//ဘာရယ်နဲ့လက်ရှိ အတူတူနေတဲ့
ငါ့သူငယ်ချင်း……ဟက် ဘာဖြစ်တယ် သူငယ်ချင်း//
အိမ်ပေါ်ထပ်အခန်းထဲသို့ ဘယ်လိုဘယ်လို
ရောက်လာမိမှန်းပင်မသိပဲ Sehunမှာ အခန်းထဲ
ခေါက်တုံ့ခေါက်ပြန်လျှောက်လို့ ဒေါသတွေ
ွထွက်နေရသည်
တမင်ဖုံးကွယ်ထားတာမဟုတ်ပေမဲ့လဲ
တရေးတယူမကြေညာဖြစ်ခဲ့သည့်
ရင်းနှီးသောသူငယ်ချင်းတချို့သာသိထားသည့်
သူတို့နှစ်ယောက်အိမ်ထောင်ရေးကိုWu Yi Fan
ဆိုသူမသိသည်အား Sehunနားလည်ပါသည်
သို့သော် Luhanအနေဖြင့် ဒီလိုအခြေအနေမျိုး
ရောက်လာပြီဆိုလျှင်ထိုWu Yi Fan
သိအောင်ပြောပြဖို့ရာတာဝန်ရှိသည်
်မထင်ဘူးလား??
Sehunက သူတရားဝင်လက်ထပ်ယူထားသည့်
သူ့ယောက်ျား သူ့အိမ်ထောင်ဖက်လေ
သူချစ်ချစ်မချစ်ချစ် Sehunက ခုချိန်မှာသူ့
လက်တွဲဖော်လေ
//အားး Luhan တွေးလေ ဒေါသထွက်လေ ဘာအချိုးလဲအဲ့တာက//
အခန်းထဲတွင်ချိတ်ဆွဲထားသည့် မင်္ဂလာဆောင်
ဓာတ်ပုံကိုလက်ညှိးထိုးလို့ Sehunရန်တွေ့စကား
ပင်ပြောနေမိသည်
ဓာတ်ပုံထဲမှပြုံးနေသည့်Luhanကြောင့်
//မပြုံးနဲ့ အရူးကောင်//
ထိုဓာတ်ပုံအား Sehun ခေါင်းအုံးနှင့်ပစ်ပေါက်
လိုက်လေတော့သည်
~~••…••~~
အိမ်ပေါ်ထပ်ဆီမှအုန်းဒိုင်းခွမ်းကြားနေရသည့်
အသံများကြောင့်Yi Fanက အပေါ်ထပ်ဆီသို့
ခဏခဏအကြည့်ရောက်သည်
//Fan Fan ဘယ်ကြည့်နေတာလဲ//
//အာ…ဘာမှမဟုတ်ပါဘူး ဆက်ပြော ငါနားထောင်နေတယ်//
Luhanကတော့ အပေါ်ထပ်မှအသံများကိုဂရု
မထားသည့်အလား ခေါင်းကိုညိမ့်ပြပြီး ပြော
လက်စကိုဆက်ရှင်းနေသည်
professorသည်စာတမ်းတစောင်ပြင်ဆင်ရန်
်အတွက် Yi Fanနှင့်Luhanကိုအကူအညီ
ီတောင်းထားခြင်းကြောင့် ဒီရက်ပိုင်းအတွင်း
သူတို့နှစ်ယောက် တပူးပူးတတွဲတွဲရှိနေရခြင်း
ဖြစ်သည် စာတမ်းအတွက်အပြီးသတ်ဖို့အချိန်
နီးလာသဖြင့် ကျောင်းပိတ်ရက်ဆိုသော်ငြားလဲ
Luhan့အိမ်ဘက် Yi Fanလှည့်မိခြင်းဖြစ်ပါသည်
//Lu…မင်းသူငယ်ချင်းဘာဖြစ်နေလဲမသိဘူး
တချက်လောက်အပေါ်ကိုတက်သွားကြည့်
ပါလား//
Yi Fanစကားကြောင့် Luhanက အပေါ်ထပ်သို့
တချက်လှမ်းကြည့်သည် ထို့နောက်ဘာမှမဖြစ်
သလို လျှောကျနေသည့်မျက်မှန်အားပင့်တင်ရင်း
//ရပါတယ် သွားကြည့်စရာမလိုဘူး
သူ့ချစ်သူနဲ့ဖုန်းပြောရင်းအဆင်မပြေလို့
ို့နေမှာပေါ့//
//အော် သူ့မှာချစ်သူရှိတယ်လား//
//အင်း……//
Yi Fanဆီမှမေးခွန်းများထပ်ထွက်မလာခင်
စားပွဲပေါ်မှစာရွက်ပေါင်းများစွာကိုဆွဲယူရင်း
Yi Fan့အာရုံကိုစာတမ်းဆီရောက်အောင်ပြောင်း
ရသည်
နာရီဝက်လောက်ကြာသည့်အခါ ဆွေးနွေး
တိုင်ပင်စရာများလဲကုန်လုနီးပါးဖြစ်နေပြီ
Yi Fanက ညောင်းညာသည့်ပုံဖြင့် ခါးကိုဆန့်
ထိုင်ပြီး အကြောဆန့်သည်
//FanFan coffeeသောက်ဦးမလား//
//Luဖျော်ပေးမလို့လား//
//အေး……//
သူတို့နှစ်ယောက် စာလုပ်နေသည့်နေရာသည်
မီးဖိုချောင်ထဲမှထမင်းစားပွဲတွင်ဖြစ်သဖြင့် Luhanအလွယ်တကူပင်ထလိုက်ပြီး နံရံကပ်
ဗီဒိုဆီသို့လျှောက်သွားလိုက်သည်
ဗီဒိုကိုဖွင့်ကာမှ Luhan အကြံအိုက်ရပါသည်
စိတ်ညစ်ပတ်ကြီးOh Sehunက coffeeတွေ
အများကြီးမသောက်ရဆိုကာ coffeeပုလင်းကို
ဗီဒိုဟိုးအပေါ်ဆုံးထပ်တွင် တင်ထားသည်
//ကောင်စုတ်ကြီး လောရှည်ကြီး အချေကောင်ကြီး……//
Yi Fanမကြားအောင် နှုတ်မှခပ်တိုးတိုးလေး
မေတ္တာပို့ရင်း coffee ပုလင်းကိုခြေဖျားထောက်
လျက် လှမ်းယူရသည်
သို့သော် ဗီဒိုမြင့်လွန်းနေသည်ကိုပဲ အပြစ်တင်
ရလေမလား??
အရပ်ကလေးမဆိုသလောက် ပုရသည်ကိုပဲ
စာဖွဲ့ရလေမလား??မသိ
ခြေဖျားထောက်ယူသည့်တိုင် လက်က မမှီနိုင်ချေ
//ဘယ့်နှယ့်ကြောင့် အဲ့လောက်တောင်မြင့်ရ
တာလဲကွားး//
မရသည့်အဆုံး ရှေ့မျက်နှာနောက်ထားကာ
Yi Fanကိုယူပေးရန်အကူအညီတောင်းဖို့ပြင်
ရသည်
ထိုအချိန် တိုက်တိုက်ဆိုင်ဆိုင် နောက်နားသို့
လူတစ်ယောက်ကပ်လာသည်ကိုခံစားမိပြီး
Luhan့ပခုံးပေါ်မှကျော်လို့ အမြင့်ဆုံးထပ်မှာရှိ
သည့် coffeeပုလင်းကိုလှမ်းယူပေးလေသည်
//အာ……ကျေးဇူးပဲကွာ Fan……Fan//
အလိုက်တသိထယူပေးသည့် YiFanကိုကျေးဇူး
တင်စကားပြောရန် အလှည့်
ရင်းရင်းနှီးနှီးကိုယ်ငွေ့ကိုအရင်ခံစားမိသည်
မဖြစ်နိုင်ဟုမှတ်ရင်း မော့ကြည့်လိုက်ကာမှ
ကျုံ့ထားသည့်မျက်မှောင်ကြီးက ထင်းထင်းကြီး
//အမလေး………Sese…Sehun//
အထိတ်ထိတ်အပြာပြာဖြင့် နောက်သို့ဆုတ်
လိုက်သော်လည်း ခြေတလှမ်းပင်နောက်ကို
မရောက်လိုက်ပဲ ခါးတဝိုက်အားလှမ်းဆွဲဖက်
လိုက်သောကြောင့် လူတကိုယ်လုံးSehunနား
စွေ့ကနဲပြန်ရောက်သွားပြန်သည်
//လန့်စရာလား ငါကသရဲရုပ်ပေါက်နေလို့လား//
//အေး……//
//ဘာာာ!!!!//
အော်သံကြီးကိုလျစ်လျူရှုလို့ Sehunရင်ဘတ်ကို
အသာတွန်းလိုက်သည်
ထမင်းစားပွဲကခုံတွင် Yi Fanက ထိုင်လျက်သား
ဖြင့် သူတို့နှစ်ယောက်ဖြစ်ပုံကို တအံ့တသြ
ကြည့်နေရှာသည်
မျက်စိရှေ့ဝယ် မီးဖိုခန်းထဲ Love sceneရိုက်နေ
သည် ထင်နေမလားမသိ
Luhanမျက်နှာနီရဲလို့ပင် တက်လာပြီထင်သည်
Sehunကခုချိန်ထိ Luhan့ခါးကိုဖက်ထားသည်
အားမလွှတ်သေး
အားဖြင့်တွန်းထုတ်တော့မှသာ နောက်သို့နည်း
နည်းဆုတ်သွားသည်
အခွင့်အရေးကိုအပြည့်အဝအသုံးချလို့Sehun
နားမှနေ ခပ်လှမ်းလှမ်းကိုအမြန်ရွှေ့လိုက်
်လေသည်
//အဟမ်း……မင်းကငါ့နောက်ကိုရုတ်တရတ်ကြီး
ရောက်လာတာကိုကွ…ငါလန့်သွားတာပေါ့
မင်းအပေါ်ထပ်မှာရှိနေမယ် ထင်တာလေ//
စကား တပြောပြောနှင့်Yi Fanနှင့်
့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်လေသည်
Yi Fanအတွက် Coffeeဖျော်ပေးမည်ဟု ပြော
ထားသည်အားသိပေမဲ့ ခုချိန်Coffeeထဖျော်လျှင်
တခုခုကျကွဲမှာသေချာသည်
မြန်ဆန်နေသည့်ရင်ခုန်နှုန်းများသည် မူမမှန်သေး
နောက်ပြီးSehunလက်ထဲရှိ coffeeပုလင်းကိုလဲ
Luhanသွားမယူရဲ……
//မင်း coffeeပုလင်းကိုခြေဖျားထောက်ပြီး
ခုန်ဆွခုန်ဆွယူနေတည်းက ငါရောက်နေတာ//
ခုန်ဆွခုန်ဆွ ဆိုသည့်စကားကြောင့် ယောက်ျား
ဆန်ဆန်မျက်စောင်းကြီးကြီးတချက်က Sehun
ဆီတည့်တည့်ကြီးသွားစိုက်သည်
Sehunက ပခုံးတွန့်ကာရယ်မြဲတိုင်းရယ်လို့
//coffeeဖျော်မလို့မလား ?? ငါဖျော်ပေး
မယ်လေ Yi Fanအတွက်ပါဖျော်လိုက်မယ်//
//အာ…ဟုတ်ကဲ့ ကျေးဇူးပါပဲခင်ဗျ//
//ယဉ်ယဉ်ကျေးကျေးပြောစရာမလိုပါဘူး
Luhan့သူငယ်ချင်းဆို ကျနော့်သူငယ်ချင်းပဲပေါ့
ပုံမှန်သာပြောပါ//
Sehunစကားအဆုံးတွင် Yi Fanသည် ခေါင်းညိမ့်လျက်ပြုံးပြသည်
Luhanကတော့ စားပွဲပေါ်ရှိရှုပ်ပွနေသော စာရွက်စာတမ်းများကိုစနစ်တကျ ပြန်စီနေ
လေသည်
//Wu Yi Fan??တရုတ်လူမျိုးများလား//
//ဟုတ်တယ် ကျနော်……အင်း ! ငါက
ဒီနှစ်မှbeijingကနေကျောင်းပြောင်းလာတာပါ//
//Oh!! ချစ်လဲ တရုတ်သွေးပါတာပဲနော့//
ဘယ်သူ့ကိုပြောလိုက်မှန်းမသိသော စကားမှာ
Luhanကြောင်တောင်တောင်နှင့်လှည့်ကြည့်
သည်
မတရားကြီးချိုနေသောအပြုံးဖြင့် Oh Sehun
သည် Luhan့ကိုမျက်စိတဖက်ပင်မှိတ်ပြလိုက်
သေး၏……
အလန့်တကြားရှေ့ပြန်လှည့်မိမှ သာ၍ဆိုးတော့သည်
Yi Fanကဘာကြောင့်ရယ်မသိ စူးစူးစမ်းစမ်း
ကြည့်လေသည် ထို့နောက် ပြုံးလေသည်
//Yi Fan ရော့ ငါအကောင်းဆုံးဖျော်ထားပေး
တဲ့coffee…အာ Luကတော့ orange juiceပဲ
သောက် coffeeမသောက်ရဘူး//
ခပ်တည်တည်ပင်Luhan့ဘေးနားဝင်ထိုင်လိုက်
ရင်း Yi Fan့ရှေ့coffeeခွက်ကိုချပေးသည်
//Sehun_ah နေကောင်းလား//
//ဟိ…Luကလဲ ဘာတွေမေးနေတာလဲကွာ!
သောက်သောက် လိမ္မော်ရည်ပဲသောက် ကဲ
ဒီမျက်မှန်ကြီးခဏချွတ်ထား//
ပိုင်စိုးပိုင်နင်းဖြင့် Luhan့လက်ထဲ လိမ္မော်ရည်
်ဖန်ခွက်ကိုထိုးထည့်လို့ မျက်မှန်အားဆွဲချွတ်လေ
သည်…နီးကပ်လှသည့်အနေအထားကြောင့်
့်Luhanမှာရင်မခုန်အားပဲ ကြောက်ပင်ကြောက်မိ
သလို!!!
ရှေ့တည့်တည့်တွင်ထိုင်နေသည့်Yi Fan့ကိုလဲ
မကြည့်ရဲပဲ လိမ္မော်ရည်သာကမန်းကတမ်းမော့
သောက်ချလိုက်သည်
//ဟာ ချစ်ရယ် နမောနမဲ့နဲ့ ဒီနားမှာပေကုန်ပြီ//
ဖူးးးးး~~~~~
ထိုအသံသည် Luhan့ဆီမှမဟုတ်…
မျက်နှာချင်းဆိုင်ရှိ Yi Fanဆီမှသာဖြစ်သည်
Luhan့မှာတော့ လိမ္မော်ရည်ကိုမှုတ်ထုတ်ရန်
အချိန်ပင်မရလိုက်
နှုတ်ခမ်းထောင့်စွန်နားထိကပ်နေသည့်Sehun
လက်မနှင့်ပင် ငုတ်တုတ်မေ့နေလေပြီ
//အယ်…Yi Fanဘာဖြစ်လို့လဲဟင် coffeeက
မကောင်းလို့လား//
//အာ…မဟုတ်…မဟုတ်ဘူး//
Sehunကမ်းပေးလာသည့်တစ်သျှူးကိုယူသုတ်
လိုက်ရင်းYi Fanဆိုသည်
သို့ပေမဲ့…Yi Fan ကော်ဖီခွက်ကိုတော့ ခပ်ဝေးဝေးတွန်းပို့ထားလိုက်သည်
//Yi Fan coffeeထပ်သောက်ဦးလေ//
//ငါမေ့နေတာ အလုပ်ကိစ္စရှိသေးတယ် ပြန်တော့မယ်လေ //
Yi Fanပြန်ရန်မတ်တပ်ထရပ်လိုက်သည့်အခါ
Sehunကအိမ်တံခါးထိလိုက်ပို့ရန်ပြင်လေသည်
//Lu…ဒီမှာ Yi Fanပြန်တော့မယ်တဲ့//
//အမ်……အေး အေး ကောင်းကောင်းပြန် FanFan ငါလိုက်မပို့တော့ဘူးနော်//
ယခုမှပင် စိတ်နဲ့လူပြန်ကပ်သလို Luhan
ထရပ်ပြီး Yi Fanကိုနှုတ်ဆက်သည်
//ရပါတယ် ငါ့ဘာသာပြန်လိုက်မယ် ဟို
Sehunလဲနေခဲ့တော့လေ//
//Nono…တံခါးနားထိလိုက်ပို့ပေးမယ်//
တရင်းတနှီးဖြင့် ပခုံးဖက်ကာ ခေါ်သွားလေတော့
Yi Fanတွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပါသွားလေ
သည်
အပြင်သို့ရောက်သည်ထိ လိုက်ပို့ပေးရင်းYi Fan နှုတ်ဆက်ကာလှည့်ပြန်တော့မည်ပြင်သည့်
့်အခါမှ
//Wu Yi Fan…//
Sehunသည်ပြောသင့်မပြောသင့် ချိန်ဆနေပုံရ
သည် ထိုအခါ Yi Fanက
//Luhanက မင်းရဲ့ချစ်သူ လို့ပြောမလို့လား//
//ဟာ မဟုတ်ပါဘူး Luhanက ငါနဲ့လက်ထပ်
ထားတဲ့သူပါ//
အလျင်အမြန်ရှင်းပြနေသည့်Sehunကြောင့်
Yi Fanသည် ပြုံးလေသည်
//သိပါပြီ သိပါပြီ ငါLuhan့ကိုစိတ်မဝင်စားပါ
ဘူးကွာ စိတ်မပူပါနဲ့//
ပြုံးစိစိဖြင့်စကားဆိုသောYi Fanကြောင့် Sehun
မချိပြုံးသာပြုံးလိုက်ရသည်
Sehunဘာကြောင့် Yi Fanနှင့်Luhan တူတူရှိနေသည်ကိုသဘောမကျမှန်း စဉ်းစားမရ
//ငါစိတ်မဝင်စားတာမို့ နောက်တခါ အိမ်လာလည်ဖြစ်ခဲ့ရင် ကော်ဖီထဲဆားတွေ
ထည့်မဖျော်ပါနဲ့ကွာ//
//ဟာ……အေးပါကွာ//
ခေါင်းကုတ်လျက် Sehunပြောပြီးသည့်အခါ
နှစ်ယောက်လုံးဟက်ဟက်ပက်ပက်ရယ်မော
လိုက်ကြသည်
သို့ပေမဲ့ Yi Fanမပြန်ခင်ပြောသွားသည့်စကား
မှာ Sehun စိတ်တွေဝေဝါးသွားပြန်ပါသည်
//မင်း တော်တော်သဝန်တိုတတ်တာပဲ Luhan့ကိုတော်တော်ချစ်တယ် ထင်တယ်//
ချစ်တယ်…မဖြစ်နိုင်ပါ…Sehunငယ်ငယ်လေး
တည်းက ချစ်မိသူမှာ Luluသာဖြစ်သည်
သဝန်တိုသည်ဆိုစေဦးတော့…သူငယ်ချင်း
တယောက်အပေါ်ရှိနိုင်သည့် သဝန်တိုစိတ်ဖြင့်
သာ Luhanနှင့်တခြားသူများတူတူရှိနေသည်
ကိုမကြိုက်ခြင်းဖြစ်ပါလိမ့်မည်
Sehunသေချာပေါက် သိပါသည်
သူနှင့်Luhanသည် ဒီအတိုင်း သူငယ်ချင်း
သာဖြစ်ပါသည်
~••~••~••~••~••~
Yi Fanရှေ့တွင်ဘာကြောင့် တချစ်ချစ်နှင့်ခေါ်
နေရသလဲဟု မေးမြန်းတော့ Sehunက
သူလဲသရုပ်ဆောင်တာလေ့ကျင့်ကြည့်တာဟု ဆိုပြန်လေသည် ထိုသို့ပြောလိုက်ပြီးသည့်
့်နောက်Luhan က ရယ်သည်
//မင်း တော်တော်သရုပ်ဆောင်ကောင်းတာပဲ
မင်းသားလုပ်စားလို့ရတယ်//
အမှန်တိုင်းဆိုရလျှင် ထိုနေ့တနေ့လုံး သူတို့
နှစ်ယောက်စကားမပြောဖြစ်ကြတော့
ဘာကြောင့်မှန်းရယ် မသိပေမဲ့ နှစ်ယောက်လုံး
ရှောင်နေမိကြသည်
နောက်တော့လဲ ပုံမှန်တိုင်းပြန်ဖြစ်သွားပါသည်
တရက်ပြီးတရက် တပတ်ပြီးတပတ် အချိန်များ
ကုန်သွားသည့်တိုင် Sehunနှင့်Luhanတို့
ဆက်ဆံရေးသည် တအိမ်တည်းအတူနေ သူငယ်ချင်းဆက်ဆံရေးပင်ဖြစ်သည်
ပြောင်းလဲသွားသည်မှာ ပတ်ဝန်းကျင်ဖြစ်သည်
တဆင့်စကားတဆင့်နားဖြင့် သူတို့နှစ်ယောက်
လက်ထပ်ထားသည့်အကြောင်း ပတ်ဝန်းကျင်မှ
လူတော်တော်များများသိကုန်ကြသည်
//Oh Sehun အိမ်စောစောပြန်လာနော် အတန်းလွှတ်တာနဲ့ပြန်//
//ဟောဟော အချစ်ကိုစိတ်မချတာ ကြည့်စမ်း//
လူတော်တော်များများမဟုတ်..အကုန်လုံး
သိကုန်ခြင်းသာဖြစ်သည်
အတန်းသွားတက်ခါနီး မှာနေသည်ကို ကြား
သွားသည့် သူများက Luhanနှင့်Sehunအား
ဝိုင်းစနေကြပြီလေ
//မင်းတို့အတန်းသွားမတက်ဘူးလား//
တိုက်တိုက်ဆိုင်ဆိုင် စနေသည့်သူများမှာ Sehunအတန်းထဲမှ သူငယ်ချင်းများဖြစ်ကြသည်
ရုပ်တည်ကြီးဖြင့်Sehunပြောတော့ မျိုးစုံပြောင်
ပြပြီး ထွက်သွားကြသည်
ထွက်မသွားခင် ပြောသွားကြသည်မှာ
"ကောင်းကောင်းအလွမ်းသယ်လာခဲ့"ဆိုလား
//ငါပြောတယ် အဲ့တာကြောင့် ထပ်ခါထပ်ခါ
မှာမနေပါနဲ့ဆို ခုတော့အစခံရပြီ//
//အစုတ်ပလုတ်ကောင် မင်းသာ သော့မဖျောက်
ပစ်ရင် ငါမှာစရာအကြောင်းကိုမရှိဘူး သော့နှစ်ချောင်းကိုတစ်ချောင်းဖျောက်ပစ်မှတော့
မင်းအိမ်ပြန်မလာရင် ငါကအိမ်ရှေ့ငုတ်တုတ်
ထိုင်စောင့်နေရမှာပေါ့//
//အားးး နားညီးလာပြီကွာ သွားတော့မယ်//
နားနှစ်ဖက်ကိုပိတ် ခေါင်းကိုခါယမ်းရင်း Sehun
ထွက်သွားလေတော့ Luhan့မှာလှမ်းအော်ရ
သေးသည်
//ဟေ့ကောင် မင်းအိမ်စောစောပြန်မလာဘူးဆို
ငါ့ကိုသော့လာပေး//
Sehunသည် Luhan့ကိုလှည့်မကြည့်ပဲ လက်ခ်ါပြလျက်ပြေးထွက်သွားသည်
//အရူးလေး……//
မြင်ကွင်းမှပျောက်သွားသည်ထိ လိုက်ကြည့်ရင်း
Luhanပြုံးလိုက်မိပါသည်
အမြဲတမ်းပြုံးနေချင်တယ် မင်းသာငါ့အနားမှာ
အမြဲရှိနေပေးပါ Hunnieရယ်
~••~••~••~••~
နေ့လည်ခင်းအတန်းများလွှတ်သည့်အခါ Sehun
နှင့်Kaiအတန်းထဲမှထွက်လာကြသည်
အတန်းရှေ့တွင်Luhanများလာစောင့်နေမလား
ဟု Sehun ဟိုဟိုဒီဒီလိုက်ရှာမိသော်လည်း
Luhan့ကိုမတွေ့ရ!! Luhan့အစား
//ဟေးးး ကောင်လေးတွေ//
//အာ…Chanyeol Hyung//
//အသာလုပ်ပါဗျ……//
နောက်မှနေပြေးလာ၍ပခုံးများကိုဖက်လိုက်သော Chanyeolကြောင့် Sehunနှင့်Kaiရှေ့ကိုယိုင်
လဲမတတ်ဖြစ်သွားသည်
//Hyung ကောင်လေးဆီမသွားဘူးလား ဒီကိုရောက်လာတာ//
//Baekဒီနေ့ကျောင်းမတက်ဘူးကွ!!//
KaiအမေးကိုChanyeolကဖြေနေစဉ် Sehunက
ဟိုဟိုဒီဒီကြည့်ပြန်ရင်း
//Hyungတို့အတန်းတွေတောင်ဆင်းလာပြီ
အကုန်လုံးဆင်းလာပြီကို!!//
//ဘာလဲ မင့်Luhanကိုရှာနေတာလား//
//အာ……//
Chanyeolကတော့ပြောအပြီးထုံးစံအတိုင်းရယ်
နေလေသည် Kaiကတော့ ငါသိနေတယ် ဆိုသော မျက်နှာအမူအရာဖြင့် Sehunအား
ကြည့်နေသည်
canteenသို့သွားရာလမ်းတလျှောက် အတန်းဆင်းလာသည့်ကျောင်းသူကျောင်းသား
များစွာရှိနေသော်လည်း Luhan့အရိပ်အယောင်
ကိုမတွေ့ရ ထို့ကြောင့်Sehunမှာလည်း Kaiနှင့်Chanyeol မစရလေအောင် မသိမသာနည်းဖြင့်သာ ရှာနေရသည်
ထိုအချိန် Sehunဖုန်းမြည်လာသောကြောင့်
Luhanခေါ်သည်အမှတ်ဖြင့် ထုတ်ကြည့်စဉ်
//ဟေ့ Sehunကိုင်လိုက်လေ Luhanမလား//
ဖုန်းscreenတွင်ပေါ်နေသည့်♡သင်္ကေတ
လေးကြောင့် Sehun မကိုင်ဖြစ်သေး
Chanyeolကတော့ သေချာပေါက်Luhanခေါ်
တာပဲဆိုရင်း ဖုန်းကိုင်ခိုင်းသည် သို့ပေမဲ့Kaiက
//ဘာလဲ Oh Sehun အဲ့တာLuluမလား//
//Oh Sehun မင်း//
ဖြေဆိုမည့်သူမရှိသည့်ဖုန်းလေးသည် တိတ်ဆိတ်သွားသည်
Luluနောက်တခေါက်ပြန်မခေါ်ခြင်းကိုပင် Sehunမှာကျေးဇူးတင်ရမလိုပါပင်
//အဆက်အသွယ်ရှိသေးတာကို နားလည်လို့
ရပါတယ် Sehun ဒါမဲ့ မင်းLulu့ကိုခုချိန်ထိ
ချစ်သူလို့သဘောထားနေတုန်းလား//
Chanyeolအမေးကိုဖြေဖို့ရာSehunတွင်အဖြေ
စကားမရှိ……လွန်ခဲ့သည့်ရက်ပေါင်းများစွာ၌မေး
ခဲ့ရင်…ဟုတ်တယ် Lulu့ကိုချစ်တုန်းပဲ ဟု
မတွန့်မဆုတ်ဖြေမိမှာသေချာသည်
ယခုတော့
//မင်း Luhan့ကိုနည်းနည်းလေးတောင် ဂရုမစိုက်ဘူးပဲ//
Kaiရဲ့မှတ်ချက်စကားမှာ Sehun ဖြေရှင်းချက်
ပေးချင်ပေမဲ့ စကားလုံးများရှာမတွေ့ခဲ့
နှုတ်ဆိတ်၍သာနေနေမိပြီး အခြေအနေများ
သည်ပိုတင်းမာလာသယောင်ပင်ဖြစ်နေပြန်သည်
//အဲ့တာဆိုလဲ ဆက်ပြီးသည်းခံမနေနဲ့တော့
Sehun ကွာရှင်းလိုက်လေ//
//Kai…//
//Kim Kai မင်းဘာစကားပြောတာလဲ//
Chanyeolလှမ်းတားလိုက်သော်လည်း Sehun
သည် ဒေါသတကြီးဖြင့် Kaiအင်္ကျီကော်လံကို
ဆွဲမလျက် ရန်စကားဆိုသည်
သူ့ထက်မလျော့သော ဒေါသမျက်ဝန်းများဖြင့်
Kaiက
//ကွာရှင်းလိုက်လို့ပြောတာ…Luhan့
ကိုလုံးဝမချစ်နိုင်ဘူးဆိုရင် အရှင်းလက်လွှတ်
လိုက်ဖို့ပြောတာ//
//အဲ့လောက်လွယ်မယ်ထင်လား ငါကလဲ မရရင်သေသွားနိုင်လို့ သူ့ကိုယူထား
တာမဟုတ်ဘူး//
အပြင်လူဖြစ်သည့် Kaiကသူတို့အိမ်ထောင်ရေး
ကိုစွက်ဖက်ကာပြောဆိုနေ သဖြင့်Sehunဒေါသအလျောက်တုံ့ပြန်လိုက်
်ုခြင်းဖြစ်သည်
စကားကျွံသွားပြီမှန်း သိချိန်မှာ အရာအားလုံး
သည် အပိုအလိုမရှိစနစ်တကျ ဖြစ်သွားခဲ့ပြီ
//Hak…ကွာရှင်းဖို့နည်းလမ်းရှိသေးသားပဲ
ငါ ဒါကိုမစဉ်းစားမိဘူးရယ်//
//Luhan…//
အဝေးမှနေ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်
Sehunနှင့်Kaiကိုမြင်ရသဖြင့် စိတ်ပူလွန်းစွာ
Luhanအပြေးလာမိခြင်းဖြစ်သည်
အနားရောက်မှကြားလိုက်ရသည့် စကားများက
ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ
//Luhan မဟုတ်ဘူး ငါဆိုလိုချင်တာက//
Kaiသည် Sehunလက်များကိုဖြုတ်ချလျက်
အသည်းအသန်ရှင်းပြဖို့ကြိုးစားစဉ် Sehun
သည်နှုတ်ဆိတ်၍သာရပ်နေမြဲ
//မဟုတ်ဘူး Kai ငါတို့ကကျေးဇူးတင်ရမှာ
နော့Sehun ငါတို့အဲ့နည်းကိုမတွေးခဲ့မိဘူးလေ//
//Luhan…//
Sehunတားလိုက်သော်လည်း Luhanကမရပ်ပဲ
//မိဘတွေကို အဆင်မပြေလို့ ဆက်မပေါင်း
နိုင်တော့ဘူးလို့ပြောလဲဖြစ်တာပဲ//
//Luhan//
//အာ…ဒါမှမဟုတ် အကုန်အမှန်အတိုင်းဖွင့်ပြော
ပြီးမင်းနဲ့Luluကိုတခါတည်းစီစဉ်ခိုင်းရင်ရော//
//LUHAN……တော်တော့လို့ငါပြောနေတယ်//
Sehunအော်လိုက်သံအဆုံးမှာ Luhanဆက်
မပြောတော့ပဲSehunကိုသာတည့်တည့်စိုက်
ကြည့်နေလိုက်သည်
မှုန်ဝါးလာသည့်အမြင်အာရုံကြောင့် မျက်ရည်
တွေလွှမ်းလာပြီမှန်း Luhanရိပ်မိပါသည်
//Lu……//
မငိုချင်…Sehunရှေ့မှာဖြင့် မျက်ရည်မကျချင်
သည်မို့ လှည့်ထွက်လာခဲ့သည်
ထို့နောက် အဝေးဆုံးကို…Sehunနှင့်အဝေးဆုံး
ကို ပြေးထွက်လာခဲ့တော့သည်
To Be ConTinued……