနှိုးဖို့ဘယ်တော့မှ မခက်ခဲခဲ့။
အဖြူရောင်လိုက်ကာတို့ ဆွဲဖွင့်သည့်အခါနေရောင်နွေးနွေးတို့က ညီ့ခုတင်ပေါ်ထိ အတင့်ရဲစွာတက်လာရင်
ညီကမျက်ခွံမို့မို့လေးများဖွင့်လျက် "Morning ကိုဇက်" ဟူ၍ အပြုံးတစ်ခုနှင့်ရွှင်လန်းစွာနိုးထတတ်သည်။
"ဒီနေ့ဘယ်လိုနေလဲ ညီ"
"နေလို့အဆင်ပြေပါတယ်။ ကိုဇက်ကော ညကအိပ်ပျော်ရဲ့လား"
"အင်း အိပ်ပျော်တယ်"
ကျွန်တော်တို့နှစ်ယောက်၏ နေ့သစ်တစ်ခုအား စတင်ပုံသည်ရိုးရှင်း၏။ ကျွန်တော်က ညီ့ကို
စိတ်ပူနေတတ်သလို တစ်ယောက်အိပ်ခေါက်ခုတင်ပေါ် ကွေးကွေးခေါက်ခေါက်နဲ့အိပ်နေတတ်သော
ကျွန်တော့်ကို ညီက တဖန်ပူပန်ပေးတတ်သည်။ ညဖက် ဆေးတိုက်ဖို့ ပိုက်ချိတ်ဖို့Male Nurseတစ်ယောက်
ခေါ်ထားပေမယ့် ကျန်သည့် ညီနဲ့ပတ်သတ်သမျှကို ကျွန်တော်ကိုယ်တိုင်သာ စီမံဖြစ်၏။
"သွားတိုက်တာ မျက်နှာသစ်တာလောက်တော့ ကျွန်တော့်ဘာသာ လုပ်လို့ရပါတယ်"
ကျွန်တော်သွားတိုက်၊ မျက်နှာသစ်ပေးချိန်တိုင်း ထိုသို့ ညည်းညည်းညူညူလေးပြောတတ်သည်။
"ကို လုပ်ပေးချင်လို့ပါ။ မျက်လုံးမှိတ်ထား"
မျက်နှာနုနုကို ရေနွေးနဲ့ပေါင်းထားသော ပုဝါဖြင့်ပွတ်သပ်ပေးရင် ငြိမ်ငြိမ်လေးနေ နေတတ်သေး၏။
"ကျွန်တော်က စီလီကွန်အရုပ်ကြီးလိုဖြစ်နေပြီ"
"ဘယ်စီလီကွန်အရုပ်က ဒါတွေရှိသလဲ"
ခပ်ဟဟရယ်မောရင်း မေးဖျားကိုဆွဲကိုင်ကာ ရှတတဖြစ်စေသော နေရာလေးကို လက်မနဲ့ပွတ်ဆွဲထိတွေ့ရင်း
ပြောတော့ ရှက်ရယ် ရယ်ရင်း
"ကျွန်တော့်ဘာသာလုပ်မယ်" ဟူ၍ငြင်းဆန်နေသေး၏။
"ငြိမ်ငြိမ်နေ ဓားရှမယ်"
အပေါ်နှုတ်ခမ်းအထက်နှင့် အောက်မေးရိုးတစ်ဝိုက်နားရှိ စိမ်းမြမြမွှေးညှင်းတွေပေါ် Creamလိမ်းကျံပေးရင်း
ခုဆို ဓားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်နေပြီဖြစ်သည်။
"ပြီးပြီ"
လက်ကျန်Creamဖွေးဖွေးတွေကိုသုတ်ဖယ်ပေးတော့ ကျွန်တော့်ကို မော့ငေးကြည့်နေသောညီ~~
ကျွန်တော်သိတယ်။
ညီ အနည်းနဲ့အများတော့ အားငယ်နေမယ်ဆိုတာ။ သူလုပ်နိုင်တယ်လို့ပြောတဲ့အရာတွေကို
သူတကယ်လုပ်နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်တော့မှန်းသူရော ကျွန်တော်ပါသိနေတယ်လေ။
ကုထုံးတစ်ခုပြီးတိုင်း ညီ့ ကိုယ်ထဲမှ အင်အားတွေကို သဲ့ယူသွားတတ်တာ။
ရိုးတွင်းခြင်ဆီ၏ စွမ်းဆောင်ရည်ကို နှောင့်နှေးစေတတ်သော RCT ကုထုံးကြောင့် နှစ်ရက်သုံးရက်
လောက်ထိခေါင်းမထောင်နိုင်လောက်အောင် သွေးပေါင်ချိန်တွေ ထိုးကျနေတတ်၍ သွေးပြန်သွင်း
ပေးနေရတာတွေ။ ဒါတောင်ညီက ဘယ်တော့မှ အားယုတ်နေဟန်မပြ၍ ဆရာဝန် Nurseတွေအကုန်လုံးက
ညီ့ကို မချီးကျူးဘဲမနေနိုင်ကြ။
"မှန်း မွှေးလား ကြည့်ရအောင်"
ပြောပါတယ်။ ညီ့ကို ရန်ခုန်တာကလွဲပြီး တခြားဘာမှ မတွေးမိစေဖို့ ကျွန်တော်အမြဲကြိုးစားနေမယ်ဆိုတာ
ကျွန်တော့်မေးအောက်ပိုင်း အသက်ရှုမွှေးညှင်းပေါက်တွေမှတစ်ဆင့်ကာဗွန်ဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့အချို့ကို ဝင်သက်တစ်ခုနဲ့ သယ်ဆောင်နေသူ ။ ဝင်သက်နဲ့ထွက်သက်ကြားအခိုက်အတန့်ကပင်
ဒီနေ့အသက်ရှင် နိုးထလာနိုင်ခြင်းအတွက်ကံကောင်းသည်ဟု တွေးထင်စေ၏။
တစ်စက္ကန့် ၊ နှစ်စက္ကန့်လား၊ မဟုတ်လောက်တော့ဘူး။ ကျွန်တော့်ရင်ခုန်သံတွေသည်ပင် ရာကျော်နေပြီ။
"မွှေးတယ်"
ဖယ်ခွာသွားသည့်တိုင် နားခိုသွားသော အနမ်းလိပ်ပြာ၏ ဝင်သက်တစ်ခုကနွေးကျန်ရစ်ဆဲ
ရင်ခုန်ခြင်းမှအပ ကျွန်တော်တခြားမခံစားတတ်တော့ပါ။
"မနေ့က ဒေါက်တာကပြောတယ်။ ဒီနေ့ရေပတ်တိုက်ချင်တိုက်ထားလို့ရတယ်တဲ့။ ပြီးရင်ဆေးရုံနောက်က
ပန်းခြံထဲလမ်းသွားလျှောက်ကြမယ်။ သွားမယ် မလား"
စကားတပြောပြောနဲ့ ဆေးရုံအကျီမှ ကြယ်သီးတွေအား တစ်လုံးချင်းဖြုတ်နေသော ကိုဇက်သည်ကျွန်တော့်ကို
ရှက်နေခွင့်မပေးပါ။ လည်ပင်း၊ ရင်ဖက်ပိုင်း၊ ဗိုက် ၊ ကျောပြင်နေရာတစ်နေရာမလပ်သွားစေရ။
ရေနွေးဝတ်နွေးနွေးဖြင့် ကျွန်တော့်ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို စိတ်ရှည်လက်ရှည်
ပွတ်သပ်သန့်စင်ပေးနေသည်။ သူ၏ညီအစ်ကိုဆန်သော နွေးထွေးမှုသည် ရင်ခုန်ခြင်းတွင်စိတ်ရိုင်းမဖက်ပဲ
ငြိမ့်ညောင်းစွာဖြင့် မျက်ရည်ဝဲရသည်အထိ ကြည်နူးစေသည်။
"ခုဆို အလုပ်သင်ဆရာဝန်လေးတွေက ကိုယ့်တို့အခန်းကို လာရမှာ ကြောက်တယ်တဲ့"
အသင့်ထုတ်ထားသော ဆေးရုံအကျီ ၤအသစ်ကို ပြန်ဝတ်ပေးကာ ပေါ့ပေါ့ပါးပါးစကားဆိုနေသူ
"ဘာလို့တဲ့လဲ"
အလိုက်သင့်ပြန်မေးခွန်းထုတ်တော့...
"စိတ်ပြောင်းသွားမှာဆိုးလို့တဲ့။ ဟိုနေ့က Nurseက ပြန်ပြောပြနေတာ။ ညီသိလား ကိုပြောတဲ့ အဓိပ္ပါယ်"
ကျွန်တော်သဘောတကျ ခေါင်းညိတ်ပြတော့မှ သူ့စကား-ဟာသရသမြောက်ခြင်းအပေါ်ကျေနပ်စွာပြုံးတော့
ကျွန်တော်ငေးရပြန်ပြီ။
ကျွန်တော့်ကို မြင်ကွင်းထဲမှ ပျောက်သွားမည်ဆိုးသည့်အလား တမေ့တမော မော့ငေးကြည့်နေသောညီ ပုံစံက
အခုမှ အမေ မှတ်နေသော ရင်ခွင်ပိုက်လသားကလေးလေးလို။
Wheel Chair ပေါ် မထိုင်ချင်သော ညီသည် ဆေးရုံနောက်က လူလုပ်တောအုပ်ငယ်ဆီ ကျွန်တော့်ကို
တွဲလျက်ဖြင့်သာ ဖြည်းဖြည်းချင်းသွား၏။ ယောကျာ်းတို့ဇွဲသေခါမှလျှော့မယ်ဆိုတာ ဒါမျိုးကိုပြောတာလား။
ကျွန်တော့်ချစ်သူ စိတ်ကြီးသလို ချစ်သူအတွက်စိတ်ကြီးဝင်မိတာက ကျွန်တော်။
ကင်ဆာရောဂါခံစားနေရသူတွေအတွက် သီးသန့်တည်ထောင်ထားသော ဤဆေးရုံတွင် ကင်ဆာကို
အနိုင်ယူနိုင်မည့် နည်းလမ်းပေါင်းများစွာကို လက်တွေ့အသုံးချလျက်ရှိ၏။
ကုထုံးတွေကြားဝေဒနာကြီးစွာ ခံစားနေရသူတို့၏ ဤရပ်ဝန်းအား ဆေးရုံနှင့်မတူစေရန်အတတ်နိုင်ဆုံး
ဖန်တီးထားသည်။ ဘာသာအလိုက်ဝတ်ပြု ဆုတောင်းခန်းတွေရှိသလို ယောဂလေ့ကျင့်ခန်းတွေလည်း
စီစဉ်ပေးထားသေး၏။ ဒီတောအုပ်ငယ်ကိုတော့ ညီရောကျွန်တော်ပါ သဘောကျသည်။
"ညီ ဖိနပ်ချွတ်ရအောင်"
ခုံတန်းပေါ်အမောဖြေရင်း နေထွက်လာတာကို ငေးကြည့်နေသော ညီ့ရှေ့ဒူးထောက်ကာ ဖော့ဖိနပ်ပါးကို
ချွတ်ပေးတော့ ညီက လက်မခံ။
"နေ...နေ ဒီဖိနပ်တော့ ချွတ်နိုင်သေးပါတယ်ကိုဇက်ရာ"
နှစ်ယောက်သား ခြေဗလာနဲ့တောအုပ်ငယ်၏ မြမြက်စိမ်းခင်း နုနုပေါ်ခြေစလှမ်းစဉ် ပုခုံးနှစ်ဖက်ကိုင်ကာ
ဟန်ချက်ထိန်းပေးနေသော ကျွန်တော့်လက်တွေကို ပုတ်ချလေတော့၏။ နုန်းချိခွေကျသွားသော
ကျွန်တော့်စိတ်အစဉ်ကို အဝီစိတွင်းထဲသို့အဆင်းမခံခဲ့ပါ။
ညာလက်တစ်ဖက်ကို တင်းတင်းယှက်ဖြာဆုပ်ကိုင်လျက် အဖြူစင်ဆုံးအပြုံးတစ်ခုနှင့် အားသစ်သွေးပေး၏။
ကျွန်တော့်လက်ချောင်းတွေကြားမှ ဖောင်းအိအိလက်ချောင်းလေးတွေကို ငုံ့ကြည့်နေရသည့်
ထိုအခိုက်အတန့်၊ ချည်ဘောင်းဘီရှည်ပွပွအောက်မှ ခြေလှမ်းလှမ်းလိုက်တိုင်း ထွက်ပေါ်လာတတ်တဲ့
ညီ့ခြေဖမိုးတို့အား ခိုးကြည့်နေမိသော ထိုခဏ
ဆံပင်တွေမရှိတော့၍ သူတို့အလှကိုပိုမိုလင်းထင်းစွာပြနေသော မျက်တောင်ဖျားစိတ်စိတ်တွေကို
စိုက်ကြည့်နေမိသည့် ဤကာလပိုင်းအခြား ။ ရင်ခုန်ခြင်းအရိပ်အောက်ကျရောက်နေသော
ကျွန်တော့်လောကသည် အသံဆိတ်လျက် ကြည်နူးခြင်း မီးတိုင်ငယ်တို့ဖြင့်သာ လင်းထင်းတောက်ပနေ
စေသည်။ ဆေးရုံခန်းထဲတွင်သာ တစ်လနီးပါးအနေကြာလာသူမို့ ခြေဖဝါးနုနုက မြေသားအထိအတွေ့ကိုကြာ
ရှည်တောင့်မခံနိုင်။
"လာ ညီ ဒီမှာခဏထိုင်"
ဝါရောင်ရေးရေးမျက်နှာပြင်ပေါ် ခိုသီးနေသော ချွေးစက်တွေအား လက်ဖဝါးဖြင့်ပွတ်သပ်ဖယ်ချပေး
ရင်းဆုပ်ကိုင်ထားသော လက်တစ်ဖက်သည်လည်း မလွှတ်ဖြစ်သေး။
"မောနေပြီလား။ အသက်ရှုရတာကော အဆင်ပြေရဲ့လား"
"အင်း နေလို့ကောင်းပါတယ်။ ကိုဇက် လည်းလာထိုင်လေ"
ဘေးနားကွက်လပ်အား လက်နှင့်ပုတ်ပြကာ အခေါ်တော်ရှိနေသူအား ဒူးထောက်လျက်ပင်
မျက်တောင်မခတ် မော်ကြည့်နေရတာကို ကျွန်တော် သဘောကျသည်။ သေးသွယ်နေသော ခြေချင်းဝတ်မှ
ကိုင်ကာ ခြေဖဝါးတွင် ကပ်ညိကျန်နေသော မြေမှုန်အချို့ကို လက်ဖဝါးတို့ဖြင့် ပွတ်ကာသပ်ကာ
ဖယ်ရှားပေးနေသူ။
"မ...မလုပ်နဲ့ ကိုဇက်။ ကျွန်တော်ငရဲကြီးလိမ့်မယ်"
"လမ်းလျှောက်တတ်ခါစတည်းက ကြီးနေတဲ့ငရဲကိုခုမှ ထွေထူးကြောက်မနေနဲ့"
ဟုတ်သားပဲ။ ဒါက ခုမှလုပ်ပေးတဲ့ အပြုအမူမှ မဟုတ်တာ။ ကျီစယ်မှုကြောင့် ရယ်သံလွင်လွင်တစ်ခု
ဖန်ဆီးပြီး တေးဆိုငှက်တို့ကို စိမ်ခေါ်လေ၏။ ဒိုင်သူကြီးက ကျွန်တော်ဖြစ်နေသောအခါ တေးသီငှက်တို့
စိတ်ကောက်သွားကြ၍ လေတိုးသံကသာ ကျွန်တော်တို့ကို အဖော်သဟဲပြုလေ၏။
ဘေးနားထိုင်ကာ ညီ့အား ငေးခွင့်ရသော ဤတခဏကို ထာဝရအဖြစ်ပြောင်းလဲချင်ပါက မည့်သူအား
လာဘ်ထိုးသင့်ပါသနည်း။ မမြဲခြင်းအနိစ္စတရားကို သက်ဝင်ယုံကြည်ပေမယ့် ထိုတရားအသိအား
ဉာဏ်အလင်းပွင့်စေဖို့ညီ့ကို စတေးမထပ်နိုင်ပါ။ ကျွန်တော့်ကိုမေတ္တာတရား၏ အကြည်ဓာတ်သဘောကို
သင်ကြားပြသပေးခဲ့ပြီးပြီလေ။ ဒီလောက်ဆိုရင်ပဲ ညီ့အတွက် လုံလောက်လွန်းမက အတိုင်းထက်လွန်
နေပြီမဟုတ်ဘူး။ ကံကြမ္မာကို အပြစ်ဖို့မနေချင်ပေမယ့် တစ်ခါတလေ စိတ်နာမိတာတော့တကယ်။
"ဒီနေ့ ညနေ ခဏပြန်နားပါလား ကိုဇက်"
"ဘာလို့လဲ ညီ"
အမှန်ကမေးနေစရာကို မလိုပါ။ လွန်ခဲ့တဲ့နှစ်ပတ်ကလည်း ပထမဆုံး RCT(regional chemotherapy
Treatment) ယူစဉ်ကလည်း ကျွန်တော့်ကို အလိမ္မာနည်းနဲ့ ပထုတ်ခဲ့ပြီးပြီ။
"ဒီနေ့ ဘယ်မှမသွားဘူး။ ကို ညီ့နားမှာပဲနေမှာ"
"မေမေ ရှိနေတာပဲ။ ကိုဇက် အိမ်ခဏပြန်ပြီးရေချိုးပြီး တရေးတမောအိပ်လေ ညမှပြန်လာ"
"ရတယ် ကို တစ်နေ့လုံး နေမှာ။ ကို ပြောထားတယ်လေ။ ညီ့ကိုတစ်ယောက်တည်းထားမသွားနိုင်ဘူး"
"မေမေ့ရှေ့ ကိုဇက် နဲ့ ... ကျွန်တော်မျက်နှာပူလို့"
"ဘာရှက်စရာရှိလို့လဲ ညီရယ်။ ကို တို့အကြောင်းတစ်နိုင်ငံလုံး မဟုတ်ဘူး။ ခု ထိုင်း မှာရောက်နေတော့
ထိုင်းက လူတွေ၊ တစ်ဆေးရုံလုံးတောင်သိနေတာ"
ကိုဇက်သည် ကျွန်တော့်စကားနားထောင်တတ်ပေမယ့် တစ်ခါတလေ ပြောရခက်လွန်းလှ၏။
နာကျင်ခံစားနေရသည့်ပုံစံကို သူ့အား မမြင်မတေ့ွ့စေချင်။ နာကျင်နေတဲ့ကျွန်တော့်ကိုကြည့်နေရတဲ့
သူလည်း နာကျင်ရမှာပဲ။သူ့အတွက် မိသားစုတစ်ခုဖန်တီးပေးနိုင်တဲ့ မိန်းမလှတစ်ယောက်ဆီက
သူ့ကိုလုယူခဲ့တာနဲ့တင် ကျွန်တော်တော်တော်လွန်နေပြီကို။
"ကျွန်တော့်စကားနားထောင်ပါဗျာ။ ပြောခဲ့တယ်မဟုတ်လား။ ကျွန်တော့်ကို စိတ်ချမ်းသာအောင်ထားမယ်ဆိုပြီး"
"အေးလေ ညီ့နားနေပြီး စိတ်ချမ်းသာအောင်ထားမှာကို ပြောတာလေ။ ဝေးနေရင်..."
ပါးပြင်ပေါ်လျပ်တပြတ်အနေနဲ့ ကျရောက်လာသောနှုတ်ခမ်းနုနု။ ကျွန်တော်ဆွံ့အသွားစဉ်...
"ကျွန်တော့်စကားနားထောင်ပါ ကိုဇက်ရာ..." တဲ့။
အနမ်းမပီသော အနမ်းတစ်ပွင့်နှင့် ဗီဒိုအာဏာစနစ်ကျင့်သုံးလိုက်သော ကျွန်တော့်ဘဝရဲ့ပဒေသရာဇ်ငယ်လေး။
"အခန်းပြန်ရအောင်"
အာဏာရှင်သည် အမိန့်တော်ပြန်စာတမ်းတို့အား အလျစ်အလပ်မရှိစေဘဲ ဆက်တိုက်ပြဌာန်း၏။
ဒူးတစ်ဖက်ထောက်ကာဖြင့် ကျောကိုဖြန့်ခင်းပေးနေသော ကိုဇက်။ အခွင့်အရေးဆိုတာပေးတိုင်း
မယူသင့်ဆိုသော ဆုံးမသွန်သင်လောကနီတိအခြေခံကို သင်ကြားထားသူတစ်ယောက်အနေနဲ့ ငြင်းဆန်ပါ
ရစေ။ ယောကျာ်းတစ်ယောက်သိက္ခာအတွက်လည်း လက်မခံပါရစေနဲ့။
"ကျွန်တော် လမ်းလျှောက်နိုင်ပါသေးတယ်"
"သိတယ်။ အခု ကျောမပိုးဘဲ ပွေ့ချီသွားရင်ပိုမြင်မကောင်းဘူးနော်"
ဒါသည် မှော်ဝင်စစ်တုရင်ခုံပေါ်က မြင်ကွင်းဆိုပါက ကျွန်တာ့်ဘုရင်နယ်ရုပ်သည် စစ်သူကြီး၏
ဓားချက်အောက် စိစိမွမွကြေသွားခန်းနှင့်အလားသဏ္ဌာန်ဆင်တူ၏။
"လာတုန်းက Nurseကြီးက မျက်စောင်းထိုးကြည့်နေတာ ညီမတွေ့ဘူးလား။ သူ့ ကလေးကိုWheel Chairနဲ့
မခေါ်ရကောင်းလားဆိုပြီး အခုချိန်ဆို အဆောင်မှူးကို သွားတိုင်ပြီးလောက်ပြီ။ က့ို ကိုတစ်စိမ်းတွေရဲ့
အဆူအပြော ခံစေချင်နေတာလား"
"ကျွန်တော်မှားတာပါ"
အချစ်ကဆွံ့အစေသည်ဟူသော အဆိုကိုဖွင့်ဆိုခဲ့သူ ကိုဇက်မမွေးခင်ဆုံးပါးသွား၍သာပေါ့။ ထိုသူသာ
သက်ရှိထင်ရှားရှိသေးပါက သူ့အဆိုကို လူထုရှေ့မှာပင် ပြန်ပြောင်းနိုင်လောက်၏။
ပြန်ရာလမ်းတစ်လျှောက် သူ့ပုခုံးပေါ်တွင်မျက်နှာအပ်ထားရင်း သူ့ကိုယ်သင်းနံ့ကိုသာနှစ်ချို့ဘိန်းစား
တစ်ယောက်လို ပညာသားပါပါ တစ်ချက်ချင်း ရှုသွင်းနေမိသည်။
"Z! be careful, my boy"
ထင်တယ်လေ ။ အဆောင်ကိုတာဝန်ယူထားရသောNurseကြီးနဲ့ တန်းတိုးလေတော့၏။
ညီ့ကိုဆို အကုန်လုံးက ဝိုင်းချစ်ကြတာ ငယ်ငယ်တည်းက။
အခုဆိုလည်း ကျွန်တော်တို့အကြောင်းသိသွားကြတော့ အရင်က ရှိခဲ့သောညီနဲ့ကျွန်တော့်ရဲ့Pageအား
ပြန်ဖွင့်ကြသည်။ ထိုPageမှတစ်ဆင့်နေ့စဉ်နေ့တိုင်း ညီ့အတွက်ဆုတောင်းစာတွေ။ ညီ့ကို ပစ်မသွားဖို့ နဲ့
ဂရုစိုက်ဖို့အကြောင်းတွေ တစ်ပုံတစ်ပင်စာလွှာပါးကာ ကျွန်တော့်အား ချော့တချီ၊ခြောက်တစ်လှည့်နှင့်
သဝဏ်လွှာပို့ကြ၏။
"လက်ဆောင်တွေရောက်နေပြန်ပြီ"
ခုတင်ပေါ်တင်ပေးထားသော ပန်းစည်းတွေနှင့် တခြားလက်ဆောင်တွေ။ ညီ့ကိုချစ်တဲ့ကလေးတွေက
တကူးတကနှင့်ကို ပို့ပေးကြခြင်းဖြစ်သည်။
အဆင်သင့်ဖြစ်နေသော ကင်ဆာကုထုံးအစီအရင်မနက်စာ စားရင်းလက်ဆောင်တစ်ခုချင်းဆီမှ
ဆုတောင်းစာတွေအား ဖွင့်ဖောက်ပေးတိုင်း ညီဟာမျက်ရည်ဝဲနေတတ်သည်။ သို့ပေမယ့် ငိုတော့မငိုပါ။
နေ့လည်နေခင်းချိန်တွေဆို ညီကတီဗီကြည့်လေ့မရှိ။ ဘေးခန်းက ၁၁နှစ်သမီးထိုင်းမလေးကို Chessထိုးနည်း
သင်ပေးတတ်သလို ကလေးမလေး Treatment ယူရသည့်နေ့တွေဆိုလျှင် ကျွန်တော့်ကို ဘုရားစာရွတ်ခိုင်း
နေလေ့ရှိ၏။ နောက်တစ်မျိုးက အင်တာနက်ထဲမှသတင်းအကြောင်းအရာတွေကိုလည်း လက်မလွတ်သွားစေရ။
ဒါမှမဟုတ် သူကြိုက်သောစာအုပ်တွေကို အသံထွက် ဖတ်ခိုင်းတတ်သေးသည်။
"ကိုဇက်! ဒီစာအုပ်ဖတ်ပြ"
ဆရာတော်ဦးဇောတိက၏ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း စာအုပ်ကိုလက်ထဲထည့်ပေးရင်း စာဖတ်ခိုင်းလာသည်။
ဒီညနေအတွက် Treatmentကို သူခဏမေ့ထားချင်ပုံရပါရဲ့။ စာအုပ်က ညီမဖတ်ရသေးတာတော့မဟုတ်။
ဟိုတစ်ပတ်လောက်ကမှ ညီ့အခန်းထဲက စာအုပ်တွေကို မမချိုပို့ပေးလိုက်တာ
"အစက မဖတ်နဲ့တော့။ နောက်ဆုံးက သိပ်ပြောချင်တယ် ဆိုတာပဲဖတ်ပြ"
ကျွန်တော်ထင်တာမမှားပါဘူး။ ဒီစာအုပ်ကိုညီ ဖတ်ပြီးသွားခဲ့ပြီဖြစ်ကြောင်း အစိမ်းရောင် Highlightရှိနေသော
စာကြောင်းတွေက သက်သေပင်။
"ငါအများကြီးတွေးနေတယ်။ ငါကြောက်နေတယ်။ ငါ့ဘဝမှာဖြစ်မယ်လို့ ဘယ်တုန်းကမှ မမျှော်မှန်း
ခဲ့တာတွေဖြစ်နေတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာအုံးမယ်ဆိုတာ မတွေးရဲဘူး။ မတွေးရဲဘူးဆို
ပေမယ့်ငါတွေးနေတယ်။ ငါကြောက်နေတာတွေကိုပဲ ငါတွေးနေတယ်။ ကြောက်စိတ်တစ်မျိုးက ငါ့စိတ်ကို
လွှမ်းမိုးနေတယ်"
ဒါဘာလဲ။ ညီသိပ်ကိုပြောပြချင်နေတဲ့ စကားတွေလား။ ငြိမ်ငြိမ်လေးနားထောင်နေသောညီက
"ဆက်ဖတ်ပြလေ" ဟူ၍ခပ်တိုးတိုးထပ်ပြောလာ၏။
"အခုချိန်ထိ ငါ့ကိုသိပ်သတ္တိကောင်းတယ်၊ စိတ်ခိုင်တယ်လို့ နင်ယုံကြည်မျှော်လင့်နေမှာပဲ။ ငါစိုးရိမ်
နေတာက ငါ့စိတ်ထဲမှာရှိတဲ့အတိုင်း ပြောလိုက်ရင်နင် ငါ့ကို အထင်သေးသွားတော့မယ်လို့စိုးရိမ်နေတယ်"
မျက်လုံးများမှိတ်ကာငြိမ်သက်စွာနားထောင်နေသောညီ။ မျက်တောင်ဖျားတွေ စိုလာတာက ကျွန်တော်။
ရပ်လိုက်လို့ မပြောမချင်းကျွန်တော်မရပ်ရဲ။ ကျွန်တောကိုယ်တိုင်လည်းတကယ်သိချင်တယ်။
ညီ ပြောချင်နေတဲ့အရာတွေကိုပေ့ါ။
"...ပြီးတော့နင် ငါရဲ့နောက်ဆုံးအချိန်ထိ ငါ့နားမှာရှိနေမယ်။ ငါ့ကိုပြစ်ခွါမသွားဘူးဆိုတာကိုငါလိုချင်တယ်။
ငါပြောတာတွေကို နင်စိတ်ပါလက်ပါနဲ့နားထောင်မယ်၊ငါ့ကိုအထင်သေးမသွားဘူး၊ငါ့ကိုလေးစားမှုရှိမယ်၊
ငါ့စိတ်တွေဘယ်လိုပဲ ဂယောက်ဂယက်ဖြစ်နေနေ ငါ့ကိုနားလည်လက်ခံမယ်ဆိုတာကို ငါလိုချင်တယ်။
အရေးကြီးဆုံးအချက် ငါ့ကိုလူသားတစ်ယောက်အနေနဲ့မြင်စေချင်တယ်။
ငါ့ရောဂါကိုမကြည့်ပါနဲ့၊ငါ့ကိုကြည့်ပါ။ သနားစရာလေးလို့ သဘောထားပြီးမကြည့်ပါနဲ့။ မေတ္တာနဲ့လေးစားမှုနဲ့
ကြည့်ပါ။ ငါဟာသေဖို့သိပ်နီးနေတဲ့သူဖြစ်ပေမယ့် ငါအသက်ရှင်နေတုန်းပါပဲ။ နင် ငါ့ကိုအရင်တုန်းကလိုပဲ
နင့်ဘဝထဲမှာ နေရာပေးထားမြဲ ပေးထားစေချင်တယ်။ နင့်ဘဝထဲက ငါ့နေရာမပျောက်သွား
စေချင်ဘူး"
အေးချမ်းမှုနဲ့ငြိမ်သက်နေသူသည် ထိုစာတွေအား ဖတ်နေစဉ်အခါက ဘယ်လိုဘယ်ပုံမျက်ရည်ကျခဲ့ပြီးပြီလဲ။
တွေတွေစီးကျလာသော မျက်ရည်တွေကို သုတ်ဖယ်ရင်းအသံတွေ မတုန်ယင်စေရန်ထိန်းသိမ်းရင်း...
"ငါ့ကိုပွင့်ပွင့်လင်းလင်း ပြောလို့မရဘူးမထင်ပါနဲ့။ အကယ်၍ နင့်မှာငါ့ကြောင့် ဒုက္ခတွေသိပ်များလာ
တယ်ဆိုရင်ပြောပါ။ ငါ့အခြေအနေကို မြင်နေရလို့နင့်မှာ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေဖြစ်တယ်၊
စိတ်မကောင်းဖြစ်နေတယ်ဆိုရင်လည်းပြောပါ"
ဆက်မဖတ်ပြနိုင်တော့တာ ခွင့်လွှတ်ပါ။ ညီ့လက်ဖမိုးပေါ် မျက်နှာအပ်ကာ ကျွန်တော်ငိုမိတော့၏။
ရင့်နင့်စွာ၊ ရှိုက်လျက်ဆိုနင့်စွာ။ ထိုင်နေသောညီ့ခါးကိုဖက်ကာ ညီ့ကိုယ်နွေးနွေးထဲ မျက်နှာဝှက်လျက်
ကလေးတစ်ယောက်လိုဝမ်းပန်းတနည်း ငိုကြွေးနေသော ကျွန်တာ့်ကျောပြင်ကို ခပ်ဖွဖွပွတ်ပေးရင်း
ကျွန်တော့်ခေါင်းပေါ် ကျလာသော ညီ့၏အနမ်းနွေးနွေးနောက်...
"အဲ့လိုဖြစ်သွားစေဖို့ ကျွန်တော်မရည်ရွယ်ပါဘူး ကိုဇက်ရယ်" ဟုလည်း ခပ်တိုးတိုးဆိုသည်။
"ကို ကြောက်နေတယ် ညီ။ ညီ့ကို ဆုံးရှုံးရမှာ သေမတတ်ကြောက်နေတာ"
ဆေးရုံအခန်းရှေ့တွင် Treatmentပေးရန်လာနေကြသော ဆရာဝန် Nurse နှင့်အလုပ်သင်
ဆရာဝန်လေးတို့သည် အခန်းတွင်းက ကောင်လေးနှစ်ယောက်ကို ငေးရင်း...
Continue Reading
You'll Also Like
78.5K 5K 17
✿ ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း ✿ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ညီညီငယ် ထလေကွာ ... ငါတို့ ဟိုးတောင်ပေါ်စခန်း...
1.6M 69K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
282K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 105K 43
Myanmar × BL 24.7.21 - 6.7.22