"Last step ! "

4.4K 506 13
                                    

*အချစ်​ကို မ​ဆော့ကစားပါနဲ့

အဆုံးသတ်​မှာ ...

ဆော့ကစားသူ မင်း ​ရော

အ​​ဆော့ကစားခံရတဲ့ ငါပါ နာကျင်​ရမှာပဲမလား ..*

-------------------------------------------------------------

" တီ......တီ....."

သံရှည်​ဆွဲ​နေတဲ့ တီ သံ အဆုံးမှာ ...

ကျွန်​​တော့်​ နှလုံးသား​တွေ မြင့်​လိုက်​ နိမ့်​လိုက်​...

တစ်​ချက်​ တစ်​ချက်​ ရင်​ဘတ်​ထဲက တစ်​စစီ ဖွာထွက်​သွားသလိုပဲ..

တီ ဆိုတဲ့ အသံ ကြာ​လာ​လေ ​လေ ..

မျက်​ရည်​​တွေ အတိုင်းမသိ ၀ိုင်းလာသလိုလိုပဲ..

ခုထက်​ထိ အငြိမ်​မ​နေရတဲ့ ရင်​ဘတ်​က ..

တ​ဆွေ့​ဆွေ့ ခုန်​​နေတယ်​...

ဟင့်​အင်း ... နာကျင်​ လွန်းလို့ တဆတ်​ဆတ်​ ခါ​နေတာ​နေမှာ...

"လူကြီးမင်း ခေါ်ဆိုသော Telephone မှာ..."

"ကျွတ် .."

အထပ်ထပ်အခါခါ နှိပ်နေရတဲ့ call end key ကို တစ်ချက်ခပ်ကြမ်းကြမ်းဖိပစ်လိုက်ရင်း ..

အိပ်ရာ အကြေသားနဲ့ ကုတင်လေးကို လှမ်းကြည့်မိတယ် ...

Phone ကိုင်ပါတော့ ... Luhan ရယ်..

သက်ပြင်းကို ခပ်ရှိုက်ရှိုက် မှုတ်ထုတ်ပစ်လိုက်တော့ ရင်ဘတ်က အပေါက်ကြီးဖြစ်နေသလိုပဲ..

အခု ကျွန်တော် ဘာလုပ်ရမလဲ ဟင်​ ..Xiao Lu...

" လူနာက တစ်ယောက်တည်း အပြင်ထွက်သွားတယ် ထင်တယ် အဆင်ပြေမှာပါ"

ပျာယာခတ်နေတဲ့ ကျွန်တော့်ကို သူနာပြုဆရာမလေးက နှစ်သိမ့်တယ်...

ဒါပေမဲ့ ..

ကျွန်တော် ဘာလို့ စိတ်မတင်မကျ ခံစားနေရတာလဲ ...

ဒါ​ပေမဲ့ ....

ကျွန်​​တော်​ ဘာလို့ ​နေစရာ မရှိ​လောက်​​အောင်​ တုန်​လှုပ်​​နေရတာလဲ...

ဒါ​ပေမဲ့ ....

ကျွန်​​တော်​ ဘာလို့ အသက်​ရှုရပ်​မတတ်​ တဆစ်​ဆစ်​ နာကျင်​​နေရတာလဲ....

"Baby , Don't cry " [ Completed ]Where stories live. Discover now