"မား ... မသွားပါနဲ့"
နှုတ်ခမ်းတွေဖြူဖတ်ပြီး ယောင်ယမ်းနေတဲ့ သူ့မျက်နှာက .. အားတစ်စက်မှမရှိသည့်နှယ်..
ကျွန်တော် သူ့လက်က ဒဏ်ရာတွေကို ဆေးထည့်ပေးနေတုန်း သူအိပ်ပျော်သွားတာလေ..
သေချာတယ် ... luhan မကြာခင်ဖျားတော့မယ်..
အခုတောင် အနာရှိန်နဲ့ ကယောင်ကတမ်းဖြစ်နေတာမလား...
"မားမား ... မထားခဲ့ပါနဲ့ မား.."
အိမ်မက်ဆိုးတွေ မက်နေပြန်ပြီထင်ပါတယ်..ချွေးတွေတောင်စို့ပြီး အသက်ရှုသံတွေမြန်လာတယ်....
ကျွန်တော် သူ့လက်လေးကို နူးနူးညံ့ညံ့လေးဆုပ်ကိုင်ပြီး
"lu ... မင်း ဘေးမှာ ကိုယ်ရှိတယ်လေ .. နော် "
ကျွန်တော့်စကားသံကြောင့်လား ... သူ့ လက်ကို ဆုပ်ကိုင်ပေးထားတာကြောင့်လားတော့မသိ
သူ့ အသက်ရှုသံတွေ တဖြည်းဖြည်းပြန်မှန်လာတယ်....
တော်သေးတာပေါ့ ...
ကျွန်တော် ... luhan လက်ကလေးကို တစ်ချက်နမ်းရှိုက်လိုက်ရင်း..
"မကြောက်ပါနဲ့ baby ရယ်... မင်းဘေးက လူတွေအားလုံးထွက်သွားတောင်...
ကိုယ်က မင်းဘေးမှာ ရှိနေပေးမှာမို့လို့ "
သူ တစ်ချက်ပြုံးလိုက်တာကို ကျွန်တော်မြင်လိုက်ပါတယ်...
သူ အိမ်မက်လှလှကလေး မက်နေတော့မှာပါ...
အဲ့အိမ်မက်ထဲ ကျွန်တော် ပါဝင်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့....
ပထမဆုံးစတွေ့တုန်းကတည်းက Xiao luဆိုတဲ့ကောင်လေးရဲ့ အကြည့်လေးအောက်မှာ ..
ကျွန်တော် စတင်ကျရှုံးခဲ့တယ်ထင်ပါတယ်...
ကျွန်တော် မသိခဲ့ပါဘူး ..
သိပ်လှပတဲ့ သူ့နှုတ်ခမ်းက သိပ်အဆိပ်ပြင်းတဲ့စကားလုံးတွေ ထွက်တတ်တာကိုလေ...
"အာ့ဆို အစေခံပေါ့ "
luhan က ခနဲ့တဲ့တဲ့ပြောလိုက်ရင်း နှုတ်ခမ်းကိုမဲ့ပြတယ်...
အဲ့ကတည်းက ကျွန်တော် သိခဲ့ပါတယ်...
ကျွန်တော် သူ့ကို ချစ်နေတယ်လို့ ဝန်ခံမိခဲ့တာက သိပ်ကို မှားယွင်းသွားပြီဆိုတာကိုလေ..
ဒါပေမဲ့...
ကျွန်တော် .. သူ့ကို ဆက်ချစ်မိနေတုန်းပဲ..
သူ ဘာတွေပဲလုပ်လုပ် ..
သူ ဘယ်လောက်ထိ ကျွန်တော့်ကို မုန်းတီးမုန်းတီး...
သူ့ကို ချစ်နေဦးမှာပဲ...
"ဖြေစမ်းပါဦး sehun .. ဒီဒဏ်ရာက ဘယ်ကရလာပြန်တာလဲ ''
အတန်းထဲမှာထိုင်နေတုန်း ကျွန်တော့်ချစ်သူငယ်ချင်းကြီး chanyeol က..
ကျွန်တော့် လက်ဖျံက "mine" ဆိုတဲ့ စကားလုံးလေးကို ကြည့်ရင်းမေးတယ်..
"မဟုတ်မှလွဲရော .. ဟို luhan..."
chanyeol က ခန့်မှန်းသလိုပြောရင်း ကျွန်တော့် မျက်နှာကို စိုက်ကြည့်တယ်...
"မင်း သူ့ကို စိတ်မကုန်သေးဘူးလား sehun ရာ"
ကြားလိုက်ရပါပြီ ... chanyeol ရဲ့ဂရုဏာဒေါသသံတွေ...
luhan သာ chanyeol ရဲ့တစ်ဝက်လောက် ကျွန်တော့်အပေါ်စိုးရိမ်ပေးတတ်ရင် သိပ်ကောင်းမှာပဲ...
"မင်း လက်တစ်ခုလုံးလည်း မင်းပြန်ကြည့်ဦး စုတ်ပြတ်နေတာပဲ .."
chanyeol ပြောမှ ကျွန်တော့်လက်ကို ကျွန်တော်ပြန်ကြည့်မိသည်..
ဖွေးနုနေတဲ့ ကျွန်တော်လက် မှာ ဓားရာတွေ ဗရပွ ..
ဒီရက်ပိုင်းတွေမှာ luhan ရဲ့ ဒေါသထွက်ပေါက်က ကျွန်တော့်လက်ပဲ ဖြစ်ခဲ့တာာမို့လား...
"မင်း သူ့ကို ဒါတောင် စိတ်မနာသေးဘူးလားဟမ်... ငါတောင် မင်းအစား သူ့ကိုမုန်းတယ်.."
မမုန်းပါနဲ့ ...
သူ့ရဲ့ အထီးကျန်မှုတွေနဲ့ယှဉ်ရင် ကျွန်တော့်ဒဏ်ရာတွေက ဘာမှမဟုတ်တော့ဘူးလေ..
သူ့ရဲ့ ဖုံးကွယ်ထားတဲ့ ကြောက်ရွံ့မှုတွေနဲ့ယှဉ်ရင် ကျွန်တော့်နာကျင်မှုက အသေးအမွှားပါ
" Sehun ... မင်း သူ့ဘေးနားမှာ နေတာ တစ်လပဲ ရှိသေးတယ်နော် .. မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး .."
"Oh sehun ... !!"
ဘာတစ်ခွန်းမှပြန်မပြောတဲ့ ကျွန်တော်ကို့ chanyeol စိတ်မရှည်တော့ဘူးထင်ပါတယ်..
"chanyeol ... ငါလေ.."
"ပြော .."
"ငါ ဘယ်လိုလုပ်ရမလဲဟင် "
ကျွန်တော့်ရဲ့ ဖျော့တော့တဲ့အမေးကြောင့် chanyeol ပျာယာခတ်သွားတယ်...
"ဘာကိုလဲ sehun "
"ငါ ... သူ့ကို မချစ်ရရင်မနေနိုင်တော့ဘူး .. အဲ့ဟာကို ငါဘယ်လိုလုပ်ရမလဲဟင် "
chanyeol အမြင်မှာတော့ ကျွန်တော်က သနားစဖွယ် အရူးတစ်ကောင်ဖြစ်ချင်ဖြစ်နေမှာပေါ့..
"sehun ရယ် .."
"မဟုတ်ဘူး chanyeol ရ... ငါက အချစ်ကို အလွယ်တကူ ပြောင်းလဲလို့ရမယ်ထင်ခဲ့တာ..
ငါ အချစ်ကို ပြန်ရုပ်သိမ်းပြီး နောက်ပြန်ဆုတ်ချင်တဲ့ အချိန်ကျတော့..
ငါ့ကိုယ်ငါ နာကျင်နေမှန်းမသိတော့လောက်အောင် နောက်ကျသွားခဲ့ပြီ
ငါ့ သူ့ကို မချစ်မိအောင် ကြိုးစားဖို့ သိပ်ကို နောက်ကျသွားခဲ့ပြီ"
ကျွန်တော့်စကားရဲ့ အဆုံးမှာ chanyeol က ကွ်ျန်တော့်ပုခုံးကို ညစ်ရင်း အားပေးတယ်..
"အေးပါ ... ငါ မပြောတော့ဘူးနော် .. မင်းစိတ်ကို ငြိမ်အောင်ထား sehun "
ဘယ်သူက ဆက်ချစ်နေချင်မှာလဲ...
Xiao lu ဆိုတဲ့ လူသားတစ်ယောက်ရဲ့ အမုန်းနဲ့ယှဉ်ပြီး ..
ဘယ်သူက ကိုယ့်ကိုကိုယ် အလောင်ကျွမ်းခံပြီး ဆက်ချစ်နေချင်နေလို့လဲ...
ဒါပေမဲ့...
အရာအားလုံးက ..
သိပ်ကို မှားယွင်းသွားခဲ့ပြီလေ...
"မင်း .. ငါ့နောက်လိုက်ခဲ့ Oh se.."
ကျွန်တော့်လက် ကို အတင်းကြမ်းရမ်းစွာ ဆွဲရမ်းလိုက်တဲ့ လူကြောင့် ..
ကျွန်တော် မော့ကြည့်စရာမလိုဘဲ သိလိုက်ပါတယ်..
သူ့ကိုယ်သင်းနံ့က ကျွန်တော် သေသွားတောင် မေ့မှာမဟုတ်ဘူးလေ..
Xiao lu ..
"Oh se ... ငါ မင်းကို ကောင်းကောင်းပြောနေတုန်း ငါ့နောက်လိုက်ခဲ့နော် "
အမိန့်ပေးနေတာ လို့ တိုက်ရိုက်သာပြောလိုက်စမ်းပါ xiao lu ရာ ...
ကျွန်တော့် ဘေးနားက chanyeol ကလည်း ကျွန်တော်တို့နှစ်ယောက်ကို ကြောင်ကြောင်လေးကြည့်နေတယ်...
အတန်းတစ်ခုလုံးကလည်း ကျွန်တော်ကို တစ်လှည့် luhan ကို တစ်လှည့်ကြည့်နေကြတယ်..
မရှက်တတ်ဘူးလား luhanရာ..
"Oh se .. "
သူ ခနဲ့တဲ့တဲ့ ပြုံးရင်း ကျွန်တော့် နားနားကပ်လာတယ် ပြီးမှ လေပြေလေးနဲ့ ...
"မင်း သူငယ်ချင်း chanyeol ကို တစ်ခုခု မဖြစ်စေချင်ရင် ... ငါ့နောက်လိုက်ခဲ့ "
သူ .. ကိုယ်တွေနွေးနေတယ်ထင်ပါတယ် .. ကျွန်တော့် နားနားလေးမှာ လေပူတွေဖြတ်သန်းသွားတယ်...
မနေ့က အဖျား မကျသေးဘူးလား ..
သူ့ မျက်နှာကို ကျွန်တော် မော့ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး လည်း ဖြူဖျော့ပြီးံ
ခါတိုင်း တောက်ပနေကြ သူ့မျက်ဝန်းတွေတောင် မှိန်နေသလို ...
" Oh se .. !!! "
"chanyeol .. ငါ သူ့နောက် လိုက်သွားလိုက်ဦးမယ် "
ကျွန်တော် chanyeol ကို တစ်ခွန်းပဲပြောနိုင်ပြီး luhan ဆွဲတဲ့နောက်ပါလာတယ်...
" မင်း ကို ငါပြောထားတယ်လေ .. မင်းရဲ့ဘေးမှာ ငါကလွဲရင် ဘယ်သူမှမရှိစေချင်ဘူးလို့ "
ဒေါသထွက်နေတဲ့ သူ့ရဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေတယ်...
သူ အခု ကျွန်တော်ကို တခြားလူတစ်ယောက်နဲ့ ဆက်ဆံနေတာကို မမြင်ချင်နေတာလား..
"ဘာလို့ မင်းဘေးမှာပဲ ငါနေရမှာလဲ "
ကျွန်တော့်ရဲ့မရေမရာ မေးခွန်းကြောင့် သူ မျက်လုံးတွေထဲမှာ အံ့သြရိပ်တွေ...
ကျွန်တော် မေးလိုက်တဲ့ မေးခွန်းအတွက် သူ့မှာ အဖြေမရှိဘူးလေ ...
"မင်းက ငါ့အပိုင်မို့လို့ .."
သူ နှုတ်ခမ်းကို တစ်ချက်နင့်နေအောင်ကိုက်ရင်း ပြောတယ်..
ကျွန်တော် ဆက်ပြောမဲ့စကားတွေကို သူ မခံနိုင်လောက်ဘူး ထင်ပါတယ်..
ဒါပေမဲ့ ...
"ဘာလို့ ငါက မင်းအပိုင်ဖြစ်ရတာလဲ ... ပြောစမ်းပါဦး "
ကျွန်တော့် စကားတစ်ခွန်းတိုင်းက သူ့ရင်ထဲ စူးနင့်သွားမယ်ဆိုတာ သိပါတယ်...
ခံလိုက် ... Xiao lu
ငါ့ကို မင်းပေးနေကျ အမုန်းတွေထက် သာပါတယ် ..
သူ့ မျက်ဝန်းထဲ က ဒေါသရိပ်တွေ အရောင်ဖျော့လာတယ် ...
သူ ဒီရက်ပိုင်း အရမ်းကို အားမရှိဖြစ်နေသလိုပဲ..
ဘာတွေဖြစ်နေခဲ့တာလဲ ...
ခါတိုင်း တင်းမာနေတဲ့ မျက်နှာက သွေးရောင်တောင် မရှိတော့ ...
"မင်း က .. ငါ့ အစေခံမို့လို့ ပဲလေ ..ဟက်ဟက်"
သူ့နှုတ်ခမ်းက ခါးသီးစွာ ထွက်ကျလာတဲ့ စကားလုံးကို ကျွန်တော် .. လှောင်ရယ်ပစ်ချင်လိုက်တာ...
တကယ်တည်း သူနဲ့ကျွန်တော်က ... ဘာမဟုတ်တဲ့ ကစားပွဲလေးတစ်ခုအတွက်နဲ့ .. သူသေကိုယ်သေ...သတ်နေရသလိုပဲ...
Xiao lu ...
အခု ကျွန်တော် ..Game over ဖြစ်နေပြီ...
သူက ... အချစ်ကို မုန်းတီးသူ...
ကျွန်တော်က ... အချစ်ကို .. မယူမှန်းသိပါရက်နဲ့ .. ဇွတ်ပေးနေတဲ့သူ..