" Xiao lu .. "
ကျွန်တော်ရဲ့ ဒေါသတကြီး အော်လိုက်သံကြောင့် သူက မဆိုစလောက်လေး လှည့်ကြည့်တယ်..
ပြီးမှ မထူးဆန်းသလို လုပ်ရင်း မှန်ရှေ့ရပ်ပြီး necktie စည်းနေလေရဲ့ ..
"Xiao lu .. တကယ်ကြီး အဲ့လို ဖြစ်စေချင်နေတာလား "
ကျွန်တော့်ရဲ့နောက်ထပ် အမေးကို သူ ပြန်မဖြေ..
ဒါ .. . သိပ်ကို တရားလွန်သွားပြီ...
"ငါ ကျောင်းကနေ လုံးဝ မထွက်နိုင်ဘူးနော် "
"ဘယ်သူက ထွက်ခိုင်းလို့လဲ .. ငါ့ တတ်တဲ့ကျောင်းကို လိုက်တတ်ခိုင်းနေတာလေ "
"Luhan !! "
ကျွန်တော့်ရဲ့ စိတ်မရှည်စွာ ရေရွတ်သံက သူ့ကို ဒေါသပိုထွက်စေတယ် ထင်ပါတယ်...
" ဘာလဲ မင်း က ငါနဲ့အတူကျောင်းမတတ်ချင်တာလား Oh se ဒါမှမဟုတ် မင်းရဲ့ကောင်နဲ့ ခွဲရမှာ သိပ်ကြောက်နေတာလား"
သူ့ရဲ့ ခနဲ့ တဲ့ စကားတွေက ကျွန်တော့် သိက္ခာကို စော်ကားလိုက်သလိုပါပဲ..
"chanyeol က ငါ့ရဲ့သူငယ်ချင်းလို့ မင်းကို ဘယ်နှစ်ခါပြောရမှာလဲ Luhan "
"ဆောရီးပါ .. ငါမယုံပေးနိုင်တော့ဘူး ဟက်"
ဘယ်တုန်းကရော သူ.. ကျွန်တော့်ကို ယုံကြည်ပေးခဲ့လို့လဲ..
"တောက် !"
ကျွန်တော့်ရဲ့ တက်ခေါက်သံကြောင့် သူ့နှုတ်ခမ်းလေးတွန့်ချိုးသွားတယ်...
မင်း.. အခု .. ပြုံးလိုက်တာလား ..Xiao lu
"အခု ကျောင်းသွားမယ် .. မင်း ငါ့နောက် လိုက်မှာလား မလိုက်ဘူးလား "
ကျောပိုးအိတ်ကို ဆွဲယူပြီး ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ သူကို ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ စိုက်ကြည့်မိသည်...
"လိုက်မယ် .."
"ဟင်း ..ငြင်းနိုင်တာလည်း မဟုတ်ဘဲနဲ့များ .."
သူ က ခပ်ဖွဖွလေးပြုံးရင်း ပြောလိုက်တော့ ကျွန်တော့်ရင်ထဲက ဒေါသတွေ ဘယ်ရောက်သွားမှန်းမသိ...
သူကပဲ... ကျွန်တော့်ကို အရမ်းပြုစားနိုင်ခဲ့တာပဲလား
ဒါမှမဟုတ်...
ကျွန်တော့်ဘာသာကျွန်တော် ပဲ စောက်ရူးထပြီး သူ့ကို ကိုးကွယ်မိခဲ့တာလား...
ဘာပဲဖြစ်ဖြစ် ... သေလိုက်တော့ Oh sehun ရေ...
မင်း သေလို့ရနေပြီ....
"ဘာကြောင်ရပ်နေတာလဲ .. ကားပေါ်တတ်လေ..Oh se "
"ငါ မောင်းမယ်လေ "
ကျွန်တော် ပါးစပ်ကသာ အမှတ်မရှိပြောတာပါ လူကတော့ ကားပေါ်ရောက်ပြီးသား...
"Shii... နားငြီးတယ် ..ငြိမ်ငြိမ်လေးထိုင်ပြီးလိုက်ခဲ့.."
သူ့ရဲ့ပြောနေကျ အချိုးမပြေတဲ့စကားကြောင့် ကျွန်တော့် နှုတ်ခမ်းကို တစ်ချက်မဲ့ပစ်လိုက်တယ်...
မကျေနပ်ဘူး ..Xiao lu...
မင်း ဘာလုပ်လုပ် သိပ်ကြည့်ကောင်းနေလို့..
" အမိန့်တစ်ခုပေးမယ် .."
ထွက်လာပြန်ပါပြီ... ဘာတွေများပြောဦးမည်မသိ...
"မင်း ရဲ့ ဘေးမှာ ဘယ်သူ့ကို မှ ငါမမြင်ချင်ဘူး"
ပြောလိုက်ပါဦး ..
မင်း ကို ငါပိုင်တယ် ဆိုပြီးတော့လေ..
တစ်ခါတစ်ခါ ကျွန်တော် သိပ်ချစ်တဲ့ Xiao lu က အတ္တကြီးလိုက်တာ...
မုန်းချင်စရာကောင်းလောက်အောင်ကို မာန်ထောင်လွှားနေလေရဲ့...
"မင်း ငါ့ကို ဘာလို့ မုန်းတာလဲဟင် "
"ကျွီ .."
ကျွန်တော့်အမေးကြောင့် သူ ကားကို အလန့်တကြားထိုးရပ်ပစ်တယ်...
ကျွန်တော့်ကို ရှောင်လွဲဖို့ ကြိုးစားနေတဲ့ သူ့မျက်ဝန်းတွေထဲမှာ ရှုပ်ထွေးမှုအပြည့်...
သူ ..ဘာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ ..
ကျွန်တော် တကယ် မသိတော့ဘူး..
"ငါ့ကို မုန်းရတဲ့ အကြောင်းအရင်း တစ်ခုပေးလေ .."
"တော်တော့ ! "
သူ နှုတ်ခမ်းပါးတွေ တဆတ်ဆတ်တုန်ခါနေတယ်...
ဟင့်အင်း ..
ကျွန်တော် သိရမှ ဖြစ်မယ်..
"Xiao lu "
သူ .. ကျွန်တော့်စကားကို ဥပေက္ခာပြုလိုက်ရင်း ကားကို ပြန်လှည့်လိုက်တယ်..
"ကျွတ်... ကျောင်းသွားချင်စိတ်မရှိတော့ဘူး "
ကျွန်တော့် အမေးနဲ့ လားလားမှမဆိုင်တဲ့ စကားတစ်ခွန်းကို သူ့ဘာသာသူရေရွတ်နေလေရဲ့.
"Luhan !! "
ကျွန်တော် ထအော်လိုက်တော့ သူ ကျွန်တော် ဘက်ကို လှည့်တောင်မကြည့်...
အရှေ့ကို ပဲ အာရုံစိုက်ချင်ယောင်ဆောင်နေတဲ့ သူ့မျက်ဝန်းမှာ .. တွေဝေမှုတွေ..
" မင်း ပါးစပ်ပိတ်ပြီး လိုက်ခဲ့မလား လမ်းပေါ်မှာထားပစ်ခဲ့ရမှာလား Oh sehun shii "
ကျွန်တော် စိတ်ညစ်ညူးစွာ သက်ပြင်းချပစ်လိုက်တော့ .. သူက Music volume ကို ချဲ့လိုက်တယ်...
Music က လည်း စိတ်ပေါက်ချင်စရာကောင်းလောက်အောင် " Lucky " တဲ့
သူနဲ့ ပတ်သတ်သမျှ တစ်စက်မှ lucky စရာ မရှိဘူး...
"မင်း အကြောင်းပြချက်မရှိဘဲ .. ငါ့ကို နှိပ်စက်နေတာ ဆိုရင် .."
"Oh se .. မင်း ပါးစပ်ပိတ်ထား "
ဘာလို့ သူ့အမိန့်ကို နာခံနေတော့မှာလဲ
"ငါ့ ကို လွှတ်ပေးတော့ luhan!! ငါ မင်းဘေးမှာနေရတာ စိတ်ကုန်လာပြီ.."
ကျွန်တော် သူ့ကို ပြန်အော်လိုက်တော့ သူ နှုတ်ခမ်းက မဲ့ပြုံးတွေ...ကျွန်တော့်ကို သတ်နေတယ်...
" မင်း ငါ့အနားက ထွက်သွားရဲရင် သွားကြည့်လိုက်လေ .."
ဘာလဲ ...
ထပ်ပြောဦးမှာပဲ လား... မင်းက ငါ့အပိုင်ဆိုပြီးတော့...
သေချာစဉ်းစားကြည့်ရင် Xiao lu က ဘဝင်ရူးရူးနေတဲ့ လူပဲ..
" ဆောရီးပဲ Xiao lu .. ငါ မင်းကို ချစ်မိခဲ့တာ သိပ်ကိုမှားလွန်းခဲ့တယ် .."
"ဟက် .. အခုမှသိတာလား"
သူ့ရဲ့ လှောင်ရယ်သံတွေက ကျွန်တော့်ကို အဆုံးအစွန်ထိရောက်အောင် တွန်းပို့နေသလိုပါပဲ
တင်းလွန်းတဲ့ ကြိုးတောင် ပြတ်တတ်ကြတယ်မလား ..
ကျွန်တော့် သည်းခံနိုင်စွမ်းတွေလည်း ကုန်ခမ်းသွားပြီ ထင်ပါတယ်...
" ငါ့ ကို ကားရပ်ပေး "
ကျွန်တော့် အော်သံကြောင့် သူ ကားဘရိတ်ကို ဆောင့်နင်းပစ်လိုက်တယ် ...
သူ ကားရပ်ရပ်ချင်း ကျွန်တော် ကားပေါ်က ဆင်းလိုက်ပြီး သူ့ကားရှေ့မှာ ပိတ်ရပ်ပစ်လိုက်တယ်
"မင်း ငါ့ကို အသေသာသတ်လိုက်တော့ Xiao lu"
ကျွန်တော့်စကားကြောင့် luhan က ကျွန်တော့်ကို ဝါးမျိုမတတ် စိုက်ကြည့်တယ်...
Xiao lu ...
မင်းကတော့ သိမှာမဟုတ်ဘူး ...
ငါ အခု အချစ်ကို စိတ်ကုန်စ ပြုလာပြီ...
"တီ... တီ.."
သူ ... ထူးဆန်းစွာပဲ... ကျွန်တော့်ကို ကားနဲ့မတိုက်ဘဲ ဟွန်းတီးပြီး ဖယ်ခိုင်းတယ်..
သူ ..ကျွန်တော့်ကို မုန်းနေတာဆို...
အသေသတ်လိုက်ပါ့တော့လား...
"Oh se .. ငါ ဒေါသမထွက်ခင် ကားရှေ့က ဖယ်နော် "
ကျွန်တော့် သူစကားကို ဆန့်ကျင်စွာ ရပ်နေတော့ ..
"ဝူးးးးး .. ကျွီ .."
ရုပ်တရက် အရှိန်တင်လိုက်တဲ့ ကားကြောင့် ကျွန်တော် မျက်စိကို စုံမှိတ်ပစ်လိုက်တယ်...
" မုန်းတယ်...Oh se.. မင်းကို ငါမုန်းတယ် "
နားထဲမှာ တိုးဝင်လာတဲ့ သူ့အသံ...
ပြီးတော့ ...
အခု အဖြစ်အပျက်နဲ့ ဘာမှမဆိုင်တဲ့ ကလေးငယ်တစ်ယောက်ရဲ့ အော်ငိုသံ...
Tsk ... ဘယ်ကလေးက ဒီလောက်ထိ ငိုနေရတာလဲ...
အမှောင်ရိပ်တွေထဲ မှာ ... ကျွန်တော့်ကို ကျောပေးပြီး ငိုနေတဲ့ ကလေးငယ်တစ်ယောက်..
တဆစ်ဆစ် ထိုးကိုက်လာတဲ့ ခေါင်းကို ဖိနှိပ်ပစ်လိုက်ရင်း ..
ဘာလဲ ...
အခု ကျွန်တော် နေ့ခင်းကြောင်တောင်ကြီး အိမ်မက်မက်နေတာလား ...
ဘယ်သူလဲ ...
အဲ့ကလေးလေးက ....
"ငါ့ မားမား ကို ပြန်ခေါ်ပေး .."
ကလေးလေးရဲ့အော်ဟစ်သံနောက်မှာ ..
ကျွန်တော် .. အလန့်တကြား မျက်စိကို ဖွင့်လိုက်တော့ ..
"ဒုန်းးးးးး!!!!!! "
"Xiao lu .."
ကျွန်တော့်ကို ကျော်ပြီး နောက်ကသစ်ပင်ကြီး တစ်ပင်ကို ဝင်တိုက်ထားတဲ့ ကားတစ်စီး ..
ပြီးတော့ ...
"Xiao lu "
ကျွန်တော် .. ကားဆီပြေးသွားတော့ ... ကားထဲမှာ သွေးအလူးလူးနဲ့ လဲနေတဲ့ Luhan..
"Luhan ... luhan ... သတိထားစမ်းပါ ..lu "
ကျွန်တော့် လှုပ်နှိုးသံကြောင့် ထင်ပါတယ် ..
သူ သွေးတွေကြားထဲကနေ မျက်လုံးကို အားယူပြီးဖွင့်ကြည့်တယ်...
ပြီးတော့ သူ့မျက်နှာမှာ တွေ့နေကြ မဲ့ပြုံးတွေနဲ့ ...
"... ငါ့အသက်ကို ...စတေးပစ်ရလောက် တဲ့ ထိကို ...
မင်းကို ..မုန်း .. တယ် .. Oh se "
ပြီးတော့ .. ပြန်သတိလစ်သွားတဲ့ ..luhan ..
ကျွန်တော် .. မျက်ရည်ပူတွေကို ခံစားမိလိုက်ပါတယ်...
ဟုတ်တာပေါ့...
Xiao lu ဆိုတဲ့ အစွန်းရောက်လူသားတစ်ယောက်ကို ကျွန်တော် ..
မှားယွင်းစွာ စိန်ခေါ်မိခဲ့တာပဲမို့လား ..