" Let ' s choose "

4.5K 489 28
                                    

Warning . . Media ထဲ က သီချင်း​လေးကို ဖွင့်​ပြီးမှ ဖတ်​ပါ့လား author ​စေတနာ အပြည့်​နဲ့ ထည့်​​ပေးထား တာပါ

**********************************

* ထွက်​မသွားပါနဲ့ ..

ငါ့ကို ထားပစ်​ခဲ့ပြီး ငါ့နဲ့ အ​ဝေးဆုံးကို .. *

------------------------------------------------------

ိမိုး​တွေ ရွာ​နေတယ်​ ..

ပြတင်း​ပေါက်​က​နေ တစ်​ဖွာဖွာ ကျ​နေတဲ့ မိုး​ရေစက်​​တွေက ..

ကျွန်​​တော့်​ရဲ့ စိုးရိမ်​မှု​တွေကို အရှိန်​တင်​လိုက်​သလိုပဲ

Oh se အဆင်​​ပြေပါ့မလား ...

နောက်​ဆုံး နှင်​ထုတ်​ လိုက်​တုန်းက တသိမ့်​သိမ့်​ခါ​နေတဲ့ သူ့​ကျောပြင်​​လေးက ကျွန်​​တော့်​ရဲ့ တင်းထားတဲ့ စိတ်​​တွေကို ရိုက်​ချိုး ချလိုက်​သလိုပဲ..

အ​သေသတ်​ဖို့ ဆန္ဒများ ရှိ​နေ သ​ရော့ လား .. Oh se.

ဘယ်​သူမဆို ..

ဟုတ်​ပါတယ်​ ဘယ်​သူမဆို ဘ၀ မှာ ကိုယ်​​​ဆွဲထားချင်​ တဲ့ လူတစ်​​ယောက်​​တော့ ရှိဖူး ကြမှာမလား ...

ကျွန်​​တော်​ သူ့ကို ဆွဲထား ချင်​ခဲ့ပါတယ်​...

ဒါ​ပေမဲ့....

ရုပ်​တရက်​ နှုတ်​ခမ်းကို ဖိကိုက်​ချ လိုက်​​တော့ ရင်​ဘတ်​ တစ်​ချက်​ နင့်​နင့်​သီးသီး ဖြစ်​သွားတယ်​..

အားး ​တော်​ပါ​တော့ ...

ရ​နေကျ နာကျင်​မှု​တွေ သည်းလာတဲ့ အခါ .. မဆိုင်​သူကိုပါ မုန်းမိသွားမယ်​. . .

မဆိုင်​သူကိုပါ မုန်းမိသွားတဲ့အခါ မျက်​ရည်​ကျရတဲ့ လူက ကိုယ်​ပဲပြန်​ဖြစ်​လိမ့်​မယ်​. . .

မျက်​ရည်​ကျတဲ့ လူက ​ကိုယ်​ပဲ ဖြစ်​လာတဲ့ အခါ .. အသည်းခိုက်​မတတ်​ နာကျင်​​ပေးမယ့်​လူက သူပဲ ထပ်​ဖြစ်​လိမ်​မယ်​...

သူ့ကို နာကျင်​ ​စေလိုတဲ့ ဆန္ဒတစ်​စုံတစ်​ရာ မရှိခဲ့ဖူးပါဘူး​လေ. . .

"သူ့ကို မတား​တော့ဘူးလား Luhan "

Baek က ကျွန်​​တော့်​ ပုံစံကို ကြည့်​ရင်း ဆိုနင့်​စွာ​ပြော​တော့ အ​တွေး​တွေက ​ဝေဝါးပြီး လူတစ်​ယာက်​အ​ကြောင်ူ ပို ​တွေးမိတယ်​. . .

"Baby , Don't cry " [ Completed ]Where stories live. Discover now