I Love You With All My Heart

By HunHan_Heaven

132K 11.5K 1.2K

ချစ်စကားသည်နှုတ်မှကြွေကျပြီး ချစ်စိတ်တို့သည်နှလုံးသားထဲကိန်းအောင်း သည် နှလုံးသားတစ်ခုလုံးပုံနှင်းကာချစ်မိခဲ့ပြ... More

Page || 1
Page || 2
Page || 4
Page || 5
Page || 6
Page || 7
Page || 8
Page || 9
Page || 10
Page || 11
Page || 12
Page || 13
Page || 14
Page || 15 (Finale)
I Love You
With All My Heart

Page || 3

7.8K 712 33
By HunHan_Heaven


ခွပ်~~

စားပွဲနှင့်ကြွေခွက်ဆောင့်ချလိုက်သံအဆုံးမှာ
သတ္တိကောင်းသူKim Kai အလန့်တကြားနှင့်
ကျောတချက်တွန့်သွားရှာသည်

ထိုဖန်ခွက်ကိုဆောင့်ချလိုက်သူကား
မျက်နှာချင်းဆိုင်ခုံတွင်ထိုင်လျက်လူမှန်း
သူမှန်းမသိအောင်သောက်စားမူးယစ်နေသည့်
အသစ်စက်စက်သတို့သားလေးOh Sehunပါပေ

//စဉ်း…စားကြည့်စမ်း……KimKai အေ့!!!
ဒင်းနဲ့ငါ တညလေးပဲတူတူရှိလိုက်တာနဲ့
ငါကဒင်းကိုယူလိုက်…အေ့ !!!!ရရောလားး//

~~ယူလိုက်ရလို့ပဲ ဟိုကအကောင်လိုက်
မင်းအိမ်ပေါ်ရောက်နေပြီလေ~~

ပါးစပ်မှထုတ်ပြောလျှင် ဆွဲထိုးခံရကိန်းမို့
စိတ်ထဲကနေသာခွပ်လိုက်သည်

//Luluကလဲ ငါ့ကိုမုန်းတယ်တဲ့ကွ Eeeee//

ရယ်လိုက် ငိုလိုက် ဒေါသထွက်လိုက်နှင့်
တယောက်တည်းမျိုးစုံဖြစ်ပျက်နေသောSehun
ကြောင့် ပထမKaiစိတ်ညစ်သည် နောက်တော့
ကြောက်လာသည်

ထိုသတ္တဝါ ဦးနှောက်မှမှန်သေးရဲ့ လားဟု တွေးမိခြင်းကြောင့်ဖြစ်သည်

//Sehunရာ အဲ့လောက်လဲမခံစားပါနဲ့
ကဲကွာLuluနဲ့Luhan ရုပ်ချင်းတူတာပဲဟာကို
Lulu့ရတယ်လို့ပဲ……//

//ဟေ့ကောင် တူမလားး တူမလားး ငနာရဲ့
မင်းLuhanကအထီးကြီးကွ အထီးကြီးး//

ဒါမျိုးကျတော့ နှုတ်သွက်လျှာသွက်နဲ့လျှာမလေး
အာမလေးတော့ဘူး

Kaiခေါင်းတချက်ခါလိုက်ပြီး စားပွဲပေါ်ခေါင်းမှောက်သွားပြန်သည့်Sehunကို
ဆွဲထူမကာ ပခုံးပေါ်လက်တင်လျက် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်

//ဒီမှာ Oh Sehun ကိုယ့်ကိုကိုယ်မလိမ်စမ်း
နဲ့ကွာ မင်းLuhan့ကိုတကယ်မလိုချင်တာ
သေချာလား//

//သေချာတယ် ဟေ့ကောင် သူလဲယောက်ျား
ငါလဲယောက်ျားပဲကို……//

//အဲ့ဒါတွေမေ့ပြီး ဒီအတိုင်းLuhan့ကိုLuhanလို့
ပဲမြင်စမ်း//

Kaiအသံနည်းနည်းကျယ်သွားတော့ ပတ်ဝန်းကျင်ကပါ စူးစမ်းသလိုနှင့်ဝိုင်း
ကြည့်ကြသည်

//ငါပြောမယ် သေချာနားထောင် ငါတို့လို့
ဘေးလူတွေအမြင်မှာတောင် မင်းက မင်းရည်းစားLuluထက်Luhan့ကိုပိုဂရုစိုက်တယ်
Luhanနဲ့မင်းအတူတူရှိနေခဲ့တဲ့အချိန်ကLulu့
ထက်များတယ် မြင်အောင်ကြည့်စမ်းပါ
Oh Sehun ကိုယ့်စိတ်ကိုမြင်အောင်ကြည့်စမ်းပါ
ငါ ဒီထက်ပိုမပြောဘူး//

Sehunတယောက်ခေါင်းငိုက်စိုက်ကျသွားပြီး တိတ်ဆိတ်သွားပြန်သောအခါ Kaiစိတ်မကောင်း
ဖြစ်ရသည်

တချို့အမှန်တရားတွေကျတော့ လက်ခံဖို့ခက်
သကို!!Sehunလို straight တယောက်အနေနဲ့
ကျ ယောက်ျားလေးကိုချစ်မိနေပါသည် ဝန်ခံဖို့
ရာခက်ခဲပေမပေါ့

//Sehunရာ ခက်ခဲမယ်
ဆိုတာငါလက်ခံပေမဲ့………//

~~ဘုတ်!!!

//အမ်……//

ငြိမ်သက်သွားသောSehunသည်သူ့စကားအား
အလေးအနက်နားထောင်နေသည်ဟုမျှော်လင့်
ချက်ကြီးစွာနှင့် စကားများဖောဖောသီသီမိန့်ခွန်း
ခြွေရန်ပြင်ဆဲမှာပင် စားပွဲပေါ်ဘုတ်ကနဲခေါင်းပြန်
စိုက်သွားရှာသောOh Sehun!!!

//လဒလေး ငါကနားထောင်နေတယ်မှတ်တာ
သူကအိပ်ပျော်သွားတာပဲ//

သူ့စကားနားမထောင်ရကောင်းလားဟုဆိုကာ
ဒေါသပါးပါးနှင့်တဖက်လှည့်သွားသောKaiသည်
တိုးတိုးလေးပြောလိုက်သောSehun၏စကားကို
လုံးဝမကြားလိုက်ရပါလေ

//ငါမချစ်ဘူးး ငါသူ့ကိုတကယ်မချစ်တာ//

*-*-*-*-*-*-*-*-*-*-*

//အေ့!!!Luhan ငါ့ယောက်ျားဆိုတဲ့အကောင်
ခုချက်ချင်းအောက်ထပ်ကိုဆင်းခဲ့//

အောက်ထပ်မှဝရုန်းသုန်းကားအသံတွေကြောင့်
နံရံရှိတိုင်ကပ်နာရီကိုမော့ကြည့်မိတော့ ည၁၂နာရီပင်ခွဲနေချေပြီ

//LUHANNN//

တယောက်တည်းကမ္ဘာပျက်မတတ်အော်နေ
သောSehunကြောင့်Luhanခေါင်းသာနာနာ
ကုတ်လိုက်ပြီးlaptopကိုပိတ်လိုက်သည်

//LuHAN//

//လာပြီ လာပြီ စွတ်အော်နေတာပဲ//

လူကအနားရောက်မလာပေမဲ့အသံကအရင်
ရောက်လာသည်

Sehun Sofaပေါ်တွင်ခြေပစ်လက်ပစ်
်အိပ်နေရာမှ မျက်လုံးဖွင့်ကာကြည့်လိုက်သည်

//ကဲ ဘာပြောမလို့လဲ//

ကြည့်ပါဦးလေ!!သူနဲ့မတော်မရော်
်T shirtပွပွကြီးကိုဒူးလောက်သာရှိသည့်
်ဘောင်းဘီတိုနှင့်တွဲဝတ်ထားသည်

နဖူးပေါ်တွင်ဒီအတိုင်းကျနေရမည့်ဆံပင်တွေကို
လဲလက်အငြိမ်မနေဘဲ ဆွဲချည်ထားသေးသည်
စာလုပ်နေသည်ထင် မျက်နှာတဝက်လောက်ရှိ
သည့် ပုလင်းဖင်မျက်မှန်ကြီးကလဲ လျှောကျလို့

ဒီပုံကြီးကိုဘယ်လိုရင်ခုန်ရမှာလဲ????

//ဒီအချိန်ထိ……မင်းမအိပ်သေးဘဲ…… စာလုပ်နေတာလား//

//အေး Testတွေရှိလို့//

စိတ်ရှိလက်ရှိရစ်ပစ်မယ်စဉ်းစားထားခဲ့သည်မှာ
ထိုစကားတခွန်းနဲ့ပင်ပျောက်သွားသည်

သူ့ခင်မျာခုချိန်ထိစာလုပ်နေတာ ပင်ပန်းမှာပဲ!!

//ဟာာ မလုပ်နဲ့ ရတယ်//

//နေစမ်းပါကွာ//

အိမ်ထဲကိုပစ်စလက်ခက် ဝင်လာသည့် Sehun၏ဖိနပ်တွေခြေအိတ်တွေကို
ိုLuhanကိုယ်တိုင်ချွတ်ပေးနေသည်

//ဒါတော့ ငါ့ဘာသာငါ//

~~ဒေါက်

//Yaaa Luhan//

//ငြိမ်ငြိမ်နေ//

Coatကိုချွတ်ပေးဖို့လက်လှမ်းတော့ ကိုယ့်ဘာသာချွတ်မည်ပြောလိုက်မိသည်
ရလာတာက လက်ဆစ်!!ခေါင်းကိုခေါက်ချ
လိုက်တာ ဒေါက်ကနဲနေတာပဲ

မေတ္တာထားချင်စိတ်ပျောက်တာ အဲ့တာတွေ
ပါတယ် !! ထစ်ကနဲရှိလက်ပါတယ်

//ဘာဖြစ်နေတာလဲ အဲ့နှုတ်သီးကထော်လန်
နေတာ ဝက်ဖင်ကျနေတာပဲ//

//ဘာဘာဘာ!!YAA မင်းကိုယ့်ယောကျာ်းကို
အဲ့လိုပြောစရာလား//

//ပြောမှာပဲ ငမူးး ရုပ်ကိုက
သွားတက်အိပ်တော့//

ပြောချင်ရာပြောပြီး Luhanလှည့်အထွက်မှာ
Sehunဒေါသထွက်ကာယိုင်တိယိုင်တိုင်နှင့်
မတ်တပ်ထရပ်လိုက်ပေမဲ့

~~ဝုန်းးးးး

Luhan့ကျောလေးတွန့်သွားကာ မျက်စိစုံမှိတ်ချ
ပစ်လိုက်သည်

သေချာတာကတော့ Oh Sehunတယောက်
ကြမ်းပြင်ကိုသွား နမ်းနေလောက်ပြီလေ

Luhanနောက်ကိုမရဲတရဲလှည့်ကြည့်လိုက်တော့
ထင်သည့်အတိုင်းပင် ကိုယ်တော်က ကြမ်းပြင်
နှင့်ညားနေသည်

မှောက်ရက်ကြီးလဲနေရှာသောသူ့အနား ဆောင့်
ကြောင့်လေးသွားထိုင်ကာ ပြောင်ရှင်းနေသည့်
နဖူးပြင်ကို ထောက်ကနဲမြည်အောင်တောက်
လိုက်တော့

//အားး နာတယ် သမင်စုတ်ရဲ့//

//ရူးချင်ယောင်မဆောင်နဲ့ ထ ဘာလဲ ရုပ်ရှင်တွေ
ထဲကလို မူးပြီးမှောက်သွားတဲ့မင်းကိုမနိုင်
မနင်းသယ် အိပ်ရာထဲထိလိုက်ပို့မယ် ထင်နေ
သလား ငါအဲ့လောက်မတုံးဘူးး ဟွန့်……//

ဒုတိယအကြိမ်မြောက်ပြောချင်ရာပြောပြီး ထထွက်သွားပြန်သည့်Luhan့ကိုSehunခင်ဗျာ
တားချိန်တောင်မရလိုက်

ဘောက်ဆတ်ဘောက်ဆတ်နှင့်ဆတ်တောက်
ဆတ်တောက်ထွက်သွားလိုက်တာများ သူ့
တောင်ပြန်ကြောက်နေရမည့် ပုံပါပဲလား??

//အာ့….ကျွတ် ကျွတ်//

Alcoholအရှိန်နှင့်မူးနောက်နေတာရော
ကြမ်းပြင်နှင့်မှောက်ရက်မိတ်ဆက်တာရော
နဖူးတောက်ခံရတာပါ ပေါင်းလိုက်တော့
Oh Sehunတို့ လကမ္ဘာသို့အလည်တခေါက်
ခရီးစဉ်နှင့်ကြယ်တွေကိုပါအဆစ်မြင်
လိုက်ရသည်

ထိုမျှပင် မဆုံးသေးပဲ အနှီသမင်ကောင်သည်
Sehun၏အိပ်ခန်းထဲတွင်အကျအနနေရာဝင်ယူကာတံခါးပါဂျက်ချထားလေတော့ Heaterမရှိ
ကုတင်မရှိသည့်အခန်းလွတ်တစ်ခုတည်းသာ
Sehunဝင်ခွေရင်း ထိုတညကိုဖြတ်သန်းရသည်

အလွန်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသည့် မင်္ဂလာဦးညပါတကား………

~~•~~•~~•~~•~~•~~

ပကျိပကျိကျလိကျလိလာအော်နေသော ပြတင်း
ပေါက်ကငှက်အသံတွေကိုလဲSehunခုချိန်မှာ
သာယာမနေနိုင်!!!

//သွားစမ်းကွာာာ//

လက်ထဲမှတွေ့ရာပစ္စည်းနှင့်ကောက်ပေါက်လိုက်
တော့မှပကျိပကျိ သံတွေရပ်သွားတော့သည်

ခေါင်းထဲရုတ်တရတ်ဒိုင်းကနဲဝင်လာသည်က
မနေ့ကယောက်ျားယူလိုက်ရသည့်အကြောင်း

Sehunမျက်နှာရှုံ့သထက်ရှုံ့တွသွားပြီး
ခေါင်းအုံးထဲမျက်နှာနှစ်ချလိုက်သည်

//ဟင် ဒီခေါင်းအုံးတွေစောင်တွေဘယ်ကရောက်
လာတာလဲ//

စုစုပေါင်းမှအိမ်မှာလူနှစ်ယောက်ကြီးများတောင်
ရှိသည်မို့ ဒီခေါင်းအုံးလာပေး ဒီစောင်
်လာခြုံပေးသူက Luhanသာဖြစ်နိုင်ပါသည်

မသိမသာပြုံးလိုက်မိသည့် ကိုယ့်နှုတ်ခမ်းကို
Sehumပိတ်ရိုက်လိုက်ရင်း အခန်းပြင်သို့
ထွက်လာခဲ့သည်

//Luhan!!!!//

ပြန်ထူးသံမကြားရသဖြင့် Sehun သူ့အခန်းရှိရာ
ဆီသို့လျှောက်သွားရင်း တံခါးဆွဲဖွင့်လိုက်သည်

မိဘများပြင်ဆင်ပေးထားသည့်နှစ်ယောက်အိပ်
ကုတင်ကြီးက ခေါင်းအုံးစောင်နေရာတကျနှင့်
သပ်သပ်ရပ်ရပ်ပါပေ

ဘာရယ်မဟုတ် ကုတင်ကိုကြည့်နေရင်းမှ
Sehunမျက်နှာတွေပူတက်လာသဖြင့် မျက်နှာ
သစ်ဖို့လိုအပ်နေပြီဟု ကောက်ချက်ချလိုက်သည်

စာအုပ်တချို့မရှိသည့်စာကြည့်စားပွုသက်သေ
အရ Luhanကျောင်းသွားနှင့်ပြီဆိုတာကိုSehun
သိလိုက်သည်

ရေချိုးခန်းထဲဝင်လိုက်တော့ တွေ့လိုက်ရတာက
သွားတိုက်ဆေးအသင့်ထည့်ပေးထားသည့်
သွားပွတ်တံရယ် အဆင်သင့်ပြင်ပေးထားသည့်
သဘက်တွေရယ်

Sehunဘာကိုသဘောကျမှန်းမသိသဘောကျကာ ရယ်လိုက်မိသည်

ရေမိုးချိုးပြီးအပြင်ထွက်လာတော့လဲ ကုတင်ပေါ်
အသင့်ပြင်ထားပေးသည့် အင်္ကျီနှင့်ဘောင်းဘီ

ဝင်လာတုန်းကတော့ သူပဲမျက်စိမှောက်၍လား
မသိ!!ထိုအင်္ကျီနှင့်ဘောင်းဘီကိုမမြင်

တော်တော်လန်းတဲ့ငါပဲဟု ကိုယ့်ကိုကိုယ်ချီးကျူး
ကာ နောက်ဆုံးပိတ်အနေနှင့်ရေမွှေးတချက်
ကောက်ဆွတ်လိုက်သည်

နံရံမှာချိတ်ထားသည့်မင်္ဂလာဦးဓာတ်ပုံကတော့
မင်းဘယ်လောက်ရှိုင်းရှိုင်း အိမ်ထောင်သည်က
အိမ်ထောင်သည်ပါပဲ ဟု သတိပေးပြောနေ
သယောင်ရှိသောကြောင့် Sehunထိုအပြစ်မရှိ
သည့်ဓာတ်ပုံကိုပင် လေဆာတွေစွတ်ပစ်ရင်း
လွယ်အိတ်ကိုဆွဲကာ အောက်ထပ်သို့
ဆင်းခဲ့သည်

မီးဖိုချောင်စားပွဲပေါ်တွင် အုပ်ဆောင်းလေး
နှင့်အုပ်ထားသော မနက်စာကိုမြင်ရသည့်အခါ
Sehunအပြုံးကိုမဖုံးတော့ပါ

သို့သော်ငြားလဲ……

^^ပဲပင်ပေါက်ဟင်းချိုချက်ထားတယ် ဖြည်းဖြည်း
သောက် နင်နေဦးမယ် မင်းကိုအဲ့တာတွေ
ွချက်ပေးနေရတာ ငါ့lunchbox
တောင်မပြင်လိုက်ရဘူးး ပေတရာဂေါက်ရဲ့^^

ပေးလဲပေးနိုင်သောများပြားလှသည့် စုံစိနာမည်တွေ!!ခုလဲပေတရာဂေါက်တဲ့

ဒင်းကengineeringကိုမယူပဲ literatureကို
Majorယူခဲ့ရမှာ^^

Luhanပြင်ဆင်ပေးထားသည့်မနက်စာကို
ိုစားသောက်ပြီးချိန်ဝယ်မနက်၉နာရီခွဲနေလေပြီ
နောက်ကျလက်စနှင့်မထူးတော့ဘူး သဘောပိုက်ကာရေခဲသေတ္တာကို
ိုမွှေရတော့သည်

ခရမ်းချဉ်သီး သခွားသီး Tunaဘူး ပေါင်မုန့်ထုပ်
နှင့်mayonnaiseပုလင်းကိုယူဆောင်ပြီးစားပွဲ
ပေါ်တင်ကာ Luhan့အတွက်နေ့လည်စာ
Sandwichလုပ်ပေးမိသည်

Canteenမှာစားလေ့စားထမရှိသည့် Luhanက
တော်ရုံဗိုက်ဆာတာလောက်နဲ့ ကြိတ်မှိတ်နေမည့်လူမျိုးလေ

//နေစမ်းပါဦး ငါကဘာလို့သူ့ကိုလုပ်ပေးရမှာလဲ//

ပေါင်မုန့်လှီးနေရင်းမှ ကိုယ့်ကိုကိုယ်မေးခွန်း
ထုတ်လိုက်သည်

အဖြေက………Luhanမနက်စာချက်ပေးသွား
သောကြောင့်ဟုထွက်လာသည်

အဲ့ဒါနဲ့ပဲကျေနပ်ပြီး လုပ်လက်စsandwichကို
ဆက်လုပ်နေလိုက်သည်

~~•~~•~~•~~•~~•~~

//သားကြီး ညကဘယ်လိုလဲကွ!!!//

//နေပါ Chanyeol Hyungရယ်//

ကျောင်းထဲဝင်သည်နှင့်မေးလာသောChanyeol
၏ပခုံးပေါ်တင်လိုက်သည့်လက်ကိုSehunဖယ်
လိုက်သည်

Chanyeolနံဘေးတွင်ပါလာသောKaiကတော့
အိပ်ချင်မူးတူးမျက်လုံးကိုပွတ်ကာ

//မေးမနေနဲ့Hyung ဒီကောင်လုပ်တာ ကျနော်
တောင်ညကအိပ်မရဘူး//

//ဟေ!!Sehunနဲ့ယူလိုက်တာ Luhanပါ
ဘာကိုမင်းက မအိပ်ရ!!!ဟာာာ မင်းတို့ကွာ//

အကြီးအကျယ်shockရသွားသောပုံစံဖြင့်
အံ့သြပြနေသောChanyeolကိုအစကSehun
ရောKaiပါနားမလည်သော်လည်း စက္ကန့်
အနည်းငယ်ကြာတော့

//Ho~~• Park Chanyeol Hyung ဘာတွေ
လျှောက်တွေးနေတာလဲ ကျနော်နဲ့သူက
ဘာဖြစ်ရမှာလဲ ဟျောင့်KimKai//

//ညကဒီကောင်Barမှာရစ်နေလို့ ကျနော်မအိပ်
ရတာပြောတာဗျ Hyungကလဲတွေးလိုက်ရင်
တဆုံးပဲ//

//Hee~~သိမှသိပဲကို//

သွားဖြဲရယ်ပြနေသောPcyတယောက်
်Sehunလက်ထဲကဘူးလေးကိုမြင်သွားလေတော့

//ဘာလေးလဲ ငါတို့ဖို့Lunchbox???//

//ဆုတောင်းလေ Luhan့အတွက် သွားတော့မယ် ညနေကျမှအတန်းလာတက်
တော့မယ်//

ပြောရင်းဆိုရင်းLuhanတို့အဆောင်ရှိရာဖက်
ထွက်သွားသည့်Sehunကိုကြည့်ရင်းChanyeol
ခေါင်းတညိမ့်ညိမ့်နှင့်ပြုံးနေသလောက်Kaiက
တော့တိုးတိုးလေးပြောလိုက်ပါသည်

~~အရူးး~တဲ့လေ

~~•~~•~~•~~•~~•

//Coffeeပါဖျော်ခဲ့ရမှာ မေ့သွားတယ် အာာ
Canteenကcoffeeမသောက်ပေမဲ့ ကျောင်းရှေ့
ကcafeကိုတော့ခဏခဏသွားသားပဲ အဲ့က
ဝယ်ရင်ကောင်းမလား သူတို့အတန်းကလဲ
မဆင်းလောက်သေးပါဘူး//

တယောက်တည်းတတွတ်တွတ်ပြောနေသည့်
Sehunကိုတော်တော်များများကလှည့်ကြည့်သွား
ကြသည်

Sehunကိုမျက်မှန်းတန်းမိနေသည့်သူတချို့က
နှုတ်တောင်ဆက်ကြသည်

ဒီလောက်ဆိုLuhan့တို့အဆောင်ကိုSehun
ဘယ်လောက်တောင်လာနေသလဲခန့်မှန်း
ကြည့်နိုင်ပါသည်

//Luhanတို့အတန်းမဆင်းသေးဘူးကွ//

//အာ Nae ကျေးဇူးပါ//

တယောက်၏သတင်းပေးစကားကြောင့်Luhan့
အခန်းနားကိုပင်သွားကာရပ်စောင့်နေလိုက်သည်

အတန်းဆင်းမှနှစ်ယောက်အတူCafeကိုသွားရင်
ဖြစ်တာပဲ~~

Ting Tong~~~Ting Tong

အတန်းဆင်းခေါင်းလောင်းတီးတော့ဝေါကနဲ
ထွက်လာကြသည့်ကျောင်းသားတအုပ်ကြား
သေးသေးကွေးကွေးLuhanကိုSehunပြူးပြဲရှာ
ရသေးသည်

//ဟောာ ဟိုမှာ……Lu!!//

သေချာပေါက်ကိုအညပ်ခံနေရမှာပဲဟုSehun
တွေးရင်းမျက်စိရှင်ရှင်ထားကာရှာလျက်
တွေ့လိုက်ရသောအခါ သူလှမ်းမခေါ်ဖြစ်တော့

//သြော်……//

Luhan့လက်ထဲမှာရှိနေပြီးသား Lunchboxနဲ့
Coffeeဘူးလေးရယ်
Luhan့ဘေးနားမှာရှိနေတဲ့Sehunတခါမှ
ှမမြင်ဘူးသောအရပ်ခပ်ရှည်ရှည်ခပ်ချော
ချောကျောင်းသားတယောက်ရယ်
Luhan့အပြုံးတွေရယ်က……

Luhan့နာမည်ကိုလှမ်းမခေါ်လိုက်ဖို့လုံလောက်
သွားခဲ့ပါသည်

To Be ConTinued………

HanXun_DeerWind
HunHan_Heaven

Continue Reading

You'll Also Like

272K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
199K 15.5K 34
#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ???
56.3K 9.9K 47
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
108K 6.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥