"yours"

3.6K 463 20
                                    

"ဟယ်​ မလာစဖူး Luhan ​ကျောင်းလာတာလား"

"အထူးအဆန်းဟယ်​ .. ဒါနဲ့ ငါတို့ရဲ့ play boy ကြီးက ​ချောတုန်းပဲ​နော်​"

ကျွန်​​တော်​ အတန်းထဲ ၀င်​လိုက်​တာနဲ့ ကျွတ်​စီ ကျွတ်​စီအသံ​တွေ က စလာပြန်​ပါပြီ...

ကျွတ်​... စိတ်​ပျက်​စရာ...

အတန်းထဲ Sam ၀င်​လာ​တော့ မှ အားလုံးက ငြိမ်​ငြိမ်​သက်​သက်​ဖြစ်​သွားကြတယ်​...

"ဒီ​နေ့ အတန်းကို ​ကျောင်းသားသစ်​​ရောက်​​တယ်​​နော်​ အခု ဘယ်​မှာထိုင်​​နေလဲ..."

ကျွန်​​တော်​ Sam ကို ​မော့ကြည့်​​တော့ ဆရာမ က အတန်းထဲကို ​ဝေ့ရှာ​နေတယ်​...

"ကျွန်​​တော်​ ဒီမှာပါ Sam"

ကျွန်​​တော့်​ ​နောက်​​ကျောဘက်​က ​နေ ထွက်​လာတဲ့ အသံ​ကြောင့်​ ကျွန်​​တော့်​ တစ်​ကိုယ်​လုံး ​တောင့်​တင်းသွားသလိုပဲ...

*ဟယ်​ ​ချောတယ်​​နော်​ *

*အသားဖြူဖြူ ရှည်​ရှည်​​လေး *

*V shape ​မေးရိုး​လေး နဲ့ဟယ်​*

အတန်းထဲက တီးတိုးသံ​တွေ ဆူညံသွားတယ်​..

Sehun လား ???

Sehun လား ???

"aww ... သားက အဲ့မှာ ထိုင်​​နေတာလား ... အဲ့​နေရာက လူရှိတယ်​ သားရဲ့ .. ဒီ​နေ့ ​ကျောင်းမလာတာ​နေမှာ'"

"ဟုတ်​ ကျွန်​​တော်​ ဘယ်​မှာထိုင်​ရမလဲဟင်​"

ဟုတ်​ပါတယ်​..Oh se အသံပါ...

ကျွန်​​တော်​ မျက်​လုံးကို စုံမှိတ်​ချပစ်​လိုက်​တယ်​...

*သူ မဖြစ်​ပါ​စေနဲ့ ... သူမဖြစ်​ပါ​စေနဲ့....*

*​ကျေးဇူးပြု ပြီး သူမဖြစ်​ပါ​စေနဲ့ *

"​ဟော .. သား​ရှေ့က luhan ​ဘေးက ခုံမှာထိုင်​လို့ ရတယ်​ အာ့​နေရာ လူလွတ်​တယ်​ သား"

Sam က ကျွန်​​တော့်​ ​ဘေး ကို ထိုင်​ခိုင်းလိုက်​တာလား.....

ကျွန်​​တော့်​ ​ဘေးကို လူတစ်​​ယောက်​ ​ရွေ့လာသံကြားလိုက်​ရပါတယ်​... ကျွန်​​တော်​ အခု ထိ မျက်​လုံးကို မဖွင့်​မိ​သေး....

"Baby , Don't cry " [ Completed ]Where stories live. Discover now