ညီ
By HsuChiKo365
4.6M 306K 7.5K
Boy×Boy(Own Characters) Romance,Drama and other age limited feelings. More
About Story
Epi(1)
Epi2
Epi3
Epi4
Epi5
Epi6
Epi7
Epi8
Epi9
Epi10
Epi11
Epi12
Epi13
Epi13-2
Epi14
Epi15
Epi16
Epi17
Epi18
Epi19
EPI(20) Age warning
Epi21
Epi(22)
Epi(23)
Epi 25
project
Poem
Pain
Epi26
Epi(27)
Epi28
Epi28-1
Epi29
Ending Part-1
Ending
EXTRA[1]
EXTRA[2]
EXTRA[3]
EXTRA-4
EXTRA-5
ကျေးဇူးတင်လွှာ
New Year Special
Nothing's gonna change
#DafBama2017_EXO
Ending (Unicode)
Extra(Unicode)
Epi 24
74.1K 6.3K 242
By HsuChiKo365
""မဟာ""
လမ်းမကြီးပေါ်သို့ဘယ်ညာမကြည့်ပဲချိုးကွေ့လိုက်
ငြိမ့်ငြိမ့်ညောင်းညောင်းနှင့်ရောက်နိုင်မယ်မဟုတ်
ဆိုတာပြော။မဟာ!!""
ကိုကျတ်ာလန့်သည်။
ကြီးတငင်ငိုကြွေးနေ၏။ဘယ်နေရာမှားသွားလဲ??
ရေရာသောအဖြေမတွေ့။
""မဟာ~~~ဘာဖြစ်လဲပြောမှ ကျတော်ကသိမှာ
ပေါ့။မဟာ~ကျတော့်အိမ်ကပြန်လာပြီးခုလိုရုတ်
တရက်ကြီးထူးဆန်းနေတော့ ကျတော်ဘယ်လို
""Zနားမလည်ပါဘူး။မဟာ့ဆို Z နားမလည်ပါဘူး
မဟာုခုလိုဝမ်းပန်းတနည်းငိုနေတာတောင်ဘာ
ဖြစ်လြို့ဖစ်မှန်းZမသိဘူးမလား?""
ကျတော်ဘာဆက်ပြောရမှန်းပင်မသိတော့။
တယ်။ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Zကိုမဟာ
လက်ထပ်မှာ---""
""မဟာ အခုဘာဖြစ်နေလဲကျတော်သေချာမသိ
တယ်။""
်ယောက်ရဲ့ရှေ့မှာတော့နည်းနည်းလေးပဲဖြစ်ဖြစ် ဟန်ဆောင်သင့်တယ်မဟုတ်ဘူးလား??ဘာလဲ
""ကျတော် တောင်းပန်ပါတယ်။""
""ဆက်မပြောပါနဲ့တော့---""
""အရင်က မာနတွေနဲ့ဆို မဟာ Zကိုပစ်ထားခဲ့
တော့မှာ။ခု--ခု မဟာ ရှင့်ကို လက်မလွှတ်နိုင်ဘူး
""~~~""
""ဟုတ်တယ် မဟာသိတယ်Zသုံးတဲ့SNSတွေထဲ
လဲမဟာသိတယ်Zကိုဆဲဆိုနေတာတွေလည်း
နေရမယ့်လူမဟုတ်ဘူး""
ကျတော်သိတယ်။ကျတော်နဲ့ ညီ့ကို သဘောတူ
ထူနေသူတွေ။ဒါတွေအားကျတော်ရော ညီပါ မသိ
ချင်မမြင်ချင်ယောင်ဆောင်ထားပေမယ့် ကျတော့်သတို့သမီးလောင်းက ခံစားနေလေရဲ့။
""Zကို မဟာကတိပေးတယ်။မဟာ
နဲ့အတူတူနေလို့ Z သိက္ခာမကျစေရဘူးလို့မဟာ
ကတိပေးပါတယ်နော်။Zလည်းမဟာနဲ့ဘဝတစ်
ခုတည်ဆောက်ချင်တယ်ဆို ရင် Zဘဝကိုယိမ်းယိုင်စေမယ့်အတိတ်ဟောင်းတွေကို
တူးထုတ်လိုက်ပါတူးထုတ်ထားတဲ့နေရာတွေမှာလူတိုင်းအားကျရတဲ့ မိသားစုတစ်ခုကို မဟာ
ဖြည့်ဆည်းပေးပါ့မယ်ဒီစကားဘယ်အတိုင်းအတာထိရောက်သွားလဲဆိုတာယောကျာ်းတစ်ယောက်
ဖြစ်တဲ့မောင်က ပိုသိမှာပါ""
ကျတော်ညီ့ကိုချစ်တယ်ဆိုတာဟုတ်တယ်။
ုကြောင့်မဟုတ်ဘူး။ဒါကျတော့်ကိုမဟာစော်ကားနေသလိုပဲ။အခုမဟာပြောနေတာတွေကဆဲံနေရတာထက်
ဆိုးတာရောမဟာသိလား?ကျတော့်နဲ့ညီရဲ့သိက္ခာတွေရောမဟာ
""အခုမောင့်ကို သိက္ခာချနေတာမဟုတ်ပါဘူး
မောင့်ကို ချစ်မိသွားတဲ့မဟာ့ရဲ့ မာနခဝါချခန်းပါ
မောင့်ရှေ့ခဝါချပြပြီး မောင်သိက္ခာကိုဆယ်ယူဖို့
ကြိုးစားနေတာပါ။မောင့်ကို အရာရာထက်ပိုချစ်မိ
သွားလို့ပါ""
အမျိုးသမီးတွေရဲ့မွေးရာလူကဲခတ်ကျွမ်းကျင်မှု
က ကျတော့်ကိုအသံပျောက်ဆုံးစေသည်။
တဆက်တည်းတွေးမိတာက လွန်ခဲ့သော ၅နှစ်
ကျော်တည်းက မမချိုသည်လည်းကျတော့်ကို
ရိပ်မိခဲ့သည်လား??ဒါဆို လူကဲခတ်ကျွမ်းကျင်
လွန်းပါသော ညီကရော??
""မောင်ခုချိန် လွယ်လွယ်နဲ့ မေ့လို့မရသေး
လည်းမဟာသိတယ်။ဒါပေမယ့် ဖြည်းဖြည်းချင်း
ကြိုးစားကြည့်ပါ။မောင် တဖြည်းဖြည်းချင်းသူ
တာညီ့ခေါ်နေခံနေရသောနာမ်စားတစ်ခုဖြစ်နေလို့များလား??
ညီ!!ကိုယ့်နားရှိနေရင် ယောကျာ်းချင်းချင်းတောင်
ကျတော်တို့နှစ်ယောက်ပုံတွေ Facebookမှာ
ပလူပြန်နေ၍ ညီက သူ့accကိုတောင်
်deactivateတောင်လုပ်ထားတာညီရှက်လို့
များလား??
ကျတော်ရဲ့ချစ်ခြင်းက ညီ့ကိုနှစ်နေသလိုများဖြစ်
နေပြီလား??
ကာထွေးပွေ့ပေးရင်းကျတော်ကတိမပေးနိုင်၍အကူအညီတောင်းရတော့၏
""ကျတော့်ကို သူ့ဆီကနေရတဲ့နည်းနဲ့ဆွဲခေါ်ပေး
ပါ""
ညီ~~
Thank you all
Coming epi >>Tomorrow
(Unicode)
/
/
/
အပိုင်း(၂၄)
"မဟာ"
လမ်းမကြီးပေါ်သို့ ဘယ်ညာမကြည့်ဘဲ ချိုးကွေ့လိုက်သော သူမ ကားမောင်းပုံအရ တမလွန်ကိုတောင်
ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် ရောက်နိုင်မည်မဟုတ်။
"မဟာ ကားကိုအရှိန်လျှော့လိုက်။ ဘာဖြစ်နေလဲဆိုတာပြော။ မဟာ!"
မျက်ရည်တွေအိုင်ထွန်းသော သူမ၏အမြင်အာရုံကို ကျွန်တော်လန့်သည်။
"မဟာရပ်လိုက်။ ကြာရင် တိုက်မိကုန်တော့မယ်"
ပြောလို့မရသည့်အဆုံး စတီယာကိုကိုင်ကာ လမ်းဘေးသို့သာ အတင်းဆွဲချလိုက်ရ၏။ ဘရိတ်ကို
သတိကြီးစွာ ဖိနင်းလိုက်လို့သာ ရှေ့ကသစ်ပင်နဲ့မတိုက်မိတာ။ တုန်ယင်နေသော မဟာ့လက်များကို
ဆုပ်ကိုင်အားပေးရန် ကြိုးစားကြည့်သော်လည်း မအောင်မြင်လိုက်။ အတင်းရုန်းဖယ်ထုတ်ကာ မျက်နှာကို
လက်နှင့်အုပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေ၏။ ဘယ်နေရာမှားသွားလဲ။ ဖြစ်စဉ်အစအဆုံးအား
စဉ်းစားကြည့်သော်လည်း ရေရာသော အဖြေမတွေ့။
"မဟာ...ဘာဖြစ်လဲပြောမှ ကျွန်တော်ကသိမှာပေါ့။ မဟာ...ကျွန်တော့်အိမ်ကပြန်လာပြီး အခုလို ရုတ်တရက်ကြီး
ထူးဆန်းနေတော့ ကျွန်တော်ဘယ်လို နားလည်ရမှန်း မသိတော့ဘူး"
"ဇက်နားမလည်ပါဘူး။ မဟာ့ဆို ဇက် နားမလည်ပါဘူး...မဟာ ခုလိုဝမ်းပန်းတနည်းငိုနေတာတောင်
ဘာဖြစ်လို့ဖြစ်မှန်း ဇက်မသိဘူးမလား"
ဘာဖြစ်လို့ဖြစ်မှန်းမသိတာက အပြစ်လား။ ကျွန်တော်ဘာဆက်ပြောရမှန်းပင်မသိတော့။
"မဟာ...မဟာ တကယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့ဘူး။ ဇက်...မဟာ့ကိုမချစ်မှန်းသိတယ်။ ဒါပေမဲ့
ဘယ်လိုပဲဖြစ်ဖြစ် ဇက်ကိုမဟာလက်ထပ်မှာ..."
"မဟာ အခုဘာဖြစ်နေလဲ ကျွန်တော်သေချာမသိပေမယ့် ညီ့ကြောင့်ဆိုရင်တော့ တောင်းပန်ပါတယ်"
"ညီ ! ညီ ဘယ်အချိန်ထိလဲ...မဟာ့ကိုနည်းနည်းလေးတောင်အားမနာဘူးလား ၊ ဟင်
ကိုယ်လက်ထပ်မယ်လို့ ရည်ရွယ်ထားတဲ့ မိန်းမတစ်ယောက်ရဲ့ ရှေ့မှာတော့ နည်းနည်းလေးပဲဖြစ်ဖြစ်
ဟန်ဆောင်သင့်တယ် မဟုတ်ဘူးလား။ ဘာလဲ ခုမဟာ့စိတ်ကိုစမ်းသပ်နေတာလား"
"ကျွန်တော် တောင်းပန်ပါတယ်"
"ဆက်မပြောပါနဲ့တော့"
ပိုးပိုးပေါက်ပေါက်နဲ့ကို ရွာသွန်းကျနေသော မျက်ရည်စက်တွေ။ သက်ပြင်းတစ်ချက်ချပြီး ထွေးပွေ့ထားတော့
ရှိုက်ကြီးတငင်ငိုရှိုက်လျက်။
"အရင်က မာနတွေနဲ့ဆို မဟာ ဇက်ကိုပစ်ထားခဲ့တော့မှာ။ ခု...အခု မဟာ ရှင့်ကို လက်မလွှတ်နိုင်ဘူး
ဖြစ်နေတယ်။ မဟာ လက်လွှတ်လိုက်တာနဲ့ သူများသတွေးခွက်ထဲ ရှင့်ဘဝကြီးမျောသွားမှာ...မဟာ
သိနေလို့ ၊ ရှင့်ကို အဲ့လိုဘဝမျိုးနဲ့မမြင်ချင်ဘူး"
"မဟာ..."
"ဟုတ်တယ် မဟာသိတယ် ၊ ဇက်သုံးတဲ့ SNSတွေထဲ ဝင်ကြည့်တယ်။ ဘယ်သူတွေ ဘာတွေပြောနေကြ
တယ်ဆိုတာလည်း မဟာသိတယ်။ ဇက်ကိုဆဲဆိုနေတာတွေလည်း မဟာ မခံနိုင်ဘူး။ မဟာချစ်ခဲ့တဲ့လူက
အဲ့လို ပညာဆင်ခြင်တုံတရားမရှိသူတွေရဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာတွေကို ခံနေရမယ့်လူမဟုတ်ဘူး"
ကျွန်တော်သိတယ်။ ကျွန်တော်နဲ့ ညီ့ကို သဘောတူကြည်ဖြူနေကြသူတွေရှိသလို မိဘအသိုင်းအဝိုင်း
ဂုဏ်တွေကို မထောက်။ ပြီးတော့... ယောကျာ်းဆိုတဲ့ ဖြစ်တည်မှုနောက်က ကန့်သတ်ချက်တွေကြားမှ
ထွက်လာသော ရုတ်ရင်းကြမ်းတမ်းသော Commentတွေနဲ့ ယောကျာ်းတံခွန်အောင်လံထူနေသူတွေ။
ဒါတွေအားကျွန်တော်ရော ညီပါ မသိချင်မမြင်ချင်ယောင်ဆောင်ထားပေမယ့် ကျွန်တော့်သတို့သမီးလောင်းက
ခံစားနေလေရဲ့။
"ဇက်ကို မဟာကတိပေးတယ်။ မဟာနဲ့အတူတူနေလို့ ဇက် သိက္ခာမကျစေရဘူးလို့ မဟာကတိပေးပါ
တယ်နော်။ ဇက်လည်းမဟာနဲ့ ဘဝတစ်ခုတည်ဆောက်ချင်တယ်ဆို ရင် ဇက်ဘဝကိုယိမ်းယိုင်စေမယ့်
အတိတ်ဟောင်းတွေကို တူးထုတ်လိုက်ပါ။ တူးထုတ်ထားတဲ့နေရာတွေမှာ လူတိုင်းအားကျရတဲ့
မိသားစုတစ်ခုကို မဟာ ပြန်ဖြည့်ပေးပါ့မယ်။ ရုန်းထွက်လာခဲ့ပါ။ လိုတာတွေကိုသာ တောင်းဆိုလိုက်
ဘာမဆိုဖြည့်ဆည်းပေးပါ့မယ်။ ဒီစကား ဘယ်အတိုင်းအတာထိရောက်သွားလဲဆိုတာယောကျာ်းတစ်ယောက်
ဖြစ်တဲ့ဇက် ပိုသိမှာပါ"
"ဘာလို့ဒီလိုစကားတွေပြောနေတာလဲ မဟာ၊ ကျွန်တော်ညီ့ကို ချစ်တယ်ဆိုတာ ဟုတ်တယ်။ယောကျာ်းလေး
တစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာ ခုမဟာထင်နေသလိုသာယာမှုတစ်ခုကြောင့် မဟုတ်ဘူး။
ဒါကျွန်တော့်ကို မဟာစော်ကားနေသလိုပဲ။ အခုမဟာပြောနေတာတွေက ဆဲနေရတာထက် ဆိုးတာရော
မဟာသိလား။ ကျွန်တော့်နဲ့ညီရဲ့သိက္ခာတွေရော မဟာ ထည့်မစဉ်းစားတော့ဘူးလား"
"အခုဇက်ကို သိက္ခာချနေတာ မဟုတ်ပါဘူး။ ဇက်ကို ချစ်မိသွားတဲ့မဟာ့ရဲ့ မာနခဝါချခန်းပါ ။
မိန်းမတစ်ယောက်ရဲ့ မာနကိုရော သိက္ခာကိုပါ ဇက်ရှေ့ခဝါချပြပြီး ဇက်သိက္ခာကို ဆယ်ယူဖို့ ကြိုးစား
နေတာပါ။ ဇက်ကို အရာရာထက်ပိုချစ်မိသွားလို့ပါ"
အမျိုးသမီးတွေ၏ မွေးရာပါ လူကဲခတ်ကျွမ်းကျင်မှုက ကျွန်တော့်ကို အသံပျောက်ဆုံးစေသည်။
တစ်ဆက်တည်း တွေးမိတာက လွန်ခဲ့သော ၅နှစ်ကျော်တည်းက မမချိုသည်လည်းကျွန်တော့်ကို
ရိပ်မိခဲ့သည်လား ။ ဒါဆို လူကဲခတ်ကျွမ်းကျင်လွန်းပါသော ညီကရော။
"ဇက်ခုချိန် လွယ်လွယ်နဲ့ မေ့လို့မရသေးမှန်း သူ့ကို တွယ်တာနေသေးမယ်ဆိုတာလည်း မဟာသိတယ်။
ဒါပေမဲ့ ဖြည်းဖြည်းချင်း ကြိုးစားကြည့်ပါ။ ဇက် တဖြည်းဖြည်းချင်းသူနားက ထွက်ခဲ့ပြီး မဟာ့ဆီကိုလာခဲ့ပါ။
မဟာစောင့်နိုင်တယ်။ စိတ်ရှည်ရှည်နဲ့ကို စောင့်နေပေးပ့ါမယ်...မောင်ကလည်း ကြိုးစားပေးပါနော်"
ရုတ်တရက်မို့ "မောင်" ဟူသော အသုံးအနှုန်းကို အသားမကျသေးပေမယ့်လို့ နားထဲမစိမ်းနေတာ
ညီအခေါ်နေခံနေရသော နာမ်စားတစ်ခုဖြစ်နေလို့များလား။
ညီ! ကိုယ့်နားရှိနေရင် ယောကျာ်းအချင်းချင်းတောင် အထင်သေးခံနေရမယ့်အစား ဟုတ်ပါတယ်။
ကိုယ်တို့ ဘဝတစ်ခုဆီနဲ့ ရှင်သန်သင့်နေပြီထင်ပါရဲ့။
IG postတွေကနေ shareယူချနေသောကျွန်တော်တို့နှစ်ယောက်ပုံတွေ Facebookမှာ ပလူပြန်နေ၍ ညီက
သူ့account ကိုတောင် ဖျက်ထားတာ ညီရှက်လို့များလား။ ကျွန်တော်ရဲ့ချစ်ခြင်းက ညီ့ကိုနှစ်နေသလိုများ
ဖြစ်နေပြီလား။ ရင်ခွင်ထဲရှိနေသေးသော သူမအား ပိုမိုအားထည့်ကာ ထွေးပွေ့ပေးရင်း ကျွန်တော်ကတိ
မပေးနိုင်၍ အကူအညီသာတောင်းရတော့၏။
"ကျွန်တော့်ကို သူ့ဆီကနေရတဲ့နည်းနဲ့ဆွဲခေါ်ပေးပါ"
အခုချိန်မျက်တောင်တွေကို အောက်မချရဲဘူး။ ဘာလို့ဆို ယောကျာ်းတစ်ယောက်အတွက် မျက်ရည်
မကျမိအောင် ခုတည်းက လေ့ကျင့်ရတော့မယ်။
နောင်ဘဝ ဒီလိုပုံစံမျိုးနဲ့ထပ်မတွေ့ပါရစေနဲ့တော့...ညီ
Continue Reading
You'll Also Like
78.7K 5K 17
✿ ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း ✿ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ညီညီငယ် ထလေကွာ ... ငါတို့ ဟိုးတောင်ပေါ်စခန်း...
24.2K 531 4
Zawgyi + Uni code ချာတိတ်မင့်လေး...ကိုယ့်ကိုတော်တော် ပြုစားနိုင်တယ်သိလား။ ချာတိတ်...ချာတိတ် မင့်ဂေးမဟုတ်ဘူးပြောပေမဲ့ ကိုယ်ဂေးခဲ့ရတာချာတိတ်ကြောင့်ဘဲ ခ...
222K 14.7K 53
Cover by _ nong_thelea ❤ ရှင်း မင်းသူထက် သီဟ
427K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...