ဖြစ်နိုင်ရင်လေ ...
Coffee ဆိုင်က ပုံရိပ်တစ်ချို့ကို ပြောင်းပြန်လှန်ပစ်ချင်ပါတယ်....
Xiu noona ဘေးမှာ စမတ်ကျကျ နဲ့ ထိုင်နေတဲ့ လူက Xiao lu မဟုတ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ.....
ဒါမှမဟုတ်.....
ကျွန်တော် သိပ်ချစ်ရတဲ့ လူက Xiu noona ရဲ့ ချစ်ရသူ မဟုတ်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ....
"အင်း .... hunလေး ရောက်လာပြီလား ထိုင်လေ.."
ကျွန်တော် .. noona ကို ပြုံးပြလိုက်ရင်း ၀င်ထိုင်လိုက်တော့ Xiao lu က ကျွန်တော့်ကို သတိမထားမိစွာ ဖုန်းကို ငုံ့သုံးနေလေရဲ့...
ဖြစ်နိုင်ရင် မော့မကြည့်ပါနဲ့လား ...Xiao luရယ်..
"Lu .. xiu မောင်လေး ရောက်ပြီလေ .. ဖုန်းလေး ချပါဦး "
"aww ... imm..."
Ph ကို ပိတ်လိုက်ရင်း .. တဖြည်းဖြည်း ကျွန်တော့်ကို မော့ကြည့်တဲ့ သူ့ပုံရိပ်က....
ကမ္ဘာပျက်သွား သလိုပဲ...
သူ့မျက်ဝန်းထဲ က အံ့သြမှုတွေ ... ပြီးတော့ ဖျတ်ခနဲ ဖျတ်ခနဲ အရောင်ပြောင်းသွားတဲ့ ခံစားချက်တွေ...
ကျွန်တော့် ရင်ဘတ်ကလေ တစ်စချင်းတစ်စချင်းဆီ ဖြုတ်ခနဲနင့်ခနဲ ကြွေကျနေသလိုပဲ .. ဒဏ်ရာကနေ သွေးစိမ်းစိမ်းရှင်ရှင်တွေ တတောက်တောက်ကျ နေသလို နာကျင်မှုမျိုး က ရင်ဝ ထိဆို့လာတယ် ...
Shiii.... ကျွန်တော် သူ့မျက်ဝန်းရဲ့ အဓိပ္ပာယ်ကို မဖတ်ရပါစေနဲ့တော့....
အရင်ကနဲ့မတူညီစွာ ဖျော့ဖျော့လေး ပန်းရောင်သန်းနေတဲ့ သူ့ဆံနွယ်တွေ....
အရင်လို ခိုးနမ်းရှိုက်ခွင့် တောင် ရပါတော့မလား..
အရင်ကနဲ့ မတူညီစွာ .. ပျော့ပြောင်းနေတဲ့ သူ့နှုတ်ခမ်းပါးတွေဆီက ...
အရင်ကလို အော်ဟစ်သံတောင် ကြားခွင့် ရှိပါတော့မလား....