ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

အပိုင်း(၅၃၅)

106 17 0
By jellyflower1

အပိုင်း(၅၃၅)

ထျန်းနင်၏စကားသံကို ကြားပြီးနောက် ထျန်းရွှမ်၏တစ်ကိုယ်လုံးက ဒေါသစိတ်ကြောင့် တုန်ခါနေသည်။ သူမ၏စိတ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာ အော်ဟစ်ပြောဆိုသည်။
"ထျန်းနင်"

ထျန်းရွှမ်၏မျက်ဝန်းက ဒေါသစိတ်ကြောင့် အနီရောင်သန်းသွားခြင်းကို ထျန်းနင် သတိထားမိသည်။ သူမက တည်ငြိမ်သော အေးစက်စက် လေသံဖြင့် တုံ့ပြန်သည်။
"နင့်ရဲ့မောက်မာတဲ့ အပြုအမူကြောင့် ဖြစ်လာတဲ့ ပြဿနာကို ထျန်းမိသားစုက ရှင်းပေးမယ် ထင်နေတာလား။ ရိုးရှင်းတဲ့ တောင်းပန်စကားလေး ပြောခိုင်းရုံက နင့်ကို တော်တော်လေး ညှာတာရာ ရောက်နေပြီနော်"

"နင်က ငါတို့နဲ့ သွေးသားတော်စပ်နေတဲ့ ထျန်းမိသားစုဝင် မဟုတ်ရင် နင့်ပြဿနာကို တရားရုံးမှာ ချက်ချင်း ရှင်းခိုင်းတယ်။ နင် ဒီမှာ ဆက်နေပြီးတော့ ငါတို့ဧည့်သည်တွေကို မောက်မာခွင့် ရှိမယ်လို့ ထင်နေလား"

"ဒီနေ့ နင်ကိုယ်တိုင် တောင်းပန်စကား ပြောမလား။ ရှမိန်းကလေးက နင့်ကို ပြန်ရိုက်တာ ခံမလား။ လူအများကြီးလည်း မျက်မြင် သက်သေ အနေနဲ့ ရှိနေတာနော်။ အမှားအမှန်ကို မပိုင်းခြားတတ်ဘူးလား"

ထျန်းနင်၏ လေးနက်ခိုင်မာသော ဆုံးဖြတ်ချက် ဖြစ်သည်။ ထျန်းနင်က ရန်စရန် မသင့်လျော်ကြောင်း ရှမိန်းကလေး ရုတ်တရက် ခံစားရသည်။

ထျန်းရွှမ်၏မျက်နှာက အနီရောင်သန်းနေပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အဆုံးသတ်မှာ သူမ လှောင်ရယ်သည်။
"ထျန်းနင်၊ နင့်ရဲ့အကြံအစည်ကို ငါမသိဘူး ထင်နေလား။ ဘိုးဘိုးက သူ့ရှယ်ရာကို ငါ့ကလေးကို ပေးဖို့ စီစဉ်ထားလို့ ငါ့ကို မကောင်းကြံတာမလား"

လက်ရှိအခြေအနေတွင် သူမ၏ကလေးကို အကာအရံ အနေဖြင့် မသုံးလျှင် သိက္ခာမကျဘဲ လွတ်မြောက်ရန် မလွယ်ကူပေ။

ထို့ကြောင့် သူမ၏စူထွက်နေသော ဝမ်းဗိုက်ကို ပွတ်သပ်ပြပြီး သူမ ကိုယ်ဝန်ဆောင်ထားရသော အကြောင်းကို လူတိုင်းသိအောင် ပြုမူနေသည်။

ထျန်းရွှမ်က အခြေအနေကို အခွင့်ကောင်း ယူတတ်သည်။

"စိတ်ရှုပ်ဖို့ကောင်းလိုက်တာနော်။ သူက ကိုယ်ဝန်ဆောင် မိခင်ဖြစ်ရုံနဲ့ အရာအားလုံးကို မျက်ကွယ်ပြုရမလား။ သူ့ကို အလွယ်တကူ လွှတ်ပေးရမယ် သဘောလား"

"အရှက်မဲ့လိုက်တာ။ သူ့လို မိန်းမစားမျိုးက ကိုယ်ဝန်ပျက်ကျသွားသင့်တာ"

သူမဘေးနားမှ ဆွေးနွေးသံများကို ကြားပြီးနောက် ထျန်းရွှမ်၏မျက်နှာပေါ်တွင် အပြုံးလေး ပေါ်လွင်လာသည်။ သူမ၏ဗိုက်ထဲ ကလေး ရှိနေသရွေ့ ထျန်းနင်က သူမကို ဘာမှ မလုပ်ရဲပေ။ ထို့ကြောင့် သူမက သရော်ကာ လှည့်ထွက်လာသည်။ သို့သော်လည်း ထျန်းနင်က သူမ၏ လက်ကောက်ဝတ်ကို ရုတ်ခြည်း လှမ်းဆွဲပြီး ဟန့်တားသည်။

"နင့်ကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ"

"နင်က ငါ့ကို ဘာလုပ်ချင်လို့လဲ"
ထျန်းရွှမ် မေးမြန်းသည်။

"ငါတို့တွေက ဒီလို အခြေအနေထိ ရောက်နေပြီဆိုတော့ ငါတို့ရန်ကြွေးတွေကို တစ်ခါတည်း ရှင်းလိုက်သင့်တယ်။ ငါ့သားအိမ်ကို ထုတ်ပစ်ဖို့ နင်က ဆရာဝန်ကို လာဘ်ထိုးခဲ့တဲ့ အကြောင်း လူတိုင်းကို သိစေချင်လား။ ဒါမှမဟုတ် ငါ့အမေရဲ့ အတွင်းရေးမှူးနဲ့ ပူးပေါင်းပြီး ငါ့အမေကို ပြန်ပေးဆွဲခဲ့တဲ့ အကြောင်း ပြောပေးရမလား"

ထျန်းရွှမ် တုန်တုန်ရီရီ ဖြစ်လာသည်။

"ငါက နင်ရဲ့ပြစ်မှုကျူးလွန်ထားတဲ့ သက်သေတွေရော ကြံရာပါတွေကိုပါ ဖွက်ထားပေးတယ်။ နင့်ပါးစပ်ကို ပိတ်ပြီး ခုချက်ချင်း တောင်းပန်မလား။ ရဲအရာရှိစစ်ဆေးတာကို ခံယူမလား။ အဲဒါဆိုရင် နင် ပိုအရှက်ကွဲမယ် ထင်တယ်"

နင် နင် အဲလို လုပ်လို့ မရဘူး"

"ငါရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်ချင်တာလား"

သူတို့ညီအစ်မ နှစ်ကိုယ်ကြား ပြောနေပြီး တခြားသူကို ကြားသိခွင့် မပေးခဲ့ချေ။ သို့သော်လည်း ထျန်းနင်၏ စကားတိုင်းက ထျန်းရွှမ်ကို  သေစေလောက်သည်။

ထျန်းရွှမ် ကြောက်စိတ်မွှန်ထူပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ အဆုံးသတ်မှာ သူမက အံကြိတ်ပြီး စကားပြန်ပြောသည်။
"ထျန်းနင်၊ နင်က ဘယ်အချိန်ကြည့်ကြည့် ရွံစရာကောင်းတယ်"

"နင့်ကို မျှမျှတတ ဆက်ဆံဖို့ တန်တယ်လို့ တွေးနေတာလား"
ထျန်းနင် ပြန်မေးသည်။

"ကောင်းပြီလေ၊ ငါ တောင်းပန်မယ်"

ဤစကားလုံးကြောင့် လူတိုင်း အံ့အားသင့်သွားသည်။ ထျန်းရွှမ်၏ ရုတ်တရက် ပြောင်းလဲမှုကို သူတို့ နားမလည်နိုင်ပေ။

ထျန်းနင်က ထျန်းရွှမ်၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး ချက်ချင်း တောင်းပန်ရန် ဟန်အမူအရာပြသည်။

ထျန်းရွှမ်က ရွေးချယ်စရာ မရှိသည့်အဆုံး ရှအုပ်စု၏ ဆက်ခံသူ ရှမိန်းကလေးအနား လမ်းလျှောက်သွားသည်။ ထို့နောက် သူက ဒူးထောက်လျက် ဦးညွှတ်ကာ တောင်းပန်စကား ပြောဆိုသည်။
"ရှမိန်းကလေး၊ ငါ တောင်းပန်ပါတယ်။ ငါမှားသွားတယ်။ ငါ့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်တယ်"

"သုံးခါ ပြောမယ်"
ထျန်းနင်က  အဓိကအချက်ကို ထပ်ပြောသည်။

ထျန်းရွှမ်က သူ့ဒေါသကို ထိန်းချုပ်ပြီး ရှမိန်းကလေးကို သုံးကြိမ်တိတိ တောင်းပန်ခဲ့သည်။

"ဒါဆို အားလုံး ပြေလည်သွားပြီ"
အရှက်မဲ့သော ထျန်းရွှမ်က ကိုယ်ဝန်ကို အကြောင်းပြပြီး ကိုယ်လွတ်ရုန်းမည်ဟု ထင်ခဲ့သော်လည်း အရှက်မဲ့သော မိန်းမက ထျန်းနင်ကို မဆန့်ကျင်ရဲပေ။

ရှသခင်မလေးက ထျန်းနင်၏အရည်အချင်းကို အထင်ကြီး လေးစားမိသည်။

"လုံလောက်ပြီလား"
ထျန်းရွှမ်က သုံးကြိမ်တိုင် ဦးညွှတ်ပြီးနောက် မေးမြန်းသည်။

ထျန်းနင်က ရှသခင်မလေးကို ကြည့်လိုက်ပြီး သူမက ကျေနပ်ဟန် ခေါင်းညိတ်ပြသည်။

"ဒီလို ထပ်မဖြစ်ဖို့ပဲ မျှော်လင့်တယ်"

ထျန်းရွှမ်က ထျန်းနင်ကို ခပ်စိမ်းစိမ်း ကြည့်သည်။ သို့သော်လည်း သူမက တုံ့ပြန်နိုင်စွမ်း မရှိပေ။

"အခုတော့ နင့်ထိုင်ခုံစီ နင်သွားလို့ ရပြီ ထျန်းမိန်းကလေး၊ နောက်နောက် လမ်းသွားရင် သတိထားပြီးသွားပါ မတော်တဆ နင် ကလေး ပျက်ကျသွားရင် ငါက နင့်ကို မကောင်းကြံစည်တယ်လို့ ထင်သွားကြဦးမယ်"

ထျန်းရွှမ်ကို သူ့ထိုင်ခုံစီ ပြန်သွားခိုင်းသော်လည်း သူမကို ပွဲမှ ပြန်ခွင့် မပေးခဲ့ချေ။

ထျန်းရွှမ်၏ရင်ဘတ်က နိမ့်ချည်း မြင့်ချည်း ဖြစ်နေသည်။ သူမ၏ ဒေါသစိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေမှန်း ပေါ်လွင်သည်။ သို့သော်လည်း သူမ ရင်ဆိုင်နေရသည့် ရန်သူက အားနည်းချက် မရှိသော ထျန်းနင် ဖြစ်နေ၍ မျှော်လင့်ချက်မဲ့နေသည်။

ထို့ကြောင့် သူမ ထိုင်ခုံနေရာသို့ ပြန်သွားပြီး ဧည့်သည်တော်များကို အာရုံစိုက်နေသည်။

"တတိယသခင်မလေးက ထျန်းရွှမ်ကို အညံ့ခံအောင် ဘာစကား ပြောလိုက်လဲ မသိပေမဲ့ ရလဒ်က ကျေနပ်ဖွယ်အတိပဲ"

"အဲဒီ မိန်းမ ကျရှုံးသွားတာ မြင်ရတော့ ငါ့ဒေါသတွေကို ကုသပေးသလိုပဲ"

"တတိယသခင်မလေးက ဟိုမိန်းမ အညံ့ခံအောင် ဘယ်လိုများ စီစဉ်လိုက်လဲ မသိဘူး။ ခေါင်းကြောမာတဲ့ မိန်းမကို ရင်ဆိုင်ဖို့ မလွယ်ကူဘူး"

ထျန်းအုပ်စု၏ဝန်ထမ်းအားလုံးက စိတ်ထဲ ကျိတ်ဝမ်းသာနေသည်။

ရှသခင်မလေးပ အထင်ကြီးလေးစားဖွယ်ကောင်းသောပွဲကို မျက်မြင်တွေ့ခဲ့ပြီး ထျန်းနင်က သူမ၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ပေးခဲ့သည်။
"တတိယသခင်မလေးက ဉာဏ်အမြော်အမြင် ရှိတဲ့ မိန်းကလေး အဖြစ် သိနေတာ ကြာပါပြီ။ သူက ထင်ထားတဲ့ အတိုင်းပါလား"

"အဲဒီလို လူစားမျိုးက ထျန်းအုပ်စုကို ကြီးကြပ်နေတော့ ထျန်းအုပ်စု တိုးတက်နေတာ မဆန်းကြယ်ပါဘူး။ တတိယသခင်မလေးရဲ့ အရည်အချင်းကို တကယ် လေးစားမိပါတယ်"

"မင်းက အရမ်းကို ယဉ်ကျေးလွန်းပါပြီ ရှသခင်မလေး၊ ဒီကနေ့ည အဆင်မပြေမှုအတွက် တကယ်ကို အားနာမိပါတယ်"

"အခုလို ပြဿနာလေးက ဘာမှမဟုတ်ပါဘူး"
ရှသခင်မလေး ပြန်ဖြေသည်။
"ထျန်းမိန်းကလေးအတွက် ပြဿနာ မရှိရင် မင်းနဲ့ ငါ မိတ်ဆွေ ဖြစ်နိုင်မလား"

ထျန်းနင်က ပြဿနာကို လူအများရှေ့ ဖြေရှင်းခဲ့၍ ထျန်းနင်ကို ဝန်ထမ်းများက ယုံကြည်လက်ခံလာသည်။

ပတ်ဝန်းကျင် အခြေအနေက ပုံမှန်အခြေအနေ ပြန်ရောက်သွားသည့်ကို မြင်ရ၍ ထျန်းအကြီးအကဲက ဝင့်ကြွားစွာ ပြုံးသည်။

အဆုံးသတ်မှာ ထျန်းအကြီးအကဲက သူ့မိတ်ဟောင်းဆွေဟောင်းများကို နှုတ်ဆက်စကား ပြောဆိုပြီး ထျန်းနင်တို့ ဇနီးမောင်နှံကို သူ့အနား လာစေသည်။ ထို့နောက် ထျန်းနင်၏ ညာဘက်လက်ကို မြှောက်ကာ
"ဒီကနေ့ပွဲမှာ ကျုပ်ရဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ကြေညာချင်တယ်"

"ကျုပ်ရဲ့ တတိယမြေး ထျန်းနင်ကို ကျုပ်ရဲ့ရာထူး လွှဲပြောင်းပေးချင်တယ်"

အပိုင်း(၅၃၅)
ပြီး၏။

Continue Reading

You'll Also Like

1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
20.5M 760K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
2.6M 153K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...