"Hun ရေ.. hun ရေ... lu ပြန်လာပြီ"
ကျွီ .. ခနဲ စက်ဘီးရပ်သံလေး နောက်မှာ စက်ဘီးပေါ်က ပန်းတွေတစ်ပွေ့တစ်ပိုက်နဲ့ ဆင်းလာတဲ့ ကျွန်တော့်ရဲ့ ကောင်ငယ်လေး ..Xiao luhan...
"ထပ်ပြီး .. လာဗင်ဒါ ပန်းတွေ ခူးလာခဲ့ပြန်တာလား "
ကျွန်တော် မျက်ခုံးတွန့်ရင်း မေးလိုက်တော့ သူက ခိုးခိုးခစ်ခစ်ရယ်ရင်း ကျွန်တော်ထိုင်နေတဲ့နားလာပြီး နဖူးလေးကို လာနမ်းတယ် ..
"ခူးလာတာ မဟုတ်ဘူး .. ဟိုဘက်ခြံက john smith က ပေးလိုက်တာ ..."
ပိုပြီးတောင် အလိုမကျဖြစ်သွားတာမို့ .. ကျွန်တော် မျက်ခုံးတွေက ထပ်တွန့်ကွေးသွားဆဲ...
"ဘာလား .. အာ့ပြင်သစ်အဖိုးကြီးက lu ကို ခနခန ပန်းတွေပေးနေတယ် "
ဖြူ နစ်နေတဲ့ ကျွန်တော်ရဲ့ ကောင်ငယ်လေးကို ဘယ်သူနဲ့ မှ စိတ်မချနိုင်ပါ ....
အဲ့ဒါ .. ကျွန်တော့် အတ္တ....
Lu ကတော့ ကျွန်တော့်ရှေ့မှာ လာဗင်ဒါပန်းခရမ်းရောင်တွေကို သဘောတကျထိုးနေရင်း ...
"သ၀န်တိုနေတာလား...40 ကျော် အဖိုးကြီးနဲ့လေ "
တခိခိရယ်နေရင်း ကျွန်တော့်ကို ပြောနေတဲ့ ..lu ကို မျက်စောင်းသေးသေးလေးထိုးလိုက်ရင်း မျက်နှာကို တစ်ဖက်ကို လွဲလိုက်တော့..
လာဗင်ဒါ ပန်းရနံ့က နှာခေါင်းထဲတိုးဝင်လာတယ်...
ပြင်သစ်ရောက်မှ .. လာဗင်ဒါ ပန်းကို မုန်းသွားတာ ကျွန်တော် တစ်ယောက်တည်းလား !!
"hun.. ကြည့်ပါဦး lu ထိုးထားတာ လှလား "
lu က ကျွန်တော့်ကို သူထိုးထားတဲ့ လာဗင်ဒါ ပန်းအိုးလေးပြရင်း ရယ်မောနေတော့ ... ကျွန်တော် .. လာဗင်ဒါ ပန်းအိုးကို မျက်လုံးမှေးကြည့်ရင်းအပြစ်ရှာ နေမိတယ်..
မြင်ပြင်းကပ်ဖို့ ကောင်းအောင်လှနေတဲ့.. လာဗင်ဒါပန်းစုတ် .. ဟွန်းးး ...