"မား ... မသွားပါနဲ့"
နှုတ်ခမ်းတွေဖြူဖတ်ပြီး ယောင်ယမ်းနေတဲ့ သူ့မျက်နှာက .. အားတစ်စက်မှမရှိသည့်နှယ်..
ကျွန်တော် သူ့လက်က ဒဏ်ရာတွေကို ဆေးထည့်ပေးနေတုန်း သူအိပ်ပျော်သွားတာလေ..
သေချာတယ် ... luhan မကြာခင်ဖျားတော့မယ်..
အခုတောင် အနာရှိန်နဲ့ ကယောင်ကတမ်းဖြစ်နေတာမလား...
"မားမား ... မထားခဲ့ပါနဲ့ မား.."
အိမ်မက်ဆိုးတွေ မက်နေပြန်ပြီထင်ပါတယ်..ချွေးတွေတောင်စို့ပြီး အသက်ရှုသံတွေမြန်လာတယ်....
ကျွန်တော် သူ့လက်လေးကို နူးနူးညံ့ညံ့လေးဆုပ်ကိုင်ပြီး
"lu ... မင်း ဘေးမှာ ကိုယ်ရှိတယ်လေ .. နော် "
ကျွန်တော့်စကားသံကြောင့်လား ... သူ့ လက်ကို ဆုပ်ကိုင်ပေးထားတာကြောင့်လားတော့မသိ
သူ့ အသက်ရှုသံတွေ တဖြည်းဖြည်းပြန်မှန်လာတယ်....
တော်သေးတာပေါ့ ...
ကျွန်တော် ... luhan လက်ကလေးကို တစ်ချက်နမ်းရှိုက်လိုက်ရင်း..
"မကြောက်ပါနဲ့ baby ရယ်... မင်းဘေးက လူတွေအားလုံးထွက်သွားတောင်...
ကိုယ်က မင်းဘေးမှာ ရှိနေပေးမှာမို့လို့ "
သူ တစ်ချက်ပြုံးလိုက်တာကို ကျွန်တော်မြင်လိုက်ပါတယ်...
သူ အိမ်မက်လှလှကလေး မက်နေတော့မှာပါ...
အဲ့အိမ်မက်ထဲ ကျွန်တော် ပါဝင်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့....
ပထမဆုံးစတွေ့တုန်းကတည်းက Xiao luဆိုတဲ့ကောင်လေးရဲ့ အကြည့်လေးအောက်မှာ ..
ကျွန်တော် စတင်ကျရှုံးခဲ့တယ်ထင်ပါတယ်...
ကျွန်တော် မသိခဲ့ပါဘူး ..
သိပ်လှပတဲ့ သူ့နှုတ်ခမ်းက သိပ်အဆိပ်ပြင်းတဲ့စကားလုံးတွေ ထွက်တတ်တာကိုလေ...
"အာ့ဆို အစေခံပေါ့ "
luhan က ခနဲ့တဲ့တဲ့ပြောလိုက်ရင်း နှုတ်ခမ်းကိုမဲ့ပြတယ်...
အဲ့ကတည်းက ကျွန်တော် သိခဲ့ပါတယ်...
ကျွန်တော် သူ့ကို ချစ်နေတယ်လို့ ဝန်ခံမိခဲ့တာက သိပ်ကို မှားယွင်းသွားပြီဆိုတာကိုလေ..