ညီ
By HsuChiKo365
4.6M 306K 7.5K
Boy×Boy(Own Characters) Romance,Drama and other age limited feelings. More
About Story
Epi(1)
Epi2
Epi3
Epi4
Epi5
Epi6
Epi7
Epi8
Epi9
Epi10
Epi11
Epi13
Epi13-2
Epi14
Epi15
Epi16
Epi17
Epi18
Epi19
EPI(20) Age warning
Epi21
Epi(22)
Epi(23)
Epi 24
Epi 25
project
Poem
Pain
Epi26
Epi(27)
Epi28
Epi28-1
Epi29
Ending Part-1
Ending
EXTRA[1]
EXTRA[2]
EXTRA[3]
EXTRA-4
EXTRA-5
ကျေးဇူးတင်လွှာ
New Year Special
Nothing's gonna change
#DafBama2017_EXO
Ending (Unicode)
Extra(Unicode)
Epi12
73.9K 7.1K 171
By HsuChiKo365
""ကျတော်ဘာမှ မဖြစ်ပါဘူးဆိုဗျာ""
မှမဖြစ်တာလား??""
မစားနဲ့ပေါ့""
ဘယ်သူလဲ?ခုကော ဘယ်သူကကြောက်တယ်
ပြေနေလို့လဲ?""
""မကြောက်ရင်သွားမယ်။လာ""
တာ။""
""နှုတ်မှာကျတော်သိတယ်။""
ဒူးကတလှုပ်လှုပ်။
သီးသန့်လေ""
""ဘာ!!ကလေးဆေးခန်းကျိခေါ်လာတယ်""
ကလေးတစ်သိုက်။
""ရှက်စရာကြီးကွာ""
""ပြန်ရအောင်ဗျာ။နော် ကိုဇက်။နောက်နေ့အားမှ---""
သာွးကိုက်သည့်အရှိန်နဲ့နီရဲနေသောပါးပြင်ကို
နာနေတာကို ပေနေတာ။
ကျတော့်လက်တွေကိုခေါင်းခါရှောင်လွှဲသည်။သိ
ရည်ကို ကျတော်ဘယ်တော့မှမြင်တွေ့ခွင့်မရခဲ့ဘူး
ညီ ခါတလေတကယ်ဆိုးတယ်။
အေးစက်စက်လက်ဖျားတွေကိုဖမ်းဆုပ်ဖျစ်ညစ်
ဆုပ်ကိုင်အားပေးတော့ မျက်နှာချင်းဆိုင်မှ မေမေ
တွေက ကျတော်တို့နှစ်ယောက်ကိုထူးဆန်းသလို
ကြည့်နေသည်ကို ကျတော်သိတယ်။ဒါပေမယ့်
သက်သာငှား ညီ့လက်ချေုာင်းလေးတွေကိုသာ
ကိုယ်ချစ်တဲ့လူကိုဂရုစိုက်ပေးကြတတ်တာပဲလေ။
ဖြစ်နိုင်ရင်ညီ့အစားကျတော်သာဖြစ်လိုက်ချင်
သည်
""နေကောင်းမြတ်သူ""
ဖုန်းကထမြည်လာရဲ့
""မဟာ??ပြောလေ""
""----"""
ကြီးလို့လား?""
ညီက အခန်းထဲမဝင်သေးပဲ ကျတော့်ကိုသာငေး
ခက်ဖြစ်နေသောကျတော့်ပုံစံကို ညီကချက်ချင်း
သဘောပေါက်တယ်။
""ကို--""
""ကျတော်ကရတယ်။သွားသွား။Ladyကို
""ညီကော အဆင်ပြေ?""
""Okပါတယ်။ဟိုမှာစောင့်နေရတာအားနာလို့
ကျတော်ဝင်တော့မယ်။ကိုဇက်လည်းသွားတော့""
""ညီ--ကို့ကိုလိုရင်-""
""မလိုဘူး။ကျတော်ရတယ်""
ကျတော့်စကားကိုအသုံးပင်မခံကြားဖြတ်ပြောကာ
သွားသူ။
ဟုတ်ပါတယ်။ညီက ယောကျာ်းလေးပဲ။ဒါကျတော့်
ညီကကျတော့်ကို နှင်လွှတ်တာလား?ကျတော်
ကထားခဲ့တာလား??
--?-
-
-
-
""မဟာ!""
""လာထိုင်လေ Z။Zကိုမိတ်ဆက်ပေးမလို့""
ကျတော့်ရှေ့တွင် ထိုင်နေသောလူကိုယဉ်ကျေးမှု
ထားသည့်မှန်အလားကျတော့်အပြုံးကိုဥပက္ခာပြု
၏။
>>ဘာလဲဟ။ဒါ ကျတော့်ကိုမစဉ်းစားပေးတော့
ဘူးလို့များပြောချင်တာလား??ဒါများဘာလို့
ခေါ်တာလဲ<<
နေတာ။ချစ်သူလည်းမဟုတ်ဘာလည်းမဟုတ်ပဲ
ခုကော ကိုဇော်မင်းဌေးမျက်လုံးထဲ တင့်တယ်
သွားပြီလား""
""ကိုဇော်မင်းဌေးရဲ့စေတနာမှန်တွေကြောင့်ဆု
တောင်းပြည့်မှာပါ""
ပါအုံးမယ်""
ကိုအတင်းနှလုံးမူကာ မျက်နှာအပျင်ပျက်အယွင်း
ကျတော့်မာနတစ်ချို့ပဲ့ပါသွားသလိုခံစားနေရ၏။
""လာလေဇက် သွားရအောင်""
ခံပြင်းသလိုရှိတာမှန်ပေမယ့် ကျတော်သေချာမသိ
လိုက်လာမိသည်။ကျတော်ဖွင့်ပေးသောကားတံခါး
ကိုကျော်ကာ
""မဟာ့ကားပါတယ်။Zနောက်ကလိုက်ခဲ့လေ""
ဟူ၍Fitအဖြူလေးပေါ်တက်သွားလေ၏။
ခုချိန်သတိရဆုံးက ညီ။ခုကျတော်ဖြစ်နေပုံများကို
ညီသာသိရင် ဘာပြောမလဲ??
Junction Squareထဲရောက်တော့လည်းဘာမှမပြောပဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့
ဘာဖြစ်သွားတာလဲဟုသောအဖြေကိုအသည်း
အသန်စဉ်းစားရင်း ကျတော့်မှာစိတ်နဲ့ကိုယ်က
စည်းလွတ်ဝါးလွဲ။
""Z ဘာတွေစဉ်းစားနေတာလဲ?စိတ်နဲ့ကိုယ်မ
ကပ်သလိုပဲ""
""Z ခု မဟာ့ကိုစိတ်ဆိုးနေတာလား?""
ကြီးကတော့--""
""Zကြားခဲ့တာအမှန်တွေပါ။Zကိုခုလိုပုံစံမျိုးနဲ့
ပါဘူး။မဟာကလည်းလူတစ်မျိုး။အဲ့လိုလာပြီး
အနိုင်ပိုင်းလိုက်ရမှာကိုကျေနပ်တာ""
""ခုကျတော်က မဟာ့နိုင်ကွက်တစ်ခုအနေနဲ့အ
သုံးချခံလိုက်ရတာလား?""
""အဲ့လိုမတွေးပါနဲ့။ခုဟာက မဟာတကယ်ချစ်
""ကျတော် မြန်မာစကားမကြွယ်ဘူးမဟာ""
မဟုတ်ပါဘူး""
ပြင်သူတစ်ယောက်က ခခယယမမေးရပါပဲ
ပြောလာတယ်ဆိုတည်းက
""ကျတော်ယုံပါတယ်။ကျတော်လည်းရုတ်တရက်
""မဟာလည်းZကိုရှက်တာရောဘာလုပ်ရမှန်း
အောင်""
""အင်းသွားမယ်လေ""
"ဒီsizeက Zနဲ့ဆိုသေးမနေဘူးလား""
""ကျတော့်အတွက်မဟုတ်ဘူး။ညီ့အတွက်--
ခဏနော်။သူဘာမှာချင်လဲ မေးလိုက်အုံးမယ်""
""ညီ!""
""အင်းပြောလေ""
လွန်တာပေါ့""
""ကိုဇက် ကျတော်ခဏနေမှ ပြန်ဆက်မယ်နော်"
ကလှမ်းမေးနေတာတော့--""
ယောက်တည်းထားခဲ့ရတာ။အခုသူဘယ်လိုနေ
နိုင်ပဲပြောနေသော မဟာ။ဆက်ပြောရင် သူမ
သိက္ခာပဲထိခိုက်မှာမို့ ကျတော်ဆိတ်ဆိတ်နေနေ
လိုက်တော့၏
ပေါ့""
""မဟာ့ သဘောပါ""
လျော့ပေးလိုက်တော့၏။
နောက်မှညီနဲ့သေချာ မိတ်ဆက်ပေးပါအုံးမယ်လေ
ပါ။ကျတော်နဲ့အဆင်ပြေဖို့ထက်ညီနဲ့အဆင်ပြေ
>>>>ညီ<<<<
Thank You All
Everyday on Wp
>>မနေနိုင်အောင်Feelနေလို့ထUpသည်။
ဟင်??Teaserလည်းမပါလာဘူး။ဟုတ်ကဲ့
စောင့်ပေါ့နော်။ခါတလေ ရှက်မိတယ်တစ်ယောက်
တည်းထိုင်Feelနေရတာသလိုပဲ။မကောင်းလို့လားဟင်??မကောင်းဘူးဆိုလည်း ပြောပါ။ရပ်သင့်ရပ်ရအောင်။<<<
(Unicode)
/
/
/
အပိုင်း(၁၂)
"ကျွန်တော်ဘာမှ မဖြစ်ပါဘူးဆိုဗျာ"
"ဒီလောက်ပါးတစ်ခြမ်းလုံးနီရဲနေတာတောင်ဘာမှမဖြစ်တာလား"
ကျွတ်တစ်ချက်စုတ်ကာ မျက်နှာလွှဲနေ၏။ ညီဆိုတာလေးက ပေတေတေကပ်တတ်တတ်နဲ့။
"သွားဆေးခန်းသွားရမှာ ကြောက်ရင်အချိုတွေ မစားနဲ့လေ"
"ကားထဲမှာ ဗူးလိုက်ဝယ်ထည့်ပေးထားတာဘယ်သူလဲ။ ခုရော ဘယ်သူကကြောက်တယ် ပြောနေလို့လဲဗျ"
"မကြောက်ရင်သွားမယ်။လာ"
မကြောက်ဘူး ဟုသာတွင်တွင်ပြောနေရင်း ဆေးခန်းရှေ့လည်းရောက်ရော "မသွားဘူး။ ဘာမှမဖြစ်ဘူး"
ဟူသော ဂါထာကိုသာ အသံမစဲ မန်းမှုတ်တော့၏။
"ညီ...ခုကြည့်ဦး။ ပါးတစ်ခြမ်းလုံးယောင်နေတာ။"
"ဆေးသောက်ရင်ပျောက်သွားမှာ"
"မနာပါဘူးကွာ။ မနှစ်ကလိုပဲ ဖာလိုက်မယ်လေ"
"နှုတ်မှာ ကျွန်တော်သိတယ်။"
"ကို ဒေါက်တာ ကိုပြောပေးမယ်။ မနှုတ်ဖို့ ဟုတ်ပြီလား"
ချော့မော့ပြောဆိုကာ အတင်းဆွဲခေါ်တော့ ယက်ကန်ယက်ကန်နဲ့ ပါလာရှာတယ်။ ငယ်ငယ်လေးတည်းက
ချူချာသူမို့ ဆေးထိုးဆေးသောက်ရမှာ မကြောက်တော့သော်လည်း ညီ သွားဆေးခန်းသွားရမှာတော့
ကြောက်တယ်။ အခုလည်းထိုင်စောင့်နေရင်း စိတ်လှုပ်ရှားနေ၍ ဒူးကတလှုပ်လှုပ်။
"ဆရာဝန်က မကြမ်းလောက်ပါဘူး။ ဒါ ကလေးသီးသန့်လေ"
"ဘာ! ကလေးဆေးခန်းကြီးကို ခေါ်လာတယ်"
အခုမှ ပတ်ဝန်းကျင်ကိုသတိထားမိသွားပုံရသည်။ ပြုံးစိစိနှင့်ကြည့်နေသော ကလေးအမေတစ်စုနှင့်
ကလေးတစ်သိုက်။
"ရှက်စရာကြီးကွာ"
ခပ်တိုးတိုးညည်းရင်း ဆောင်းလာသောဦးထုပ်ကို ပိုငိုက်ကျသွားအောင်ဆွဲချနေ၏။
"ပြန်ရအောင်ဗျာ၊ နော် ကိုဇက်။ နောက်နေ့အားမှ..."
"မရဘူး။ နောက်နေ့တွေဆို ညီထမင်းတောင်ဝါးလို့ရတော့မှာမဟုတ်ဘူး။ ခုတောင်နီရဲနေပြီ"
သွားကိုက်သည့်အရှိန်နဲ့ နီရဲနေသော ပါးပြင်ကိုခပ်ဖွဖွပွတ်ပေးတော့ ခေါင်းငုံ့ကာငြိမ်နေသည်။
နာနေတာကို ပေနေတာ။
"ကိုဇက် ကတကယ်ဇွတ်လုပ်တာပဲ"
ကျွန်တော့်လက်တွေကိုခေါင်းခါရှောင်လွှဲသည်။ သိတယ်။ သူ့ကိုအလိုမလိုက်တာရော။ နာနေတာပါပေါင်းပြီး
ငိုချင်နေတယ်ဆိုတာ။ ဒါပေမဲ့ညီ့မျက်ရည်ကို ကျွန်တော်ဘယ်တော့မှ မြင်တွေ့ခွင့်မရခဲ့ဘူး။ ညီ တစ်ခါတလေ
တကယ်ဆိုးတယ်။
အေးစက်စက်လက်ဖျားတွေကို ဖမ်းဆုပ်ဖျစ်ညှစ်ဆုပ်ကိုင်အားပေးတော့ မျက်နှာချင်းဆိုင်မှ အမေတွေက
ကျွန်တော်တို့နှစ်ယောက်ကို ထူးဆန်းသလိုကြည့်နေသည်ကို ကျွန်တော်သိတယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားနေသော
ညီ့ကိုသာ စိတ်သက်သာရာသက်သာငှား ညီ့လက်ချေုာင်းလေးတွေကို ခပ်ဖွဖွဆုပ်ညှစ်ကာ အားပေးနေမိသည်။
အမှန်တော့ မထူးဆန်းပါဘူး။ ယောကျာ်းလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုယ်ချစ်တဲ့လူကို ဂရုစိုက်ပေး
တတ်တာပဲလေ။ ဖြစ်နိုင်ရင်ညီ့အစား ကျွန်တော်သာ ဖြစ်လိုက်ချင်တော့သည်။
"နေကောင်းမြတ်သူ"
Nurse မလေး၏အော်သံကြောင့်ညီ တစ်ချက်ပင်တုန်သွားသည်။ အရေးထဲမှ ကျွန်တော့်ဖုန်းက ထမြည်လာရဲ့
"မဟာ...ပြောလေ"
"မဟာ့ဆီ အခုလာနိုင်မလား"
"အခု ညီ့ကိုဆေးခန်းလိုက်ပို့ပေးနေတာ။ အရေးကြီးလို့လား"
ညီက အခန်းထဲမဝင်သေးဘဲ ကျွန်တော့်ကိုသာ ငေးကြည့်နေ၏။ ငြင်းရခက်၊ ညီ့ကိုလည်းထားခဲ့ရ
အခက်ဖြစ်နေသော ကျွန်တော့်ပုံစံကို ညီက ချက်ချင်းသဘောပေါက်တယ်။
"မဟာခေါ်နေတာမလား၊ သွားလိုက်လေ" ဟု ခပ်တိုးတိုးပြောလာသည်။
"ကို..."
"ကျွန်တော်က ရတယ်။ သွား သွား။ လေဒီကို စောင့်ခိုင်းထားတာမကောင်းဘူးနော်"
"ညီ အဆင်ပြေ..."
"ရပါတယ်ဗျာ။ ဟိုမှာ ဆရာမစောင့်နေရတာအားနာလို့ ကျွန်တော်ဝင်တော့မယ်။ ကိုဇက်လည်း သွားတော့"
"ညီ...ကို့ ကိုလိုရင်..."
"မလိုဘူး။ ကျွန်တော်ရတယ်"
ကျွန်တော့်စကားကို အဆုံးပင်မခံ ကြားဖြတ်ပြောကာ Nurseလေးဖွင့်ပေးထားသော အခန်းထဲဝင်သွားသူ။
ဟုတ်ပါတယ် ။ ညီက ယောကျာ်းလေးပဲ။ ဒါကျွန်တော့်ဘဝတွင်တခြားတစ်ယောက်ကြောင့် ညီ့ကို ပထမဆုံး
အကြိမ်ချန်ထားခဲ့ဖူးခြင်းပင်။ ခု ညီကကျွန်တော့်ကို နှင်လွှတ်တာလား။ ကျွန်တော် ကထားခဲ့တာလား။
ညီ
"မဟာ!"
"လာထိုင်လေ ဇက်။ ဇက်ကိုမိတ်ဆက်ပေးမလို့"
ကျွန်တော့်ရှေ့တွင် ထိုင်နေသောလူကို ယဉ်ကျေးမှုအရပြုံးပြပေမယ့် ထိုသူမှာတော့ ပြဒါးမသုတ်ထားသည့်
မှန်အလား ကျွန်တော့်အပြုံးကို ဥပက္ခာပြု၏။
"ကိုဇော်မင်းဌေးဆိုတာ မဟာတို့အိမ်က မဟာနဲ့နေရာချပေးထားချင်သူပေါ့။"
ဘာလဲဟ။ဒါ ကျွန်တော့်ကိုမစဉ်းစားပေးတော့ဘူးလို့များ ပြောချင်တာလား။ ဒါများဘာလို့ခေါ်တာလဲ
"ကိုဇော်မင်းဌေး ဒါမဟာ့ချစ်သူ ဇိုင်းဇက်တဲ့ ။ Asia Net က Senior Software Engineer"
ဟင်!ပြုံးပြုံးလေးပြောလိုက်ပေမယ့် မဟာမျက်နှာတွင် မာနတရားနဲ့လှောင်ပြုံးတွေ။ဒါတွေကကျွန်တော့်အတွက်
မဟုတ်ပေမယ့် ကျွန်တော့်စိတ်ထဲအလိုမကျ။ ရှေ့မှ ကိုဇော်မင်းဌေးကိုလည်း အားနာသွားရ၏။
"ဇက်ရဲ့...ကိုဇော်မင်းဌေးက ခုပဲ မဟာ့ကိုပြောနေတာ။ ချစ်သူလည်းမဟုတ်၊ ဘာလည်းမဟုတ်ဘဲ
ဇက်နဲ့တွဲသွားတွဲလာလုပ်နေတာမကောင်းဘူးတဲ့။ ခုရော ကိုဇော်မင်းဌေးမျက်လုံးထဲ တင့်တယ်သွားပြီလား"
"မဟာအဆင်ပြေရင် ပြီးတာပါပဲ။ မဟာ့ဆုံးဖြတ်ချက်အတွက် နောင်တမရပါစေနဲ့လို့ပဲ ကို ဆုတောင်း
ပေးချင်ပါတယ်"
"ကိုဇော်မင်းဌေးရဲ့စေတနာတွေကြောင့်ဆုတောင်းပြည့်မှာပါ"
"ဒါဆို ကို့ကိုခွင့်ပြုပါဦး။ဇိုင်းဇက် ကိုသွားလိုက်ပါဦးမယ်"
ပညာရှိအမျက်အမြင်မထွက်စေနဲ့ဟူသော ဆုံးမစာကို အတင်းနှလုံးမူကာ မျက်နှာအပျက်ပျက်အယွင်းယွင်း
နဲ့ ထထွက်သွားသော ကိုဇော်မင်းဌေးကျောပြင်ကို ကြည့်ရင်း မဟာကမဲ့ပြုံးပန်း ပန်ဆင်နေ၏။
ရုတ်တရက်ဖြစ်သွားသော အခြေအနေကြီးနောက် ကျွန်တော့်မာနတစ်ချို့ပဲ့ပါသွားသလိုခံစားနေရ၏။
"လာလေ ဇက် သွားရအောင်"
ခံပြင်းသလိုရှိတာ မှန်ပေမယ့် ကျွန်တော်သေချာမသိသေးသော ဖြစ်ရပ်မို့ အလကားနေ ဒေါသလည်း
မထွက်သင့်သဖြင့် မဟာခေါ်ရာနောက်သာ လိုက်လာမိသည်။ ကျွန်တော်ဖွင့်ပေးသော ကားတံခါးကိုကျော်ကာ
"မဟာ့ကားပါတယ်။ ဇက်နောက်ကလိုက်ခဲ့လေ" ဟူ၍ သူမ Fit အဖြူလေးပေါ်တက်သွားလေ၏။
ခုချိန်သတိရဆုံးက ညီ။ခုကျွန်တော်ဖြစ်နေပုံများကိုညီသာသိရင် ဘာပြောမလဲ??
Junction Squareထဲရောက်တော့လည်း ဘာမှမပြောဘဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ Shopping
ထွက်နေသေး၏။ မဟာရုတ်တရက်ဘာဖြစ်သွားတာလဲ ဟူသော အဖြေကို အသည်း အသန်စဉ်းစားရင်း
ကျွန်တော့်မှာ စိတ်နဲ့ကိုယ်က စည်းလွတ်ဝါးလွဲ။
"ဇက် ဘာတွေစဉ်းစားနေတာလဲ ။ စိတ်နဲ့ကိုယ်မကပ်သလိုပဲ"
"ဒီအချိန် ပုံမှန်ဖြစ်နေတာမှ ထူးဆန်းနေမှာမဟုတ်ဘူးလား"
ထိန်းထားသည့် ကြားမှ ခပ်ဆက်ဆက်ပြန်ပြောမိသည်။ ဒီတော့ သူမက ရယ်ပါ၏။
"ဇက် ခု မဟာ့ကိုစိတ်ဆိုးနေတာလား"
"စိတ်ဆိုးတယ်မဟုတ်ပေမယ့် ခုဖြစ်သွားတာကြီးက..."
"ဇက်ကြားခဲ့တာ အမှန်တွေပါ။ ဇက်ကိုခုလိုပုံစံမျိုးနဲ့အဖြေပြန်ပေးမိတဲ့အတွက် မဟာ စိတ်မကောင်းပါဘူး။
မဟာကလည်း လူတစ်မျိုး။ အဲ့လိုလာပြီး ဆရာကြီးဂိုက်လာလုပ်နေရင် သာသာလေးနဲ့ အနိုင်ပိုင်းလိုက်ရမှကို
ကျေနပ်တာ"
"ခုကျွန်တော်က မဟာ့နိုင်ကွက်တစ်ခုအနေနဲ့အသုံးချခံလိုက်ရတာလား"
"အဲ့လိုမတွေးပါနဲ့။ ခုဟာက မဟာတကယ်ချစ်မိသွားသူက မဟာ့အောင်နိုင်ခြင်းအတွက်အထောက်အပံ့ပေး
လိုက်တာပါ။"
"ကျွန်တော် မြန်မာစကားမကြွယ်ဘူး မဟာ"
"အင်းပါ။ စိတ်မဆိုးပါနဲ့တော့နော်။ မဟာတကယ်ဇက်ကို ချစ်တာပါ။ ဒါတော်ရုံသတ္တိနဲ့ပြောထွက်တာ
မဟုတ်ပါဘူး"
ဟုတ်ပါတယ်။ သူမလို မာနမင်းသမီးဇာတ်ရုပ်ပီပြင်သူတစ်ယောက်က ခခယယမမေးရပါဘဲ ပြောလာတယ်ဆို
တည်းက
"ကျွန်တော်ယုံပါတယ်။ ကျွန်တော်လည်း ရုတ်တရက်ကြီးဖြစ်ပျက်သွားတော့..."
"မဟာလည်းဇက်ကိုရှက်တာရော ဘာလုပ်ရမှန်းလည်း မသိတာနဲ့ ဒီထဲရောက်လာတာ။ ဇက်ရော
ဘာဝယ်ဦးမလဲ။ ဝယ်စရာရှိရင်ဝယ်လေ"
"အင်းNobodyဆိုင်ခဏလောက်သွားရအောင်"
"အင်းသွားမယ်လေ"
"ဒီဆိုဒ်က ဇက်နဲ့ဆိုသေးမနေဘူးလား"
"ကျွန်တော့်အတွက်မဟုတ်ဘူး။ ညီ့အတွက်...ခဏနော်။ သူဘာမှာချင်လဲ မေးလိုက်ဦးမယ်"
"ညီ!"
"အင်း ပြောလေ"
"အခုလေးတင်အဖြေပေးထားတဲ့ချစ်သူထက်ကောင်းကောင်းကိုဂရုစိုက်ပေးနေတာတော့ လွန်တာပေါ့"
တိုက်တိုက်ဆိုင်ဆိုင်ဆိုသည်ထက် ပိုသော အခြေအနေကို မဟာ ဖန်တီးလိုက်တာပင်။
"ကိုဇက် ကျွန်တော်ခဏနေမှ ပြန်ဆက်မယ်နော်"
သေချာတယ်ညီကြားသွားပြီ။
"မဟာ ဘယ်လိုပြောလိုက်တာလဲ"
"ဟုတ်တယ်လေ။ ခုဘေးမှာရှိနေတဲ့ မဟာ့ကိုထားပြီး ကောင်းကောင်းဘာလိုချင်လဲတကူးတကလှမ်းမေး
နေတာတော့..."
"မဟာဆီလာဖို့ ညီ့ကို သွားဆေးခန်းမှာ တစ်ယောက်တည်းထားခဲ့ရတာ။ အခုသူဘယ်လိုနေသေးလဲတော့
ဖုန်းဆက်မေးသင့်တယ်မဟုတ်လား"
"ကောင်းကောင်းက ကလေးလည်းမဟုတ်တော့ဘူးလေ။ ပြီးတော့ ယောကျာ်းလေးပါ။ အရင် မဟာ
ဝင်မပြောတာက ဇက်ကိုမဟာမပိုင်သေးလို့ ၊ ခု မဟာက ဇက်နဲ့သက်ဆိုင်နေပြီလေ။"
ဆိုင်ထဲကဝန်ထမ်းလေးတွေကိုတောင်ဂရုမစိုက်နိုင်ဘဲ ပြောနေသော မဟာ။ ဆက်ပြောရင် သူမ သိက္ခာပဲ
ထိခိုက်မှာမို့ ကျွန်တော်ဆိတ်ဆိတ်နေနေလိုက်တော့၏။
"ဒီဘောင်းဘီဖိုး မဟာရှင်းလိုက်ပါ့မယ်။ ကောင်းကောင်းဆီကနေ ဇက်ကိုအတင်းလှမ်းခေါ်လိုက်တဲ့ အတွက်
သူ့ကိုတစ်ခုခုတော့ ပြန်ပေးချင်လို့ပါ။ မဟာတို့ ချစ်သူဖြစ်တဲ့နေ့အမှတ်တရလက်ဆောင်ပေါ့"
"မဟာ့ သဘောပါ"
သူကြိုတင်တွေးထားခဲ့သောပုံစံနှင့်မကိုက်ညီလွန်းမက တော်တော်ကြီးကိုလွဲနေသောမဟာ့ကိုသိပ်တော့
ဘဝင်မကျပေမယ့်လို့ ပထမဆုံးချစ်သူဖြစ်တဲ့နေ့မှာ ဒီထက်ပို စကားမပြောချင်တော့၍အလျော့ပေး
လိုက်တော့၏။ နောက်မှ ညီနဲ့သေချာ မိတ်ဆက်ပေးပါဦးမယ်လေ။
အားလုးံကချစ်တဲ့ညီ့ကို မဟာလည်း ကြည်ဖြူမှာပါ။ ကျွန်တော်နဲ့အဆင်ပြေဖို့ထက်ညီနဲ့အဆင်ပြေ
နေဖို့ လိုတယ်။ ဒါမှ ညီစိတ်မဆင်းရဲရမှာ။
Continue Reading
You'll Also Like
42.2K 1.3K 9
ရေမရှိပဲကမ္ဘာကြီးဘယ်​လိုသာယာမလဲ​?​ရေမရှိပဲပန်း​​တွေဘယ်​လိုလှပလဲ၊?ရေမရှိပဲမိုး​တွေဘယ်​လိုရွာချမလဲ?ငါ့ဘဝရဲ့မြစ်​တစ်​စင်းနင်​မရှိရင်​​သေသွားနိုင်​တယ်​ ...
240K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
25.6K 2.1K 6
170912 မှာထွက်​တဲ့ Kadi ရဲ့ ပြွတ်​စ်​ ပြွတ်​စ်​ moment အား feel ​ခြင်း 😝 mini fic ​လေး ပါ ~~ plot မရှိပါဘူးဆိုတာကို plot ​ပေးပြီး အတင်း​ရေးခိုင...
155K 8K 51
LGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။