"Hun ရေ.. hun ရေ... lu ပြန်လာပြီ"
ကျွီ .. ခနဲ စက်ဘီးရပ်သံလေး နောက်မှာ စက်ဘီးပေါ်က ပန်းတွေတစ်ပွေ့တစ်ပိုက်နဲ့ ဆင်းလာတဲ့ ကျွန်တော့်ရဲ့ ကောင်ငယ်လေး ..Xiao luhan...
"ထပ်ပြီး .. လာဗင်ဒါ ပန်းတွေ ခူးလာခဲ့ပြန်တာလား "
ကျွန်တော် မျက်ခုံးတွန့်ရင်း မေးလိုက်တော့ သူက ခိုးခိုးခစ်ခစ်ရယ်ရင်း ကျွန်တော်ထိုင်နေတဲ့နားလာပြီး နဖူးလေးကို လာနမ်းတယ် ..
"ခူးလာတာ မဟုတ်ဘူး .. ဟိုဘက်ခြံက john smith က ပေးလိုက်တာ ..."
ပိုပြီးတောင် အလိုမကျဖြစ်သွားတာမို့ .. ကျွန်တော် မျက်ခုံးတွေက ထပ်တွန့်ကွေးသွားဆဲ...
"ဘာလား .. အာ့ပြင်သစ်အဖိုးကြီးက lu ကို ခနခန ပန်းတွေပေးနေတယ် "
ဖြူ နစ်နေတဲ့ ကျွန်တော်ရဲ့ ကောင်ငယ်လေးကို ဘယ်သူနဲ့ မှ စိတ်မချနိုင်ပါ ....
အဲ့ဒါ .. ကျွန်တော့် အတ္တ....
Lu ကတော့ ကျွန်တော့်ရှေ့မှာ လာဗင်ဒါပန်းခရမ်းရောင်တွေကို သဘောတကျထိုးနေရင်း ...
"သ၀န်တိုနေတာလား...40 ကျော် အဖိုးကြီးနဲ့လေ "
တခိခိရယ်နေရင်း ကျွန်တော့်ကို ပြောနေတဲ့ ..lu ကို မျက်စောင်းသေးသေးလေးထိုးလိုက်ရင်း မျက်နှာကို တစ်ဖက်ကို လွဲလိုက်တော့..
လာဗင်ဒါ ပန်းရနံ့က နှာခေါင်းထဲတိုးဝင်လာတယ်...
ပြင်သစ်ရောက်မှ .. လာဗင်ဒါ ပန်းကို မုန်းသွားတာ ကျွန်တော် တစ်ယောက်တည်းလား !!
"hun.. ကြည့်ပါဦး lu ထိုးထားတာ လှလား "
lu က ကျွန်တော့်ကို သူထိုးထားတဲ့ လာဗင်ဒါ ပန်းအိုးလေးပြရင်း ရယ်မောနေတော့ ... ကျွန်တော် .. လာဗင်ဒါ ပန်းအိုးကို မျက်လုံးမှေးကြည့်ရင်းအပြစ်ရှာ နေမိတယ်..
မြင်ပြင်းကပ်ဖို့ ကောင်းအောင်လှနေတဲ့.. လာဗင်ဒါပန်းစုတ် .. ဟွန်းးး ...
"မလှဘူး !!! "
"Hun စိတ်ကောက်နေတယ် ပေါ့ ကြည့်ပါဦး "
lu က ကျွန်တော့် မေးဖျား လေးကို လက်ကလေးနဲ့ ပွတ်ရင်း ချော့တော့ နည်းနည်း စိတ်ပြေလာသလို ..
မရဘူး .. အာ့ လာဗင်ဒါ ကို မကျေနပ်ဘူး ..
"hun .. ကလည်း .. မျက်နှာလေး မော့ပြီး ..lu ကို ကြည့်ပါဦး "
ကပ်ချွဲနေတဲ့ .. luhan အသံကြောင့် ကျွန်တော် ယောင်ပြီး ချက်ချင်း ခေါင်းမော့လိုက်ပြီးမှ ဆတ်ခနဲပြန်ငုံ့လိုက်တယ်..
"တွေ့ပါ့လား .. စိတ်မကောက်တက်ပဲ စိတ်ကောက်နေတဲ့ ကောင်လေး .."
"Lu ကို ကြည့်ပါဦး လို့ .. hun လို့ "
"မကြည့်ဘူး .."
ကျွန်တော် ခေါင်းကြီးငုံ့ထားရင် စူပုတ်ပြောလိုက်တော့ .. သူက တခစ်ခစ်ရယ်ရင်း...
ကျွန်တော်မျက်နှာကို သူ့လက်ဖျားလေးနဲ့ ဆွဲမော့လိုက်ပြီး .. နှုတ်ခမ်းလေးကို အနမ်းပေးတယ် ..
" ချစ်လား .. "
ကျွန်တော် ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကြောင့် .. lu သမင်မျက်လုံးလေးက၀ိုင်းခနဲ ဖြစ်သွားပြီ အူတူတူ ပုံလေးနဲ့ ပြန်ကြည့်တယ် ..
ကြည့်ပါ့လား .. အာ့လိုမျိုး တွေကြောင့် စိတ်မချတာ ..
Xiao luhan ..Xiao luhan ..ဒီကလေးစုတ်လေးကို လေ ဖြစ်နိုင်ရင် ရင်ဘတ်ထဲပဲ အလှသိမ်းထားချင်တယ် ..
အင်း .. အာ့ဆိုရင်တောင် လူတွေ မြင်ရင် မြင်နေဦးမှာ ..သူ့ကို ပါးစပ်ထဲထည့်ငုံထားရရင် ကောင်းမလား ...
"ချစ်တယ်"
သူ့နှုတ်ခမ်းနီထွေးထွေး လေးဆီက တိုးတိုးလေး ထွက်ကျလာတဲ့ အသံလေးက အစ ကျွန်တော့်ကို ရူးလောက်တယ် ..
ဒီကလေးလေး .. ဘာဆေးတွေစားပြီး Oh sehun ကို ပြုစားနေပါ့လိမ့် နော် ..
"အာ .. lu . . မေ့နေတာ .."
သူ .. ကျွန်တော်ရှေ့က လစ်ခနဲ မျောက်ပေါက်ကလေးတစ်ကောင်လို ခုန်ပြေးသွားပြီး အခန်းထဲဝင်ပြီး ဘာတွေရှာနေမှန်းမသိ ..
"lu. . ဘာတွေရှာနေတာလဲ .. ကိုယ်ကူရှာပေးရမလား "
wheel chair ကို ကိုယ့်ဟာကိုယ်တွန်းပြီး သူ့ဆီသွားဖို့လုပ်တော့ .. အခန်းထဲသူ့တားမြစ်သံက စူးခနဲ ...
"ရတယ် .. hun...hun..မလာနဲ့ "
"အင်းပါ .. အာ့ဆိုမလာတော့ဘူး .. သေချာကြည့်သွားဦးနော် တော်ကြာ ခလုပ်တိုက်လဲ ..... "
"၀ုန်းးးးး အ "
ကျွန်တော် သတိပေးသံတောင် မဆုံးသေး Xiao luhan တို့ လျပ်စီးပစ်ချက်က ၀င်းခနဲ လက်ခနဲ ...
"Lu "
"ရတယ် မလာနဲ့ .. lu ဘာမှမဖြစ်ဘူး .. "
"ဒုန်းးးး .. ashi.."
"Luhan !!"
"hun .. ဘာမှမဖြစ်ဘူး ..Lu ကုတင်ပေါ်က ပြုတ်ကျတာ .. ရတယ် မလာခဲ့နဲ့နော် "
ဒီကလေး .. ကျွန်တော့်ကို ဇွတ်ကို မလာခိုင်းနေတာ ဘာများ မဟာလျို့ဝှက်ချက်တွေ ရှိနေလဲ မသိ ..
"lu.. ဘာတွေလုပ်နေတာလဲ .."
"လာပြီ .. hun . . Lu လာပြီ"
အခန်းထဲက ၀ုန်းဒုန်းကြဲထွက်လာတဲ့ .. lu က ဗူးလေး တစ်ဘူး ပိုက်ပြီး ကျွန်တော့်ဆီ ပြန်ပြေးလာတယ်...
"ရော့ .. hun အတွက်.."
အနီရဲရဲ ဗူးလေးကို ကျွန်တော့်ရှေ့ ထိုးပေးတော့ .. ကျွန်တော် တအံ့တသြ ယူလိုက်ရင်း ..
"ဘာကြီးလဲ ..lu"
" အချစ်သက်သေ လေ..."
အချစ်သက်သေ????
ကျွန်တော် ဗူးလေးကို ဖွင့်လိုက်တော့ လက်စွပ်လေး နှစ်ကွင်း ..
တစ်ကွင်း က Mine လို့ ထိုးထားပြီး တစ်ကွင်းက Yours တဲ့ ...
"lu.. ဒါတွေက ... "
ကျွန်တော် အံ့သြမှင်တက်စွာ Lu ကိုမော့ကြည့်တော့ .. lu က ကျွန်တော့်ကို ခပ်ဖွဖွလေး ပြုံးပြလိုက်ရင်း...
"lu .. Seoul မှာကတည်းက hun အတွက် ၀ယ်ထားခဲ့တာ .."
"ဘာလို့ .."
"ဟိုးအရင်ကတည်းက lu က hun ကို ချစ်ခဲ့လို့ လေ.."
"Hun . . က Lu ကို အခု မကာကွယ်ပေးနိုင်တော့ဘူးလေ ..Lu"
"ဘာဖြစ်လဲ .. hun ရဲ့"
lu က ကျွန်တော့်ပါးပြင်ကို ခပ်ဖွဖွနမ်းရှိုက်လိုက်ရင်း ..
"Lu ကို hun ချစ်နေရင် ပြီးတာပဲကို "
* mine *
ကျွန်တော့်လက်ဖျံပေါ်မှာထင်းခနဲဖြစ်နေတဲ့ စာသားလေးကို ငုံ့ကြည့်ရင်း ကြိတ်ပြုံး မိတယ် ...
* Hun က ..lu အပိုင်နော် *
နှုတ်ခမ်းလေးတထော်ထော်နဲ့ ရန်ထောင်တက်တဲ့ ကျွန်တော့်ရဲ့ ကောင်သေးသေးလေး ရဲ့ အသံစူးစူးလေးက ကျွန်တော်တို့အိမ်လေးမှာ လွှမ်းနေလေရဲ့ ....
အေးစိမ့်တဲ့ ပြင်သစ်ရဲ့ ရာသီဥတုလေး အောက်မှာ ..
ကျွန်တော်တို့ရဲ့ အိမ်ပုကလေး နဲ့ ခြံကျယ်လေးက ငြိမ်ဝပ်နေတယ်...
"ဒါနဲ့ ..hun..."
"အင်း "
"လာဗင်ဒါ ပန်းတွေက လှတယ်နော် ခိခိ"
ကျွန်တော့်အတွေးထဲဝင်လာတာက ဟိုဘက်ခြံက John smith ဆိုတဲ့ .. လာဗင်ဒါအဘိုးကြီး..
ဂါးးးးး .. သူနော် .. ငြိမ်နေတဲ့ စိတ်ကို လာဆွနေတာ ...
"မလှဘူး "
"လှတယ် ဆိုနေ "
"မလှဘူး ဆိုနေ "
"လှပါတယ် ကွာ "
"မလှဘူး ကွာ"
"လှတယ် လို့ "
"အင်း .. လှတယ် ..hun ကို နမ်း "
"ခိခိ ရမလား"
"ရတယ် ခုနမ်းကွာ .."
"ကဲ နမ်းပြီ...~~chu~~"
"~~chu~~"
=======================
ကဲကဲ စပြီး Sweet ပါပြီဗျာ...
ဇာတ်လမ်းမဆုံးသေးပါဘူးနော်...ရှင်းစရာတွေကျန်သေးတာမို့