ညီ
By HsuChiKo365
4.6M 306K 7.5K
Boy×Boy(Own Characters) Romance,Drama and other age limited feelings. More
About Story
Epi(1)
Epi2
Epi3
Epi4
Epi5
Epi6
Epi7
Epi8
Epi9
Epi10
Epi11
Epi12
Epi13
Epi13-2
Epi14
Epi15
Epi16
Epi17
Epi18
Epi19
EPI(20) Age warning
Epi(22)
Epi(23)
Epi 24
Epi 25
project
Poem
Pain
Epi26
Epi(27)
Epi28
Epi28-1
Epi29
Ending Part-1
Ending
EXTRA[1]
EXTRA[2]
EXTRA[3]
EXTRA-4
EXTRA-5
ကျေးဇူးတင်လွှာ
New Year Special
Nothing's gonna change
#DafBama2017_EXO
Ending (Unicode)
Extra(Unicode)
Epi21
98.8K 6.9K 204
By HsuChiKo365
""ညီ!!""
တိတ်ဆိတ်နေသောအခန်းတွင်းကျတော့်အသံက
""ညီ!""
ဘုရားရေ။ဘာလို့များကျတော် ညီ့ကို---
ဒီကုတင်ပေါ်မှာ ကျတော်ညီ့ကို တွန့်ကြေနေသောအိပ်ရာခင်းတွေနှင့်ကိုယ့်အိပ်ရာကိုကိုယ်ရွံ့ရှာစပ်ဆုပ်တဲ့စိတ်နဲ့ကုတင်အောက် ဒူးနှစ်ခုကိုကျစ်ကျစ်ပါအောင်ပိုက်ထားရင်း
ဖြေဖျောက်လေ့မရှိ။်ယောကျာ်းမိန်းမဘယ်သူ
ဘယ်ဝါမှ ကျတော့်စိတ်ထဲမရှိတာ။အရွယ်ရောက်
သည့်အချိန်တည်းက ကျတော့်ဘေးမှာညီပဲရှိခဲ့သ
င်္ံဗေဒ၏လှုံဆော်မှုကိုမသိစိတ်နဲ့ပေါင်းစပ်မိချိန် အမြဲ
ဆိုသည့်အဆင့်နဲ့မရပ်တော့တဲ့ ကျတော့်လောဘ
ရှိလာစေရမှာမဟုတ်ဘူး။
ကျတော်ရူးသွားလိမ့်မယ်ကိုယ့်ကိုကိုယ်မုန်းတယ်။ညီိ့ကိုစိတ်ဖြေရာအဖြစ်အသုံးချခဲ့တဲ့ကိုယ့်ကိုကိုယ်ရွံ့၏။
အလုံပိတ်အခန်းထဲ ကျတော်မွန်းကြပ်လာသည်
မှာ။ကျတော်ကသာ---ကာမဘီလူးစီးခဲ့တာ။
်လေးနာရီကိုညွှန်ပြနေသော တိုင်ကပ်နာရီ။
ကျတော်အိပ်လို့မရတော့ဘူး။ကုတင်ပေါ်ကျတော်
ဒီကုတင်ပေါ်မှာ ညီကိုဆိုးရွားစွာ---သေလောက်
အောင်နာကျင်စေခဲ့တာ။မျက်ရည်ကျစေခဲ့တာ။
တောင်းပန်နေတာတောင် မရပ်ခဲ့တဲ့ကျတော့်စိတ်
ကိုကျတော်ကြောက်မိ၏။ဒီအခန်းဒီကုတင်ကို
ကျတော်ကြောက်တယ်။
ဝရန်တာလက်တန်းပေါ်လက်တင်ရင်းဝေလီဝေ
ညီ့ရယ်သံတွေနဲ့်တူလိုက်တာ။သန့်စင်ခြင်းနဲ့လန်း
ဆန်းနေသည်။
မိဖူးရယ်လို့ ကိုယ့်ကိုကိုယ်အာမခံဖို့ကျတော်
မချစ်ကြရအောင်--
ညီ့အခန်းရှိရာ
်ကိုလှမ်းကြည့်မိတော့အမြဲမီးလင်းနေသောအခန်းကလိုက်​ကာဖြူကြားငြိမ်သက်နေသည်။
""ဟင်!!ညီ""
ဝရန်တာကျောက်ပွတ်လုံးတိုင်တွေကြားထဲမှနေ၍
မြင်နေရသောညီပုံရိပ်ပါးပါးလေး။ညီမမြင်ခင်ရှောင်
မည်စိတ်ကူးပြီးမှ
""ညီ !!""
""ဗျာ!!""
ကြည့်လာလေ၏။သိပ်မဝေးသော ဝရန်တာအကွာ
အဝေးနဲ့မို့ ညီကကျတော့်တို့အိမ်ရှိရာထောင့်စွန်း
ဆက်မပြောတော့ပဲကျတော့်ကိုထပ်ပြုံးပြပြန်သည်
""ကိုဇက်ရော??""
မလား??""
""ခဏနေ,နေထွက်လာမှာပဲ။""
""ဒါဆိုလည်းသွားရအောင်။""
""ခဏစောင့်ဗျာ။ကျတော်မျက်နှာသွားသစ်လိုက်
မွှားတွေ။
ငြိမ်နေ၏။ကုတင်ထက်မှ ပုံရိပ်အချို့ထင်ဟပ်လာ
၍အမြန်လက်ရုတ်မိသည်။ညီကတော့ သတိပြုမ
ထည့်ကာပြန်ရှင်းနေ၏။
ဖြတ်လာကားတစ်စီးစနှစ်စီးစ။ဝီရိယကောင်းလွန်း
နေ့တာကို အစပြုနေသည်။
လက်နှစ်ဖက်ဆန့် လေကိုအားပါးတရရှုသွင်းပြီး ခါွးဘယ်ညာလှည့်ကာ အကြောလျော့နေ
သူကို အနောက်မှငေးကာတွေကာနဲ့။
ကျတော်ချစ်မိသွားတာ ယောကျာ်းတစ်ယောက်
ပေါင်းများအရိပ်​တကြည့်​ကြည့်​နဲ့ပျိုးခဲ့ရတာ။
ဟုတ်​တယ်​ညီကကျ​တော့်​ရဲ့​ချွေးသိပ်​​ဖြေသိမ့်​ရာ
ညီနဲ့အတူ​ကျ​တော်​တန်​ဖိုးထား​ပေးသင့်​သည်​မဟုတ်​လား
"လှတယ်​​နော်​ ​နေထွက်​လာတာ"
ကျ​တော်​ ​ခေါင်းညိတ်​​အ​ဖြေ​ပေး​တော့
"​ကျ​​တ်ာတို့ဘာ​တွေမလုပ်​ဖူး​သေးတာရှိ​သေးလဲ?"
ကျတော်ရုတ်တရက်မစဉ်းစားနိုင်ဘူး။
ကြာသွားပြီပဲ။နောက်ကော ကျတော်တို့ဘာမလုပ်
ဖူးတာရှိသေးလဲ??""
ခိုးတက်ဖူးတယ်""
""ဟားဟား ဖလော်ရီဒါသူလေးတွေ အိမ်လိုက်လာမယ်ဆိုလို့Clubနောက်ပေါက်က
ကျ​တော်​တို့နှစ်​​ယောက်ကတကယ့်​ဗရုတ်​​တွေပါဗျာ""
""ကိုဇက် ဘာလို့အစောကြီးနိုးနေတာလဲ?အလုပ်
ခုမှ ပြီးလို့လား?""
""ဒီအတိုင်းနိုးလာတာ----ညီကကောဘယ်​လိုအိပ်ွမက်မက်​လို့လဲ??""
ရင်း
""ရေတိမ်နစ်နေတာ"
ဟုခပ်တိုးတိုးပြော၏
ရေတိမ်နစ်တယ်??ဝိက္ကဝုတ္တိအလကာင်္
မယ့် မိန်းကလေးတွေကို
""ထူးဆန်းတာက အဲ့ရေထဲကျတော်ကိုယ်တိုင်
ခုန်ဆင်းတာတဲ့။""
ကျတော့်၏ဆွံ့အမှုကို ညီက အရေးမစိုက်ဘူးဟူ
""ဆောင်းဝင်ခါစဖို့လို့ထင်ပါတယ်အိပ်မက်တွေ
ဟိုဘက်တိုး""
ညီ။
""ခေါင်းတွေအေးမယ်ကွ။ဒီမှာရေတွေစိုနေတာ""
ပြောပြောဆိုဆိုနဲ့ ကျတော့်ပေါင်ပေါ်ခေါင်းတင်မှေး
သူ။
""ဟင်?""
ရုတ်တရက်မျက်လုံးကြီးမှိတ်ပြီးဆုံးသွားသော
"​မေ့​နေပြီမလား?ဘွားဘွားကြီးကို""
ဟုတ်တယ်ကျတော်အလုပ်တွေနဲ့တခြားကိစ္စတွေ
သောညီ။ဝမ်းနည်းစရာအတိတ်​​တွေ​ဘေးနားချစ်​​သောသူတို့စွန့်ခွာသွားခံရခြင်း​တွေကိုခံနိုင်​ရည်​ရှိ
နေတာကိုရင့်​ကျက်​လာလို့မဟုတ်​ပါဘူး။အားလုံး
ထက်​ပိုချစ်​ရ​တဲ့ညီကို့​ဘေးနားရှိ​နေလို့ပါ​နှဖူးပေါ်ဝဲကျနေသောဆံပင်ပျော့ပျော့
ပေးရတော့မယ်။မေမေကလည်းခဏခဏမေးနေ
ပြီ။""
""အင်းးးဖိတ်ပေါ့။ အင်းးးးအဲ""
ှအကြောဆန့်ရင်းထထိုင်၏။ညီခေါင်း
ကို နှမျောနေမိသည့် ကိုယ့်စိတ်ကို ကိုယ်ကြောက်
ကျတော်ညီ့အားရူးသွပ်လွန်းနေပြီ။
ခေါင်းမော့ခါးကော့ကာလက်နှစ်ဖက်ကိုအပေါ်ဆန့်ထုတ်ရင်းပျင်းကြောဆန့်နေသော ညီက ကျတော့်ကိုကျောခိုင်းထား၏။တစ်စွန်းတစ်စ ပေါ်လာသောBoxerအနက်ရောင်ကခါးဖွေးဖွေး
နဲ့ပနံသင့်နေ၏။ကျတော့်မျက်လုံးထဲ ညီနဲ့ပတ်
တဝါးဝါးသမ်းဝေပြီးမှ အရည်ကြည်ရစ်သိုင်းနေသော မျက်လုံးများနှင့် အတောက်ပဆုံးလှည့်ပြုံးပြရင်းကျတော့်ပုခုံးကို
ပုတ်ကာ
ရမယ်။ယုံတယ်ဟုတ်??""
အနွေးထည်ကိုအောက် ပြန်ဆွဲချရင်း
Thank You All
(Unicode)
/
/
/
အပိုင်း(၁၉)
ညီ အသက်ရှုသံလေး မှန်သွားခါစလေးရှိသေးတယ်။ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကတကျီကျီနဲ့ အလုပ်က
ဖုန်းမဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် မြန်မြန်ပိတ်လိုက်သော်လည်း အအိပ်ဆက်လှသောညီက ချက်ချင်း
မျက်လုံးဖွင့်လာသည်။ မှီတင်အုံးစက်နေသော ခေါင်းကိုပုခုံးမှ ဖယ်ခွာကာ မှေးစင်းနေသေးသော မျက်လုံးများ။
ပွယောင်းယောင်းဆံပင်ထူအုပ်အုပ်တွေနဲ့ညီ။ ဒီပုံစံလေးကို မနက်မျက်လုံးနှစ်လုံးပွင့်တာနဲ့ တွေ့ခွင့်ရမယ်ဆို
"ဖုန်းလာတာမလား။ အလုပ်ကခေါ်နေပြီထင်တယ်"
"မ...မဟုတ်ပါဘူး"
"ဖုန်းဘာလို့ပိတ်လိုက်တာလဲ"
ပြောပြောဆိုဆိုနဲ့ လက်ထဲမှဖုန်းကိုလှမ်းယူကာ ပါဝါ ပြန် Onလေ၏။ အဆက်မပြတ်ခေါ်နေပုံရသော
မဟာ့ဖုန်းက လိုင်းပြသည်နှင့် ဝင်လာသည်။။
"မဟာ~~ခေါ်နေတာ"
ကျွန်တော့်ကိုဖုန်းပြန်ပေးပြီးသည်နှင့်မတ်တပ်ထရပ်ကာ
"သွားစရာရှိရင်သွားနော်။ ကျွန်တော်ဘာမှမဖြစ်တော့ဘူး" ဟူ၍ပြောကာ လှည့်ထွက်သွား၏။
ညီက...ကျွန်တော့်ကိုချစ်တတ်လာအောင်သွန်သင်ခဲ့သလို သူနဲ့ဝေးရာသို့ စေညွှန်သူ။
"ဘာလို့ ဖုန်းကိုပိတ်လိုက်တာလဲ ဇက်"
"အင်း ပိတ်လိုက်မိတာ"
"အခုလေ မဟာ့သူငယ်ချင်းတစ်ယောက် နယ်ကနေပြန်ရောက်လာလို့။ အဲ့ဒါဇက်နဲ့လည်းမိတ်ဆက်ပေးချင်လို့
လာမလားဟင်။ ပြီးတော့...သူက ဇက်တို့ဖေဖေရဲ့တပည့်လေ။ လာခဲ့ပါလားဟင်"
"အင်း...အင်း လာခဲ့မယ်"
ဖေဖေတပည့်တဲ့လား။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို သူ့အသိုင်းအဝိုင်းထဲ ဆွဲသွင်းနေသလို ကျွန်တော့်
မိသားစုနဲ့ တဖြည်းဖြည်းချင်းနီးကပ်လာသော မဟာ။
ကျောခိုင်းသွားမည့် ကိုဇက်ကျောပြင်ကိုကျွန်တော် မကြည့်ချင်။ သန့်စင်ခန်းကျဉ်းကျဉ်းလေးထဲ မီးမဖွင့်ထားမိ။
ကိုယ့်မျက်ရည်တွေကိုယ်ပြန်လန့်မိမှာဆိုးလို့ပါ။ မျက်ရည်တွေမြင်ရင် ကျွန်တော်တစ်ကိုယ်ကောင်းဆန်မိမှာ
ကြောက်တယ်။ ကိုဇက် ကိုလုယူချင်တဲ့ ကျွန်တော့်စိတ်ရိုင်းကို ကျွန်တော်မုန်းတယ်။ ချစ်တာတစ်ခုတည်းနဲ့
မဖြစ်သေးတဲ့ မိသားစုတစ်ခုကိုမပေါ်ပေါက်လာအောင်ကျွန်တော်မရက်စက်ချင်ဘူး။
လူ့လောကထဲရောက်လာမယ့် ကိုဇက်ရင်သွေးတွေကို ကျွန်တော်အားနာမိတယ်။ ဘာမှအသုံးမကျတော့တဲ့
ခန္ဓာကိုယ်က ကိုဇက်ဘဝကို လူသူလက်ညှိုးထိုးခံရမယ့် သက်သက်သာ ဒါကိုကကျွန်တော့်ဆုတောင်းမှား
ခဲ့တာနေမှာ။
"ညီ...ကို ခဏအပြင်သွားလိုက်ဦးမယ်နော်...ညီ! ညီကြားလား။ အန်နေသေးတာလား"
မစိုးရိမ်ပေးပါနဲ့။ ခင်ဗျားအပေါ် မရိုးသားစိတ်နဲ့ ချစ်နေတဲ့ ကျွန်တော့်ကို အဲ့လောက်ထိမချစ်ပါနဲ့။ ကျွန်တော်နဲ့
မတန်လို့ပါ။
"အော်မနေနဲ့ဗျ။ အိမ်သာထဲဝင်တာတောင် ဖြောင့်ဖြောင့်မတက်ရဘူး။ သွားစရာရှိတာ သွား"
ညီစိတ်ဆိုးသွားပြီ ထင်ပါရဲ့။ မနှင်ပါနဲ့ညီရာ။ နှင်ခံရလေ မင်းဆီအပြေးလာချင် ဖြစ်နေမိလို့ပါ။
"ကိုဦး! ညီ့ကိုဂရုစိုက်လိုက်ပါဦး၊ ညီမလေးတို့ကောပဲ။ ညီ တစ်ခုခုဖြစ်တာနဲ့ဖုန်းဆက်နော်"
စိတ်မချနို်င်စွာ ဆိုင်ရှိလူကုန်တတွက်တွက်မှာနေသောသူ။ ပြေးထွက်သွားသောခြေသံတရှပ်ရှပ်ကကြမ်းပြင်ကို
နင်းသွားတာမဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားကိုဖြတ်နင်းကျော်ဖြတ်သွားတာ။ ဒီလိုပဲ မြန်မြန်သာ
ပြေးထွက်သွားလိုက်ပါတော့...
"နေကောင်း!"
ထိတ်ထိတ်ဖြာဖြာပုံစံနှင့် နားနေခန်းထဲထိဝင်လာသော ဝေယံ။
"မင်းဘယ်လိုရောက်လာတာလဲ"
ကျွန်တော်မေးတာကိုမဖြေ။ လက်မောင်းနှစ်ဖက်ကိုဆွဲကိုင်ရင်း
"မင်း...နေမကောင်းဘူးဆို။ အန်တောင်အန်နေတယ်ဆို"
"ကျွတ်! ငါဘာမှမဖြစ်ဘူး။ ပြန်လိုက်တော့...ကိုဇက်နဲ့တွေ့ရင် မင်းသေလိမ့်မယ်"
"မင်းဘာဖြစ်နေလဲ နေကောင်း။ မင်းတစ်ခုခု ဖြစ်နေတယ်မလား။ ဟမ် ဟုတ်တယ်မလား"
"ငါဘာမှမဖြစ်ဘူး။ မင်းတွေ့တဲ့အတိုင်းပဲ။ ငါ့ဆိုင်ကနေ ထွက်သွားပါတော့"
"ငါ့ကို မနှင်နဲ့နေကောင်း! မင်းဘဝထဲ ငါဝင်လာလို့မရပေမယ့် ငါ့ကို မင်းနှင်လို့မရဘူး။ ဘာမှမဖြစ်ဘူးဆိုတဲ့
လူက ဝီတိုရိယက အရေးပေါ်ခန်းကို ဘာလို့ရောက်သွားတာလဲ။ မင်းတစ်ခုခုဖြစ်နေတာ ငါသိတယ်"
"ဝေယံ မင်းအားနေရင် မင်းငွေနဲ့ပေါက်လို့ရမယ့် ချာတိတ်တစ်ယောက်ကိုသွားရှာ။ အခုငါစိတ်ရှုပ်နေတယ်။
ငါအကောင်းပြောနေတုန်း ပြန်တော့"
"မင်းတစ်ခုခုဖြစ်နေတာ ငါသိတယ်။ မင်းကိုစောင့်ရှောက်ပါရစေ နေကောင်းရာ...နော်"
မျက်နှာချင်းဆိုင်ပြောရမှာ စိတ်မလုံ၍ နောက်လှည့်နေသော ကျွန်တော့်ကိုနောက်မှ သိုင်းဖက်လာ၏။
ညပေါင်းများစွာအိပ်မပျော်မှုတွေကြောင့် အားယုတ်နေသော ကျွန်တော့်ခန္ဓာကိုယ်ကို ဝေယံ လက်မောင်း
တွေကြား ပျော့ဆင်းကျမသွားဖို့ ယောကျာ်းတစ်ယောက်၏ အားနဲ့တွန်းကန်သော်လည်း ကျန်းမာရေးကောင်း
နေသူတစ်ယောက်ကို ကျွန်တော်မယှဉ်နိုင်။
"လွှတ်စမ်း ဟေ့ကောင်"
"ငါပြောတာလေး ခဏနားထောင် နေကောင်း။ အရင်တုန်းက မင်းအနားဇက်ရှိနေလို့ မင်းကိုငါအဝေးကနေပဲ
ငေးကြည့်ခဲ့ရတယ်။ ခုဇက်မှမင်းဘေးမှာမှ မရှိတော့တာ။ အခုငါကပဲ ဇက်မင်းကိုဂရုစိုက်သလို
ငါဂရုစိုက်ပေးပါ့မယ်။ မင်း ဇက်ကိုပြုံးပြသလို မပြုံးပြလည်းရတယ်။ ဇက်ကိုကြည့်တတ်တဲ့မျက်လုံးမျိုးတွေနဲ့
မကြည့်လည်း ရတယ်။ ငါ့ အနားမှာပဲ ငါဂရုစိုက်တာတွေကို လက်ခံလို့မရဘူးလား ဟမ်။ နေကောင်း
မင်းကို ငါအဲ့လိုချစ်ကြည့်ချင်တာပါ"
သစ္စာတရားကိုစိမ်ခေါ်ခံနေရတာ။ မာနတရားကို ထိပ်ပုတ်ခံရချိန် ခန္ဓာကိုယ်ကမရပေမယ့် စိတ်ကဆောင်
နိုင်တယ်။ ဖက်ထားသော လက်တစ်ဖက်ကို ဆွဲလိမ် အနည်းငယ်ကြောင်အ သွားသူကို ရှိသမျှအားနဲ့
ကိုင်ပေါက်ပစ်လိုက်မိတော့၏။ လွတ်ထွက်သွားနေသော စိတ်ကို ပက်လက်ဖြစ်နေသောဝေယံ အပေါ်ကို
ခွတက်ကာ လွှတ်ချလိုက်တော့၏။ အသံလုံအခန်းမို့ဆွဲမယ့် လူမရှိ။ ဘယ်နှစ်ချက်မြောက်လည်း ကျွန်တော်
မသိတော့...
"ငါ GAYမဟုတ်ဘူး။ ငါ ယောကျာ်းကြိုက်တဲ့ကောင်မဟုတ်ဘူး။ ငါ...မင်းနဲ့မတူဘူး"
ဒေါသတကြီး။ သွေးရူးတန်းရူး အော်ဟစ်နေမိသည်။ ကျွန်တော့်ကိုယ်မှာ မကောင်းဆိုးဝါးကပ်နေသလို
ဝေယံကို ကျွန်တော်ရက်စက်ချင်နေတာ။ ကျွန်တော့်ကို မက်မောနေသော ဝေယံကို ကျွန်တော်မုန်းတယ်။
ထူးဆန်းတာက ဝေယံက တွန်းဖယ်မထုတ်ရုန်းကန်ခြင်းလည်းမပြု။ ကျွန်တော့်လက်ဆစ်တွေထုံလာသလို
အန်ထား၍ အားယုတ်နေကာ ကျွန်တော့်မျက်လုံးတွေ ပြာဝေလာတော့၏။ ကျွန်တော် စိတ်သွားတိုင်းပါဖို့
ကျွန်တော့်ခန္ဓာကိုယ်က ခွင့်မပြုတော့ဘူး။ ကျွန်တော့်ရဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးကို
ဖြည်းဖြည်းချင်း ဆွဲခါပေးကာ
"နေကောင်း...တော်ပါတော့ကွာ။ မင်း မောနေပြီ"
ကြမ်းပြင်ပေါ်ပက်လက်လှဲနေရာမှ ပြန်ထကာ ကျွန်တော့်နှဖူးမှ ချွေးတွေကို သုတ်ပေးနေသော ဝေယံ။
သူ့အပေါ်ထပ်လျက်ထိုင်နေသော ကျွန်တော့်ခါးပေါ်မှာ သူ့လက်တစ်ဖက်။ မကြိုက်ဘူး။ မကြည်ဖြူဘူး။
ကျွန်တော့်အသားတွေကို ကိုဇက် ကိုင်တာကလွဲရင် ကျွန်တော် ဘယ်သူ့ကိုမှ မကြည်ဖြူဘူး။ ဒေါသတကြီး
လက်ရွယ်မိပြန်တော့ ဒီတစ်ခါလည်း ဝေယံမတားပါ။
"မင်းစိတ်ကြိုက်ထိုးလို့ရပါတယ် နေကောင်းရာ...ငါ့ခန္ဓာကိုယ်ကို မင်းပိုင်တယ်။ ဒီထက်ပိုပြီးလိုချင်..."
"ဟာကွာ ဒီကောင်"
ကျွန်တော်ဆွဲထိုးချင်တယ်။ ခုတင်ညိုမဲစွဲနေတဲ့ ဝေယံမျက်နှာကို ကျွန်တော်ထပ်ထိုးချင်တယ်။
ဒါပေမဲ့ကျွန်တော်...ကျွန်တော်မရတော့ဘူး။ စူးအောင့်တက်လာမှု တစ်ခုနဲ့အတူ ကျွန်တော်ချွေးစေးတွေ
ပြန်လာကာ ကျွန်တော်အသိကပ်ထားပေမယ့် ဝေဒနာကြီးနေ၍ ပျော့ခွေကျလာသော ကောင်းကောင်း။
"နေကောင်း ! နေကောင်း!"
ပါးပြင်နှစ်ဖက်ပုတ်ကာနှိုးနေမှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်မလှုပ်နိုင်တော့ဘူး။ အသိစိတ်တွေ
လွှတ်ချလိုက်ချင်သော်လည်း စိုးရိမ်တကြီးမှာခဲ့သော ကိုဇက်ကို စိတ်မပူစေချင်။
ကျွန်တော့်ကို ဝေယံကောက်ပွေ့လိုက်တာသိတယ်။ ဝန်ထမ်းလေးတွေနဲ့ ကိုဦး၏ စိုးရိမ်တကြီးမေးမြန်းသံ
ဝေဝေဝါးဝါးတွေကို နားထဲမှလေတွေ တဝီဝီထွက်နေရင်းမှ မကြားတစ်ချက်ကြားတစ်ချက်။
အခုကျွန်တော့်ကို ကားနောက်ခန်းထဲချီမထည့်နေကြတယ်။ ကျွန်တော့်ခေါင်းက ဝေယံပေါင်ပေါ်မှာထင်ပါရဲ့။
"ကိုဦး ကျွန်တော် ဇက်ကိုဖုန်းခေါ်လိုက်..."
ကိုဇက်သိလို့မဖြစ်ဘူး။ ကိုဇက်သိလို့မဖြစ်ဘူး။ ဝေယံလက်ထဲမှ ဖုန်းကို ရှိသမျှအားနဲ့ပုတ်ချလိုက်မိသည်။
ငုံ့မိုးပြန်ကြည့်လာသော ဝေယံကို ခေါင်းယမ်းပြရတယ်။ မခေါ်နဲ့လို့ ကျွန်တော်မပြောနိုင်တော့ဘူး။ မခေါ်ပါနဲ့။
ကိုဇက်ကို မခေါ်ပါနဲ့။ ဝေယံလက်တွေကိုကျွန်တော် ဆုပ်ကိုင်ထားလိုက်တယ်။ ဒါမှ သူဖုန်းဆက်လို့မရမှာ။
"နေကောင်းရာ..." ဟူသော ဝေယံ၏မချိတင်ကဲအသံ။ ကျွန်တော့်လက်တွေကို ပြန်လည်ဆုပ်ကိုင်လာ၏။
ကျွန်တော်စိတ်ချလိုက်ပြီ။ ဒီလိုဆို ဝေယံဖုန်းခေါ်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်စိတ်လျော့လိုက်လို့ရပြီပေါ့။
အပိုင်း(၂၀)
ပုစွန်တွေကို ကျွမ်းကျင်စွာ အခွံချွတ်ကာ မဟာ့ပန်းကန်ထဲ ထည့်ပေးသည်။ ဟိုတစ်ခုဖုန်းပိတ်လိုက်သည့်
ကိစ္စအတွက်သူအားနာနေတာလားမသိ။ အခုတလော မဟာ့ကို နည်းနည်းဂရုစိုက်လာသလိုပဲ။
"ဇက် ဒီဆိုင်ကို ပထမဆုံးရောက်ဖူးတာလား"
"ညီ နဲ့လာဖူးတယ်။ ညီက ပုစွန်အရမ်းကြိုက်တယ်။ စားလေ မဟာ ဒီဆိုင်ကပုစွန်ကကောင်းတယ်"
ခပ်ဖြည်းဖြည်း ခပ်အေးအေးပြောနေသော သူ့ပုံစံတွေကို အရင်က အနေအေးသူလို့ မဟာထင်မြင်ခဲ့ဖူးသလို
ထိုသို့သော တည်ကြည်မှုတွေကို သဘောကျခဲ့ဖူးသည်။ အခုသိလိုက်ရတာ။ သူဟာ တစ်စုံတစ်ယောက်နဲ့
အတူတူရှိနေချိန်ဆို အပြုံးတွေပေါကြွယ်သူ။ ပေါ့ပါးလွတ်လပ်သူ။ ခုမဟာ့ ရှေ့ရှိနေသောဇက်က
စိတ်ဝိညာဉ်ဆိတ်သုဉ်းနေပြီး ဝတ္တရားအရ အသက်ရှင်နေသူလို။
"မဟာ စားလေ။ နွေးနေတုန်း"
"အင်း...အင်း"
ချစ်သူနှစ်ဦးကြား ဒီလောက်ပြောစရာရှားနေပါသလား။ အစားကိုသာ အာရုံစိုက်စားနေပြီး စကားလုံးမဲ့
ရပ်ဝန်းတစ်ခုကို သူဖန်ဆင်းထား၏။
"မဟာ ခဏနော်"
စကားစ ရှာမရခင် သန့်စင်ခန်းဖက်ကို ထသွားပြန်သည်။ ငြီးငွေ့အောင်မလုပ်နေပါနဲ့ ဇက်ရယ်။ ချစ်ခြင်းမှာ
ငြီးငွေ့ခြင်းဆိုတာမှ မရှိတာ။ ကျောပြင်ပြန့်ပြန့်ကို ငေးကျန်ရစ်စဉ် စားပွဲပေါ်တင်ထားခဲ့သော သူ့ဖုန်းမျက်နှာ
ပြင်မှာ လင်းလာ၏။ Pianoသံ ငြိမ့်ငြိမ့်ညောင်းညောင်းထွက်ပေါ်နေသော သူ့ဖုန်းကို ကောက်ကိုင်မိချိန်
ဖုန်းမျက်နှာပြင်ပေါ်မှ ပုံတစ်ခုကြောင့် တစ်ကိုယ်လုံး မီးပြင်းတိုက်ခံလိုက်ရသကဲ့သို့ သွေးတို့ပွတ်ပွတ်ဆူ
လာသည်။ မြည်နေသော ဖုန်းနဲ့ တစ်လုံးတည်းသော နာမည် ကိုစူးစူးရဲရဲ ကြည့်နေမိသည်မှာ အကြာကြီး။
"ဖုန်းလာနေတာလား မဟာ"
"ဒါ...ဒါဘယ်မှာရိုက်ထားတာလဲ"
ဖုန်းမျက်နှာပြင်ပေါ်တွင် ငြိမ်းချမ်းစွာ အိပ်မောကျနေသော ညီ။ ကျွန်တော် ညီနဲ့ပတ်သတ်ပြီး မဟာနဲ့
ကတောက်ကဆ မဖြစ်ချင်၍ ချက်ချင်း ရှိနှင့်ပြီးသားရှုခင်းပုံ တစ်ခုကို ပြောင်းလိုက်တာတောင် မဟာက
မကျေနပ်နိုင်သေး။
"ဘာလို့ ကောင်းကောင်းပုံကိုမှ တင်ထားရတာလဲ။ ပြီးတော့... မီးရောင်မှိန်မှိန်အောက်မှာ အိပ်နေတဲ့ပုံကို
တစ်ယောက်ယောက်သာမြင်သွားရင်...ဇက်ကို ဘယ်လိုထင်ကြမလဲ"
"မဟာ အခု ဘာတွေပြောနေတာလဲ၊ ဒီပုံတင်ထားတာ ကြာပြီ။ မဟာနဲ့မတွေ့ခင်တည်းက...ညီအိပ်နေပုံလေး
အေးချမ်းလို့ တင်ထားတာ။ အခုဘယ်သူကဘာထင်ရမှာလဲ မဟာ"
"ဘယ်သူက ဘာထင်မှာလဲ တဲ့လား။ ဇက်အဲ့လိုတွေလုပ်နေလို့ ဇက်တင်လိုက်တဲ့ ပိုစ့်တွေအောက်မှာ လာပြော
ကြတာတွေက ဘာတွေလဲ။ ချစ်သူရှိတဲ့ ဇက်အနေနဲ့ ဒီလိုတွေဖြစ်နေတာတွေက ကောင်းသလား။
ခုလိုမီးရောင်မှိန်မှိန်အောက်မှာ အိပ်မောကျနေတဲ့ ကောင်းကောင်းပုံကို နေ့တိုင်းဖုန်းဖွင့်တိုင်းကြည့်နေတဲ့
ဇက်ကို မဟာ ဘယ်လိုနားလည်ပေးရမလဲ"
"Please မဟာ။ ကျွန်တော်တို့ဆက်မပြောရအောင်။ မဟာမကြိုက်ရင် ကျွန်တော်မလုပ်တော့ဘူး။ဟုတ်လား"
Miss call အနေနဲ့ ဝင်နေသော Noti နီနီကိုပါ ဖျက်ပစ်လိုက်တော့သည်။ ညီရော ကျွန်တော်ပါ
အလုပ်တွေရှုပ်နေကြ၍ ဒီရက်ပိုင်း ဖုန်းသာဆက်ဖြစ်သည်။ ညဖက်တွေဆိုလည်း အလုပ်ထဲမှာပဲနေဖြစ်၍
ညီ့ကို အိမ်လိုက်မပို့ဖြစ်တော့။ ကျွန်တော်အိမ်ပြန်ရောက်ရင် ညီကအိပ်နေပြီ။ မနက် ကျွန်တော်နိုးချိန်
Good Morning ကိုဇက်ဆိုသည့် Messageလေးပဲတွေ့နေရတဲ့ မနက်ခင်းသုံးခုကိုဖြတ်ကျော်ခဲ့ဖူးပြီ။
လွမ်းတယ်ညီ။
ညီ
အိမ်ပြန်လာတော့ မေမေက ဧည့်ခန်းထဲမှာထိုင်စောင့်နေ၏။
"မေမေ မအိပ်သေးဘူးလား။ မိုးချုပ်နေတာ ဝင်အိပ်နေပါ။ ကျွန်တော့်ဘာသာဝင်လာလို့ရတာပဲ"
"သြော် သားရယ်...သားငယ် အိမ်ပြန်မရောက်သေးဘူးဆိုတာ သိနေတော့ အိပ်လို့လည်းမပျော်ဘူး။
အခုတလောတော်တော် အလုပ်များနေတာလား"
"ဟုတ်တယ်။ ဒီတစ်ခေါက် Projectက ကြီးလို့ အလုပ်တွေက တော်တော်ကိုပုံနေတာ။ ညီနဲ့တောင် မတွေ့ဖြစ်ဘူး"
"အင်း သားကောင်းကတော့ ပြန်ရောက်တာနဲ့လာလာ နှုတ်ဆက်တတ်တယ်။ ထမင်းရောစားပြီးပြီလား"
"စားလာခဲ့တယ်။ အလုပ်ကလူတွေနဲ့ ဆိုင်မှာသွားစားကြတာ"
"သား ကောင်မလေးနဲ့ရော တွေ့ဖို့အချိန်ရှိရဲ့လား"
ဖေဖေကနေတစ်ဆင့် မဟာ့အကြောင်းတစ်စွန်းတစကြားထားသော မေမေက မဟာ့ကို မကြာခဏမေးလေ့ရှိ၏။
"အင်း တွေ့ဖြစ်ပါတယ် ၊ ခဏပေါ့"
"မျက်စိရှေ့တင်မေမေတို့သားတွေ လူကြီးတွေဖြစ်လာနေကြပြီ။ မေမေ့မှာလေ သားနှစ်ယောက်မွေးထားပေမယ့်
တကယ်တမ်း သားသုံးယောက်ရှိသလိုပဲ။ မေမေ့မှာစိုးရိမ်နေတာ သားကြီးကလည်း သူ့စိုက်ခင်းတွေထဲမှာပဲ
အချိန်ကုန်နေ။ သားငယ်ကကျတော့လည်း ကောင်းကောင်းလေးနားမှာပဲ နေ,နေတော့ဒီတစ်သက်
မေမေ့မြေးကို ချီရပါ့မလားဆိုပြီး တွေးပူနေတာ။အခုမှ မေမေစိတ်အေးရတယ်။ သားကြီးကတော့
နဂိုတည်းက ခေါင်းမာတော့ အိမ်ထောင်ပြုဖို့အတင်းမတိုက်တွန်းချင်ပေမယ့် သားငယ်ကတော့မေမေ့ကို
ဘွားဘွားဖြစ်ခွင့်ပေးမယ်မလား။ သမီးလေးနဲ့ရော ဘယ်နေ့မိတ်ဆက်ပေးမှာလဲ"
"အင်း...မကြာပါဘူး။ အခု သူရော ကျွန်တော်ရော အလုပ်တွေများနေကြလို့၊ နောက်မှ အိမ်ခေါ်လာပါ့မယ်"
"မေမေတကယ် တွေ့ချင်နေတာ။ သားဖေဖေပြောတာတော့ ဗိသုကာနဲ့ ကျောင်းပြီးထားတာဆို"
"ဟုတ်တယ်မေမေ။ နောင်သေချာ မိတ်ဆက်ပေးပါ့မယ် ။သိပ်မစိုးရိမ်ပါနဲ့"
"အင်းပါ၊ သားအခုလွတ်လွတ်လပ်လပ်နေချင်သေးတာ မေမေနားလည်ပါတယ်။ ဒါပေမဲ့ ခုရွယ်က
အိမ်ထောင်ပြုဖို့စ စဉ်းစားရတော့မယ့် အရွယ်ဖြစ်နေပြီမလား။ ကောင်းကောင်းလေးကိုပဲဂရုစိုက်
နေရင်းက နှစ်ယောက်လုံး လူပျိုကြီးတွေဖြစ်သွားရင် နှစ်အိမ်လုံးက အမေတွေရင်ကျိုးရဦးမယ်။ သားငယ်သာ
မယူဘဲ နေကြည့်။ သားကောင်းကပါအိမ်ထောင်မပြုဘူး ထလုပ်မှာ။ သူကငယ်ငယ်တည်းက ကိုဇက်လည်း
လူပျိုကြီးလုပ်။ ကျွန်တော်လည်း လူပျိုကြီးလုပ်ပြီး အတူတူနေကြမယ်လို့ ပြောနေကျကလေးလေ"
"ဟုတ်ကဲ့ပါ မေမေရယ်...ကျွန်တော်အမြန်ဆုံး မိတ်ဆက်ပေးပါ့မယ်။ အခုပင်ပန်းလာလို့သွားအိပ်တော့မယ်"
"အင်း အင်း"
အိပ်ရာထက်လှဲရင်း ဖုန်းထဲသိမ်းထားဖြစ်သော ညီပုံလေးတွေကိုတစ်ပုံချင်းဆွဲကြည့်နေမိသည်။ အေးချမ်းတယ်။
ချစ်ဖို့ကောင်းတယ်။ တစ်ခါတလေ ဆွဲဆောင်မှုရှိရှိ ပြုံးတတ်တယ်။ ချစ်တယ်ညီ။
ပါးစုံလေးတွေ မို့တက်နေအောင်ရယ်နေသော သုံးနှစ်သားလေး ညီ။ ညီ ကလေးဘဝကနေမကောင်း
ခဏခဏဖြစ်ကာ ချူချာလွန်း၍ တခြားကလေးတွေလို ဝဝကစ်ကစ်လေးဖြစ်မနေ။ နေကောင်းနေချိန်
ကျန်းမာနေချိန်မှ ပါးလေးတွေ ဖောင်းအစ်လာတတ်တာ။
ထိုအခါ ရယ်လိုက်ရင်ချစ်ဖို့ကောင်းလွန်းတယ်။ မို့တက်လာတတ်တဲ့ ပါးစုံလေးတွေကို နမ်းတိုင်းပေါင်ဒါနံ့
သင်းသင်းလေး ရနေတတ်တာကို မှတ်မိသေးတယ်။
ညိကိုမနမ်းဖြစ်တော့တာ ဘယ်အရွယ်တည်းကပါလိမ့်။ နောက်ဆုံးကျွန်တော်တို့နှစ်ယောက် အတူတူအိပ်
ဖြစ်ခဲ့တာတောင် ခုဆို၅နှစ်ကျော်ခဲ့ပြီ။ ငယ်ငယ်က နေ့လည်နေ့ခင်းတွေ အိမ်ရှေ့ပန်းခြံထဲ ဖျာခင်းပြီး
ညီ့ကို ကာတွန်းဖတ်ပြခဲ့တဲ့ အချိန်တွေကို လွမ်းတယ်။ ကျွန်တော်ဖတ်ပြတဲ့ကာတွန်းကိုနားထောင်ရင်း
အိပ်ပျော်သွားတတ်တဲ့ ညီ့ကိုဖက်ရင်းကျွန်တော်လည်း အိပ်ပျော်သွားတတ်တဲ့ နွေရာသီနေ့လည်ခင်းတွေကို
ပြန်လိုချင်တယ်။
အသက်တွေမကြီးခဲ့ရင်အကောင်းသား ညီရာ...ဒါဆို ညီ့ကို အရင်လိုလွတ်လွတ်လပ်လပ်ချစ်ခွင့်ရမှာ။
"ကိုဇက်!"
"ဟင် ညီ! ဘယ်လိုလုပ်ပြီး..."
အခန်းထဲသို့ ဖြည်းဖြည်းချင်း လှမ်းကာဝင်လာသော ညီသည် အိပ်မက်ယောင်နေဟန်။
ပြာကလောင်ပြာကချောင်အမွှာနှစ်ယောက်ကိုနှစ်သက်တဲ့ညီက အိမ်နေရင်းဆို သူနဲ့အဆမတန်ကြီးနေတတ်တဲ့
စွပ်ကျယ် ကြီးတွေကိုဝတ်တတ်တယ်။ ခုလည်း ပုခုံးအောက်ကျနေသောစွပ်ကျယ် အဖြူပွကြီးနဲ့
ဘောင်းဘီတိုလေးသာ ဝတ်ထားသော ညီက ရှိရင်းစွဲအသက်ထက် ပိုနုနည်နေ၏ ။
"ကိုဇက်နဲ့ အိပ်ချင်လို့" ဟုခပ်တိုးတိုးဆိုရင်းကျွန်တော့်ခုတင်ပေါ်ရောက်လာ၏။
"နေ...နေပါဦး"
တားနေသော်လည်း ညီက ခုတင်ပေါ်ရောက်နေသည့်အပြင် ကြောင်အမ်းအမ်းဖြစ်နေသော ကျွန်တော့်ကို
ပုခုံးမှဆွဲချကာ အတင်းဆွဲသိပ်နေ၏။ လည်ပင်းကို သိုင်းဖက်ထားသော ညီ့လက်တွေ။
အခန်းထဲက အမွှေးနံ့ကို ကျော်ကာ ရလာသော ညီ့ ကိုယ်သင်းနံ့သင်းသင်း။ အေးနေသောအခန်းတွင်း
ကျွန်တော်ချွေးပြန်လာသည်။ ဆဲလ်တစ်ခုချင်းဆီက နည်းနည်းချင်းဆီ ပူလာသလို။ ညီနဲ့ထိကပ်နေသော
ကျွန်တော့်ခန္ဓာကိုယ်မှ သွေးကြောတွေက ရှိန်းမြမြနှင့်။
"ညီ..."
မော့ကြည့်လာသော မျက်နှာဖွေးဥဥ ပါးပြင်နုနု။ မပွင့်တပွင့်ဖြစ်နေသော နှုတ်ခမ်းသားတွေဆီ အကြည့်
ရောက်ပြီးမှ အလိုလို မျက်နှာအောက်ချမိသည်။
"ကျွန်တော့်ကို နမ်းချင်နေတာမလား"
"ဟင်"
"နမ်းပါ"
ဘာတွေသည် ဘယ်လိုဖြစ်နေတာလဲ။ ဘယ်လိုကြောင့်ညီက ကျွန်တော့်အိပ်ခန်းထဲ ဝင်လာတာလဲ
စသည်စသည် ကျွန်တော်မတွေးနိုင်ခင် နှုတ်ခမ်းပါးတွေဆီသို့သာ အနမ်းတွေဖြည့်တင်းမိသည်။
အခုချိန်ညီ့ကို လိုချင်တယ်။ ဟုတ်တယ်။ ဒါအသွေးအသားထဲက ဆဲလ်တစ်ခုချင်းစီက တောင်းတနေတာ။
အခါများစွာ မက်ခဲ့သော အိပ်မက်တွေထက်ပိုနူးညံ့နေသည်က ညီပါ အနမ်းထဲလိုက်ပါစီးမျောနေခဲ့၍လား။
ခေါင်းလေးပုတ်တာ ဆံပင်တွေကိုဖွကာ စတာတောင် မကြိုက်တတ်တဲ့ ညီက ခုသူ့တစ်ကိုယ်လုံးကို
ခြယ်လှယ်နေသော ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူကို ခွင့်ပြုထားတာ။
နီဆွေးဆွေးနှုတ်ခမ်းသားတွေ၊ သွေးကြောစိမ်းတွေ ကိုပင် ဖောက်ထွင်းမြင်နေရသော လည်ပင်းသားတွေ။
ကျွန်တော့်အနမ်းတွေ ညီ့ခန္ဓာကိုယ်အနှံနယ်ချဲ့စဉ် တအင်းအင်းနဲ့ထွက်လာသော အသံတိုးတိုးကြောင့်
မီးငှက်တွေ ကျွန်တော့်ကိုယ်ထဲ ပျံသန်းနေသလိုကို လောင်မြိုက်လာစေတာ။
ဘာတွေဘယ်လိုမသိပေမယ့် ဒါသဘာဝမကျစွာ ထူးဆန်းနေမှန်းသိပေမယ့် ညလင်းမီးရောင် မှိန်မှိန်အောက်
ခါးတွေကော့ကော့တက်လာကာ အပေါ်ပိုင်းအဝတ် ဗလာကျင်းနေပြီဖြစ်သော ညီကကျွန်တော့်စိတ်တွေကို
ဗြောင်းဆန်စေတာ။
"ညီ...ခု...ကို "
အပေါ်ကနေအုပ်မိုးကာ မပြည့်မစုံ အဆက်အစပ်မရှိပြောသော ကျွန်တော့်စကားတွေကို ညီကနားလည်သည်။
ပြုံးရင်းခေါင်းညိတ်ပြ၏။ နှဖူးပြင်ပေါ်ဝဲကျနေသော ဆံပင်ပျော့ပျော့များကို သပ်တင်ပေးတော့ မျက်လုံးတွေ
မှိတ်သွားခဲ့ပြီ။ မလုပ်သင့်မှန်းသိတယ်။ ဒါကျွန်တော်စောင့်ရှောက်ခဲ့ရသော ချစ်မြတ်နိုးရသော ညီ့ကိုဒီလိုတွေ
မလုပ်သင့်မှန်းသိတယ်။ ဘာဖြစ်လို့ဖြစ်မှန်းမသိ နေချိန်မက်မက်မောမောနဲ့ကို ယူငင်စီး သိမ်းပိုက်နေမိတာ
ကျွန်တော်ချစ်ရသူ၏ ခန္ဓာကိုယ်။ ညီ့ဆီမှ တုံ့ပြန်သံမကြားရပါသော်လည်း ထူးခြားဆန်းပြားသော
ခံစားမှုနောက် မရပ်မနားလိုက်နေမိတာ။ ရပ်လိုက်သင့်ပြီဟု အသိစိတ်က သတိပေးနေပေမယ့်
ဆူပွတ်လောင်မြိုက် နေသော သွေးသားတို့က ငြင်းဆန်ပယ်ချနေတာ။
ကျွန်တော့်လက်ဖျံကို ဆုပ်ကိုင်ထားသောညီ့လက်တွေ တဖြည်းဖြည်းအားလျော့လာတာ ကျွန်တော်
သိနေတယ်။ သို့ပေမယ့် ကျွန်တော်ဒီအခြေအနေကနေ မလွတ်မြောက်ချင်သေး။
"ကို...ကိုဇက် ရပ်...ရပ်ပါတော့"
မျက်နှာနားအားပြုထောက်ထားသော ကျွန်တော့် လက်ဖမိုးပေါ်ကျသော ပူနွေးနွေးအရည်ကြည်တစ်စက်။
အဆက်မပြတ်ကျဆင်းလာသော မျက်ရည်တွေနဲ့ ညီမျက်နှာ။ သနားစဖွယ်မျက်လုံးများနှင့် မော့ကြည့်
နေရှာသောညီ။
ကျွန်တော်...ကျွန်တော် ဘာတွေလုပ်လိုက်မိတာလဲ။ ညီ့ကို ကျွန်တော် ၊ ကျွန်တော့်တို့ ဘာဖြစ်သွားတာလဲ။
ခေါင်းအုံးလွတ်နေ၍ အိပ်ရာခင်း နက်ပြာရောင်ပေါ် တိုက်ရိုက်ကျဆင်းနေသော ညီ့မျက်ရည်တွေ။
"ညီ! ညီ!"
ကျွန်တော့်လက်ပေါ်မှာတင် ပျော့ခွေကျသွားသောညီ။ တုံ့ပြန်ဖို့မဆိုထားမျက်တောင်ဖျားများပင် ဖွင့်မလာတော့။
"ညီ!"
အပိုင်း(၂၁)
"ညီ!"
တိတ်ဆိတ်နေသောအခန်းတွင်း ကျွန်တော့်အသံက ညအမှောင်ကြား ဟိန်းထွက်လာသည်။ တစ်ကိုယ်လုံး
တဆက်ဆက်တုန်ယင်နေသလို အဆမတန်ခုန်နေသော ရင်တစ်စုံ။ ပါးပြင်နှစ်ဖက်လုံး ရွှဲရွှဲစိုစေသော
မျက်ရည်တွေ။ တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့နစ်နေ၏။ ကြောက်စရာကောင်းသော စိုစွတ်အိပ်မက်။
"ညီ!"
ဘုရားရေ။ ဘာလို့များကျွန်တော် ညီ့ကို ဒီခုတင်ပေါ်မှာ ကျွန်တော်ညီ့ကို တွန့်ကြေနေသော
အိပ်ရာခင်းတွေနှင့် ကိုယ့်အိပ်ရာကိုကိုယ် ရွံ့ရှာစပ်ဆုပ်တဲ့စိတ်နဲ့ ခုတင်အောက်ဆင်းမိသည်။ ဒူးနှစ်ခုကို
ကျစ်ကျစ်ပါအောင်ပိုက်ထားရင်း
ကျွန်တော် မျက်ရည်အလိုလိုကျလာရပြီ။ အောင့်တက်လာတဲ့ရင်တွေ။ ကျွန်တော်ဟာညီ့အပေါ်ရိုးရှင်းစွာ
မချစ်နိုင်ခဲ့ပေမယ့်... ဒီလိုပုံစံမျိုးတွေနဲ့ ညီ့အပေါ်အခွင့်ကောင်းယူဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။
အရွယ်ရောက် ယောကျာ်းတစ်ယောက်အနေနဲ့ဖြစ်ပေါ်လာတတ်တဲ့ ဆန္ဒတွေဆိုတာလည်းမရှိသလောက်ပင်။
ယောကျာ်း၊ မိန်းမ ဘယ်သူဘယ်ဝါရယ်မှ ကျွန်တော့်စိတ်ထဲမရှိတာ။ အရွယ်ရောက်သည့်အချိန်တည်းက
ကျွန်တော့်ဘေးမှာ ညီပဲရှိခဲ့သလို စိတ်ဝိညာဉ်အားလုံးကိုလည်း ညီ့ကိုပဲအပိုင်ပေးခဲ့တာ။
ရုပ်နာမ်တွဲချိတ်ထားချိန်တိုင်းလည်း ညီ့ကို မြတ်နိုးစုံမက်စိတ်တွေသည်သာ ပြည့်နေခဲ့တာ။ သိစိတ်က
မပြစ်မှားရက်ပေမယ့် ခန္ဓာဗေဒ၏လှုံဆော်မှုကို မသိစိတ်နဲ့ပေါင်းစပ်မိချိန် အမြဲလွှမ်းမိုးခဲ့သူ ညီ့ကိုသာ...
ညီနဲ့သာ။
ပုံမှန် အနမ်းဆိုသည့်အဆင့်နဲ့ မရပ်တော့တဲ့ ကျွန်တော့်လောဘကို ကိုယ်တွင်းနတ်ဆိုးတွေက
အိပ်မောကျနေချိန်တန်ခိုးလာပြတာ။ အဲ့လိုအဖြစ်မျိုးဘယ်တော့မှမကြုံစေရဘူး။ ဟုတ်တယ်။ ညီ့ကို
ဒီလိုနာကျင်မှုမျိုး တကယ်ဖြစ်ပျက်ခဲ့သလိုကို ပီပီပြင်ပြင်ရှိခဲ့သော အိပ်မက်ဆိုးထဲကလို အပြင်လောကမှာ
ရှိလာစေရမှာမဟုတ်ဘူး။
"တောင်းပန်ပါတယ်။ ကို...ကိုတကယ် အဲ့လိုမျိုးတွေ ညီ့အပေါ်မဖြစ်သင့်ဘူး။တပ်မက်မိလို့ တောင်းပန်ပါတယ်"
ဒီလိုခဏခဏ သွေးသားလှုံဆော်မှုတွေဖြစ်နေရင်...တကယ်အပြင်မှာ အဲ့လိုဖြစ်လာပါက
ကျွန်တော်ရူးသွားလိမ့်မယ်။ ကိုယ့်ကိုကိုယ်မုန်းတယ်။ ညီ့ကိုစိတ်ဖြေရာအဖြစ် အသုံးချခဲ့တဲ့ကိုယ့်ကိုကိုယ်ရွံ့၏။
အလုံပိတ်အခန်းထဲ ကျွန်တော်မွန်းကျပ်လာသည်။ အခုချိန်ညီက သူ့အခန်းထဲမှာ ငြိမ်းချမ်းစွာ
မှေးစက်နေမှာ။ ကျွန်တော်ကသာ ကာမဘီလူးစီးခဲ့တာ။
လေးနာရီကိုညွှန်ပြနေသော တိုင်ကပ်နာရီ။ ကျွန်တော်အိပ်လို့မရတော့ဘူး။ ခုတင်ပေါ်ကျွန်တော်
ပြန်မတက်ရဲဘူး။ အစစ်အမှန်မဟုတ်ပေမယ့် ဒီခုတင်ပေါ်မှာ ညီကိုဆိုးရွားစွာ သေလောက်အောင်
နာကျင်စေခဲ့တာ။ မျက်ရည်ကျစေခဲ့တာ။ တောင်းပန်နေတာတောင် မရပ်ခဲ့တဲ့ ကျွန်တော့်စိတ်ကို
ကျွန်တော်ကြောက်မိ၏။ ဒီအခန်း၊ ဒီခုတင်ကို ကျွန်တော်ကြောက်တယ်။
ဝရန်ဒါလက်တန်းပေါ်လက်တင်ရင်း ဝေလီဝေလင်းနီယွန်မီးရောင် လိမ်းကျံထားသောပတ်ဝန်းကျင်ကို
အကြောင်းမဲ့ငေးနေမိသည်။ အလိုလိုကျလာပြန်တဲ့ မျက်ရည်စတွေ။ မနက်ခင်းသန့်စင်သော လေပြေတွေက
ညီ့ရယ်သံတွေနဲ့တူလိုက်တာ။ သန့်စင်ခြင်းနဲ့လန်းဆန်းနေသည်။ ညီနဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲလေ။
ဒီလိုတွေဆက်တိုက်ဖြစ်နေရင် စိတ်အလိုမလိုက်မိဖူးရယ်လို့ ကိုယ့်ကိုကိုယ်အာမခံဖို့ ကျွန်တော်
မရဲတော့ဘူး။
ညီရာ...နောက်ဘဝမှာ ဒီလိုပုံစံမျိုးနဲ့ မချစ်ကြရအောင်...
ညီ့အခန်းရှိရာကို လှမ်းကြည့်မိတော့ အမြဲမီးလင်းနေသောအခန်းက လိုက်ကာဖြူကြား ငြိမ်သက်နေသည်။
"ဟင် !ညီ"
ဝရန်ဒါကျောက်ပွတ်လုံးတိုင်တွေကြားထဲမှနေ၍ မြင်နေရသော ညီ့ ပုံရိပ်ပါးပါးလေး။ ညီမမြင်ခင်ရှောင်
မည်စိတ်ကူးပြီးမှ...
"ညီကွာ...ဒီလောက်အေးနေတာကို"
စိုးရိမ်စိတ်က အရှက်တရားကိုအမြဲနိုင်စားနေကျ။
"ညီ "
"ဗျာ!"
ရုတ်တရက်မို့လားမသိ လန့်သွားသည်ထင်။ ကိုယ်လေးတစ်ချက်တုန်တက်သွားကာ ကျွန်တော်ရှိရာသို့
ချက်ချင်းလှည့်ကြည့်လာလေ၏။ သိပ်မဝေးသော ဝရန်ဒါ အကွာအဝေးနဲ့မို့ညီကကျွန်တော့်တို့အိမ်ရှိရာ
ထောင့်စွန်းဖက်ဆီသို့ကပ်လာကာ ပြုံးပြ၏။
"ဘာထိုင်လုပ်နေတာလဲညီ ၊ အေးနေတာကို"
"Nightmare ကြောင့်လန့်နိုးလာတာနဲ့..."
ဆက်မပြောတော့ဘဲ ကျွန်တော့်ကိုထပ်ပြုံးပြပြန်သည်။
"ကိုဇက်ကရော"
"အင်...အင်း ဒီအတိုင်းအိပ်မပျော်လို့"
"ကန်ဘောင်ပေါ်မရောက်တာ ကြာပြီ။ သွား ကြမလား"
"မှောင်နေသေးတယ်မဟုတ်လား"
"ခဏနေ,နေထွက်လာမှာပဲ"
"ညီ သွားချင်လို့လား"
အပြုံးလေးတစ်ခုနဲ့ ခေါင်းညိတ်ပြလာသည်။
"ဒါဆိုလည်းသွားရအောင်"
"ခဏစောင့်ဗျာ။ ကျွန်တော်မျက်နှာသွားသစ်လိုက်ဦးမယ်။ လမ်းလျှောက်သွားမယ်နော် ကိုဇက်"
"အင်း အင်း ကိုခြံရှေ့မှာစောင့်နေမယ်"
ခေါင်းစွပ်အနွေးထည်အဖြူရောင်နဲ့မို့ ယုန်ပေါက်စလေးတစ်ကောင်နဲ့တူနေတဲ့ ညီ။ အစိုဓာတ်ရှိနေသော
မျက်နှာနုနုထက် နှဖူးပြေပြေပေါ်ဝဲကျနေသော ဆံပင်တွေမှာ တွဲခိုနေသောရေစက်မွှားတွေ။
"ညီ ရေတွေသေချာမသုတ်ပြန်ဘူး"
စိုနေသောဆံပင်တွေကိုဖွတော့ ခေါင်းမော့ပေးကာ ငြိမ်နေ၏။ အာရုံအသိထဲ ခုတင်ထက်မှ ပုံရိပ်အချို့
ပြန်ထင်ဟပ်လာ၍ အမြန်လက်ရုတ်မိသည်။ ညီကတော့ သတိပြုမနေပါဘူး။ အနည်းငယ်ပွသွားသော
ဆံပင်အုပ်ဖောင်းဖောင်းထဲ လက်ချောင်းသွယ်သွယ်တွေ ထည့်ကာပြန်ရှင်းနေ၏။
တိတ်ဆိတ်ခြင်းဖြင့်သာ အင်လျားကန်စောင်းကနေ ပတ်လျှောက်ရင်း ကန်ပေါင်ပေါ်တက်လာချိန်
အရှေ့ဖက်မိုးကုပ်စက်ဝိုင်းမှာ ရောင်နီပျို့နေပြီ။
မြို့ပြမနက်ခင်း မြူငွေ့ဆိုင်းဆိုင်းအောက် ဖြတ်သွားသော ကားတစ်စီးစနှစ်စီးစ။ဝီရိယကောင်းလွန်းသော
အားကစားလိုက်စားသူ အနည်းငယ်နဲ့တစ်နေ့တာကို အစပြုနေသည်။
လက်နှစ်ဖက်ဆန့် လေကိုအားပါးတရရှုသွင်းပြီး ခါးဘယ်ညာလှည့်ကာ အကြောလျော့နေသော ညီ့ကို
အနောက်မှငေးကာတွေကာနဲ့ကြည့်နေမိသည်။ ရေငွေ့ရောယှက်နေသော မြူဖြူဖြူတွေကြား ညီက
ထိလိုက်တာနဲ့အရည်ပျော်သွားမယ့် နှင်းရုပ်လေးလိုပဲ။
သူ့ကို ဒီလိုပြောကြည့်။ သူ့ကိုဒီလိုမိန်းမဆန်တာတွေနဲ့ နှိုင်းရကောင်းလားဆိုပြီး ညီ စိတ်ဆိုးမှာ။
ကျွန်တော်ချစ်မိသွားတာ ယောကျာ်းတစ်ယောက်ဆိုတာ မေ့ထားလို့မရဘူး။
ခြွေရင်ကြွေကျလာမယ့် ပန်းတစ်ပွင့်ကို ဖန်တီးခဲ့တာမဟုတ်ဘူး။ တန်ဖိုးကြီးတဲ့ တောအုပ်ငယ်တစ်ခုကို
နှစ်ပေါင်းများစွာ အရိပ်တကြည့်ကြည့်နဲ့ပျိုးခဲ့ရတာ။
ဟုတ်တယ်။ ညီကကျွန်တော့််ရဲ့ချွေးသိပ်ဖြေသိမ့်ရာ တောအုပ်ငယ်။ တန်ဖိုးကြီးတယ်။ ညီ့ကိုမှီတည်နေတဲ့ရှင်သန်ခြင်းတွေရှိတယ်။ ဒါတွေကိုလည်းညီနဲ့အတူ ကျွန်တော်တန်ဖိုးထားပေးသင့်သည် မဟုတ်လား။
"လှတယ်နော် နေထွက်လာတာ"
ရောင်နီပျို့နေရာမှ ပုစွန်ဆီသွေး တဖြည်းဖြည်းရဲလာသလို ညီ့ပါးပြင်ကိုရောင်ပြန်ဟပ်နေသည်မှာ
တစ်မျိုးကြည့်ကောင်းလှသည်။ ခုံတန်းတွင်ထိုင်ရင်း အလင်းရောင်နဲ့အနွေးဓာတ်ဖြန့်ကြက်ပေးနေသော
နေသူရိန်ကို တိတ်ဆိတ်စွာ ငေးကြည့်နေသောညီ။
"နေထွက်လာတာကို အတူတူထိုင်ကြည့်တာ ဒါပထမဆုံးမလား"
ကျွန်တော် ခေါင်းညိတ်အဖြေပေးတော့...
"ကျွန်တော်တို့ဘာတွေမလုပ်ဖူးသေးတာ ရှိသေးလဲ "
ညီ မေးလာတော့ ကျွန်တော်ရုတ်တရက်မစဉ်းစားနိုင်ဘူး။ ညီက ဆက်ပြောသည်။
"တစ်ပန်းကန်တည်းက ထမင်းကို အတူတူစားဖူးတယ်။ အတူတူအိပ်ဖူးတယ်။ ခရီးအတူတူသွားဖူးတယ်။
အခုနေထွက်တာ ကြည့်ဖူးပြီးသွားပြီ။ နေဝင်တာကြီးတော့ မကြည့်ချင်ဘူးဗျာ"
"ကိုယ်တို့နေဝင်တာလည်း ကြည့်ဖူးတယ်လေ...1999 Dec 31က ဝင်သွားတဲ့နေကို ညီတို့ ခေါင်မိုးပေါ်ကနေ
ကြည့်ခဲ့ဖူးတယ်လေ"
"အာ ဟုတ်သားပဲ။ ထောင်စုနှစ်ရဲ့ နောက်ဆုံးနေဝင်ချိန်ဆိုပြီး...ပြန်တွေးကြည့်ရင်တော်တော်ကြာသွားပြီပဲ။
နောက်ကော ကျွန်တော်တို့ဘာမလုပ်ဖူးတာ ရှိသေးလဲ"
"မရှိသလောက်ပါပဲ။ ကို တို့လုပ်လို့ရတာ မှန်သမျှ လုပ်ကြည့်ခဲ့ကြတာပဲလေ။ ဘီယာအတူတူသောက်ဖူးတယ်။
ဆေးလိပ်ခိုးသောက်ဖူးတယ်။ ကလပ်ခိုးတက်ဖူးတယ်"
"ဟားဟား ဖလော်ရီဒါသူလေးတွေ အိမ်လိုက်လာမယ်ဆိုလို့ ကလပ်နောက်ပေါက်ကနေ ခွေးပြေးဝက်ပြေး
ထွက်ပြေးကြတာ။ ကျွန်တော်တို့နှစ်ယောက်က တကယ့်ဗရုတ်တွေပါဗျာ"
ခေါင်းမော့ကာ သဘောတကျရယ်နေပုံ။ ယောကျာ်းတစ်ယောက်ရဲ့ သြရှရှရယ်သံက အဲ့လောက်တောင်
နားထောင်လို့ကောင်းနေတာ အဲ့ယောကျာ်းက ညီဖြစ်နေလို့လား။
"ကိုဇက် ဘာလို့အစောကြီးနိုးနေတာလဲ။ အလုပ်ခုမှ ပြီးလို့လား"
"ဒီအတိုင်းနိုးလာတာ...ညီကရော ဘယ်လိုအိပ်မက်မက်လို့လဲ"
ခပ်ပါးပါးပြုံးကာ အင်လျားရေပြင်ဆီသို့ ငေးကြည့်ရင်း...
"ရေတိမ်နစ်နေတာ" ဟုခပ်တိုးတိုးပြော၏။
ရေတိမ်နစ်တယ်။ ဝိက္ကဝုတ္တိအလကာၤၤမြောက်ထိုအသုံးအနှုန်း။
တစ်စုံတစ်ယောက်ကြောင့်ဘဝပျက်ကိန်းဆိုက်မယ့် မိန်းကလေးတွေကို သတိပေးစကားအနေနဲ့
ဘွားဘွားကြီးမကြာခဏသုံးခဲ့ဖူးသော ထိုအသုံးကို ကျတော်ကောင်းစွာ မှတ်မိနေသေးသည်
ခုညီဆိုလိုတာက...
"ထူးဆန်းတာက အဲ့ရေထဲ ကျွန်တော်ကိုယ်တိုင်ခုန်ဆင်းတာတဲ့"
ခပ်ပြုံးပြုံးပြောရင်း ခေါင်းငုံ့ကာ ခြေထောက်အောက်မှ ခဲလုံးအား နင်းခြေနေသော ညီ။
ကျွန်တော့်၏ဆွံ့အမှုကို ညီက အရေးမစိုက်ဘူး ဟူသော ပုဒ်မှတ်ဖြင့်စွဲချက်မတင်ပါဘူး။
"ဆောင်းဝင်ခါစဖို့လို့ထင်ပါတယ်။ အိပ်မက်တွေကယောက်ဂယက်ဖြစ်တာနေမှာ။ ခဏလှဲမယ်ဗျာ ဟိုဘက်တိုး"
နှင်းရေစိုနေသော ခုံတန်းပေါ် လှဲချရန်ပြင်နေသော ညီ။
"ခေါင်းတွေအေးမယ်ကွ။ ဒီမှာရေတွေစိုနေတာ"
"ဒါဆို ကိုဇက်ပေါ်ခဏလှဲမယ်ဗျာ"
ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ပေါင်ပေါ် ခေါင်းတင်မှေးသူ။ အပေါ်စီးမှမြင်နေရသော ညီ့မျက်နှာနုနု။ပြုံးယောင်
သန်းနေသောနှုတ်ခမ်းပါးတို့က အအေးဓာတ်ကြောင့် ခြောက်သွေ့သွေ့။
"ဘွားဘွားကြီးကို သတိရသေးလား"
"ဟင်"
မျက်လုံးများမှိတ်ထားလျက်မှ ဆုံးသွားသောဘွားဘွားကြီးကို သတိတရမေးသူ။
"မေ့နေပြီမလား။ ဘွားဘွားကြီးကို..."
ဟုတ်တယ်။ ကျွန်တော်အလုပ်တွေနဲ့ တခြားကိစ္စတွေကြား ဘွားဘွားကြီးကိုမေ့နေခဲ့၏။
"သေသောလူ ကြာရင်မေ့ဆိုတာ တကယ်ပေါ့..."
တစ်ကိုယ်တည်းရေရွတ်သလို ခပ်တိုးတိုးပြောနေသောညီ။
ဝမ်းနည်းစရာအတိတ်တွေ ကိုယ့်ဘေးနားကနေချစ်သော သူတို့စွန့့်ခွာသွားခံရခြင်းတွေကို ခံနိုင်ရည်ရှိ
နေတာ ကိုယ်ရင့်ကျက်လာလို့ မဟုတ်ပါဘူး။ အားလုံးထက်ပိုချစ်ရတဲ့ညီကို့ဘေးနားရှိနေလို့ပါ။
နှဖူးပေါ်ဝဲကျနေသော ဆံပင်ပျော့ပျော့တွေအား သပ်တင်ပေးမိတော့မယ့် လက်ကိုအမြန်
ပြန်ရုတ်သိမ်းလိုက်ရ၏။ ချစ်လွန်း၍ တခြားလူလက်ထဲ မထည့်ချင်မိသလို ကိုယ်တိုင်သိမ်းပိုက်မိမှာ
ကြောက်လာတာက မြတ်နိုးလွန်းသွား၍များလား။
"ညီ...ကို မဟာ့ကို အိမ်ကလူတွေနဲ့ မိတ်ဆက်ပေးတော့မယ်။ မေမေကလည်း ခဏခဏမေးနေပြီ"
ဖြာစင်းကျနေသော မျက်တောင်ဖျားတို့ အနည်းငယ်လှုပ်ခတ်သွားပေမယ့် ဖန်ကြည်မျက်ဆံအိမ်တွေကို
မြင်တွေ့ခွင့်မရပါဘူး။
"အင်း ဖိတ်ပေါ့။ အင်း...အဲ"
အကြောဆန့်ရင်း ထထိုင်၏။ ညီခေါင်းတင်ခဲ့သောနေရာက အနွေးဓာတ်ပျောက်သွားမှာကို နှမြောနေမိသည့်
ကိုယ့်စိတ်ကို ကိုယ်ကြောက်မိသည်။ လူတစ်ယောက်လုံးတောင်ပိုင်ဆိုင်ခွင့်မရှိသည့် ဘဝမှာ
အငွေ့အသက်လေးကအစ သိမ်းထားနိုင်သလောက် သိမ်းထားချင်မိသည်အထိ ကျွန်တော်ညီ့အား
ရူးသွပ်လွန်းနေပြီ။
ခေါင်းမော့ခါးကော့ကာ လက်နှစ်ဖက်ကို အပေါ်ဆန့်ထုတ်ရင်း ပျင်းကြောဆန့်နေသော ညီက ကျွန်တော့်
အား ကျောခိုင်းထား၏။ အနွေးထည်အောင်မှ တစ်စွန်းတစ်စ ပေါ်လာသော ခါး ဖွေးဖွေး။ ကျွန်တော့်မျက်လုံးထဲ
ညီနဲ့ပတ်သတ်သမျှက လှလွန်းနေခဲ့တာ။ တဝါးဝါးသမ်းဝေပြီးမှ အရည်ကြည်ရစ်သိုင်းနေသော
မျက်လုံးများနှင့် အတောက်ပဆုံး လှည့်ပြုံးပြရင်း ကျွန်တော့်ပုခုံးကိုပုတ်ကာ...
"အိမ်ကိုဖိတ်မယ့်နေ့ကိုကြိုပြော၊ ကျွန်တော်ကိုယ်တိုင်ချက်ကျွေးမယ်။ မရီးလုံးဝ ဆွေမျိုးမေ့သွားစေရမယ်။
ယုံတယ်ဟုတ်" ဟူ၍ခပ်မြူးမြူးပြောလာသူကို တမေ့တမော မော့ငေးနေမိသည်။
အနွေးထည်ကိုခါးအောက် ပြန်ဆွဲချရင်း
"လာဗျာ နေပူနေပြီ ပြန်ရအောင်"
လက်ကိုဆွဲကာ ထူထစေသောညီ။ အမြဲတမ်းနွေးနေတတ်တဲ့ လက်ဖဝါးနုနုရဲ့ အထိအတွေ့ကိုမမေ့
သွားစေရန် မှတ်ထားလိုက်မိသည်။ မနက်ဖြန်ဆိုတာတွေကို ကြောက်မိနေပြီ ညီ။
အင်းလျားကန်ဘောင်ပေါ်မှာ သမ်းဝေချင်ယောင်ဆောင်ပြီး မျက်ရည်ခိုးသုတ်နေတဲ့ ကောင်လေးရယ်။
ထိုကောင်လေးနောက်ကျောကို ငေးကြည့်ရင်း ပါးပြင်ပေါ်ကျလာတဲ့မျက်ရည်တစ်စက်ကို အထိတ်တလန့်
ဖယ်သုတ်လိုက်တဲ့ နောက်ထပ်ကောင်လေး တစ်ယောက်ရယ်...
အချစ်စစ်တိုင်းလှစေရင် ခင်ဗျားနာမည်မကြီးမှာ စိုးလို့လား အချစ်နတ်သမီးရယ်
Continue Reading
You'll Also Like
222K 14.7K 53
Cover by _ nong_thelea ❤ ရှင်း မင်းသူထက် သီဟ
423K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
239K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
24.2K 531 4
Zawgyi + Uni code ချာတိတ်မင့်လေး...ကိုယ့်ကိုတော်တော် ပြုစားနိုင်တယ်သိလား။ ချာတိတ်...ချာတိတ် မင့်ဂေးမဟုတ်ဘူးပြောပေမဲ့ ကိုယ်ဂေးခဲ့ရတာချာတိတ်ကြောင့်ဘဲ ခ...