"Sehun !!!! မင်းဘယ်နှစ်နာရီ ရှိပြီလဲ အခုထိ သေလို့ကောင်းတုန်းပဲလား .."
အေးစက်တဲ့ မနက်ခင်းမှာ ပြင်းထန်တဲ့ မာကြောကြောအသံ....
sehun အလန့်တကြား ဖုန်းမှာပေါ်နေတဲ့ contact name ကို
အယောင်ယောင်အမှားမှားကြည့်မိတော့... " My lu "တဲ့
aww. . . ကျွန်တော့် ချစ်သူ ... အင်း သူ့ဘက်ကတော့ အဲ့လိုမဟုတ်ဘူးထင်ပါတယ်..
သူ့အခိုင်းအစေ သာသာပေါ့ ကျွန်တော်က..
ထားပါလေ ... ဘယ်လိုပဲ ဖြစ်ဖြစ် ..
"Oh..se!!!!! ငါ ဂါးနေပြီနော် မင်းအခုချက်ချင်း ငါ့အိမ်ကို လာခဲ့ "
"ok .. lu.."
luhan ဘက်က ဒေါသတကြီး ဖုန်းချသွားတော့ အိပ်ရာကနေ အမြန်ကုန်းထလိုက်တယ်...
မနက်ခင်းတိုင်းက ဒီလိုပါပဲ...
ဒေါသထွက်နေတဲ့ luhan အသံတွေ နဲ့ ဆူညံနေတတ်ဆဲ....
အင်း ... သူနဲ့ ကျွန်တော့်ရဲ့ ပတ်သတ်မှုကတော့...
. . .
" သခင်လေး luhan စောင့်နေပါတယ် "
အနောက်တိုင်းဝတ်စုံနဲ့ ဦးလေးကို ကျွန်တော် ပြန်ပြုံးပြလိုက်ရင်း
luhan အိမ်ထဲကို တိတ်တဆိတ်ဝင်လာခဲ့တယ်
မှောင်ရိပ်ရိပ် အရောင်တွေနဲ့ ဘယ်သူမှသိပ်မရှိတဲ့ အိမ်အနေအထားက မွန်းကျပ်ဖို့ကောင်းလိုက်တာ...
ကျွန်တော် ဝတ်ထားတဲ့ အနီရောင် လက်ရှည်ကို ဆွဲစိလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်တယ်...
အရမ်းအေးစက်တဲ့ အိမ်ပါပဲ ...
အိမ်ထဲမှာတော့ ဘာအနံ့မှမရှိပေမဲ့
ကျွန်တော်ချစ်တဲ့ကောင်လေးရဲ့ အထီးကျန်နေမှုကို ခံစားမိသယောင်ယောင်....
သူ . . ကျွန်တော်နဲ့ မတွေ့ခဲ့တုန်းက ဘယ်လောက် နာကျင်နေမှာပါလိမ့်...
သူ နာကျင်မှုတွေကို လွဲပြောင်းခံယူပေးမယ့်လူ မရှိဘူးမလား...
ကျွန်တော့်ခြေလှမ်းတွေ အခန်းတစ်ခုရှေ့မှာ ရပ်လိုက်တယ်...
ခါတိုင်းလိုပဲ တွေ့ကရာ ဖန်ခွက်နဲ့ကောက်ထုမလား...
ဒါမှမဟုတ် ဓားတစ်ချောင်းနဲ့ သွေးထွက်အောင် အပြစ်ပေးလေမလား ...
အရင်လို .. စိတ်ထဲရှိသလောက် ကန်ကျောက်ပစ်မှာလား....
သက်ပြင်းတစ်ချက်ရှိုက်ပြီး ... အေးစက်စက်စောင့်နေမယ့်သူဆီကို ...
" ချောက် ... ကျွီ... "
လှပါသည်... သူ အရမ်းကို လှတာပေါ့ ..
ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်ပြီး ကြော့မော့နေတဲ့ ဒီဇိုင်းက မိန်းမတွေတောင် မယှဉ်နိုင်လောက်..
ရှည်ကော့နေတဲ့ မျက်တောင်နဲ့ တောက်ပနေတဲ့ မျက်ဝန်းနက်တွေက...
ကျွန်တော့်ကို သေလောက်တယ်...
"ကိုယ် .. ရောက်ပြီ . . lu.."
ကျွန်တော် အသံပေးလိုက်တော့ ထိုင်နေတဲ့ luhan ဆီက အကြည့်စူးစူးတစ်ချက်ရလိုက်တယ်
နာကျည်းမုန်းတီးနေတဲ့ အကြည့်မျိုး...
မြေနိမ့်ရာ လှံစိုက်တဲ့ အကြည့်မျိုး.....
သူ့ နှုတ်ခမ်းက ခပ်မဲ့မဲ့ အပြုံးက ကျွန်တော့်ဖြစ်တည်မှုကို လှောင်ရယ်နေသယောင်....
ခါတိုင်းလို သောင်းကျန်းတဲ့ luhan မဟုတ်တော့ အနည်းငယ် ကျောချမ်းမိသား...
ငြိမ်နေရင် ပိုကြောက်ဖို့ကောင်းတဲ့ လူစားက luhan ပဲမလား...
" ငါ့ကို ဖိနပ်စီးပေးစမ်း ... "
ကျွန်တော့်အတွက်တော့ နူးညံ့တဲ့အမိန့်တော် ရယ်ပါ . . .
အဲ့ကျမှ ကျွန်တော် သူ့ခြေထောက်ကို ငေးကြည့်မိတယ်...
ခြေအိပ်တောင် စွပ်မထားတဲ့ ခြေထောက်တွေ..နီရဲလို့ ဖြူဖျော့နေတယ်...
သူအေးစက်နေမှာပဲ ...
ကျွန်တော့်ကို ခိုင်းစေဖို့ ဘယ်နှစ်နာရီလောက်အအေးခံပြီးစောင့်နေတာလဲမသိ...
သူ. . .
ကိုယ့်ကိုကိုယ် အနာကျင်ခံပြီးကို . . .
ကျွန်တော့်ကို မုန်းတီးနေခဲ့တာလား. . .
ကျွန်တော် သူ့ခြေဖဝါးနုနုလေးရှေ့ကို ဒူးထောက်ထိုင်ချလိုက်ပြီး ..
ခြေအိပ်စွပ်ပေးလိုက်တယ်... ပြီးတော့ တောက်ပြောင်နေတဲ့ လည်သာရှုး လေး ...
ဒီရှုးလေးကို ကျွန်တော် မနေ့ကမှတိုက်ပေးထားခဲ့တာ...ှ
သူက တော့ ... ကျွန်တော်လုပ်သမျှကို စိုက်ကြည့်နေတယ်...
ထူးဆန်းတယ် ...
သူ ဒီနေ့ကျမှ ဘာလို့ ငြိမ်သက်နေပါလိမ့်...
အရင်လို Luhan မပီသလိုက်ပုံများ...
ကျွန်တော် သူ့ကို ဖိနပ်စီးပေးသွားတော့
သူက နှင်းတွေကျနေတဲ့ ပြတင်းပေါက်ဖက်ကို စိုက်ကြည့်နေတယ်...
သူ ဘာဖြစ်နေမှန်း ကျွန်တော်မသိဘူး ..
သေချာတာကတော့ သူနာကျင်နေတယ်..
"Lu..."
ကျွန်တော့် ခေါ်သံကြောင့် သူနှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်တယ်...
အ...ချစ်သူ့နှုတ်ခမ်းပါးလေး နာကျင်သွားမှာပဲ...
" မနက်စာ မစားတော့ဘူးလားဟင် "
စားပွဲခုံပေါ်မှာ ချထားတဲ့ coffee နဲ့ မနက်စာက သူ တစ်စက်မှ ထိထားတဲ့ပုံမပေါ်....
ကျွန်တော့် အသံကို နှိမ့်ပြီးပြောလိုက်တော့ ...
သူက ကျွန်တော့်မျက်လုံးတွေကို စိုက်ကြည့်လာပြန်တယ်...
ရင်ခုန်တယ် ... သူ အဲ့လိုကြည့်တိုင်း သူပေးထားတဲ့ဒဏ်ရာတွေကို မေ့လောက်အောင်...
သူ့ မျက်ဝန်းထဲမှာ နစ်မြောနေခဲ့တာ....
ဒါပေမဲ့ အခုတော့ သူ့အကြည့်က ခုနလို စူးရဲမနေဘဲ...
သိမ်ငယ်နေတဲ့ အကြည့်... ကြောက်တတ်တဲ့ကလေးငယ်တစ်ယောက်ရဲ့အကြည့်...
အား ... ရင်ထဲမွန်းကျပ်လိုက်တာ...
သူ ဘာကို အလိုမကျဖြစ်နေတာလဲ...
သူ အာ့လိုဖြစ်နေတာထပ် ကျွန်တော့်ကို ခါတိုင်းလို ဆောင့်ကန်ပစ်တာမှ ခံနိုင်ရည်ရှိဦးမယ်...
" မနက်စာ မစားဘူးလားဟင် လို့ "
ကျွန်တော် နောက်တစ်ခေါက် ထပ်မေးလိုက်တယ်...
သူ မစားလို့တော့ မဖြစ်ဘူးလေ...
အစာအိမ်နာ က ပြန်ဖြစ်ရင် ဘယ်လိုလုပ်မှာလဲ...
" မင်း လက်ပေး "
ခပ်ဆတ်ဆတ် ထွက်လာတဲ့ သူ့ဆီက စကားသံကြောင့် ..
ကျွန်တော် တစ်ချက်ကြောင် သွားပေမဲ့ ..
ဘယ်ဘက် လက်ကို တော့ သူ့ရှေ့မှာ ထုတ်လိုက်ပြီးသား..
သခင်အလိုကျ အကျင့်ပါနေတဲ့ ခန္ဓာကိုယ်ပဲမလား ...
" အ .."
စူးခနဲ နာကျင်မှုကြောင့် အသံမထွက်အောင် ကိုယ့်ပါးစပ်ကိုယ် ပြန်ပိတ်လိုက်ရတယ်...
luhan ဆိုတဲ့ သူက ဆူညံမှုသေးသေးလေးတောင် သဘောမကျတဲ့ လူမလား...
သူက ကျွန်တော့်လက်ဖျံကို ဓားချွန်ချွန်လေးနဲ့ ခြစ်ပြီး စာရေးနေတယ်...
" Mine " တဲ့
သူ ဘာကို ဆိုလိုနေမှန်း ကျွန်တော်မသိ...
လက်ကလည်း သွေးတွေ ထွက်လိုက်တာ မြင်မကောင်း...
ချစ်သူတော့ မျက်စိနောက်တော့မှာ့ပဲ ..ဒီသွေးနှယ်...
ကျွန်တော် .. သူ ထိုးလိုက်တဲ့ ဓားဒဏ်ကို အံကြိတ်ခံရင်း သူ့မျက်နှာ နုနုလေးကို လှမ်းကြည့်လိုက်တယ်...
နဖူးပေါ်ဝဲကျနေတဲ့ အညိုရောင် ဆံနွယ်လေးနဲ့ ဖြူမွတ်နေတဲ့ အသားအရေက..သူနဲ့သိပ်လိုက်တာပဲ..
တစ်ချက်တစ်ချက် တွန့်သွားတဲ့ မျက်လုံးလေးနှစ်စင်း ...
ပြီးတော့ ရှိနေကြ သူ့မဲ့ပြုံးတွေ...
အဲ့အစား ဖြူစင်တဲ့ အပြုံးလေးတွေသာ ရှိမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲနော်....
" ငါ မင်းကို ချစ်တယ် ... "
ကျွန်တော့်  ဆီက စကားသံကြောင့် သူ့ဓားချက်တွေရပ်သွားတယ်..
1
2
3
" ငါတော့ မင်း ကို မုန်းတယ် "
ပြတ်ရှင်းနေတဲ့ သူ ဆီက အသံ...က...ကျွန်တော့်ရင်ကို မချိမဆံ့နာကျင်စေလေရဲ့...
ဒါ အစပဲရှိသေးပါတယ် ...
ဒါ ပဲ လေ ... ကျွန်တော့်ရဲ့ နေ့တွေတိုင်းက ..
သူ့ဆီက မုန်းတယ် ဆိုတဲ့စကားလေးနဲ့စတင်ခဲ့တယ်လေ...
ကျွန်တော်.. သိပ်သိချင်လိုက်တာ...
သူ ဘာလို့ ကျွန်တော့်ကို အသဲခိုက်အောင် မုန်းနေရတာလဲဟင် ...
" မင်းက ငါ့အပိုင်ပဲ .. တစ်ခြားဘယ်သူမှမပိုင်ဘူး "
သြော်... "mine" ဆိုတာ အဲ့အဓိပ္ပာယ်လား..
"မင်း တစ်ခြားလူတွေနဲ့ ပတ်သက်လို့ကတော့...ငါ့ အဆိုးမဆိုနဲ့.."
သူ က ကျွန်တော့်ရဲ့သွေးတွေကို ဂရုတစိုက်သုတ်ပေးရင်း ဆိုလာတယ်...
ဒါ ... သူ ဆီက ရဖူးတဲ့ အကြီးမားဆုံးကြင်နာမှုလေ..
ကျွန်တော် ကြိတ်ပြုံးရင်း ထင်ရှားနေတဲ့ "mine" ဆိုတဲ့ စကားလုံးလေးကို ကြည့်မိတယ်..
ပျော်လိုက်တာ....
သူ .. ကျွန်တော့်ကို သွေးထွက်အောင်လုပ်ပြီးမှ..
စိတ်ငြိမ်သွားပုံ ရပါတယ်...
စားပွဲရှေ့မှာ ချထားတဲ့ အေးစက်နေတဲ့coffee ကိုလှမ်းသောက်တယ်...
အင်း ... သူ မနက်စာ စစားတော့မယ်ထင်ပါတယ်...
ပြောပါရစေဦး...
luhan ဆိုတဲ့ သူက ..
ကျွန်တော့် သွေးစက်တွေကို ဖောက်ထုတ်ပစ်ရတာကို သိပ်ဝါဿနာ ပါတယ်လို့....